(ရိုင်းစိုင်းသည့်စကားလုံးအသုံးနှုန်းများပါဝင်
ကြောင်းအထူးသတိပေးအပ်ပါသည်ရှင်)!လူ့လောကကိုဖြတ်သန်းလာခဲ့တဲ့အသက်နှစ်ဆယ်အတွင်းမှာပျော်စရာဆိုလို့များများစားစားကြီးမကြုံခဲ့ရပေမယ့်လည်းပျိုမသေချင်သေးပါဘူး။
တစ်ခါတစ်လေစိတ်ညစ်စရာတွေကြုံလာရင်
အမေ့နောက်ပဲလိုက်သွားချင်တယ်လို့တွေးမိသော်လည်းပဲအခုလိုဗြုန်းစားကြီးမြွေပေါက်ခံလိုက်ရဖို့အတွက်တော့ပျိုအဆင်သင့်မဖြစ်သေးဘူးအမေ။အိမ်ကြီးရှင်ကသူမကိုကြည့်တော့သာသံချောင်း
တစ်ချောင်းလို၊ကျောက်ခဲတစ်တုံးလိုထင်ရပေမယ့်မြွေတော့ကြောက်ရှာသား။ပျို့ကိုဖက်ထားလိုက်တာများ၊တင်းတင်း။
"ပျို .. မျက်လုံးဖွင့်ဦး"
ဪ .. ဟုတ်သား။ပျို့မျက်လုံးတွေမှိတ်ထားတာကြာပြီပဲ။
"မြွေ မြွေ ရှိသေးလားဟင်"
ပျိုအသာလေးပဲမပွင့်တစ်ပွင့်မျက်လုံးတို့ဖြင့်မြွေ
ရှိနေခဲ့သောနေရာကိုလှမ်းကြည့်လိုက်တယ်။"ဟူး .. တော်ပါသေးရဲ့"
"မရှိတော့ဘူးလား"
"မရှိတော့ဘူး"
"ဟူး .. တော်သေးတာပေါ့"
သက်ပြင်းအခါခါချလို့သူမက,လေကိုရှူထုတ်
လိုက်တယ်။"ဟုတ်တယ် တော်သေးလို့"
"ဖယ်ဦး .. မင်းတို့ကိုဖိထားတယ်"
သူမကိုငုံ့ကြည့်လိုက်တာနဲ့မျက်စောင်းယဲ့ယဲ့လေးအသာထိုးတော့တာပဲ။
"ဖယ်လို့ပြောနေတယ်လေ"
ကြောက်အားလန့်အားနဲ့ဇွတ်အတင်းဖက်နေတုန်းကတော့သူ,မဟုတ်သလိုပဲ။အလွန်နီးကပ်နေတဲ့အဲ့ဒီပါးမို့လေးကအသင့်၊အသာလေးငုံ့နမ်းလိုက်ရုံပဲ။
ရေချိုးပြီးခါစသူမခန္ဓာကိုယ်ဆီကသုံးနေကျ ဆပ်ပြာနံ့သင်းသင်းကယစ်မူးချင်စရာ။
"အန်တီ မြွေကြောက်တတ်လား"
"တို့လား .. ဟင်း .. ဟင့်အင်း မကြောက်ပါဘူး"
YOU ARE READING
"ဆေးခါး" [ completed ]
Romanceပျိုဖျော်တိုက်တဲ့ဆေးခါးတစ်ခွက်။ တို့တစ်ကြိုက်ထဲမော့လိုက်တယ်။