(Og)ကောင်းကင်ရဲ့သမီးတော်ကလူ့ပ...

By alinkarnang

2.3K 231 25

ကောင်းကင်သမီးတော်ကလူ့ပြည်ကိုပြုတ်ကျလာတယ် Intro စန်းယင်က မိုးကောင်းကင်ပေါ်မှာတည်ထားတဲ့အင်ပါယာမင်းကြီးရဲ့အချစ်... More

intro...uni&zgi
အခန်း(1)uni
1.zgi
အခန်း(2)
2.zgi
အခန်း(3)
3.zgi
အခနး်(၄)
4.zgi
အခန်း(5)
5.zgi
အခနး်(၆)
အခနး်(7)
7.zgi
အခန်း(8)
အခန်း(9)
9.zgi
အပိုင်း(10)
အပိုင်း(11)
11.zgi
10.zgi

6.zgi

51 1 0
By alinkarnang

ကောင်းကင်ရဲ့သမီးတော်က လူပြည်ကိုပြုတ်ကျလာတယ်

အပိုင်း(၆)

အမျိုးသမီးတစ်ယောက်က သူမရဲ့ကလေးကိုရင်ခွင်ထဲပိုက်ထားပြီး အဲ့ကလေးကလဲ တပြွတ်ပြွတ်အသံမြည်အောင် စားနေတာတွေ့လိုက်တယ်

စုန့်ယင်။ ။ "......"

မိဘတွေက ဘာကျွေးတာလဲ ကလေးကအသားစားနေတာလား

စုန့်ယင်။ ။ "......"

ဒါပေမဲ့ အမျိုးသမီးကြီးကနာတဲ့ပုံလဲမပေါ်ဘူး

ဘယ်လိုတောင်လား.....

စုန့်ယင်နားမလည်ဖြစ်နေခဲ့တယ်

သူမဒီမြင်ကွင်းကိုပထမဆုံးမြင်ဖူးတာပဲ

နောက်တော့ စူးစမ်းဖို့ အနားကပ်သွားတော့တယ်

......

အမှောင်မြို့တော်။

အမှောင်မြို့တော်ဟာ နာမည်နဲ့လိုက်အောင် အလင်းတစက်မှမရှိပဲမှောင်မဲလို့နေတယ်

အမြဲမဲသဲနေတဲ့တိမ်တွေသာကောင်းကင်ပေါ်မှာရှိပြီး အမှောင်မြို့တော်သားတွေဟာ ဘယ်တော့မှနေကိုမမြင်ရကြဘူး

မြင်လဲမမြင်ဖူးကြဘူး

သူတို့အတွက်နေဆိုတာ ဘယ်လိုတည်ရှိမူ့လဲ ဘယ်လိုအသုံးဝင်လဲ ဘာလဲဆိုတာတောင်မသိဘူး

သူတို့ကအမြဲအမှောင်ထဲမှာပဲနေရလို့ သူတို့အသားတွေဟာ စက္ကူတစ်ရွက်လိုဖြူဖျော့‌လို့နေတယ်

မကျန်းမာတဲ့လူတစ်ယောက်ရဲ့သွင်ပြင်ပုံစံလိုဖြစ်နေကြတယ် အရေပြားကလဲပါးလွန်းလို့သွေးကြောတွေကိုတောင်မြင်နေရလေတယ်

ဒါပေမဲ့ အဲ့လိုပုံစံဖြစ်‌နေလို့လျော့တော့မတွက်လိုက်ပါနဲ့

သူတို့ရဲ့မျိုးနွယ်မှာ စပျစ်ပင်ကစိမ်းပြာ‌‌ရောင်စပျစ်သီးကိုဆေးအဖြစ်မှီဝဲကြရတယ် အဲ့စိမ်းပြာရောင်စပျစ်သီးက ကျန်းမာစေတယ် ခွန်အားကြီးမားစေတယ် ခန္ဒာကိုယ်ထွားကျိုင်းစေတယ် သူတို့မျိုးနွယ်ကလူတွေဟာသာမာန်လူ‌တွေထက်အရပ်မြင့်ပြီးကြီးမားကြတယ် ဒါကြောင့်လူတွေက သူတို့ကိုgaint devil လို့အမည်ပေးထားကြလေရဲ့

အမှောင်တိုင်းပြည်ကို အမှောင်ဘုရင်ကြီးကအုပ်ချုပ်တယ် အမှောင်ဘုရင်ကြီးက ထူးခြားတဲ့စွမ်းရည်တွေရှိတယ် ဒါကြောင့်ပဲ တိုက်ပွဲတခု စစ်ပွဲတခုဆိုရင်တောင် သူတို့ပဲနိုင်တယ် သူတို့ကနေရောင်ကိုမခံနိုင်ဘူး အမှောင်ထဲမှာပဲနေကြတာ အလင်းကိုထိလိုက်တာနဲ့တို့အသားတွေကပဲ့ကျကုန်ရော

အဲ့ဒါကြောင့်ပဲ သူတို့တွေဟာ တခါမှ အမှောင်တိုင်းပြည်ကနေထွက်မသွားဖူးဘူး ဒါပေမဲ့ လူသားမျိုးနွယ်တွေက အမြဲလာတိုက်ခိုက်တယ် တိုက်ပွဲတခု စစ်ပွဲတခုဖြစ်လိုက်တိုင်း အမြဲတမ်း သူတို့ရဲ့မောင်နှမသားချင်းတွေဆွေမျိုးတွေခင်ပွန်းတွေသားသမီးတွေကိုဆုံးရှုံးရတယ် ကြာလာတော့ အမှောင်တိုင်းပြည်ကလူတွေဟာ လူသားမျိုးနွယ်ဆိုရင် အမုန်းကြီးမုန်းသွားကြတော့တာပဲ

အခုလဲ သူတို့တိုင်းပြည်ရဲ့အမှောင်ဘုရင်ကြီးဟာ အတွင်းလူရဲါသစ္စာဖောက်မူ့တခုကြောင့်စွမ်းအားအရင်းအမြစ်တခုလုံးထိခိုက်ခဲ့တယ်

ဒါကြောင့်ပဲ နှစ်ပေါင်းများစွာအိပ်ပျော်မဲ့အလားအလာရှိနေတယ်

အမှောင်ဘုရင်ကြီးက သူအိပ်မပျော်သွားခင်မှာ မူလရင်းမြစ်ဝိဉာဉ်တစကိုဆွဲထုတ်ခဲ့ပြီး လူဝင်စားစေဖို့ရှိသမျှကြီးကြီးမားမားပေးဆပ်ခဲ့တယ်

အခုတော့ အဲ့မူလရင်းမြစ်ဝိဉာဉ်လေးဟာလူသားမျိုးနွယ်ဆီမှာလူဝင်စားလောက်ပြီပေါ့

အမှောင်နန်းတော်ရဲ့နန်းပုလ္လင်ထက်မှာ အမှောင်နန်းတော်သခင်ကြီးက ငြိမ်းချမ်းစွာအိပ်စက်လို့နေတယ်

သူ့ရဲ့အသားအရေက ဖြူလွန်း‌နေပြီးဖျော့တော့နေတာကြောင့် မသိရင် လူသေတစ်ယောက်လိုပဲ

စေ့ပိတ်ထားတဲ့မျက်လုံးများကိုဝန်းရံထားတဲ့မျက်တောင်တွေကရှည်လျားကော့ညွတ်နေကာ နှာတံချွန်ချွန်းလေးအောက်ကနှုတ်ခမ်း‌တို့ကသွေးရောင်မရှိပေမဲ့အမှောင်ဘုရင်ကြီးရဲ့လှပမူ့ကိုပုန်းကွယ်‌စေဖို့မတတ်နိုင်ခဲ့ဘူး

ကြံခိုင်တဲ့တည်‌ဆောက်ပုံနဲ့ကြီးမားတဲ့ခန္ဒာကိုယ်ဟာ ပုလ္လင်ဖထက်မှာငြိမ်သက်လို့နေတယ်

"အရှင်မင်းကြီးအဆင်ပြေပါ့မလား"

"ပြေမှာပေါ့"

"သူ့စွမ်းရည်တွေအားလုံးသုံးမရပေမဲ့ တချို့စွမ်းရည်တွေကတော့သုံးလို့ရတုန်းပဲလေ"

"အမ်း"

"စိတ်မပူပါနဲ့ကွာ"

အမှောင်ဘုရင်ကြီးမရှိတာကြောင့် အမှောင်နန်းတော်ရဲ့က္စိ္စအဝဝကိုတာဝန်ယူထားပေးတဲ့ဘယ်လက်ရုံးနဲ့ညာလက်ရုံးဟာ တီးတိုးသဖန်းပိုးလုပ်နေကြရင်း အမှောင်ဘုရင်ကြီးကို ရေပတ်ဝတ်တိုက်ပေးနေလေတယ်

တချိန်ထဲမှာပဲ တစုံတ‌ယောက်ရဲ့လက်ထဲကကလေးလေးဟာလဲ သူ့ထက်အဆမတန်ကြီးမားတဲ့မျက်ဝန်းတွေကိုစူးစမ်းနေလေရဲ့

သူ့မိဘတွေကတောင် စွန့်ပစ်သွားတာ ဒီမိန်းကလေးကရော သူ့ကိုဘယ်အချိန်မှာစွန့်ပစ်မှာပါလိမ့်

ကလေးလေးကအတွေးတချို့နဲ့ငြိမ်သက်နေခဲ့တယ်

စုန့်ယင်က သူမကိုစိုက်ကြည့်နေတဲ့ကလေးကိုကြည့်ကာ သက်မအကြီးကြီးချမိလိုက်လေရဲ့

သူမလေ့လာလိုက်တဲ့အခါ သိလာတာက ကလေးဆိုတာနို့တိုက်ဖို့လိုတယ်တဲ့

ဒီကလေးကိုနို့တိုက်ဖို့အတွက်ကတော့လား

ထားလိုက်ပါတော့

ဘယ်လိုမှတိုက်လို့မရဘူး

သူမမှာခက်ခက်ခဲခဲနဲ့နို့လို့ခေါ်တဲ့အရာကိုတောင်းတောင်းပန်ပန်တောင်းလာပေမဲ့ ဘယ်သူသိမလဲ ကိုယ်တော်က လက်နဲ့ယမ်းလိုက်လို့မှောက်သွားတယ်လေ

အဲ့တော့တိမ်ကလေးကိုပဲ‌အပြစ်ပြုရတော့တာပေါ့

သူမက မြင်ဖူးတဲ့အရာတွေဆိုတွေးလိုက်တာနဲ့ဖြစ်လာတယ်ဆိုတာသိသွားပြီ ဒါကြောင့်ပဲနို့ဆိုတာကြီးကိုလုပ်ယူပြီး ထပ်တိုက်ရတော့တယ် ဒီတ‌ခေါက်တော့ကိုယ်တော်လေးကချေးမများကုန်အောင်သောက်လိုက်လို့တော်သေးတယ်

"အနံ့ရှိလို့များလား "

စုန့်ယင်က တွေးတွေးဆဆနဲ့သူမ‌ ပွေ့ထားတဲ့ရင်ခွင်ထဲ ကကလေးကိုကြည့်လိုက်တယ်

သူမ နောက်တခေါက်တိုက်တော့ အနံ့က မိုးဦးလေပြေလေးလိုလတ်ဆတ်တယ် မပြင်းဘူးလေ

နောက်ဆုံးတော့သိသွားသားပဲ

ကလေးလေးကနှာခေါင်းရှုံ့လိုက်ပြီး တွေးလိုက်တယ်

သူ့မှာလက်သေးသေးလေးတွေရှိနေလို့ပေါ့ သူသာ လမ်းလျောက်လို့ရတယ်ဆို ကိုယ့်ဘာသာကိုယ်ရှင်သန်လို့ရတယ်

မာနကြီးပြီးခေါင်းမာတဲ့ကလေးလေးက ဟမ့်ခနဲလုပ်လိုက်တယ်

ဒါပေမဲ့ ကလေးဆိုတော့လဲ သိပ်မကြာပါဘူး မျက်တောင်စင်းလာပြီး အိပ်ပျော်သွားခဲ့လေရဲ့

စုန့်ယင်တစ်ယောက်ကတော့ စောနကတွေ့တဲ့အမျိုးသမီးရဲ့ကောင်းမူ့နဲ့ရွာမျာလူမနေတဲ့အိမ်ကိုရလိုက်လေရဲ့

အပိုင်မဟုတ်ပေမဲ့သူမအတွက်ကတော့နေစရာရှိတာကပဲအဆင်ပြေနေပါပြီ

အဲ့လိုနဲ့ စုန့်ယင်နဲ့ကလေးလေး‌တတို့ဟာ အတူနေထိုင်ခဲ့ကြတော့တယ်

........🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

Alinkar nang 🌿🌿

Continue Reading

You'll Also Like

570K 66.4K 186
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...
139K 16.4K 99
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
88.4K 5.6K 119
Name - ဗီလိန်မလေးရဲ့ စုတ်ချက် Web Name - Villainess Paints A Picture Author - 리티티 Translator - Marilee Genre(s) - Drama, Fantasy, Romance [You can al...