ကျွန်တော်ပိုင်သော သူမ (Comple...

Bởi Bellie_Kim

253K 3.2K 41

ကိုယ့်အဖေရဲ့မယားပါသမီးကို ငယ်စဉ်ကတည်းက ချစ်မိနေတဲ့PlayBoyနဲ့ အချစ်စစ်ကိုရှာဖွေနေတဲ့ကောင်မလေးတို့ရဲ့ဇာတ်လမ်း။ ... Xem Thêm

Part 1
Part 2
Part 3
Part 4
Part 5
စာရေးသူရဲ့ဖွင့်ဟချက်
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13🔞
Part 14
Part 15
Part 16
Part 17
Part 18
Part 19🔞
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27🔞
Part 28
Part 29
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38🔞
Part 39
Part 40(The End)
Hello Readers

Part 30

2.8K 50 0
Bởi Bellie_Kim

(Uni)

ရှိန်းနှင့်လရိပ်သည် သူတို့မဂ်လာပွဲအတွက် လိုအပ်သော ပစ္စည်းအချို့ကို၀ယ်ရန် ကုန်တိုက်သို့ ဈေး၀ယ်ထွက်လာကြသည်။သူမက ရှိန်းရဲ့ လက်ကိုချိတ်ပြီး  သူမတို့လိုအပ်တာတွေကို နေရာအနံ့လျှောက်ကြည့်ပြီး ၀ယ်နေကြသည်။

"လရိပ် ကိုယ်တို့‌အိမ်မပြန်ခင် ဒီမှာ တစ်ခုခုစားပြီးမှပြန်မလား"

"အင်း ကောင်းသားဘဲရှိန်း အဲ့လိုဘဲ လုပ်ကြရအောင်  လရိပ်လည်း အခုဗိုက်ဆာနေတာ"

"အင်း အဟွန့်"

ရှိန်းနှင့်သူမက တစ်ယောက်ကိုတစ်ယောက်ပြုံးပြလိုက်ပြီး ထိုကုန်တိုက်ရှိ စားသောက်ဆိုင်တစ်ဆိုင်မှာ ၀င်ပြီး စားသောက်နေလိုက်ကြသည်။

"လရိပ် ဘာစားမလဲ "

"ရှိန်း ကြိုက်တာမှာလေ  လရိပ်အကုန်စားတယ်"

"အင်း ဟုတ်ပြီးလရိပ်   ဟိတ်ညီလေး"

ရှိန်းက သူနဲ့သူမစား‌ သောက်ဖို့အတွက် စားစရာများကိုမှာရန် Waiter(စားပွဲထိုး)ကိုခေါ်လိုက်သည်။
စားပွဲထိုးက သူခေါ်လိုက်သည်နှင့် သူတို့အနားကိုအမြန်လျှောက်လာသည်။

"ဘာစားမလဲ အကို"

" ဟမ်ဘာဂါနှစ်ခုရယ် KFCကြက်ကြော်ရယ်နဲ့ သံပုရာ‌ရည်နှစ်ခွက်နော် မြန်မြန်လေးလုပ်ပေးနော် ဒီမှာ ဗိုက်အရမ်းဆာနေလို့"

"ဟုတ်ကဲ့ စိတ်ချပါ အကို"

သူက လရိပ်ကိုပြုံးကြည့်ပြီး ပြောလိုက်သည်ကြောင့် ထိုဝိတ်တာက သူပြောတာကို သဘောကျသွား၍ ပြုံးစိစိနှင့် ထိုနေရာကနေ အမြန်ဆုံးထွက်သွားလိုက်သည်။

"လရိပ် ဗိုက်အရမ်းဆာနေလား ခနလေးစောင့်ဦးနော် ကိုယ်က လရိပ်ကြိုက်တာချည်းမှာပေးထားတာ"

"အင်း ရှိန်း ကျေးဇူးဘဲ"

" ကျေးဇူးတင်တယ်ဆိုရင် ဒီလိုလေး ကျေးဇူးတင်ပါလား လရိပ် အဟွန့်"

ရှိန်း က သူ့ရဲ့ ပါးတစ်ဖက်ကိုထောက်ပြပြီး သူမကို ပြုံး၍ ပြောလိုက်သည်ကြောင့် သူမရှက်သွားပြီး ခေါင်းငုံ့ပစ်လိုက်သည်။

"ဟာ ရှိန်းကလည်း ရှက်စရာကြီး ဒီမှာလူတွေရှိနေတာကို "

"အာ ရှိလည်းဘာဖြစ်လဲ လရိပ်ကလည်း လာပါ ကိုယ့်ကိုကျေးဇူးတင်ရင် အာဘွားပေး"

"ဟင်အင်း ရှိန်းနော် အဲ့လိုတွေမကဲနဲ့ လရိပ်ရှက်တယ်"

"အဟွန့် လရိပ်ရှက်နေတာလေးက ချစ်ဖို့ကောင်းလိုက်တာ ကလေးလေးလိုဘဲ"

ရှိန်းက သူမကိုထိုသို့ပြောလိုက်ရင်း သူမရဲ့ ပါးကိုအသဲယားစွာ ဆွဲလိုက်သည်။လရိပ်ကလည်း ရှိန်းသူမပါးကိုဆွဲတာကိုသဘောကျစွာဖြင့် ငြိမ်ခံနေသည်။

"ရှိန်း "

"ဟင်"

သူတို့နှစ်ယောက် ကြည်နူးနေကြတုန်း သူ့ကိုခေါ်လိုက်တဲ့အသံကြောင့် သူလရိပ်ပါးကိုဆွဲနေတာ ရပ်လိုက်ပြီး သူ့ကိုခေါ်လိုက်တဲ့လူကိုကြည့်လိုက်‌တော့ ရူပါကျော်ဖြစ်နေသည်။ရူပါကျော်က သူတို့နှစ်ယောက်ကို မကျေနပ်သောမျက်လုံးနဲ့ကြည့်နေသည်။

"မင်း ဒီကိုဘာလာလုပ်တာလဲ ရူပါ"

"တော်တော်ပျော်နေကြတယ်ပေါ့  ဟုတ်လား"

ရူပါကျော်က လရိပ်ကိုမကျေနပ်စွာကြည့်ပြီး လရိပ်ဆီတိုးပြီးလျှောက်လာသည်ကြောင့် သူလရိပ်ကိုရူပါဟိုတုန်းကလို အန္တရာယ်ပြုမှာစိုး၍ကြောင့် သူ့ခုံကနေ အမြန်ထလိုက်ပြီး လရိပ်ရှေ့မှာ ရပ်လိုက်ပြီး  ကာကွယ်လိုက်သည်။

"ရူပါကျော် မင်း ငါ့လရိပ်ကိုပြသနာမရှာပါနဲ့ မင်းလာရာလမ်းအတိုင်းပြန်သွားပါ "

"အဟက် ငါ့လရိပ်တဲ့လား ရှိန်း ရှင်သူ့အပေါ်တော်တော်ဖြစ်နေတာဘဲ လရိပ်ပျို နင်တော်တော်စွမ်းတာဘဲ ရှိန်းကိုရော ရှိုင်းဆက်ကိုရော နှစ်ယောက်လုံးကိုအပိုင်ချိုင်ထားတာဘဲ နင့် အရည်အချင်းကို ချီးကျူးတယ် သိလား အဟက်"

"ရူပါကျော် မင်း.."

"ရှိန်း ခနလေး"

သူမက ရူပါကျော်ပြောတာကိုမခံနိုင်၍ အမြန်ထရပ်လိုက်ပြီး ရှိန်းကိုဖယ်ခိုင်းလိုက်ပြီး ရူပါကျော်ကို ရင်ဆိုင်လိုက်သည်။

"ရူပါကျော် နင်အခုပြောတာ ငါကရှိန်းကိုရော ရှိုင်းဆက်ကိုရော အပိုင်ချိုင်ထားတယ်လို့ပြောလိုက်တယ်နော် နင်ပြောတာလုံး၀မှားတယ် ရူပါကျော် ငါအခု ရှိုင်းဆက်နဲ့လမ်းခွဲလိုက်ပြီး  နင်ရှိုင်းဆက်ကို ဘယ်လိုသိနေလဲမသိပေမယ့် ရှိုင်းဆက်က အခုချိန်မှာ  ငါချစ်သူမဟုတ်တော့ဘူး အခုငါချစ်တဲ့သူက ရှိန်းတစ်ယောက်တည်းဘဲ ရှိန်းကလည်း ငါ့ကိုအရမ်းချစ်တယ် နင်အချစ်မခံရဘဲနဲ့ သူများရဲ့ ချစ်ခြင်းကို လိုက်လျှောက်မခွဲနဲ့ ရူပါကျော် နင့်ကိုစေတနာနဲ့ပြောတာ"

လရိပ်က ရူပါကျော်ကိုမကြောက်မရွံ့ဘဲ သူမပြောချင်တာ ရဲရဲပြောနေတာကို ရှိန်းက အံ့ဩပြီး ကြည့်နေမိသည်။

"လရိပ်ပျို နင်ရှိန်းအကြောင်း မသိသေးဘူးထင်တယ် ရှိန်း က ငါနဲ့ ဘယ်နှကြိမ်နမ်းခဲ့ပြီး ဘယ်နှကြိမ်အိပ်ခဲ့မှန်း နင်သိလား နင်ကအခု ငါ့အကျကို သုံးနေတာဘဲ သနားဖို့ကောင်းလိုက်တာ  လရိပ်ပျို"

"ရူပါကျော် မင်း မဟုတ်တာတွေ လျှောက်မပြောနဲ့ "

"အဟက် ဟုတ်လား ရူပါကျော်  ငါလည်းနင်သိအောင်ပြောလိုက်ဦးမယ် ကိုယ်နဲ့အိပ်ခဲ့တဲ့ယောကျာ်တစ် ယောက်က ကိုယ့်ကိုတာ၀န်မယူဘဲ ပစ်ထားပြီး အထားခံခဲ့ရတဲ့ နင့်ထက်စာရင် ငါက အဆပေါင်းများစွာသာသေးတယ် အခု ငါ့ထက်သနားဖို့အရမ်းကောင်းနေတာက နင်မဟုတ်ဘူးလား ရူပါကျော်"

"လရိပ်ပျို နင်.."

"ပြီးတော့ ပြောရဦးမယ် ရူပါကျော်"

သူမက ရှိန်းရဲ့ လက်ကိုချိတ်လိုက်ပြီး လရိပ်ပျိုကိုထိုသို့ပြောလိုက်သည်။

"ငါနဲ့ရှိန်းက ရှေ့အပတ်မှာ လက်ထပ်တော့မှာ  အခု ငါနဲ့ရှိန်းက ငါတို့ရဲ့ မဂ်လာပွဲအတွက်ပစ္စည်း‌ တွေလာ၀ယ်တာ ရူပါကျော် ငါတို့ရဲ့မဂ်လာပွဲကို  နင့်ကိုဖိတ်တယ် နင်လာဖြစ်အောင်လာခဲ့ ပြီးတော့ ရှိန်းအရင်တုန်း မိန်းကလေးဘယ်နှ‌ယောက်နဲ့ဘဲ အိပ်ခဲ့ အိပ်ခဲ့ အခုချိန်မှာ ရှိန်းက ငါ့တစ်ယောက်အတွက်ဘဲရှိန်းက ငါ့ရဲ့ အပိုင်ဘဲ အဲဒါကြောင့် နင့်ကိုပြောလိုက်မယ် ငါနဲ့ရှိန်းကိုဆက်မနှောင့်ယှက်နဲ့တော့ မဟုတ်ရင်ငါ့အဆိုးမဆိုနဲ့ ဒါငါနင့်ကိုသတိပေးတာ"

"ရူပါ မင်းဒီနေရာကနေထွက်သွားပါတော့ လူတွေကြည့်နေကြတယ်နော် မင်းအရှက်ရှိတယ်ဆိုရင် ထွက်သွားလိုက်တော့"

ရူပါကျော်က သူပြောလိုက်မှ ဘေးနားပတ်၀န်းကျင်ကလူတွေကိုကြည့်လိုက်တော့ တချို့လူတွေကဘသူမကို ကြည့်၍ ရယ်နေကြသည်ကိုတွေ့တော့ သူမအရမ်းရှက်သွား၍...

"အား "ခနဲအော်ပြီး ဒေါသထွက်စွာ ထိုနေရာ ကနေထွက်သွားလိုက်သည်။
ရူပါကျော်ထွက်သွားပြီးနောက် ရှိန်းနဲ့သူမက သက်ပြင်းကိုယ်စီချလိုက်ပြီး ကိုယ်ခုံမှာ ကိုယ်ပြန်ထိုင်လိုက်ကြသည်။
ထိုအခါ စားပွဲထိုးက သူတို့အတွက်စားစရာချပေးလိုက်သည်။ထိုအချိန်သူက လရိပ်ကိုသံပုရာရည်ပေးသောက်ခိုင်းလိုက်သည်။

"လရိပ်  ရရဲ့လား ရော့သံပုရာရည်သောက်လိုက်"

လရိပ်က သူပေးလိုက်တဲ့ သံပုရာရည်ကို ချက်ချင်းမော့သောက်လိုက်သည်။
ရှိန်းက သူမဆံပင်ကိုသပ်ပေးလိုက်ပြီး သူမရှေ့ကို အစားအသောက်တွေရွှေ့ပေးလိုက်သည်။

"ရှိန်း မြန်မြန်စားပြီး မြန်မြန်ပြန်ရအောင် လရိပ်ပင်ပန်းနေပြီး "

"အင်း  လရိပ်"

သူလရိပ်ကို ရူပါကျော်ကိုရဲရဲရင့်ရင့် ပြောသွားတာတွေကို သူလရိပ်ကို ချီးကျူးချင်ပေမယ့် လရိပ်မျက်နှာက မကောင်းတာကြောင့် သူမပြောတော့ပေ။
ပြောရမည်ဆိုရင် လရိပ်က ရူပါကျော်ကို စကားလုံးတွေနဲ့တိုက်ခိုက်ပြီး အနိုင်ယူလိမ့်မယ်လို့လုံး၀ခဲ့ပါ။လရိပ်ပုံစံက အရင်တုန်းကနဲ့မတူဘဲ အခုအရမ်းကိုရဲရင့်ပြတ်သားပြီး သတ္တိရှိနေသည်။အခုလရိပ်ကိုသူတောင်ကာကွယ်ပေးစရာမလိုဘဲ သူမဘာသာသူမ ရူပါကျော်ကို စကားလုံးတွေနဲ့ အနိုင်ယူလိုက်နိုင်သည်။လရိပ်ရူပါကျော်ကိုပြောခဲ့သည်က သူမိန်းကလေးဘယ်နှယောက်နဲ့ဘဲ အိပ်ခဲ့အိပ်ခဲ့  အခုသူ့က လရိပ်တစ်ယောက်တည်းအတွက်ဘဲတဲ့ သူသဘောကျစွာပြုံးလိုက်၍ လရိပ်ကိုကြည့်လိုက်သည်။လရိပ်က သူမရဲ့ အစားအသောက်တွေကို အားရပါးရစားနေသည်။သူလည်း အခုချိန် ဗိုက်ဆာနေတာကြောင့် လရိပ်နဲ့အတူ သူ့အစားအသောက်တွေကိုစားလိုက်သည်။
______________________________________
ရူပါကျော်တစ်ယောက် ဒေါသဖြစ်စွာဖြင့် ရှိုင်းဆက်ရှိတဲ့ဆေးရုံဆီလာခဲ့လိုက်သည်။

ရှိုင်းဆက်တစ်ယောက် ပျင်း၍ ဖုန်းထဲမှာ ဂိမ်းဆော့နေရင်း  သူ့အခန်းတံခါး ရုတ်တရတ်ပွင့်လာ၍ သူ့အခန်းထဲကို ၀င်လာတဲ့သူကိုကြည့်လိုက်တော့ ရူပါကျော်ဖြစ်နေသည်။သူရူပါကျော်ကိုကြည့်လိုက်တော့ ရူပါကျော်ပုံစံက ဒေါသထွက်နေတဲ့ပုံပင်။ရူပါကျော်ရဲ့ထိုပုံစံကိုမြင်တော့ သူပါနည်းနည်း လန့်သွားသည်။

ရူပါကျော်က သူမရဲ့ စလင်းဘတ်အိတ်ကို ဆိုဖာပေါ်သို့ ဒေါသထွက်စွာ ပစ်ချလိုက်ပြီး  ထိုဆိုဖာပေါ်ခြေပစ်လက်ပစ်ဆောင့်ပြီး ထိုင်ပစ်လိုက်သည်။

"ရူပါကျော် မင်း ဘာဖြစ်လာတာလဲ မင်းပုံစံက ဒေါသထွက်နေသလိုဘဲ"

ရူပါကျော်က သူ့ကိုကြည့်လိုက်ပြီး..

"ဟုတ်တယ် ဒေါသဖြစ်နေတာ အခုလူသတ်ချင်လောက်အောင် ဒေါသဖြစ်နေတာ သိလား "

"မင်း မင်း ဘာဖြစ်လာလို့ ရူပါကျော်"

"ဘာဖြစ်လာရမှာလဲ ရှင့် လရိပ်ပျိုပေါ့ ကျွန်မကိုဒေါသဖြစ်အောင်လာဆွနေတာ လုံး၀မကျေနပ်ဘူး မကျေနပ်ဘူး "

"ငါ့ ငါ့ လရိပ်ပျို ဟုတ်လား လရိပ်က မင်းကိုဘာလုပ်လိုက်လို့လဲ"

"ဘာလုပ်ရမှာလဲ ကျွန်မရဲ့ရှိန်းကိုလည်းလုသေးတယ် ကျွန်မကိုလည်း လူကြားထဲမှာ အရှက်ခွဲလိုက်သေးတယ် မကျေနပ်ဘူး လုံး၀မကျေနပ်ဘူး သူ့ကို "

" ဟာ့ လရိပ်ကို မင်းဒီလောက်တောင်ဒေါသဖြစ်နေရအောင် လရိပ်က မင်းကိုဘာပြောလိုက်လို့လဲ ရူပါကျော်"

ရူပါကျော်က သူပြောတာကိုပြန်မဖြေဘဲတစ်ချက်တိတ်သွားပြီးမှ...

"ရှိုင်းဆက် ရှင်ကျွန်မပြောတာသေချာ နားထောင် "

"အင်း ပြော‌ လေရူပါကျော် ငါနားထောင်နေတယ်"

"ရှိန်းနဲ့ လရိပ်ပျိုတို့ နောက်အပတ်ကျရင်လက်ထပ်ကြတော့မယ်တဲ့  ရှိုင်းဆက်"

"ဘာ"

"ဟုတ်တယ် ရှိုင်းဆက် အဲဒါကြောင့် ကျွန်မတို့နှစ်ယောက် အချိန်‌ဆွဲနေလို့လုံး၀မဖြစ်တော့ဘူး ကျွန်မတို့အစီအစဉ်တွေကိုစပြီးအကောင်အထည်ဖော်လိုက်ရအောင် ကျွန်မချစ်ရတဲ့ရှိုန်း သူများလက်ထဲပါသွားမှာကို ကျွန်မကြည့်မနေနိုင်ဘူး ခံလည်းမခံစားနိုင်ဘူး ရှိုင်းဆက် ရှင်လည်း ကျွန်မလိုမျိုး ကိုယ်ချစ်ရတဲ့သူ သူများလက်ထဲ ပါသွားတာကို ဒီအတိုင်းကြည့်မနေနိုင်ဘူး မဟုတ်လား"

"......."

ရှိုင်းဆက်က သူမမေးတာကိုပြန်မဖြေဘဲ ဒီအတိုင်းတိတ်နေသည်။

"ရှိုင်းဆက် ရှင်ကျွန်မပြောတာကြားလား"

"ရူပါကျော် မင်းပြောတာသေချာရဲ့လား ရှိန်းနဲ့လရိပ် လက်ထပ်တော့မှာကို မင်းဘယ်ကကြားလာတာလဲ  "

"ဘယ်က ကြားလာရမှာလဲ ကျွန်မကို ရှင့်လရိပ်ပျိုကိုယ်တိုင် ပြောလိုက်တာ ဘာလဲ ရှင်က မယုံလို့လား ရှိုင်းဆက်"

"အဲ့ အဲ့လိုမဟုတ်ပါဘူး ရူပါကျော် သူတို့နှစ်ယောက် လက်ထပ်တာ အရမ်းမြန်နေသလားလို့ပါ"

"ဟုတ်တယ် ကျွန်မလည်း အရမ်းအံ့ဩနေတာ ရှိုင်းဆက် မဖြစ်တော့ဘူး ရှိန်းကိုကျွန်မအမြန်ပိုင်‌‌ဆိုင်ရမှဖြစ်မယ် ကျွန်မ မခံစားနိုင်တော့ဘူး ရှိုင်း‌ဆက်"

"ငါလည်း အတူတူပါဘဲ ရူပါကျော် အဲဒါကြောင့် မင်းအစီအစဉ်တွေကိုအမြန်စလိုက်ပါတော့ ငါလည်း လရိပ်ကိုအမြန်ပိုင်ဆိုင်ချင်ပြီး"

"ကောင်းပြီး ရှိုင်းဆက် ကျွန်မအစီအစဉ်တွေကို ရှင်ဆေးရုံက ဆင်းတာနဲ့ စလိုက်ကြမယ် ဟုတ်ပြီးလား"

"အင်း ဟုတ်ပြီး ရူပါကျော်"

ရူပါကျော်က ခေါင်းတစ်ညိတ်လိုက်ပြီး သူမစလင်းဘတ်အိတ်ကိုကောက်ကိုင်လိုက်ပြီး...

"ကဲ့ ဒါဆို ကျွန်မပြန်တော့မယ် ရှိုင်းဆက်"

"အင်း ကောင်းပြီး"

ထိုအချိန် ရူပါကျော်က  အခန်းတံခါးဖွင့်ပြီးထွက်သွားလိုက်သည်။
အခုချိန် ထိုအခန်းထဲမှာ သူတစ်ယောက်တည်းဘဲ ကျန်နေခဲ့တော့သည်။ထိုအချိန် သူ့ဖုန်းထဲမှာ လရိပ်ရဲ့ ပုံကိုနှိပ်ပြီး ကြည့်၍ ထိုသို့ပြောလိုက်သည်။

"လရိပ် မင်းတောင် ရှိန်းနဲ့ လက်ထပ်တော့မှာပါလား  အဟွန့် ဒါပေမယ့် ဘယ်လိုလုပ်မလဲ ကိုယ်က မင်းကို ရှိန်းလက်ထဲအပါမခံနိုင်ဘူးလေ လရိပ် မင်းနဲ့ရှိန်း လုံး၀ လက်မထပ်စေရဘူး ဘာလို့လဲဆိုတော့ မင်း ရှိန်းနဲ့လက်ထပ်မယ့်နေ့က မင်းက ကိုယ်ရဲ့ အပိုင်ဖြစ်လာမယ့်နေ့မို့လို့ဘဲ လရိပ်  ပြီးတော့ မင်းရဲ့ရှိန်းလည်း အဲဒီနေ့ကျရင် မင်းဘ၀ကနေ အပြီးအပိုင်ထွက်သွားရမှာမို့လို့ဘဲ လရိပ်ပျို အဟွန့်"

သူမဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး သူ့ဖုန်းထဲမှ လရိပ်ပျိုရဲ့ ပုံကို အမြတ်တနိုးနမ်းရှိုက်လိုက်သည်။

အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း၃၁ဆက်ရန်❤️❤️❤️
စာဖတ်ပြီးရင် Voteလေးတွေပေးသွားကြပါနော်မင်မင့်ရဲ့ Viewerတွေက အခုဆို ၁သောင်းကျော် ၂သောင်းနီးပါးဖြစ်နေပါပြီး ဒါပေမယ့် Voteတွေက ၂၀၀ကျော်ဘဲ ရှိသေးတယ် အဲဒါကြောင့် စာဖတ်ပြီးရင်Voteပေးသွားကြပါလို့ အနူးအညွတ်မေတ္တာရပ်ခံအပ်ပါတယ်နော် Voteနည်းနေလို့ပါ❤️

(Zawgyi)


















































______________________________________

















"......."

















Đọc tiếp

Bạn Cũng Sẽ Thích

3.1K 242 9
1day အား ဇွန်ဘီကြီးကယ်ကြပါဦး 1week ဟဲ့ ဇွန်ဘီအစုတ်ပလုတ်။ရေချိုးရအောင် 1month ဘီဘီ နင်ထမင်းစားရအောင် မလာဘူးလား 1year ယောက်ျား နင်ငါ့ကိုမကြိုက်ဖူးလား...
39.7K 60 6
စာ​ရေးချင်လာရင် ဝင်​ရေးဖို့ပါ။ 18+ ​အသား​ပေးမလို့ အသက်ပြည့်မှ ဖတ်ပါ။ ကိုယ်​တွေ့​တွေကို နည်းနည်းပါးပါး ​ပြောင်း​ရေးမှာမလို့ ရည်းစား​ဟောင်း​​​တွေ ဖတ်မိ...
51.9K 327 16
ရည်းစားပွေတဲ့ကောင်လေးနဲ့ မွေးစားအမဖြစ်တဲ့ရိုးရိုးအေးအေးကောင်မလေးတို့ကြား သူစိမ်းကောင်လေးပါဝင်လာသောအခါ...🔞
426K 17.8K 123
SYPNOSIS Reading Purifying Love made Rachelle D'magiba feel very insulted. The ending that the author had written didn't go well with her expectation...