အခန်း(၄၇၈) ပွင့်ချပ်ကိုးလွှာ လု
တာ့ယန်၏ ကျင့်ကြံရေးလောကအတွင်း သီးသန့်လေ့ကျင့်ကာ နေထိုင်ကြသည့် ဒဏ္ဍာရီလာ အကျော်အမော်များမှလွဲ၍ ကျင့်ကြံသူများ အလေးစားကြဆုံးမှာ ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူများ ဖြစ်လေသည်။ ပွင့်ချပ်ငါးလွှာအဆင့်တွင် ရှိနေသည့် ကျင့်ကြံသူကို ကြီးမြတ်သည့် ကျင့်ကြံသူဟု ယူဆနိုင်လေ၏။
ရွှေကြာဖြတ်တောက်ခြင်း ခေတ်ကာလစတင်ကတည်းက ကျင့်ကြံရေးလောကက အလျင်လိုနေကြသည်။ အားလုံးနီးပါးက ရွှေကြာကို ဖြတ်တောက်လိုက်ပြီဖြစ်၍ နောက်ကျကျန်နေခဲ့မည်ကို စိုးထိတ်နေကြသည်။
ဂိုဏ်းကြီးခုနှစ်ဂိုဏ်းက မိစ္ဆာဝေဟင်မျှော်နန်းကို သွားရောက်တိုက်ခိုက်သည့် ဖြစ်စဉ်က ကျင့်ကြံရေးလောကတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။ သူတို့သည် ပွင့်ချပ်ကိုးလွှာအဆင့် ပေါ်ထွက်လာမှုကြောင့် တုန်လှုပ်သွားကြခြင်း ဖြစ်၏။
မည်သူကများ ပွင့်ချပ်ကိုးလွှာနှင့် ရင်ဆိုင်နိုင်မည်နည်း။
မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင် ကျိထျန်းတောက်က ဘယ်လိုလုပ်ခဲ့မှန်း မည်သူမှ မသိကြပေ။ ဤသည်က ကျင့်ကြံရေးလောကအတွက် မဖြေရှင်းနိုင်သည့် လျှို့ဝှက်ဆန်းကြယ်မှုအဖြစ် ကျန်ရှိနေ၏။ သို့သော်လည်း ပွင့်ချပ်ကိုးလွှာက အလိမ်အညာ မဟုတ်ပေ။
ရထားလုံးထဲရှိ ဖန်းလိုင်ဂိုဏ်း၏ အကျော်အမော်က သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ပြ၍ လုကျိုးအား ခြိမ်းခြောက်ချင်ခဲ့သည်။ သို့သော် သူ ခြိမ်းခြောက်လိုသည့် လူက ပွင့်ချပ်ကိုးလွှာအဆင့် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ပွင့်ချပ်ရှစ်လွှာအဆင့်က အားကောင်းသည်မှာ အမှန်ဖြစ်သော်လည်း ပွင့်ချပ်ကိုးလွှာနှင့် ယှဉ်လိုက်လျှင် မြက်ပင်လို တန်ဖိုးမရှိတော့ပေ။
ဟွားချုံးယန်က ရင်ဘတ်ပေါ် လက်ဖိထားလိုက်သည်။ သူက အသက်ရှုဖို့ပင် ခက်လာမိ၏။ သူက လုချန်းပေ့နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သည်ကို အမှတ်ရလာသည့်အခါ ချွေးအေးများစီးကျလာသည်။ အကယ်၍ လောင်ချန်းပေ့သာ သနားညှာတာမပေးခဲ့လျှင် သူ ဘာဖြစ်သွားမည်နည်း။
ဆယ်စက္ကန့်က သိပ်မကြာမြင့်လိုက်သော်လည်း ရထားလုံးထဲမှ လူအပါအဝင် အားလုံးကို ခြိမ်းခြောက်ဖို့ လုံလောက်ပေည်။
ဆယ်စက္ကန့်အပြီးတွင် လုကျိုး၏ ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်က အားလုံးရှေ့မှောက် ပျောက်ကွယ်သွား၏။
ကောင်းကင်ဘုံကိုးကွယ်ရေးရင်ပြင်တစ်ခုလုံးက အပ်ကျသံ ကြားရလောက်အောင်အထိ တိတ်ဆိတ်သွားသည်။
ရထားလုံးပျံထဲမှ လူက သူသည် မည်မျှတုံးအကာ ဉာဏ်နည်းကြောင်း သဘောပေါက်သွားသည်။ လောင်ချန်းပေ့က စိတ်ဝိညာဉ်သဏ္ဍာကို ပြန်သိမ်းလိုက်သော်လည်း သူက အရှက်မဲ့လှစွာ ရယ်စရာကောင်းလှသည့် ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆက်ထိန်းထားနေသေးသည်။ သူလည်း မြန်မြန် ပြန်ရုပ်သိမ်းလိုက်သည်။
ဒီလူအိုကြီးက ဘယ်သူလဲ …
အားလုံးက ထိုအတွေးမျိုး တွေးမိလိုက်ကြသည်။ သူတို့က ထိုလူသည် မိစ္ဆာဝေဟင်မျှော်နန်း၏ ကျိထျန်းတောက် ဖြစ်နိုင်ကြောင်း မတွေးဘဲ မနေနိုင်ကြတော့ပေ။ တချို့က ထိုလူအိုကြီးသည် မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင် ဖြစ်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားကြ၏။
“ ရထားလုံးပျံကို ဆင်းသက်လိုက် ” ရထားလုံးပျံမှ အသံတစ်သံ ထွက်ပေါ်လာသည်။
တပည့်များက အသိဝင်လာပြီး ရထားလုံးပျံကို နိမ့်နိမ့်လေး ဆင်းသက်လိုက်ကြသည်။
ရထားလုံးပျံ ဆင်းသက်လာသည့်အခါ အသံတစ်သံထွက်ပေါ်လာသည်။ “ ရှန်လွမ့်ရှိုး … ”
“ဟမ်”
“ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ခေါင်းဆောင်လား ”
ရှန်လွမ့်ရှိုးက အံ့အားသင့်သွားလေသည်။ သူက လူအိုကြီးကို မြင်လိုက်သည့်အခါ မျက်လုံးအပြူးသား ဖြစ်သွားလေသည်။ ကျိထျန်းတောက်နှင့် ယှဉ်လိုက်ပါက ထိုလူအိုကြီးသည် ပိုပိန်ကာ ပိုအသက်ဝင်နေသည်။ သူ့ဆံပင်များကလည်း ပိုမိုနက်မှောင်နေ၏။ သူတို့နှစ်ယောက်လုံးက အသက်ကြီးနေသော်လည်း ထိုလူအိုကြီးသည် မိစ္ဆာဝေဟင်မျှော်နန်းမှ ခေါင်းဆောင်နှင့် တူညီမှုမျိုး မရှိချေ။ ထို့ကြောင့် သူက တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။
“သူက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ခေါင်းဆောင် မဟုတ်ဘူး ”
“သေချာရဲ့လား”
“အာမခံနိုင်တယ်။ ငါက လျန့်စီရင်စုတုန်းက ကျိချန်းပေ့နဲ့ တွေ့ဖူးတယ်။ သူ့စကားတွေ၊ အသုံးအနှုန်းတွေ၊ အပြုအမူတွေနဲ့ အသံကအစ မှတ်မိတယ်။ သူတို့အားလုံးကို ငါ့စိတ်ထဲမှာ ပုံနှိပ်နှိပ်ထားပြီးသား … သူ့ကို လူမှားဖို့ မဖြစ်နိုင်ဘူး” ရှန်လွမ့်ရှိုးက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
ဝုန်း
ရထားလုံးပျံက မြေပေါ် ဆင်းသက်လာသည်။
တပည့်များက ရထားလုံးပျံထဲမှ ထွက်လာကာ ဦးညွှတ်လိုက်ကြသည် “ ဂိုဏ်းချုပ်ကို ကြိုဆိုပါတယ် ”
အချိန်ဒဏ်တိုက်စားမှုကို ခံထားရသည့် လူအိုကြီးတစ်ယောက်က ရထားလုံးပျံထဲမှ ထွက်လာသည်။ သူ့အကြောင်း သတိအထားမိစေဆုံးအချက်မှာ သူ ဝတ်ဆင်ထားသည့် အဝတ်အစားများ ဖြစ်၏။ သူ့ပိုးသားဝတ်ရုံက အစိမ်းရောင်ငှက်များနှင့် ထီးများကို ပန်းထိုးထားသည်။ သူ ရထားလုံးပျံမှ ဆင်းလာလိုက်သည်နှင့် တပည့်နှစ်ယောက်က ဘေးနားမှ လာကူပေးကြသည်။ သူတို့က လုကျိုးမတိုင်ခင် ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်တန့်လိုက်ကြသည်။
သူက အနည်းငယ် ဦးညွှတ်ကာ “လောင်ချန်းပေ့ကို ဂါရဝပြုပါတယ်။ ကျုပ်က ဖန်းလိုင်ဂိုဏ်းရဲ့ ဟွမ်ရှစ်ကျဲပါ ”
“ဟွမ်ရှစ်ကျဲလား” လုကျိုးက ခေါင်းညိတ်ကာ “ဖန်းလိုင်ဂိုဏ်းက ကျင့်ကြံရေးလောကရဲ့ အသေးအဖွဲ့ကိစ္စတွေမှာ ဝင်မပါဘူး မလား။ ဘာလို့ ဒီနေ့ ဝင်ပါရတာလဲ”
ဖန်းလိုင်ကျွန်း၏ အရှင်က ဖန်းလိုင်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်ပေသည်။
ဟွမ်ရှစ်ကျဲက ပြောလိုက်သည်။ “ ကျုပ်တို့ ဖြတ်သွားတုန်း ကနဦးချီ လှုပ်ခတ်မှုကို ခံစားမိလို့ပါ။ အဲဒါကြောင့် တစ်ချက်လာကြည့်ရုံပါပဲ။ ဒီနေရာမှာ အကျော်အမော်တစ်ယောက်ကို တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး ”
လုကျိုးက မလှုပ်မယှက် ဆက်ရှိနေသည်။ သူက ချီးကျူးစကား ကြားဖူးနေကြ ဖြစ်၏။
ထိုစဉ် ရှန်လွမ့်ရှိုးလည်း အပြေးရောက်လာသည်။ သူက သူ့ကိုယ်သူ သူတို့နှင့် တတ်နိုင်သမျှ နီးနီးရပ်လိုက်သည်။ ထိုအခါ သူက ပြုံးလိုက်ပြီး “ လောင်ချန်းပေ့ကို ဘယ်လိုများခေါ်ရမလဲ ”
“ဟင်း” လုကျိုးက ရှန်လွမ့်ရှိုးအား ကြည့်လိုက်သည်။
ရှန်လွမ့်ရှိုးက ထိတ်လန့်သွားကာ နောက်တစ်လှမ်းဆုတ်မိသွားသည်။ သူက လုကျိုးဆီမှ ဖိအားကို ခံစားမိလိုက်၏။
“ လောင်ချန်းပေ့ ကျုပ် တောင်းပန်ပါတယ်”
ဒီလိုနတ်ဝိညာဉ်ဝဋ်ကြွေးချေ ကျင့်ကြံသူလေးက ပွင့်ချပ်ကိုးလွှာအဆင့်ရဲ နာမည်ကို ဘယ်လိုများ ထုတ်မေးရဲတာလဲ …
လုကျိုး၏ အကြည့်တစ်ချက်က သူ့သတ္တိအားလုံး ပျောက်ဆုံးသွားစေသည်။ သူက ဆက်လက်မပြောရဲတော့ပေ။
ဟွမ်ရှစ်ကျဲက ပြောလိုက်သည် “ချန်းပေ့ … ဖန်းလိုင်ဂိုဏ်းက ရန်သူဖြစ်လာဖို့ စိတ်ကူးမရှိပါဘူး။ အဲဒီမတိုင်ခင်က …
“ မင်းက ငါ့ဆီကနေ ဖြေရှင်းချက် လိုချင်နေတာလား”” လုကျိုးက မေးလိုက်သည်။
“ ကျုပ်တို့ မလုပ်ရဲပါဘူး” ဟွမ်ရှစ်ကျဲက တစ်ဖက်ကို ကြည့်လိုက်သည်။ သူက ထိုက်ရွှီကျောင်းတော်နှင့် ဟုန်ချူးအဖွဲ့မှ လူများကို အဝေးတွင် မြင်လိုက်ရသည်။ သူက လက်ဝေ့လိုက်ပြီး “သူတို့ကို သတ်ပစ်လိုက်”
ထိုအမိန့်က အားလုံးကို ထိတ်လန့်သွားစေသည်။
ထိုက်ရွှီကျောင်းတော်နှင့် ဟုန်ချူးအဖွဲ့မှ လူများလည်း ကြောက်လန့်တကြား နောက်ဆုတ်လိုက်ကြသည်။
ဟွမ်ရှစ်ကျဲက သက်ညှာနေရမည့် အချိန်မဟုတ်ကြောင်း သိလေသည်။ သူက အသံနိမ့်ပြောလိုက်သည် “ ဒါက ဘာလဲ။ ငါ့အမိန့်က အရေးမပါတော့ဘူးလား ”
“ ဟုတ်ကဲ့ ဂိုဏ်းချုပ်” ဖန်းလိုင်ဂိုဏ်း၏ ပထမတပည့်က အနက်ရောင်ထီးကို ကိုင်လိုက်သည်။ သူ့မျက်ဝန်းတွင် သတ်ဖြတ်ငွေ့ ဖြတ်ပြေးသွားသည်။
တခြားတပည့်များလည်း လှည့်သွားကြသည်။
ငါးယောက်သား လေထဲ ခုန်ဝင်ကာ အဖွဲ့ဆီ ရောက်ရှိသွားကြသည်။
အချိန်တစ်ခုကြာပြီးနောက် သွေးမိုးများ ရွာသွန်းသွားလေသည်။
လုကျိုးက သူတို့အား မကြည့်ပေ။ သူတို့က ဒီရလဒ်နှင့် ထိုက်တန်လေသည်။ ထို့အပြင် သူတို့သေခြင်းရှင်ခြင်းက သူနှင့် မဆိုင်ပေ။
ဟွမ်ရှစ်ကျဲက လက်နှစ်ဖက်ယှက်ကာ “ လောင်ချန်းပေ့ ကျေနပ်ပါရဲ့လား”
“မင်းက ကောင်းကောင်းလုပ်ခဲ့တာပဲ” လုကျိုးက ပြောလိုက်သည်။
“ဟွမ်ရှစ်ကျဲက လောင်ချန်းပေ့ လမ်းညွှန်မှုအတိုင်း လိုက်နာလိုက်တာပါ” ဟွမ်ရှစ်ကျဲက ဦးညွှတ်လိုက်သည်။
တခြားတပည့်များလည်း ဦးညွှတ်လိုက်သည်။
လုကျိုးက ဟွမ်ရှစ်ကျဲဆီမှ အာရုံလွဲလိုက်သည်။ သူက မိန်းကလေးခရုဆီ လျောက်သွားလိုက်သည်။ သူမက လုံးလုံးမကြောက်နေကြောင်း သတိထားမိလိုက်သည်။ တကယ်တော့ သူမက သိချင်စိတ်ပိုများနေလေ၏။
လုကျိုးက မပြောနိုင်ခင် သူမက ပြောလိုက်သည် “ အဲဒါကို အရင်က မြင်ဖူးတယ် ”
“ဘယ်မှာမြင်ဖူးတာလဲ”
“ပွင့်ချပ်ကိုးလွှာ ..” မိန်းကလေးခရုက သူမလက်ဖြင့် ရွှေကြာပုံ လုပ်ပြလေသည်။
လုကျိုးက ထိုစကားကို ကြားသည့်အခါ အံ့ဩသွားလေ၏။ သူ့အလိုလိုသိစိတ်အရ မိန်းကလေးသည် လိမ်ညာနေခြင်း မဟုတ်ကြောင်း ပြောနေသည်။ သူမ မျက်ဝန်းက ရိုးသားမှုအပြည့် ဖြစ်နေ၏။ သူက ထပ်မမေးတော့ပေ။ သူမ စကားများက နည်းနည်း ကြောက်ဖို့ကောင်းလေသည်။
သူက တစ်ဦးတည်းသော ပွင့်ချပ်ကိုးလွှာအဆင့် မဟုတ်ရင် ဘယ်လိုလုပ်မလဲ …
အဆုံးသတ်၌ သူက လက်ဆန့်ကာ ပြောလိုက်သည် “သွားကြစို့”
မိန်းကလေးခရုက သူ့အား ကြည့်ကာ လက်ဆွဲလိုက်သည်။
စင်မြင့်ပေါ်က နေရောင်က တောက်ပနေသည်။
တောအုပ်မှ သားရဲများလည်း ထွက်သွားကြပြီ ဖြစ်၏။ ငှက်များကလည်း နေဝင်ရာ အရပ်ဆီ ပျံသန်းနေကြသည်။ သူတို့က နေရောင်နောက် လိုက်နေကြ၏။
မျှော်လင့်ချက် ရှိနေသေးသည် မဟုတ်ပါလော။
လုကျိုးက မိန်းကလေးခရု၏ လက်ကို ဆွဲထားရင်း ကျင်းစီရင်စုဆီ ဦးတည်လိုက်သည်။ သူက လှည့်ကြည့်လာကာ “ဟွားချုံးယန် ”
ဟွားချုံးယန်က တုန်လှုပ်သွားလေသည်။ ပွင့်ချပ်ခုနှစ်လွှာအဆင့်က ယနေ့တွင် ယင်ကောင်လို ခံစားလိုက်ရသည်။ သူက ဖန်းလိုင်ဂိုဏ်းသားများကြားမှ ဖြတ်ကာ သွားလိုက်သည်။
သူက ဟွမ်ရှစ်ကျဲကို ဖြတ်ကျော်လာစဉ်အခါက ဦးညွှတ်နေဖို့ အချိန်ပင် မရလိုက်ပေ။
“လုချန်းပေ့ ”
ဖန်းလိုင်ဂိုဏ်း၏ လူများက ဟွားချူံးယန် စကားကို ကြားလိုက်သည့်အခါ ပွင့်ချပ်ကိုးလွှာပိုင်ရှင် မျိုးရိုးက လု ဖြစ်ကြောင်း သိသွားကြသည်။
အနည်းဆုံးတော့ ကျင့်ကြံရေးလောကအတွင်း နောက်ထပ် လျှို့ဝှက်ဆန်းကြယ်တစ်ခု ဖြစ်လာလေပြီ။ ပွင့်ချပ်ကိုးလွှာ လု၏ နာမည်က ကျင့်ကြံရေးလောကကို လှုပ်ကိုင်သွားလိမ့်မည်။
“ ကျွန်တော် … ကျွန်တော့်ဇာစ်မြစ်ကို ဝှက်ထားဖို့ ရည်ရွယ်ချက် မရှိပါဘူး ” ဟွားချုံးယန်က ထစ်ထစ် အအဖြင့် ပြောလိုက်သည်။
လုကျိုးက ကျင်းစီရင်စုမြို့ထဲသို့ ဦးတည်လိုက်သည်။
သူ ထွက်သွားသည့်အခါ ဟွမ်ရှစ်ကျဲနှင့် တခြားလူများက သက်ပြင်းချလိုက်ကြသည်။
တော်သေးတယ် ….
သို့သော်လည်း ဖန်းလိုင်ဂိုဏ်း၏ ဂိုဏ်းချုပ်အနေနှင့် တခြားလူများကို သူ ကြောက်ရွံ့နေကြောင်း မပြသသည်မှာ ပုံမှန်သာ ဖြစ်၏။ ထို့အစား သူက လုကျိုး၏ ကျောပြင်ကို ကြည့်နေရင်း တည်ငြိမ်နေအောင် ကြိုးစားလိုက်သည်။ ထို့နောက် သူက ဟုန်ချူးအဖွဲ့နှင့် ထိုက်ရွှီကျောင်းတော်မှ လူများကို တစ်ချက်ကြည့်ကာ ပြောလိုက်သည် “ ကျူပင်ခုတ် ကျူငုတ် မကျန်စေနဲ့တဲ့ … အသက်ရှင်ရက် မထားနဲ့ ”
“နားလည်ပါပြီ ”
...
Zawgyi
အခန္း(၄၇၈) ပြင့္ခ်ပ္ကိုးလႊာ လု
တာ့ယန္၏ က်င့္ႀကံေရးေလာကအတြင္း သီးသန႔္ေလ့က်င့္ကာ ေနထိုင္ၾကသည့္ ဒ႑ာရီလာ အေက်ာ္အေမာ္မ်ားမွလြဲ၍ က်င့္ႀကံသူမ်ား အေလးစားၾကဆုံးမွာ ပြင့္ခ်ပ္ရွစ္လႊာအဆင့္ က်င့္ႀကံသူမ်ား ျဖစ္ေလသည္။ ပြင့္ခ်ပ္ငါးလႊာအဆင့္တြင္ ရွိေနသည့္ က်င့္ႀကံသူကို ႀကီးျမတ္သည့္ က်င့္ႀကံသူဟု ယူဆနိုင္ေလ၏။
ေ႐ႊၾကာျဖတ္ေတာက္ျခင္း ေခတ္ကာလစတင္ကတည္းက က်င့္ႀကံေရးေလာကက အလ်င္လိုေနၾကသည္။ အားလုံးနီးပါးက ေ႐ႊၾကာကို ျဖတ္ေတာက္လိုက္ၿပီျဖစ္၍ ေနာက္က်က်န္ေနခဲ့မည္ကို စိုးထိတ္ေနၾကသည္။
ဂိုဏ္းႀကီးခုႏွစ္ဂိုဏ္းက မိစာၦေဝဟင္ေမွ်ာ္နန္းကို သြားေရာက္တိုက္ခိုက္သည့္ ျဖစ္စဥ္က က်င့္ႀကံေရးေလာကတစ္ခုလုံးကို တုန္လႈပ္သြားေစသည္။ သူတို႔သည္ ပြင့္ခ်ပ္ကိုးလႊာအဆင့္ ေပၚထြက္လာမႈေၾကာင့္ တုန္လႈပ္သြားၾကျခင္း ျဖစ္၏။
မည္သူကမ်ား ပြင့္ခ်ပ္ကိုးလႊာႏွင့္ ရင္ဆိုင္နိုင္မည္နည္း။
မိစာၦေဝဟင္ေမွ်ာ္နန္း၏ ေမွ်ာ္နန္းသခင္ က်ိထ်န္းေတာက္က ဘယ္လိုလုပ္ခဲ့မွန္း မည္သူမွ မသိၾကေပ။ ဤသည္က က်င့္ႀကံေရးေလာကအတြက္ မေျဖရွင္းနိုင္သည့္ လွ်ို႔ဝွက္ဆန္းၾကယ္မႈအျဖစ္ က်န္ရွိေန၏။ သို႔ေသာ္လည္း ပြင့္ခ်ပ္ကိုးလႊာက အလိမ္အညာ မဟုတ္ေပ။
ရထားလုံးထဲရွိ ဖန္းလိုင္ဂိုဏ္း၏ အေက်ာ္အေမာ္က သူ႕စိတ္ဝိညာဥ္သဏၭာန္ကို ထုတ္ျပ၍ လုက်ိဳးအား ၿခိမ္းေျခာက္ခ်င္ခဲ့သည္။ သို႔ေသာ္ သူ ၿခိမ္းေျခာက္လိုသည့္ လူက ပြင့္ခ်ပ္ကိုးလႊာအဆင့္ ျဖစ္ေနလိမ့္မည္ဟု မထင္ထားခဲ့ေပ။ ပြင့္ခ်ပ္ရွစ္လႊာအဆင့္က အားေကာင္းသည္မွာ အမွန္ျဖစ္ေသာ္လည္း ပြင့္ခ်ပ္ကိုးလႊာႏွင့္ ယွဥ္လိုက္လွ်င္ ျမက္ပင္လို တန္ဖိုးမရွိေတာ့ေပ။
ဟြားခ်ဳံးယန္က ရင္ဘတ္ေပၚ လက္ဖိထားလိုက္သည္။ သူက အသက္ရႈဖို႔ပင္ ခက္လာမိ၏။ သူက လုခ်န္းေပ့ႏွင့္ ထိပ္တိုက္ရင္ဆိုင္ခဲ့သည္ကို အမွတ္ရလာသည့္အခါ ေခြၽးေအးမ်ားစီးက်လာသည္။ အကယ္၍ ေလာင္ခ်န္းေပ့သာ သနားညွာတာမေပးခဲ့လွ်င္ သူ ဘာျဖစ္သြားမည္နည္း။
ဆယ္စကၠန႔္က သိပ္မၾကာျမင့္လိုက္ေသာ္လည္း ရထားလုံးထဲမွ လူအပါအဝင္ အားလုံးကို ၿခိမ္းေျခာက္ဖို႔ လုံေလာက္ေပည္။
ဆယ္စကၠန႔္အၿပီးတြင္ လုက်ိဳး၏ ပြင့္ခ်ပ္ကိုးလႊာ စိတ္ဝိညာဥ္သဏၭာန္က အားလုံးေရွ႕ေမွာက္ ေပ်ာက္ကြယ္သြား၏။
ေကာင္းကင္ဘုံကိုးကြယ္ေရးရင္ျပင္တစ္ခုလုံးက အပ္က်သံ ၾကားရေလာက္ေအာင္အထိ တိတ္ဆိတ္သြားသည္။
ရထားလုံးပ်ံထဲမွ လူက သူသည္ မည္မွ်တုံးအကာ ဉာဏ္နည္းေၾကာင္း သေဘာေပါက္သြားသည္။ ေလာင္ခ်န္းေပ့က စိတ္ဝိညာဥ္သ႑ာကို ျပန္သိမ္းလိုက္ေသာ္လည္း သူက အရွက္မဲ့လွစြာ ရယ္စရာေကာင္းလွသည့္ ပြင့္ခ်ပ္ရွစ္လႊာ စိတ္ဝိညာဥ္သဏၭာန္ကို ဆက္ထိန္းထားေနေသးသည္။ သူလည္း ျမန္ျမန္ ျပန္႐ုပ္သိမ္းလိုက္သည္။
ဒီလူအိုႀကီးက ဘယ္သူလဲ …
အားလုံးက ထိုအေတြးမ်ိဳး ေတြးမိလိုက္ၾကသည္။ သူတို႔က ထိုလူသည္ မိစာၦေဝဟင္ေမွ်ာ္နန္း၏ က်ိထ်န္းေတာက္ ျဖစ္နိုင္ေၾကာင္း မေတြးဘဲ မေနနိုင္ၾကေတာ့ေပ။ တခ်ိဳ႕က ထိုလူအိုႀကီးသည္ မိစာၦေဝဟင္ေမွ်ာ္နန္း၏ ေမွ်ာ္နန္းသခင္ ျဖစ္လိမ့္မည္ဟု အခိုင္အမာ ယုံၾကည္ထားၾက၏။
“ ရထားလုံးပ်ံကို ဆင္းသက္လိုက္ ” ရထားလုံးပ်ံမွ အသံတစ္သံ ထြက္ေပၚလာသည္။
တပည့္မ်ားက အသိဝင္လာၿပီး ရထားလုံးပ်ံကို နိမ့္နိမ့္ေလး ဆင္းသက္လိုက္ၾကသည္။
ရထားလုံးပ်ံ ဆင္းသက္လာသည့္အခါ အသံတစ္သံထြက္ေပၚလာသည္။ “ ရွန္လြမ့္ရွိုး … ”
“ဟမ္”
“ဒါက မိစာၦေဝဟင္ေမွ်ာ္နန္းရဲ႕ ေခါင္းေဆာင္လား ”
ရွန္လြမ့္ရွိုးက အံ့အားသင့္သြားေလသည္။ သူက လူအိုႀကီးကို ျမင္လိုက္သည့္အခါ မ်က္လုံးအျပဴးသား ျဖစ္သြားေလသည္။ က်ိထ်န္းေတာက္ႏွင့္ ယွဥ္လိုက္ပါက ထိုလူအိုႀကီးသည္ ပိုပိန္ကာ ပိုအသက္ဝင္ေနသည္။ သူ႕ဆံပင္မ်ားကလည္း ပိုမိုနက္ေမွာင္ေန၏။ သူတို႔ႏွစ္ေယာက္လုံးက အသက္ႀကီးေနေသာ္လည္း ထိုလူအိုႀကီးသည္ မိစာၦေဝဟင္ေမွ်ာ္နန္းမွ ေခါင္းေဆာင္ႏွင့္ တူညီမႈမ်ိဳး မရွိေခ်။ ထို႔ေၾကာင့္ သူက တုံ႕ဆိုင္းမေနဘဲ ေျပာလိုက္သည္။
“သူက မိစာၦေဝဟင္ေမွ်ာ္နန္းရဲ႕ ေခါင္းေဆာင္ မဟုတ္ဘူး ”
“ေသခ်ာရဲ႕လား”
“အာမခံနိုင္တယ္။ ငါက လ်န႔္စီရင္စုတုန္းက က်ိခ်န္းေပ့နဲ႕ ေတြ႕ဖူးတယ္။ သူ႕စကားေတြ၊ အသုံးအႏႈန္းေတြ၊ အျပဳအမူေတြနဲ႕ အသံကအစ မွတ္မိတယ္။ သူတို႔အားလုံးကို ငါ့စိတ္ထဲမွာ ပုံႏွိပ္ႏွိပ္ထားၿပီးသား … သူ႕ကို လူမွားဖို႔ မျဖစ္နိုင္ဘူး” ရွန္လြမ့္ရွိုးက ယုံၾကည္ခ်က္ရွိရွိ ေျပာလိုက္သည္။
ဝုန္း
ရထားလုံးပ်ံက ေျမေပၚ ဆင္းသက္လာသည္။
တပည့္မ်ားက ရထားလုံးပ်ံထဲမွ ထြက္လာကာ ဦးၫႊတ္လိုက္ၾကသည္ “ ဂိုဏ္းခ်ဳပ္ကို ႀကိဳဆိုပါတယ္ ”
အခ်ိန္ဒဏ္တိုက္စားမႈကို ခံထားရသည့္ လူအိုႀကီးတစ္ေယာက္က ရထားလုံးပ်ံထဲမွ ထြက္လာသည္။ သူ႕အေၾကာင္း သတိအထားမိေစဆုံးအခ်က္မွာ သူ ဝတ္ဆင္ထားသည့္ အဝတ္အစားမ်ား ျဖစ္၏။ သူ႕ပိုးသားဝတ္႐ုံက အစိမ္းေရာင္ငွက္မ်ားႏွင့္ ထီးမ်ားကို ပန္းထိုးထားသည္။ သူ ရထားလုံးပ်ံမွ ဆင္းလာလိုက္သည္ႏွင့္ တပည့္ႏွစ္ေယာက္က ေဘးနားမွ လာကူေပးၾကသည္။ သူတို႔က လုက်ိဳးမတိုင္ခင္ ေျခလွမ္းအနည္းငယ္အကြာတြင္ ရပ္တန႔္လိုက္ၾကသည္။
သူက အနည္းငယ္ ဦးၫႊတ္ကာ “ေလာင္ခ်န္းေပ့ကို ဂါရဝျပဳပါတယ္။ က်ဳပ္က ဖန္းလိုင္ဂိုဏ္းရဲ႕ ဟြမ္ရွစ္က်ဲပါ ”
“ဟြမ္ရွစ္က်ဲလား” လုက်ိဳးက ေခါင္းညိတ္ကာ “ဖန္းလိုင္ဂိုဏ္းက က်င့္ႀကံေရးေလာကရဲ႕ အေသးအဖြဲ႕ကိစၥေတြမွာ ဝင္မပါဘူး မလား။ ဘာလို႔ ဒီေန႕ ဝင္ပါရတာလဲ”
ဖန္းလိုင္ကြၽန္း၏ အရွင္က ဖန္းလိုင္ဂိုဏ္း၏ ဂိုဏ္းခ်ဳပ္ ျဖစ္ေပသည္။
ဟြမ္ရွစ္က်ဲက ေျပာလိုက္သည္။ “ က်ဳပ္တို႔ ျဖတ္သြားတုန္း ကနဦးခ်ီ လႈပ္ခတ္မႈကို ခံစားမိလို႔ပါ။ အဲဒါေၾကာင့္ တစ္ခ်က္လာၾကည့္႐ုံပါပဲ။ ဒီေနရာမွာ အေက်ာ္အေမာ္တစ္ေယာက္ကို ေတြ႕ရလိမ့္မယ္လို႔ မထင္ထားမိဘူး ”
လုက်ိဳးက မလႈပ္မယွက္ ဆက္ရွိေနသည္။ သူက ခ်ီးက်ဴးစကား ၾကားဖူးေနၾက ျဖစ္၏။
ထိုစဥ္ ရွန္လြမ့္ရွိုးလည္း အေျပးေရာက္လာသည္။ သူက သူ႕ကိုယ္သူ သူတို႔ႏွင့္ တတ္နိုင္သမွ် နီးနီးရပ္လိုက္သည္။ ထိုအခါ သူက ၿပဳံးလိုက္ၿပီး “ ေလာင္ခ်န္းေပ့ကို ဘယ္လိုမ်ားေခၚရမလဲ ”
“ဟင္း” လုက်ိဳးက ရွန္လြမ့္ရွိုးအား ၾကည့္လိုက္သည္။
ရွန္လြမ့္ရွိုးက ထိတ္လန႔္သြားကာ ေနာက္တစ္လွမ္းဆုတ္မိသြားသည္။ သူက လုက်ိဳးဆီမွ ဖိအားကို ခံစားမိလိုက္၏။
“ ေလာင္ခ်န္းေပ့ က်ဳပ္ ေတာင္းပန္ပါတယ္”
ဒီလိုနတ္ဝိညာဥ္ဝဋ္ေႂကြးေခ် က်င့္ႀကံသူေလးက ပြင့္ခ်ပ္ကိုးလႊာအဆင့္ရဲ နာမည္ကို ဘယ္လိုမ်ား ထုတ္ေမးရဲတာလဲ …
လုက်ိဳး၏ အၾကည့္တစ္ခ်က္က သူ႕သတၱိအားလုံး ေပ်ာက္ဆုံးသြားေစသည္။ သူက ဆက္လက္မေျပာရဲေတာ့ေပ။
ဟြမ္ရွစ္က်ဲက ေျပာလိုက္သည္ “ခ်န္းေပ့ … ဖန္းလိုင္ဂိုဏ္းက ရန္သူျဖစ္လာဖို႔ စိတ္ကူးမရွိပါဘူး။ အဲဒီမတိုင္ခင္က …
“ မင္းက ငါ့ဆီကေန ေျဖရွင္းခ်က္ လိုခ်င္ေနတာလား”” လုက်ိဳးက ေမးလိုက္သည္။
“ က်ဳပ္တို႔ မလုပ္ရဲပါဘူး” ဟြမ္ရွစ္က်ဲက တစ္ဖက္ကို ၾကည့္လိုက္သည္။ သူက ထိုက္႐ႊီေက်ာင္းေတာ္ႏွင့္ ဟုန္ခ်ဴးအဖြဲ႕မွ လူမ်ားကို အေဝးတြင္ ျမင္လိုက္ရသည္။ သူက လက္ေဝ့လိုက္ၿပီး “သူတို႔ကို သတ္ပစ္လိုက္”
ထိုအမိန႔္က အားလုံးကို ထိတ္လန႔္သြားေစသည္။
ထိုက္႐ႊီေက်ာင္းေတာ္ႏွင့္ ဟုန္ခ်ဴးအဖြဲ႕မွ လူမ်ားလည္း ေၾကာက္လန႔္တၾကား ေနာက္ဆုတ္လိုက္ၾကသည္။
ဟြမ္ရွစ္က်ဲက သက္ညွာေနရမည့္ အခ်ိန္မဟုတ္ေၾကာင္း သိေလသည္။ သူက အသံနိမ့္ေျပာလိုက္သည္ “ ဒါက ဘာလဲ။ ငါ့အမိန႔္က အေရးမပါေတာ့ဘူးလား ”
“ ဟုတ္ကဲ့ ဂိုဏ္းခ်ဳပ္” ဖန္းလိုင္ဂိုဏ္း၏ ပထမတပည့္က အနက္ေရာင္ထီးကို ကိုင္လိုက္သည္။ သူ႕မ်က္ဝန္းတြင္ သတ္ျဖတ္ေငြ႕ ျဖတ္ေျပးသြားသည္။
တျခားတပည့္မ်ားလည္း လွည့္သြားၾကသည္။
ငါးေယာက္သား ေလထဲ ခုန္ဝင္ကာ အဖြဲ႕ဆီ ေရာက္ရွိသြားၾကသည္။
အခ်ိန္တစ္ခုၾကာၿပီးေနာက္ ေသြးမိုးမ်ား ႐ြာသြန္းသြားေလသည္။
လုက်ိဳးက သူတို႔အား မၾကည့္ေပ။ သူတို႔က ဒီရလဒ္ႏွင့္ ထိုက္တန္ေလသည္။ ထို႔အျပင္ သူတို႔ေသျခင္းရွင္ျခင္းက သူႏွင့္ မဆိုင္ေပ။
ဟြမ္ရွစ္က်ဲက လက္ႏွစ္ဖက္ယွက္ကာ “ ေလာင္ခ်န္းေပ့ ေက်နပ္ပါရဲ႕လား”
“မင္းက ေကာင္းေကာင္းလုပ္ခဲ့တာပဲ” လုက်ိဳးက ေျပာလိုက္သည္။
“ဟြမ္ရွစ္က်ဲက ေလာင္ခ်န္းေပ့ လမ္းၫႊန္မႈအတိုင္း လိုက္နာလိုက္တာပါ” ဟြမ္ရွစ္က်ဲက ဦးၫႊတ္လိုက္သည္။
တျခားတပည့္မ်ားလည္း ဦးၫႊတ္လိုက္သည္။
လုက်ိဳးက ဟြမ္ရွစ္က်ဲဆီမွ အာ႐ုံလြဲလိုက္သည္။ သူက မိန္းကေလးခ႐ုဆီ ေလ်ာက္သြားလိုက္သည္။ သူမက လုံးလုံးမေၾကာက္ေနေၾကာင္း သတိထားမိလိုက္သည္။ တကယ္ေတာ့ သူမက သိခ်င္စိတ္ပိုမ်ားေနေလ၏။
လုက်ိဳးက မေျပာနိုင္ခင္ သူမက ေျပာလိုက္သည္ “ အဲဒါကို အရင္က ျမင္ဖူးတယ္ ”
“ဘယ္မွာျမင္ဖူးတာလဲ”
“ပြင့္ခ်ပ္ကိုးလႊာ ..” မိန္းကေလးခ႐ုက သူမလက္ျဖင့္ ေ႐ႊၾကာပုံ လုပ္ျပေလသည္။
လုက်ိဳးက ထိုစကားကို ၾကားသည့္အခါ အံ့ဩသြားေလ၏။ သူ႕အလိုလိုသိစိတ္အရ မိန္းကေလးသည္ လိမ္ညာေနျခင္း မဟုတ္ေၾကာင္း ေျပာေနသည္။ သူမ မ်က္ဝန္းက ရိုးသားမႈအျပည့္ ျဖစ္ေန၏။ သူက ထပ္မေမးေတာ့ေပ။ သူမ စကားမ်ားက နည္းနည္း ေၾကာက္ဖို႔ေကာင္းေလသည္။
သူက တစ္ဦးတည္းေသာ ပြင့္ခ်ပ္ကိုးလႊာအဆင့္ မဟုတ္ရင္ ဘယ္လိုလုပ္မလဲ …
အဆုံးသတ္၌ သူက လက္ဆန႔္ကာ ေျပာလိုက္သည္ “သြားၾကစို႔”
မိန္းကေလးခ႐ုက သူ႕အား ၾကည့္ကာ လက္ဆြဲလိုက္သည္။
စင္ျမင့္ေပၚက ေနေရာင္က ေတာက္ပေနသည္။
ေတာအုပ္မွ သားရဲမ်ားလည္း ထြက္သြားၾကၿပီ ျဖစ္၏။ ငွက္မ်ားကလည္း ေနဝင္ရာ အရပ္ဆီ ပ်ံသန္းေနၾကသည္။ သူတို႔က ေနေရာင္ေနာက္ လိုက္ေနၾက၏။
ေမွ်ာ္လင့္ခ်က္ ရွိေနေသးသည္ မဟုတ္ပါေလာ။
လုက်ိဳးက မိန္းကေလးခ႐ု၏ လက္ကို ဆြဲထားရင္း က်င္းစီရင္စုဆီ ဦးတည္လိုက္သည္။ သူက လွည့္ၾကည့္လာကာ “ဟြားခ်ဳံးယန္ ”
ဟြားခ်ဳံးယန္က တုန္လႈပ္သြားေလသည္။ ပြင့္ခ်ပ္ခုႏွစ္လႊာအဆင့္က ယေန႕တြင္ ယင္ေကာင္လို ခံစားလိုက္ရသည္။ သူက ဖန္းလိုင္ဂိုဏ္းသားမ်ားၾကားမွ ျဖတ္ကာ သြားလိုက္သည္။
သူက ဟြမ္ရွစ္က်ဲကို ျဖတ္ေက်ာ္လာစဥ္အခါက ဦးၫႊတ္ေနဖို႔ အခ်ိန္ပင္ မရလိုက္ေပ။
“လုခ်န္းေပ့ ”
ဖန္းလိုင္ဂိုဏ္း၏ လူမ်ားက ဟြားခ်ဴံးယန္ စကားကို ၾကားလိုက္သည့္အခါ ပြင့္ခ်ပ္ကိုးလႊာပိုင္ရွင္ မ်ိဳးရိုးက လု ျဖစ္ေၾကာင္း သိသြားၾကသည္။
အနည္းဆုံးေတာ့ က်င့္ႀကံေရးေလာကအတြင္း ေနာက္ထပ္ လွ်ို႔ဝွက္ဆန္းၾကယ္တစ္ခု ျဖစ္လာေလၿပီ။ ပြင့္ခ်ပ္ကိုးလႊာ လု၏ နာမည္က က်င့္ႀကံေရးေလာကကို လႈပ္ကိုင္သြားလိမ့္မည္။
“ ကြၽန္ေတာ္ … ကြၽန္ေတာ့္ဇာစ္ျမစ္ကို ဝွက္ထားဖို႔ ရည္႐ြယ္ခ်က္ မရွိပါဘူး ” ဟြားခ်ဳံးယန္က ထစ္ထစ္ အအျဖင့္ ေျပာလိုက္သည္။
လုက်ိဳးက က်င္းစီရင္စုၿမိဳ႕ထဲသို႔ ဦးတည္လိုက္သည္။
သူ ထြက္သြားသည့္အခါ ဟြမ္ရွစ္က်ဲႏွင့္ တျခားလူမ်ားက သက္ျပင္းခ်လိဳက္ၾကသည္။
ေတာ္ေသးတယ္ ….
သို႔ေသာ္လည္း ဖန္းလိုင္ဂိုဏ္း၏ ဂိုဏ္းခ်ဳပ္အေနႏွင့္ တျခားလူမ်ားကို သူ ေၾကာက္႐ြံ႕ေနေၾကာင္း မျပသသည္မွာ ပုံမွန္သာ ျဖစ္၏။ ထို႔အစား သူက လုက်ိဳး၏ ေက်ာျပင္ကို ၾကည့္ေနရင္း တည္ၿငိမ္ေနေအာင္ ႀကိဳးစားလိုက္သည္။ ထို႔ေနာက္ သူက ဟုန္ခ်ဴးအဖြဲ႕ႏွင့္ ထိုက္႐ႊီေက်ာင္းေတာ္မွ လူမ်ားကို တစ္ခ်က္ၾကည့္ကာ ေျပာလိုက္သည္ “ က်ဴပင္ခုတ္ က်ဴငုတ္ မက်န္ေစနဲ႕တဲ့ … အသက္ရွင္ရက္ မထားနဲ႕ ”
“နားလည္ပါၿပီ ”
...