|| Unicode ||
အပိုင်း ၃ - ကျန်းမာ၊ ရုပ်ချော၊ ကလေးလဲ မရှိ
စွန်းဝမ့်ချွီအနေနှင့် တောင်ကြိုတောင်ကြားထဲ၌ ၃ နှစ်နေခဲ့ရပြီး မြေတူးသမားများနှင့် ဟင်းပေါင်းအိုးတစ်အိုးတည်း စားခဲ့ရသည့်တိုင် သူ၏အစားအသောက်စံနှုန်းမှာကား လျှော့မသွားခဲ့ပေ။
မာလျန့် သူ့ကို ခေါ်လာသော စားသောက်ဆိုင်ကို သူသဘောမကျ။ အကြောင်းမူကား ဆိုင်းဘုတ်ပေါ်၌ ငရုတ်သီးပုံကြီး ရှိနေခြင်းကြောင့်ပင်။
"ငါ အစပ်မစားဘူး"
စွန်းဝမ့်ချွီက ဆိုသည်။
"မစပ်ပါဘူး။ မင်း... မင်း စားနိုင်ပါတယ်"
မာလျန့်က ပြန်ပြောသည်။
"အဲလောက်ငရုတ်သီးပုံကြီး ဟီးနေအောင် ဆွဲထားတာကို"
စွန်းဝမ့်ချွီက ကားထဲမှ မထွက်ဘဲ ခေါင်းမာမာနှင့် တင်းခံနေ၏။
"တခြားနေရာ မရှိတော့ဘူးလား"
"အိုက်ယား"
မာလျန့်မှာ စိတ်မပါလက်မပါနှင့်ပင် ကားကို ပြန်စက်နှိုးလိုက်ရလေတော့၏။
" တူ... တူ... တူ..."
"မင်းပဲ မြေကြီး(တူ)"
စွန်းဝမ့်ချွီက ပြောလိုက်သည်။
"တူရကီ"
မာလျန်က စတီယာရင်းဘီးကို ဖြန်းခနဲ တစ်ချက် ရိုက်လိုက်၏။
"ဟင်းလျာ! စားမလား"
"စားမယ်"
စွန်းဝမ့်ချွီက ခေါင်းညိတ်သည်။
ဆိုရပါလျှင် ရွှံ့စေးမြေတူးဖော်ရေးဆိုက်မှ အစားအသောက်များမှာ သိပ်တော့မဆိုးလှ။ နေ့တိုင်း အသားနှင့် ဟင်းသီးဟင်းရွက်တို့ပါသည်၊ အသီးအနှံများလည်း ပါသည်။ သို့သော် ထိုအိုးကြီးမှာကား ဟင်းပေါင်းအိုးကြီး ဖြစ်နေရုံလေးသာ။ အရသာကိုတော့ဖြင့် သွားမခံမိလေနှင့်။ အရသာသွားခံမိလိုက်ပါက ဘဝကြီးက မျှော်လင့်ချက်တို့ ကင်းမဲ့သွားသကဲ့သို့ ခံစားသွားရပေလိမ့်မည်။
စားဖိုမှူးက ဟူနန်သားဖြစ်ပြီး ပြီးခဲ့သော ၃ နှစ်တာကာလအတွင်း ဟင်းတိုင်း၌ ငရုတ်သီးပါနေခဲ့သော အချက်ကြောင့်သာမဟုတ်လျှင် စွန်းဝမ့်ချွီသည် ဆိုင်းဘုတ်ပေါ်၌ ငရုတ်သီးကို မြင်လျှင်မြင်ချင်း အတင်းဇွတ်ပုန်ကန်လိမ့်မည် မဟုတ်။
ထိုသို့ဆိုမှ သူသည် သူ့ကိုယ်သူ အတော်လေးပင် လေးစားမိသည်။ သူ့ဖခင်ဖြစ်သူ၏ ဖိနှိပ်မှုအောက်၌ သတ္တိရှိရှိနှင့် အလျှော့မပေးခဲ့ဘဲ ၃ နှစ်တိတိ ငရုတ်သီးတို့ကို စားခဲ့သည်။
မာလျန့်ခေါ်သွားခဲ့သော တူရကီဆိုင်သို့ သူမရောက်ဖူးပေ။ အရသာကလည်း ကောင်းမွန်ပြီး ပတ်ဝန်းကျင်ကလည်း အတော်လေးကို သက်သောင့်သက်သာရှိလှသည်။ စွန်းဝမ့်ချွီသည် အစားထဲ၌ ခေါင်းနှစ်ထားလိုက်လေတော့၏။
"မင်း ပြန်...ပြန်လာပြီးတော့ ဘာ...ဘာအစီအစဉ် ရှိ... ရှိလဲ"
မာလျန့်က စားရင်း မေးသည်။
"မရှိဘူး"
စွန်းဝမ့်ချွီက တည့်တိုးပင် ဖြေ၏။
"ငါ့ဆီ လာခဲ့ပါလား"
မာလျန့်က ပြောလာသည်။
"အဲကိစ္စက နောက်မှ ပြောကြတာပေါ့"
စွန်းဝမ့်ချွီက ခုံပေါ် ကျောမှီလိုက်သည်။
"အရင်ဆုံးတော့ ရက်နည်းနည်းလောက် ပျော်ပါးလိုက်အုံးမယ်"
မာလျန့်မှာ သူ့ထက် ၂ နှစ်ငယ်ပြီး သူ့အဖေ၏ တရားဝင်တပည့်ဖြစ်သည်။ ဆယ်ကျော်သက်အရွယ်ကတည်းက သူ့အဖေထံ၌ အိုးလုပ်ခြင်းအတတ်ပညာကို စတင်သင်ယူခဲ့၏။ သူ၏အရည်အချင်းမှာ သာမန်မျှသာ ဖြစ်သော်လည်း သူက အင်မတန်ရိုးသားပြီး အရိပ်အကဲအလွန်နားလည်သည်။ သူ့အဖေက သူ့ကို အင်မတန် သဘောကျ၏။
သို့သော်လည်း အဆုံးတွင်မူ ဆရာနှင့် သူငယ်ချင်းဖြစ်သူတို့ကြား သဘောထားကွဲလွဲမှုထဲ သူငယ်ချင်းကို ရွေးချယ်ခဲ့သည်။ သူ့အဖေက အလွန်အမင်းစိတ်ဆိုးကာ သူ့ကို "တံခါးဝမှ ကန်ထုတ်ခဲ့သည်"။ ယခု သူက သူ့ကိုယ်ပိုင်စတူဒီယိုလေးတစ်ခု ထောင်ထားပြီး အဆင်ပြေပြေရှိနေ၏။
"ဝမ့်ချွီ"
မာလျန့်က ဆေးလိပ်မီးညှိလိုက်သည်။
"မင်းပြော... မင်း ဘယ်... ဘယ်အချိန်ကျမှပဲ သမားရိုးကျဘဝမျိုး နေမှာလဲ"
"ငါ အခု တော်တော်လေး အဆင်ပြေနေတာပဲ မဟုတ်ဘူးလား"
စွန်းဝမ့်ချွီက သူ့ကို တစ်ချက်ကြည့်လိုက်သည်။
"ကျန်းမာ၊ ရုပ်ချော၊ ကလေးလဲ မရှိဘူးလေ"
"ငါ ပြောတာက အတည်တကျ လေးလေးနက်နက်နေထိုင်ဖို့ ပြောတာ"
မာလျန့်က သူ့ရှေ့သို့ ကိုယ်ကို ညွှတ်လိုက်သည်။
"မင်းမှာ အရည်...အရည်ချင်းရှိရဲ့သားနဲ့..."
စွန်းဝမ်းချွီက မည်သို့မှ မဆိုဘဲ အစားကိုသာ ဆက်စားလိုက်သည်။
"မင်း... မင်း အိုးလုပ်ရတာ မကြိုက်... မကြိုက်မှန်း ငါ သိ... သိပါတယ်"
မာလျန့်က ပြောသည်။
"ဒါပေမဲ့ မင်း... မင်းက ကလေးလဲ မဟုတ်တော့ဘူးလေ။ အခုထက်ပိုပြီး ရင့်... ရင့်ကျက်ရတော့မယ်"
စွန်းဝမ့်ချွီက ဆိတ်မြဲဆိတ်ဆဲ။
"မင်း... မင်း လီပေါ်ဝမ်ဆီသွားပြီး လတ်လျားလတ်လျားဆက်လုပ်နေဖို့ပဲ စဉ်း.... စဉ်းစားထားတုန်းလို့တော့ မ... မပြောနဲ့နော်"
မာလျန့်က မျက်မှောင်ကြုတ်လိုက်၏။
"ပါးစပ်ပိတ်ပြီး စားစရာရှိတာစား။ မစားတော့ရင်လဲ ရှင်းလိုက်တော့"
နောက်ဆုံးတွင်တော့ စွန်းဝမ့်ချွီက စကားပြောခဲ့သည်။
"မင်း သေချာစဉ်းစားပါ"
မာလျန့်က စားပွဲထိုးကို လက်ယမ်းပြလိုက်သည်။
"ငါ ပြောသွားတာတွေကို"
ညစာစားပြီးနောက် စွန်းဝမ့်ချွီက မာလျန့်ကို သူနှင့်အတူ ဈေးဝင်စင်တာတစ်ခုဆီသို့ လိုက်ခိုင်းပြီး တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နှင့် အဝတ်အစားများ ဝယ်လေတော့သည်။
"အသုံး... အသုံးအဖြုန်း ကြီး... ကြီးလိုက်တဲ့ကောင်"
မာလျန့်က ကတ်ဖြတ်ရင်း ပြောလိုက်သည်။ ထိုကတ်မှာ သူမသွားမီ မာလျန့်ထံ ပစ်ပေးခဲ့သော ကတ်ဖြစ်သည်။ ထိုကတ်ထဲ၍ ပိုက်ဆံမည်မျှရှိနေခဲ့မှန်းပင် သူမမှတ်မိတော့။
အဝတ်အစားများ ဝယ်ပြီးနောက် မာလျန့်က သူ့ကို အိမ်ရာဝန်းသို့ ပြန်လိုက်ပို့်သည်။ သူတို့ အောက်ထပ်သို့ရောက်တော့ စွန်းဝမ့်ချွီသည် စွန်းကျားယွဲ့၏ Red Mini လေးကို တွေ့လိုက်ရ၏။
မဟုတ်လျှင်လည်း အဆိုပါလိပ်ခုံးကားမှာ စွန်းကျားယွဲ့၏ကားမှန်း မြင်လိုက်ရုံနှင့်တင် သူပြောနိုင်သည်။
"မင်း အရင်ပြန်နှင့်။ ကားယူသွားလိုက်"
စွန်းဝမ့်ချွီက မာလျန့်ကို ပြောလိုက်ပြီးနောက် ကားတံခါးဖွင့်၍ ကားပေါ်မှ ဆင်းလိုက်သည်။
ခြေနှစ်လှမ်းမျှ လျှောက်ပြီးနောက် ကားက ရပ်ထားသေးဆဲဖြစ်ကြောင်း တွေ့လိုက်ရ၏။ ထို့ကြောင့် သူက ပြန်လှည့်လာပြီး မောင်းသူခုံဘက် လက်ခလယ်ထောင်ပြလိုက်သည်။ မာလျန့်က ဟွန်းတီးလိုက်ပြီး ကားခေါင်းလှည့်ကာ မောင်းထွက်သွားလေတော့၏။
စွန်းကျားယွဲ့က ကားထဲမှ ထွက်လာပြီး လက်ပိုက်လျက် ကားတံခါးကို မှီကာရပ်လိုက်သည်။
"အိုက်ယိုး... ငါ့မောင်လေးက ငါပေးတဲ့ကားကို ကြည့်တောင်မကြည့်ဘူးပဲ"
"ကြည့်ဖို့မှ မတန်တာ"
စွန်းဝမ့်ချွီက ပြော၏။
"အစ်မ ပြန်မယူရင်လဲ လျန့်ဇီကိုပဲ ပေးလိုက်တော့မယ်"
"သူ့ကို ပေးလိုက်ပါ"
စွန်းကျားယွဲ့က ပြုံးလျက် သူ့ကို ခဏမျှ စုန်ချည်ဆန်ချည် ကြည့်လိုက်သည်။
"ပိန်သွားတာပဲ"
"အဲလိုနေရာမျိုးမှာ ဘယ်သူကများ ဝပြဲနေနိုင်မှာလဲ"
စွန်းဝမ့်ချွီကလည်း စွန်းကျားယွဲ့ကို ကြည့်လိုက်သည်။
သူက ယခင်အတိုင်းသာ၊ လှပဆဲ၊ ဝင့်ဝါဆဲ။ စွန်းယောင်ကဲ့သို့ မဟုတ်၊ သူက သူ့အစ်မဖြစ်သူနှင့် လုံးဝ ကွာခြားသည်။
"ကျွန်တော် ပိန်လား၊ ဝလား လာကြည့်တာလား"
"အဲလိုပဲ ဆိုပါတော့။ နင့်ကို မေးပါအုံးမယ်"
စွန်းကျားယွဲ့က စကားကို တန့်၍ အသံကို နှိမ့်လိုက်သည်။
"နင် နှစ်သစ်ကူးကျ အိမ်ပြန်လာမှာလား"
"အာရုံတွေ"
စွန်းဝမ့်ချွီက ရုတ်တရက် ရင်ထဲတင်းကျပ်သွားခဲ့ပြီး သူ့အသံသည်လည်း အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်နေမှုတို့ သန်းသွား၏။
"ငါ မေးချင်လွန်းလို့ မေးတယ်များ ထင်နေလား။ အိမ်က ဒီအရှုပ်ထုပ်တွေကို စိတ်ကိုဝင်စားမနေဘူး! လာချင်လာ၊ မလာချင်နေ။ ငါက စွန်းယောင်အတွက် မေးပေးတာ"
စွန်းဝမ့်ချွီက မျက်မှောင်ကြုတ်လိုက်သည်။
"နင့်ရဲ့ ဒီစုတ်ချွန်းချွန်းမျက်နှာကြီးကို ကြည့်အုံး။ ဒီမျက်နှာနဲ့ ဒီဆံပင်ကေနဲ့ လိုက်ချက်ပဲ။ မြန်မြန် ဆံပင် သွားညှပ်လိုက်စမ်းပါ။ ငါ ညွှန်းပေး..."
"အိမ် မြန်မြန်ပြန်တော့"
စွန်းဝမ့်ချွီက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး သူ့ပခုံးကို ပုတ်လိုက်သည်။
"အစ်မ အိမ်မှာ မရှိလို့ဆိုပြီး အစ်မယောက်ျား မျက်ရည်နဲ့ မျက်ခွက် ဖြစ်မနေအောင်"
"ဒီလိပ်စာကတ်ကို ယူထားလိုက်"
စွန်းကျားယွဲ့က သူ့အိတ်ထဲမှ လိပ်စာကတ်တစ်ကတ်ကို ထုတ်လိုက်သည်။
"ငါ အမြဲတမ်း သူ့ဆိုင်မှာပဲ လုပ်တာ။ ငါ သူ့ဆီ ဖုန်းဆက်ပြီး နင့်အတွက် ညှပ်ပေးဖို့ ပြောထားလိုက်မယ်။ နင့်ရဲ့ရွာကတက်လာတဲ့ တောသားပုံကြီးကို တကယ်မမြင်နိုင်တော့ဘူး"
စွန်းဝမ့်ချွီက လိပ်စာကတ်ကို ယူလိုက်ပြီး အိတ်ကပ်ထဲ ထည့်ရန်ပြင်စဉ် ကတ်၏အထိအတွေ့က တစ်ခုခုတော့ အနည်းငယ်မှားနေကြောင်း ခံစားလိုက်ရသည်။ သူ့လက်ချောင်းလေးများဖြင့် ပွတ်သပ်ကြည့်လိုက်တော့ လိပ်စာကတ်အောက်၌ အခြားကတ်တစ်ကတ်ရှိနေကြောင်း တွေ့လိုက်ရ၏။
သူ စကားပြောရန် ပြင်လိုက်စဉ်တွင်ပင် စွန်းကျားယွဲ့က ကားထဲ ဝင်ပြီး စက်ပင် နှိုးထားလေပြီ။ ထို့နောက် သူက သူ့ခြေထောက်နားလေးမှ ဖြတ်၍ပင် ကားနောက်ဆုတ်လိုက်၏။
"အား!"
စွန်းဝမ့်ချွီမှာ အထိတ်တလန့်ဖြစ်သွားရ၏။
"ဘယ်လောက်ပါလဲ သိလား"
"မကြီးက နင့်ကို ပေးလိုက်တာ။ နင့်ဘာသာနင် စစ်ပေါ့။ ငါ့လာမမေးနေနဲ့။ အာရုံတွေ!"
စွန်းကျားယွဲ့က ကားမှန်ကို ချ၍ အော်ပြောသည်။
စွန်းဝမ့်ချွီက သူ့လက်ထဲမှ ကတ်ကို ကြည့်ကာ မည်သည့်စကားမှ မဆိုလိုက်တော့။
စွန်းကျားယွဲ့၏ကားက ကွေ့ရန်အပြင်တွင် ရွှီးခနဲ တစ်ပတ်လည်သွားပြီး ဆန့်ကျင်ဘက်ပလက်ဖောင်းပေါ် သွားဝင်တိုက်သည်။ ထို့နောက် ပလက်ဖောင်းပေါ် ဘီးတစ်ဘီးတင်လျက်သားနှင့် မောင်းထွက်သွား၏။ ၁၀ မီတာခန့်ထိ ထိုသို့ မောင်းသွားပြီးနောက်မှသာ လမ်းမပေါ်သို့ ရောက်သွားခဲ့ပြီး ထွက်သွားလေတော့သည်။
စွန်းဝမ့်ချွီသည် လမ်းဘေးတွင်ရပ်လျက် စွန်းကျားယွဲ့၏ အဆိုပါသည်းထိတ်ရင်ဖို ဂငယ်ကွေ့ ကွေ့ပုံကို ကြည့်နေမိသည်။ သူ့မှာ ကမ္ဘာတစ်ခြမ်း၏ အဆိုးဝါးဆုံးသော ကားမောင်းစကေးပိုင်ရှင် စွန်းကျားယွဲ့က သူ့ကို ကတ်လေးတစ်ကတ်ပေးရန် ညဘက်ကြီး အိမ်ရာဝန်း၏လမ်းကြားထဲသို့ ဝင်လာခဲ့မှုကို အင်မတန်ရင်ထဲထိသွားခဲ့လေတော့၏။
ရင်ထဲ ထိသွားပုံများ ဆောင်းဦးလေအေးတိုက်နေသည့်တိုင် သူ့မှာ ချွေးတို့စို့နေသည်အထိ။
သူက ကတ်ကို အိမ်ထဲ ယူလာခဲ့ပြီး အံဆွဲတစ်ခုထဲ ပစ်ထည့်လိုက်သည်။
အချိန်အများစု၌ စွန်းယောင်သည် အခြေအနေတစ်ရပ်လုံးကို ချင့်ချိန်စဉ်းစားပြီး သူ့အဖေဘက်တွင်သာ ရှိတတ်သည်။ သူသည်ကား သူ့ကို ကတ်ပေးမည့် သူမျိုးမဟုတ်။ သူ့ကို ကတ်လာပေးခြင်းမှာ သူ့အမေ၏အကြံသာ ဖြစ်လောက်သည်။
စွန်းဝမ့်ချွီက သန်းဝေလိုက်သည်။ ၁၀ နာရီပင်မထိုးသေးခင် အိပ်ချင်နေလေပြီ။
မြေတူးဖော်ရေးဆိုက်၍ ညပိုင်းဘဝမှာ ကတ်ဆော့ခြင်းဖြစ်သည်။ သူ ကတ်ဆော့ရသည်ကို နှစ်သက်သော်လည်း ကတ်ကို သဲကြီးမဲကြီးဆော့ကာ အလွယ်တကူရန်ဖြစ်တတ်သော လူအုပ်စုနှင့် ဆော့ရသည်ကိုတော့ မကြိုက်ပေ။ ထို့ကြောင့် သူက များသောအားဖြင့် ည ၁၀ နာရီ၌ အိပ်ရာဝင်လေ့ရှိခဲ့သည်။
သို့သော်လည်း သူသည် အိပ်ရာမဝင်မီ အိပ်ချင်မူးတူးနှင့် အိပ်ခန်းထဲဝင်ပြီး ဗီရိုထဲမှ အဝတ်အစားအားလုံးကို ထုတ်ကာ အိတ်တစ်အိတ်ထဲသို့ ထိုးသိပ်ထည့်ပြီးနောက် ရေချိုးခန်းထဲသို့ ဝင်သွားခဲ့သေး၏။
ညနေက မာလျန့်နှင့် ညစာသွားစားရန် အလျင်လိုနေခဲ့သောကြောင့် ရေချိုးခန်းကို သေချာမကြည့်ဖြစ်ခဲ့ပေ။ ယခု သူဝင်လာသည့်အခါတွင်တော့ မာလျန့် အသစ်ဝယ်ထည့်ပေးထားသော ခေါင်းလျှော်ရည်နှင့် ရေချိုးဆပ်ပြာတို့အပြင် ဘေစင်ဘေးရှိစင်၏ အောက်ထပ်၌ သုံးပြီးသားပစ္စည်းတို့ကို တွေ့လိုက်ရသည်။
ထိုမျှသာမက အတော်ပင် ပစ်စလက်ခတ်သုံးထားခြင်းကြောင့် ဘူးအဖုံးများမှာ လျော့တိလျောရဲ။
ယနေ့ စွန်းဝမ့်ချွီမှာ အလွန်ပင်စိတ်ကထိုင်းမှိုင်းနေနှင့်လေရာ ယခု ထိုပစ္စည်းများကို မြင်လိုက်ရချိန်တွင်တော့ သူသည် ရုတ်ခြည်း စိတ်အခြေအနေ အလွန်အမင်း ဆိုးရွားသွားခဲ့လေတော့၏။ သူက ၎င်းတို့ကို အချိန်အတန်ကြာသည်အထိ စိုက်ကြည့်နေခဲ့ပြီး နောက်ဆုံး၌ စင်ကို ဆွဲဖြုတ်လိုက်သည်။ ထို့နောက် အဆိုပါ ဘူးများ၊ ပလုံးများနှင့် စင်ကိုပါ အောက်ထပ်ရှိ အမှိုက်ပုံးထဲသို့ သွားလွှင့်ပစ်လိုက်လေ၏။
အချိန်အတော်ကြာ ရုန်းကန်ပြီးသည့်နောက် အိပ်ရာပေါ် ကျောချလိုက်ချိန်တွင်တော့ သူ့မှာ အချိန်ကိုပင် ထပ်မကြည့်လိုက်နိုင်တော့ဘဲ မျက်ဝန်းတို့ကို မှိတ်လိုက်သည်နှင့် တန်းအိပ်ပျော်သွားခဲ့လေတော့သည်။
ပုံမှန်အားဖြင့် သူ အိပ်မက်မမက်တတ်ပါ။ နေ့နေ့ညည နက်နက်နဲနဲတွေးသည့်အခါမျိုးမှသာလျှင် မက်တတ်သည်။ သူ တောင်ပေါ်၌ နေခဲ့စဉ် နေ့တိုင်း တစ်ခုမှ မတွေးခဲ့။ တောင်များနှင့် မြေကြီးတို့ကိုသာ ကြည့်နေရကား အိပ်မက်မက်ရန် မည်သည့်အကြောင်းအရာရင်းမြစ်ကိုမှ ရှာမရ။
သို့သော် ယနေ့ သူ အိပ်မက်တစ်ခု မက်ခဲ့သည်။
အဖေ ရောက်လာသည်။
သူပြေးသည်။
ရည်းစားဟောင်း ရောက်လာသည်။
သူပြေးသည်။
သားရောက်လာသည်။
သူပြေးသည်။
လီပေါ်ဝမ် မည်သည့်နေရာမှ ခေါ်လာမှန်းမသိသည့် မိန်းမများနှင့် သူ့အိပ်ရာထက် လူးလိမ့်သည်၊ သူ့ဗီရိုထဲတွင် လူးလိမ့်သည်၊ သူ့ရေချိုးခန်းထဲတွင် လူးလိမ့်သည်...
သူက ဒေါသတကြီးနှင့် ထိုနှစ်ယောက်နား ပြေးသွားကာ အိမ်ထဲမှ မောင်းချလိုက်သည်။
မည်သို့ပင်ဆိုစေ သူ့မှာ ပရမ်းပတာညတစ်ညလုံး ပြေးနေခဲ့ရလေ၏။
အိပ်ရာမှ နိုးလာတော့ သူ့မှာ ယမန်နေ့ညက မြေကြီးတူးရန်သွားနေသည်ဟု ထင်ယောင်ထင်မှားဖြစ်နေခဲ့သော်လည်း အိပ်မက်အကြောင်းအရာကိုကား မသဲကွဲတော့။ နောက်ဆုံးမှတ်မိသောမြင်ကွင်းမှာ သူ ရေခဲသေတ္တာကို ဖွင့်လိုက်ချိန်၌ ဖန်းချီက ရေခဲသေတ္တာထဲမှနေ၍ သူ့အား အထင်သေးသောအပြုံးနှင့် : "ပါပါး"
အိပ်စက်ပြီးနောက် သဘာဝအတိုင်းလေး အိပ်ရာမှ နိုးထလာမည် ဆိုသော မျှော်လင့်ချက်လေးမှာ လေထဲ လွင့်သွားခဲ့လေပြီ။
စောစောစီးစီး ခြေသံများ မရှိ၊ နှုတ်ဆက်သံ၊ စကားပြောသံများ မရှိ၊ ကြက်ဖကြီး၏ အောက်အီးအီအွတ်အော်သံများ မရှိ၊ သူ့တံခါးကို လာခေါက်သူ မရှိသော်လည်း... စွန်းဝမ့်ချွီသည် အိပ်ရာပေါ် လှဲလျက် ခဏမျှ မျက်နှာကြက်ကို ကြောင်တောင်ငေးစိုက်ကြည့်နေမိသည်။ ထို့နောက် အိပ်ရာမှထ၍ မီးဖိုချောင်ထဲဝင်ကာ ရေခဲသေတ္တာတံခါးကို ဖွင့်လိုက်သည်။
ကံကောင်းထောက်မ၍ မာလျန့်က သူ့အတွက် ဝယ်ထည့်ပေးထားသော ဒိန်ချဉ်ပုလင်းအနည်းငယ်သာလျှင် ရှိ၏။
သူက တစ်ပုလင်းထုတ်ယူကာ သောက်လိုက်သည်။ အရသာက ကောင်းသည်။ သို့သော် အနည်းငယ် ထူးဆန်း၏။ အထဲ၌ အသီးဖက်ကလေးများကဲ့သို့ အဖက်အဖက်ကလေးများပါသည်။ သူ ကြည့်ကြည့်လိုက်တော့ ရှားစောင်းလက်ပပ်ဖြင့် ပြုလုပ်ထားကြောင်း တွေ့လိုက်ရသည်။
ဒိန်ချဉ်သောက်ပြီးနောက် ညအိပ်ဝတ်စုံဖြင့် အိမ်ကို ခဏပတ်ကြည့်လိုက်ပြီး တီဗီဖွင့်လိုက်သည်။ နောက်ဆုံးတွင်တော့ ပြတင်းပေါက်နား သွားရပ်၏။
ရုတ်တရက် အနည်းငယ် ဟာလာဟင်းလင်းခံစားလိုက်ရသည်။
၃ နှစ်လေးတည်းနှင့် လွန်ခဲ့သော ၃ နှစ်က သူ့ဘဝနှင့် သူ၏နေ့စဉ်ဘဝကို မည်သို့မည်ပုံဖြတ်သန်းခဲ့ကြောင်းတို့ကို မေ့လုနီးပါးဖြစ်သွားသည်။
တောင်ကြားထဲနေခဲ့ရသည့် လွန်ခဲ့သော ၃ နှစ်အတွင်း၌ သူသည် နေ့စဉ် ဘာလုပ်စရာမှ မရှိဘဲ အင်ဂျင်နီယာဌာနနှင့် တူးဖော်ရေးဆိုက်တို့ကြား ခေါက်တုံ့ခေါက်ပြန်သွားကာ အချိန်ထိုင်ဖြုန်းခဲ့သော်လည်း ဗိုက်ဆာလျှင် စားသည်၊ စားပြီးလျှင် အိပ်သည်၊ လုပ်စရာမရှိလျှင် တောင်ကြားထဲ လမ်းပတ်လျှောက်ပြီး တောင်ပူစာလေးတစ်နေရာရှာကာ ထိုင်၍ နာရီပိုင်းမျှ အပင်များကို စိုက်ကြည့်သည်။
သို့ရာတွင်မူ ယခုကဲ့သို့ တွေဝေမနေခဲ့ဖူးပေ။ မျှော်လင့်ချက်တစ်ခု ရှိလာ၍ပေပင်လား။ ၃ နှစ်တာမျှ စောင့်မျှော်နေခဲ့ရပြီးသည့်နောက်တွင်တော့ သူ လွတ်လပ်သွားခဲ့လေပြီ။
အခု လွတ်လပ်သွားပြီဆိုတော့ နောက် ဘာဆက်လုပ်ရမလဲ။
သူသည် ဖုန်းသွားယူလိုက်ပြီး Contact ထဲမှ ဖုန်းနံပါတ်များကို ကြည့်လိုက်သည်။ အားလုံးက သူ့သူငယ်ချင်းများသာ။ သို့သော် သူ့ဘက်မှ စတင်၍ ဖုန်းခေါ်ဆိုလိုစိတ်ရှိသူ မည်သူမှ မရှိ။
သူ ဖုန်းကို ပစ်တင်လိုက်ရန်အပြင်တွင်ပင် ဖုန်းဝင်လာသည်။
လုပေါ်ဝမ်နံပါတ်ပင်။
စွန်းဝမ့်ချွီက မျက်မှောင်ကြုတ်၍ ဖုန်းကိုင်လိုက်သည်။
"ရို့! ငါက မင်း ဒီချိန် ဖုန်းမကိုင်လောက်ဘူးထင်တာ!"
လုပေါ်ဝမ်က ဖုန်းထဲမှ အော်ပြောသည်။
"စောစောနိုးနေလို့"
စွန်းဝမ့်ချွီက ခန်းဆီးကို ဆွဲဖွင့်လိုက်ပြီး ပြတင်းပေါက်နား ရပ်လိုက်သည်။
"ညနေကျ ငါ မင်းကို လာခေါ်မယ်"
လုပေါ်ဝမ်က ဆိုသည်။
"ငါ ဘိုကင်တင်ထားပြီ"
"ဘယ်သူတွေ ပါလဲ"
စွန်းဝမ့်ချွီက မေး၏။
"ဘယ်သူတွေ ပါရမှာလဲ။ ဒီလူတွေပဲပေါ့။ သူတို့တွေ မင်း ပြန်လာမဲ့အချိန်ကို စောင့်နေကြတာ ကြာလှပြီ။ အစကတော့ သူတို့တွေ ငါ့အိမ်ကို လာကြမလို့ပဲ။ ဒါပေမဲ့ ငါက ဒါကို ဒီတိုင်းသာမန်ကာလျှံကာလေးပဲ မလုပ်နိုင်ဘူးလို့ပဲ တွေးနေမိလို့လေ။ ငါ မင်းကို ကောင်းကောင်းဧည့်ခံရမှာပေါ့"
လုပေါ်ဝမ်က ပြောလာသည်။
"ပြောနေတဲ့ပုံက မသိရင် ငါက ၃ နှစ်လောက် ဆောင့်ကြောင်ထိုင်နေခဲ့ရတဲ့ အတိုင်း"
စွန်းဝမ့်ချွီက တစ်ချက်ရယ်လိုက်သည်။
"၃ နှစ်လောက် ဆောင့်ကြောင်သွားထိုင်တာနဲ့ ဘာမှမကွာပါဘူး"
လုပေါ်ဝမ်က ရယ်လျက် ဆိုသည်။
"မင်း ဒီနံပါတ်ပဲ သုံးသေးတာလား။ ငါ သူတို့ကို မင်းဆီ မခေါ်သေးဖို့ ပြောထားတာ။ လူအိုကြီးကိုင်မှာ စိုးလို့"
"ပြန်ယူထားတာ"
စွန်းဝမ့်ချွီက မနေ့က အဝတ်အစားများနှင့် မသုံးရသေးသော တစ်ကိုယ်ရည်သုံးပစ္စည်းများကို တွေးမိသွားတော့ ပြောလိုက်၏။
"ငါ မင်းအတွက် ယူလာပေးစရာရှိသေးလား"
"ငါ့အတွက် ဘာယူလာမလို့လဲ"
လုပေါ်ဝမ်က ခဏမျှ ကြောင်အကာ တန့်သွားခဲ့ပြီး ၂ စက္ကန့်မျှကြာပြီးနောက် ထပ်ရယ်လေတော့သည်။
"မလိုတော့ဘူး။ လွှင့်ပစ်လိုက်တော့"
"အင်း"
စွန်းဝမ့်ချွီက ပြန်ဖြေလိုက်သည်။
"ငါ မင်းကို ပြောပြမယ်... ငါသာ အဲကို မကြာခဏ သွားမစစ်ရင်လေ"
လုပေါ်ဝမ်က အနည်းငယ်မကျေမချမ်းလေသံနှင့် ဆိုလာသည်။
"မာလျန့်က မင်းအိမ်ကို ဘာမှတောင် လုပ်ပေးထားမှာ မဟုတ်ဘူး"
"အင်း"
စွန်းဝမ့်ချီက မည်သို့မှ မဆို။
"ဒါဆိုလဲ..."
လုပေါ်ဝမ်က အနည်းငယ်မျက်နှာပူနေဟန်ရှိသည်။
"နေ့လယ် ငါ မင်းကို လာခေါ်တဲ့အခါ ဖုန်းဆက်လိုက်မယ်လေ"
"အင်း"
စွန်းဝမ့်ချွီက နောက်တစ်ချက် ထပ် "အင်း" လိုက်သည်။
"ဒါဆို ဒါပဲနော်"
လုပေါ်ဝမ်က ဖုန်းချသွားသည်။
စွန်းဝမ့်ချွီသည် အဝတ်အစားလဲ၍ မနက်စာစားရန် ထွက်လာခဲ့သည်။ သို့သော် သူထွက်လာကတည်းက သူ့ဖုန်းက ဆက်တိုက်ကို တုန်ခါနေခဲ့၏။ ယောက်ျားလေးလည်းပါသည်၊ မိန်းကလေးများလည်း ပါသည်။ အားလုံးက သူ့အပေါင်းအသင်းဟောင်းများပင်။
သူတို့က "ဘယ်အချိန် ပြန်ရောက်တာလဲ" ဟု မေးကြသည်၊ ထို့နောက် "အတူ ဆုံချင်တယ်" ဟု ဆိုကြသည်။
လီပေါ်ဝမ် သတင်းဖွလိုက်ခြင်း ဖြစ်လောက်မည်။
သူ တောင်ကြားထဲ ရှိနေခဲ့စဉ်တစ်လျှောက်လုံး ထိုလူများနှင့် အဆက်အသွယ်မရှိခဲ့ပေ။
သူ့အဖေက သူ့ကို တောင်ကြားထဲသို့ မောင်းထုတ်လိုက်စဉ်က သူ့ဖုန်းကိုလည်း အတင်းသိမ်းသွားခဲ့သည်။ မန်နေဂျာကျန်းက သူ့ကို ကီးပတ်ဖုန်းတစ်လုံးပေးခဲ့သော်လည်း ရွှံ့စေးမြေတူးဖော်ရေးဆိုက်ရှိရာ မြို့အပြင်ဘက်၌ လိုင်းမမိ၊ မြေတူးရေးအလုပ်သမားများလောက်ပင် မကောင်း။
ဖုန်းအကူအညီမလိုဘဲ သူ ဖုန်းနံပါတ် မှတ်မိနိုင်သည့် တစ်ဦးတည်းသောသူကား မာလျန့်ပင်။
သို့ရာတွင်မူ မာလျန့်က သူ၏အသိမ်းခံထားရသော ဖုန်းကို မည်သည့်နည်းလမ်းများသုံး၍ ပြန်ယူလာခဲ့မှန်းမသိသော်လည်း သူကတော့ အထဲမှ ဖုန်းနံပါတ်များကို သူ့ထံသို့ မပို့ခိုင်းခဲ့ပေ။ ထိုစဉ်က ခေါင်သီသော အရပ်ဒေသက သူ့အဖေကို ပြိုင်လိုသော သူ၏စိတ်အားထပ်သန်စိတ်ကို မီးစရှို့ထားခဲ့သည်။
တောင်ကြားထဲ သွားရမယ်ဆိုတော့လဲ တောင်ကြားထဲ သွားလိုက်တာပေါ့။
၃ နှစ်ဆိုတော့လဲ ၃ နှစ်ပေါ့။
အပေါင်းအသင်းတွေနဲ့ မဆက်သွယ်နဲ့ဆိုတော့လဲ မဆက်သွယ်ဘူးပေါ့။
အဲမှာသွားနေလို့ သေသွားမှာမို့လို့လား။
အိမ်ရာဝန်း၏ လမ်းတစ်ဘက်ခြမ်းတွင် မနက်စာစားပြီး ဖုန်းကောလ် ၁၀ ခုကျော်ခန့် ခေါ်လိုက်ပြောလိုက်နှင့် လီပေါ်ဝမ်ကြောင့် အနည်းငယ်ညစ်ညူးနေခဲ့သောစိတ်ကလေးမှာ ပြန်လည် အဆင်ပြေသွားခဲ့သည်။
တစ်ချိန်တည်းတွင်ပင် ယခင်က အဆိုပါ အနည်းငယ်ဗလာကျင်းနေခဲ့သော စိတ်အခြေအနေသည်လည်း အဆင်ပြေသွားခဲ့၏။ အနှီ ရင်းနှီးသောသူများ၊ ရင်းနှီးသော အသံများ၊ ရင်းနှီးသော စကားပြောဟန်များက သူ့အား သူ၏ယခင်ခံစားချက်တို့ကို အလျင်အမြန်ပင် ပြန်ရသွားစေခဲ့သည်။
ထိုလူများအနက် သူငယ်ချင်းကောင်းတစ်ယောက်တစ်လေမှ မပါသော်ငြား စွန်းဝမ့်ချွီအတွက်မူ ဤသည်ကား သူနေနေကျဘဝသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းသာ ဖြစ်သည်။
ညနေဘက်တွင် ဒင်နာတစ်ခုရှိပြီး အားလုံးလည်း မတွေ့ရသည်မှာ နှစ်ချီနေပြီဖြစ်ရော စွန်းဝမ့်ချွီသည် သူ့ကိုယ်သူ မှန်ထဲကြည့်ပြီးနောက် စွန်းကျားယွဲ့ ညွှန်းပေးထားသော စတိုင်လစ်အား သူ့ကို ဆံပင်လာညှပ်ပေးရန်အတွက် ဖုန်းခေါ်ရန် ဆုံးဖြတ်လိုက်သည်။
လိပ်စာကတ်ကို ကြည့်ပင်မကြည့်ဘဲ စားပွဲခုံပေါ် ပစ်တင်ထားခဲ့ခြင်းဖြစ်သည်။ သူက ကောက်ယူကာ ဖုန်းခေါ်ဆိုရန် ပြင်လိုက်စဉ် စတိုင်လစ်၏နာမည်က Tony Kevin လည်းမဟုတ်၊ Andy Peter လည်းမဟုတ်ဘဲ...
ရှောင်ကျီးတဲ့။
မိန်းကလေးလား
"ကြက်မလေး(ရှောင်ကျီး)?"
စွန်းဝမ့်ချွီမှာ နာမည်ကို ရွတ်လိုက်မိတော့ အနည်းငယ် အိုးတိုးအမ်းတမ်း ခံစားလိုက်ရသည်။ ထိုလူက စကားပြောလျှင် ကတော်၊ ကတော်ဟု မြည်နေလောက်မည်ဟုလည်း စိတ်ထဲထင်နေမိ၏။
"ဟုတ်ပါတယ်... ဘယ်သူများလဲ မသိဘူး"
ရှောင်ကျီးက ယောက်ျားကြီး။ သူ့အသံက အတော်လေးယောက်ျားဆန်သည်။ ကတော်၊ ကတော်အသံနှင့်လည်း လုံးဝမတူ။
"စွန်းကျားယွဲ့က ဒီနံပါတ်ပေးထားလို့..."
စွန်းဝမ့်ချွီက ပြောလိုက်သည်။
"ကျားယွီကျဲရဲ့ သူငယ်ချင်းလား။ ဘာကိစ္စများရှိလို့လဲ မသိဘူး"
ရှောင်ကျီး၏ ချက်ချင်းပင် ဆိုလာ၏။ သူ့လေသံအရ စွန်းကျားယွီနှင့် အင်မတန်ရင်းနှီးပုံရသည်။
"စွန်းဝမ့်ချွီ"
"စွန်းကော ဆံပင်ညှပ်ချင်လို့လား။ ဒီနေ့လား။ ဒီနေ့ဆိုရင်တော့ ကျွန်တော် နေ့လယ်လောက်မှ လာလို့ရမယ်"
ရှောင်ကျီးက စိတ်အားထက်သန်စွာ စကားအရှည်ကြီး ပြောသွားသည်။
"အာ...မျိုးရိုးနာမည်က စွန်းပဲဆိုတော့... ကျားယွီကျဲရဲ့ မောင်လေးများ..."
"ဟုတ်ကဲ့"
စွန်းဝမ့်ချွီက သူ့ကို စကားဖြတ်ပြာလိုက်သည်။
"ဒါဆို နေ့လယ်ကျ လာခဲ့လိုက်ပါ"
ရှောင်ကျီးကို လိပ်စာပေးပြီးနောက် သူသည် ဖုန်းကို မြန်မြန်ဆန်ဆန်ချပစ်လိုက်၏။ သူသည်ကား စကားအလွန်များသော သူစိမ်းတို့ကို မခံနိုင်။
-
"ကျွန်တော့်ကို အရူးလုပ်တာပဲ"
ဖန်းချီသည် ကားရှေ့ခုံတန်း၌ ထိုင်၍ ချန်ရှင်းထံ ဖုန်းဆက်လိုက်သည်။ သူ့နောက်တွင်တော့ ဦးလေးကြီး၊ အဒေါ်ကြီးများ အယောက် ၃၀ ကျော်ခန့်က ပွက်လောညံစွာ စကားပြောနေကြပြီး အချို့က ကျယ်ကျယ်လောင်လောင် သီချင်းအော်ဆိုနေကြသည်။
"မင်းကို ဘာလို့ အရူးလုပ်ရမှာလဲ"
ချန်ရှင်းက ရယ်လျက် ပြောလာ၏။
"ပြောတော့ ခွေးကောင်လေးတွေအဖွဲ့ဆို။ ဦးလေးကြီးတွေ၊ အဒေါ်ကြီးတွေအဖွဲ့မှန်း အသိသာကြီးကို"
ဖန်းချီက ပြောလိုက်သည်။
"ငါလဲ အခုလေးတင်မှ သိလိုက်ရတာပါကွာ။ စိတ်ထဲထားမနေနဲ့... ငါနဲ့ ရွယ်တူနီးပါးလေးတွေပဲကို"
ချန်ရှင်းက သီချင်းဆိုသံကို ကြားသွားသည် ဖြစ်မည်၊ ပို၍ပင် သဘောတကျနဲ့ အော်ရယ်လေတော့၏။
"မင်းက ဘာလို့ ခွေးကောင်လေးတွေအဖွဲ့ကို ကြိုက်တာလဲ"
"ကြိုက်တယ်လို့ မပြောပါဘူး။ နောက်တစ်ခါ ကျွန်တော့်ကို ထပ်ပြီး မလည်ရှုပ်မလုပ်ပါနဲ့"
ဖန်းချီက ခေါင်းကို တစ်ဖက်သို့ လှည့်၍ ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်လိုက်သည်။
"ဒီတိုင်း သိပ်မအဆင်မပြေလို့"
"ဦးလေးကြီးတွေ၊ အန်တီကြီးတွေက ဒေါင်ဒေါင်မြည်ပြီးသား။ အားလုံး ပုံမှန် စက်ဘီးနေကျ၊ ခြေကျင်လျှောက်နေကျ သူတွေချည်းပဲ။ မင်း သူတို့အတွက် ဘာမှစိတ်ပူစရာမရှိဘူး"
ချန်ရှင်းက ပြောသည်။
"နောက်တစ်ခါကျ လူငယ်လေးတွေအုပ်စုနဲ့ ချိတ်ပေးပါမယ်ကွာ"
"နှစ်သစ်ကူးပြီးရင် စာပြန်ကြည့်ရတော့မယ်။ ကျွန်တော် မ-"
ဖန်းချီမှာ စကားပင် ဆုံးအောင်မပြောနိုင်လိုက်၊ သူ့နောက်မှ အဒေါ်ကြီးတစ်ယောက်က ရုတ်တရက် ထရပ်ပြီး အော်လေ၏။
"ရှောင်လင်ရေ--"
"အာ့"
ဖန်းချီမှာ အလန့်တကြားဖြစ်သွားခဲ့ပြီး ကားမှန်နှင့် နှဖူးနှင့် ဆောင့်မိလုမတတ်ဖြစ်သွားခဲ့ရသည်။ သူ နောက်သို့လှည့်ကြည့်လိုက်တော့ အဒေါ်ကြီးက သူ့နောက်ခုံမှ အခြားအဒေါ်ကြီးတစ်ယောက်ကို ရှေ့လာထိုင်ရန် ပြောနေသည်ကို တွေ့လိုက်ရ၏။ သူက သက်ပြင်းချကာ အသံတို့နှိမ့်လိုက်သည်။
"သေမလိုလန့်သွားတာပဲ"
"ငါလဲ လန့်သွားတာ"
ချန်ရှင်းက အချိန်အတန်ကြာအောင် ရယ်နေခဲ့သည်။
"ဟေး... မင်း စာပြန်ကြည့်ရမယ်လို့ ပြောလိုက်တာလား"
"ကျွန်တော် နောက်နှစ် တက္ကသိုလ်ဝင်ခွင့်ဖြေရတော့မှာ။ ၆ လပဲကျန်တော့တယ်"
ဖန်းချီက ပြောလိုက်သည်။
"ဒီနေ့ ခွင့်သွားတိုင်တော့ ကျွန်တော့်အတန်းပိုင်ဆရာဆီမှာ ဖြစ်ထွန်းမနေမဲ့ အလောင်းအလျာတစ်ယောက်လိုတောင် အကြည့်ခံခဲ့ရသေးတယ်"
"မင်းသာမပြောရင် မင်းက အထက်တန်းတတိယနှစ်ဆိုတာကိုတောင် ငါမေ့တော့မလို့"
ချန်ရှင်းက သက်ပြင်းချသည်။
"အင်းး... မင်းက ငါ့မျက်စေ့ရှေ့တင် အရွယ်ရောက်လာတာပဲ"
"အဲလိုဆို ဆရာလဲ ကျွန်တော့်မျက်စေ့ရှေ့တင် အိုလာတာပဲပေါ့"
ဖန်းချီက နောက်သို့ တစ်ချက်ပြန်လှည့်ကြည့်လိုက်သည်။
"ကောင်းပါပြီ... မင်းကို ထပ်မပြောတော့ပါဘူး။ ငါ ခဏနေရင် ရောက်မယ်"
ဖန်းချီသည် ပရော်ဖက်ရှင်နယ်လမ်းညွှန်တစ်ယောက်ဖြစ်ရုံသာမက ချန်ရှင်း၏ Outdoor Club စတင်တည်ထောင်ခဲ့ကတည်းက ရှိလာခဲ့သူဖြစ်သည်။ သူ မကြာခဏ သွားလာနေခဲ့ရသော နေရာများဖြစ်ခြင်းကြောင့် ရင်းနှီးကျွမ်းဝင်နေပြီဖြစ်၏။ အစကတော့ ဝန်ထမ်းအင်အားမလုံလောက်သောကြောင့် သူ့ကို အကူအညီလာတောင်းခဲ့ရုံသာဖြစ်သည်။ ထို့နောက်တွင်တော့ သူက တဖြည်းဖြည်းနှင့် သူ့ထံသို့သာ တိုက်ရိုက်ရောက်လာခဲ့လေတော့၏။
သို့သော်လည်း ဤအလုပ်က လွယ်ကူလှသည်တော့ မဟုတ်ပါ။ ပင်ပန်းပြီး ပျော်စရာလည်းမကောင်းပေ။
"ခဏနေရင် ဒီကနေ စထွက်ကြမယ်"
ကားက တောင်ကြားထဲသို့ ဝင်လာခဲ့ပြီးနောက် တောင်နံရံစွန်းနားရှိ မြေပြန့်နေရာ၌ ရပ်လိုက်သည်။ အသင်းခေါင်းဆောင်က အသင်းဝင်များကို လည်ချောင်းသံနှင့် အော်ပြောလိုက်၏။
"အရင်ဆုံး Panshan တောင်ကြားလမ်းကို ခဏဖြတ်ပြီးမှ တောင်ထဲရောက်မယ်။ ကိုယ့်ပစ္စည်းပစ္စတွေကို ထုပ်ပိုးပြီး ဖိနပ်တွေကို ပြန်စစ်ကြပါ။ လမ်းက လျှောက်ရခက်မယ်။ ခြေခေါက်မလဲအောင် ဂရုစိုက်ကြပါ"
ဖန်းချီက လမ်းဘေးရှိ အပင်တစ်ပင်အောက်၌ ခြေထောက်နား သူ့အထုပ်ကိုချကာ ရပ်လျက် စကားတစ်ခွန်းမဆိုဘဲ နားထောင်နေခဲ့သည်။ အသင်းဝင်များနှင့်ယှဉ်လျှင် သူ့ပစ္စည်းထုပ်ပိုးမှုက ပို၍ ပရော်ဖက်ရှင်နယ်ကျသည်။ အဒေါ်ကြီးအချို့က ၎င်းကို အချိန်အတန်ကြာအောင် ဝိုင်းကြည့်နေခဲ့ကြ၏။
"ဒါက ငါတို့ရဲ့ ဒီတစ်ခေါက် တောင်ကြား Trekking အတွက် ဂိုက်၊ ဖန်းချီ"
အသင်းခေါင်းဆောင်က လှည့်ကာ ဖန်းချီကို ညွှန်ပြသည်။
"သူက ဒီအပိုင်းနဲ့ပတ်သတ်ပြီး အရမ်းရင်းနှီးတယ်။ သူက ထူးခြားတဲ့မြေနေရာတွေကို ရောက်ရင် အားလုံးကို သတိပေးလိမ့်မယ်..."
ဖန်းချီက ရောက်လာကြသော အသင်းဝင်များကို နှုတ်ဆက်သည့်အနေနှင့် ခေါင်းညိတ်ပြလိုက်၏။ သေချာကြည့်ကြည့်လိုက်တော့ အဆိုပါအဖွဲ့သားများမှာ အသက် ၄၀ ကျော်ရုံသာရှိကြသေးသည်။ လူငယ်အုပ်စုများလောက် စိတ်ဝင်စားမှုမရှိကြ။ သို့သော် တကယ့်အစစ်အမှန် ဦးလေးကြီး၊ အဒေါ်ကြီးအုပ်စုများထက်တော့ ပို၍ သန်မာကြသည်။ ဟုတ်လည်း ဟုတ်ပါ၏။ တကယ့်လူကြီးများက များသောအားဖြင့် ညအိပ်ညနေ မနေတတ်ကြပေ။
အဖွဲ့ခေါင်းဆောင်က ပြောပြပြီးသားဖြစ်သော ကြိုတင်ကာကွယ်မှုအကြောင်းတို့ကို ရိုးရိုးရှင်းရှင်းပင် ရှင်းပြပြီး အားလုံးက ကိုယ့်အိတ်ကိုကိုယ်ဆွဲကာ တောင်ရှိရာသို့ စတင်လျှောက်ကြလေတော့၏။
အဖွဲ့ခေါင်းဆောင်နှင့် ဖန်းချီတို့မှာ မရင်းနှီးကြသောကြောင့် ပြောစရာစကားမရှိ။ သူက
သူ့နောက်မှအဖွဲ့ဝင်များ၏ စကားပြောသံများကို နားထောင်၍ အဖွဲ့၏ရှေ့မှ တိတ်တဆိတ်သာ တစ်ယောက်တည်းလျှောက်နေခဲ့သည်။
ပထမ မိနစ် ၂၀ အတွင်းတော့ စကားသံတို့က တက်တက်ကြွကြွ ညံစီလျက်။ နောက် နာရီဝက်ခန့်အကြာတွင်တော့ မည်သူမျှ စကားမပြောလိုက်ကြတော့ပေ။ Panshan တောင်ကြားလမ်က လမ်းပြန့်သည့်တိုင် အလွန်အမင်းမတ်စောက်ပြီး လမ်းလျှောက်ရ အလွန်ပင်ပန်းသည်။
ဖန်းချီက နောက်သို့ လှည့်ကြည့်လိုက်သည်။ သူတို့က စကားမပြောကြတော့သော်ငြားလည်း ထိုဦးလေးကြီး၊ အဒေါ်ကြီးတို့မှာ ပုံမှန် လေ့ကျင့်ခန်းလုပ်လေ့လုပ်ထရှိသူများဖြစ်ကြောင်း သိနိုင်ပြီး ယခုထိ တက်တက်ကြွကြွ လျှောက်နေကြသေးဆဲ။
တစ်နာရီခန့် လျှောက်လာခဲ့ကြပြီးနောက် ဖန်းချီက ရပ်လိုက်သည်။
"ရှေ့မှာ လမ်းချိုးတစ်ခု ထပ်သွားရအုံးမယ်..."
စကားပြောနေစဉ် သူ့ဖုန်းက အသံမြည်လာခဲ့၏။ သူက ဖုန်းကိုထုတ်ကာ ကြည့်လိုက်သည်။ ဖန်းယင်ပင်။
"ဒီလိုအရှိန်နဲ့ဆို နောက် ၁၅ မိနစ်လောက်နေရင် တောင်အဝင်လမ်းထဲ ရောက်လိမ့်မယ်"
"နင် ဒီညနေကျ ငါနဲ့ စွန်းဝမ့်ချွီဆီ လိုက်ခဲ့"
ဖန်းယင်က ဖုန်းထဲမှ ပြောလာသည်။
"သူ ဒီနေ့ တစ်ယောက်နဲ့ ညစာစားဖို့ရှိတယ်။ ငါ့အထင်တော့..."
"ကျွန်တော် ဒီနေ့ မြို့ကို ပြန်မရောက်နိုင်ဘူး။ တောင်တွေဘက် လိုက်ပို့နေရလို့"
ဖန်းချီက ပြောလိုက်သည်။
"ဘာ!"
ဖန်းချီက ကြုံးအော်လေတော့၏။
"ဒီနှစ်ရက်အတွင်း သူ့ကို ထပ်သွားရှာမယ်လို့ ငါ နင့်ကို ပြောထားတယ်မလား"
"မနက်ဖြန်မှ ပြန်ရောက်မယ်"
ဖန်းယင်က သူ့ကို အော်တော့မည်မှန်း ဖန်းချီသိပြီးသားပါပင်။
"မနက်ဖြန်..."
ဖန်းယင်က ခဏမျှ စဉ်းစားလိုက်သည်။
"ဒါဆိုလဲ မနက်ဖြန်၊ မနက်ဖြန်ညပေါ့။ ဒါပေမဲ့ စောစောတော့ သွားရမယ်။ လိုလိုမယ်မယ် သူ အပြင်ထွက်ရင် တားလို့ရအောင်"
"...အွန်း"
ဖန်းချီမှာ စွန်းဝမ့်ချွီ၏ စိတ်မရှည်သော၊ အထင်အမြင်သေးသော မျက်နှာကို ဖျက်ခနဲ မြင်ယောင်မိသွားကာ အနည်းငယ် မသက်မသာခံစားလိုက်ရသည်။
__________________________
|| Zawgyi ||
အပိုင္း ၃ - က်န္းမာ၊ ႐ုပ္ေခ်ာ၊ ကေလးလဲ မရွိ
စြန္းဝမ့္ခြၽီအေနႏွင့္ ေတာင္ႀကိဳေတာင္ၾကားထဲ၌ ၃ ႏွစ္ေနခဲ့ရၿပီး ေျမတူးသမားမ်ားႏွင့္ ဟင္းေပါင္းအိုးတစ္အိုးတည္း စားခဲ့ရသည့္တိုင္ သူ၏အစားအေသာက္စံႏႈန္းမွာကား ေလွ်ာ့မသြားခဲ့ေပ။
မာလ်န႔္ သူ႕ကို ေခၚလာေသာ စားေသာက္ဆိုင္ကို သူသေဘာမက်။ အေၾကာင္းမူကား ဆိုင္းဘုတ္ေပၚ၌ င႐ုတ္သီးပုံႀကီး ရွိေနျခင္းေၾကာင့္ပင္။
"ငါ အစပ္မစားဘူး"
စြန္းဝမ့္ခြၽီက ဆိုသည္။
"မစပ္ပါဘူး။ မင္း... မင္း စားနိုင္ပါတယ္"
မာလ်န႔္က ျပန္ေျပာသည္။
"အဲေလာက္င႐ုတ္သီးပုံႀကီး ဟီးေနေအာင္ ဆြဲထားတာကို"
စြန္းဝမ့္ခြၽီက ကားထဲမွ မထြက္ဘဲ ေခါင္းမာမာႏွင့္ တင္းခံေန၏။
"တျခားေနရာ မရွိေတာ့ဘူးလား"
"အိုက္ယား"
မာလ်န႔္မွာ စိတ္မပါလက္မပါႏွင့္ပင္ ကားကို ျပန္စက္ႏွိုးလိုက္ရေလေတာ့၏။
" တူ... တူ... တူ..."
"မင္းပဲ ေျမႀကီး(တူ)"
စြန္းဝမ့္ခြၽီက ေျပာလိုက္သည္။
"တူရကီ"
မာလ်န္က စတီယာရင္းဘီးကို ျဖန္းခနဲ တစ္ခ်က္ ရိုက္လိုက္၏။
"ဟင္းလ်ာ! စားမလား"
"စားမယ္"
စြန္းဝမ့္ခြၽီက ေခါင္းညိတ္သည္။
ဆိုရပါလွ်င္ ႐ႊံ႕ေစးေျမတူးေဖာ္ေရးဆိုက္မွ အစားအေသာက္မ်ားမွာ သိပ္ေတာ့မဆိုးလွ။ ေန႕တိုင္း အသားႏွင့္ ဟင္းသီးဟင္း႐ြက္တို႔ပါသည္၊ အသီးအႏွံမ်ားလည္း ပါသည္။ သို႔ေသာ္ ထိုအိုးႀကီးမွာကား ဟင္းေပါင္းအိုးႀကီး ျဖစ္ေန႐ုံေလးသာ။ အရသာကိုေတာ့ျဖင့္ သြားမခံမိေလႏွင့္။ အရသာသြားခံမိလိုက္ပါက ဘဝႀကီးက ေမွ်ာ္လင့္ခ်က္တို႔ ကင္းမဲ့သြားသကဲ့သို႔ ခံစားသြားရေပလိမ့္မည္။
စားဖိုမႉးက ဟူနန္သားျဖစ္ၿပီး ၿပီးခဲ့ေသာ ၃ ႏွစ္တာကာလအတြင္း ဟင္းတိုင္း၌ င႐ုတ္သီးပါေနခဲ့ေသာ အခ်က္ေၾကာင့္သာမဟုတ္လွ်င္ စြန္းဝမ့္ခြၽီသည္ ဆိုင္းဘုတ္ေပၚ၌ င႐ုတ္သီးကို ျမင္လွ်င္ျမင္ခ်င္း အတင္းဇြတ္ပုန္ကန္လိမ့္မည္ မဟုတ္။
ထိုသို႔ဆိုမွ သူသည္ သူ႕ကိုယ္သူ အေတာ္ေလးပင္ ေလးစားမိသည္။ သူ႕ဖခင္ျဖစ္သူ၏ ဖိႏွိပ္မႈေအာက္၌ သတၱိရွိရွိႏွင့္ အေလွ်ာ့မေပးခဲ့ဘဲ ၃ ႏွစ္တိတိ င႐ုတ္သီးတို႔ကို စားခဲ့သည္။
မာလ်န႔္ေခၚသြားခဲ့ေသာ တူရကီဆိုင္သို႔ သူမေရာက္ဖူးေပ။ အရသာကလည္း ေကာင္းမြန္ၿပီး ပတ္ဝန္းက်င္ကလည္း အေတာ္ေလးကို သက္ေသာင့္သက္သာရွိလွသည္။ စြန္းဝမ့္ခြၽီသည္ အစားထဲ၌ ေခါင္းႏွစ္ထားလိုက္ေလေတာ့၏။
"မင္း ျပန္...ျပန္လာၿပီးေတာ့ ဘာ...ဘာအစီအစဥ္ ရွိ... ရွိလဲ"
မာလ်န႔္က စားရင္း ေမးသည္။
"မရွိဘူး"
စြန္းဝမ့္ခြၽီက တည့္တိုးပင္ ေျဖ၏။
"ငါ့ဆီ လာခဲ့ပါလား"
မာလ်န႔္က ေျပာလာသည္။
"အဲကိစၥက ေနာက္မွ ေျပာၾကတာေပါ့"
စြန္းဝမ့္ခြၽီက ခုံေပၚ ေက်ာမွီလိုက္သည္။
"အရင္ဆုံးေတာ့ ရက္နည္းနည္းေလာက္ ေပ်ာ္ပါးလိုက္အုံးမယ္"
မာလ်န႔္မွာ သူ႕ထက္ ၂ ႏွစ္ငယ္ၿပီး သူ႕အေဖ၏ တရားဝင္တပည့္ျဖစ္သည္။ ဆယ္ေက်ာ္သက္အ႐ြယ္ကတည္းက သူ႕အေဖထံ၌ အိုးလုပ္ျခင္းအတတ္ပညာကို စတင္သင္ယူခဲ့၏။ သူ၏အရည္အခ်င္းမွာ သာမန္မွ်သာ ျဖစ္ေသာ္လည္း သူက အင္မတန္ရိုးသားၿပီး အရိပ္အကဲအလြန္နားလည္သည္။ သူ႕အေဖက သူ႕ကို အင္မတန္ သေဘာက်၏။
သို႔ေသာ္လည္း အဆုံးတြင္မူ ဆရာႏွင့္ သူငယ္ခ်င္းျဖစ္သူတို႔ၾကား သေဘာထားကြဲလြဲမႈထဲ သူငယ္ခ်င္းကို ေ႐ြးခ်ယ္ခဲ့သည္။ သူ႕အေဖက အလြန္အမင္းစိတ္ဆိုးကာ သူ႕ကို "တံခါးဝမွ ကန္ထုတ္ခဲ့သည္"။ ယခု သူက သူ႕ကိုယ္ပိုင္စတူဒီယိုေလးတစ္ခု ေထာင္ထားၿပီး အဆင္ေျပေျပရွိေန၏။
"ဝမ့္ခြၽီ"
မာလ်န႔္က ေဆးလိပ္မီးညွိလိုက္သည္။
"မင္းေျပာ... မင္း ဘယ္... ဘယ္အခ်ိန္က်မွပဲ သမားရိုးက်ဘဝမ်ိဳး ေနမွာလဲ"
"ငါ အခု ေတာ္ေတာ္ေလး အဆင္ေျပေနတာပဲ မဟုတ္ဘူးလား"
စြန္းဝမ့္ခြၽီက သူ႕ကို တစ္ခ်က္ၾကည့္လိုက္သည္။
"က်န္းမာ၊ ႐ုပ္ေခ်ာ၊ ကေလးလဲ မရွိဘူးေလ"
"ငါ ေျပာတာက အတည္တက် ေလးေလးနက္နက္ေနထိုင္ဖို႔ ေျပာတာ"
မာလ်န႔္က သူ႕ေရွ႕သို႔ ကိုယ္ကို ၫႊတ္လိုက္သည္။
"မင္းမွာ အရည္...အရည္ခ်င္းရွိရဲ႕သားနဲ႕..."
စြန္းဝမ္းခြၽီက မည္သို႔မွ မဆိုဘဲ အစားကိုသာ ဆက္စားလိုက္သည္။
"မင္း... မင္း အိုးလုပ္ရတာ မႀကိဳက္... မႀကိဳက္မွန္း ငါ သိ... သိပါတယ္"
မာလ်န႔္က ေျပာသည္။
"ဒါေပမဲ့ မင္း... မင္းက ကေလးလဲ မဟုတ္ေတာ့ဘူးေလ။ အခုထက္ပိုၿပီး ရင့္... ရင့္က်က္ရေတာ့မယ္"
စြန္းဝမ့္ခြၽီက ဆိတ္ၿမဲဆိတ္ဆဲ။
"မင္း... မင္း လီေပၚဝမ္ဆီသြားၿပီး လတ္လ်ားလတ္လ်ားဆက္လုပ္ေနဖို႔ပဲ စဥ္း.... စဥ္းစားထားတုန္းလို႔ေတာ့ မ... မေျပာနဲ႕ေနာ္"
မာလ်န႔္က မ်က္ေမွာင္ၾကဳတ္လိုက္၏။
"ပါးစပ္ပိတ္ၿပီး စားစရာရွိတာစား။ မစားေတာ့ရင္လဲ ရွင္းလိုက္ေတာ့"
ေနာက္ဆုံးတြင္ေတာ့ စြန္းဝမ့္ခြၽီက စကားေျပာခဲ့သည္။
"မင္း ေသခ်ာစဥ္းစားပါ"
မာလ်န႔္က စားပြဲထိုးကို လက္ယမ္းျပလိုက္သည္။
"ငါ ေျပာသြားတာေတြကို"
ညစာစားၿပီးေနာက္ စြန္းဝမ့္ခြၽီက မာလ်န႔္ကို သူႏွင့္အတူ ေဈးဝင္စင္တာတစ္ခုဆီသို႔ လိုက္ခိုင္းၿပီး တစ္ဆိုင္ဝင္တစ္ဆိုင္ထြက္ႏွင့္ အဝတ္အစားမ်ား ဝယ္ေလေတာ့သည္။
"အသုံး... အသုံးအျဖဳန္း ႀကီး... ႀကီးလိုက္တဲ့ေကာင္"
မာလ်န႔္က ကတ္ျဖတ္ရင္း ေျပာလိုက္သည္။ ထိုကတ္မွာ သူမသြားမီ မာလ်န႔္ထံ ပစ္ေပးခဲ့ေသာ ကတ္ျဖစ္သည္။ ထိုကတ္ထဲ၍ ပိုက္ဆံမည္မွ်ရွိေနခဲ့မွန္းပင္ သူမမွတ္မိေတာ့။
အဝတ္အစားမ်ား ဝယ္ၿပီးေနာက္ မာလ်န႔္က သူ႕ကို အိမ္ရာဝန္းသို႔ ျပန္လိုက္ပို႔္သည္။ သူတို႔ ေအာက္ထပ္သို႔ေရာက္ေတာ့ စြန္းဝမ့္ခြၽီသည္ စြန္းက်ားယြဲ႕၏ Red Mini ေလးကို ေတြ႕လိုက္ရ၏။
မဟုတ္လွ်င္လည္း အဆိုပါလိပ္ခုံးကားမွာ စြန္းက်ားယြဲ႕၏ကားမွန္း ျမင္လိုက္႐ုံႏွင့္တင္ သူေျပာနိုင္သည္။
"မင္း အရင္ျပန္ႏွင့္။ ကားယူသြားလိုက္"
စြန္းဝမ့္ခြၽီက မာလ်န႔္ကို ေျပာလိုက္ၿပီးေနာက္ ကားတံခါးဖြင့္၍ ကားေပၚမွ ဆင္းလိုက္သည္။
ေျခႏွစ္လွမ္းမွ် ေလွ်ာက္ၿပီးေနာက္ ကားက ရပ္ထားေသးဆဲျဖစ္ေၾကာင္း ေတြ႕လိုက္ရ၏။ ထို႔ေၾကာင့္ သူက ျပန္လွည့္လာၿပီး ေမာင္းသူခုံဘက္ လက္ခလယ္ေထာင္ျပလိုက္သည္။ မာလ်န႔္က ဟြန္းတီးလိုက္ၿပီး ကားေခါင္းလွည့္ကာ ေမာင္းထြက္သြားေလေတာ့၏။
စြန္းက်ားယြဲ႕က ကားထဲမွ ထြက္လာၿပီး လက္ပိုက္လ်က္ ကားတံခါးကို မွီကာရပ္လိုက္သည္။
"အိုက္ယိုး... ငါ့ေမာင္ေလးက ငါေပးတဲ့ကားကို ၾကည့္ေတာင္မၾကည့္ဘူးပဲ"
"ၾကည့္ဖို႔မွ မတန္တာ"
စြန္းဝမ့္ခြၽီက ေျပာ၏။
"အစ္မ ျပန္မယူရင္လဲ လ်န႔္ဇီကိုပဲ ေပးလိုက္ေတာ့မယ္"
"သူ႕ကို ေပးလိုက္ပါ"
စြန္းက်ားယြဲ႕က ၿပဳံးလ်က္ သူ႕ကို ခဏမွ် စုန္ခ်ည္ဆန္ခ်ည္ ၾကည့္လိုက္သည္။
"ပိန္သြားတာပဲ"
"အဲလိုေနရာမ်ိဳးမွာ ဘယ္သူကမ်ား ဝၿပဲေနနိုင္မွာလဲ"
စြန္းဝမ့္ခြၽီကလည္း စြန္းက်ားယြဲ႕ကို ၾကည့္လိုက္သည္။
သူက ယခင္အတိုင္းသာ၊ လွပဆဲ၊ ဝင့္ဝါဆဲ။ စြန္းေယာင္ကဲ့သို႔ မဟုတ္၊ သူက သူ႕အစ္မျဖစ္သူႏွင့္ လုံးဝ ကြာျခားသည္။
"ကြၽန္ေတာ္ ပိန္လား၊ ဝလား လာၾကည့္တာလား"
"အဲလိုပဲ ဆိုပါေတာ့။ နင့္ကို ေမးပါအုံးမယ္"
စြန္းက်ားယြဲ႕က စကားကို တန႔္၍ အသံကို ႏွိမ့္လိုက္သည္။
"နင္ ႏွစ္သစ္ကူးက် အိမ္ျပန္လာမွာလား"
"အာ႐ုံေတြ"
စြန္းဝမ့္ခြၽီက ႐ုတ္တရက္ ရင္ထဲတင္းက်ပ္သြားခဲ့ၿပီး သူ႕အသံသည္လည္း အနည္းငယ္စိတ္အေႏွာင့္အယွက္ျဖစ္ေနမႈတို႔ သန္းသြား၏။
"ငါ ေမးခ်င္လြန္းလို႔ ေမးတယ္မ်ား ထင္ေနလား။ အိမ္က ဒီအရႈပ္ထုပ္ေတြကို စိတ္ကိုဝင္စားမေနဘူး! လာခ်င္လာ၊ မလာခ်င္ေန။ ငါက စြန္းေယာင္အတြက္ ေမးေပးတာ"
စြန္းဝမ့္ခြၽီက မ်က္ေမွာင္ၾကဳတ္လိုက္သည္။
"နင့္ရဲ႕ ဒီစုတ္ခြၽန္းခြၽန္းမ်က္ႏွာႀကီးကို ၾကည့္အုံး။ ဒီမ်က္ႏွာနဲ႕ ဒီဆံပင္ေကနဲ႕ လိုက္ခ်က္ပဲ။ ျမန္ျမန္ ဆံပင္ သြားညွပ္လိုက္စမ္းပါ။ ငါ ၫႊန္းေပး..."
"အိမ္ ျမန္ျမန္ျပန္ေတာ့"
စြန္းဝမ့္ခြၽီက ကူကယ္ရာမဲ့စြာ သက္ျပင္းခ်လိဳက္ၿပီး သူ႕ပခုံးကို ပုတ္လိုက္သည္။
"အစ္မ အိမ္မွာ မရွိလို႔ဆိုၿပီး အစ္မေယာက္်ား မ်က္ရည္နဲ႕ မ်က္ခြက္ ျဖစ္မေနေအာင္"
"ဒီလိပ္စာကတ္ကို ယူထားလိုက္"
စြန္းက်ားယြဲ႕က သူ႕အိတ္ထဲမွ လိပ္စာကတ္တစ္ကတ္ကို ထုတ္လိုက္သည္။
"ငါ အၿမဲတမ္း သူ႕ဆိုင္မွာပဲ လုပ္တာ။ ငါ သူ႕ဆီ ဖုန္းဆက္ၿပီး နင့္အတြက္ ညွပ္ေပးဖို႔ ေျပာထားလိုက္မယ္။ နင့္ရဲ႕႐ြာကတက္လာတဲ့ ေတာသားပုံႀကီးကို တကယ္မျမင္နိုင္ေတာ့ဘူး"
စြန္းဝမ့္ခြၽီက လိပ္စာကတ္ကို ယူလိုက္ၿပီး အိတ္ကပ္ထဲ ထည့္ရန္ျပင္စဥ္ ကတ္၏အထိအေတြ႕က တစ္ခုခုေတာ့ အနည္းငယ္မွားေနေၾကာင္း ခံစားလိုက္ရသည္။ သူ႕လက္ေခ်ာင္းေလးမ်ားျဖင့္ ပြတ္သပ္ၾကည့္လိုက္ေတာ့ လိပ္စာကတ္ေအာက္၌ အျခားကတ္တစ္ကတ္ရွိေနေၾကာင္း ေတြ႕လိုက္ရ၏။
သူ စကားေျပာရန္ ျပင္လိုက္စဥ္တြင္ပင္ စြန္းက်ားယြဲ႕က ကားထဲ ဝင္ၿပီး စက္ပင္ ႏွိုးထားေလၿပီ။ ထို႔ေနာက္ သူက သူ႕ေျခေထာက္နားေလးမွ ျဖတ္၍ပင္ ကားေနာက္ဆုတ္လိုက္၏။
"အား!"
စြန္းဝမ့္ခြၽီမွာ အထိတ္တလန႔္ျဖစ္သြားရ၏။
"ဘယ္ေလာက္ပါလဲ သိလား"
"မႀကီးက နင့္ကို ေပးလိုက္တာ။ နင့္ဘာသာနင္ စစ္ေပါ့။ ငါ့လာမေမးေနနဲ႕။ အာ႐ုံေတြ!"
စြန္းက်ားယြဲ႕က ကားမွန္ကို ခ်၍ ေအာ္ေျပာသည္။
စြန္းဝမ့္ခြၽီက သူ႕လက္ထဲမွ ကတ္ကို ၾကည့္ကာ မည္သည့္စကားမွ မဆိုလိုက္ေတာ့။
စြန္းက်ားယြဲ႕၏ကားက ေကြ႕ရန္အျပင္တြင္ ႐ႊီးခနဲ တစ္ပတ္လည္သြားၿပီး ဆန႔္က်င္ဘက္ပလက္ေဖာင္းေပၚ သြားဝင္တိုက္သည္။ ထို႔ေနာက္ ပလက္ေဖာင္းေပၚ ဘီးတစ္ဘီးတင္လ်က္သားႏွင့္ ေမာင္းထြက္သြား၏။ ၁၀ မီတာခန႔္ထိ ထိုသို႔ ေမာင္းသြားၿပီးေနာက္မွသာ လမ္းမေပၚသို႔ ေရာက္သြားခဲ့ၿပီး ထြက္သြားေလေတာ့သည္။
စြန္းဝမ့္ခြၽီသည္ လမ္းေဘးတြင္ရပ္လ်က္ စြန္းက်ားယြဲ႕၏ အဆိုပါသည္းထိတ္ရင္ဖို ဂငယ္ေကြ႕ ေကြ႕ပုံကို ၾကည့္ေနမိသည္။ သူ႕မွာ ကမာၻတစ္ျခမ္း၏ အဆိုးဝါးဆုံးေသာ ကားေမာင္းစေကးပိုင္ရွင္ စြန္းက်ားယြဲ႕က သူ႕ကို ကတ္ေလးတစ္ကတ္ေပးရန္ ညဘက္ႀကီး အိမ္ရာဝန္း၏လမ္းၾကားထဲသို႔ ဝင္လာခဲ့မႈကို အင္မတန္ရင္ထဲထိသြားခဲ့ေလေတာ့၏။
ရင္ထဲ ထိသြားပုံမ်ား ေဆာင္းဦးေလေအးတိုက္ေနသည့္တိုင္ သူ႕မွာ ေခြၽးတို႔စို႔ေနသည္အထိ။
သူက ကတ္ကို အိမ္ထဲ ယူလာခဲ့ၿပီး အံဆြဲတစ္ခုထဲ ပစ္ထည့္လိုက္သည္။
အခ်ိန္အမ်ားစု၌ စြန္းေယာင္သည္ အေျခအေနတစ္ရပ္လုံးကို ခ်င့္ခ်ိန္စဥ္းစားၿပီး သူ႕အေဖဘက္တြင္သာ ရွိတတ္သည္။ သူသည္ကား သူ႕ကို ကတ္ေပးမည့္ သူမ်ိဳးမဟုတ္။ သူ႕ကို ကတ္လာေပးျခင္းမွာ သူ႕အေမ၏အႀကံသာ ျဖစ္ေလာက္သည္။
စြန္းဝမ့္ခြၽီက သန္းေဝလိုက္သည္။ ၁၀ နာရီပင္မထိုးေသးခင္ အိပ္ခ်င္ေနေလၿပီ။
ေျမတူးေဖာ္ေရးဆိုက္၍ ညပိုင္းဘဝမွာ ကတ္ေဆာ့ျခင္းျဖစ္သည္။ သူ ကတ္ေဆာ့ရသည္ကို ႏွစ္သက္ေသာ္လည္း ကတ္ကို သဲႀကီးမဲႀကီးေဆာ့ကာ အလြယ္တကူရန္ျဖစ္တတ္ေသာ လူအုပ္စုႏွင့္ ေဆာ့ရသည္ကိုေတာ့ မႀကိဳက္ေပ။ ထို႔ေၾကာင့္ သူက မ်ားေသာအားျဖင့္ ည ၁၀ နာရီ၌ အိပ္ရာဝင္ေလ့ရွိခဲ့သည္။
သို႔ေသာ္လည္း သူသည္ အိပ္ရာမဝင္မီ အိပ္ခ်င္မူးတူးႏွင့္ အိပ္ခန္းထဲဝင္ၿပီး ဗီရိုထဲမွ အဝတ္အစားအားလုံးကို ထုတ္ကာ အိတ္တစ္အိတ္ထဲသို႔ ထိုးသိပ္ထည့္ၿပီးေနာက္ ေရခ်ိဳးခန္းထဲသို႔ ဝင္သြားခဲ့ေသး၏။
ညေနက မာလ်န႔္ႏွင့္ ညစာသြားစားရန္ အလ်င္လိုေနခဲ့ေသာေၾကာင့္ ေရခ်ိဳးခန္းကို ေသခ်ာမၾကည့္ျဖစ္ခဲ့ေပ။ ယခု သူဝင္လာသည့္အခါတြင္ေတာ့ မာလ်န႔္ အသစ္ဝယ္ထည့္ေပးထားေသာ ေခါင္းေလွ်ာ္ရည္ႏွင့္ ေရခ်ိဳးဆပ္ျပာတို႔အျပင္ ေဘစင္ေဘးရွိစင္၏ ေအာက္ထပ္၌ သုံးၿပီးသားပစၥည္းတို႔ကို ေတြ႕လိုက္ရသည္။
ထိုမွ်သာမက အေတာ္ပင္ ပစ္စလက္ခတ္သုံးထားျခင္းေၾကာင့္ ဘူးအဖုံးမ်ားမွာ ေလ်ာ့တိေလ်ာရဲ။
ယေန႕ စြန္းဝမ့္ခြၽီမွာ အလြန္ပင္စိတ္ကထိုင္းမွိုင္းေနႏွင့္ေလရာ ယခု ထိုပစၥည္းမ်ားကို ျမင္လိုက္ရခ်ိန္တြင္ေတာ့ သူသည္ ႐ုတ္ျခည္း စိတ္အေျခအေန အလြန္အမင္း ဆိုး႐ြားသြားခဲ့ေလေတာ့၏။ သူက ၎တို႔ကို အခ်ိန္အတန္ၾကာသည္အထိ စိုက္ၾကည့္ေနခဲ့ၿပီး ေနာက္ဆုံး၌ စင္ကို ဆြဲျဖဳတ္လိုက္သည္။ ထို႔ေနာက္ အဆိုပါ ဘူးမ်ား၊ ပလုံးမ်ားႏွင့္ စင္ကိုပါ ေအာက္ထပ္ရွိ အမွိုက္ပုံးထဲသို႔ သြားလႊင့္ပစ္လိုက္ေလ၏။
အခ်ိန္အေတာ္ၾကာ ႐ုန္းကန္ၿပီးသည့္ေနာက္ အိပ္ရာေပၚ ေက်ာခ်လိဳက္ခ်ိန္တြင္ေတာ့ သူ႕မွာ အခ်ိန္ကိုပင္ ထပ္မၾကည့္လိုက္နိုင္ေတာ့ဘဲ မ်က္ဝန္းတို႔ကို မွိတ္လိုက္သည္ႏွင့္ တန္းအိပ္ေပ်ာ္သြားခဲ့ေလေတာ့သည္။
ပုံမွန္အားျဖင့္ သူ အိပ္မက္မမက္တတ္ပါ။ ေန႕ေန႕ညည နက္နက္နဲနဲေတြးသည့္အခါမ်ိဳးမွသာလွ်င္ မက္တတ္သည္။ သူ ေတာင္ေပၚ၌ ေနခဲ့စဥ္ ေန႕တိုင္း တစ္ခုမွ မေတြးခဲ့။ ေတာင္မ်ားႏွင့္ ေျမႀကီးတို႔ကိုသာ ၾကည့္ေနရကား အိပ္မက္မက္ရန္ မည္သည့္အေၾကာင္းအရာရင္းျမစ္ကိုမွ ရွာမရ။
သို႔ေသာ္ ယေန႕ သူ အိပ္မက္တစ္ခု မက္ခဲ့သည္။
အေဖ ေရာက္လာသည္။
သူေျပးသည္။
ရည္းစားေဟာင္း ေရာက္လာသည္။
သူေျပးသည္။
သားေရာက္လာသည္။
သူေျပးသည္။
လီေပၚဝမ္ မည္သည့္ေနရာမွ ေခၚလာမွန္းမသိသည့္ မိန္းမမ်ားႏွင့္ သူ႕အိပ္ရာထက္ လူးလိမ့္သည္၊ သူ႕ဗီရိုထဲတြင္ လူးလိမ့္သည္၊ သူ႕ေရခ်ိဳးခန္းထဲတြင္ လူးလိမ့္သည္...
သူက ေဒါသတႀကီးႏွင့္ ထိုႏွစ္ေယာက္နား ေျပးသြားကာ အိမ္ထဲမွ ေမာင္းခ်လိဳက္သည္။
မည္သို႔ပင္ဆိုေစ သူ႕မွာ ပရမ္းပတာညတစ္ညလုံး ေျပးေနခဲ့ရေလ၏။
အိပ္ရာမွ နိုးလာေတာ့ သူ႕မွာ ယမန္ေန႕ညက ေျမႀကီးတူးရန္သြားေနသည္ဟု ထင္ေယာင္ထင္မွားျဖစ္ေနခဲ့ေသာ္လည္း အိပ္မက္အေၾကာင္းအရာကိုကား မသဲကြဲေတာ့။ ေနာက္ဆုံးမွတ္မိေသာျမင္ကြင္းမွာ သူ ေရခဲေသတၱာကို ဖြင့္လိုက္ခ်ိန္၌ ဖန္းခ်ီက ေရခဲေသတၱာထဲမွေန၍ သူ႕အား အထင္ေသးေသာအၿပဳံးႏွင့္ : "ပါပါး"
အိပ္စက္ၿပီးေနာက္ သဘာဝအတိုင္းေလး အိပ္ရာမွ နိုးထလာမည္ ဆိုေသာ ေမွ်ာ္လင့္ခ်က္ေလးမွာ ေလထဲ လြင့္သြားခဲ့ေလၿပီ။
ေစာေစာစီးစီး ေျခသံမ်ား မရွိ၊ ႏႈတ္ဆက္သံ၊ စကားေျပာသံမ်ား မရွိ၊ ၾကက္ဖႀကီး၏ ေအာက္အီးအီအြတ္ေအာ္သံမ်ား မရွိ၊ သူ႕တံခါးကို လာေခါက္သူ မရွိေသာ္လည္း... စြန္းဝမ့္ခြၽီသည္ အိပ္ရာေပၚ လွဲလ်က္ ခဏမွ် မ်က္ႏွာၾကက္ကို ေၾကာင္ေတာင္ေငးစိုက္ၾကည့္ေနမိသည္။ ထို႔ေနာက္ အိပ္ရာမွထ၍ မီးဖိုေခ်ာင္ထဲဝင္ကာ ေရခဲေသတၱာတံခါးကို ဖြင့္လိုက္သည္။
ကံေကာင္းေထာက္မ၍ မာလ်န႔္က သူ႕အတြက္ ဝယ္ထည့္ေပးထားေသာ ဒိန္ခ်ဥ္ပုလင္းအနည္းငယ္သာလွ်င္ ရွိ၏။
သူက တစ္ပုလင္းထုတ္ယူကာ ေသာက္လိုက္သည္။ အရသာက ေကာင္းသည္။ သို႔ေသာ္ အနည္းငယ္ ထူးဆန္း၏။ အထဲ၌ အသီးဖက္ကေလးမ်ားကဲ့သို႔ အဖက္အဖက္ကေလးမ်ားပါသည္။ သူ ၾကည့္ၾကည့္လိုက္ေတာ့ ရွားေစာင္းလက္ပပ္ျဖင့္ ျပဳလုပ္ထားေၾကာင္း ေတြ႕လိုက္ရသည္။
ဒိန္ခ်ဥ္ေသာက္ၿပီးေနာက္ ညအိပ္ဝတ္စုံျဖင့္ အိမ္ကို ခဏပတ္ၾကည့္လိုက္ၿပီး တီဗီဖြင့္လိုက္သည္။ ေနာက္ဆုံးတြင္ေတာ့ ျပတင္းေပါက္နား သြားရပ္၏။
႐ုတ္တရက္ အနည္းငယ္ ဟာလာဟင္းလင္းခံစားလိုက္ရသည္။
၃ ႏွစ္ေလးတည္းႏွင့္ လြန္ခဲ့ေသာ ၃ ႏွစ္က သူ႕ဘဝႏွင့္ သူ၏ေန႕စဥ္ဘဝကို မည္သို႔မည္ပုံျဖတ္သန္းခဲ့ေၾကာင္းတို႔ကို ေမ့လုနီးပါးျဖစ္သြားသည္။
ေတာင္ၾကားထဲေနခဲ့ရသည့္ လြန္ခဲ့ေသာ ၃ ႏွစ္အတြင္း၌ သူသည္ ေန႕စဥ္ ဘာလုပ္စရာမွ မရွိဘဲ အင္ဂ်င္နီယာဌာနႏွင့္ တူးေဖာ္ေရးဆိုက္တို႔ၾကား ေခါက္တုံ႕ေခါက္ျပန္သြားကာ အခ်ိန္ထိုင္ျဖဳန္းခဲ့ေသာ္လည္း ဗိုက္ဆာလွ်င္ စားသည္၊ စားၿပီးလွ်င္ အိပ္သည္၊ လုပ္စရာမရွိလွ်င္ ေတာင္ၾကားထဲ လမ္းပတ္ေလွ်ာက္ၿပီး ေတာင္ပူစာေလးတစ္ေနရာရွာကာ ထိုင္၍ နာရီပိုင္းမွ် အပင္မ်ားကို စိုက္ၾကည့္သည္။
သို႔ရာတြင္မူ ယခုကဲ့သို႔ ေတြေဝမေနခဲ့ဖူးေပ။ ေမွ်ာ္လင့္ခ်က္တစ္ခု ရွိလာ၍ေပပင္လား။ ၃ ႏွစ္တာမွ် ေစာင့္ေမွ်ာ္ေနခဲ့ရၿပီးသည့္ေနာက္တြင္ေတာ့ သူ လြတ္လပ္သြားခဲ့ေလၿပီ။
အခု လြတ္လပ္သြားၿပီဆိုေတာ့ ေနာက္ ဘာဆက္လုပ္ရမလဲ။
သူသည္ ဖုန္းသြားယူလိုက္ၿပီး Contact ထဲမွ ဖုန္းနံပါတ္မ်ားကို ၾကည့္လိုက္သည္။ အားလုံးက သူ႕သူငယ္ခ်င္းမ်ားသာ။ သို႔ေသာ္ သူ႕ဘက္မွ စတင္၍ ဖုန္းေခၚဆိုလိုစိတ္ရွိသူ မည္သူမွ မရွိ။
သူ ဖုန္းကို ပစ္တင္လိုက္ရန္အျပင္တြင္ပင္ ဖုန္းဝင္လာသည္။
လုေပၚဝမ္နံပါတ္ပင္။
စြန္းဝမ့္ခြၽီက မ်က္ေမွာင္ၾကဳတ္၍ ဖုန္းကိုင္လိုက္သည္။
"ရို႔! ငါက မင္း ဒီခ်ိန္ ဖုန္းမကိုင္ေလာက္ဘူးထင္တာ!"
လုေပၚဝမ္က ဖုန္းထဲမွ ေအာ္ေျပာသည္။
"ေစာေစာနိုးေနလို႔"
စြန္းဝမ့္ခြၽီက ခန္းဆီးကို ဆြဲဖြင့္လိုက္ၿပီး ျပတင္းေပါက္နား ရပ္လိုက္သည္။
"ညေနက် ငါ မင္းကို လာေခၚမယ္"
လုေပၚဝမ္က ဆိုသည္။
"ငါ ဘိုကင္တင္ထားၿပီ"
"ဘယ္သူေတြ ပါလဲ"
စြန္းဝမ့္ခြၽီက ေမး၏။
"ဘယ္သူေတြ ပါရမွာလဲ။ ဒီလူေတြပဲေပါ့။ သူတို႔ေတြ မင္း ျပန္လာမဲ့အခ်ိန္ကို ေစာင့္ေနၾကတာ ၾကာလွၿပီ။ အစကေတာ့ သူတို႔ေတြ ငါ့အိမ္ကို လာၾကမလို႔ပဲ။ ဒါေပမဲ့ ငါက ဒါကို ဒီတိုင္းသာမန္ကာလွ်ံကာေလးပဲ မလုပ္နိုင္ဘူးလို႔ပဲ ေတြးေနမိလို႔ေလ။ ငါ မင္းကို ေကာင္းေကာင္းဧည့္ခံရမွာေပါ့"
လုေပၚဝမ္က ေျပာလာသည္။
"ေျပာေနတဲ့ပုံက မသိရင္ ငါက ၃ ႏွစ္ေလာက္ ေဆာင့္ေၾကာင္ထိုင္ေနခဲ့ရတဲ့ အတိုင္း"
စြန္းဝမ့္ခြၽီက တစ္ခ်က္ရယ္လိုက္သည္။
"၃ ႏွစ္ေလာက္ ေဆာင့္ေၾကာင္သြားထိုင္တာနဲ႕ ဘာမွမကြာပါဘူး"
လုေပၚဝမ္က ရယ္လ်က္ ဆိုသည္။
"မင္း ဒီနံပါတ္ပဲ သုံးေသးတာလား။ ငါ သူတို႔ကို မင္းဆီ မေခၚေသးဖို႔ ေျပာထားတာ။ လူအိုႀကီးကိုင္မွာ စိုးလို႔"
"ျပန္ယူထားတာ"
စြန္းဝမ့္ခြၽီက မေန႕က အဝတ္အစားမ်ားႏွင့္ မသုံးရေသးေသာ တစ္ကိုယ္ရည္သုံးပစၥည္းမ်ားကို ေတြးမိသြားေတာ့ ေျပာလိုက္၏။
"ငါ မင္းအတြက္ ယူလာေပးစရာရွိေသးလား"
"ငါ့အတြက္ ဘာယူလာမလို႔လဲ"
လုေပၚဝမ္က ခဏမွ် ေၾကာင္အကာ တန႔္သြားခဲ့ၿပီး ၂ စကၠန႔္မွ်ၾကာၿပီးေနာက္ ထပ္ရယ္ေလေတာ့သည္။
"မလိုေတာ့ဘူး။ လႊင့္ပစ္လိုက္ေတာ့"
"အင္း"
စြန္းဝမ့္ခြၽီက ျပန္ေျဖလိုက္သည္။
"ငါ မင္းကို ေျပာျပမယ္... ငါသာ အဲကို မၾကာခဏ သြားမစစ္ရင္ေလ"
လုေပၚဝမ္က အနည္းငယ္မေက်မခ်မ္းေလသံႏွင့္ ဆိုလာသည္။
"မာလ်န႔္က မင္းအိမ္ကို ဘာမွေတာင္ လုပ္ေပးထားမွာ မဟုတ္ဘူး"
"အင္း"
စြန္းဝမ့္ခ်ီက မည္သို႔မွ မဆို။
"ဒါဆိုလဲ..."
လုေပၚဝမ္က အနည္းငယ္မ်က္ႏွာပူေနဟန္ရွိသည္။
"ေန႕လယ္ ငါ မင္းကို လာေခၚတဲ့အခါ ဖုန္းဆက္လိုက္မယ္ေလ"
"အင္း"
စြန္းဝမ့္ခြၽီက ေနာက္တစ္ခ်က္ ထပ္ "အင္း" လိုက္သည္။
"ဒါဆို ဒါပဲေနာ္"
လုေပၚဝမ္က ဖုန္းခ်သြားသည္။
စြန္းဝမ့္ခြၽီသည္ အဝတ္အစားလဲ၍ မနက္စာစားရန္ ထြက္လာခဲ့သည္။ သို႔ေသာ္ သူထြက္လာကတည္းက သူ႕ဖုန္းက ဆက္တိုက္ကို တုန္ခါေနခဲ့၏။ ေယာက္်ားေလးလည္းပါသည္၊ မိန္းကေလးမ်ားလည္း ပါသည္။ အားလုံးက သူ႕အေပါင္းအသင္းေဟာင္းမ်ားပင္။
သူတို႔က "ဘယ္အခ်ိန္ ျပန္ေရာက္တာလဲ" ဟု ေမးၾကသည္၊ ထို႔ေနာက္ "အတူ ဆုံခ်င္တယ္" ဟု ဆိုၾကသည္။
လီေပၚဝမ္ သတင္းဖြလိုက္ျခင္း ျဖစ္ေလာက္မည္။
သူ ေတာင္ၾကားထဲ ရွိေနခဲ့စဥ္တစ္ေလွ်ာက္လုံး ထိုလူမ်ားႏွင့္ အဆက္အသြယ္မရွိခဲ့ေပ။
သူ႕အေဖက သူ႕ကို ေတာင္ၾကားထဲသို႔ ေမာင္းထုတ္လိုက္စဥ္က သူ႕ဖုန္းကိုလည္း အတင္းသိမ္းသြားခဲ့သည္။ မန္ေနဂ်ာက်န္းက သူ႕ကို ကီးပတ္ဖုန္းတစ္လုံးေပးခဲ့ေသာ္လည္း ႐ႊံ႕ေစးေျမတူးေဖာ္ေရးဆိုက္ရွိရာ ၿမိဳ႕အျပင္ဘက္၌ လိုင္းမမိ၊ ေျမတူးေရးအလုပ္သမားမ်ားေလာက္ပင္ မေကာင္း။
ဖုန္းအကူအညီမလိုဘဲ သူ ဖုန္းနံပါတ္ မွတ္မိနိုင္သည့္ တစ္ဦးတည္းေသာသူကား မာလ်န႔္ပင္။
သို႔ရာတြင္မူ မာလ်န႔္က သူ၏အသိမ္းခံထားရေသာ ဖုန္းကို မည္သည့္နည္းလမ္းမ်ားသုံး၍ ျပန္ယူလာခဲ့မွန္းမသိေသာ္လည္း သူကေတာ့ အထဲမွ ဖုန္းနံပါတ္မ်ားကို သူ႕ထံသို႔ မပို႔ခိုင္းခဲ့ေပ။ ထိုစဥ္က ေခါင္သီေသာ အရပ္ေဒသက သူ႕အေဖကို ၿပိဳင္လိုေသာ သူ၏စိတ္အားထပ္သန္စိတ္ကို မီးစရွို႔ထားခဲ့သည္။
ေတာင္ၾကားထဲ သြားရမယ္ဆိုေတာ့လဲ ေတာင္ၾကားထဲ သြားလိုက္တာေပါ့။
၃ ႏွစ္ဆိုေတာ့လဲ ၃ ႏွစ္ေပါ့။
အေပါင္းအသင္းေတြနဲ႕ မဆက္သြယ္နဲ႕ဆိုေတာ့လဲ မဆက္သြယ္ဘူးေပါ့။
အဲမွာသြားေနလို႔ ေသသြားမွာမို႔လို႔လား။
အိမ္ရာဝန္း၏ လမ္းတစ္ဘက္ျခမ္းတြင္ မနက္စာစားၿပီး ဖုန္းေကာလ္ ၁၀ ခုေက်ာ္ခန႔္ ေခၚလိုက္ေျပာလိုက္ႏွင့္ လီေပၚဝမ္ေၾကာင့္ အနည္းငယ္ညစ္ၫူးေနခဲ့ေသာစိတ္ကေလးမွာ ျပန္လည္ အဆင္ေျပသြားခဲ့သည္။
တစ္ခ်ိန္တည္းတြင္ပင္ ယခင္က အဆိုပါ အနည္းငယ္ဗလာက်င္းေနခဲ့ေသာ စိတ္အေျခအေနသည္လည္း အဆင္ေျပသြားခဲ့၏။ အႏွီ ရင္းႏွီးေသာသူမ်ား၊ ရင္းႏွီးေသာ အသံမ်ား၊ ရင္းႏွီးေသာ စကားေျပာဟန္မ်ားက သူ႕အား သူ၏ယခင္ခံစားခ်က္တို႔ကို အလ်င္အျမန္ပင္ ျပန္ရသြားေစခဲ့သည္။
ထိုလူမ်ားအနက္ သူငယ္ခ်င္းေကာင္းတစ္ေယာက္တစ္ေလမွ မပါေသာ္ျငား စြန္းဝမ့္ခြၽီအတြက္မူ ဤသည္ကား သူေနေနက်ဘဝသို႔ ျပန္လည္ေရာက္ရွိလာခဲ့ျခင္းသာ ျဖစ္သည္။
ညေနဘက္တြင္ ဒင္နာတစ္ခုရွိၿပီး အားလုံးလည္း မေတြ႕ရသည္မွာ ႏွစ္ခ်ီေနၿပီျဖစ္ေရာ စြန္းဝမ့္ခြၽီသည္ သူ႕ကိုယ္သူ မွန္ထဲၾကည့္ၿပီးေနာက္ စြန္းက်ားယြဲ႕ ၫႊန္းေပးထားေသာ စတိုင္လစ္အား သူ႕ကို ဆံပင္လာညွပ္ေပးရန္အတြက္ ဖုန္းေခၚရန္ ဆုံးျဖတ္လိုက္သည္။
လိပ္စာကတ္ကို ၾကည့္ပင္မၾကည့္ဘဲ စားပြဲခုံေပၚ ပစ္တင္ထားခဲ့ျခင္းျဖစ္သည္။ သူက ေကာက္ယူကာ ဖုန္းေခၚဆိုရန္ ျပင္လိုက္စဥ္ စတိုင္လစ္၏နာမည္က Tony Kevin လည္းမဟုတ္၊ Andy Peter လည္းမဟုတ္ဘဲ...
ေရွာင္က်ီးတဲ့။
မိန္းကေလးလား
"ၾကက္မေလး(ေရွာင္က်ီး)?"
စြန္းဝမ့္ခြၽီမွာ နာမည္ကို ႐ြတ္လိုက္မိေတာ့ အနည္းငယ္ အိုးတိုးအမ္းတမ္း ခံစားလိုက္ရသည္။ ထိုလူက စကားေျပာလွ်င္ ကေတာ္၊ ကေတာ္ဟု ျမည္ေနေလာက္မည္ဟုလည္း စိတ္ထဲထင္ေနမိ၏။
"ဟုတ္ပါတယ္... ဘယ္သူမ်ားလဲ မသိဘူး"
ေရွာင္က်ီးက ေယာက္်ားႀကီး။ သူ႕အသံက အေတာ္ေလးေယာက္်ားဆန္သည္။ ကေတာ္၊ ကေတာ္အသံႏွင့္လည္း လုံးဝမတူ။
"စြန္းက်ားယြဲ႕က ဒီနံပါတ္ေပးထားလို႔..."
စြန္းဝမ့္ခြၽီက ေျပာလိုက္သည္။
"က်ားယြီက်ဲရဲ႕ သူငယ္ခ်င္းလား။ ဘာကိစၥမ်ားရွိလို႔လဲ မသိဘူး"
ေရွာင္က်ီး၏ ခ်က္ခ်င္းပင္ ဆိုလာ၏။ သူ႕ေလသံအရ စြန္းက်ားယြီႏွင့္ အင္မတန္ရင္းႏွီးပုံရသည္။
"စြန္းဝမ့္ခြၽီ"
"စြန္းေကာ ဆံပင္ညွပ္ခ်င္လို႔လား။ ဒီေန႕လား။ ဒီေန႕ဆိုရင္ေတာ့ ကြၽန္ေတာ္ ေန႕လယ္ေလာက္မွ လာလို႔ရမယ္"
ေရွာင္က်ီးက စိတ္အားထက္သန္စြာ စကားအရွည္ႀကီး ေျပာသြားသည္။
"အာ...မ်ိဳးရိုးနာမည္က စြန္းပဲဆိုေတာ့... က်ားယြီက်ဲရဲ႕ ေမာင္ေလးမ်ား..."
"ဟုတ္ကဲ့"
စြန္းဝမ့္ခြၽီက သူ႕ကို စကားျဖတ္ျပာလိုက္သည္။
"ဒါဆို ေန႕လယ္က် လာခဲ့လိုက္ပါ"
ေရွာင္က်ီးကို လိပ္စာေပးၿပီးေနာက္ သူသည္ ဖုန္းကို ျမန္ျမန္ဆန္ဆန္ခ်ပစ္လိုက္၏။ သူသည္ကား စကားအလြန္မ်ားေသာ သူစိမ္းတို႔ကို မခံနိုင္။
-
"ကြၽန္ေတာ့္ကို အ႐ူးလုပ္တာပဲ"
ဖန္းခ်ီသည္ ကားေရွ႕ခုံတန္း၌ ထိုင္၍ ခ်န္ရွင္းထံ ဖုန္းဆက္လိုက္သည္။ သူ႕ေနာက္တြင္ေတာ့ ဦးေလးႀကီး၊ အေဒၚႀကီးမ်ား အေယာက္ ၃၀ ေက်ာ္ခန့္က ပြက္ေလာညံစြာ စကားေျပာေနၾကၿပီး အခ်ိဳ႕က က်ယ္က်ယ္ေလာင္ေလာင္ သီခ်င္းေအာ္ဆိုေနၾကသည္။
"မင္းကို ဘာလို႔ အ႐ူးလုပ္ရမွာလဲ"
ခ်န္ရွင္းက ရယ္လ်က္ ေျပာလာ၏။
"ေျပာေတာ့ ေခြးေကာင္ေလးေတြအဖြဲ႕ဆို။ ဦးေလးႀကီးေတြ၊ အေဒၚႀကီးေတြအဖြဲ႕မွန္း အသိသာႀကီးကို"
ဖန္းခ်ီက ေျပာလိုက္သည္။
"ငါလဲ အခုေလးတင္မွ သိလိုက္ရတာပါကြာ။ စိတ္ထဲထားမေနနဲ႕... ငါနဲ႕ ႐ြယ္တူနီးပါးေလးေတြပဲကို"
ခ်န္ရွင္းက သီခ်င္းဆိုသံကို ၾကားသြားသည္ ျဖစ္မည္၊ ပို၍ပင္ သေဘာတက်နဲ႕ ေအာ္ရယ္ေလေတာ့၏။
"မင္းက ဘာလို႔ ေခြးေကာင္ေလးေတြအဖြဲ႕ကို ႀကိဳက္တာလဲ"
"ႀကိဳက္တယ္လို႔ မေျပာပါဘူး။ ေနာက္တစ္ခါ ကြၽန္ေတာ့္ကို ထပ္ၿပီး မလည္ရႈပ္မလုပ္ပါနဲ႕"
ဖန္းခ်ီက ေခါင္းကို တစ္ဖက္သို႔ လွည့္၍ ျပတင္းေပါက္ အျပင္ဘက္သို႔ ၾကည့္လိုက္သည္။
"ဒီတိုင္း သိပ္မအဆင္မေျပလို႔"
"ဦးေလးႀကီးေတြ၊ အန္တီႀကီးေတြက ေဒါင္ေဒါင္ျမည္ၿပီးသား။ အားလုံး ပုံမွန္ စက္ဘီးေနက်၊ ေျခက်င္ေလွ်ာက္ေနက် သူေတြခ်ည္းပဲ။ မင္း သူတို႔အတြက္ ဘာမွစိတ္ပူစရာမရွိဘူး"
ခ်န္ရွင္းက ေျပာသည္။
"ေနာက္တစ္ခါက် လူငယ္ေလးေတြအုပ္စုနဲ႕ ခ်ိတ္ေပးပါမယ္ကြာ"
"ႏွစ္သစ္ကူးၿပီးရင္ စာျပန္ၾကည့္ရေတာ့မယ္။ ကြၽန္ေတာ္ မ-"
ဖန္းခ်ီမွာ စကားပင္ ဆုံးေအာင္မေျပာနိုင္လိုက္၊ သူ႕ေနာက္မွ အေဒၚႀကီးတစ္ေယာက္က ႐ုတ္တရက္ ထရပ္ၿပီး ေအာ္ေလ၏။
"ေရွာင္လင္ေရ--"
"အာ့"
ဖန္းခ်ီမွာ အလန႔္တၾကားျဖစ္သြားခဲ့ၿပီး ကားမွန္ႏွင့္ ႏွဖူးႏွင့္ ေဆာင့္မိလုမတတ္ျဖစ္သြားခဲ့ရသည္။ သူ ေနာက္သို႔လွည့္ၾကည့္လိုက္ေတာ့ အေဒၚႀကီးက သူ႕ေနာက္ခုံမွ အျခားအေဒၚႀကီးတစ္ေယာက္ကို ေရွ႕လာထိုင္ရန္ ေျပာေနသည္ကို ေတြ႕လိုက္ရ၏။ သူက သက္ျပင္းခ်ကာ အသံတို႔ႏွိမ့္လိုက္သည္။
"ေသမလိုလန႔္သြားတာပဲ"
"ငါလဲ လန႔္သြားတာ"
ခ်န္ရွင္းက အခ်ိန္အတန္ၾကာေအာင္ ရယ္ေနခဲ့သည္။
"ေဟး... မင္း စာျပန္ၾကည့္ရမယ္လို႔ ေျပာလိုက္တာလား"
"ကြၽန္ေတာ္ ေနာက္ႏွစ္ တကၠသိုလ္ဝင္ခြင့္ေျဖရေတာ့မွာ။ ၆ လပဲက်န္ေတာ့တယ္"
ဖန္းခ်ီက ေျပာလိုက္သည္။
"ဒီေန႕ ခြင့္သြားတိုင္ေတာ့ ကြၽန္ေတာ့္အတန္းပိုင္ဆရာဆီမွာ ျဖစ္ထြန္းမေနမဲ့ အေလာင္းအလ်ာတစ္ေယာက္လိုေတာင္ အၾကည့္ခံခဲ့ရေသးတယ္"
"မင္းသာမေျပာရင္ မင္းက အထက္တန္းတတိယႏွစ္ဆိုတာကိုေတာင္ ငါေမ့ေတာ့မလို႔"
ခ်န္ရွင္းက သက္ျပင္းခ်သည္။
"အင္းး... မင္းက ငါ့မ်က္ေစ့ေရွ႕တင္ အ႐ြယ္ေရာက္လာတာပဲ"
"အဲလိုဆို ဆရာလဲ ကြၽန္ေတာ့္မ်က္ေစ့ေရွ႕တင္ အိုလာတာပဲေပါ့"
ဖန္းခ်ီက ေနာက္သို႔ တစ္ခ်က္ျပန္လွည့္ၾကည့္လိုက္သည္။
"ေကာင္းပါၿပီ... မင္းကို ထပ္မေျပာေတာ့ပါဘူး။ ငါ ခဏေနရင္ ေရာက္မယ္"
ဖန္းခ်ီသည္ ပေရာ္ဖက္ရွင္နယ္လမ္းၫႊန္တစ္ေယာက္ျဖစ္႐ုံသာမက ခ်န္ရွင္း၏ Outdoor Club စတင္တည္ေထာင္ခဲ့ကတည္းက ရွိလာခဲ့သူျဖစ္သည္။ သူ မၾကာခဏ သြားလာေနခဲ့ရေသာ ေနရာမ်ားျဖစ္ျခင္းေၾကာင့္ ရင္းႏွီးကြၽမ္းဝင္ေနၿပီျဖစ္၏။ အစကေတာ့ ဝန္ထမ္းအင္အားမလုံေလာက္ေသာေၾကာင့္ သူ႕ကို အကူအညီလာေတာင္းခဲ့႐ုံသာျဖစ္သည္။ ထို႔ေနာက္တြင္ေတာ့ သူက တျဖည္းျဖည္းႏွင့္ သူ႕ထံသို႔သာ တိုက္ရိုက္ေရာက္လာခဲ့ေလေတာ့၏။
သို႔ေသာ္လည္း ဤအလုပ္က လြယ္ကူလွသည္ေတာ့ မဟုတ္ပါ။ ပင္ပန္းၿပီး ေပ်ာ္စရာလည္းမေကာင္းေပ။
"ခဏေနရင္ ဒီကေန စထြက္ၾကမယ္"
ကားက ေတာင္ၾကားထဲသို႔ ဝင္လာခဲ့ၿပီးေနာက္ ေတာင္နံရံစြန္းနားရွိ ေျမျပန႔္ေနရာ၌ ရပ္လိုက္သည္။ အသင္းေခါင္းေဆာင္က အသင္းဝင္မ်ားကို လည္ေခ်ာင္းသံႏွင့္ ေအာ္ေျပာလိုက္၏။
"အရင္ဆုံး Panshan ေတာင္ၾကားလမ္းကို ခဏျဖတ္ၿပီးမွ ေတာင္ထဲေရာက္မယ္။ ကိုယ့္ပစၥည္းပစၥေတြကို ထုပ္ပိုးၿပီး ဖိနပ္ေတြကို ျပန္စစ္ၾကပါ။ လမ္းက ေလွ်ာက္ရခက္မယ္။ ေျခေခါက္မလဲေအာင္ ဂ႐ုစိုက္ၾကပါ"
ဖန္းခ်ီက လမ္းေဘးရွိ အပင္တစ္ပင္ေအာက္၌ ေျခေထာက္နား သူ႕အထုပ္ကိုခ်ကာ ရပ္လ်က္ စကားတစ္ခြန္းမဆိုဘဲ နားေထာင္ေနခဲ့သည္။ အသင္းဝင္မ်ားႏွင့္ယွဥ္လွ်င္ သူ႕ပစၥည္းထုပ္ပိုးမႈက ပို၍ ပေရာ္ဖက္ရွင္နယ္က်သည္။ အေဒၚႀကီးအခ်ိဳ႕က ၎ကို အခ်ိန္အတန္ၾကာေအာင္ ဝိုင္းၾကည့္ေနခဲ့ၾက၏။
"ဒါက ငါတို႔ရဲ႕ ဒီတစ္ေခါက္ ေတာင္ၾကား Trekking အတြက္ ဂိုက္၊ ဖန္းခ်ီ"
အသင္းေခါင္းေဆာင္က လွည့္ကာ ဖန္းခ်ီကို ၫႊန္ျပသည္။
"သူက ဒီအပိုင္းနဲ႕ပတ္သတ္ၿပီး အရမ္းရင္းႏွီးတယ္။ သူက ထူးျခားတဲ့ေျမေနရာေတြကို ေရာက္ရင္ အားလုံးကို သတိေပးလိမ့္မယ္..."
ဖန္းခ်ီက ေရာက္လာၾကေသာ အသင္းဝင္မ်ားကို ႏႈတ္ဆက္သည့္အေနႏွင့္ ေခါင္းညိတ္ျပလိုက္၏။ ေသခ်ာၾကည့္ၾကည့္လိုက္ေတာ့ အဆိုပါအဖြဲ႕သားမ်ားမွာ အသက္ ၄၀ ေက်ာ္႐ုံသာရွိၾကေသးသည္။ လူငယ္အုပ္စုမ်ားေလာက္ စိတ္ဝင္စားမႈမရွိၾက။ သို႔ေသာ္ တကယ့္အစစ္အမွန္ ဦးေလးႀကီး၊ အေဒၚႀကီးအုပ္စုမ်ားထက္ေတာ့ ပို၍ သန္မာၾကသည္။ ဟုတ္လည္း ဟုတ္ပါ၏။ တကယ့္လူႀကီးမ်ားက မ်ားေသာအားျဖင့္ ညအိပ္ညေန မေနတတ္ၾကေပ။
အဖြဲ႕ေခါင္းေဆာင္က ေျပာျပၿပီးသားျဖစ္ေသာ ႀကိဳတင္ကာကြယ္မႈအေၾကာင္းတို႔ကို ရိုးရိုးရွင္းရွင္းပင္ ရွင္းျပၿပီး အားလုံးက ကိုယ့္အိတ္ကိုကိုယ္ဆြဲကာ ေတာင္ရွိရာသို႔ စတင္ေလွ်ာက္ၾကေလေတာ့၏။
အဖြဲ႕ေခါင္းေဆာင္ႏွင့္ ဖန္းခ်ီတို႔မွာ မရင္းႏွီးၾကေသာေၾကာင့္ ေျပာစရာစကားမရွိ။ သူက
သူ႕ေနာက္မွအဖြဲ႕ဝင္မ်ား၏ စကားေျပာသံမ်ားကို နားေထာင္၍ အဖြဲ႕၏ေရွ႕မွ တိတ္တဆိတ္သာ တစ္ေယာက္တည္းေလွ်ာက္ေနခဲ့သည္။
ပထမ မိနစ္ ၂၀ အတြင္းေတာ့ စကားသံတို႔က တက္တက္ႂကြႂကြ ညံစီလ်က္။ ေနာက္ နာရီဝက္ခန႔္အၾကာတြင္ေတာ့ မည္သူမွ် စကားမေျပာလိုက္ၾကေတာ့ေပ။ Panshan ေတာင္ၾကားလမ္က လမ္းျပန႔္သည့္တိုင္ အလြန္အမင္းမတ္ေစာက္ၿပီး လမ္းေလွ်ာက္ရ အလြန္ပင္ပန္းသည္။
ဖန္းခ်ီက ေနာက္သို႔ လွည့္ၾကည့္လိုက္သည္။ သူတို႔က စကားမေျပာၾကေတာ့ေသာ္ျငားလည္း ထိုဦးေလးႀကီး၊ အေဒၚႀကီးတို႔မွာ ပုံမွန္ ေလ့က်င့္ခန္းလုပ္ေလ့လုပ္ထရွိသူမ်ားျဖစ္ေၾကာင္း သိနိုင္ၿပီး ယခုထိ တက္တက္ႂကြႂကြ ေလွ်ာက္ေနၾကေသးဆဲ။
တစ္နာရီခန႔္ ေလွ်ာက္လာခဲ့ၾကၿပီးေနာက္ ဖန္းခ်ီက ရပ္လိုက္သည္။
"ေရွ႕မွာ လမ္းခ်ိဳးတစ္ခု ထပ္သြားရအုံးမယ္..."
စကားေျပာေနစဥ္ သူ႕ဖုန္းက အသံျမည္လာခဲ့၏။ သူက ဖုန္းကိုထုတ္ကာ ၾကည့္လိုက္သည္။ ဖန္းယင္ပင္။
"ဒီလိုအရွိန္နဲ႕ဆို ေနာက္ ၁၅ မိနစ္ေလာက္ေနရင္ ေတာင္အဝင္လမ္းထဲ ေရာက္လိမ့္မယ္"
"နင္ ဒီညေနက် ငါနဲ႕ စြန္းဝမ့္ခြၽီဆီ လိုက္ခဲ့"
ဖန္းယင္က ဖုန္းထဲမွ ေျပာလာသည္။
"သူ ဒီေန႕ တစ္ေယာက္နဲ႕ ညစာစားဖို႔ရွိတယ္။ ငါ့အထင္ေတာ့..."
"ကြၽန္ေတာ္ ဒီေန႕ ၿမိဳ႕ကို ျပန္မေရာက္နိုင္ဘူး။ ေတာင္ေတြဘက္ လိုက္ပို႔ေနရလို႔"
ဖန္းခ်ီက ေျပာလိုက္သည္။
"ဘာ!"
ဖန္းခ်ီက ႀကဳံးေအာ္ေလေတာ့၏။
"ဒီႏွစ္ရက္အတြင္း သူ႕ကို ထပ္သြားရွာမယ္လို႔ ငါ နင့္ကို ေျပာထားတယ္မလား"
"မနက္ျဖန္မွ ျပန္ေရာက္မယ္"
ဖန္းယင္က သူ႕ကို ေအာ္ေတာ့မည္မွန္း ဖန္းခ်ီသိၿပီးသားပါပင္။
"မနက္ျဖန္..."
ဖန္းယင္က ခဏမွ် စဥ္းစားလိုက္သည္။
"ဒါဆိုလဲ မနက္ျဖန္၊ မနက္ျဖန္ညေပါ့။ ဒါေပမဲ့ ေစာေစာေတာ့ သြားရမယ္။ လိုလိုမယ္မယ္ သူ အျပင္ထြက္ရင္ တားလို႔ရေအာင္"
"...အြန္း"
ဖန္းခ်ီမွာ စြန္းဝမ့္ခြၽီ၏ စိတ္မရွည္ေသာ၊ အထင္အျမင္ေသးေသာ မ်က္ႏွာကို ဖ်က္ခနဲ ျမင္ေယာင္မိသြားကာ အနည္းငယ္ မသက္မသာခံစားလိုက္ရသည္။
____________________________