𝙷𝚎 𝚋𝚎𝚕𝚘𝚗𝚐𝚜 𝚝𝚘 𝙷𝚒...

By okey-dokey-yo-

11.2K 1.5K 1.3K

နတ်ဆိုးဆန်တဲ့ မင်းသားတစ်ပါးက သူ့ရဲ့ ကြင်နာတတ်တဲ့ ကြင်ယာတော်အလှလေးကိုရဖို့ ဘယ်လိုတွေကြိုးပမ်းခဲ့သလဲဆိုတဲ့ ဇာတ်... More

🤍1🤍
🤍2🤍
🤍3🤍
🤍4🤍
🤍5🤍
🤍6🤍
🤍7🤍
🤍8🤍
🤍9🤍
🤍10🤍
🤍11🤍
🤍12🤍
🤍14🤍
🤍15🤍
🤍16🤍
🤍17🤍
🤍18🤍

🤍13🤍

653 94 135
By okey-dokey-yo-

လရောင်ပျပျသာ အလင်းရှိသည့် တိတ်ဆိတ်နေသော ညအချိန်၀ယ် ...

အမတ်မင်းအိမ်‌ေတာ်၏ ဝေးလံ‌ေသာ ခြံ၀န်းတစ်ခုအတွင်းရှိ ရေချိုးဆောင်ခန်းတွင်းမှ ရေထဲသို့ လေးလံသောအရာ၀တ္တုများကျသွားသည့်နှယ် ရေသံတဗွမ်းဗွမ်းထွက်လို့လာလေသည်။

အထိန်းတော်များမှာတော့ သူတို့သခင်လေးရေ‌ချိုးချိန်တိုင်း အဝေးမှာသာသွားနေကြသဖြင့် ထိုအသံကိုမကြားလိုက်နိုင်။


မည်သူမျှ သတိမထားမိသော ရေချိုးဆောင်အတွင်းရှိ ရေကန်ကျယ်ကြီးအတွင်း‌တွင်တော့ မြင်ကွင်းမှာ အနည်းငယ် ရုန်းရင်းဆန်ခတ်နိုင်နေလေသည်။

ဆောင်းဟွန်းကဆွဲလိုက်တာကြောင့် နှစ်ယောက်သား ရေကန်ထဲကျသွားပြီးနောက် ကျသွားသည့် အရှိန်ကပြင်းထန်သွားသဖြင့် ဂျယ်ယွန်းမှာ ရေနစ်သွားလေသည်။

ရေချိုးကန်ကရေမှာ တိမ်‌သဖြင့် အန္တရာယ်မရှိနိုင်သော်လည်း ဆောင်းဟွန်းကမူ ချက်ချင်းဆိုသလို သူ၏သန်မာသောလက်မောင်းများဖြင့် ပွေ့ဖက်ကာ ဂျယ်ယွန်းအား ရေမျက်နှာပြင်အထက်သို့ အမြန်ဆွဲထူမလိုက်သည်။

ဂျယ်ယွန်းမှာ ရေထဲက ထွက်လာသော်လည်း နှာခေါင်းနှင့် ပါးစပ်ထဲသို့ ဆေးရနံ့နှင့် ပန်းရနံ့သင်းသော ရေများ၀င်ရောက်သွားသောကြောင့် အသက်ရှုကြပ်နေပြီး ချောင်းကို ဆက်တိုက်ဆိုးနေမိသည်။

ရုတ်တရက်ပူနွေးသော လက်ဖဝါးတစ်ဖက်က သူ့ကျောပြင်ကို ပွတ်သပ်ချော့မြူလိုက်ကာမှ ဂျယ်ယွန်းဟာ ယခုလက်ရှိအခြေအနေကို အမှတ်ရသွားတော့သည်။


ထိုလူစိမ်း၏ လက်တစ်ဖက်က သူ၏ ခါးကို သိမ်းကြုံးပြီး ဖက်ထားကာနောက်လက်တစ်ဖက်က ကျောပြင်ကိုပွတ်သပ်ပေးရင်း ဂျယ်ယွန်းချောင်းဆိုးတာ သက်သာစေရန် ပြုလုပ်ပေးနေသည်။

အဆိုးဆုံးမှာတော့ ဂျယ်ယွန်းကိုယ်တိုင်ကပင် သတိမထားမိဘဲ ‌ထိုသူဘက်သို့ တစ်ကိုယ်လုံးမှီယိုင်နေကာ တစ်ဖက်လူ၏ သန်မာသော ရင်ဘတ်နှင့် ပုခုံးများ‌ေပါ်တွင် သူ၏လက်များကိုတင်ထားမိ‌နေခြင်းပင်။

သူ၏ အဖြစ်ကိုသတိထားမိသွား‌ေသာဂျယ်ယွန်းမှာ ‌ကြောက်လဲကြောက်သလို ရှက်ရွံ့ထိတ်လန့်စွာနှင့် ထိုသူ့နှင့်ဝေးသွားစေရန် အတင်းရုန်းကန်နေမိတော့သည်။

သို့သော် ပွေ့ဖက်ထားခံရခြင်းမှ လွတ်မြောက်သွားခြင်းမရှိဘဲ ပိုပြီးရုန်းကန်လေ ပိုလို့တိုးပြီး တင်းကြပ်စွာအဖက်ခံထားရလေဖြစ်‌‌လို့နေသည်။

ဂျယ်ယွန်းမှာ သူ့ကို ခွဲခွာမရအောင် နီးကပ်တင်းကြပ်စွာ အရူးအမူးပွေ့ဖက်ထားသည့်သူအား ဒေါသတကြီးဖြင့် မော့ကြည့်လိုက်လေသည်။

ထိုအခိုက်အတန့်တွင်ပင် သူနှင့်ရင်းနှီးနေပြီးသား မျက်နှာချောချောတစ်ခုက သူ၏ မြင်ကွင်းထဲ‌၀င်ရောက်လာတာကြောင့် သူ၏ လှုပ်ရှားမှုများရပ်တန့်ကာ ကြောင်အအလေး ရပ်နေမိသည်။


ဆောင်းဟွန်းက ဂျယ်ယွန်းမျက်နှာနားသို့ပိုမို ငုံ့ကိုင်းလိုက်ရင်း  ဂျယ်ယွန်း၏ နားနားကပ်ကာ တီးတိုးပြောလိုက်သည်။


"မရုန်းပါနဲ့ ဂျယ်ယွန်းရယ်

ကျေးဇူးပြုပြီး ကိုယ့်ကို မငြင်းပယ်ပါနဲ့လား"

ရင်းနှီးနေသော အသံနိမ့်နိမ့်က ဂျယ်ယွန်းနားထဲ၀င်ရောက်လာသည်နှင့်အတူ ဆောင်းဟွန်း၏ ထွက်သက်နွေးနွေးက သူ့နားရွက်ဖျားကို ကျီစားသွားသဖြင့် ဂျယ်ယွန်းနားရွက်ဖျားလေးပူကျစ်သွားသည်။

သူက အံ့အားသင့်လွန်းသဖြင့် နှုတ်ခမ်းပါးလေးမှာ ခပ်ဟသပွင့်လျက် ဆောင်းဟွန်းကို မျက်လုံးဝိုင်းလေးဖြင့်ကြည့်နေမိသည်။

ဆောင်းဟွန်းမှာ သူ၏တည်ငြိမ်သော အမူအရာပျောက်ဆုံးနေပြီး စိတ်လွတ်နေသည့် သူတစ်ယောက်လို ဂျယ်ယွန်းခါးကို တင်းကြပ်နေအောင်ပွေ့ဖက်လျက် "ကိုယ့်ကို မစွန့်ပစ်ပါနဲ့ မငြင်းပယ်ပါနဲ့"ဆိုသည့်စကားတွေကိုသာ ထပ်ခါထပ်ခါရေရွတ်နေသည်။


ဂျယ်ယွန်းက ဆောင်းဟွန်း၏ ပုံစံမှာတစ်ခုခုမှားနေဟန်ပေါ်တာကြောင့် အံ့အားသင့်နေတာပင်ပျောက်သွားပြီး ချက်ချင်းအဖြေပေးလိုက်ရသည်။


"တောင်းပန်ပါတယ် သခင်လေးပတ်ခ်မှန်းမသိလိုက်လို့ပါနော်

စိတ်လျှော့ပါဦး ခင်ဗျားကို ကျွန်တော်မငြင်းပယ်ပါဘူး"


ဆောင်းဟွန်း၏ ဂဏာမငြိမ်မှုတွေရုတ်ချည်းရပ်တန့်သွားကာ ဂျယ်ယွန်းမျက်နှာအား စူးစိုက်ကြည့်လိုက်သည်။

တစ်ဖက်လူက ညာနေဟန်မပေါ်‌တာကြောင့် ဆောင်းဟွန်း၏ ဗလာကျင်းနေသော အနက်ရောင်မျက်၀န်းတွေက ယခုအခါမှ အသက်၀င်သွားကာ အလင်းရောင်လေးတောက်ပလာသည့်နှယ်ပင်။

ဆောင်းဟွန်း၏စိတ်မှာ အနည်းငယ် ပုံမှန်အတိုင်းပြန်ဖြစ်လာပြီး သူရှေ့က နှစ်လိုဖွယ်မျက်နှာလေးကို တစိုက်မက်မက်ကြည့်မိသွားသည်။

မမြင်ရတာ ရက်ပိုင်းမျှကြာသွားသည်ကြောင့် ဝါကျင့်ကျင့် ဆီမီးရောင်အောက်တွင် မျက်စိရှေ့က အဖိုးတန်‌ေကာင်‌လေးက ပိုပြီး လှလာသည်ဟု ဆောင်းဟွန်း ထင်‌ေနမိသည်။


သူတို့နှစ်ဦးက နီးကပ်လွန်းနေသည်မှာ ဂျယ်ယွန်းနဖူးထက်က ပန်းရောင်အမှတ်အသားလေးမှာ သူ၏နှုတ်ခမ်းနှင့် တစ်တန်းတည်းဖြစ်နေပြီး ‌အရှေ့တိုးလိုက်သည်နှင့် အကြင်နာပေးလို့ရ‌နိုင်နေသည်။


သူ၏လက်များကြားပွေ့ဖက်ခံထားရသည့်ကောင်လေး၏ တစ်ကိုယ်လုံးရေတွေရွှဲရွှဲစိုနေပြီး ၀တ်ထားသည့် ၀တ်ရုံပါးက ခန္ဓာကိုယ်ပေါ်တွင် ရေစိုပြီး ကပ်ငြိလို့နေသည်။

ခါးစည်းကြိုးကပြေနေသဖြင့် ၀တ်ရုံက တော်တော်လေးဟနေကာ ရေစိုနေသော ရင်ဘတ်ဖြူဖြူလေးအား အကာအကွယ်မရှိမြင်နေရပြီး ဆောင်းဟွန်းနှာခေါင်းက ပူနွေးလာကာနှာခေါင်းသွေးလျှံကာနီးအခြေအနေဖြစ်သွားလေသည်။

ဂျယ်ယွန်း၏ ယခုပုံကို မြင်ပြီး ဆောင်းဟွန်းမှာ တစ်ခွန်းတည်းသာဆိုနိုင်တော့သည်။

"ရူးလောက်‌ေအာင် ဆွဲဆောင်မှုရှိလွန်းလို့ ရူးသွားတော့မှာပဲ"

ယခုလို ဖုံးတစ်၀က်ကွယ်တစ်၀က် မြင်သာသည်က တစ်၀က်ဖြစ်နေသော ဂျယ်ယွန်း ခန္ဓာကိုယ်က ဆောင်းဟွန်းကိုယ်ထဲစီးဆင်း‌ေနသည့်သွေးတွေကိုပါ ပူနွေးလာစေသည်။

သူ၏ မျက်နှာလေးထက်တွင်လည်း ရေစက်ကလေးတွေဝေ့သီလို့နေပြီး မျက်တောင်ဖျားလေးတွေပါမကျန်စေရပေ။

ဂျယ်ယွန်းက မျက်တောင်‌လေးကိုတဖျတ်ဖျတ်ခတ်လိုက်တိုင်း မျက်တောင်များပေါ်မှရေစက်လေးများက ပါးပြင်ထက်သို့ လျှောကျသွားလေသည်။

ထိုမျှမကသေးပေ။

စိုစွတ်နေသော နှုတ်ခမ်းသားရဲရဲတို့ကိုကြည့်မိသောအခါ ဆောင်းဟွန်းမှာ လှုပ်ရှားလို့ပင်မရ‌နိုင်တော့ချေ။

နီရဲပြီးစိုစွတ်နေသော ဤ နှုတ်ခမ်းတစ်စုံမှာ မည်မျှ နူးညံ့အိစက်ပြီး အရသာရှိနေမလဲဆိုတာတွေးမိသွားချိန်တွင် ဆောင်းဟွန်းခမျာ ရေဆာလွန်းလို့ လည်ချောင်းတွေခြောက်သွေ့လာသလိုပင်။

ရေစက်‌ေလးများ‌ေ၀့သီနေသော ဂျယ်ယွန်း၏ တစ်ကိုယ်လုံးမှာ လတ်လတ်ဆတ်ဆတ်ရေဆေးထားသော ပန်းသီးမှည့်လေးသကဲ့သို့ မြင်သူအပေါင်းအား တစ်ကိုက်မျှဖြစ်စေမြည်းစမ်းချင်စိတ်ပေါက်လာစေသည်။

ရေစိုနေသော အလှတရားလေးက သူအား စားပါ စားပါ ဟု ဖိတ်ခေါ်နေ‌သယောင် ထင်မှတ်မှားရလောက်တာမို့ ထိုအလှတရားကိုတွန်းလှန်ဖို့ရာ ဆောင်းဟွန်းမှာ မတတ်နိုင်တော့ပါ။

ဆောင်းဟွန်း၏ မျက်၀န်းများက တဖြည်းဖြည်းနက်‌မှောင်လာပြီး မျက်၀န်းနက်များမှအကြည့်စူးစူးတွေကမီးပွားလေးများ တောက်‌ေလာင်‌ေနသည့်နှယ် ပူလောင်လှပါ၏။

ထိုအပြင် ဆောင်းဟွန်း၏ လည်စိလေးမှာလဲ အကြိမ်ကြိမ်အပေါ်အောက်ကူးသန်းနေ‌ေတာ့သည်။

ဂျယ်ယွန်းမှာ သူ့ကို အဲ့သည်လိုကြီး စူးစိုက်ကြည့်နေသည်ကြောင့် မနေတတ်တော့ဘဲ နှုတ်ခမ်းလေးဖွဖွကိုက်၍ မေးလိုက်သည်။

"သခင်‌ေလး‌ေဆာင်းဟွန်းက ဒီကို ဘယ်လိုဖြစ်ပြီး ရောက်...အင့်"

"ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ"ဟုမေးမည့် ‌ဂျယ်ယွန်း၏အ‌ေမးစကားမှာ နှုတ်ဖျားမှ ထွက်ခွင့်မရလိုက်ဘဲ ဆောင်းဟွန်းထံမှ ပိတ်ဆို့ခြင်းခံလိုက်ရသည်။

ဟုတ်ပါသည်။

ဆောင်းဟွန်းက ရုတ်တရက်ကြီး သူ၏ခေါင်းကိုနှိမ့်ချလိုက်ပြီး ဂျယ်ယွန်းနှုတ်ခမ်းသားများအား နမ်းရှိုက်ပစ်လိုက်ခြင်းဖြစ်ပါ၏။


ဘယ်လိုမှ မထင်မှတ်ထားသည့် ဂျယ်ယွန်း၏မျက်၀န်းများက အလွန်အမင်းပြူးကျယ်သွားကာ ဆောင်းဟွန်းအား တွန်းဖယ်ဖို့ ကြိုးစားလိုက်သည်။


သူ့ကိုတွန်းဖယ်ဖို့ကြိုးစားလိုက်သည့် ‌ဂျယ်ယွန်း၏ ‌လုပ်ရပ်က ဆောင်းဟွန်း၏ နှလုံးသားထဲ ငြိမ်သက်သွားပြီဖြစ်သော နတ်ဆိုးသားရဲကို တဖန် ပြန်လည်၍ လှုပ်နှိုးလိုက်သလိုဖြစ်သွားသောကြောင့် သူက လုံး၀မလွှတ်ပေးဘဲ တင်းကြပ်စွာ ချုပ်‌‌ေနှာင်ကာ ဖက်ထားလေသည်။

သူရုန်းလိုက်ကာမှ ရုတ်တရက်ကြီး ဆောင်းဟွန်း၏ လှုပ်ရှားမှုတွေက ပြင်းထန်ကာ ကြမ်းတမ်းသွားသဖြင့် ဂျယ်ယွန်းမှာ ပိုမိုထိတ်လန့်လို့သွားရသည်။

သူ၏ ဉာဏ်ကောင်းလှပါသည်ဆိုသော ဦးနှောက်ကတကယ်ပဲနားမလည်နိုင်တော့ချေ။


"ခုနက ငါတို့စကားကောင်းကောင်းပြောနေတာမဟုတ်ဘူးလား ဘာလို့ ရုတ်တရက်ကြီး ထနမ်းနေရသလဲ တကယ်ပဲ ဒီသခင်လေးက စိတ်မမှန်ဘူးလား"

အတင်းအကြပ် နမ်းခံနေရသော ဂျယ်ယွန်းမှာ အသံမထွက်နိုင်သော်လည်း ငိုချင်နေပြီဖြစ်သည်။


ဂျယ်ယွန်းသည် သူ၏လက်များနှင့် ခန္ဓာကိုယ်မှာ ဆောင်းဟွန်းထံမှ ချုပ်ထားခြင်းခံရတာမို့ သူ၏ခေါင်းကို ရွှေ့ကာ အနမ်းများကိုရှောင်ဖယ်ဖို့ကြိုးစားပြန်သည်။

သူ၏ ကြိုးစားမှုက ကောင်းမွန်သော်လည်း ရလဒ်အနေနဲ့ကတော့ ပိုမိုဆိုးရွားသွားရုံသာ။

ဆောင်းဟွန်းမှာမူ ထိုသို့ ရုန်းကန်နေသော ဂျယ်ယွန်းကြောင့် စိတ်လွတ်သွား‌‌ေလတော့သည်။

ဂျယ်ယွန်းက သူ့ကိုငြင်းပယ်‌ေနသည်ဆိုသည့် အသိတရားက စိတ်လွတ်နေသော ဆောင်းဟွန်းအတွေးထဲရောက်လာသောအခါ လက်လျှော့လိုက်ဖို့နေနေသာသာ သူက လက်မခံမခြင်း အတင်းအကြပ်ပြုမူတော့သည်။

‌‌ဂျယ်ယွန်း ပုခုံးကို သိုင်းဖက်ထားသည့်ဆောင်းဟွန်းဟ လက်တစ်ဖက်က ‌ချက်ချင်းဆိုသလို ဂျယ်ယွန်း၏ ခေါင်းအနောက်ဖက်ကို ရောက်ရှိလာပြီး လှုပ်ရှားနေသည့်ခေါင်းကိုထိန်းကိုင်လိုက်သည်။

ရေစိုစွတ်နေသာ ဆံသားများကိုထိတွေ့ပြီး ဂျယ်ယွန်း၏ ခေါင်းကို ဖမ်းကိုင်ထားသည့်ဆောင်းဟွန်းကြောင့် ဂျယ်ယွန်းမှာ ဘယ်လိုမှလှုပ်လို့မရတော့ပေ။


ဂျယ်ယွန်းကို ဖမ်းချုပ်ထားပြီးနောက် ဆောင်းဟွန်း၏ အနမ်းများကလဲပိုမိုပြင်းပြကာနက်ရှိုင်းလာသည်။

သူကဂျယ်ယွန်း၏လက်များကိုချုပ်လျက် လက်တစ်ဖက်ဖြင့် ခေါင်းအနောက်ကို ထိန်းကိုင်ကာ  ဂျယ်ယွန်း၏ နှုတ်ခမ်းသားများကို အရူးအမူးစားသုံးလို့နေသည်။


သို့သော်လည်း ဆောင်းဟွန်းမှာ အတွေ့အကြုံမရှိတာမို့ မငြင်သာသော အနမ်းများက ဂျယ်ယွန်း၏ နှုတ်ခမ်းများအား နာကျင်ထုံထိုင်းသွားစေသည်။

သူတို့မှာ နမ်းနေသည်ဆိုတာထက်  ဂျယ်ယွန်း၏ နှုတ်ခမ်းများအား ဆောင်းဟွန်းက တတိတိဖြင့် ကိုက်ခဲနေခြင်းသာ။

မနမ်းတတ်သည့်ဆောင်းဟွန်းမှာ လျှာဖြင့်လျက်လိုက် နှုတ်ခမ်းကိုကိုက်လိုက်နှင့် လုပ်နေတာမို့ ဂျယ်ယွန်းမှာ အတင်းအကြပ် အနမ်းခံနေရသည်ကိုပင်မေ့ပြီး စိတ်ထဲကနေ မျက်လုံးလှန်‌မိသည်။


ဆောင်းဟွန်း၏အနမ်းစ‌ေကးက တော်တော်လေး အံ့အားသင့်ဖွယ်ရာပင်။

တနည်းဆိုရလျှင်တော့ အဲ့ဒါက နှုတ်ခမ်းကို ခွေးကိုက်နေသလိုပဲ။


နှစ်တစ်ထောင်ကျော်ကြာအောင် စောင့်မျှော်နေခဲ့ရတဲ့ သူ့ရဲ့ ပထမဆုံးအနမ်းလေးမှာ ယခုကဲ့သို့ ဗရုတ်သုတ်ခတွေဖြစ်သွားသဖြင့် ဂျယ်ယွန်းမှာ ဒေါသမထွက်ဘဲမနေနိုင်ပေ။


သူ၏ လက်တွေသာ ဆောင်းဟွန်းထံမှာ ချုပ်ထားခြင်းမခံရလျှင် ဆောင်းဟွန်း၏ ခေါင်းအနောက်ကို ဖတ်ခနဲ အသံမြည်‌ေအာင် ရိုက်ပြီး ဆူပူမိမှာအသေအချာပင်။


*ဟေး အစ်ကိုကြီး ခင်ဗျား ရူးနေလား လူကို နမ်းမယ်ဆိုရင်လဲ လူလိုနမ်းလေ ခွေးကိုက်သလိုကိုက်မနေနဲ့ နူးနူးညံ့ညံ့လေးနမ်းဟ!*


သူ၏ အနမ်းစကေးကို အပြတ်အသတ်ဝေဖန်နေရမှန်းမသိသည့်ဆောင်းဟွန်းမှာတော့ ကိုက်လို့ကောင်း...အဲလေ နမ်းလို့ကောင်းနေဆဲပင်။

သူကဂျယ်ယွန်းဟ နှုတ်ခမ်းများနှင့် သူနှုတ်ခမ်းများထိတွေ့သွားပြီးကတည်းက အသိ‌စိတ်ပျောက်ကာ ဘာဆက်လုပ်လို့လုပ်ရမှန်းမသိတော့တာပင်။

ဖြစ်နိုင်ရင် ဆောင်းဟွန်းမှာ တစ်ဖက်လူကို တစ်ခါတည်းသာ မြိုချထားလိုက်ချင်တော့သည်။

သူ၏ အနမ်းများက ကြမ်းတမ်းကောင်းကြမ်းတမ်းနိုင်သော်လည်း အတော်လေး စစ်မှန်နေလိမ့်မည်မှာ အမှန်ပင်။

အချိန်အတော်ကြာအောင် ထိုအတိုင်းဖြစ်နေသော ဂျယ်ယွန်းမှာ သည်းမခံနိုင်တော့သဖြင့် လှည့်ကွက်လေးထုတ်သုံးရဝောာ့သည်။


သူက နာကျင်သွားဟန်နှင့် နှုတ်ခမ်းလေးဟကာ ညည်းညူလိုက်သည့်အခါ ဆောင်းဟွန်း၏ လျှာက အလိုက်သင့်ပင်၀င်ရောက်လာတော့သည်။


ဆောင်းဟွန်း၏ လျှာက ဂျယ်ယွန်း၏ ခံတွင်းတစ်ခုလုံးကို တိုး၀င်ကာ အရသာမြည်းစမ်းလိုက်သောအခါ သူတို့၏ လျှာဖျားထိပ်ခြင်းထိတွေ့မိသွားပြီး နှစ်ဦးစလုံး ကြက်သီးများထသွားလေသည်။


ဂျယ်ယွန်းမှာ စိတ်ထဲကနေ သက်ပြင်းလေးခိုးချလိုက်သည်။

သူက ထိုသို့ဖြစ်အောင် တမင်ဉာဏ်များလိုက်ခြင်းဖြစ်သော်လည်းမတတ်နိုင်ပေ။

သူမျှော်လင့်ထားရသည့် ပထမဆုံးအနမ်းကို ထိုသို့ ပျက်စီးသွားခွင့်မပြုနိုင်တာမို့ ကောင်ကောင်းစီး‌ေမျာခံစားလိုက်ဖို့သာ တတ်နိုင်တော့သည်။

ဂျယ်ယွန်းက ရုန်းကန်ခြင်းမပြုတော့ဘဲ မျက်လုံးများမှိတ်ကာ ‌ဆောင်းဟွန်း၏ နက်ရှိုင်းသောအနမ်းကိုခံစားမလို့ကြံလိုက်စဉ် တစ်ဖက်လူက ရပ်တန့်သွားလေသည်။

ဆောင်းဟွန်းမှာ ရုတ်တရက် ပြင်းပြင်းထန်ထန်ကိုက်ခဲနေသော သူ၏ခေါင်းက်ို ထိန်းကိုင်ထားလိုက်ရင်း ခန္ဓာကိုယ်ပင်ယိုင်နဲ့လို့သွားတာကြောင့် ဂျယ်ယွန်းကိုယ်တိုင်ပင် ပြန်လည်ပွေ့ဖက်လျက် ထိန်းထားလိုက်ရလေသည်။

"ဘာဖြစ်လို့လဲ အဆင်ပြေရဲ့လား"

ဆောင်းဟွန်း၏ လေးလံသော ခန္ဓာကိုယ်ကို ဂျယ်ယွန်းက မသယ်နိုင်သဖြင့် သူ့ကိုယ်ပေါ်မှီထားခိုင်းရုံသာတတ်နိုင်တော့သည်။

ဆောင်းဟွန်းမှာ ပြန်ပင်မဖြေနိုင်ဘဲ ဂျယ်ယွန်း၏ လည်တိုင်ထက်၌ ခေါင်းစိုက်လျက် သူ၏လက်များကလဲ ဂျယ်ယွန်းပျောက်ကွယ်သွားမှာစိုးသည့်အလား အတင်းပွေ့ဖက်ထားလေသည်။

ဂျယ်ယွန်းမှာ ဆောင်းဟွန်း ပြင်းထန်လှသော စိတ်ခံစားချက်အပြောင်းအလဲများကို သူ၏အာရုံတွင် ခံစားနေရပြီး သူပဲစိတ်ထင်တာလား‌ေတာ့ မသိပေမဲ့ဆောင်းဟွန်း၏ ကိုယ်မှာပဲ အနည်းငယ်တုန်ယင်နေဟန်ပင်။

ဂျယ်ယွန်းက ထိုသူ့အား စိုးရိမ်တကြီးဖြင့် ပြန်လည်ပွေ့ဖက်ထားပြီး ခ‌ဏအကြာတွင် သူ၏လည်ပင်း၌ စိုစွတ်လာသည်အား သတိထားလိုက်မိသည်။

*ငိုနေတယ်?အာဏာရှိပြီး စွမ်းရည်ပြည့်၀တဲ့ ဒီသခင်လေးက ငိုနေတာလား!*

ဂျယ်ယွန်းမှာ ထိုကဲ့သို့သော ဆောင်းဟွန်းပုံကိုမမြင်ဖူးတာမို့ စိတ်ပူသွားကာ "အဆင်ပြေရဲ့လား"ဟု မမေးဘဲမနေနိုင်တော့ပေ။

ဆောင်းဟွန်းက သူ၏ အမေးကိုပြန်ဖြေမည့်အစား ဂျယ်ယွန်းနာမည်ကိုသာ တတွတ်တွတ်ရေရွတ်နေသည်။

"ဂျယ်ယွန်း...ဂျယ်ယွန်း....ကိုယ့်ရဲ့ ဂျယ်ယွန်း..."

သူ့နာမည်ကိုသာ အပူတပြင်းခေါ်ဆိုနေတာကြောင့် ဂျယ်ယွန်းက ဆောင်းဟွန်း၏ ကျောပြင်လေးက ပုတ်ပေးကာချော့လိုက်သည်။

"အင်း ကျွန်တော်ဒီမှာရှိနေပါတယ်"


သူ့လည်ပင်းက စိုစွတ်ပူနွေးနေသည့် အရည်တချို့ကြောင့် ဂျယ်ယွန်းမှာလြ အကြောင်းပြချက်မရှိစိတ်ထိခိုက်လာကာ သူ၏လည်ပင်းထက် ခေါင်းငိုက်စိုက်ကျနေသော ဆောင်းဟွန်းအား ပိုတိုးလို့ပွေ့ဖက်လိုက်သည်။

ဆောင်းဟွန်းက အနည်းငယ်အက်ကွဲနေသောအသံဖြင့်

"ရှိနေမှာလား ထပ်ပြီး ထွက်သွားဦးမှာလား"

ဂျယ်ယွန်းမှာ တဖက်လူကို မငြင်းပယ်နိုင်ပေ။

"ထွက်မသွားပါဘူး ရှိနေမှာပါ"

ဂျယ်ယွန်း၏ စကားအဆုံးတွင် ဆောင်းဟွန်း၏ သူ၏စိတ်ကို ထိန်းချုပ်လိုက်နိုင်သွားသလို တည်ငြိမ်သွားတော့သည်။

သူက ဂျယ်ယွန်း၏ လည်တိုင်ကျော့‌ေကျာ့ကို တည်ငြိမ်စွာဖြင့် နှုတ်ခမ်းဖြင့်ထိတွေ့နမ်းရှိုက်ရင်း ‌ဆိုလိုက်သည်။

"ကောင်းပြီ ကိုယ့်ကို မစွန့်ပစ်ပါနဲ့"

ဂျယ်ယွန်းမှာ လည်ပင်းနားက နူးညံ့တဲ့အထိအတွေ့တွေကြောင့် နားရွက်ဖျားတွေပူလာပြီး ဆောင်းဟွန်းအားအလိုလိုက်ဖို့သာတတ်နိုင်တော့သည်။

"မစွန့်ပစ်ပါဘူး"

ဂျယ်ယွန်း၏ စကားအဆုံး ဆောင်းဟွန်း၏ ဂျယ်ယွန်းလည်တိုင်ထက်မှီနေရာမှ သူ၏ခေါင်းကိုမော့လိုက်ပြီး ဂျယ်ယွန်း၏ နှုတ်ခမ်းများအား နောက်တစ်ကြိမ်နမ်းရှိုက်လာသည်။

ဂျယ်ယွန်းမှာ အံ့အားသင့်သွားရပြန်သော်လည်း သိပ်မကြာခင်တွင် စိတ်နှင့်လူနှင့်ပင်မကပ်တော့ချေ။

အဘယ့်ကြောင့်ဆိုသော် ဤတစ်ကြိမ်အနမ်းမှာ ခုနက တစ်ခုထက် ပိုမိုပြင်းပြ နက်ရှ်ိုင်းပြီး လေးနက်လို့နေခြင်းကြောင့်ပင်။

ဂျယ်ယွန်း၏ အပေါ်အောက်နှုတ်ခမ်းများက ဆောင်းဟွန်းထံမှ စုပ်ယူတလှည့် နမ်းရှိုက်တလှည့်ဖြင့် ကျီစားခံနေရပြီး တခါတရံ လျှာဖြင့် ဖွဖွလျက်ခြင်းကိုပါခံရတတ်လေသည်။

ထိုမျှမကသေးဘဲ ဆောင်းဟွန်း၏ လျှာက ဂျယ်ယွန်း၏ ခံတွင်းထဲ ကျူးကျော်၀င်ရောက်လာပြီး နယ်ချဲ့လို့နေသည့်အပြင် သူ၏ခံတွင်းတစ်ခုလုံးကိုခြယ်လှယ်ကာ အလွန်ပိုင်စိုးပိုင်နင်းပြုမူနေ‌ေတာ့သည်။

ဂျယ်ယွန်းမှာ ခုခံဖို့မစွမ်းသာသည့်အပြင် တွန်းလှန်ဖို့ရာလဲမတတ်နိုင်တော့သဖြင့် ငြိမ်ကျသွားပြီး သဲသဲမဲမဲနမ်းနေသည်ကိုသာ ငြိမ်ခံလိုက်ရတော့သည်။


ရေချိုးကန်ထဲတွင် ပုံရိပ်နှစ်ခုက ပူးကပ်နေပြီး အခန်းတစ်ခုလုံးမှာလဲ နားရှက်ဖွယ် တပြွတ်ပြွတ်မြည်သံတွေဖြင့်ပြည့်နှက်နေသည်။


တခါတရံမှာ သူတို့၏ လျှာတွေက ထိတွေ့သွားပြီး ဆောင်းဟွန်းမှာ သူ၏လျှာလေးအား အရူးအမူး အမဲဖျက်ကာ စုပ်ယူပစ်တတ်သေးသဖြင့် ဂျယ်ယွန်းမှာ အသိစိတ်မကပ်နိုင်တော့ပေ။


သူ၏ခြေထောက်များက ပျော့ခွေနေပြီဖြစ်တာကြောင့် ဆောင်းဟွန်းဘက်ကို တစ်ကိုယ်လုံးမှီထားနေရသော်လည်း ဆောင်းဟွန်းမှာ အနမ်းကိုမရပ်တန့်သေးပေ။


ဂျယ်ယွန်းတစ်ယောက်မှာ ဦးရေပြားတွေပါထုံထိုင်းနေပြီဖြစ်ပြီး သူတို့နမ်းနေတာ ဘယ်လောက်ကြာသွားမှန်းပင်မသိနိုင်တော့ချေ။

သေချာသည်ကတော့ အခန်းထဲရှိ ဆီမီးအိမ်ကပင် မီးစာကုန်ခမ်း‌သွားတော့မည်ဖြစ်သည်။

ဂျယ်ယွန်း၏ ခန့်မှန်းချက်က တိကျနေခဲ့ပြီး မကြာခင်ပင် မီးစားကုန်သွားသဖြင့် မီးအိမ်က မီးငြိမ်းသွားကာ တစ်ခန်းလုံး အမှောင်အတိကျသွားလေသည်။


မှောင်မဲနေသောကြောင့် အမြင်အာရုံအစား အကြားအာရုံက ပိုပြီး သက်ရောက်လာသည်။

နှုတ်ခမ်းခြင်းနမ်းရှိုက်ရာမှထွက်ပေါ်လာသည့် အသံများက အမှောင်ထုထဲပျံ့နှံ့လာပြီး ဂျယ်ယွန်းမှာ ရှက်လဲရှက်သလို တမျိုးတဖုံလဲစိတ်လှုပ်ရှားနေမိသည်။

အခုချိန်ထိ မရပ်တန့်‌ေနသေးသည့် ဆောင်းဟွန်းက လောဘကြီးသည့်သားရဲတစ်ကောင်လို ဂျယ်ယွန်းအား မြည်းလို့မ၀သေးသည့်ပုံနှယ်။

အကယ်၍ ဂျယ်ယွန်းမှာသာ ကုသနိုင်သည့်စွမ်းအား မရှိလျှင် ဤနေရာမှာတင် အသက်ရှုကြပ်ပြီးသေတာကြာပေါ့။

ဂျယ်ယွန်းလို လူတောင် ‌ဤမျှဆိုလျှင် သာမန်လူသာ ဆောင်းဟွန်းနမ်းတာခံရပါက တကယ်ကြီး သေသွားနိုင်ပေသည်။


"ဟင်"


ပေါက်ကရတေလျှောက်တွေးနေသော ဂျယ်ယွန်းမှာ သူ၏ ရင်ဘတ်ထံမှ အေးစက်သောအထိအတွေ့ကြောင့် အသိ၀င်သွားပြီး ထိတ်လန့်သွားလေသည်။


တစ်စုံတစ်ယောက်ရဲ့ တစ်နေရာရာမှ တစ်စုံတစ်ခုကတော့ နိုးထလာခဲ့ပြီ။

သူတို့နှစ်ယောက်က ပူးကပ်နေသည့်အပြင်အမှောင်ထဲမှာမို့ ဂျယ်ယွန်းမှာ အထိအတွေ့ကိုခံစားလွယ်နေ‌‌ေလသည်။


ဂျယ်ယွန်း၏ပေါင်‌နားတွင် ခပ်မာမာအရာတစ်ခု လာထိတွေ့နေပြီးထိုအထိအတွေ့က ဂျယ်ယွန်းအား ရှက်လို့ ရူးမတတ်ပင်ဖြစ်သွားစေသည်။


ဂျယ်ယွန်းသာမက ဆောင်းဟွန်းမှာလဲ ရူးမတတ်ဖြစ်နေရသည်။

သူသည် ဂျယ်ယွန်းကို အပိုင်သိမ်းပစ်ချင်လွန်းလို့ ရူးတော့မည်ဖြစ်သည်။


ဆောင်းဟွန်း၏ လက်များက လျော့တိလျော့ရဲနှင့် ဟနေသည့် ဂျယ်ယွန်း၀တ်ရုံကြားထဲ၀င်ရောက်လာပြီး ရင်ဘတ်အား ပွတ်သပ်နေ‌ေလသည်။


အေးစက်သောလက်ချောင်းများက ဂျယ်ယွန်းရင်ဘတ်နှင့် ၀မ်းဗိုက်တစ်၀န်းတွင် ပြေးလွှားလို့နေပြီး ထိုအထိအတွေ့များက ဂျယ်ယွန်းကိုလဲ နှိုးဆော်နိုင်လေသည်။


အမှောင်ထုထဲတွင် ဂျယ်ယွန်း၏ နှုတ်ခမ်းများထံမှ ညည်းသံလေးတွေ ထွက်ကျလို့လာသောကြောင့် ထိုအသံလေးများက ဆောင်းဟွန်းအား ပိုမို ရှေ့တိုးစေရန်လှုံ့ဆော်လိုက်သကဲ့သို့ပင်။


ဆောင်းဟွန်း၏လက်ဖ၀ါးများက ဂျယ်ယွန်း၏ ၀တ်ရုံအတွင်းဖက်သို့၀င်ရောက်ပွတ်သပ်နေရင်း ပွင့်ချပ်‌ေလးများနေရာသို့ရောက်သွားတော့မည့်အချိန်တွင်...


"ဟတ်...ဟတ်ချိုး"


အမှောင်ထဲတွင် သူ့ရှေ့မှ လူသားလေး၏ နှာချေသံကြောင့် ဆောင်းဟွန်း၏လှုပ်ရှားမှုများရပ်တန့်သွားသည်။

သူတို့နှစ်ဦးသားဟာ တစ်လျှောက်လုံး ရေကန်ထဲမှာ အချိန်အကြာကြီး ရပ်နေခဲ့၍ ပူနွေးသောရေများဟာ အေးစက်သွားတာကြာလှပြီဖြစ်သည်။

အေးစက်နေသော ရေများက ဂျယ်ယွန်းအား အအေးမိသွားစေပြီး နေမကောင်းဖြစ်သွားစေနိုင်သည်။

ထိုအ‌ေတွးကြောင့်ဆောင်းဟွန်းရင်ထဲ တောက်လောင်နေသည့် ရမ္မက်မီးလျှံများမှာ ရေအေးဖြင့် ငြှိမ်းသက်ခံလိုက်ရသလို ချုပ်ငြိမ်းသွားတော့သည်။



သူက ဂျယ်ယွန်းကိုယ်လေးကို ပွေ့ချီလိုက်ရင်း ရေကန်ထဲကနေ တက်လိုက်ကာ ရေများခြောက်သွေ့သော ကန်ဘောင်တွင်ချပေးလိုက်သည်။


ထို့နောက် ခြောက်သွေ့သော တဘက်တစ်ထည်ကိုမြန်မြန်သွားယူရင်း ဂျယ်ယွန်း၏ တစ်ကိုယ်လုံးကို ခေါင်းအစခြေအဆုံး ရေသုတ်ပေးနေလေသည်။


သူ့အား တယုတယဖြင့် ကိုယ်တိုင်ရေသုတ်ပေးနေသော ဆောင်းဟွန်းမှာ နူးညံ့လို့နေပြီး ခုနက သူ့အားအတင်းအကြပ်နမ်းနေသည့်လူဆိုးကြီးနှင့် လားလားမှမတူပေ။

ဂျယ်ယွန်းမှာ သူ၏ထုံကျင်ပြီးပေါက်ပြဲနေသော နှုတ်ခမ်းကိုထိမိမှသာ ခုနက အဖြစ်မှာ အိပ်မက်မဟုတ်ကြောင်းသိနိုင်တော့သည်။


‌ဂျယ်ယွန်းမှာ တကိုယ်လုံး မောပန်းပြီး မလှုပ်ချင်ဖြစ်နေသဖြင့် ဆောင်းဟွန်းလုပ်ပေးတာသာ ငြိမ်ခံနေသော်လည်းတစ်ဖက်လူက သူ့အ၀တ်ကိုချွတ်ဖို့ လက်လှမ်းလိုက်တဲ့အခါ ရုတ်တရက် တားလိုက်ရတော့သည်။


"ရေစိုနေတဲ့အ၀တ်တွေလဲပေးမလို့ပါ"

ဂျယ်ယွန်းမှာ အမှောင်ထဲကနေသာ မျက်စောင်းထိုးလိုက်ပြီး

"ရတယ် ကိုယ့်ဘာသာ လဲမယ် ခင်ဗျားသာ ဟိုဘက်လှည့်နေ"

"ဒီလောက်မှောင်မဲနေတာ ကိုယ်ဘာမှမမြင်ရဘူးလေကွာ မလှည့်လို့မရဘူးလား"

"လုံး၀မရဘူး"


ဆောင်းဟွန်းက ဂျယ်ယွန်းအား အရှုံးပေးလိုက်ရပြီး နောက်ကျောခိုင်းထားလိုက်ရသည်။


အကယ်၍ ဂျယ်ယွန်းသာ သူ့ကိုမလှည့်ခိုင်းပါက အတွင်းအားလေ့ကျင့်ထားသော ဆောင်းဟွန်းတစ်ယောက်မှာ  အာရုံပြုလိုက်ပါက အမှောင်ထဲတွင်ပင်မြင်နေနိုင်သည့်အတွက် ဂျယ်ယွန်းကို တိတ်တိတ်လေး ခိုးကြည့်ဖို့လုပ်ထားတာပင်။


ယခုတော့ဆောင်းဟွန်းမှာ နောက်စေ့ကနေ မမြင်ရသဖြင့် နှမြောတသဖြစ်နေဖို့သာတတ်နိုင်တော့သည်။


ဂျယ်ယွန်းက အ၀တ်များလဲပြီးနောက် ‌ဆောင်းဟွန်းကိုပါ အ၀တ်လဲဖို့ပေးလိုက်သည်။

"ကိုယ်က ရပါတယ်"

"မရပါဘူး"

"မဟုတ်ဘူး မင်းအ၀တ်တွေက ကိုယ်နဲ့တော်မှာမဟုတ်ဘူး"


ဂျယ်ယွန်းက အနည်းငယ်ရှက်သွား‌ေသာ်လည်း ဆောင်းဟွန်းပြောတာအမှန်ဖြစ်ကြောင်းသိလေသည်။

သူကဘာပြောရမှန်းမသိခင် ဆောင်းဟွန်းကဆက်ပြောလိုက်သည်။


"ကိုယ့်ကို အိပ်ခန်းထဲမှာ ခဏလောက် မီးလှုံခွင့်ပေးလေ"


ဂျယ်ယွန်းမှာ ဆောင်းဟွန်းအား သင်္ကာမကင်းကြည့်လိုက်သော်လည်း တစ်ဖက်လူက ပုံမှန်ဖြစ်နေတာမို့ ခွင့်ပြုလိုက်ရသည်။

ဘာကြောင့်မှန်းမသိပေမဲ့ ရေစိုရွဲနေသော အ၀တ်များကြောင့် ဆောင်းဟွန်းအအေးမိသွားမှာကို သူ မဖြစ်စေချင်ပေ။

ဆောင်းဟွန်းက ဂျယ်ယွန်းနှင့် အတူ အိပ်ခန်းထဲလိုက်သွားပြီးနောက် နွေးထွေးသော အပူရှိန်ရှိသည့်မီးဖိုအနားတွင် ထိုင်ချလိုက်သည်။


သူကဂျယ်ယွန်းကိုလဲ လာထိုင်ရန်  ကြမ်းပြင်ပေါ်ပုတ်ပြသဖြင့် ဂျယ်ယွန်းက ခဏလောက် ချီတုံချတုံဖြစ်နေပြီး လက်ဖက်ရည်တစ်အိုးယူကာ ဆောင်းဟွန်းအနားသွားထိုင်လိုက်သည်။

မီးဖိုပေါ်တွင် လက်ဖက်ရည်အိုးတည်လိုက်ပြီး နှစ်ဉီးသားမှာ စကားမပြောကြဘဲ အတန်ကြာတိတ်ဆိတ်နေသည်။


ဂျယ်ယွန်းက လက်ဖက်ရည်အိုးကိုချကာဆောင်းဟွန်းအား ခန္ဓာကိုယ်နွေးစေသည့် ချင်းလက်ဖက်ရည်တစ်ခွက်ငှဲ့ပေးလိုက်သည်


ဆောင်းဟွန်းက တမင်လား မတော်တဆလားမသိဘဲ လက်ဖက်ရည်ခွက်ယူစဉ် သူ၏လက်ချောင်းများက ဂျယ်ယွန်း၏လက်ထိပ်‌ေလးများကို ထိတွေ့သွားလေသည်။


ဂျယ်ယွန်းကဘေး‌ေစာင်းကြည့်လိုက်သော်လည်း ဆောင်းဟွန်းမှာ ပုံမှန်အတိုင်းလက်ဖက်ရည်တစ်ငုံသောက်နေပြီဖြစ်သည်။


ဂျယ်ယွန်းက အကြည့်မလွှဲခင်ဆောင်းဟွန်းက မေးလိုက်သည်။


"မမေးတော့ဘူးလား ကိုယ့်လုပ်ရပ်တွေနဲ့ပတ်သတ်ပြီး"

ဂျယ်ယွန်းက ဆောင်းဟွန်းကိုဘေးစောင်းကြည့်နေလျက်နှင့်

"ခင်ဗျားကပြောမှာမို့လို့လား"


ဆောင်းဟွန်းက ဂျယ်ယွန်းဘက်သို့လှည့်လာ‌၍ သူ့ကိုလေးနက်စွာကြည့်ပြီးဖြေလိုက်သည်။


"မင်းဆန္ဒရှိသရွေ့ ကိုယ်ကဘာမဆိုဖြည့်ဆည်းပေးမှာပါ"


ဆောင်းဟွန်း၏ စူးရှလေးနက်လှသောအကြည့်တွေက ဂျယ်ယွန်း၏ နှလုံးသားလေးအား ပြင်းပြင်းထန်ထန်ခုန်လှုပ်သွားစေပြီး ရှက်သွားစေသည်။

သူက ရှက်ရွံ့မှုကိုဖုံးကွယ်ရန် လက်ဖက်ရည်တစ်ငုံသောက်ကာ မေးလိုက်သည်။


"ဒါဆ်ု ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ မဟုတ်ဘူး ‌ကျွန်တော်ဒီမှာရှိနေမှန်းဘယ်လိုလုပ်ပြီးသိနေတာလဲ"


"ကိုယ်စုံစမ်းခဲ့တာ

မြူနှင်းငွေ့ကပြန်သွားပြီးတော့ ရက်အနည်းငယ်ကြာ‌ေတာ့ ချက်ချင်း ပြန်လာခဲ့သေးတယ် မင်းကိုတွေ့ဖို့"


ဂျယ်ယွန်းမျက်လုံးလေးတွေဝိုင်းစက်သွားကာ

"တကယ်လား ကျွန်တော့်ကိုတွေ့ဖို့ဘာလို့ပြန်လာတာလဲ ကျွန်တော်က အဲ့ဒီ့အချိန် မြို့တော်ကို လာ‌ေနခဲ့ရတာ"


ဆောင်းဟွန်းက ဂျယ်ယွန်းမေတာကိုမဖြေဘဲအမေးဖြင့် တုံ့ပြန်လိုက်သည်။


"အင်ပါယာရဲ့မင်းသား၃ကိုသိလား"


ဂျယ်ယွန်းက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ကာ စဉ်းစားရင်း သူကြားဖူးတဲ့အတင်းအဖျင်း‌ေတွကိုပြန်စဉ်းစားမိသွားသည်။


"အင်း ဝံပုလွေရူးတစ်ကောင်လို ရက်စက်ကြမ်းကြုတ်ပြီး မိန်းမမြာပွေတယ်ဆိုတဲ့ နတ်ဆိုးမင်းသားလား"


ဆောင်းဟွန်းမျက်နှာမှာ မဲမှောင်သွားပြီး ဂျယ်ယွန်းအား ‌ချက်ချင်းငြင်းဆိုလိုက်သည်။

"အဲ့ဒါတွေတစ်ခုမှအမှန်မဟုတ်ဘူး"


ဂျယ်ယွန်းမှာ ပုခုံးလေးတွန့်လိုက်ရင်း

"ဘယ်သူသိမှာလဲ တကယ်ဟုတ်မဟုတ်"


"သိတယ် ကိုယ်က မင်းသား၃ပဲ"


"..."

ဂျယ်ယွန်းမှာ ဆွံ့အလျက် ပါးစပ်လေးအဟောင်းသားနှင့် "ဝံပုလွေရူးတစ်ကောင်လို ရက်စက်ကြမ်းကြုတ်ပြီး မိန်းမမြာပွေတယ်"ဆိုတဲ့ သူ့ရှေ့ကလူအားကြည့်လိုက်သည်။

"တကယ်ပြောနေတာလား"

"ဘာလို့မင်းကိုညာရမှာလဲ"


ဆောင်းဟွန်းမှာ သက်သေအထောက်အထားအဖြစ် အင်ပါယာမင်းသားတံဆိပ်ပြားနှင့် အရိပ်နက်တပ်ဖွဲ့ တံဆိပ်ပြားကို ထုတ်ပြလိုက်လေသည်။

ဂျယ်ယွန်းမှာ အတော်ကြာတဲ့အထ်ိပါးစပ်ပြန်မစိနိုင်ပေ။

သူက အစထဲကတစ်ဖက်လူအား ထူးခြားသည့်သူဟုထင်ထားပြီးသားဖြစ်သော်လည်း အင်ပါယာမင်းသားဖြစ်နေဖို့တော့မထင်ထားပေ။

*လတ်စသတ်တော့ သူကယ်တင်ခဲ့တာ ဆရာကြီးတစ်ဆူကို*

ဆောင်းဟွန်းကမူ အံ့အားသင့်နေတဲ့ဂျယ်ယွန်းပါးလေးကိုဆွဲညှစ်ကာ အလေးအနက်ထားပြောလိုက်သည်။


"မင်းသိထားသမျှက သီတင်းမှားတွေပဲ ကိုယ်ကတစ်ခါမှတောင် မြာမပွေဖူးဘူး"


ဂျယ်ယွန်းမှာ ထိုအခါမှ သတိ၀င်သွားပြီးချက်ချင်း ဒူးထောက်ကာ ခေါင်းငုံ့ထားလိုက်သည်။

မည်သို့ပင်ဆိုစေ တစ်ဖက်လူမှာ မြင့်မြတ်သည့်တော်၀င်မျိုးရိုးဖြစ်‌ေလသည်။

ဆောင်းဟွန်းက ဂျယ်ယွန်းအား ထိုသို့မလုပ်ရန် တားကာ လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်ထားပြီး ထူမလိုက်သည်။

သူက ဂျယ်ယွန်းခေါင်းမော့‌လာလာချင်း အနောက်ဘက်ကိုကြည့်နေကာ ရုတ်တရက်ကြီး ပြောလိုက်လေသည်။

"ဂျယ်ယွန်း ဟိုမှာကြည့်ကြည့်ပါဦး"

ဂျယ်ယွန်းမှာ လှည့်စားခံလိုက်ရပြီး အနောက်လှည့်ကြည့်လိုက်သော်လည်း ဘာမှရှိမနေခဲ့ပေ။


ထိုအစား သူအရှေ့ပြန်လှည့်လိုက်သောအခါ ဆောင်းဟွန်းမှာ ဂျယ်ယွန်း၏ လက်သူကြွယ်တွင် ဖြူဖွေးသောလက်စွပ်တစ်ကွင်း ၀တ်ပေးလိုက်ပြီးသားဖြစ်နေကြောင်းသ်ိလိုက်ရတော့သည်။


ဂျယ်ယွန်းမှာ ကျောက်စိမ်းဖြူဖြင့်ထွင်းထု‌ထားသော ပန်းနွယ်သဏ္ဍာန် လက်စွပ်လှလှလေးကိုကြည့်ရင်း သဘောကျမိသော်လည်း လက်ခံရန်မသင့်မှန်းသိသေးပေသည်။

"အရှင့်သား ဒါဘာလုပ်တာပါလဲ"

ဆောင်းဟွန်းက ပြန်မဖြေဘဲ ဂျယ်ယွန်းကို ကြမ်းပြင်ပေါ်မှ ထူမကာ ကုတင်ပေါ်တွင် ထိုင်ခိုင်းလိုက်သည်။


ထို့နောက် သူကိုယ်တိုင်က ဂျယ်ယွန်းရှေ့ရှိကြမ်းပြင်တွင် ဒူးတစ်ဖက်ထောက်လိုက်ပြီး ဂျယ်ယွန်း၏လက်လေးကိုကိုင်လိုက်သည်။

ဆောင်းဟွန်းက ဒူးထောက်လျက် ဂျယ်ယွန်း၏ လက်ဖမိုးအား အနမ်းတစ်ပွင့်ခပ်နှိပ်ရင်း မော့ကြည့်ကာ လေးနက်သော အသံဖြင့်ဆိုလိုက်သည်မှာ

"ကိုယ့်ကို  လက်ထပ်ပါနော်"

ဂျယ်ယွန်းမှာ အင်ပါယာမင်းသားတစ်ပါးက သူ့ရှေ့တွင် ဒူးထောက်ကာ လက်ထပ်ခွင့်တောင်းလိမ့်မည်လို့ ဘယ်တုန်းကမှမတွေးဖူးတာ‌ေကြာင့် ထိတ်လန့်ကာ အမြန်ဆွဲထူလိုက်သည်။


"အရှင့်သားအမြန်ထတော်မူပါ မသင့်တော်ပါဘူး"


"ဘာလို့မသင့်တော်ရမှာလဲ အရမ်းကိုမှသင့်တော်တယ်

မင်းရဲ့အိမ်က လေးယောက်မြောက်ကောင်နဲ့ပေးစားဖို့ ပြောထားတယ်ဆိုတာ ကိုယ်အကုန်သိပြီးသား

မင်းက ကိုယ့်အတွက် အရမ်းကိုအဖိုးတန်လွန်းလို့ သူ့လက်ထဲကိုတော့ ဘယ်လိုမှမထည့်‌ေပးနိုင်ဘူး 

ကိုယ့်ကိုလက်ထပ်ပါနော်"


"မဟုတ်ဘူး အရှင့်သားအရင်ထပါ ကျွန်တော်သူ့ကိုလက်ထပ်မှာမဟုတ်ဘူး"

"ဒါဆိုကိုယ့်ကိုရောလက်ထပ်မှာလား"


"..."

ဂျယ်ယွန်းမှာ ရုတ်တရက်ဆန်လွန်းနေတာမို့ဘာပြန်ဖြေရမှန်းမသိပေ။

ဆောင်းဟွန်းမှာ သက်ပြင်းချကာ ဘာမဆိုင်ညာမဆိုင်နှင့် ဂျယ်ယွန်းလက်ဖမိုးအားနောက်တစ်ကြိမ် နမ်းလိုက်ပြန်သည်။



"သူ့ကိုလက်မထပ်ဘူးဆိုရင်ဘယ်လိုငြင်းဆန်မှာလဲ ကိုယ့်ကိုပြော

အိပ်ယာပေါ်က ကိစ္စကလွဲပြီးဘာမှမသိတဲ့ အရူးကောင်က မင်းကိုမြင်ရင် အလွတ်ပေးလိမ့်မယ်များထင်နေလား

စိတ်တောင်မကူးထားဖူးတဲ့ ယုတ်ညံ့‌တဲ့အလုပ်တွေကို သူမလုပ်နိုင်ဘူးလို့များထင်နေတာလား"

ဆောင်းဟွန်းက ဂျယ်ယွန်း၏ လက်လေးကိုတစ်ချက်ညှစ်လိုက်ကာ နူးညံ့စွာမေးလိုက်သည်။

"ပြောပါဦး ကိုယ်စိတ်ပူတာ လွန်သွားလား"


ဂျယ်ယွန်းမှာ ဆောင်းဟွန်းလက်ထဲမှ သူ့လက်ကို မရုတ်သိမ်းနိုင်သည့်အပြင် ဘာပြန်ပြောရမှန်းမသိဘဲငိုင်နေလေသည်။

သူက မင်းသား‌၄ကိုလျှော့တွက်မိသွားပြီး တစ်ဖက်လူက ပုံမှန်အတိုင်း သူငြင်းရင် လက်ခံမယ်လို့ ထင်ထားခဲ့တာပင်။

ယခုတော့ ဆောင်းဟွန်းပြောသလိုဆို ထိုအတိုင်း မရိုးရှင်းနေပေ။

မင်းသား၄ဆိုသည်မှာလဲ အာဏာရှိသည့် တော်၀င်မိသားစုဖြစ်တာမို့ သူ့အား အတင်းအကြပ်သိမ်းပိုက်လိုက်ပြီး သေသည်အထိ နှိပ်စက်ခံနေရင် ဆိုးရွားလွန်းလှပေသည်။

သူ့ရှေ့က လူကိုပဲယုံလိုက်သင့်လားမသိတော့တာကြောင့် ဂျယ်ယွန်းမှာ တွေဝေပြီးနှုတ်ဆိတ်နေသည်။


"သူ့ရဲ့ကိုယ်လုပ်တော်တွေထဲမှာ တိတ်တိတ်လေး‌သေသွားတဲ့သူတွေမှ မရေမတွက်နိုင်အောင်ပဲ

အခု သူကမင်းကို ကိုယ်လုပ်တော်အနေနဲ့ လက်ထပ်ချင်နေတာလေ

ကိုယ်လုံး၀ခွင့်မပြုနိုင်ဘူး"

ဆောင်းဟွန်း၏ စကားကြောင့် ဂျယ်ယွန်းက ငေးကြောင်နေရာမှ အသိ၀င်ပြီး တစ်ဖက်လူအား ကြည့်လိုက်သည်။

"ဂျယ်ယွန်းရယ်

မင်းကို လက်ထပ်ခွင့်ပြုပါ

မင်းကို ကာကွယ်ခွင့်ပြု‌ေပးပါ

ကိုယ်တို့လက်ထပ်ပြီးရင် ဒီဘ၀မှာ ဂျယ်ယွန်းကသာ ကိုယ်ရဲ့ တစ်ဦးတည်းသော ကြင်ယာတော်ဖြစ်လာမှာပါ

ဂျယ်ယွန်းကလွဲပြီး တခြားတစ်ယောက်မရှိစေရဘူးဆိုတာကို မိုးနဲ့မြေကိုတိုင်တည်ပြီး သစ္စာပြုပါရစေ

ကိုယ့်ကိုအခွင့်အရေးလေးပေးပါနော်"


ဆောင်းဟွန်း၏ နူးညံ့သောအကြည့်တွေ‌နှင့် လေးနက်သော အပြောတို့က ဂျယ်ယွန်းအား ပြုစားခံလိုက်ရသလို မိန်းမောသွားစေသည်။

ချိုမြိန်‌ေသာ ကွန်ရက်လှလှလေးက ဂျယ်ယွန်းအား ရုန်းထွက်ဖို့ကြိုးစားလို့မတတ်နိုင်အောင်ပင်။

သူက အသက်ပြင်းပြင်းရှုသွင်းလိုက်ကာ သူ့ရှေ့တွင် ဒူးထောက်နေသည့်သူအားမေးလိုက်သည်။

"ဒါတွေအားလုံးက အရှင့်သားရဲ့အသက်ကိုကယ်ခဲ့လို့ ကျေးဇူးဆပ်တာလား"

ဆောင်းဟွန်းက ခေါင်းကိုချက်ချင်းဆိုသလို ခါယမ်းပြသည်။


"ဘယ်ဟုတ်ပါ့မလဲ

ကျေးဇူးတရားက ကျေးဇူးတရား အချစ်က အချစ်ပါ

အဲ့ဒီနှစ်ခုက ဘယ်တော့မှ ရောထွေးမှာမဟုတ်ဘူး

ကိုယ်ကမင်းကိုချစ်လွန်းလို့ လက်ထပ်ခွင့်တောင်းတာဖြစ်ပြီး

ကိုယ့်အသက်ကိုကယ်ပေးခဲ့တဲ့ တန်ကြေးအ‌ေနနဲ့ကတော့
ကိုယ့်ရဲ့နှလုံးသား ကိုယ့်ရဲ့အသက်နဲ့ ကုန်ကုန်ပြောရရင် စိတ်ဝိညာဉ်‌ကအစ မင်းကို အပ်နှင်းပါ့မယ်"


ဂျယ်ယွန်းမှာ တကယ်ပင် ဘာပြန်ပြောရမှန်းမသိ‌ေတာ့ပေ။

သူ၏နှလုံးသားမှာ ဝုန်းဒိုင်းကြဲခုန်ပေါက်နေပြီး ခံစားချက်များပြင်းထန်လို့နေသည်။


သူလဲတကယ်ကို ဆောင်းဟွန်းကိုသဘောကျပါသည်။

ဤကဲ့သို့ခံစားချက်က နှစ်တစ်‌ထောင်ကျော်အတွင်း ဘယ်သူ့အပေါ်မှာမှမဖြစ်ခဲ့ဖူးပေ။

ဂျယ်ယွန်းမှာ သူ၏ခံစားချက်များကို ဘယ်လိုဖော်ပြရမှန်းမသိတာမို့ အဖြေပေးသည့်အနေဖြင့် ဆောင်းဟွန်းရင်ခွင်ထဲ ပစ်၀င်လိုက်တော့သည်။

ဆောင်းဟွန်းကမူ သူ့ရင်ခွင်၀င် လှိမ့်၀င်လာသည့် ချစ်စရာလေးကို နွေးထွေးစွာ စီးကြိုပွေ့ဖက်ထားလိုက်ပြီး စိတ်ကျေနပ်စွာပြုံးမိနေ‌ေလသည်။

*နောက်ဆုံးတော့ ကိုယ့်ရဲ့ပျောက်ဆုံးနေတဲ့ ရတနာလေးကို တဖန် ပိုင်ဆိုင်ခွင့်ရခဲ့ပြီ*




{ဆက်ရန်}



>>ပြဇာတ်ငယ်လေး<<

ကြင်ယာတော်ဂျယ်ယွန်း: ဟမ့် နမ်းတာတဲ့လား ခွေးကိုက်နေသလိုပဲ

မင်းသားဆောင်းဟွန်း : ဒီမင်းသား မာနထိခိုက်တယ် အနမ်းကျွမ်းကျင်ဖို့ နေ့မနား ညမနား ‌အချိန်တိုင်း လေ့ကျင့်ရမယ်

ကြင်ယာတော် ဂျယ်ယွန်း : အစ်ကိုကြီး ကျွန်တော်မှားသွားပါတယ်*လက်အုပ်ချီလျက်*


Okey-Dokey-Yo has something to say: ၀ယ်ကြဦးမလား ဟောဒီဘက်က ခွေးစာပူပူလေးတွေရမယ် ချိုစေရမယ်လို့ အာမခံတယ်

(ဟူးဟူးငိုရတဲ့အကြောင်းအရင်းက Arc သပ်သပ်‌ မဟုတ်ရင် One Shortလာပါမယ် မလာရင်လဲအာ‌‌ေချာင်တာလို့မှတ်ပေါ့ဗျာ)

Continue Reading

You'll Also Like

189K 19K 24
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
320K 9.6K 101
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
1.1M 38K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
113K 3.4K 31
"she does not remind me of anything, everything reminds me of her." lando norris x femoc! social media x real life 2023 racing season