𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥...

By SuuNanChal

681K 33.2K 2.6K

စိုင်းတခေတ်မှိုင်း မြူဒေါင်းစိုင်းငယ် 26.8.2022 ဤစာပေသည်စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာ ဖြစ်ပါသည် ။ မည်သ... More

အမှာစာ / အမွာစာ
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
27
28
29
30
31
32
33
34
35
36
37
38
စာပြင်ဖို့/စာျပင္ဖို႔
39
40
41
42
43
Hello
44
45
46
47
48
ဖတ်ပေးကြပါ
49
50
51

26

10K 500 36
By SuuNanChal

Unicode




မြူဒေါင်းခါတိုင်းထက် ဒီနေ့ပိုစောပြီးနိုးနေလို့ ကိုကိုစားဖို့မနက်စာကို ကိုယ်တိုင်ဝင်ချက်ပေးနေမိတယ်။ ကိုကိုကမနက်စာဆို ကော်ဖီပဲအမြဲသောက်နေတာ တစ်ခါတစ်လေကျလည်းမနက်စာတောင်မစားဘဲ အပြင်ထွက်သွားတတ်တယ်။ဒါကြောင့်မို့ မြူဒေါင်းက ကိုကိုအတွက်မနက်စာကောင်းကောင်းလေးပြင်ပေးချင်မိသည်။

ထမင်းအသီးအရွက်တွေနဲ့ သေချာကြော်ပေးပြီးကြက်ဥကိုမကျက်တကျက်လေးကြော်ပေးထားသည်။ မနက်စောကြီး ထဝယ်ပေးထားတဲ့စားတော်ပဲပြုပ်နဲ့ဆို ကိုကိုကြိုက်လောက်မှာပင်။ကော်ဖီအစား နွားနို့ပူပူလေးကျိုပေးထားလိုက်တယ်ကိုကိုအားရှိအောင်။

သေချာချက်ပြီးတော့မှကိုယ်တိုင်ပြင်ပေးထားတဲ့ထမင်းဝိုင်းလေးကိုကြည့်ပြီးမြူဒေါင်းတစ်ယောက်ကျေနပ်ပြီဆိုမှ ခြံထဲဆင်းပြီးကားရေဆေးနေသည့် ဟိန်းထက်သာစီသွားကူပေးနေတော့သည်။

...........

''ဒေါ်ညွှန့် မြူဒေါင်းငယ်ရော''

စိုင်းကအပေါ်ထပ်ကဆင်းလာချင်းပဲ မြူဒေါင်းကိုမေးလိုက်သည်။ မီးဖိုခန်းထဲက ဒေါ်ညွန့်ကသူ့ရှေ့ရောက်လာပြီး

''အကိုလေး နိုးပြီလား မြူလေးကခြံထဲမှာ ဟိန်းကိုအလုပ်ကူပေးနေတယ်ကွဲ့ အကိုလေးစားဖို့ မြူလေးကမနက်စာကိုအစောကြီးထချက်ပေးထားတာ အကိုလေးမနက်စာစားတော့မလား''

ဒေါ်ညွန့်သူ့စကားဘာအမှားပါသွားလည်းမသိ အကိုလေးကမျက်မှောင်ကျုံ့ပြီး အိမ်ရှေ့ထွက်သွားတော့သည်။

စိုင်းအိမ်အပေါက်ဝကနေ အသံတဆာဆာနဲ့ရယ်ပြုံးနေကြတဲ့နှစ်ယောက်စီ စိုက်ကြည့်နေလိုက်၏ ။မေးရိုးတွေထင်းပြီးအလိုမကျစွာမျက်နှာက မြူဒေါင်းငယ်အားပြာကျမတက်စိုက်ကြည့်နေကာ ဒေါသကတလိမ့်လိမ့်နှင့်ပေး။

''မြူဒေါင်းငယ်!''

''အယ်....ကိုကို''

''မင်းလာခဲ့စမ်း!''

ပြောပြီးအိမ်ထဲဝင်ကာထမင်းဝိုင်းစီသွားလိုက်တယ် မျက်လုံးရဲရဲတွေက ထမင်းဝိုင်းကိုသာစိုက်ကြည့်နေမိတယ်။

''ကိုကို....ဘာခိုင်းမလို.....''

ဒုန်း......ခလွမ်

''ကိုကို့!''

''မင်းလိုရွံစရာကောင်ကချက်ထားတဲ့ထမင်းဟင်းကို ငါကစားမယ်ထင်နေလားဟမ်!''

ကြမ်းပြင်ပေါ်ကို ထမင်းပန်းကန်တွေတွန်းချပြီး ကိုကိုဟာမြူဒေါင်းငယ်အား ဆူငေါက်အော်လာသည်။ မြူဒေါင်းရဲ့မျက်ဝန်းအိမ်ကကြေကွဲခြင်းမျက်ရည်တွေဟာ ကိုကို့၏'ရွံစရာကောင်'ဆိုတဲ့စကားကြောင့် နာကျင်စွာကျဆင်းလာမိပြန်သည်။

ခက်လိုက်တာ မျက်ရည်တွေရယ် ကိုကိုကငိုတာမကြိုက်ပါဘူးဆိုမှ မင်းကအလိုက်မသိကျနိုင်လွန်းတယ်။ကျွန်တော်ကရွံစရာကောင်တဲ့လားကိုကိုရယ် ဒီရွံစရာကောင်ရဲ့လက်တွေက ကိုကို့အတွက်စေတနာသန့်သန့်နဲ့ချက်ပေးထားတဲ့ထမင်းဝိုင်းလေးပါဗျာ။ကျွန်တော့်ရဲ့ဘာအစွန်းအထင်းမှမပါတဲ့ စေတနာသန့်သန့်လေးနဲ့ပါ။

''စောက်ပါးစပ်က ဘာလို့ပိတ်နေတာလည်းမြူဒေါင်းငယ် မင်းလိုကောင်ကဒီလိုတွေလုပ်ပေးတာနဲ့ဘဲ ငါကမင်းတို့သားအမိကိုကြည်ဖြူလာမယ်ထင်နေတာလား စိတ်ကူးတွေယဥ်မနေနဲ့!''

''ကိုကိုသားကိုအဲ့လောက်တောင် မုန်းသလား''

''ဟက်! အဲ့ထက်တောင်ပိုမုန်းသေးတယ် မင်းကိုရော၊မင်းအမေကိုရော''

''ဒါဆိုသားတို့ထွက်သွားပေးရင် ကိုကိုကျေနပ်နိုင်မှာလား''

''မင်းလိုအိမ်မရှိ၊ယာမရှိကောင်က ဘယ်ကိုထွက်သွားနိုင်မှာမို့လို့လဲ ငါ့အဖေသာခေါ်မလာခဲ့ရင် ဒီချိန်ဆို မင်းတို့သားအမိလမ်းဘေးအိပ်နေရလောက်ပြီ အဟက်!''

''ဟုတ်ပါတယ် ဦးလေးကသားတို့ရဲ့ကျေးဇူးရှင်ပါ အဲ့ကြောင့်မို့လို့လဲသားတို့အခုထိသည်းခံပေးနေတာပါကိုကို အခုကစပြီးသားကိုကိုတို့အရိပ်ကနေ ထွက်ပြီးကောင်းကောင်းရှင်သန်နေနိုင်အောင် ကြိုးစားပါ့မယ် အဲ့ချိန်ကျကိုကိုဖြစ်စေချင်တဲ့အတိုင်း ထွက်သွားပေးမယ် ကိုကိုတို့စီက တစ်ပြားတစ်ကျပ်မှမယူပဲထွက်သွားပေးမှာမလို့ စိတ်ချစွာနေပါကိုကို''

လှည့်ထွက်သွားတဲ့ခြေလှမ်းတွေက နှေးကွေးနေပေမဲ့လည်း မြူဒေါင်းမရပ်တန့်ခဲ့ပါဘူး။ စိတ်ချပါကိုကို ကိုကိုမကြည်ဖြူမှတော့ မြူဒေါင်းမနေရုံပေါ့။အတင်းကပ်တွယ်နေမိခဲ့ရင်ကိုကိုလည်းမပျော်သလို မြူဒေါင်းလည်းနာကျင်ရတာမို့အတတ်နိုင်ဆုံးထွက်သွားနိုင်ဖို့ မြူဒေါင်းကြိုးစားပါ့မယ်။

ဦးတည်ချက်မရှိတဲ့ခြေလှမ်းတွေနဲ့မြူဒေါင်းငယ် ဘယ်ရောက်လို့ရောက်မှန်းတောင်မသိတော့ပါ။မျက်ရည်တွေနဲ့မျက်နှာကြောင့်လူတွေကလည်းကွက်ကြည့်ကွက်ကြည့်နဲ့ပေ။သစ်ပင်တစ်ပင်အောက်ဝင်ထိုင်ချလိုက်ပြီးဘောင်းဘီအိတ်ကပ်ထဲကဖုန်းကိုထုတ်လို့နံပါတ်တစ်ခုစီဆက်သွယ်လိုက်သည်။

''ဟယ်လို ကေနိုရာလားဟင်''

''..........''

''ငါပါမြူဒေါင်းငယ်လေ ငါအခုအပြင်ရောက်နေလို့ လာခေါ်လို့ရမလားဟင်''

''အင်းကျေးဇူးပါ ငါအခုငါ့အိမ်ရဲ့ရှေ့နှစ်လမ်းကျော်လောက်မှာ''

ဖုန်းပြောပြီး 15မိနစ်လောက်နေတော့ ကေနာရာကသူ့ကိုလာခေါ်တော့သည်။

''ဘာဖြစ်လို့လဲ မြူလေး''

''ငါမင်းအိမ်လိုက်ခဲ့လို့ရမလား ငါအကြာကြီးမနေပါဘူး ငါကိုဟန်ဓနရိုးစီမှာ အကူညီတောင်းချင်လို့ ''

''ရတယ်လေ လူကြီးအိမ်မှာရှိတယ် လာကားပေါ်တက်''

''အင်း....''

မြူဒေါင်းကားပေါ်တက်ထိုင်တော့ ကေနိုရာက driver ကိုအိမ်မောင်းပို့ဖို့ပြောလိုက်တော့သည်။ တစ်လမ်းလုံးလည်းမြူဒေါင်းစကားတွေအများကြီးပြောနေပေမဲ့ မြူဒေါင်းကတော့အင်အယ်ဘဲလုပ်နေမိတယ်။ သူအခုတွေးနေမိတာက မေမေမသိအောင်အလုပ်ခိုးလုပ်ရမှာကိုဘဲ။ သူ့ကိုကိုဟန်ဓနရိုးက ကူညီနိုင်လိမ့်မယ်လို့လည်း ယုံကြည်နေတာကြောင့် သူအလုပ်သေချာကြိုးစားလုပ်ကိုင်ရမည်ပင်။ဒါမှ ကိုကို့အရိပ်အောက်ကနေ မြူဒေါင်းတို့သားအမိထွက်သွားနိုင်မှာမို့။

''မြူလေး အိမ်ရောက်ပြီ ဆင်းကြမယ်လေ''

''ဟုတ်....''

''ခဏနော် ငါလူကြီးကိုသွားခေါ်လိုက်အုံးမယ် ဧည့်ခန်းထဲမှာထိုင်စောင့်နေနော်''

''အွန်း....နိုရာ''

နိုရာကအိမ်အပေါ်ထပ်ပြေးတက်သွားတော့ မြူဒေါင်းအိမ်ထဲကိုသေချာလိုက်စူးစမ်းကြည့်လိုက်သည်။ ကိုကိုတို့အိမ်လိုခမ်းနားထည်ဝါနေတာမျိုးမဟုတ်ဘဲ အရောင်ကအစနူးနူးညံ့ညံ့လေးကိုခြယ်သထားသည်မို့ ချစ်စဖွယ်နေချင်စရာကောင်းပေသည်။ မြူတို့လည်းဒီလိုမျိုးလေးဆောက်ပြီးနေရမည်။မေမေနဲ့မြူဒေါင်းရဲ့သာယာတဲ့အိမ်လေးအဖြစ်နေနိုင်အောင် မြူဒေါင်းကြိုးစားရမည်။

''မြူလေး....''

''ကိုဟန်ဓနရိုးကို သားအားနာပါတယ် လာရှုပ်မိလို့''

သူ့ကိုတွေ့တွေ့ချင်း မတ်တပ်ထရပ်ပြီးအားနာကြောင်းပြောနေတဲ့ ကောင်လေးကဟန်ဓနရိုးကိုပြုံးစေလိုက်သည်။ အတော်လေးလိမ်မာတဲ့ကလေးဘဲ နောက်ကပါလာတဲ့ဟာလေးနဲ့များကွာလိုက်တာ။ ဒင်းလေးကတစ်ခွန်းမခံပြန်ပက်တဲ့ဟာလေး။

''မလိုပါဘူးကွာ ကိုယ်ကအိမ်လာလည်တာကိုပဲ ပျော်နေတာမြူလေးရ''

''ဟို....သားဒီကိုလာတာကလေ ကိုဟန်ဓနရိုးစီမှာအလုပ်လေးတစ်ခုလောက်လုပ်ချင်လို့ပါ''

''ဟောဗျာ....မြူလေးလိုသူဌေးသားလေးက ကိုယ့်စီမှာအလုပ်လုပ်ချင်တယ်ပေါ့လေ မနောက်ပါနဲ့ကွာ''

''သားကသူဌေးသားမဟုတ်ပါဘူး သားကလမ်းဘေးကပန်းသည်တစ်ယောက်ပါပဲ''

''ဒါပေမယ့်....''

''သားကို ကူညီပါနော်''

ဓနကြည့်ရသလောက်တော့စိုင်းတခေတ်မှိုင်းဆိုတဲ့ကောင်က မြူလေးကိုအနိုင်ကျင့်နေလို့များလား....
အဲ့ကောင်လိုအရိုင်းအစိုင်းက မိထွေးနဲ့သားကိုလုံးဝအသိမှတ်ပြုမှာ မဟုတ်တာအသေချာဘဲ....

''အင်းပါ....မြူလေးလုပ်ချင်တယ်ဆိုရင်တော့ ရပါတယ် မြူလေးအမေကရောဒါကိုသိလား''

''ဟင့်အင်း...မသိသေးပါဘူး''

''ဒါဆိုဖြစ်ပါ့မလား လူကြီးတွေ ခွင့်ပြုချက်မပါဘဲနဲ့တော့ ကိုယ်မင်းကိုမလုပ်စေချင်ဘူး''

''ဒါကဘယ်သူမှသိလို့မဖြစ်လို့ပါ သားကိုကူညီပါနော် သားဘာဘဲလုပ်ရလုပ်ရသေချာကြိုးစားပြီးလုပ်မှာပါ ''

''ကောင်းပြီ ကိုယ်မင်းနဲ့သင့်တော်မဲ့အလုပ်ကို စဥ်းစားကြည့်လိုက်မယ်''

''ဟုတ်....ဟုတ်ကဲ့ ကျေးဇူးပါ ကိုဟန်ဓနရိုးခင်ဗျ''

''ကိုဟန်လို့ဘဲခေါ်ပါကွာ''

''ဟီး....ဟုတ်ကိုဟန်''

''ဒါဆို ငါတို့ရဲ့မြူလေးက လူကြီးစီမှာအလုပ်လုပ်တော့မှာပေါ့နော် အဲ့ဆိုနိုရာလဲ လူကြီးစီမှာအလုပ်ဝင်ချင်တယ်''

''မရဘူး''

''ဟင့်.....ဘာလို့လဲ လူကြီးကလဲ''

''ဒါကလေးကစားစရာမဟုတ်ဘူးနိုရာ အလုပ်လုပ်တာမြူဒေါင်းကလိုအပ်လို့လုပ်တာ မင်းကအလုပ်လုပ်စရာမှမလိုတာ မင်းဒယ်ဒီသာသိရင် ကိုယ့်ကိုဘယ်လောက်တောင်စိတ်တိုနေလိုက်မလဲ''

''ဆိုင်ပါဖူး နိုရာကပျင်းလို့မြူလေးနဲ့လဲ အဖော်ရချင်လို့ကို လူကြီးဒယ်ဒီ့ကိုမပြောရဲရင် နိုရိုပြောမယ်လေနော်''

''ဒါဆိုမင်းက ကိုယ့်အလုပ်ကိုအပျင်းပြေဝင်လုပ်ရုံဘဲပေါ့လေ ကိုယ့်စီမှာမင်းလိုဝန်ထမ်းမျိုးကိုသာထားလိုက်ရင် ကိုယ့်လုပ်ငန်းတွေတော့အရှုံးပေါ်ကုန်လိမ့်မယ် တောင်းပန်ပါတယ် နိုရာရယ်မမွှေပါနဲ့တော့''

''အဟင့်....ဟင့်....အူး...ဝါး...လူကြီးမကောင်းဘူး ငလူးမလူကြီး သူများကအလုပ်လုပ်ချင်တာကိုခွင့်မပြုတဲ့အပြင် လူကိုလဲပြောတာများ ရစရာတောင်မရှိဝူး ဗြဲး...''

''အေးပါကွာ အဲ့လောက်ဖြစ်နေလုပ်လုပ် ဟုတ်ပြီလား မင်းဒယ်ဒီသိရင်တော့ကိုယ်နဲ့မဆိုင်ဘူးနော်''

''ပြီးရော...ဟွန့်''

ပြောပါတယ် တကယ့်ငမွှေထိုးပါလို့ ဟန်ဓနရိုးဘဝမိန်းမမရသေးဘဲ ကလေးထိန်းနေရတယ်လို့ကွာ ဟင်း....။

.............

ကြမ်းပြင်ပေါ် ပျံ့ကျဲနေသည့် ပန်းကန်ကွဲစတွေကို စိုင်းအကြာကြီးကြည့်နေမိသည်။ဘာကြောင့်မှန်းရေရေရာရာမသိတဲ့ သူ့ရဲ့ဒေါသတွေ၊မနာလိုမှုတွေကိုမြူဒေါင်းငယ်စီပုံချလိုက်ပေမဲ့လည်း ခုထိသူစိတ်ကမပြေသေးပေ။ငိုနေတဲ့မျက်နှာရဲရဲလေးကသူ့ကိုပိုစိတ်ညစ်လာစေသည်။

ပြောသွားတဲ့စကားတွေကဘာတဲ့ ထွက်သွားပေးမှာပါတဲ့။အဟက် သူ့ဘဝထဲကိုဝင်ချင်တိုင်းဝင်ပြီးမှ ထွက်သွားချင်တိုင်းသွားလို့ရမယ်တဲ့လား ဒီကောင်ကသိပ်လွယ်လွန်းသွားမှာပေါ့။ သူ့မိသားစုကိုဒီလိုတွေလုပ်ခဲ့ပြီးမှ ခပ်လွယ်လွယ် ထွက်သွားချင်နေတယ်ပေါ့။

တောက်စ်!

သဘောကျလွန်းလို့ထားထားသည့်ဆံပင်ရှည်တွေဟာ ဒီနေ့မှစိတ်ထဲရှုပ်နေသယောင်။သူဘာတွေများ အလိုမကျဖြစ်နေရတာလည်း ရွံစရာကောင်လို့ပြောလိုက်လို့ပျက်သွားတဲ့မျက်နှာကြောင့်လား။အပြင်ထွက်သွားကရော ဘယ်ကိုသွားတာပါလိမ့်။ တစ်ယောက်ထဲ ဘယ်တုန်းကမှမသွားဖူးဘဲနဲ့များ ဘယ်ကိုသွားပြန်တာလည်းမသိ။

''ကျစ်!စိတ်ရှုပ်ဖို့ကောင်းလိုက်တာကွာ မင်းကဘာမို့လို့ ငါ့ခေါင်းထဲနေရာဝင်ယူချင်နေရတာလဲ ငါမင်းကိုဒီလောက်မုန်းနေတာတောင် ငါ့ခေါင်းထဲကနေထုတ်မပစ်နိုင်ပြန်ဘူး မင်းကိုသတ်ပစ်ချင်မိတဲ့အထိမုန်းနေတာတောင် မင်းမျက်ရည်တွေမြင်ရင် ငါအဆင်မပြေတော့ဘူး ငါဘာတွေဖြစ်နေပြီလဲမသိတော့ဘူးကွာ''

#TBC

ဒီချိန်ကြီးမှထင်တင်ရလို့ အားနာပါတယ် ရှင်။ ficကအပိုင်းတွေသာများလာတယ်အခုထိဇာတ်ကွက်ကသေချာမဖော်ရသေးတော့ပိုအားနာရတယ် နောက်ပီးစာဖတ်သူတစ်ချို့ပြောတာက ခြိန်းတို့ထဲကနဲ့မတူလို့ဖတ်ရတာတစ်မျိုးဖြစ်နေတယ်ပြောကြလို့ နန်းဒီဇာတ်ကောင်တွေကခြိန်းတို့အတွဲထဲကနေစာဖတ်သူတွေရဲ့တောင်းဆိုချက်ကြောင့်ရော သူတို့လေးတွေနဲ့ဇာတ်ကွက်ကိုသေချာမဖော်ပြနိုင်ခဲ့တာရောကြောင့်ဖန်တီးဖြစ်တဲ့ficလေးပါ။
ဇာတ်ကွက်ကခြိန်းတို့ထဲကအတိုင်းအကုန်မတူပါဘူးရှင့်ဒါကြောင့် ဒီficဖတ်ပီးမှခြိန်းတို့ကိုဖတ်တာထက်စာရင်ခြိန်းတို့ကိုအရင်ဖတ်ပြီးမှဒါလေးကိုလာဖတ်တာကပိုရှင်းပါလိမ့်မယ်နော် နောက်ပြီး ဟန်ဓနရိုးနဲ့ကေနိုရာတို့ကိုပါသေချာလေးဒီထဲမှာနေရာထည့်ပေးသွားမှာပါဇာတ်လမ်းမတူတော့ပေမဲ့လည်းပေါ့နော် အတွဲသုံးတွဲပါ ကျန်တဲ့အတွဲကိုတော့သိလိမ့်မယ်ထင်ပါတယ် နှစ်ရက်တစ်ပိုင်း(သို့)သုံးရက်တစ်ပိုင်းupပေးနိုင်အောင်လုပ်ပါ့မယ်ရှင့်စောင့်စေမိလို့ ခွေးလွှတ်ကြပါဟဲ''

ဒါကfbအကောင့်ပါအခုမှပြန်ရလို့ ficထဲကဟာတွေနားမလည်ရင်လာမေးလို့ရပါတယ် မေ့ပီးလက်မခံမိရင်လဲပြောပါနော်ချက်ချင်းလက်ခံပေးပါ့မယ် လိုင်းသုံးရတာပျင်းနေလို့မန့်ရှင်းတွေခေါ်ပြီးစနောက်ရင်လဲစိတ်မဆိုးတတ်ပါဘူးရှင်:3

Zawgyi




ျမဴေဒါင္းခါတိုင္းထက္ ဒီေန႕ပိုေစာၿပီးနိုးေနလို႔ ကိုကိုစားဖို႔မနက္စာကို ကိုယ္တိုင္ဝင္ခ်က္ေပးေနမိတယ္။ ကိုကိုကမနက္စာဆို ေကာ္ဖီပဲအၿမဲေသာက္ေနတာ တစ္ခါတစ္ေလက်လည္းမနက္စာေတာင္မစားဘဲ အျပင္ထြက္သြားတတ္တယ္။ဒါေၾကာင့္မို႔ ျမဴေဒါင္းက ကိုကိုအတြက္မနက္စာေကာင္းေကာင္းေလးျပင္ေပးခ်င္မိသည္။

ထမင္းအသီးအ႐ြက္ေတြနဲ႕ ေသခ်ာေၾကာ္ေပးၿပီးၾကက္ဥကိုမက်က္တက်က္ေလးေၾကာ္ေပးထားသည္။ မနက္ေစာႀကီး ထဝယ္ေပးထားတဲ့စားေတာ္ပဲျပဳပ္နဲ႕ဆို ကိုကိုႀကိဳက္ေလာက္မွာပင္။ေကာ္ဖီအစား ႏြားနို႔ပူပူေလးက်ိဳေပးထားလိုက္တယ္ကိုကိုအားရွိေအာင္။

ေသခ်ာခ်က္ၿပီးေတာ့မွကိုယ္တိုင္ျပင္ေပးထားတဲ့ထမင္းဝိုင္းေလးကိုၾကည့္ၿပီးျမဴေဒါင္းတစ္ေယာက္ေက်နပ္ၿပီဆိုမွ ၿခံထဲဆင္းၿပီးကားေရေဆးေနသည့္ ဟိန္းထက္သာစီသြားကူေပးေနေတာ့သည္။

...........

''ေဒၚၫႊန့္ ျမဴေဒါင္းငယ္ေရာ''

စိုင္းကအေပၚထပ္ကဆင္းလာခ်င္းပဲ ျမဴေဒါင္းကိုေမးလိုက္သည္။ မီးဖိုခန္းထဲက ေဒၚၫြန့္ကသူ႕ေရွ႕ေရာက္လာၿပီး

''အကိုေလး နိုးၿပီလား ျမဴေလးကၿခံထဲမွာ ဟိန္းကိုအလုပ္ကူေပးေနတယ္ကြဲ႕ အကိုေလးစားဖို႔ ျမဴေလးကမနက္စာကိုအေစာႀကီးထခ်က္ေပးထားတာ အကိုေလးမနက္စာစားေတာ့မလား''

ေဒၚၫြန့္သူ႕စကားဘာအမွားပါသြားလည္းမသိ အကိုေလးကမ်က္ေမွာင္က်ဳံ႕ၿပီး အိမ္ေရွ႕ထြက္သြားေတာ့သည္။

စိုင္းအိမ္အေပါက္ဝကေန အသံတဆာဆာနဲ႕ရယ္ၿပဳံးေနၾကတဲ့ႏွစ္ေယာက္စီ စိုက္ၾကည့္ေနလိုက္၏ ။ေမးရိုးေတြထင္းၿပီးအလိုမက်စြာမ်က္ႏွာက ျမဴေဒါင္းငယ္အားျပာက်မတက္စိုက္ၾကည့္ေနကာ ေဒါသကတလိမ့္လိမ့္ႏွင့္ေပး။

''ျမဴေဒါင္းငယ္!''

''အယ္....ကိုကို''

''မင္းလာခဲ့စမ္း!''

ေျပာၿပီးအိမ္ထဲဝင္ကာထမင္းဝိုင္းစီသြားလိုက္တယ္ မ်က္လုံးရဲရဲေတြက ထမင္းဝိုင္းကိုသာစိုက္ၾကည့္ေနမိတယ္။

''ကိုကို....ဘာခိုင္းမလို.....''

ဒုန္း......ခလြမ္

''ကိုကို႔!''

''မင္းလို႐ြံစရာေကာင္ကခ်က္ထားတဲ့ထမင္းဟင္းကို ငါကစားမယ္ထင္ေနလားဟမ္!''

ၾကမ္းျပင္ေပၚကို ထမင္းပန္းကန္ေတြတြန္းခ်ၿပီး ကိုကိုဟာျမဴေဒါင္းငယ္အား ဆူေငါက္ေအာ္လာသည္။ ျမဴေဒါင္းရဲ႕မ်က္ဝန္းအိမ္ကေၾကကြဲျခင္းမ်က္ရည္ေတြဟာ ကိုကို႔၏'႐ြံစရာေကာင္'ဆိုတဲ့စကားေၾကာင့္ နာက်င္စြာက်ဆင္းလာမိျပန္သည္။

ခက္လိုက္တာ မ်က္ရည္ေတြရယ္ ကိုကိုကငိုတာမႀကိဳက္ပါဘူးဆိုမွ မင္းကအလိုက္မသိက်နိဳင္လြန္းတယ္။ကြၽန္ေတာ္က႐ြံစရာေကာင္တဲ့လားကိုကိုရယ္ ဒီ႐ြံစရာေကာင္ရဲ႕လက္ေတြက ကိုကို႔အတြက္ေစတနာသန့္သန့္နဲ႕ခ်က္ေပးထားတဲ့ထမင္းဝိုင္းေလးပါဗ်ာ။ကြၽန္ေတာ့္ရဲ႕ဘာအစြန္းအထင္းမွမပါတဲ့ ေစတနာသန့္သန့္ေလးနဲ႕ပါ။

''ေစာက္ပါးစပ္က ဘာလို႔ပိတ္ေနတာလည္းျမဴေဒါင္းငယ္ မင္းလိုေကာင္ကဒီလိုေတြလုပ္ေပးတာနဲ႕ဘဲ ငါကမင္းတို႔သားအမိကိုၾကည္ျဖဴလာမယ္ထင္ေနတာလား စိတ္ကူးေတြယဥ္မေနနဲ႕!''

''ကိုကိုသားကိုအဲ့ေလာက္ေတာင္ မုန္းသလား''

''ဟက္! အဲ့ထက္ေတာင္ပိုမုန္းေသးတယ္ မင္းကိုေရာ၊မင္းအေမကိုေရာ''

''ဒါဆိုသားတို႔ထြက္သြားေပးရင္ ကိုကိုေက်နပ္နိုင္မွာလား''

''မင္းလိုအိမ္မရွိ၊ယာမရွိေကာင္က ဘယ္ကိုထြက္သြားနိုင္မွာမို႔လို႔လဲ ငါ့အေဖသာေခၚမလာခဲ့ရင္ ဒီခ်ိန္ဆို မင္းတို႔သားအမိလမ္းေဘးအိပ္ေနရေလာက္ၿပီ အဟက္!''

''ဟုတ္ပါတယ္ ဦးေလးကသားတို႔ရဲ႕ေက်းဇူးရွင္ပါ အဲ့ေၾကာင့္မို႔လို႔လဲသားတို႔အခုထိသည္းခံေပးေနတာပါကိုကို အခုကစၿပီးသားကိုကိုတို႔အရိပ္ကေန ထြက္ၿပီးေကာင္းေကာင္းရွင္သန္ေနနိုင္ေအာင္ ႀကိဳးစားပါ့မယ္ အဲ့ခ်ိန္က်ကိဳကိုျဖစ္ေစခ်င္တဲ့အတိုင္း ထြက္သြားေပးမယ္ ကိုကိုတို႔စီက တစ္ျပားတစ္က်ပ္မွမယူပဲထြက္သြားေပးမွာမလို႔ စိတ္ခ်စြာေနပါကိုကို''

လွည့္ထြက္သြားတဲ့ေျခလွမ္းေတြက ႏွေးေကြးေနေပမဲ့လည္း ျမဴေဒါင္းမရပ္တန့္ခဲ့ပါဘူး။ စိတ္ခ်ပါကိုကို ကိုကိုမၾကည္ျဖဴမွေတာ့ ျမဴေဒါင္းမေန႐ုံေပါ့။အတင္းကပ္တြယ္ေနမိခဲ့ရင္ကိုကိုလည္းမေပ်ာ္သလို ျမဴေဒါင္းလည္းနာက်င္ရတာမို႔အတတ္နိုင္ဆုံးထြက္သြားနိုင္ဖို႔ ျမဴေဒါင္းႀကိဳးစားပါ့မယ္။

ဦးတည္ခ်က္မရွိတဲ့ေျခလွမ္းေတြနဲ႕ျမဴေဒါင္းငယ္ ဘယ္ေရာက္လို႔ေရာက္မွန္းေတာင္မသိေတာ့ပါ။မ်က္ရည္ေတြနဲ႕မ်က္ႏွာေၾကာင့္လူေတြကလည္းကြက္ၾကည့္ကြက္ၾကည့္နဲ႕ေပ။သစ္ပင္တစ္ပင္ေအာက္ဝင္ထိုင္ခ်လိဳက္ၿပီးေဘာင္းဘီအိတ္ကပ္ထဲကဖုန္းကိုထုတ္လို႔နံပါတ္တစ္ခုစီဆက္သြယ္လိုက္သည္။

''ဟယ္လို ေကနိုရာလားဟင္''

''..........''

''ငါပါျမဴေဒါင္းငယ္ေလ ငါအခုအျပင္ေရာက္ေနလို႔ လာေခၚလို႔ရမလားဟင္''

''အင္းေက်းဇူးပါ ငါအခုငါ့အိမ္ရဲ႕ေရွ႕ႏွစ္လမ္းေက်ာ္ေလာက္မွာ''

ဖုန္းေျပာၿပီး 15မိနစ္ေလာက္ေနေတာ့ ေကနာရာကသူ႕ကိုလာေခၚေတာ့သည္။

''ဘာျဖစ္လို႔လဲ ျမဴေလး''

''ငါမင္းအိမ္လိုက္ခဲ့လို႔ရမလား ငါအၾကာႀကီးမေနပါဘူး ငါကိုဟန္ဓနရိုးစီမွာ အကူညီေတာင္းခ်င္လို႔ ''

''ရတယ္ေလ လူႀကီးအိမ္မွာရွိတယ္ လာကားေပၚတက္''

''အင္း....''

ျမဴေဒါင္းကားေပၚတက္ထိုင္ေတာ့ ေကနိုရာက driver ကိုအိမ္ေမာင္းပို႔ဖို႔ေျပာလိုက္ေတာ့သည္။ တစ္လမ္းလုံးလည္းျမဴေဒါင္းစကားေတြအမ်ားႀကီးေျပာေနေပမဲ့ ျမဴေဒါင္းကေတာ့အင္အယ္ဘဲလုပ္ေနမိတယ္။ သူအခုေတြးေနမိတာက ေမေမမသိေအာင္အလုပ္ခိုးလုပ္ရမွာကိုဘဲ။ သူ႕ကိုကိုဟန္ဓနရိုးက ကူညီနိုင္လိမ့္မယ္လို႔လည္း ယုံၾကည္ေနတာေၾကာင့္ သူအလုပ္ေသခ်ာႀကိဳးစားလုပ္ကိုင္ရမည္ပင္။ဒါမွ ကိုကို႔အရိပ္ေအာက္ကေန ျမဴေဒါင္းတို႔သားအမိထြက္သြားနိုင္မွာမို႔။

''ျမဴေလး အိမ္ေရာက္ၿပီ ဆင္းၾကမယ္ေလ''

''ဟုတ္....''

''ခဏေနာ္ ငါလူႀကီးကိုသြားေခၚလိုက္အုံးမယ္ ဧည့္ခန္းထဲမွာထိုင္ေစာင့္ေနေနာ္''

''အြန္း....နိုရာ''

နိုရာကအိမ္အေပၚထပ္ေျပးတက္သြားေတာ့ ျမဴေဒါင္းအိမ္ထဲကိုေသခ်ာလိုက္စူးစမ္းၾကည့္လိုက္သည္။ ကိုကိုတို႔အိမ္လိုခမ္းနားထည္ဝါေနတာမ်ိဳးမဟုတ္ဘဲ အေရာင္ကအစႏူးႏူးညံ့ညံ့ေလးကိုျခယ္သထားသည္မို႔ ခ်စ္စဖြယ္ေနခ်င္စရာေကာင္းေပသည္။ ျမဴတို႔လည္းဒီလိုမ်ိဳးေလးေဆာက္ၿပီးေနရမည္။ေမေမနဲ႕ျမဴေဒါင္းရဲ႕သာယာတဲ့အိမ္ေလးအျဖစ္ေနနိုင္ေအာင္ ျမဴေဒါင္းႀကိဳးစားရမည္။

''ျမဴေလး....''

''ကိုဟန္ဓနရိုးကို သားအားနာပါတယ္ လာရႈပ္မိလို႔''

သူ႕ကိုေတြ႕ေတြ႕ခ်င္း မတ္တပ္ထရပ္ၿပီးအားနာေၾကာင္းေျပာေနတဲ့ ေကာင္ေလးကဟန္ဓနရိုးကိုၿပဳံးေစလိုက္သည္။ အေတာ္ေလးလိမ္မာတဲ့ကေလးဘဲ ေနာက္ကပါလာတဲ့ဟာေလးနဲ႕မ်ားကြာလိုက္တာ။ ဒင္းေလးကတစ္ခြန္းမခံျပန္ပက္တဲ့ဟာေလး။

''မလိုပါဘူးကြာ ကိုယ္ကအိမ္လာလည္တာကိုပဲ ေပ်ာ္ေနတာျမဴေလးရ''

''ဟို....သားဒီကိုလာတာကေလ ကိုဟန္ဓနရိုးစီမွာအလုပ္ေလးတစ္ခုေလာက္လုပ္ခ်င္လို႔ပါ''

''ေဟာဗ်ာ....ျမဴေလးလိုသူေဌးသားေလးက ကိုယ့္စီမွာအလုပ္လုပ္ခ်င္တယ္ေပါ့ေလ မေနာက္ပါနဲ႕ကြာ''

''သားကသူေဌးသားမဟုတ္ပါဘူး သားကလမ္းေဘးကပန္းသည္တစ္ေယာက္ပါပဲ''

''ဒါေပမယ့္....''

''သားကို ကူညီပါေနာ္''

ဓနၾကည့္ရသေလာက္ေတာ့စိုင္းတေခတ္မွိုင္းဆိုတဲ့ေကာင္က ျမဴေလးကိုအနိုင္က်င့္ေနလို႔မ်ားလား....
အဲ့ေကာင္လိုအရိုင္းအစိုင္းက မိေထြးနဲ႕သားကိုလုံးဝအသိမွတ္ျပဳမွာ မဟုတ္တာအေသခ်ာဘဲ....

''အင္းပါ....ျမဴေလးလုပ္ခ်င္တယ္ဆိုရင္ေတာ့ ရပါတယ္ ျမဴေလးအေမကေရာဒါကိုသိလား''

''ဟင့္အင္း...မသိေသးပါဘူး''

''ဒါဆိုျဖစ္ပါ့မလား လူႀကီးေတြ ခြင့္ျပဳခ်က္မပါဘဲနဲ႕ေတာ့ ကိုယ္မင္းကိုမလုပ္ေစခ်င္ဘူး''

''ဒါကဘယ္သူမွသိလို႔မျဖစ္လို႔ပါ သားကိုကူညီပါေနာ္ သားဘာဘဲလုပ္ရလုပ္ရေသခ်ာႀကိဳးစားၿပီးလုပ္မွာပါ ''

''ေကာင္းၿပီ ကိုယ္မင္းနဲ႕သင့္ေတာ္မဲ့အလုပ္ကို စဥ္းစားၾကည့္လိုက္မယ္''

''ဟုတ္....ဟုတ္ကဲ့ ေက်းဇူးပါ ကိုဟန္ဓနရိုးခင္ဗ်''

''ကိုဟန္လို႔ဘဲေခၚပါကြာ''

''ဟီး....ဟုတ္ကိုဟန္''

''ဒါဆို ငါတို႔ရဲ႕ျမဴေလးက လူႀကီးစီမွာအလုပ္လုပ္ေတာ့မွာေပါ့ေနာ္ အဲ့ဆိုနိုရာလဲ လူႀကီးစီမွာအလုပ္ဝင္ခ်င္တယ္''

''မရဘူး''

''ဟင့္.....ဘာလို႔လဲ လူႀကီးကလဲ''

''ဒါကေလးကစားစရာမဟုတ္ဘူးနိုရာ အလုပ္လုပ္တာျမဴေဒါင္းကလိုအပ္လို႔လုပ္တာ မင္းကအလုပ္လုပ္စရာမွမလိုတာ မင္းဒယ္ဒီသာသိရင္ ကိုယ့္ကိုဘယ္ေလာက္ေတာင္စိတ္တိုေနလိုက္မလဲ''

''ဆိုင္ပါဖူး နိုရာကပ်င္းလို႔ျမဴေလးနဲ႕လဲ အေဖာ္ရခ်င္လို႔ကို လူႀကီးဒယ္ဒီ့ကိုမေျပာရဲရင္ နိုရိုေျပာမယ္ေလေနာ္''

''ဒါဆိုမင္းက ကိုယ့္အလုပ္ကိုအပ်င္းေျပဝင္လုပ္႐ုံဘဲေပါ့ေလ ကိုယ့္စီမွာမင္းလိုဝန္ထမ္းမ်ိဳးကိုသာထားလိုက္ရင္ ကိုယ့္လုပ္ငန္းေတြေတာ့အရႈံးေပၚကုန္လိမ့္မယ္ ေတာင္းပန္ပါတယ္ နိုရာရယ္မေမႊပါနဲ႕ေတာ့''

''အဟင့္....ဟင့္....အူး...ဝါး...လူႀကီးမေကာင္းဘူး ငလူးမလူႀကီး သူမ်ားကအလုပ္လုပ္ခ်င္တာကိုခြင့္မျပဳတဲ့အျပင္ လူကိုလဲေျပာတာမ်ား ရစရာေတာင္မရွိဝူး ၿဗဲး...''

''ေအးပါကြာ အဲ့ေလာက္ျဖစ္ေနလုပ္လုပ္ ဟုတ္ၿပီလား မင္းဒယ္ဒီသိရင္ေတာ့ကိုယ္နဲ႕မဆိုင္ဘူးေနာ္''

''ၿပီးေရာ...ဟြန့္''

ေျပာပါတယ္ တကယ့္ငေမႊထိုးပါလို႔ ဟန္ဓနရိုးဘဝမိန္းမမရေသးဘဲ ကေလးထိန္းေနရတယ္လို႔ကြာ ဟင္း....။

.............

ၾကမ္းျပင္ေပၚ ပ်ံ့က်ဲေနသည့္ ပန္းကန္ကြဲစေတြကို စိုင္းအၾကာႀကီးၾကည့္ေနမိသည္။ဘာေၾကာင့္မွန္းေရေရရာရာမသိတဲ့ သူ႕ရဲ႕ေဒါသေတြ၊မနာလိုမႈေတြကိုျမဴေဒါင္းငယ္စီပုံခ်လိဳက္ေပမဲ့လည္း ခုထိသူစိတ္ကမေျပေသးေပ။ငိုေနတဲ့မ်က္ႏွာရဲရဲေလးကသူ႕ကိုပိုစိတ္ညစ္လာေစသည္။

ေျပာသြားတဲ့စကားေတြကဘာတဲ့ ထြက္သြားေပးမွာပါတဲ့။အဟက္ သူ႕ဘဝထဲကိုဝင္ခ်င္တိုင္းဝင္ၿပီးမွ ထြက္သြားခ်င္တိုင္းသြားလို႔ရမယ္တဲ့လား ဒီေကာင္ကသိပ္လြယ္လြန္းသြားမွာေပါ့။ သူ႕မိသားစုကိုဒီလိုေတြလုပ္ခဲ့ၿပီးမွ ခပ္လြယ္လြယ္ ထြက္သြားခ်င္ေနတယ္ေပါ့။

ေတာက္စ္!

သေဘာက်လြန္းလို႔ထားထားသည့္ဆံပင္ရွည္ေတြဟာ ဒီေန႕မွစိတ္ထဲရႈပ္ေနသေယာင္။သူဘာေတြမ်ား အလိုမက်ျဖစ္ေနရတာလည္း ႐ြံစရာေကာင္လို႔ေျပာလိုက္လို႔ပ်က္သြားတဲ့မ်က္ႏွာေၾကာင့္လား။အျပင္ထြက္သြားကေရာ ဘယ္ကိုသြားတာပါလိမ့္။ တစ္ေယာက္ထဲ ဘယ္တုန္းကမွမသြားဖူးဘဲနဲ႕မ်ား ဘယ္ကိုသြားျပန္တာလည္းမသိ။

''က်စ္!စိတ္ရႈပ္ဖို႔ေကာင္းလိုက္တာကြာ မင္းကဘာမို႔လို႔ ငါ့ေခါင္းထဲေနရာဝင္ယူခ်င္ေနရတာလဲ ငါမင္းကိုဒီေလာက္မုန္းေနတာေတာင္ ငါ့ေခါင္းထဲကေနထုတ္မပစ္နိုင္ျပန္ဘူး မင္းကိုသတ္ပစ္ခ်င္မိတဲ့အထိမုန္းေနတာေတာင္ မင္းမ်က္ရည္ေတြျမင္ရင္ ငါအဆင္မေျပေတာ့ဘူး ငါဘာေတြျဖစ္ေနၿပီလဲမသိေတာ့ဘူးကြာ''

#TBC

ဒီခ်ိန္ႀကီးမွထင္တင္ရလို႔ အားနာပါတယ္ ရွင္။ ficကအပိုင္းေတြသာမ်ားလာတယ္အခုထိဇာတ္ကြက္ကေသခ်ာမေဖာ္ရေသးေတာ့ပိုအားနာရတယ္ ေနာက္ပီးစာဖတ္သူတစ္ခ်ိဳ႕ေျပာတာက ၿခိန္းတို႔ထဲကနဲ႕မတူလို႔ဖတ္ရတာတစ္မ်ိဳးျဖစ္ေနတယ္ေျပာၾကလို႔ နန္းဒီဇာတ္ေကာင္ေတြကၿခိန္းတို႔အတြဲထဲကေနစာဖတ္သူေတြရဲ႕ေတာင္းဆိုခ်က္ေၾကာင့္ေရာ သူတို႔ေလးေတြနဲ႕ဇာတ္ကြက္ကိုေသခ်ာမေဖာ္ျပနိုင္ခဲ့တာေရာေၾကာင့္ဖန္တီးျဖစ္တဲ့ficေလးပါ။
ဇာတ္ကြက္ကၿခိန္းတို႔ထဲကအတိုင္းအကုန္မတူပါဘူးရွင့္ဒါေၾကာင့္ ဒီficဖတ္ပီးမွၿခိန္းတို႔ကိုဖတ္တာထက္စာရင္ၿခိန္းတို႔ကိုအရင္ဖတ္ၿပီးမွဒါေလးကိုလာဖတ္တာကပိုရွင္းပါလိမ့္မယ္ေနာ္ ေနာက္ၿပီး ဟန္ဓနရိုးနဲ႕ေကနိုရာတို႔ကိုပါေသခ်ာေလးဒီထဲမွာေနရာထည့္ေပးသြားမွာပါဇာတ္လမ္းမတူေတာ့ေပမဲ့လည္းေပါ့ေနာ္ အတြဲသုံးတြဲပါ က်န္တဲ့အတြဲကိုေတာ့သိလိမ့္မယ္ထင္ပါတယ္ ႏွစ္ရက္တစ္ပိုင္း(သို႔)သုံးရက္တစ္ပိုင္းupေပးနိုင္ေအာင္လုပ္ပါ့မယ္ရွင့္ေစာင့္ေစမိလို႔ ေခြးလႊတ္ၾကပါဟဲ''

ဒါကfbအေကာင့္ပါအခုမွျပန္ရလို႔ ficထဲကဟာေတြနားမလည္ရင္လာေမးလို႔ရပါတယ္ ေမ့ပီးလက္မခံမိရင္လဲေျပာပါေနာ္ခ်က္ခ်င္းလက္ခံေပးပါ့မယ္ လိုင္းသုံးရတာပ်င္းေနလို႔မန့္ရွင္းေတြေခၚၿပီးစေနာက္ရင္လဲစိတ္မဆိုးတတ္ပါဘူးရွင္:3










Continue Reading

You'll Also Like

145K 5.4K 32
ခင်ဗျားဟာခင်ဗျား ဘယ်လောက်ဖြောင့်ဖြောင့် နောက်ဆုံးတော့လည်း ကျုပ်အောက်မှာ ခံရတာပဲမလား? (Khun Phara Mo) မင်းနဲ့တစ်ခါလောက်အတူနေမိရုံနဲ့ ငါ gay သွားမယ် ထ...
1.1M 37.4K 55
Myanmar × BL Uni/Zaw Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
348K 18.1K 20
ဧကရာဇ်ပိုင်မှူး ကျူရိုးကိုးဆစ် Normal ficမဟုတ်ပါ။ BL fic Both Z+U
5.7K 117 10
""အရှေ့ရပ်မှာရှိသော ဇိုင်ရမ် လေးဘေးကင်းပါစေ။ဇိုင်ရမ် လုပ်သမျှအကုသိုလ်မှန်သမျှကို ‌ခွန်းစေ ဆိုတဲ့ငါပဲခံယူမယ်" "အရှေ့ရပျမှာရှိသော ဇိုငျရမျ လေးဘေးကငျးပါ...