(7 years later)
"အား .. ဟာ"
နေ၏အဝါရောင်အလင်းတန်းကကျွန်မမျက်နှာ
ကိုထိုးနေ၍မျက်စိများစူးသွားရ၏။
"ရှင်ကျေနပ်ပြီလား .."
"......."
"ကျွန်မဝဋ်ကြွေးကုန်ပြီ ၊ ရှင်ရေးခဲ့တဲ့ဒဏ္ဍာရီ
စာအုပ်ကိုသက်သေအဖြစ်ယူပြီးကျွန်မအပြစ်
တွေအကုန်ဆပ်ခဲ့ပြီနော် .. ဒီလောက်ပဲလို့
ကျွန်မထင်တယ် .. ရှင်လည်းအထိုက်အလျောက်
ကျွန်မအပေါ်ကျူးလွန်ခဲ့တဲ့အပြစ်တွေများတာ
ပဲလေ .. "
"ကျွန်မဘဝရဲ့နေ့ရက်တွေကိုကောင်းကောင်း
မွန်မွန်ဖြတ်မသန်းခဲ့ရဘူးဆိုတာကို
ရှင်လည်းသိမှာပါ .. ကျွန်မအိမ်မက်တွေထဲအထိ
ရှင်အမြဲလိုက်ခြောက်လှန့်နေတာပါကိုစိန်ဖေ
တစ်ခုတော့ရှိတာပေါ့ ..ပျိုအနားမှာရှိနေတုန်းပဲကျွန်မရှင့်ဆီကလွတ်မြောက်နိုင်တာ .. "
ကိုစိန်ဖေကျွန်မအနားမှာရှိနေမလားကျွန်မမသိ။
ဒါပေမယ့်စောနကအထိကျွန်မအနားမှာရှိကောင်း
ရှိနေနိုင်ပါတယ်။ဒါပေမယ့်အခုကစပြီး -
"အခုကစပြီး .. ကျွန်မရှင့်ကိုစကားတွေ
ပြောတော့မှာမဟုတ်သလို .. ကျွန်မစိတ်ထဲ
မှာလည်းရှင်မရှိတော့ဘူး ၊ ပြီးတော့ကျွန်မ
ဆုတောင်းတယ် .. သံသရာမှာကျွန်မတို့
ဘယ်တော့မှထပ်မတွေ့ပါရစေနဲ့လို့ ၊ ကျွန်မ
လွတ်မြောက်ပြီ"
"တစ်ယောက်ထဲစကားတွေ .. ပြောနေ
တုန်းပဲလား"
အသံလာရာသို့မျှော်ကြည့်လိုက်တော့။
မလာပါနဲ့လို့ပြောထားခဲ့တာကို။
"အန်တီ့ဆံပင်တွေတစ်ခေါင်းလုံးနီးပါး
ဖြူနေပြီရော"
ကားမီးခွက်တွေကိုမှီထားတဲ့ပျိုခန္ဓာကိုယ်ဟာ
ကျွန်မအနီးသို့တဖြေးဖြေးရွေ့လျားလာနေ၏။
"တို့အသက် 54 နှစ်ရှိပြီကလေးမ ၊ မင်းရော
မအိုတော့ဘူးလား"
ပျိုကကျွန်မကိုနှစ်သိမ့်စွာဖက်တယ်။သူမ
လက်မောင်းတွေကိုဆန့်တန်းလိုက်ပြီး။
"အန်တီဘာလို့ဧည့်တွေ့လက်မခံတာလဲ ၊
ပျိုသိပ်လွမ်းတာပဲ"
"မင်းမေ့နေတာပဲ .. မင်းနဲ့တို့ကလွန်ခဲ့တဲ့
ခုနှစ်နှစ်ကကွာရှင်းခဲ့တာနော်"
"မိတ်ဆွေဟောင်းတွေလို့ပဲသဘောထားစမ်းပါ
အခုဖက်လိုက်တာကလည်း .. ရိုးရိုးသားသားပါ"
ပျို့ပုံစံကအရင်ကနဲ့မတူဘဲရင့်ကျက်နေသလို
ထင်ရတယ်။ဆံပင်တွေရှည်လာလိမ့်မယ်ထင်ထား
ခဲ့ပေမယ့်သူမဆံပင်တွေကနားရွက်အပေါ်အထိ
တိုတက်နေလေရဲ့။
"ဘာလို့အဲ့လောက်ကြည့်နေတာလဲ"
"ဒီလိုမိန်းကလေးရဲ့ဇနီးဖြစ်ခွင့်ရခဲ့တာကို
မယုံနိုင်လို့"
"မောင်မောင်သေသွားပြီ"
"??"
"သူပျို့ကိုထိကပါးရိကပါးလုပ်ခဲ့တာကို
ပျိုမှတ်မိသေးတယ်"
"မင်းလည်းသူ့မျက်နှာကိုထိကပါးရိကပါးလုပ်ပြီး
အကြိမ်များစွာထိုးနှက်ခဲ့တာပဲလေ"
"အဟင်း ၊ သူဘယ်လိုသေသွားလဲမသိချင်
ဘူးလား"
"ဟင့်အင်း ၊ အန်တီ့ဘဝမှာမလိုတဲ့အထုပ်တွေကို
ခေါင်းပေါ်သယ်မထားချင်တော့ဘူး ၊ အန်တီအခု
အရမ်းလွတ်လပ်နေတယ်"
"ပျို့ကိုရော .."
"မင်းဆိုပိုဆိုးသေးတယ် ၊ မင်းကသိပ်လေးတာ"
ကျွန်မသည်လမ်းမကြီးပေါ်တက်ရန်ထွက်လှမ်း
လာလိုက်၏။
"အန်တီ့မှာပြန်စရာအိမ်မရှိတော့ဘူးနော်"
ကျွန်မနောက်သို့လှည့်ကြည့်လိုက်၍"ဘာလို့လဲ"
ဆိုသည့်မျက်နှာထားနှင့်ပျို့ကိုကြည့်လိုက်၏။
"ဘာလို့လဲဆိုတော့ .. အန်တီနေတဲ့
လိုင်းခန်းကပိုင်ရှင်တွေဖျက်လိုက်ပြီ ..
ဟိုတယ်ဆောက်နေတယ် ၊ အန်တီအခန်းခ
ပုံမှန်မှမသွင်းတာ ၊ သူတို့တွေအန်တီ့ပစ္စည်း
တွေကိုမီးရှို့ပစ်လိုက်ပြီ"
"ဟေး ၊ မင်းသွင်းပေးထားလိမ့်မယ်လို့တော့
အနည်းဆုံးထင်ခဲ့တာ"
ကျွန်မနှင့်ပျိုသည်အဝေးကြီးမှာတစ်နေရာဆီ
ရပ်ပြီးအော်ပြောနေကြ၏။
"ဘာဆိုင်လို့သွင်းပေးရမှာ"
"တို့ကမင်းရဲ့ဇနီးဟောင်းမို့လို့ပေါ့ကွ
ပြီးတော့မင်းမှာပိုက်ဆံပေါတာပဲလေ"
"အဟဟားဟား"
"မင်းဘာရီ ??"
ပျိုသည်ကျွန်မဆီလျှောက်လှမ်းလာပြီးလက်ကို
အတင်းဆွဲခေါ်၏။
"သွင်းပေးရမှာပေါ့"
"ဘာ .."
ကျွန်မပျို့ကိုရင့်ကျက်သွားပြီလို့ထင်ခဲ့ပါ
သေးတယ်။
"မင်းဘာစကားပြောတာလဲ ၊ ပျိုကဗျာ"
"အန်တီဗိုက်ဆာနေတယ်မဟုတ်ဘူးလား
အန်တီ့ဗိုက်ထဲကိုအစာသွင်းပေးရမယ်လေ"
အနှောက်အသွားမလွတ်သည့်ထိုဒင်းကလေး
ဟာတန်ဖိုးကြီးအဝတ်တွေဆင်မြန်းထားပေမယ့်
အရင်ကလိုရိုင်းစိုင်းဆဲ။
ဒီဆိုင်ကိုကျွန်မမှတ်မိပါသေးတယ်။ကျကွဲသွားတဲ့
ပန်းကန်ဖိုးတွေကိုပျိုအများကြီးလျော်လိုက်ရ
သေးတာမဟုတ်လား။
ဒါပေမယ့်ဆိုင်လေးကတော့အရင်ကလိုမဟုတ်
တော့ဘဲအနဲငယ်ပြောင်းလဲသွားလေပြီ။နံရံ
ထောင့်မှာချိတ်ဆွဲထားတဲ့ပန်းချီကားတစ်ခုကို
ကျွန်မရင်းနှီးနေသလိုရှိတယ်။ဒါပေမယ့်ကျွန်မ
မျက်နှာလွှဲလိုက်ပါတယ်။
"ထောင်ထဲမှာဘာကျွေးလဲ ၊ ရုပ်ရှင်တွေထဲကလို
ပဲထမင်းလား"
နောက်ပြောင်နိုင်သေးသည်။ကျွန်မပျို့မျက်နှာ
ကိုကုတ်ဖဲ့ချင်စိတ်ကအရင်ကလိုတစ်ဖန်ပြန်
ပေါ်လာ၏။
"မင်း ...."
ဒီမေးခွန်းကိုမေးဖို့ကျွန်မတွန့်ဆုတ်နေရပြန်
သေး၏။
"ပျို ၊ အိမ်ထောင် .. ထပ်မယူပါဘူး"
ကျွန်မမမေးရဘဲပျိုအလိုက်သိဖြေပေးတော့
ကျွန်မရင်၌နွေးထွေးမှုတစ်ခုဝင်ရောက်ကိန်း
သွားရလေတယ်။
"တို့မသိချင်ဘူး"
"အန်တီဂျပန်စာတွေကြိုက်တုန်းလား"
ပျို့အသံဟာညင်သာနေ၏။ကျွန်မသည်လည်း
ညင်သာစွာခေါင်းညိမ့်ဖြေမိသည်။
"ဆလတ်သုပ်တစ်ပွဲယူမယ် ၊
ဆူရှီအစုံပွဲကြီးတစ်ပွဲ"
ဒီတစ်ခါစားရတာကျွန်မကိုတုံ့နှေးမနေစေ
တော့ပေ။အမှန်တစ်ကယ်ကျွန်မလွတ်လပ်နေမိပြီ။
"အာ .."
"ဘာလုပ်တာလဲ .."
"ခွံ့ကျွေးတာလေ ၊ အာ .."
"တို့မှာလက်ပါတယ်"
"အင်း ၊ သိတယ်၊ ဒါပေမယ့်ပျိုခွံ့တာကိုစားစေချင်တယ်"
ကျွန်မခေါင်းထဲမှာတစ်ချိန်ကပုံရိပ်တွေက
သိသိသာသာထင်ဟပ်လာလေပြီ။
ခွံ့တာကိုအမြန်စားလိုက်ပြီးတူနာဆူရှီတစ်လိပ်
ကိုတူဖြင့်ညှပ်လိုက်သည်။
"အာ .."
"ဘာလုပ်တာလဲ"
"ခွံ့ကျွေးတာလေ .. မစားဘူးလား
မစားချင်ရင်လည်း"
"ဟာ အန်တီ့ ၊ စားမယ် .. စားမှာ"
ပျို့မျက်နှာဟာကလေးငယ်တစ်ယောက်လို
ပျော်ရွှင်တက်ကြွနေ၏။ကျွန်မခွံ့တဲ့ဆူရှီဟာ
ပျို့အတွက်ပိုပြီးအရသာရှိစေလိမ့်မယ်။
"ဟိုတယ်သွားရအောင်"
"အဟွတ် အဟွတ် အဟွတ်"
"ရေသောက်လိုက်ဦး ၊ နင်နေပြီ"
ပျိုမျက်လုံးများမျက်ရည်လည်သွားရအောင်
အထိကျွန်မပြောလိုက်တဲ့စကားကနင်သွားရ
လေပြီ။
"ပျိုတို့ကကွာရှင်းထားတာနော်"
"အင်း .. သိတယ် .. "
"မိန်းမတွေထောင်ကျပြီးရင်ဒီလိုပဲ
အရိုင်းဆန်လာရောလား ၊ ကြမ်းလိုက်တာ"
"မင်းသာအရိုင်းဆန်နေတာ ၊ တို့ပင်ပန်းတယ်
အိပ်ချင်နေတယ် .. မင်းအိမ်ကိုပြန်ရင်အေးမူ
တို့ရှိတယ်မဟုတ်လား .. လောလောဆယ်
အိပ်ရဖို့ဟိုတယ်သွားမှဖြစ်မယ် ၊ ဟေး .. ပျို
တို့မျက်ကွင်းတွေညိုနေတာမင်းသတိမထား
ဘူးလားဟင်"
ပျိုဟာတံတွေးကိုအခါအခါမျိုချနေသည်။
ဟိုတယ်ရောက်တော့လည်းအခန်းထဲကို
တော်တော်နဲ့မဝင်ဘဲအဝမှာရပ်နေ၏။
"လာစမ်းပါ .."
ကျွန်မဆွဲခေါ်လိုက်မှမခုတ်တတ်တဲ့ကြောင်လို
လုပ်နေ၏။
"လာလေ .."
ကုတင်ပေါ်ကိုကျွန်မရောက်သွားပေမယ့်
ပျိုကတော့အခန်းအလယ်မှာမတ်တပ်ရပ်နေဆဲ။
"ကဲ ၊ လာဆို"
ကျွန်မခေါင်းရင်းကခေါင်းအုံးနှစ်လုံးကိုဖယ်
လိုက်ပြီးပျို့လက်မောင်းတွေကိုဆွဲယူလိုက်၏။
"အန်တီ .."
"ရှူး ၊ အန်တီအိပ်ချင်လှပြီ"
ပျိုဟာတိတ်ဆိတ်သွားခဲ့သည်။ကျွန်မနှဖူးကို
နမ်းလိုက်တာကိုလည်းကျွန်မသိလိုက်ပါ၏။
ပျို့ရင်ခွင်နဲ့ဝေးကွာခဲ့တဲ့ရက်တွေမှာကျွန်မ
အတော်နေသားကျသွားခဲ့ရပါပြီ။
— — — —
ပျိုစိတ်ကူးထားတာတွေနဲ့နဲနဲတော့လွဲနေပြီ
ဟုပျိုထင်လိုက်တယ်။အန်တီလွတ်လာရင်
ပျိုကိုယ်တိုင်သွားကြိုပြီးအန်တီ့ကိုပွေ့ဖက်မယ်။
အန်တီကြိုက်တဲ့ဆူရှီနဲ့ဆလတ်သုပ်ကိုလိုက်
ကျွေးပြီးအဲ့ဒီဆိုင်မှာအန်တီသိပ်ကြိုက်တဲ့
"ဒေါ်ခင်နွဲ့ရည်"ပန်းချီကားကိုချိတ်ထားမယ်။
အဲ့ဒီပန်းချီကားကိုအန်တီ့ကိုပြန်ပေးချင်တယ်။
ပြီးရင်ပျိုအန်တီ့ရှေ့မှာဒူးညွှတ်ပြီးအန်တီနဲ့
အသစ်ကပြန်စခွင့်ရဖို့လက်ထပ်ခွင့်တောင်းမယ်။
ဒါပေမယ့်ရုတ်တရက်ဟိုတယ်သွားရအောင်လို့
ပြောလိုက်တဲ့အန်တီ့စကားကြောင့်အားလုံး
ရှုပ်ထွေးသွားရပြီမို့ပျို့မှာအခြေအနေကိုစောင့်
ဆိုင်းအကဲခတ်နေရဆဲ။
အကဲခတ်နေရင်းနဲ့ပဲအန်တီ့ဘေးမှာပျိုအိပ်ပျော်
သွားရခဲ့လေပြီ။မည်မျှအချိန်ကြာသွားခဲ့ရလေပြီ
မသိ။ပျိုနိုးလာ၏။
"အန်တီ .."
ရုတ်တရက်အန်တီမရှိတော့။
"အန်တီ ၊ အန်တီ့"
သန့်စင်ခန်းအပါအဝင်နေရာအနှံ့ပျိုစစ်ဆေး
ကြည့်ခဲ့ပါသေးသည်။သို့သော် -
အောက်ကိုဆင်းလာတော့အသင့်စောင့်နေဟန်
ရှိတဲ့ဝန်းထမ်းတစ်ယောက်ကပျို့လက်ထဲကို
စာတစ်အိတ်ထည့်ပေး၏။
"ဘာတွေလဲ .. ဟင့်အင်း"
ပျိုသိနေသည်။ရင်ထဲမှာနာနေ၏။ဒီလို
ခံစားချက်ကြီးကိုမုန်း၏။
"မလိုချင်ဘူး ၊ မပေးနဲ့ .. အန်တီရော
ပျိုအန်တီ့ကိုတွေ့ချင်တယ် .. ဒီလိုစာမျိုးကို
ပျိုတွေ့ချင်တာမဟုတ်ဘူးလေ"
အကြောင်းမထူး။အားလုံးသည်အရူးတစ်ယောက်
လိုအော်ဟစ်နေတဲ့ပျို့ကိုသနားစရာသတ္တဝါလို
ငေးကြည့်နေကြ၏။
ပျို ..
အန်တီပျို့ကိုနားလည်တယ်သိလား ..
အရာအားလုံးအတွက်အန်တီတောင်းပန်တယ်
ပျို့ကိုလည်းခွင့်လွှတ်တယ် ၊ အန်တီလေ ..
ပျို့ကိုသိပ်ချစ်တယ် .. ဒါပေမယ့်အခုကစပြီး
အန်တီပျို့ကိုမချစ်တော့ဘူး ၊ အန်တီ့ကိုယ်
အန်တီပဲချစ်ပါရစေ .. ပျို့ကိုအန်တီသိပ်
ကျေးဇူးတင်တယ် ၊ ပျို့ကြောင့်အန်တီကိုယ်
အန်တီဆင်ခြင်မိခဲ့တာပါ ၊ ပျိုဖျော်တိုက်ခဲ့တဲ့
ဆေးခါးခါးတစ်ခွက်ကြောင့်အန်တီ့ရင်ထဲက
ဝေဒနာအပူမီးတွေငြိမ်းသွားခဲ့ရတာ ၊အန်တီလေတစ်ကယ့်အေးချမ်းတဲ့အရိပ်စစ်ကိုအထဲမှာ
ရှာတွေ့ခဲ့ရတယ် အထဲကမိတ်ဆွေတစ်ယောက်ညွှန်းလိုက်တဲ့ဗုဒ္ဓအရိပ်မှာ .. အန်တီထာဝရခိုလှုံသွားတော့မယ်အန်တီတော်တယ်မို့လား .. ။
ပျို .. လိမ်လိမ်မာမာနေနော် ..
အန်တီကိုမလွမ်းနဲ့။
အန်တီတော်ပါတယ်။သိပ်တော်တာပေါ့။
အေးချမ်းတဲ့အရိပ်စစ်တဲ့လား။ပျို့အတွက်တော့
အန်တီမရှိတဲ့အရိပ်တွေဟာပူလောင်နေဆဲပါပဲ။
ပြီးပါပြီ။ ။
21/10/2023
10:7 pm
Saturday night ..
_________
ခဏနားပါဦးမယ် ။
မကြာခင်ပြန်လာချင်ပါသေးတယ် ။
"ဆေးခါး" ဝတ္ထုကိုလိုက်ပါစီးမျောပေးကြသူ
တစ်ဦးစီတိုင်းကိုကျေးဇူးတင်လျှက် ..
ရွှင်လန်းချမ်းမြေ့ကြပါစေရှင် .. ♡