အပိုင်း-၃၆

7.7K 824 30
                                    

Unicode

*မဟော်ပရဟိတအသင်းရဲ့ အမှု‌ဆောင်ဒါရိုက်တာဟောင်း ဦးစိုးမဟော်ဟာ မူးယစ်ဆေးဝါးမှု၊ ကိုယ်ထိလက်ရောက် အနိုင်ကျင့်မှုအပါဝင် အမှုပေါင်း ၅ ခုနဲ့လက်ရှိမှာစွဲချက်တင်ခံထားရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်တွေအတွင်း သက်သေအထောက်ထားမခိုင်လုံမှုကြောင့် ကင်းလွတ်ခဲ့တဲ့ အဂတိလိုက်စားမှုနဲ့ ငွေအလွဲသုံးစားလုပ်မှုတွေကိုပါ တရားရုံးကပြန်လည် စစ်ဆေးသွားမှာဖြစ်ပြီး မဟော်အဖွဲ့အစည်းဖက်ကတော့ ဥပဒေနှင့်အညီ မှန်ကန်စွာ ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း တာဝန်ရှိသူကတဆင့် သတင်းရရှိထားပါတယ်*

သတင်းဖတ်ပြီးတာနှင့် Laptop ကိုဘေးချကာ ဟိုတယ်အပြင်ဘက်ကို သစ်မှူးထွက်လာလိုက်သည်။ သစ်မှူးအပေါ် အကောက်ကြံမှုအတွက် သက်သေမရခဲ့ပေမယ့် စိုးမဟော်ရဲ့ မကောင်းမှုတွေက ရုတ်ချည်းဆိုသလိုပေါ်ကာ အထိန်းသိမ်းခံလိုက်ရ၏။ အန်တီနိုနိုကတဆင့် ဖိုးဖိုးနားကိုပေါက်ကြားသွားတဲ့ ဒီအဖြစ်ပျက်တွေကြောင့် အကောင်းရှိသလို အဆိုးကလည်းရှိပြန်သည်။

သစ်မှူးရဲ့ Project ဟာ အချိန်တစ်ခုထိ ရပ်ဆိုင်းခံလိုက်ရခြင်းပင်။ ပြီးခဲ့တဲ့ တစ်လအတွင်း Htoo Kalawမှာ ဖြစ်ပျက်သွားခဲ့သည့် အရာတွေက သိပ်ကိုမြန်ဆန်လွန်းကာ အံ့ဩစရာအပြည့်ဖြစ်၏။ King Whiskey ပိုင်ရှင်ဟာ တရားမဝင် ဆေးဝါးတင်သွင်းမှု၊ အခွန်ရှောင်မှုများဖြင့် ထိန်းသိမ်းခံထားရပြီး၊ Htoo Kalaw ကလည်း ဆေးဝါးဖြန့်ဖြူးမှုဖြင့် စွဲချက်တင်ခံထားရသည်။ ဒေါ်သက်သင်းခိုင်က မူးယစ်ဝေးဝါးရောင်းဝယ်သူတွေကို ဟိုတယ်ကတဆင့်ချိတ်ဆက်ပေးနေခဲ့တာဖြစ်၏။

စိတ်ထင်ထားခဲ့ပေမယ့် တကယ်ဖြစ်လာတော့ Htoo Kalaw ကအများကြီးထိခိုက်သွားသည်။‌တရားခံ ဒေါ်သက်သင်းခိုင်ကို ဖမ်းဆီးရုံနှင့်မပြီးပဲ Htoo Kalaw နှင့်ပတ်သက်သည့် ရှာဖွေစစ်ဆေးမှုတွေ တောက်လျှောက်ဝင်လာခဲ့ပြီး လက်ရှိမှာ စောင့်ကြည့်ခံအနေအထားဖြစ်နေ၏။

ကံကောင်း၍ ဒေါ်သက်သင်းခိုင်က အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူအဖြစ်သာ လုပ်ပိုင်ခွင့်ရှိသူမို့ လုပ်ငန်းကိုပါ ချိတ်ပိတ်မခံရခြင်းပင်။ ဖိုးဖိုးဘာကြောင့် ဒီမိန်းမကြီးလုပ်နေတာတွေကို မသိသလိုနေခဲ့သလည်း သစ်မှူးနားလည်လာသည်။ အခန့်မသင့်လျှင် ဒီကုန်းကြီးတစ်ခုလုံးကို ထူးမိသားစုက ဆုံးရှုံးသွားနိုင်၏။

ချစ်သူ့လက်နဲ့ရေးတဲ့ ကျွန်တော့်ရဲ့နှလုံးသား အနဂ္ဂကဗျာ(COMPLETED)Where stories live. Discover now