Part (9)

1.1K 139 7
                                    

"ဗွမ်း!!"

ကျောပြင်ဟာရေမျက်နှာပြင်ပေါ်အရှိန်ပြင်းပြင်း
ထိကပ်မိသွားချိန်မှာစပ်ဖျင်းဖျင်းအရသာနဲ့အတူ
ရင်ဘတ်ကနာကျင်မှုဒဏ်ကလည်းအတောမသတ်။

ပျို့ခန္ဓာကိုယ်ရှိ‌နေတဲ့တစ်ဝိုက်ကရေတွေဟာအနီရောင်ရောနေခဲ့ပြီး‌ရေထဲမှာပျိုဟာလွင့်‌မျှောလျှက်ရှိနေတာကိုလည်းသတိထားမိခဲ့ပါတယ်။

"အမေ"

ဒီတစ်ခါတော့ပျိုတစ်ကယ်အမေ့နောက်လိုက်သွားရတော့မယ်ထင်တယ်။"အမေ"ဆိုတဲ့နာမ်စားကိုစိတ်ထဲကရေရွတ်နေခဲ့ရုံမကပါဘဲပျို့အမြင်အာရုံထဲကိုအမေရောက်လာတယ်ထင်၏။

"ပျို သေမှာလား"

"မသေချင်သေးရင်မသေရပါဘူး"ဆိုတဲ့အဓိပ္ပာယ်ကိုအမေ့မျက်ဝန်းများကပြောပြီးအမေကပျို့ဦးခေါင်းကိုရင်ခွင်ထဲလို့ဖက်ထားပေးခဲ့တယ်။

မသေချင်သေးဘူးအမေ။ဒေါ်ကျူးရင့်ခြယ်ဆိုတဲ့
အိမ်ကြီးရှင်မိန်းမကိုပျိုတုန့်ပြန်ခွင့်ရချင်ပါသေးတယ်။

ပျို့အတွေးတွေဟာမှုန်ဝါးပျောက်ကွယ်လာ၍
တဖြေးဖြေး .. ။

— —  — —

【2နှစ်ခန့်အကြာ】

ဧည့်ခန်းနံရံ၏အပေါ်စွန်းကျကျ၌ပန်းချီကား
တစ်ချပ်ရှိနေပြီးထိုပန်းချီကားကိုကျွန်မအလွန်
နှစ်သက်သောကြောင့်သတိရတိုင်းမော့ကြည့်ဖြစ်
ပါတယ်။

အရင်တစ်ခေါက်နေပြည်တော်လေလံပွဲမှာတုန်းကသိန်းတစ်သောင်းကျော်နဲ့အနိုင်ယူပြီးဝယ်ယူခဲ့တာဖြစ်ပြီးအမျိုးသမီးပုဂ္ဂိုလ်တစ်ဦး၏ပုံတူယွန်းပန်းချီကားတစ်ချပ်။သာမာန်မဟုတ်။၎င်းပန်းချီကားမှာ 1 Carat ကျော်အလေးချိန်ရှိတဲ့စိန်အပွင့်ပေါင်းစုစုပေါင်း အလုံး 300 တိတိစီထား၏။

1 Carat ကျော်စိန်တစ်ပွင့်ထဲရဲ့တန်ဖိုးဟာ
ဒေါ်လာနဲ့ဆိုခန့်မှန်‌ခြေတစ်ထောင့်ငါးရာ‌နီးပါး၊
ဒေါ်လာဈေးကနှစ်ထောင့်တစ်ရာကျော်ထိရောက်နေတာမို့မြန်မာငွေနဲ့တွက်ရင်အတိအကျ 3,158,000 ရှိနေပြီးမြန်မာ‌ငွေ,ကိုးထောင့်လေးရာခုနှစ်ဆယ့်လေးသိန်း(947,400,000)တန်ဖိုးရှိတဲ့စိန်တွေနဲ့စီခြယ်ထားတဲ့ထိုပန်းချီကား။ကိုစိန်ဖေရဲ့ဘဏ်စာအုပ်ထဲကငွေပမာဏတော်တော်ကြီးလျော့ကျသွားခဲ့ပေမယ့်ဒီလှပလွန်းတဲ့ပန်းချီကားကြီး။လိုချင်သူတွေများပြားလွန်း၍ခဲရာခဲဆစ်ရရှိခဲ့ပန်းချီကား။ပန်းချီကားတစ်ချပ်လုံး၏အသက်ဖြစ်‌သောရှေးမြန်မာအမျိုးသမီးကြီးတစ်ဦး၏လှပမှုအသက်ဝင်ပုံကကြည့်လိုက်ရသူတိုင်းစိတ်ချမ်းသာ၊ကြည်နူးမှုအပေါင်းခညောင်းစေမှာမလွဲ။

"ဆေးခါး" [ completed ]Where stories live. Discover now