ချစ်သူ့လက်နဲ့ရေးတဲ့ ကျွန်တော်...

Por Kattamkaung

291K 27.2K 2.1K

ကျွန်တော် ဝေါဟာရမကြွယ်ဝပါ။ ဒါကြောင့် အချစ်ကဗျာရေးတဲ့အခါ မည်သို့မည်ပုံရေးရမည်ကို သေချာမသိပါ။ သို့သော် ကဗျာတစ်ပ... Más

ဒေါက်တာနိုင်ဝေနှင့် ပြန်လည်တွေ့ဆုံခြင်း
အပိုင်း - ၁
အပိုင်း-၂
အပိုင်း-၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း -၆
အပိုင်း - ၇
အပိုင်း-၈
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း-၁၁
အပိုင်း - ၁၂
အပိုင်း-၁၃
အပိုင်း-၁၄
အပိုင်း-၁၅
အပိုင်း-၁၆
အပိုင်း-၁၇
အပိုင်း-၁၈
အပိုင်း-၁၉
အပိုင်း-၂၀
အပိုင်း-၂၁
အပိုင်း-၂၂
အပိုင်း-၂၃
အပိုင်း-၂၄
အပိုင်း-၂၅
အပိုင်း-၂၆
အပိုင်း-၂၇
အပိုင်း-၂၈
အပိုင်း-၂၉
အပိုင်း-၃၀
အပိုင်း-၃၁
အပိုင်း-၃၂
အပိုင်း-၃၃
အပိုင်း-၃၄
အပိုင်း-၃၆
Final Chapter

အပိုင်း-၃၅

7K 738 34
Por Kattamkaung

Unicode

ဆက်တိုက်မြည်နေသော ဖုန်းသံကြောင့် နိုင်ဝေအိပ်ရာမှာနိုးလာသည်။ညအိပ်မီးဝါဝါကလွဲလျှင် အခန်းထဲမှာ ဘာအလင်းမရှိသေး။ခဏကြာ‌တော့ဖုန်းသံငြိမ်ကျသွားသည်။ဝိုးတိုးဝါးတားနှင့် အခန်းခြေရင်းမှနာရီဆီကြည့်တော့ ငါးနာရီခွဲ။ ကလောမြို့ရဲ့ ဆောင်းရာသီနဲ့ယှဉ်ရင် ဒီအချိန်က သိပ်ကိုစောလွန်းနေသေးသည်။ နောက်ပြီး ခုလိုကာလကြီးဖုန်းဆက်ရလောက်တဲ့အကြောင်းကိုလည်း စဉ်းစားရခက်လှ၏။

ဘေးကိုငဲ့ကြည့်တော့ ကလေးက နိုင်ဝေ့ရင်ခွင်နှင့်မနီးမဝေးမှာ ခွေခွေလေး။ဂွမ်းအင်္ကျီအထူကြီးကိုဝတ်ထားတာကြောင့် ဂွမ်းလုံးကြီးလိုပင်ဖြစ်နေသည်။ ခေါင်းကိုအောက်ထိလျှေချကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသူ၏ မျက်နှာကို နိုင်ဝေကြည့်နေလိုက်သည်။

မန္တလေးမှာတုန်းက ညဉ့်နက်တဲ့အထိ ဖိုးသားနှင့်အပြင်ထွက်လိုက်၊ နေချိုမောင်နှင့် ဂိမ်းဆော့လိုက်လုပ်နေပြီး ကလောပြန်ရောက်မှဘဲ ငြိမ်သွားတော့တာပင်။ Htoo Kalawက အလုပ်တွေရှိပေမယ့် စိတ်မချတာကြောင့် နိုင်ဝေပေးမသွားသေး။ အဲရစ်ကနေတဆင့် လိုအပ်တာတွေကိုညွှန်ကြားကာ ပြီးခဲ့သည့်ဖြစ်ကြောင်းကုန်စင်အတွက် ဖြေရှင်းရမည့်နည်းလမ်းကိုရှာနေကြသည်။ ဒီတော့ ခုရက်ပိုင်းမှာ ကမ္ဘာသစ်မှူးက နိုင်ဝေနှင့်အတူ ရိပ်မြုံကိုလိုက်ချင်လိုက် ၊ မလိုက်ချင်လျှင် အိမ်မှာဘဲ Laptop တစ်လုံးနှင့် အလုပ်ရှုပ်နေတတ်သည်။

ဒီး....ဒီး ဒီး...

ထပ်မံပေါ်ထွက်လာသည့် ဖုန်းသံကြောင့် အိပ်မောကျနေသူဟာ လူးလွန့်လာသည်။

"ကျွတ် ကျွတ် ကျွတ်..."ကောင်လေးရင်ဘတ်တွေကို ပုတ်ပေးကာ စောင်ကိုသေချာခြုံပေးပြီးမှ နိုင်ဝေထလာလိုက်၏။ သူ့အိပ်ရာက အရင်လိုခနော်နီခနော်နဲ့ သံကုတင်လေးမဟုတ်တော့။ ကမ္ဘာသစ်မှူးက ခိုင်ခံ့လွန်းသည်ဆိုသော ကျွန်းကုတင်ကြီးကို အခန်းသေးသေးလေးတစ်ခုလုံး ပြည့်မတတ်ထည့်ဆင်ထားတာကြောင့် ဘေးမှာ လူတစ်ယောက်သွားစာနေရာလွတ်သာကျန်သည်။

အိပ်ခန်းအပြင်ကို ရောက်သည်အထိ ဖုန်းကမြည်နေဆဲ။ နိုင်ဝေကောက်ကိုင်လိုက်တော့ ကောင်လေးဖုန်းဖြစ်နေသည်။ ဆက်သွယ်သူက *Aunty No No*၊ နောက်မှာ အသည်းပုံးလေးသုံးခုပင်ပါလိုက်သေး၏။ ကိုင်ရနိုး မကိုင်ရနိုးနှင့် အသံကိုပိတ်ပြီးတွေဝေနေဆဲမှာ ဖုန်းကကျသွားသည်။ သို့သော် ချက်ချင်းပင်ပြန်ခေါ်လာတာကြောင့် နိုင်ဝေကိုင်လိုက်ရ၏။ ဒီလောက်ထိ ဆက်တိုက်ခေါ်နေတာမို့ အရေးတကြီးဖြစ်မှာ သေချာသည်။

"ဟယ်..လို.."

"Htoo Kalaw မှာ အလုပ်လုပ်ပါမယ်ဆိုတဲ့သူက ဘယ်ရောက်နေတာလဲ"

တည်ငြိမ်လွန်းသည့် အမျိုးသမီးတစ်ယောက်၏ အသံ။ ရုတ်တရက်ကြားလိုက်ရသည့် လေယူလေသိမ်းတွေက ရင်းနှီးသလို ခံစားရသည်။ တစ်ဖက်လူ၏ ပြောပုံဟာ ခြိမ်းခြောက်တော့မလိုလို၊ ဆူငေါက်တော့မလိုလိုနှင့်။ နိုင်ဝေငြိမ်နေသည့်အခါ အသက်ရှူသံပြင်းပြင်းထွက်လာပြီး စကားကိုစ၏။

"ဘာပြဿနာတွေဖြစ်နေတယ်ဆိုတာ တီတီ့ကိုပြောပြဖို့ အစီစဉ်ရှိလား my little "

နိုင်ဝေ့ကျောပြင်အလိုလို ကော့မတ်သွားသည်။ တီတီ... တီတီဆိုတော့ ကလေးအဒေါ်ပေါ့။ လက်နှစ်ဖက်ဖြင့် ဖုန်းကို ကိုင်လျက်သားဖြစ်သွားတာကိုယ့်ကိုယ်ကိုယ်ပင် သတိမထားမိ။

"ဟယ်လို"

နိုင်ဝေ တုန့်ပြန်လိုက်သည့်အခါ တစ်ဖက်ကရပ်တန့်သွားသည်။ ထို့နောက် ပိုတင်းမာသောအသံဖြင့် "အဲ့ဖက်က ဘယ်သူလဲ။ ဘာကိစ္စနဲ့ ဒီဖုန်းကိုကိုင်ရတာလဲ။ ဖုန်းပိုင်ရှင်ကရော ဘယ်ရောက်နေလဲ" စသည်ဖြင့် မေးခွန်းတွေ တသီကြီးကို လက်ခံလိုက်ရတော့၏။

"ကလေးက အိပ်ပျော်နေလို့"

"ရှင်ဘယ်သူလဲ"

‌ဖြေရခက်စွာ အိပ်ပျော်နေသူကို နိုင်ဝေလှမ်းကြည့်လိုက်သည်။ သူပြောလိုက်လို့ ဖြစ်ပါမလား။ ‌ကောင်လေးက come outလုပ်ပြီးသားဆိုပေမယ့် သူတို့အကြောင်းကို ပြောရသေးပုံမပေါ်။ နှစ်ယောက်ကြားက အသက်ကွာခြားမှုကိုသိရင် ကောင်လေးအိမ်က လက်ခံပါ့မလားဆိုတာလည်းမသေချာ။ နောက်ပြီး သတင်းဆိုးတွေများတဲ့ နိုင်ဝေ့နောက်ကြောင်းကိုသိသွားကြရင်ရော..။

"ရှင်ဘယ်သူလဲလို့ မေးနေတယ်လေ"
ဒေါသသံထွက်လာပြီမို့ ခပ်မြန်မြန်ပဲ နိုင်ဝေဖြေလိုက်ရသည်။

"ကမ္ဘာသစ်မှူးရဲ့ Boyfriendပါ"

ဖြေပြီးမှ မျက်နှာပူသွား၏။ရည်းစားဟုတ်ပေမဲ့ ရည်းစားလို့ပြောရတာက နည်းနည်းတော့ ရှက်စရာကောင်းသည်။ သို့သော် ထိုအဖြေက အဆင်ပြေသွားဟန်တူသည်။ကလေးအဒေါ်က လေသံကို လျှော့သွား၏။

"အော်... အဲ့ဒါဆို ရှင်တို့ ကလောမှာလား"

"ဟုတ်ပါတယ်"

"ရှင့်နာမည်က ဘယ်သူ...နေနေ ရပြီး ကျွန်မဒီမနက်ပဲ ကလောကိုလာမယ်။ရှင်တို့နေတဲ့လိပ်စာကို ဒီဖုန်းနံပါတ်မှာ message ပို့ထားပေး "

ဖုန်းချသွားတော့ နိုင်ဝေ ဘယ်ကစလို့ဘာကိုင်ရမှန်းမသိ။ အချိန်က ခြောက်နာရီထိုးတော့မည်။အောင်ပန်းနှင့် ကလောက ဘာမှဝေးသည်မဟုတ်။ ဒီမနက်လာမည်ဆိုရင် ချက်ချင်းပင်ရောက်ချနိုင်သည့်အခြေအနေ။ဘယ်ခေါ်သွားပြီး ဘယ်လိုဧည့်ခံရပါလိမ့်။ ကလေးက ခုတလော သူ့ကားအနီကို ဝပ်ရှော့ပို့ထားတာမို့ သွားရေးလာရေးအတွက် ခေါင်းကြပ်လာသည်။ ကားတစ်စင်းလောက် ငှားဖို့ အရင်စီစဉ်ရမည်ဆိုသည့်အတွေးနှင့် လှည့်လာချိန်မှာ ကိုယ့်အိမ်ကိုယ်ကြည့်ပြီး နိုင်ဝေသက်ပြင်းချလိုက်မိသည်။

"ဒီထက်ပိုကြီးပြီး ကောင်းတဲ့ဟာကို ဝယ်ခဲ့သင့်တာ"

တကယ်ဆို သူ့ဘဝကို တစ်ယောက်ထဲ တိုးတိုးတိတ်တိတ်နေသွားတော့မယ်လို့ပဲ အမြဲတွေးခဲ့တာဖြစ်၏...။

.....................................

"ဟင်း... ဟင်း ဟင်း.."

သဘောတကျရယ်နေသူ၏ မျက်နှာကိုကြည့်ရင်း သစ်မှူးတစ်ယောက် ကြောင်တောင်တောင်နှင့်။ ခုမှ အိပ်ရာနိုးခါစမို့ သူ့ဦးနှောက်က Blankဖြစ်နေဆဲရှိသေးကာ ရှေ့မှာထိုင်နေသော အဒေါ်ကိုပင် အစစ်လား အတုလားဝေခွဲရခက်နေသေးသည်။

အငွေ့တထောင်းထောင်းထနေသော ရေနွေးခွက်များကို ကိုင်ရင်း ဦးလေးရောက်လာတော့ တီတီနိုနို့ရယ်သံတွေက ပိုကျယ်လာသည်။ စိတ်ပဲထင်တာလား မသိပါ။ ဦလေးမျက်နှာတွေက ရဲတွတ်ကာ ရေနွေးအိုးထဲထည့်ပြုတ်ခံထားရသလိုဖြစ်နေ၏။

"ဟို... မနက်စာစားဖို့ တစ်ခုခုသွားဝယ်လိုက်ဦးမယ်"

"သားရောလိုက်မယ်" "ထိုင်ပါဦးဟဲ့"

ပြိင်တူထွက်လာသောအသံများနှင့်အတူ တူဝရီးနှစ်ယောက် အကြည့်ချင်းဆုံသွားကြသည်။ ဦးလေးက နေရာမှာရပ်နေဆဲ။ အန်တီနိုနိုက သစ်မှူးကို ပြုံးစိစိကြည့်ရင်း "သား Boyfriend က သူလား" ဟုမေးလာသဖြင့် ခေါင်းကို ငြိမ့်လျက်ဟုတ်ကြောင်းပြလိုက်ရ၏။ ပြီးတာနှင့် ထိုင်ရာမှထကာ အန်တီနိုနိုဆီလျှောက်သွားလျက် သစ်မှူးဖက်ပစ်လိုက်သည်။ အိပ်မက်မဟုတ် တကယ့်ကို သစ်မှူးရဲ့တီတီဖြစ်ပါသည်။

"Oh my God! It's real ! သားက လွမ်းနေတာ"

ကြောင်တစ်ကောင်လို ချွဲမိသည့်အခါ ပြန်လည်ဖက်တွယ်လာသည့် ရင်ခွင်ကအရင်လိုနွေးဆဲ။ ဧည့်သည်ရောက်နေပြီဆိုကာ အိပ်ရာထဲကဆွဲထုတ်ခံထားရ၍ လေလွင့်နေခဲ့သောအာရုံက ခုမှပြန်ကပ်လာသည်။ သစ်မှူး တီတီ့ကိုတင်းနေအောင်ဖက်ထားလိုက်၏။

"လွမ်းနေတဲ့ကလေးက အဆက်သွယ်ဖြတ်ပြီးနေရသလား"

"သားက အလုပ်များနေလို့ပါ Sorry Miss No No နော်"

"အဲရစ်ကပြောတယ်။ တီတီ့ အသည်းလေးပြဿနာဖြစ်တယ်ဆို။ ဘာကြောင့် အိမ်ကိုလှမ်းမပြောရတာလဲ"

သစ်မှူး တီတီ့ကိုလွှတ်ပေးလိုက်ကာ အပြုံးတစ်ခုကို နှုတ်ခမ်းထက်မှာဆင်လိုက်သည်။

"ကိစ္စရှင်းပြီးမှ အသိပေးမလို့ပါ"

တီတီ့မျက်မှောင်တွေကြုတ်သွားကာ သစ်မှူးလက်နှစ်ဖက်ကို တင်းနေအောင်ဆုပ်ကိုင်လာသည်။ ဂရုဏာနှင့် ပူပင်သောကဟာ တီတီ့မျက်နှာထက်မှာ အထင်သား။

"ဒါ တော်ရုံကိစ္စမဟုတ်ဘူးနော်။ ယုတ်ယုတ်မာမာ နဲ့အကောက်ကြံတာ။ အသက်သေတဲ့အထိဖြစ်သွားနိုင်တာရော သိရဲ့လား"

"ငါ့ကြောင့်ပါ"

ကြားဖြတ်ဝင်လာသည့် အသံကြောင့် သစ်မှူးအကြည့်တွေ နောက်မှကျန်နေသည့်သူဆီရောက်သွားသည်။ ဦးလေးမျက်ဝန်းတွေက သစ်မှူးဆီမှာမရှိ။ အပြစ်လုပ်ထားသူလို ညှိုးငယ်စွာဖြင့် အန်တီနိုနို့အားကြည့်နေသည်။ သစ်မှူးရင်ထဲ ဆစ်ခနဲ။ ဦးလေးရဲ့ ထိုပုံစံကိုကြည့်ရင်း လူကမောဟိုက်လာခဲ့၏။

"အဲ့ဒီလူက ငါ့ကို အညှိုးအတေးထားနေလို့ ကလေးအပေါ် ခုလိုလုပ်ရတာ"

"အဓိပ္ပာယ်မရှိဘူး!" ဆောင့်အောင်ကာ သစ်မှူးအော်ပစ်လိုက်သည်။ တင်းတင်းကိုက်လိုက်ပေမယ့် နှုတ်ခမ်းတို့ကိုမထိန်းနိုင်။ တဆတ်ဆတ်တုန်ယင်လာသည်။

"ကျွန်တော့်ကိစ္စ၊ ကျွန်တော့်ပြဿနာ၊ ကျွန်တော်နဲ့ ကတောက်ကဆဖြစ်ထားပါတယ်လို့ ပြောထားတာကို ဘာလို့ ဦးလေးကြောင့်ပဲထင်နေရတာလဲ!"

ဦးလေးဆီက အဖြေမလာ။ သစ်မှူးဆီ စူးစိုက်ကြည့်လာသည့် မျက်ဝန်းတွေမှာလည်း အင်အားမရှိ။ ဒေါသထွက်လွန်းလို့ သစ်မှူးလက်တွေပါတုန်လာသည်။ စိတ်တင်းထားသည့်ကြားမှ မွှန်တက်လာသည့် ခံစားချက်ကြောင့် အံကိုတင်းတင်းကြိတ်ကာ ဦးလေးအနားသို့လျှောက်သွားလိုက်၏။

"ဘယ်အချိန်ထိ... ဘယ်အချိန်ထိ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်နေမှာလဲ။ ဘယ်အချိန်ထိ အကုန်လုံးအတွက် တာဝန်ရှိသလို ခံစားနေမှာလဲ။ ဘယ် ဘယ်အချိန်ထိ ဦးလေးက ခုလိုလေးပင်နေဦးမှာလဲ..."

ကျလာသည့် မျက်ရည်တွေကိုလည်းမသုတ်ပစ်နိုင်ပါ။ ကိုယ့်အတွက်ကိုယ်မကြည့်ဘဲ သူ့များကောင်းဖို့ပဲ တွေးနေတဲ့လူတွေကို သစ်မှူးအမုန်းဆုံး။ ဒီကြားထဲက ဦးလေးလက်ကို သူတွဲခဲ့တာ။ မတ်မတ်မနေနိုင်တဲ့ ဒီလူ့ရဲ့ကျောပြင်ကိုမှ ထောက်ထားပေးချင်ခဲ့တာ။ အတ္တကြီးတဲ့ကိုယ်နဲ့ အမြဲဖြည့်တွေးပြီး ငြိမ်းချမ်းချင်နေတဲ့ ဦးလေး...။

ခြေဖျားထောက်ကာ ဦးလေးလည်ပင်းဆီလက်တွေယှက်တွယ်လိုက်သည်။ သစ်မှူးပုခုံးထက်ကျလာသည့် ဦးလေးကိုယ်က အေးစက်လျက်။ အကြောက်တရားနှင့် မလုံလောက်မှုတွေ... သစ်မှူးနှင့် ရင်းနှီးသောအရာတွေ။ ငယ်ငယ်က မိဘနှစ်ပါးဆီက အာရုံစိုက်ခံရအောင် ကြိုးစားခဲ့တာတွေ၊ လူတွေဆီက အချစ်ခံချင် အချီးကျူးခံချင်စိတ်တွေ၊ ‌အဲ့ဒီလူတွေဆီကနေပဲ ပြန်ရခဲ့တဲ့ အထင်သေးရှုံ့ချမှုတွေ...။

"အခုရပ်လိုက်ပါတော့... အားလုံးကို ဦးလေးခေါင်းခံနေစရာမလိုပါဘူး...နော်"

အသက်ရှူသံတိုးတိုးဟာ သစ်မှူးကိုယ်ထက်မှာ တဝေ့လည်လည်နှင်။ ဦးလေးလည်ပင်းဆီမျက်နှာအပ်လိုက်တော့ သိမ်မွေ့သည့်ရနံ့ကိုရသည်။နွေးထွေးမှူကိုလည်းရသည်။ သစ်မှူအတွက်တော့ ဦးလေး ဒီထက်ပိုပြီး ကိုယ်ကိုယ့်ကိုယ်ချစ်တဲ့စိတ်နဲ့ ခွင့်လွှတ်နိုင်စွမ်းတွေပိုများလာလျှင် ကောင်းပါမည်...။

........

"So, are you two classmates?"

"Actually we are friends. There were four people in our squad."

"But you had never talked about him."

အငြင်းအခုန်လုပ်နေကြသည့် တူဝရီးနှစ်ယောက်ကြား နိုင်ဝေက ကန့်လန့်ကန့်လန့်ဖြစ်နေသည်။အခု သူတို့က ကုန်းအောက်ရှိ ပြည့်ပြည့်ဆိုသောဆိုင်လေးမှာ မနက်စာဆင်းစားကြတာဖြစ်၏။ မထင်မှတ်ပဲ ရိုက်ဖြစ်သွားတဲ့ ဒရမ်မာပဲဆိုရလေမလား၊ နိုင်ဝေ့ကို‌ဖက်ကာ ငိုယိုနေသည့်ကလေးကို ချော့အပြီးမှာ လုပ်တတ်တာဆိုလို့ တစ်ခုခုစားဖို့ပြောတာပဲရှိခဲ့သည်။ ခုမှ ပြန်တွေ့ရသည့် နိုနို့ကိုအားနာပေမယ့် သူကိုယ်တိုင်လည်း ဒီကလေးကြောင့် shockရနေတုန်းပင်။

ကလေးက နိုင်ဝေ့လက်‌ကိုချိတ်ထားရင်း နောက်မှာပါလာသည့် အဒေါ်ဖြစ်သူကို လှည့်လှည့်ပြောနေသည်။ ဆီးနှင်းတွေကျထား၍ စိုစွတ်နေသော လှေကားထစ်တွေပေါ်မှ ချော်ကျမည်စိုး၍ ခန္ဓာကိုယ်ကိုတောင့်ကာ ကောင်လေးကိုထိန်းထားရ၏။ငိုထား၍ ရဲနေသောနှာခေါင်းလေးက အေးစက်နေသည့်လေထုကြားမှာ နှာတရှုံ့ရှုံ့နှင့်။ ဒါတောင် ခေါင်းစွပ်ကို နိုင်ဝေအမိအရ စွပ်ပေးမိလာလို့တော်သေးသည်။ ကလောရဲ့ ရာသီအကူးပြောင်းက တစ်ရက်နှစ်ရက်အတွင်းမှာပင် ကြောက်ခမန်းလိလိဖြစ်၏။

"ဒီက မြေအိုးမြီးရှည် so goodနော်။ Recommend ပေးတယ်တီတီ"

"ရှမ်းပြည်ရောက်တာ ရှမ်းစာစားသင့်တာ မဟုတ်ဘူးလား။ Suggestion ပေးတာလွဲနေသလိုပဲ"

"Omm Humm...just believe me. You must try this , the best menu for this weather."

"Oh..."

အတော်လေး ရင်းနှီးပုံရသည့်တူဝရီးဆက်ဆံရေးကြောင့် ရေနွေးငှဲ့ပေးရင်း နိုင်ဝေပြုံးလိုက်မိသည်။ နိုနိုက ဒီကလေးကို အတော်လေး သံယောဇဉ်များပုံပေါ်၏။ မိဘတွေနှင့် ငယ်ကတည်းကခွဲနေထားရသလို ဆက်ဆံရေးလည် မပြေပြစ်ဟု သိထားတာကြောင့် ကောင်လေးအတွက် နိုင်ဝေစိတ်မကောင်းဖြစ်ခဲ့ရတာ၊ ခုလိုပျော်နေတာမြင်ပြန်တော့လည်း စိတ်ချမ်းသာရပါ၏။

"ဘယ် Menu ရွေးသင့်လည်း ပြောလိုက်လေဦးလေး"

တံတောင်နှင့်တို့ကာ အဖော်ခေါ်ခံရတော့ နိုင်ဝေပါ သူတို့စကားဝိုင်းထဲပါသွား၏။နိုနိုက မျက်ခုံးပင့်လျက် နိုင်ဝေ့အဖြေကို စောင့်နေသည်။ နင် ဘာပြောမလဲ ပြောကြည့်စမ်းဆိုသည့်သဘော။ ကျောင်းကတည်းက သူမအကြောင်းကို သိထားတာမို့ ခြိမ်းခြောက်ချင်သည့် မျက်နှာပေးကို ကောင်းကောင်းသိ၏။

"မြေအိုးမြီးရှည်က မနက်စောစော ရာသီဥတုနဲ့ကိုက်ပါတယ်"

"Yes!!" အော်လိုက်သူက ကလေးလေး။ တံတောင်ကိုဆွဲချကာ အနိုင်ရသွားသူလိုပျော်ရွှင်နေသည်။ ခေါင်းစွပ်အညိုလေးအောက်မှ ထွက်နေသည့် ဆံပင်ဖြူလေးတွေနှင့် မြင်ရတာ ချစ်စရာပင်။ ဖိုးသားပြောသည့် ကိုကိုကြီးရဲ့ အဘိုးကြီးဦးထုပ်က ဒီကလေးခေါင်းပေါ်မှာတော့ တမူထူးကာ စတိုင်ကျနေ၏။

"နင် ကျောင်းတုန်းက နိုင်ဝေမဟုတ်တော့ဘူး "

နိုနိုက လက်ညှိုးထိုးလျက် နိုင်ဝေ့ကိုပြောလာသည်။ သူမပုံစံက ကလေးဆန်နေပေမယ့် တကယ်ဒေါသထွက်နေတာတော့ မဟုတ်ပါ။ တူဖြစ်သူကို ရှုံးသွား၍ မခံချင်စွာ ရန်ဆောင်‌နေခြင်းသာဖြစ်ပါသည်။

"အဟင်း" ရယ်ရုံသာရယ်ပြီး ထည့်ထားသည့် ရေနွေးခွက်တွေကို တစ်ယောက်တစ်ခွက်စီချပေးလိုက်သည်။

"ဦးလေး ကျောင်းတက်တုန်းက ဘယ်လိုလဲဟင်။ အရမ်းမိုက်ပြီး လန်းတာမျိုးလား"

အစားသောက်မှာပြီး မလာခင်စပ်ကြားမှာလည်း သူတို့ဆွေးနွေးစရာခေါင်းစဉ်က နိုင်ဝေပင်။ နိုနိုက လက်ကိုခါလျက် "Absolutely not!" ဟု နှာခေါင်းရှုံ့ရင်းဖြေ၏။

"အမြဲ စာပဲလုပ်နေတာ ပျင်းစရာကြီး။ ကျောင်းပိတ်ရက် မုန့်ထွက်စားကြရင်းနဲ့ ရုတ်တရက် Biochemistry တွေထပြောလို့ ဝိုင်းတီးတာခံရသေးတယ်"

"OMG လုံးဝ ပျင်းစရာဘဲ" သူ့အဒေါ်နည်းတူ နိုင်ဝေ့ကိုနှာခေါင်းရှုံ့ရင်း လှည့်ကြည့်တဲ့ကောင်လေး။ ဒါမျိုးကျ အတိုင်ဖောက်ညီနေကြပြန်သည်။

"စောစောကလို ဘာစားမလဲမေးရင် ဘယ်တော့မှ အဖြေတိတိကျကျမပြောဘူး ကြိုက်တာစားလေဆိုတာချည်းပဲ"

နိုင်ဝေ ရယ်ရုံသာတတ်နိုင်ပါသည်။ ကြည့်ရတာ နိုနိုက ငယ်ကျိုးငယ်နာ အကုန်ဖော်တော့မည်။ သူ့တူ နုနုထွဋ်ထွဋ်လေးကို ပေးရ၍ ဆဲဆိုသောင်းကျန်းမနေတာကိုပဲ ကျေးဇူးတင်ရသေး၏။ သူ့သူငယ်ချင်း ဘယ်လောက်ဆိုးတာ နိုင်ဝေအသိဆုံးမို့ ငြိမ်ငြိမ်သာနေလိုက်သည်။ တတိယနှစ်တုန်းက နိုနို့အကြောင်းမကောင်းပြောတဲ့ ကျောင်းသူကို စတီးချိုင့်နှင့်ပိတ်ရိုက်လို့ နိုင်ဝေတို့   ပါချုပ်ရုံးခန်းထိ လိုက်ကူပြောခဲ့ရသေးတာ မှတ်မိသေး၏။ ထူးမိသားစုရဲ့ ဇကတော့ လက်ဖျားခါစရာပင်။

"မျှတအောင်နေလွန်းလို့လည်း အမြဲလူပါးဝခံရတာနင်"

မကျေမနပ် ပြောဆိုလာတာကိုလည်း စိတ်မဆိုးရက်ပါ။

"ဒါကို ငါတို့ အသည်းလေးက ဘယ်လိုများကြိုက်သွားလဲမသိဘူး။ သူ့အကြိုက်နဲ့ တစ်စက်မှမကိုက်တာကို"

"Miss No No..could you please stop ?"

"ကလေးက ဘယ်လိုလူမျိုးကို ကြိုက်လို့လဲ"

အရဲစွန့်ကာ နိုင်ဝေမေးလိုက်သည်။ နိုနို့မျက်နှာက ချက်ချင်းပင် ဝင်းလက်သွားကာ ကလေးထံသို့  မျက်လုံးပင်ပြူးပြလိုက်သေးသည်။

"ကဲကဲ စားစရာတွေလာချနေပြီလေ စားကြမယ်"

တစ်စုံတစ်ယောက် စကားဖြတ်‌ပေမယ့် မအောင်မြင်ရှာ။

"ကြည့်လိုက်တာနဲ့ ထင်းထွက်နေတဲ့ မီးတောက်လိုမျိုး Hot ဖြစ်နေတဲ့ သူတွေကိုကြိုက်တာလေ။ ဘာတဲ့ Smartလည်းကျပြီး ဦးနှောက်ကောင်းတဲ့ယောက်ျားမျိုးဆိုလား...သူပြောဖူးပါတယ်"

"အေးသွားရင် စားလို့မကောင်းဘဲနေမယ်နော်"

"I am so curious my sweetheart. Mr.Wang တို့... နောက်ထပ် ကောင်လေးတစ်ယောက်ရှိပါသေးတယ် ဘယ်သူ..."

"Stop stop stop...ဦးလေး သူပြောတာ နားမထောင်နဲ့တော့"

မျက်နှာကနေဆွဲချကာ နိုင်ဝေ့နားရွက်တွေကို လုပ်လာသည့် လက်လေးနှစ်ဖက်။ သူနဲ့ပဲ အကြည့်ဆုံခိုင်းထားကာ မျက်နှာကိုတော့ ဆူပုတ်ထားသည်။ သူ့ ရည်းစားဟောင်းတွေအကြောင်း ပေးမသိချင်ပုံရ၏။ နိုနိုရယ်နေတာကို မသိချင်ယောင်ဆောင်ရင်း နိုင်ဝေ့ကို ခေါင်းယမ်းပြပုံက လုံးဝယုံလို့မဖြစ်ဘူးဆိုသည့်သဘော။

တစ်သက်လုံး တစ်ယောက်ထဲနေမည်ဆိုသည့် နိုင်ဝေတောင် ရည်းစားရသွားသေးတာပဲ။ ဒီကလေး စံနှုန်းတွေပြောင်းကုန်တာကို ပျော်ပြီးဂုဏ်တောင်ယူရဦးမည်။ ဘာပဲဖြစ်ဖြစ် သူ့အတွက် အကုန်ပြောင်းလဲပေးခဲ့သည် မဟုတ်ပါလား...။

..................

"နင် တကယ် ငါ့တူလို့မသိတာလား"

"အင်း... အမှန်တော့ ကလေးအကြောင်းစုံစမ်းခဲ့သေးတယ်။ မိသားစုအကြောင်းရောပဲ... နင်ပါမလာဘူး"

"အဟားဟား...ဖြစ်ရတယ်။ ငါကလည်း ဒီလောက်ပြောနေတာကို နင့်နာမည်မမေးဖြစ်ဘူး။ဒါပေမယ့် ထူးမိသားစုကဟာကို ငါ့ကိုမတွေးမိဘူးလားဟဲ့... နိုနိုထူးလွင် ဆိုတဲ့နာမည်ကိုတောင် မစဉ်းစားမိတာတော့ ညံ့လိုက်တာဟယ်"

နိုနိုကညည်းတွားရင်း နိုင်ဝေ့ကိုအပြစ်တင်သည်။ ဟုတ်တော့လည်း ဟုတ်ပါရဲ့။ * ထူး *ဆိုတာကို မကြားချင်မှအဆုံးကြားနေခဲ့ရတာတောင် ခေါင်းထဲမှာ ကမ္ဘာသစ်မှူးထက်ပိုမတွေးခဲ့မိတာ ထူးဆန်းလွန်းသည်။ နိုနို သူဌေးသမီးဆိုတာ သိပေမယ့် ဘယ်မိသားစုကလဲ ဘာညာစိတ်မဝင်စားမိခဲ့သည့်သူက ဒီကလေးနဲ့ကျမှ စပိုင်ထားပါပြီး စုံထောက်လုပ်ခဲ့မိ၏။

"သတင်းတွေလည်း ကြားပါတယ်။နင် Clinical ဖက် လုံးဝပြန်မသွားတော့ဘူးဆို "

"ဟိန်းသူရ ပြောတာလား"

"တော်စမ်းပါ သူမွှေသွားတာ ငါခုထိမကျေနပ်သေးဘူးနော် "

တစ်ဖက်ဝိုင်းမှာထိုင်ပြီး အလုပ်လုပ်နေကြသူ နှစ်ဦးက Laptop ကိုယ်စီနှင့်။ ‌ရှင်းနောင်ကတော့ ဘေးမှာရပ်ကာ အဲရစ်ပြောသမျှကို စာအုပ်ထဲတွင်ချမှတ်လို့နေသည်။

"သူက သူ့အကြောင်းသူ မသိခဲ့ရုံပါ။ အနည်းဆုံးတော့ ငါ့ထက် စောစောပိုသိခဲ့တယ်လေ"

"နင်ကအမြဲ လူတွေကိုနားလည်အောင် ကြိုးစားနိုင်တုန်းပဲ နိုင်ဝေ။ ငါကတော့ နင့်လိုမဟုတ်ဘူး။ နင့်လိုလည်း မဖြစ်ချင်ဘူး။ ဘဝမှာ ရန်ငါပြတ်ဖို့ လိုအပ်တယ်ဆိုတာ ယုံတဲ့သူ"

"..."

"သူ ဂေးဆိုတာ သူ့ကိုယ်ပိုင်ရွေးချယ်မှုမို့ လေးစားပေမယ့် စေ့စပ်ပွဲကျမှ ငါ့ကိုပုံပျက်ပန်းပျက်ထားသွားတဲ့လူနဲ့ သူငယ်ချင်းဆက်မလုပ်နိုင်တော့တာ ငါ့ဆုံးဖြတ်ချက်ပဲ"

"နိုနို ငါတို့..."

"ငါသိတယ်... နင် သူ့အပေါ် ဘာစိတ်မှမရှိတာသိတယ်။ ဂေးမို့လို့ Biမို့လို့မဟုတ်ဘဲ သူငယ်ချင်းစိတ်ကလွဲပြီး ဘာမှမရှိခဲ့တာ ငါသိတယ်။ ငါတို့ကြားက ကိစ္စက နင်နဲ့မဆိုင်ဘူး နိုင်ဝေ"

"..."

"နင်ငါ့ကို ကြိုက်နေတယ်ထင်လို့ သူ ငါ့ကိုတွဲခဲ့တာ။ အဲ့ဒါက အနိုင်လိုချင်စိတ်မဟုတ်ဘဲ သဝန်တိုလို့ဆိုတာ သိတဲ့အချိန်မှာ လွန်သွားပြီ။ဒါပေမဲ့ သူသာငါ့ကို ပွင့်ပွင့်လင်းလင်းပြောခဲ့ရင် သူ့ကိုပထမဆုံး နှစ်သိမ့်ပေးမှာ ငါဖြစ်ခဲ့မှာ နင်သိလား"

"..."

"ဒါပေမယ့် နောက်ဆုံးအထိ ထွက်ပြေးဖို့ပဲတတ်တယ်။ အရူးမတစ်ယောက်လို ငါ့ကို ပစ်ထားခဲ့ပြီး"

အတိတ်ကအကြောင်းတွေက သက်ပြင်းချစရာချည်းသာ။ နိုနိုကတော့ အမုန်းထက် ဥပက္ခာပဲကျန်တော့ဟန်တူသည်။ အေးဆေးစွာပြောပြီးတာနှင့် ပြုံးလိုက်သည်မှာ အားလုံးကို နာကြည်းလွန်းလို့ ကျောင်းပါထွက်သွားသည့် ဆယ်ကျော်သက်ကလေးမလေး မဟုတ်တော့သည့်အတိုင်းပင်။

"အဲ့ဒီကလေး...ဆိုးတယ်လို့ထင်ရပေမယ့် ဘေးကလူတွေကို အရိပ်ကြည့်နေတတ်တာ ပေါက်စနလေးကတည်းက။နင့်ပျော်ဖို့အတွက်လည်း သူဘာမဆိုလုပ်လိမ့်မယ် နိုင်ဝေ"

"..."

"လူတွေကြားက ရေစက်ဆိုတာ ဘယ်လောက်ထိရှည်မလဲ နင်ရောငါရောမသိဘူး။ တစ်ခုပဲ... ‌ရေစက်မကုန်သ၍တော့ ငါ့တူလေးအပေါ်ကြင်နာပေး။ နင့်ဖက်ကပေးရမှာ အဲ့ဒါပါပဲ။ ကျန်တာ သူအကုန်ပေးလိမ့်မယ်"

စကားမဆက်မိတော့။ နိုင်ဝေ့အာရုံက Laptop ဆီစိုက်ကြည့်ရင်း အလုပ်ထဲနစ်ဝင်နေသူထံရောက်သွားသည်။ ကလေးကရော နိုင်ဝေ့ရင်ထဲကို ဒီလိုပဲနစ်ဝင်သွားခဲ့သလား။

စိတ်ပဲဆက်နေသလားမပြောတတ်ပါ။ နိုင်ဝေ့ထံလှည့်ကြည့်ပြီးနောက် သွားစွယ်လေးတွေပေါ်အောင်ရယ်ပြလာသည့် ကလေးလေး။ရင်ဘတ်တစ်ခုလုံး ပြည့်နှက်သွားတာဟာ အကြင်နာတွေနဲ့ဖြစ်ပါလိမ့်မည်။

ဒီကလေးအပေါ်  နိုင်ဝေ သိပ်ကို မြတ်နိုးတွယ်တာမိပါ၏...။

.................................................................

စာရေးသူ၏ အမှာစာ:

မနေ့ညက ပါဆင်နယ်ကိစ္စလေးကြောင့်မတင်ဖြစ်တာပါ
မျှော်နေကြတဲ့သူတွေအားလုံးကို အားနာပါတယ်

ဦးလေးတို့ကိုလည်း မကြာခင်နှုတ်ဆက်ရပါလိမ့်မယ်ဗျာ ဒီလမကုန်ခင် အပြီးပေါ့

အန်တီနိုနိုတို့ က ဟိန်းသူရကိုကြိုက်
ဟိန်းသူရက ဦးလေးကိုကြိုက်
ခွန်းခွန်း ဖွင့်ပြောတာ အန်တီနိုနိုနဲ့ ဟိန်းသူရပြဿနာပြီးတဲ့နောက်မှပါ
ဒေါက်တာဟိန်းသူရက နောက်ပိုင်းမှာ Come outလုပ်ခဲ့ပါတယ် ( ဦးလေးကို တိတ်တခိုးပြိုင်နေခဲ့တယ်လို့ထင်ခဲ့ပေမယ့် တကယ်တမ်းက ကြိုက်ခဲ့တာပါတဲ့)
ဦးလေးတို့ သူငယ်ချင်း Squad ထဲက မိန်းကလေးတစ်ယောက်ကျန်ပါတယ်။ သူက အန်တီနိုနိုနဲ့အဆက်သွယ်မပြတ်သတင်းတွေပို့နေခဲ့သူ ၊ကိုဂျော်နီရဲ့အမျိုးသမီးပါ။( ကိုဂျော်နီက ချစ်နိုင်းတို့ထဲက ဓာတ်ပုံဆရာ)

သစ်မှူးက ဦးလေးမတိုင်ခင် ဒိတ်ဖူးတာ ငါးယောက်လောက်ရှိပါတယ်။ အကုန် ယောက်ျားလေးပါ။ လေးယောက်က သူ့ထက်အသက်ကြီးပြီး၊ တစ်ယောက်က ရွယ်တူပါ။
ဦးလေးကတော့ တစ်ယောက်ပဲဒိတ်ဖူးပါတယ်။

အဲရစ်က သစ်မှူးကို တစ်ဖက်သတ်သလောကျနေခဲ့ပေမယ့် သူငယ်ချင်းစည်းကို ဘယ်တော့မှမဖောက်ပါဘူး။
ရှင်းနောင်က straight ပါ။ သူ့အဖိုးဆိုင်မှာ အလုပ်လုပ်တဲ့ ညီမကလေးကိုကြိုက်နေပါတယ်။
ကတမ်ကတော့ single since bornပါ ဒါပါပဲရှင်

Zawgyi

ဆက္တိုက္ျမည္ေနေသာ ဖုန္းသံေၾကာင့္ နိုင္ေဝအိပ္ရာမွာနိုးလာသည္။ညအိပ္မီးဝါဝါကလြဲလွ်င္ အခန္းထဲမွာ ဘာအလင္းမရွိေသး။ခဏၾကာ‌ေတာ့ဖုန္းသံၿငိမ္က်သြားသည္။ဝိုးတိုးဝါးတားႏွင့္ အခန္းေျခရင္းမွနာရီဆီၾကည့္ေတာ့ ငါးနာရီခြဲ။ ကေလာၿမိဳ႕ရဲ႕ ေဆာင္းရာသီနဲ႕ယွဥ္ရင္ ဒီအခ်ိန္က သိပ္ကိုေစာလြန္းေနေသးသည္။ ေနာက္ၿပီး ခုလိုကာလႀကီးဖုန္းဆက္ရေလာက္တဲ့အေၾကာင္းကိုလည္း စဥ္းစားရခက္လွ၏။

ေဘးကိုငဲ့ၾကည့္ေတာ့ ကေလးက နိုင္ေဝ့ရင္ခြင္ႏွင့္မနီးမေဝးမွာ ေခြေခြေလး။ဂြမ္းအကၤ်ီအထူႀကီးကိုဝတ္ထားတာေၾကာင့္ ဂြမ္းလုံးႀကီးလိုပင္ျဖစ္ေနသည္။ ေခါင္းကိုေအာက္ထိေလွ်ခ်ကာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနသူ၏ မ်က္ႏွာကို နိုင္ေဝၾကည့္ေနလိုက္သည္။

မႏၲေလးမွာတုန္းက ညဉ့္နက္တဲ့အထိ ဖိုးသားႏွင့္အျပင္ထြက္လိုက္၊ ေနခ်ိဳေမာင္ႏွင့္ ဂိမ္းေဆာ့လိုက္လုပ္ေနၿပီး ကေလာျပန္ေရာက္မွဘဲ ၿငိမ္သြားေတာ့တာပင္။ Htoo Kalawက အလုပ္ေတြရွိေပမယ့္ စိတ္မခ်တာေၾကာင့္ နိုင္ေဝေပးမသြားေသး။ အဲရစ္ကေနတဆင့္ လိုအပ္တာေတြကိုၫႊန္ၾကားကာ ၿပီးခဲ့သည့္ျဖစ္ေၾကာင္းကုန္စင္အတြက္ ေျဖရွင္းရမည့္နည္းလမ္းကိုရွာေနၾကသည္။ ဒီေတာ့ ခုရက္ပိုင္းမွာ ကမာၻသစ္မႉးက နိုင္ေဝႏွင့္အတူ ရိပ္ၿမဳံကိုလိုက္ခ်င္လိုက္ ၊ မလိုက္ခ်င္လွ်င္ အိမ္မွာဘဲ Laptop တစ္လုံးႏွင့္ အလုပ္ရႈပ္ေနတတ္သည္။

ဒီး....ဒီး ဒီး...

ထပ္မံေပၚထြက္လာသည့္ ဖုန္းသံေၾကာင့္ အိပ္ေမာက်ေနသူဟာ လူးလြန႔္လာသည္။

"ကြၽတ္ ကြၽတ္ ကြၽတ္..."ေကာင္ေလးရင္ဘတ္ေတြကို ပုတ္ေပးကာ ေစာင္ကိုေသခ်ာၿခဳံေပးၿပီးမွ နိုင္ေဝထလာလိုက္၏။ သူ႕အိပ္ရာက အရင္လိုခေနာ္နီခေနာ္နဲ႕ သံကုတင္ေလးမဟုတ္ေတာ့။ ကမာၻသစ္မႉးက ခိုင္ခံ့လြန္းသည္ဆိုေသာ ကြၽန္းကုတင္ႀကီးကို အခန္းေသးေသးေလးတစ္ခုလုံး ျပည့္မတတ္ထည့္ဆင္ထားတာေၾကာင့္ ေဘးမွာ လူတစ္ေယာက္သြားစာေနရာလြတ္သာက်န္သည္။

အိပ္ခန္းအျပင္ကို ေရာက္သည္အထိ ဖုန္းကျမည္ေနဆဲ။ နိုင္ေဝေကာက္ကိုင္လိုက္ေတာ့ ေကာင္ေလးဖုန္းျဖစ္ေနသည္။ ဆက္သြယ္သူက *Aunty No No*၊ ေနာက္မွာ အသည္းပုံးေလးသုံးခုပင္ပါလိုက္ေသး၏။ ကိုင္ရနိုး မကိုင္ရနိုးႏွင့္ အသံကိုပိတ္ၿပီးေတြေဝေနဆဲမွာ ဖုန္းကက်သြားသည္။ သို႔ေသာ္ ခ်က္ခ်င္းပင္ျပန္ေခၚလာတာေၾကာင့္ နိုင္ေဝကိုင္လိုက္ရ၏။ ဒီေလာက္ထိ ဆက္တိုက္ေခၚေနတာမို႔ အေရးတႀကီးျဖစ္မွာ ေသခ်ာသည္။

"ဟယ္..လို.."

"Htoo Kalaw မွာ အလုပ္လုပ္ပါမယ္ဆိုတဲ့သူက ဘယ္ေရာက္ေနတာလဲ"

တည္ၿငိမ္လြန္းသည့္ အမ်ိဳးသမီးတစ္ေယာက္၏ အသံ။ ႐ုတ္တရက္ၾကားလိုက္ရသည့္ ေလယူေလသိမ္းေတြက ရင္းႏွီးသလို ခံစားရသည္။ တစ္ဖက္လူ၏ ေျပာပုံဟာ ၿခိမ္းေျခာက္ေတာ့မလိုလို၊ ဆူေငါက္ေတာ့မလိုလိုႏွင့္။ နိုင္ေဝၿငိမ္ေနသည့္အခါ အသက္ရႉသံျပင္းျပင္းထြက္လာၿပီး စကားကိုစ၏။

"ဘာျပႆနာေတြျဖစ္ေနတယ္ဆိုတာ တီတီ့ကိုေျပာျပဖို႔ အစီစဥ္ရွိလား my little "

နိုင္ေဝ့ေက်ာျပင္အလိုလို ေကာ့မတ္သြားသည္။ တီတီ... တီတီဆိုေတာ့ ကေလးအေဒၚေပါ့။ လက္ႏွစ္ဖက္ျဖင့္ ဖုန္းကို ကိုင္လ်က္သားျဖစ္သြားတာကိုယ့္ကိုယ္ကိုယ္ပင္ သတိမထားမိ။

"ဟယ္လို"

နိုင္ေဝ တုန႔္ျပန္လိုက္သည့္အခါ တစ္ဖက္ကရပ္တန႔္သြားသည္။ ထို႔ေနာက္ ပိုတင္းမာေသာအသံျဖင့္ "အဲ့ဖက္က ဘယ္သူလဲ။ ဘာကိစၥနဲ႕ ဒီဖုန္းကိုကိုင္ရတာလဲ။ ဖုန္းပိုင္ရွင္ကေရာ ဘယ္ေရာက္ေနလဲ" စသည္ျဖင့္ ေမးခြန္းေတြ တသီႀကီးကို လက္ခံလိုက္ရေတာ့၏။

"ကေလးက အိပ္ေပ်ာ္ေနလို႔"

"ရွင္ဘယ္သူလဲ"

‌ေျဖရခက္စြာ အိပ္ေပ်ာ္ေနသူကို နိုင္ေဝလွမ္းၾကည့္လိုက္သည္။ သူေျပာလိုက္လို႔ ျဖစ္ပါမလား။ ‌ေကာင္ေလးက come outလုပ္ၿပီးသားဆိုေပမယ့္ သူတို႔အေၾကာင္းကို ေျပာရေသးပုံမေပၚ။ ႏွစ္ေယာက္ၾကားက အသက္ကြာျခားမႈကိုသိရင္ ေကာင္ေလးအိမ္က လက္ခံပါ့မလားဆိုတာလည္းမေသခ်ာ။ ေနာက္ၿပီး သတင္းဆိုးေတြမ်ားတဲ့ နိုင္ေဝ့ေနာက္ေၾကာင္းကိုသိသြားၾကရင္ေရာ..။

"ရွင္ဘယ္သူလဲလို႔ ေမးေနတယ္ေလ"
ေဒါသသံထြက္လာၿပီမို႔ ခပ္ျမန္ျမန္ပဲ နိုင္ေဝေျဖလိုက္ရသည္။

"ကမာၻသစ္မႉးရဲ႕ Boyfriendပါ"

ေျဖၿပီးမွ မ်က္ႏွာပူသြား၏။ရည္းစားဟုတ္ေပမဲ့ ရည္းစားလို႔ေျပာရတာက နည္းနည္းေတာ့ ရွက္စရာေကာင္းသည္။ သို႔ေသာ္ ထိုအေျဖက အဆင္ေျပသြားဟန္တူသည္။ကေလးအေဒၚက ေလသံကို ေလွ်ာ့သြား၏။

"ေအာ္... အဲ့ဒါဆို ရွင္တို႔ ကေလာမွာလား"

"ဟုတ္ပါတယ္"

"ရွင့္နာမည္က ဘယ္သူ...ေနေန ရၿပီး ကြၽန္မဒီမနက္ပဲ ကေလာကိုလာမယ္။ရွင္တို႔ေနတဲ့လိပ္စာကို ဒီဖုန္းနံပါတ္မွာ message ပို႔ထားေပး "

ဖုန္းခ်သြားေတာ့ နိုင္ေဝ ဘယ္ကစလို႔ဘာကိုင္ရမွန္းမသိ။ အခ်ိန္က ေျခာက္နာရီထိုးေတာ့မည္။ေအာင္ပန္းႏွင့္ ကေလာက ဘာမွေဝးသည္မဟုတ္။ ဒီမနက္လာမည္ဆိုရင္ ခ်က္ခ်င္းပင္ေရာက္ခ်နိဳင္သည့္အေျခအေန။ဘယ္ေခၚသြားၿပီး ဘယ္လိုဧည့္ခံရပါလိမ့္။ ကေလးက ခုတေလာ သူ႕ကားအနီကို ဝပ္ေရွာ့ပို႔ထားတာမို႔ သြားေရးလာေရးအတြက္ ေခါင္းၾကပ္လာသည္။ ကားတစ္စင္းေလာက္ ငွားဖို႔ အရင္စီစဥ္ရမည္ဆိုသည့္အေတြးႏွင့္ လွည့္လာခ်ိန္မွာ ကိုယ့္အိမ္ကိုယ္ၾကည့္ၿပီး နိုင္ေဝသက္ျပင္းခ်လိဳက္မိသည္။

"ဒီထက္ပိုႀကီးၿပီး ေကာင္းတဲ့ဟာကို ဝယ္ခဲ့သင့္တာ"

တကယ္ဆို သူ႕ဘဝကို တစ္ေယာက္ထဲ တိုးတိုးတိတ္တိတ္ေနသြားေတာ့မယ္လို႔ပဲ အၿမဲေတြးခဲ့တာျဖစ္၏...။

.....................................

"ဟင္း... ဟင္း ဟင္း.."

သေဘာတက်ရယ္ေနသူ၏ မ်က္ႏွာကိုၾကည့္ရင္း သစ္မႉးတစ္ေယာက္ ေၾကာင္ေတာင္ေတာင္ႏွင့္။ ခုမွ အိပ္ရာနိုးခါစမို႔ သူ႕ဦးေႏွာက္က Blankျဖစ္ေနဆဲရွိေသးကာ ေရွ႕မွာထိုင္ေနေသာ အေဒၚကိုပင္ အစစ္လား အတုလားေဝခြဲရခက္ေနေသးသည္။

အေငြ႕တေထာင္းေထာင္းထေနေသာ ေရေႏြးခြက္မ်ားကို ကိုင္ရင္း ဦးေလးေရာက္လာေတာ့ တီတီနိုနို႔ရယ္သံေတြက ပိုက်ယ္လာသည္။ စိတ္ပဲထင္တာလား မသိပါ။ ဦေလးမ်က္ႏွာေတြက ရဲတြတ္ကာ ေရေႏြးအိုးထဲထည့္ျပဳတ္ခံထားရသလိုျဖစ္ေန၏။

"ဟို... မနက္စာစားဖို႔ တစ္ခုခုသြားဝယ္လိုက္ဦးမယ္"

"သားေရာလိုက္မယ္" "ထိုင္ပါဦးဟဲ့"

ၿပိင္တူထြက္လာေသာအသံမ်ားႏွင့္အတူ တူဝရီးႏွစ္ေယာက္ အၾကည့္ခ်င္းဆုံသြားၾကသည္။ ဦးေလးက ေနရာမွာရပ္ေနဆဲ။ အန္တီနိုနိုက သစ္မႉးကို ၿပဳံးစိစိၾကည့္ရင္း "သား Boyfriend က သူလား" ဟုေမးလာသျဖင့္ ေခါင္းကို ၿငိမ့္လ်က္ဟုတ္ေၾကာင္းျပလိုက္ရ၏။ ၿပီးတာႏွင့္ ထိုင္ရာမွထကာ အန္တီနိုနိုဆီေလွ်ာက္သြားလ်က္ သစ္မႉးဖက္ပစ္လိုက္သည္။ အိပ္မက္မဟုတ္ တကယ့္ကို သစ္မႉးရဲ႕တီတီျဖစ္ပါသည္။

"Oh my God! It's real ! သားက လြမ္းေနတာ"

ေၾကာင္တစ္ေကာင္လို ခြၽဲမိသည့္အခါ ျပန္လည္ဖက္တြယ္လာသည့္ ရင္ခြင္ကအရင္လိုေႏြးဆဲ။ ဧည့္သည္ေရာက္ေနၿပီဆိုကာ အိပ္ရာထဲကဆြဲထုတ္ခံထားရ၍ ေလလြင့္ေနခဲ့ေသာအာ႐ုံက ခုမွျပန္ကပ္လာသည္။ သစ္မႉး တီတီ့ကိုတင္းေနေအာင္ဖက္ထားလိုက္၏။

"လြမ္းေနတဲ့ကေလးက အဆက္သြယ္ျဖတ္ၿပီးေနရသလား"

"သားက အလုပ္မ်ားေနလို႔ပါ Sorry Miss No No ေနာ္"

"အဲရစ္ကေျပာတယ္။ တီတီ့ အသည္းေလးျပႆနာျဖစ္တယ္ဆို။ ဘာေၾကာင့္ အိမ္ကိုလွမ္းမေျပာရတာလဲ"

သစ္မႉး တီတီ့ကိုလႊတ္ေပးလိုက္ကာ အၿပဳံးတစ္ခုကို ႏႈတ္ခမ္းထက္မွာဆင္လိုက္သည္။

"ကိစၥရွင္းၿပီးမွ အသိေပးမလို႔ပါ"

တီတီ့မ်က္ေမွာင္ေတြၾကဳတ္သြားကာ သစ္မႉးလက္ႏွစ္ဖက္ကို တင္းေနေအာင္ဆုပ္ကိုင္လာသည္။ ဂ႐ုဏာႏွင့္ ပူပင္ေသာကဟာ တီတီ့မ်က္ႏွာထက္မွာ အထင္သား။

"ဒါ ေတာ္႐ုံကိစၥမဟုတ္ဘူးေနာ္။ ယုတ္ယုတ္မာမာ နဲ႕အေကာက္ႀကံတာ။ အသက္ေသတဲ့အထိျဖစ္သြားနိုင္တာေရာ သိရဲ႕လား"

"ငါ့ေၾကာင့္ပါ"

ၾကားျဖတ္ဝင္လာသည့္ အသံေၾကာင့္ သစ္မႉးအၾကည့္ေတြ ေနာက္မွက်န္ေနသည့္သူဆီေရာက္သြားသည္။ ဦးေလးမ်က္ဝန္းေတြက သစ္မႉးဆီမွာမရွိ။ အျပစ္လုပ္ထားသူလို ညွိုးငယ္စြာျဖင့္ အန္တီနိုနို႔အားၾကည့္ေနသည္။ သစ္မႉးရင္ထဲ ဆစ္ခနဲ။ ဦးေလးရဲ႕ ထိုပုံစံကိုၾကည့္ရင္း လူကေမာဟိုက္လာခဲ့၏။

"အဲ့ဒီလူက ငါ့ကို အညွိုးအေတးထားေနလို႔ ကေလးအေပၚ ခုလိုလုပ္ရတာ"

"အဓိပၸာယ္မရွိဘူး!" ေဆာင့္ေအာင္ကာ သစ္မႉးေအာ္ပစ္လိုက္သည္။ တင္းတင္းကိုက္လိုက္ေပမယ့္ ႏႈတ္ခမ္းတို႔ကိုမထိန္းနိုင္။ တဆတ္ဆတ္တုန္ယင္လာသည္။

"ကြၽန္ေတာ့္ကိစၥ၊ ကြၽန္ေတာ့္ျပႆနာ၊ ကြၽန္ေတာ္နဲ႕ ကေတာက္ကဆျဖစ္ထားပါတယ္လို႔ ေျပာထားတာကို ဘာလို႔ ဦးေလးေၾကာင့္ပဲထင္ေနရတာလဲ!"

ဦးေလးဆီက အေျဖမလာ။ သစ္မႉးဆီ စူးစိုက္ၾကည့္လာသည့္ မ်က္ဝန္းေတြမွာလည္း အင္အားမရွိ။ ေဒါသထြက္လြန္းလို႔ သစ္မႉးလက္ေတြပါတုန္လာသည္။ စိတ္တင္းထားသည့္ၾကားမွ မႊန္တက္လာသည့္ ခံစားခ်က္ေၾကာင့္ အံကိုတင္းတင္းႀကိတ္ကာ ဦးေလးအနားသို႔ေလွ်ာက္သြားလိုက္၏။

"ဘယ္အခ်ိန္ထိ... ဘယ္အခ်ိန္ထိ ကိုယ့္ကိုယ္ကိုယ္ပဲ အျပစ္တင္ေနမွာလဲ။ ဘယ္အခ်ိန္ထိ အကုန္လုံးအတြက္ တာဝန္ရွိသလို ခံစားေနမွာလဲ။ ဘယ္ ဘယ္အခ်ိန္ထိ ဦးေလးက ခုလိုေလးပင္ေနဦးမွာလဲ..."

က်လာသည့္ မ်က္ရည္ေတြကိုလည္းမသုတ္ပစ္နိုင္ပါ။ ကိုယ့္အတြက္ကိုယ္မၾကည့္ဘဲ သူ႕မ်ားေကာင္းဖို႔ပဲ ေတြးေနတဲ့လူေတြကို သစ္မႉးအမုန္းဆုံး။ ဒီၾကားထဲက ဦးေလးလက္ကို သူတြဲခဲ့တာ။ မတ္မတ္မေနနိုင္တဲ့ ဒီလူ႕ရဲ႕ေက်ာျပင္ကိုမွ ေထာက္ထားေပးခ်င္ခဲ့တာ။ အတၱႀကီးတဲ့ကိုယ္နဲ႕ အၿမဲျဖည့္ေတြးၿပီး ၿငိမ္းခ်မ္းခ်င္ေနတဲ့ ဦးေလး...။

ေျခဖ်ားေထာက္ကာ ဦးေလးလည္ပင္းဆီလက္ေတြယွက္တြယ္လိုက္သည္။ သစ္မႉးပုခုံးထက္က်လာသည့္ ဦးေလးကိုယ္က ေအးစက္လ်က္။ အေၾကာက္တရားႏွင့္ မလုံေလာက္မႈေတြ... သစ္မႉးႏွင့္ ရင္းႏွီးေသာအရာေတြ။ ငယ္ငယ္က မိဘႏွစ္ပါးဆီက အာ႐ုံစိုက္ခံရေအာင္ ႀကိဳးစားခဲ့တာေတြ၊ လူေတြဆီက အခ်စ္ခံခ်င္ အခ်ီးက်ဴးခံခ်င္စိတ္ေတြ၊ ‌အဲ့ဒီလူေတြဆီကေနပဲ ျပန္ရခဲ့တဲ့ အထင္ေသးရႈံ႕ခ်မႈေတြ...။

"အခုရပ္လိုက္ပါေတာ့... အားလုံးကို ဦးေလးေခါင္းခံေနစရာမလိုပါဘူး...ေနာ္"

အသက္ရႉသံတိုးတိုးဟာ သစ္မႉးကိုယ္ထက္မွာ တေဝ့လည္လည္ႏွင္။ ဦးေလးလည္ပင္းဆီမ်က္ႏွာအပ္လိုက္ေတာ့ သိမ္ေမြ႕သည့္ရနံ႕ကိုရသည္။ေႏြးေထြးမႉကိုလည္းရသည္။ သစ္မႉအတြက္ေတာ့ ဦးေလး ဒီထက္ပိုၿပီး ကိုယ္ကိုယ့္ကိုယ္ခ်စ္တဲ့စိတ္နဲ႕ ခြင့္လႊတ္နိုင္စြမ္းေတြပိုမ်ားလာလွ်င္ ေကာင္းပါမည္...။

........

"So, are you two classmates?"

"Actually we are friends. There were four people in our squad."

"But you had never talked about him."

အျငင္းအခုန္လုပ္ေနၾကသည့္ တူဝရီးႏွစ္ေယာက္ၾကား နိုင္ေဝက ကန႔္လန႔္ကန႔္လန႔္ျဖစ္ေနသည္။အခု သူတို႔က ကုန္းေအာက္ရွိ ျပည့္ျပည့္ဆိုေသာဆိုင္ေလးမွာ မနက္စာဆင္းစားၾကတာျဖစ္၏။ မထင္မွတ္ပဲ ရိုက္ျဖစ္သြားတဲ့ ဒရမ္မာပဲဆိုရေလမလား၊ နိုင္ေဝ့ကို‌ဖက္ကာ ငိုယိုေနသည့္ကေလးကို ေခ်ာ့အၿပီးမွာ လုပ္တတ္တာဆိုလို႔ တစ္ခုခုစားဖို႔ေျပာတာပဲရွိခဲ့သည္။ ခုမွ ျပန္ေတြ႕ရသည့္ နိုနို႔ကိုအားနာေပမယ့္ သူကိုယ္တိုင္လည္း ဒီကေလးေၾကာင့္ shockရေနတုန္းပင္။

ကေလးက နိုင္ေဝ့လက္‌ကိုခ်ိတ္ထားရင္း ေနာက္မွာပါလာသည့္ အေဒၚျဖစ္သူကို လွည့္လွည့္ေျပာေနသည္။ ဆီးႏွင္းေတြက်ထား၍ စိုစြတ္ေနေသာ ေလွကားထစ္ေတြေပၚမွ ေခ်ာ္က်မည္စိုး၍ ခႏၶာကိုယ္ကိုေတာင့္ကာ ေကာင္ေလးကိုထိန္းထားရ၏။ငိုထား၍ ရဲေနေသာႏွာေခါင္းေလးက ေအးစက္ေနသည့္ေလထုၾကားမွာ ႏွာတရႈံ႕ရႈံ႕ႏွင့္။ ဒါေတာင္ ေခါင္းစြပ္ကို နိုင္ေဝအမိအရ စြပ္ေပးမိလာလို႔ေတာ္ေသးသည္။ ကေလာရဲ႕ ရာသီအကူးေျပာင္းက တစ္ရက္ႏွစ္ရက္အတြင္းမွာပင္ ေၾကာက္ခမန္းလိလိျဖစ္၏။

"ဒီက ေျမအိုးၿမီးရွည္ so goodေနာ္။ Recommend ေပးတယ္တီတီ"

"ရွမ္းျပည္ေရာက္တာ ရွမ္းစာစားသင့္တာ မဟုတ္ဘူးလား။ Suggestion ေပးတာလြဲေနသလိုပဲ"

"Omm Humm...just believe me. You must try this , the best menu for this weather."

"Oh..."

အေတာ္ေလး ရင္းႏွီးပုံရသည့္တူဝရီးဆက္ဆံေရးေၾကာင့္ ေရေႏြးငွဲ႕ေပးရင္း နိုင္ေဝၿပဳံးလိုက္မိသည္။ နိုနိုက ဒီကေလးကို အေတာ္ေလး သံေယာဇဥ္မ်ားပုံေပၚ၏။ မိဘေတြႏွင့္ ငယ္ကတည္းကခြဲေနထားရသလို ဆက္ဆံေရးလည္ မေျပျပစ္ဟု သိထားတာေၾကာင့္ ေကာင္ေလးအတြက္ နိုင္ေဝစိတ္မေကာင္းျဖစ္ခဲ့ရတာ၊ ခုလိုေပ်ာ္ေနတာျမင္ျပန္ေတာ့လည္း စိတ္ခ်မ္းသာရပါ၏။

"ဘယ္ Menu ေ႐ြးသင့္လည္း ေျပာလိုက္ေလဦးေလး"

တံေတာင္ႏွင့္တို႔ကာ အေဖာ္ေခၚခံရေတာ့ နိုင္ေဝပါ သူတို႔စကားဝိုင္းထဲပါသြား၏။နိုနိုက မ်က္ခုံးပင့္လ်က္ နိုင္ေဝ့အေျဖကို ေစာင့္ေနသည္။ နင္ ဘာေျပာမလဲ ေျပာၾကည့္စမ္းဆိုသည့္သေဘာ။ ေက်ာင္းကတည္းက သူမအေၾကာင္းကို သိထားတာမို႔ ၿခိမ္းေျခာက္ခ်င္သည့္ မ်က္ႏွာေပးကို ေကာင္းေကာင္းသိ၏။

"ေျမအိုးၿမီးရွည္က မနက္ေစာေစာ ရာသီဥတုနဲ႕ကိုက္ပါတယ္"

"Yes!!" ေအာ္လိုက္သူက ကေလးေလး။ တံေတာင္ကိုဆြဲခ်ကာ အနိုင္ရသြားသူလိုေပ်ာ္႐ႊင္ေနသည္။ ေခါင္းစြပ္အညိုေလးေအာက္မွ ထြက္ေနသည့္ ဆံပင္ျဖဴေလးေတြႏွင့္ ျမင္ရတာ ခ်စ္စရာပင္။ ဖိုးသားေျပာသည့္ ကိုကိုႀကီးရဲ႕ အဘိုးႀကီးဦးထုပ္က ဒီကေလးေခါင္းေပၚမွာေတာ့ တမူထူးကာ စတိုင္က်ေန၏။

"နင္ ေက်ာင္းတုန္းက နိုင္ေဝမဟုတ္ေတာ့ဘူး "

နိုနိုက လက္ညွိုးထိုးလ်က္ နိုင္ေဝ့ကိုေျပာလာသည္။ သူမပုံစံက ကေလးဆန္ေနေပမယ့္ တကယ္ေဒါသထြက္ေနတာေတာ့ မဟုတ္ပါ။ တူျဖစ္သူကို ရႈံးသြား၍ မခံခ်င္စြာ ရန္ေဆာင္‌ေနျခင္းသာျဖစ္ပါသည္။

"အဟင္း" ရယ္႐ုံသာရယ္ၿပီး ထည့္ထားသည့္ ေရေႏြးခြက္ေတြကို တစ္ေယာက္တစ္ခြက္စီခ်ေပးလိုက္သည္။

"ဦးေလး ေက်ာင္းတက္တုန္းက ဘယ္လိုလဲဟင္။ အရမ္းမိုက္ၿပီး လန္းတာမ်ိဳးလား"

အစားေသာက္မွာၿပီး မလာခင္စပ္ၾကားမွာလည္း သူတို႔ေဆြးေႏြးစရာေခါင္းစဥ္က နိုင္ေဝပင္။ နိုနိုက လက္ကိုခါလ်က္ "Absolutely not!" ဟု ႏွာေခါင္းရႈံ႕ရင္းေျဖ၏။

"အၿမဲ စာပဲလုပ္ေနတာ ပ်င္းစရာႀကီး။ ေက်ာင္းပိတ္ရက္ မုန႔္ထြက္စားၾကရင္းနဲ႕ ႐ုတ္တရက္ Biochemistry ေတြထေျပာလို႔ ဝိုင္းတီးတာခံရေသးတယ္"

"OMG လုံးဝ ပ်င္းစရာဘဲ" သူ႕အေဒၚနည္းတူ နိုင္ေဝ့ကိုႏွာေခါင္းရႈံ႕ရင္း လွည့္ၾကည့္တဲ့ေကာင္ေလး။ ဒါမ်ိဳးက် အတိုင္ေဖာက္ညီေနၾကျပန္သည္။

"ေစာေစာကလို ဘာစားမလဲေမးရင္ ဘယ္ေတာ့မွ အေျဖတိတိက်က်မေျပာဘူး ႀကိဳက္တာစားေလဆိုတာခ်ည္းပဲ"

နိုင္ေဝ ရယ္႐ုံသာတတ္နိုင္ပါသည္။ ၾကည့္ရတာ နိုနိုက ငယ္က်ိဳးငယ္နာ အကုန္ေဖာ္ေတာ့မည္။ သူ႕တူ ႏုႏုထြဋ္ထြဋ္ေလးကို ေပးရ၍ ဆဲဆိုေသာင္းက်န္းမေနတာကိုပဲ ေက်းဇူးတင္ရေသး၏။ သူ႕သူငယ္ခ်င္း ဘယ္ေလာက္ဆိုးတာ နိုင္ေဝအသိဆုံးမို႔ ၿငိမ္ၿငိမ္သာေနလိုက္သည္။ တတိယႏွစ္တုန္းက နိုနို႔အေၾကာင္းမေကာင္းေျပာတဲ့ ေက်ာင္းသူကို စတီးခ်ိဳင့္ႏွင့္ပိတ္ရိုက္လို႔ နိုင္ေဝတို႔   ပါခ်ဳပ္႐ုံးခန္းထိ လိုက္ကူေျပာခဲ့ရေသးတာ မွတ္မိေသး၏။ ထူးမိသားစုရဲ႕ ဇကေတာ့ လက္ဖ်ားခါစရာပင္။

"မွ်တေအာင္ေနလြန္းလို႔လည္း အၿမဲလူပါးဝခံရတာနင္"

မေက်မနပ္ ေျပာဆိုလာတာကိုလည္း စိတ္မဆိုးရက္ပါ။

"ဒါကို ငါတို႔ အသည္းေလးက ဘယ္လိုမ်ားႀကိဳက္သြားလဲမသိဘူး။ သူ႕အႀကိဳက္နဲ႕ တစ္စက္မွမကိုက္တာကို"

"Miss No No..could you please stop ?"

"ကေလးက ဘယ္လိုလူမ်ိဳးကို ႀကိဳက္လို႔လဲ"

အရဲစြန႔္ကာ နိုင္ေဝေမးလိုက္သည္။ နိုနို႔မ်က္ႏွာက ခ်က္ခ်င္းပင္ ဝင္းလက္သြားကာ ကေလးထံသို႔  မ်က္လုံးပင္ျပဴးျပလိုက္ေသးသည္။

"ကဲကဲ စားစရာေတြလာခ်ေနၿပီေလ စားၾကမယ္"

တစ္စုံတစ္ေယာက္ စကားျဖတ္‌ေပမယ့္ မေအာင္ျမင္ရွာ။

"ၾကည့္လိုက္တာနဲ႕ ထင္းထြက္ေနတဲ့ မီးေတာက္လိုမ်ိဳး Hot ျဖစ္ေနတဲ့ သူေတြကိုႀကိဳက္တာေလ။ ဘာတဲ့ Smartလည္းက်ၿပီး ဦးေႏွာက္ေကာင္းတဲ့ေယာက္်ားမ်ိဳးဆိုလား...သူေျပာဖူးပါတယ္"

"ေအးသြားရင္ စားလို႔မေကာင္းဘဲေနမယ္ေနာ္"

"I am so curious my sweetheart. Mr.Wang တို႔... ေနာက္ထပ္ ေကာင္ေလးတစ္ေယာက္ရွိပါေသးတယ္ ဘယ္သူ..."

"Stop stop stop...ဦးေလး သူေျပာတာ နားမေထာင္နဲ႕ေတာ့"

မ်က္ႏွာကေနဆြဲခ်ကာ နိုင္ေဝ့နား႐ြက္ေတြကို လုပ္လာသည့္ လက္ေလးႏွစ္ဖက္။ သူနဲ႕ပဲ အၾကည့္ဆုံခိုင္းထားကာ မ်က္ႏွာကိုေတာ့ ဆူပုတ္ထားသည္။ သူ႕ ရည္းစားေဟာင္းေတြအေၾကာင္း ေပးမသိခ်င္ပုံရ၏။ နိုနိုရယ္ေနတာကို မသိခ်င္ေယာင္ေဆာင္ရင္း နိုင္ေဝ့ကို ေခါင္းယမ္းျပပုံက လုံးဝယုံလို႔မျဖစ္ဘူးဆိုသည့္သေဘာ။

တစ္သက္လုံး တစ္ေယာက္ထဲေနမည္ဆိုသည့္ နိုင္ေဝေတာင္ ရည္းစားရသြားေသးတာပဲ။ ဒီကေလး စံႏႈန္းေတြေျပာင္းကုန္တာကို ေပ်ာ္ၿပီးဂုဏ္ေတာင္ယူရဦးမည္။ ဘာပဲျဖစ္ျဖစ္ သူ႕အတြက္ အကုန္ေျပာင္းလဲေပးခဲ့သည္ မဟုတ္ပါလား...။

..................

"နင္ တကယ္ ငါ့တူလို႔မသိတာလား"

"အင္း... အမွန္ေတာ့ ကေလးအေၾကာင္းစုံစမ္းခဲ့ေသးတယ္။ မိသားစုအေၾကာင္းေရာပဲ... နင္ပါမလာဘူး"

"အဟားဟား...ျဖစ္ရတယ္။ ငါကလည္း ဒီေလာက္ေျပာေနတာကို နင့္နာမည္မေမးျဖစ္ဘူး။ဒါေပမယ့္ ထူးမိသားစုကဟာကို ငါ့ကိုမေတြးမိဘူးလားဟဲ့... နိုနိုထူးလြင္ ဆိုတဲ့နာမည္ကိုေတာင္ မစဥ္းစားမိတာေတာ့ ညံ့လိုက္တာဟယ္"

နိုနိုကညည္းတြားရင္း နိုင္ေဝ့ကိုအျပစ္တင္သည္။ ဟုတ္ေတာ့လည္း ဟုတ္ပါရဲ႕။ * ထူး *ဆိုတာကို မၾကားခ်င္မွအဆုံးၾကားေနခဲ့ရတာေတာင္ ေခါင္းထဲမွာ ကမာၻသစ္မႉးထက္ပိုမေတြးခဲ့မိတာ ထူးဆန္းလြန္းသည္။ နိုနို သူေဌးသမီးဆိုတာ သိေပမယ့္ ဘယ္မိသားစုကလဲ ဘာညာစိတ္မဝင္စားမိခဲ့သည့္သူက ဒီကေလးနဲ႕က်မွ စပိုင္ထားပါၿပီး စုံေထာက္လုပ္ခဲ့မိ၏။

"သတင္းေတြလည္း ၾကားပါတယ္။နင္ Clinical ဖက္ လုံးဝျပန္မသြားေတာ့ဘူးဆို "

"ဟိန္းသူရ ေျပာတာလား"

"ေတာ္စမ္းပါ သူေမႊသြားတာ ငါခုထိမေက်နပ္ေသးဘူးေနာ္ "

တစ္ဖက္ဝိုင္းမွာထိုင္ၿပီး အလုပ္လုပ္ေနၾကသူ ႏွစ္ဦးက Laptop ကိုယ္စီႏွင့္။ ‌ရွင္းေနာင္ကေတာ့ ေဘးမွာရပ္ကာ အဲရစ္ေျပာသမွ်ကို စာအုပ္ထဲတြင္ခ်မွတ္လို႔ေနသည္။

"သူက သူ႕အေၾကာင္းသူ မသိခဲ့႐ုံပါ။ အနည္းဆုံးေတာ့ ငါ့ထက္ ေစာေစာပိုသိခဲ့တယ္ေလ"

"နင္ကအၿမဲ လူေတြကိုနားလည္ေအာင္ ႀကိဳးစားနိုင္တုန္းပဲ နိုင္ေဝ။ ငါကေတာ့ နင့္လိုမဟုတ္ဘူး။ နင့္လိုလည္း မျဖစ္ခ်င္ဘူး။ ဘဝမွာ ရန္ငါျပတ္ဖို႔ လိုအပ္တယ္ဆိုတာ ယုံတဲ့သူ"

"..."

"သူ ေဂးဆိုတာ သူ႕ကိုယ္ပိုင္ေ႐ြးခ်ယ္မႈမို႔ ေလးစားေပမယ့္ ေစ့စပ္ပြဲက်မွ ငါ့ကိုပုံပ်က္ပန္းပ်က္ထားသြားတဲ့လူနဲ႕ သူငယ္ခ်င္းဆက္မလုပ္နိုင္ေတာ့တာ ငါ့ဆုံးျဖတ္ခ်က္ပဲ"

"နိုနို ငါတို႔..."

"ငါသိတယ္... နင္ သူ႕အေပၚ ဘာစိတ္မွမရွိတာသိတယ္။ ေဂးမို႔လို႔ Biမို႔လို႔မဟုတ္ဘဲ သူငယ္ခ်င္းစိတ္ကလြဲၿပီး ဘာမွမရွိခဲ့တာ ငါသိတယ္။ ငါတို႔ၾကားက ကိစၥက နင္နဲ႕မဆိုင္ဘူး နိုင္ေဝ"

"..."

"နင္ငါ့ကို ႀကိဳက္ေနတယ္ထင္လို႔ သူ ငါ့ကိုတြဲခဲ့တာ။ အဲ့ဒါက အနိုင္လိုခ်င္စိတ္မဟုတ္ဘဲ သဝန္တိုလို႔ဆိုတာ သိတဲ့အခ်ိန္မွာ လြန္သြားၿပီ။ဒါေပမဲ့ သူသာငါ့ကို ပြင့္ပြင့္လင္းလင္းေျပာခဲ့ရင္ သူ႕ကိုပထမဆုံး ႏွစ္သိမ့္ေပးမွာ ငါျဖစ္ခဲ့မွာ နင္သိလား"

"..."

"ဒါေပမယ့္ ေနာက္ဆုံးအထိ ထြက္ေျပးဖို႔ပဲတတ္တယ္။ အ႐ူးမတစ္ေယာက္လို ငါ့ကို ပစ္ထားခဲ့ၿပီး"

အတိတ္ကအေၾကာင္းေတြက သက္ျပင္းခ်စရာခ်ည္းသာ။ နိုနိုကေတာ့ အမုန္းထက္ ဥပကၡာပဲက်န္ေတာ့ဟန္တူသည္။ ေအးေဆးစြာေျပာၿပီးတာႏွင့္ ၿပဳံးလိုက္သည္မွာ အားလုံးကို နာၾကည္းလြန္းလို႔ ေက်ာင္းပါထြက္သြားသည့္ ဆယ္ေက်ာ္သက္ကေလးမေလး မဟုတ္ေတာ့သည့္အတိုင္းပင္။

"အဲ့ဒီကေလး...ဆိုးတယ္လို႔ထင္ရေပမယ့္ ေဘးကလူေတြကို အရိပ္ၾကည့္ေနတတ္တာ ေပါက္စနေလးကတည္းက။နင့္ေပ်ာ္ဖို႔အတြက္လည္း သူဘာမဆိုလုပ္လိမ့္မယ္ နိုင္ေဝ"

"..."

"လူေတြၾကားက ေရစက္ဆိုတာ ဘယ္ေလာက္ထိရွည္မလဲ နင္ေရာငါေရာမသိဘူး။ တစ္ခုပဲ... ‌ေရစက္မကုန္သ၍ေတာ့ ငါ့တူေလးအေပၚၾကင္နာေပး။ နင့္ဖက္ကေပးရမွာ အဲ့ဒါပါပဲ။ က်န္တာ သူအကုန္ေပးလိမ့္မယ္"

စကားမဆက္မိေတာ့။ နိုင္ေဝ့အာ႐ုံက Laptop ဆီစိုက္ၾကည့္ရင္း အလုပ္ထဲနစ္ဝင္ေနသူထံေရာက္သြားသည္။ ကေလးကေရာ နိုင္ေဝ့ရင္ထဲကို ဒီလိုပဲနစ္ဝင္သြားခဲ့သလား။

စိတ္ပဲဆက္ေနသလားမေျပာတတ္ပါ။ နိုင္ေဝ့ထံလွည့္ၾကည့္ၿပီးေနာက္ သြားစြယ္ေလးေတြေပၚေအာင္ရယ္ျပလာသည့္ ကေလးေလး။ရင္ဘတ္တစ္ခုလုံး ျပည့္ႏွက္သြားတာဟာ အၾကင္နာေတြနဲ႕ျဖစ္ပါလိမ့္မည္။

ဒီကေလးအေပၚ  နိုင္ေဝ သိပ္ကို ျမတ္နိုးတြယ္တာမိပါ၏...။

.................................................................

စာေရးသူ၏ အမွာစာ:

မေန႕ညက ပါဆင္နယ္ကိစၥေလးေၾကာင့္မတင္ျဖစ္တာပါ
ေမွ်ာ္ေနၾကတဲ့သူေတြအားလုံးကို အားနာပါတယ္

ဦးေလးတို႔ကိုလည္း မၾကာခင္ႏႈတ္ဆက္ရပါလိမ့္မယ္ဗ်ာ ဒီလမကုန္ခင္ အၿပီးေပါ့

အန္တီနိုနိုတို႔ က ဟိန္းသူရကိုႀကိဳက္
ဟိန္းသူရက ဦးေလးကိုႀကိဳက္
ခြန္းခြန္း ဖြင့္ေျပာတာ အန္တီနိုနိုနဲ႕ ဟိန္းသူရျပႆနာၿပီးတဲ့ေနာက္မွပါ
ေဒါက္တာဟိန္းသူရက ေနာက္ပိုင္းမွာ Come outလုပ္ခဲ့ပါတယ္ ( ဦးေလးကို တိတ္တခိုးၿပိဳင္ေနခဲ့တယ္လို႔ထင္ခဲ့ေပမယ့္ တကယ္တမ္းက ႀကိဳက္ခဲ့တာပါတဲ့)
ဦးေလးတို႔ သူငယ္ခ်င္း Squad ထဲက မိန္းကေလးတစ္ေယာက္က်န္ပါတယ္။ သူက အန္တီနိုနိုနဲ႕အဆက္သြယ္မျပတ္သတင္းေတြပို႔ေနခဲ့သူ ၊ကိုေဂ်ာ္နီရဲ႕အမ်ိဳးသမီးပါ။( ကိုေဂ်ာ္နီက ခ်စ္နိုင္းတို႔ထဲက ဓာတ္ပုံဆရာ)

သစ္မႉးက ဦးေလးမတိုင္ခင္ ဒိတ္ဖူးတာ ငါးေယာက္ေလာက္ရွိပါတယ္။ အကုန္ ေယာက္်ားေလးပါ။ ေလးေယာက္က သူ႕ထက္အသက္ႀကီးၿပီး၊ တစ္ေယာက္က ႐ြယ္တူပါ။
ဦးေလးကေတာ့ တစ္ေယာက္ပဲဒိတ္ဖူးပါတယ္။

အဲရစ္က သစ္မႉးကို တစ္ဖက္သတ္သေလာက်ေနခဲ့ေပမယ့္ သူငယ္ခ်င္းစည္းကို ဘယ္ေတာ့မွမေဖာက္ပါဘူး။
ရွင္းေနာင္က straight ပါ။ သူ႕အဖိုးဆိုင္မွာ အလုပ္လုပ္တဲ့ ညီမကေလးကိုႀကိဳက္ေနပါတယ္။
ကတမ္ကေတာ့ single since bornပါ ဒါပါပဲရွင္

Seguir leyendo

También te gustarán

68.4K 143 12
Lela, a fifteen year old girl decides to go camping with her best friend. But things don't go as planned. She seems to be battling with her self betw...
2.4K 92 23
"တချို့သောအရာတွေဟာယုံကြည်လို့မရဘူးဆိုတာ ကျွန်တော်သိတာမို့ သူသေချာပေါက်ကျွန်တော့်ဆီကိုပြန်လာမယ်ဆိုတာ ကျွန်တော်ယုံကြည်တာပေါ့"
26.6K 1.5K 20
Ghost နဲ့ Human တို့ရဲ့ တစ်ညတာအချစ်ဇာတ်လမ်းလေးအကြောင်းရေးထားတာပါ 🖤 မင်းအက္ခရာမောင် + မင်းဆက်မိုင် 🖤
223K 2.4K 24
x Reader and curvy reader