Unicode
Go Figure company ၏ဝန်ထမ်းများသည် တစ်ယောက်တစ််ပေါက်နဲ့ သူတို့bossအကြောင်း အတင်းထိုင်တုပ်နေကြတယ်။ သူတို့bossက အသက်တောင်ပြည့်ပုံမပေါ်တဲ့ကလေးတစ်ယောက်ကို အလုပ်ခန့်ထားသည်ဆိုတဲ့သတင်းက ဝန်ထမ်းများကြားအတော်လေးပျံ့နှံ့နေသည်။ စည်းကမ်းတင်းကြပ်လွန်းတဲ့ bossကဒီလိုပေါ့ပျက်ပျက်အလုပ်မျိုးလုပ်လေ့မရှိတာမို့ ပိုလို့တောင်အတင်းတုပ်စရာဖြစ်ခဲ့၏။
မြူဒေါင်းရုံးကို ဝင်ဝင်ချင်းအကုန်လုံးက သူ့ကိုပဲကြည့်ပြီးအချင်းချင်းတီးတိုးပြောနေတော့ မနေတတ်ပေ။ဟုတ်တော့လည်းဟုတ်ပါတယ် မြူဒေါင်းကအခုဆို18ပြည့်ဖို့လပိုင်းလောက်လိုနေသေးသည်။ ဒါကိုကိုဟန်က သူ့အတွင်းရေးမှူးနေရာကို ပေးပစ်သည်ကမြူဒေါင်းပင် အံသြသွားရ၏။ အစကနိုရာက လူကြီးမှာစားသောက်ဆိုင်တွေများကြီးပိုင်တာဆိုလို့ မြူဒေါင်းထင်တာ စားပွဲထိုးနေရာလောက်လုပ်ရမယ်လို့။ အခုကလူပြောများလည်းများချင်စရာပေ။ ယောကျာ်းလေးအတွင်းရေးမှူးကလည်းရှားသည်လေ။ မြူဒေါင်းကအဲ့လောက်အရည်အချင်းမှမရှိတာ။
ဒါပေမယ့် ဘာဘဲဖြစ်ဖြစ် သူအလုပ်ကိုကြိုးစားလုပ်ရမယ်။ဒါမှ မေမေကိုကောင်းကောင်းရှာကျွေးနိုင်မှာ....။ခုတော့ fighting မြူဒေါင်းငယ် မင်းလုပ်နိုင်မှာပါ။အလုပ်စဆင်းတဲ့ရက်မှာ နောက်ကျနေလို့မဖြစ်ဘူး။
ဒေါက်.....ဒေါက်
''ဝင်ခဲ့....''
''ကျွန်တော်ရောက်ပါပြီခင်ဗျ....''
အသံဆာဆာလေးက ဟန်ဓနရိုးကိုချက်ချင်းပြုံးချင်လာအောင် ဖန်တီးပေးသည်။ကျွန်တော်တဲ့...လူကြီးယောင်ဆောင်နေတဲ့ ကလေးပေါက်လေးပဲ။
''လာလေ မြူလေး''
''ဟုတ်.....''
''ဟို....ကျွန်တော် နောက်များကျနေပြီလားဟင်''
''နောက်မကျပါဘူး မြူလေးရဲ့၊ဘာဖြစ်လို့လဲ''
''ဘာမှမဟုတ်ပါဘူး....ကိုဟန်ထက်စောရောက်သင့်တယ်ထင်လို့ပါ''
''ရပါတယ် ဒီနေ့ကိုယ်ကစောရောက်ဖြစ်နေလို့ပါ မြူလေးနောက်မကျပါဘူး၊ ခဏနော်''
''ဟုတ်.....''
ဓနရိုးစားပွဲပေါ်က ကြိုးဖုန်းကနေတစ်ဆင့်လူတစ်ယောက်ကိုရုံးခန်းထဲလာခဲ့ဖို့ ခေါ်လိုက်ပြီး ခဏကြာတော့ထိုလူကအထဲကိုဝင်လာသည်။
''သူဌေး ကျွန်တော်ရောက်ပါပြီ''
''ဖိုးခါး....ဒါမြူဒေါင်းငယ်တဲ့ ငါ့အတွင်းရေးမှူးသစ်။မြူလေး ဒါကကိုယ့်အတွင်းရေးမှူး ဖိုးခါးမောင်တဲ့''
''ဗျ....ဗျာ....အတွင်းရေမှူး?''
မြူဒေါင်းက ပါးစပ်လေးဟပြီးအံ့သြနေရတယ်။သူ့သူဌေးက အတွင်းရေးမှူး ရှိပြီးသားကိုဘာလို့ သူ့ကိုထပ်ပြီးခန့်ရတာလဲ။
''တွေ့ရတာ ဝမ်းသာပါတယ် ညီလေးမြူဒေါင်းငယ်''
''ဟုတ်....ဟုတ်ကဲ့ အကိုဖိုးခါးတွေ့ရတာဝမ်းသာပါတယ်''
''မြူလေးအံ့သြနေမှာ ကိုယ်သိတယ်။ဒါမယ့်မြူလေးကအခုအသက်အရမ်းငယ်နေသေးတယ် အလုပ်လုပ်ဖို့မဖြစ်နိုင်သေးဘူး အဲ့ကြောင့်ကိုယ့်အနားမှာနေပြီး ဖိုးခါးနဲ့အတူကောင်းကောင်းသင်ယူပါ''
''ဒါပေမယ့်......''
''စိတ်ချပါ လစာကကိုယ်ပြောထားတဲ့အတိုင်း တစ်လနှစ်သိန်းပေးမှာပါ''
''လ....လစာကိုပြောချင်တာမဟုတ်ပါဘူးကိုဟန်ဗျ။ကျွန်တော်ကဘာအလုပ်မှမလုပ်ရပဲလစာအလကားထိုင်ယူနေသလိုကြီး ဖြစ်နေမလားလို့ပါ''
လည်ကုတ်ကိုပွတ်ပြီးခပ်တိုးတိုးပြောနေတဲ့ကောင်လေးအား သူဌေးအပါအဝင်ဖိုးခါးပါ ပြုံးမိသွားတယ်။သူဌေးပြောတာဒီကလေးက အသက်ငယ်ပြီးအလုပ်အရမ်းလုပ်ချင်နေတာတဲ့။လူကောင်သေးသေးလေးဘယ်လိုလုပ် ဒီလိုတာဝန်မျိုးတွေလုပ်နိုင်ပါအုံးမလဲ။သူတောင်အသက်ထွက်မတက်အလုပ်ပင်ပန်းရတာ။သူတို့ company ကအောင်မြင်နေတဲ့အတွက်အလုပ်တွေကသိပ်ကိုများလွန်းတယ်။ရှယ်ယာရှင်တွေနဲ့ အစည်းအဝေးထိုင်ရတဲ့ရက်ဆိုသူဌေးရော သူပါပိုပင်ပန်းရတယ်။
''ဘာမှမလုပ်ရတာတော့ မဟုတ်ပါဘူး ကိုယ်တို့ကအရမ်းအလုပ်များတယ်။ ဖိုးခါးတစ်ယောက်ထဲကိုယ့်ကိစ္စတွေကိုမနိုင်ဘူးလေ အဲ့ကြောင့်မြူလေးကိုပါခန့်ထားတာ နားလည်ပြီလား''
''ဟုတ်....''
''နောက်ပြီးကိုယ်တစ်ခုပြောမယ်၊ ကိုယ်ကအပြင်မှာသာသဘောကောင်းတတ်တာ အလုပ်နဲ့ပတ်သတ်လာရင်ဘာအမှားအယွင်းမှအဖြစ်မခံနိုင်ဘူး၊မြူလေးသေချာဂရုစိုက်ပေးပါ''
''ဟုတ်....ဟုတ်ကဲ့ပါ သူဌေး''
''အင်း....ဖိုးခါး မြူလေးနေရာကိုလိုက်ပို့ပေးလိုက်''
''ဟုတ်ကဲ့ သူဌေး....ခွင့်ပြုပါဦး''
''ဟုတ်ပြီ....''
. . . . .
ကော်ဖီးခါးခါးတစ်ခွက်ကိုကိုင်ဆောင်ပြီး တိုပြတ်ပြတ်စကပ်နဲ့ရင်နှစ်မွှာကိုအသားပေးဖော်ထားတဲ့မိန်းကလေးက သူ့boss၏ရုံးခန်းစီ ကပို့ကယို့လျှောက်လာတယ်။ bossကတော့ဘာတွေအလိုမကျဖြစ်နေလဲမသိ မျက်ထောင့်နီကြီးနဲ့တစ်နေရာရာကိုငေးငိုင်နေခဲ့တယ်။ ကော်ဖီကို စားပွဲပေါ်ချပြီး bossရဲ့ပေါင်ပေါ်ကိုသူမတင်လွှဲထိုင်ရင်း လက်တွေကboss၏လည်ပင်းကိုချိတ်တွယ်ထားလိုက်သည်။
''bossဘာတွေစိတ်ရှုပ်နေတာလဲဟင်...ဆိုဖီ့ကိုပြောပြလေ ဆိုဖီကbossစိတ်ပြေအောင်လုပ်ပေးနိုင်ရင်လုပ်ပေးမယ်လေ''
ထင်းထွက်နေသည့်ရင်သားတွေကို စိုင်းထံပွတ်သတ်ပြီးသူမက ကလုသလိုအသံပြုပြောလာ၏။ စိုင်းတခေတ်မှိုင်းကသည်လိုလူမျိုး။ပွေတဲ့ရှုပ်တတ်တဲ့နေရာ နာမည်ကြီးသူ။ဒါကိုသိသိကြီးနဲ့တောင်မိန်းမတိုင်းက အနားကပ်ချင်ကြ၏။ ရုပ်ရည်ရူပကာကပြောစရာမလိုအောင်ပြည့်စုံနေတော့ ငွေမက်တဲ့မိန်းမတွေကအကြိုက်ပေါ့။ဒါပေမဲ့ စိုင်းကဘယ်မိန်းမနဲ့မှsexမလုပ်ပေ။ဘာလို့ဆို သူဆယ်ကျော်သက်အရွယ်တုန်းကမိန်းမတစ်ယောက်နဲ့အိပ်ဖို့လုပ်ခဲ့ဖူးသည်။ထိုမိန်းမထဲကထွက်လာသည့် မိန်းမနံ့တွေကသူ့ကိုသည်းမခံနိုင်အောင် အော်ကလီဆန်လာစေတာကြောင့် မိန်းမတွေနဲ့sexလုပ်ဖို့ သူထပ်စိတ်မကူးတော့တာပင်။ယောက်ျားတွေနဲ့အိပ်ကြည့်ကတော့သူပိုတောင်စိတ်ပျက်သေးတယ်။ဘာလို့ဆိုသူကယောက်ျားတွေကိုမကြိုက်ဘူး။ပျော့တိပျော့ညံ့ကောင်တွေဆိုပိုကြည့်လို့မရဘူး။
''ဖယ်စမ်း!''
အင့်....
ခပ်ကြမ်းကြမ်းတွန်းဖယ်ခံလိုက်ရတဲ့ဆိုဖီက ခုံအောက်သို့လိမ့်ကျသွားရသည်။အားပြင်းလွန်းတော့ခါးပင်အောင့်ရ၏။ သူ့bossကဒီနေ့အတော်လေးစိတ်ဆက်လွန်းနေသည်။
''ထွက်သွား!''
''ရှင်....boss''
''မင်းကိုငါထွက်သွားလို့ပြောနေတယ်လေ အခုငါ့ရှေ့ကထွက်သွား!''
လက်ရှိစိုင်းတခေတ်၏ ပုံစံက ဆိုဖီမြင်ဖူးနေကျမာထန်နေသည့်မျက်နှာဘေးထက်ပိုပြီးခက်ထန်နေသည်။ ကြောက်လွန်းလို့ သူမအလန့်တကြားထပြေးမိသည်ထိ အခန်းပြင်ရောက်တာတောင်တုန်ယင်ချင်နေတုန်း။အိန္ဒြရေးမဆည်နိုင်သေးတဲ့သူမကို ဝန်ထမ်းတွေကပါလေ့လာသလိုကြည့်လာကြ၏။
စိုင်းတခေတ်အလိုမကျတာဖြစ်လွန်းလို့ ထိုင်ခုံကိုဆောင့်ကန်ပစ်လိုက်တယ်။မြူဒေါင်းငယ်ခုတလောအပြင်ထွက်တာတွေ ဆက်တိုက်ဖြစ်လာနေတာသူသတိထားမိတယ်။ဘာတွေသွားနေလဲလိုက်မေးဖို့ကလည်း ကိုယ်မုန်းတဲ့လူအကြောင်းမေးဖို့ရာသူ့မာနကိုထိခိုက်စေသည်မို့ စိုင်းမှာအားမလိုအားမရဖြစ်ရ၏။ ဒီကောင်လေးဘာတွေခြေလှမ်းပြတ်နေလည်းသူသိချင်နေတယ်။ရည်းစားရနေတာတော့မဟုတ်လောက်ဘူးမလား။အလုပ်စားပွဲပေါ်မှာဖြစ်ကလန့်ဆန်တင်ထားသည့်ဖုန်းအားအလောတကြီးယူလိုက်ပြီး....။
''သီဟ.... ငါ့ရုံးခန်းခဏလာခဲ့!''
''ဟုတ်ကဲ့.....''
''နေဦး....မလာနဲ့တော့''
''ဗျာ.....boss ''
''ငါ့ကိုမြူဒေါင်းငယ်အကြောင်းစုံစမ်းပေး!''
''ဗျ....ဗျာ....မြူဒေါင်းငယ်ဆိုတာ bossညီလေးမလား''
''ကျစ်! အရစ်ရှည်မနေနဲ့သီဟ သူတစ်နေ့တစ်နေ့ဘယ်တွေသွားပြီး၊ဘာတွေလုပ်နေလဲဆိုစောင့်ကြည့်ပြီး ငါ့ကိုပြန်ပြော!''
''ဟုတ်....ဟုတ်ကဲ့ပါboss''
ပြောချင်တာပြောပြီးသူ့ဘော့စ်က ဖုန်းကိုချပစ်ပြန်သည်။သီဟမှာခေါင်းကုပ်နေရတယ်။တစ်အိမ်ထဲအတူနေတဲ့ညီအကြောင်းပြန်စုံစမ်းခိုင်းတာတော့လုံးဝမဖြစ်သင့်ဘူးထင်တယ်။ဒါပေမဲ့ပြန်တော့မပြောရဲပါဘူး သူ့ဘော့စ်လေသံကိုနားထောင်ကြည့်တာနဲ့တင်သူသိနေတယ်။ဘောစ့်ကစိတ်ကြည်မနေဘူးဆိုတာကိုပဲ။သူသာပြန်မေးမိရင်ဒေါသတကြီးအအော်ခံရနိုင်တဲ့အပြင်အလုပ်ပါပြုတ်မှာသေချာတယ်။
တစ်ဖက်ကမြူဒေါင်းငယ်မှာ သူအနားဝိုင်းနေတဲ့ဝန်ထမ်းအမျိုးသမီးများကြောင့် မနေတတ်စွာရယ်ကျဲကျဲလေးဟန်လုပ်နေရသည်။ အဖွဲ့ထဲမှာအသက်ငယ်ဆုံးဖြစ်သည့်တိုင်းအခုမြူဒေါင်းဘာလုပ်စရာမှမရှိဘဲ ကိုယ့်နေရာကိုယ်ထိုင်နေရသည်။အလုပ်ကအမတွေကတော့သူ့ကိုချစ်စရာလေးပြောပြီး ဟိုမေးဒီမေးနဲ့မြူဒေါင်းနားမလည်တဲ့စကားတွေတောင်ပါသေးသည်။
''မောင်လေးက ukeလေးအတိုင်းပဲနော် ချစ်စရာလေးတော်''
''ဗျာ.....ukeကဘာလဲဟင်''
''ဟိဟိသိချင်သွားပြီမလား စိတ်ချစိတ်ချ ဒီကမမကအကုန်ပြောပြပေးမယ်''
''ကဲပါမသီတာရယ်......ကလေးကိုဘာတွေလျှောက်သင်မနေပါနဲ့ဟိုကလန့်နေပါ့မယ်''
အသက်30ကျော်မသီတာအား မိုးမိုးဝေကဝင်တားရသည်။ သူတို့တစ်ရုံးလုံးကမိန်းမတွေက LGBT ကိုအားပေးထောက်ခံတဲ့သူတွေဖြစ်တာကြောင့် အဆင်မြင်ရင်လင်ပေးဖို့သာတွေးနေကြတာ။မိုးကတော့အဲ့လိုမျိုးမဖြစ်စေချင်ပါဘူး ဖြစ်တည်မှုကို လက်ခံပေးရင်တော်လောက်ပြီလေ မဂေးတာကိုအတင်းဂေးဇာတ်သွင်းတာက တစ်ဖက်လူကို မလေးစားရာဖြစ်စေသည်လို့ထင်မိ၏။
''ကောင်လေး....အစ်မနာမည်က မိုးမိုးဝေပါ၊ဒီအစ်မကမသီတာအေးတဲ့ ၊ဟိုနားကတစ်ယောက်ကတော့ စိုးပြည့်ပြည့်ရီတဲ့နောက်လူတွေကတော့နောက်မိတ်ဆက်ပေါ့ ကြာရင်အကုန်လုံးနဲ့ခင်လာမှာပါ''
''ဟုတ်....မမိုး သား အယ်... ကျွန်တော့်နာမည်က မြူဒေါင်းငယ်ပါခင်ဗျ၊ဝန်ထမ်းသစ်ပါ အားလုံးကိုခင်ချင်ပါတယ်ဗျ''
''ဟယ်....ကြည့်ပါအုံး ချစ်စရာလေးအေ စကားပြောတာလေးက''
''ဟီး....ဒီကလူတွေချောကြပါတယ်''
မြူဒေါင်းဝန်ထမ်းအားလုံးနဲ့သင့်မြတ်အောင်နေရင်း ပထမဆုံး အလုပ်ဆင်းရက်ကချောမွေ့နေခဲ့တယ်။ကျန်တဲ့နေ့ရက်တွေလည်း ဒီလိုလေးပဲပြုံးပျော်ခွင့်ရရင် မြူဒေါင်းအရမ်းပျော်မိမှာဘဲ။မြူဒေါင်းကိုအားလုံးကချစ်စရာကောင်းလို့တဲ့ သဘောကျနေကြတယ် သူတို့လိုပဲကိုကိုသာ မြူဒေါင်းကိုသဘောကျလာရင်သိပ်ကောင်းမှာဘဲ။ကိုကိုရဲ့ အမုန်းတွေ အငြိုးတွေအစား အချစ်တွေ ဂရုဏာတွေနဲ့မြူဒေါင်းအပေါ်ဆက်ဆံရင်လေ မြူဒေါင်းပျော်လွန်းလို့ရူးသွားနိုင်လောက်မှာပါကိုကိုရယ်.....။
#TBC
နည်းနည်းလေးကြာသွားတဲ့အတွက် နန်းဘက်ကတောင်းပန်ပါတယ်စိတ်အခြေနေလေးပြင်နေရလို့ပါ။
နောက်ပြီး နန်းအရေးအသားတွေကသေချာအချက်အလက်စနစ်ကျကျမရေးသားနိုင်သေးဘူးဆိုတာနန်းသိပါတယ် ။
အခုမြူဒေါင်းအသက်အရွယ်ပိုင်းမှာအလုပ်ဝင်တာကနန်းအတော်လေးခေါင်းစားသွားရတယ် အသက်မပြည့်သေးတဲ့ ကလေးကိုအလုပ်လုပ်ခိုင်းဖို့ကအဆင်မပြေဖူးဆိုပေမဲ့ နန်းတို့စီမှာတော့အသက်၁၇နဲ့ဟိုတည်ဝန်ထမ်းလုပ်တာတေရှိတယ်ပေါ့နော် နောက်ပြီးပညာရေးအဝေးသင်ကိုသေချာလေးရေးချင်ပေမဲ့ နန်းကိုယ်တိုင်ကကိုးတန်းတက်နဲ့ရင်ကျောင်းcdmဖြစ်နေတော့ ပညာရေးနဲ့လည်းတော်တော်ဝေးသွားပြီးအဝေးသင်ဆိုတာကိုလည်းမတက်ဖူးဘူးလေ အိမ်ကလူတွေကိုမေးကြည့်ပေမဲ့''အဝေးသင်ကအပြင်ဖြေရတာ''ဆိုတာကလွဲရင်ဘာမှသေချာမသိကြဘူး ဘယ်သူ့ကိုသွားမေးရမှန်းလည်းမသိဘူးဖြစ်နေခဲ့တာ။
စိတ်ကူးယဥ် ficဆိုပေမဲ့လက်တွေ့ကျကျလေးရေးချင်ခဲ့ပေမဲ့ နန်းအခုထိပေါ့ဆနေရတယ်ပေါ့နော်အဲ့အတွက်လည်းကိုယ့်ကိုယ်ကိုအားမရဖြစ်မိပါတယ်။
မန့်တစ်ချို့ဟိုတစ်နေ့ကတွေ့တယ် ထပ်ရှာကြည့်တာတော့မရှိတော့ဘူးဖျက်သွားတယ်ထင်တယ်။ ရေးတာတွေကဘယ်ရောက်လို့ရောက်မှန်းမသိဘူးတဲ့ ။ပထမဆုံး ficတုန်းကလည်းပြောကြတယ်ပေါ့နော်။
ပြောပါထောက်ပြပါနန်းနားလည်ပါတယ် စားရေးသူစဖြစ်တုန်းကတော့အဲ့လိုမန့်တွေမြင်ရင်စိတ်ခုခဲ့ဖူးတာလည်းဝန်ခံပါတယ်အဲ့တုန်းကဆိုခဏခဏပြန်unပစ်ဖူးတယ်စိတ်ဓာတ်လည်းကျဖူးတယ်။ဒါမဲ့ခုတော့အဲ့လိုတွေမြင်ရင်ကိုယ့်ကိုယ်ကိုပဲ ထပ်ကြိုးစားဖို့သတိပေးဖစ်တယ်။နန်းကအခုထိအာသာဂျူနီယာအဆင့်ပါဆက်ကြိုးစားရအုံးမှာပါ လိုအပ်ချက်တွေ ရှိလာရင်သင်ပြပါနောက်ပြီးနားလည်ပေးဖို့လည်းတော်းဆိုချင်ပါတယ်။
ပြောချင်တာတွေ ရှိသေးပေမဲ့လည်းfbမှာupပေးဖို့လာပြောကြတော့အားနာလာလို့ဒီလောက်ပါဘဲစာတော့မစစ်ရဲသေးဘူး ဖုန်းကစာပြင်ဖို့နေရာထောက်ရင်တစ်ချို့နေရာတွေကပျက်သွားတတ်လို့ပါ
အများကြီး မလိုပေမဲ့နန်းကမန့်တွေမြင်ရင်ပိုပျော်တယ်ရယ် ><
Zawgyi
ဒေါက်.....ဒေါက်
''ဝင်ခဲ့....''
''လာလေ မြူလေး''
''ဟုတ်.....''
''ဟုတ်.....''
''ဗျ....ဗျာ....အတွင်းရေမှူး?''
''ဒါပေမယ့်......''
''ဟုတ်....''
''ဟုတ်....ဟုတ်ကဲ့ပါ သူဌေး''
''ဟုတ်ပြီ....''
. . . . .
''ဖယ်စမ်း!''
အင့်....
''ထွက်သွား!''
''ရှင်....boss''
''ဟုတ်ကဲ့.....''
''နေဦး....မလာနဲ့တော့''
''ဗျာ.....boss ''
''ဟုတ်....ဟုတ်ကဲ့ပါboss''
''ဗျာ.....ukeကဘာလဲဟင်''
#TBC