Vody (complete)

By BlackRoseTK93

382K 17.4K 1.1K

Jeon and Kim (warning fic ๐Ÿšจ) More

Intro
1
2
3
4
5
6
7
8
9๐Ÿ‘๐Ÿฅ•
10
11๐Ÿ‘๐Ÿฅ•
12
13
14
15๐Ÿ‘๐Ÿฅ•
16
17
18๐Ÿฅ•
19๐Ÿฅ•๐Ÿ‘
20
21๐Ÿ‘๐Ÿฅ•
22
23
โŒ
25
26
27๐Ÿ‘๐Ÿฅ•
28
29
30๐Ÿ‘๐Ÿฅ•
31
32
33๐Ÿ‘๐Ÿฅ•
34
35
36
Final ๐Ÿฅ•๐Ÿ‘

24

7.1K 414 55
By BlackRoseTK93

ဒီရက်ပိုင်း Tae နဲ့နေရတာ သူ့အတွက်ပျော်စရာအချိန်တွေဖြစ်နေခဲ့ပေမယ့် ခုတော့ ဝင်လာတဲ့ဖုန်း.. ညီမဖြစ်သူအရေးပေါ်ဖြစ်နေတာကြောင့် အလုပ်ကနေပဲ ဆေးရုံကို အပြေးရောက်လာတဲ့ Jungkook..

" သူနာပြုမင် ညီမလေးက "

" Jungkook Junghee လေးက နောက်ဆုံးအခြေအနေဖြစ်နေပြီ အမတို့လည်းစိတ်မကောင်းပါဘူး Jungkook ဒီဆေးပိုက်တွေသာ ဖြုတ်လိုက်ရင် Junghee လေးက ..ပြီးတော့ လေ Jungkook ဒီမှာ Junghee လေးက သူသေသွားရင် သူ့နှလုံးကို Taehyung ကိုလှူဖို့လက်မှတ်ထိုးပြီးသွားပြီ "

" ကျွန်တော်ညီမက ဘာလို့သေရမှာလည်း ဟိုနေ့ကထိအကောင်းပါ သူနာပြုမင် မနောက်ပါနဲ့ ဘာလို့လှူရမှာလည်းမလှူနိုင်ဘူး "

" Junghee က ခုဆေးနဲ့အသက်ဆွဲထားရတာ Jungkook ဆေးပိုက်ဖြုတ်လိုက်တာနဲ့ ချက်ချင်း..."

" မပြောနဲ့ ညီမလေးမသေရဘူး "

Jungkook ဟာ သူနာပြုမင်နဲ့ စကားပြောပြီး Junghee လေးနားရောက်လာကာ လက်ကလေးကိုကိုင်လိုက်တော့ မျက်လုံးလေးဖွင့်ကြည့်လာပြီး ပြုံးပြသည်..

" ကိုကို "

" ကလေးလေ "

" ကိုကို..Junghee ကိုစိတ်ဆိုးနေတာလားဟင်.."

" မဆိုးပါဘူး ကလေးလေးရဲ့ ကိုကို ကလေးလေးက ကိုကို့နားမှာ အကြာကြီးနေအုံးမှာမဟုတ်လား"

" ကိုကို Junghee လေ ကိုကို Tae ကို "

" မပြောနဲ့ မကြားချင်ဘူး လုံးဝခွင့်မပြုဘူး "

" ကိုကို Tae က အရမ်းသနားဖို့ကောင်းပါတယ်.
ကိုကို ကိုလည်းသူသိပ်ချစ်တာလို့ပြောတယ်..သူကလောကကြီးမှာ အကြာကြီးမနေရတော့ဘူးဆိုရင်တောင် သူချစ်တဲ့ကိုကိုနားမှာပဲနေသွားချင်တာတဲ့..ကိုကို ရော ကိုကိုTae ကိုမချစ်ဘူးလားဟင် "

"Junghee စကားတွေများတယ် နားတော့နော် ကိုကို့ ကလေးလေး "

"ကိုကို ကိုကိုTae ကိုမရက်စက်ပါနဲ့ ဟင့် "

သူနာပြု "Jungkook Junghee လေးပြောတာလက်ခံပေးပါ ဒါသူ့ရဲ့နောက်ဆုံးဆန္ဒလေးလေကွယ် "

Jungkook ဟာ သူနာပြုမင်ပြောတာကိုလက်မခံနိုင်စွာ သူညီမဖြစ်ရတာ Tae ကြောင့်ပဲလို့ ဆိုပြီး အိမ်သို့ပြန်လာခဲ့သည်..

အိမ်မှာသူ့ကိုစောင့်လို့နေတဲ့ Tae.. သူပြန်လာတာလည်းမြင်ရော အပြုံးလေးနဲ့ကြိုလို့နေသည်..
သို့သော်သူကတော့ Tae ရဲ့ အကျီကော်လံစနှစ်ဖက်ကို ဆွဲမကာ Tae ရဲ့ မျက်နှာကိုစေ့စေ့ကြည့်လို့ ဒေါသထွက်ကာ..

" မင်း အပေါ်မှာ ငါတို့မိသားစုက ဘာတွေများမှားခဲ့လို့ ဒီလောက်တောင်ပေးဆပ်နေရတာလည်း!!!!!"

" ဘာလည်း ကို ဘာကိုလည်း Tae နားလည်အောင်ပြောပြပါ "

Jungkook ဟာ Tae ရဲ့ ကိုယ်လုံးလေးကို နံရံမှာကပ်လိုက်ပြီး လည်ပင်းတို့ကို လက်မနဲ့ထောက်ကာ ညစ်ထားသည်..Tae ဟာ အသက်ရှုကျပ်လာတာကြောင့် ပါးစပ်လေးဟကာအသက်ကို အလုအယက်ရှုနေရသည်..

" မင်းကြောင့် မင်းနေမကောင်းလို့ဆိုပြီး မင်းအဖေရဲ့အလောကြီးမှုကြောင့် ငါမိဘနှစ်ပါး ကားတိုက်ခံရပြီးဆုံးပါးသွားတယ် ခု ခုလည်းငါ့ညီမလေးက မင်းကိုချစ်လို့ဆိုပြီး သူနှလုံးကိုမင်းကိုပေးခဲ့မယ်တဲ့ အားးးးး ဘာလို့လည်း!!!! "

" ကို အ့ ဘာ ဘာ​ကိုပြောတာလည်း Tae Tae နားမလည်ဘူး အ့ အ့ jung အ့ "

အသက်ပင်ဝအောင်မရှုနိုင်တော့ပဲ Tae ဟာ jungkook ရဲ့ လက်ထဲမှာတင် အသက်ရှုကြပ်ကာ လဲကျသွားတော့သည်..သူလက်ထဲမှာ တင် အရုပ်ကြိုးပျက်လဲကျသွားတဲ့ Tae ရဲ့ ခန္တာကိုယ်လေးကို ဆွဲပွေ့လိုက်ပြီး Jungkook ဟာ သူ့ဒေါသကိုမထိန်းနိုင်ပဲ လုပ်မိပြီးမှ Tae လဲကျသွားတော့ စိုးရိမ်ကာ .

" Tae ဟင့်အင်း Tae ငါခေါ်နေတယ်လေ "

ဘူဆန်ဆေးရုံကနေ နှလုံးပြန်ခုန်အောင် မနည်းကြိုးစားလိုက်ရပြီး အရေးပေါ်ကားနဲ့ ဆိုးလ်ကဆေးရုံသို့ ထွက်လာခဲ့ကြသည်..

ကားပေါ်မှာလည်း အောက်စီဂျင်ပိုက်တန်းလန်းနဲ့ Tae.အနားမှာ လက်ကလေးကိုဆုတ်ကိုင်ထားကာ Tae ရဲ့မျက်နှာလေးကြည့်လို့နေတဲ့ Jungkook..

ဆေးရုံရောက်တော့ ကြိုတင်ဖုန်းဆက်ကာ နာမည် နဲ့ လူနာရဲ့အခြေအနေကို အရေးပေါ်ကားပါသူက ကြိုဖုန်းဆက်ထားတာကြောင်​့ Tae ဟာ သူတို့ရဲ့ VVIP လူနာမှန်းချက်ချင်းသိသွားကြပြီး အရေးပေါ်ကားရောက်လာဖို့ကို ဆေးရုံအဝမှာ အသင့်စောင့်လို့နေကြသည်..

ဆေးရုံသို့ရောက်တာနဲ့ ဆေးရုံအုပ်ပါရောက်လို့လာကာ ကုသမှုများကို တချိန်နဲ့တပြေးညီပြုလုပ်ကြတော့သည်..အရေးပေါ်ဆောင်ထဲ Kim Taehyung သည်သာ လူနာဖြစ်သည်အလားပေါ့ ..

" လူနာကို ဘယ်မှာတွေ့ခဲ့တာလည်း "

"ဗျာ "

" ဒီလူနာကို ဒီလိုမေ့လဲနေတဲ့ အခြေအနေမျိုးနဲ့ ဘယ်နေရာမှာတွေ့ခဲ့တာလည်း သူမေ့လဲသွားတဲ့အချိန်ကိုသိချင်လို့ "

" ကျွန်တော်အိမ်မှာပါ "

" လူနာနဲ့ ဒီဘက်ကနဲ့ ဘယ်လိုပက်သက်ပါသလဲ လူနာမှာ နှလုံးရောဂါရှိတယ်ဆိုတာရောသိလား "

" ဟုတ်ကဲ့ သိပါတယ်.. ကျွန်တော် နဲ့ သူက သူငယ်ချင်းပါ "

" လူနာက နှလုံးရောဂါသည် ဆေးအကူနဲ့ဒီလောက်ထိနေနိုင်နေတာကိုရောသိလား လူနာဆေးပျက်တာဘယ်လောက်ရှိပြီလဲ ဆိုတာရောသိလား "

Jungkook ဟာ Tae သူ့အိမ်ရောက်နေတဲ့ အချိန်ကိုတွက်စလိုက်သည်. Tae သူ့အိမ်ရောက်လာတာ သူခေါ်လာတဲ့ အတိုင်းသာဆို ဘာဆေးမှပါမလာသလို တူတူနေချိန်မှာလည်း ဆေးသောက်တာမတွေ့တာကြောင့် သူ့နဲ့နေတဲ့အချိန်ကာလ ကိုပြောလိုက်သည်..

" တလ "

" ဘာ.. Kim Namjoon ဘာလုပ်နေလည်း သားတယောက်လုံးဆေးမသောက်တာကို ပြစ်ထားရလား "

Tae ရဲ့ အဖေဖြစ်သူ ဥက္ကဌကြီးရဲ့နာမည်ကိုပါ တရင်းတနီးပြောဆိုသွားတာကြောင့် Tae ဟာ ဒီဆေးရုံရဲ့ VVIP လူနာဖြစ်သလို Tae ရဲ့ရောဂါအခြေအနေကြောင့် ဆရာဝန်တွေဒီလောက်ပြာယာခက်နေတယ်ဆိုတာ သိလိုက်တဲ့ Jungkook..

" ဆရာ Tae က Tae ကဆေးမသောက်ရင် ဘာဖြစ်နိုင်လည်း "

" လူနာက ရောဂါအခြေအနေကြောင့် အသက်ကိုဆေးနဲ့ဆွဲထားသလိုပဲ ဆေးမသောက်တာကြာလေ အသက်အန္တာရယ်ဆိုးရိမ်ရလေပဲ နှလုံးရောဂါဆိုတာ စိတ်နဲ့လည်းဆိုင်တာမို့ ဒီကြားထဲဆေးမသောက်တာတောင် ဘာမှဆိုးဆိုးဝါးဝါးမဖြစ်ဘူးဆိုတာ သူ့မှာပျော်စရာစိတ်ချမ်းသာစရာရှိလို့ပဲနေမှာ "

Jungkook ဟာ ဆရာဝန်ပြောလာတဲ့စကားကိုကြားလိုက်ရချိန်မှာ သူနဲ့အတူတူနေနေတဲ့ကာလပက်လုံး Tae ဟာ အမြဲပျော်ရွှင်နေသလို သူ့ကိုအမြဲပြောနေတဲ့စကားကိုလည်းသိရလို့သွားသည်..

* ခင်များကို ချစ်နေရတာနဲ့တင် ကျွန်တော် အရမ်းပျော်တယ် ခင်များပြန်မချစ်လည်း ရတယ်..ကျွန်တော်ချစ်တာကိုသာ မကန့်ကွက်ပါနဲ့တဲ့ *

" ဆရာ လူနာက ဘယ်လိုလုပ်ရင် ဆေးတွေသောက်စရာမလိုပဲကျန်းကျန်းမာမာနေနိုင်မှာလည်း "

"Taehyung ရဲ့အခြေအနေကိုပဲပြောရမယ်ဆိုရင် နှလုံးအစားထိုးကုသရင် သက်သာနိုင်တယ် ဒါတောင် 50/50 ပဲ "

ဆရာဝန်အနားကထွက်သွားချိန်မှာ ကုတင်ပေါ်မှာမေ့မျောနေတဲ့ ကောင်လေးရဲ့မျက်နှာလေးကို အဝေးကလှမ်းကြည့်နေမိတော့သည်..

ဆရာဝန်လှမ်းဖုန်းဆက်လိုက်လို့ အသဲအသန်ရောက်လို့လာ​တဲ့ ဥက္ကဌကြီး သားဖြစ်သူအိမ်ကထွက်သွားထဲက ဒီလိုအခြေအနေတနေ အနှေးနဲ့အမြန်ဖြစ်လာမယ်ဆိုတဲ့သိနေပေမယ့် အချိန်တလသာကြာသွားတယ် ဖြစ်မလာတော့ သူ့ဘာသာသူတောင် အံ့သြနေချိန်မှာ ဖုန်းဝင်လာတာကြောင့် လုပ်နေတဲ့အစည်း အဝေးတောင်ပြစ်လို့ထားကာအပြေးရောက်လို့လာသည်..

နှစ်ရက်လောက်ကြာမှသာ သတိရလို့လာတဲ့ Tae..သားဖြစ်သူကို မနိုင်သလို သားဖြစ်သူက သူမှသူဖြစ်နေတာကြောင့် သားဖြစ်သူကို ကလဲ့စားခြေဖို့သက်သက် အသုံးချနေမှန်းသိနေတာတောင် Jungkook ကို အခန်းထဲသို့ဝင်ခွင့်ပေးလိုက်တဲ့ ဥက္ကဌကြီး.Jungkook ဟာ Tae ရဲ့နားရောက်လာပြီး လက်ကလေးကိုင်ကာ တောင်းပန်ဖို့လုပ်သည်..

" Tae ငါလေ အဲ့နေ့က "

Tae ရဲ့ လက်ကိုဆွဲကာအဲ့နေ့က ကိစ္စကို တောင်းပန်ဖို့ကြိုးစားနေတဲ့ Jungkook..Tae ဟာ Jungkook ရဲ့ လက်ကိုတွန်းဖယ်လိုက်ကာ Jungkook ကို မျက်နှာလွဲလိုက်ပြီး

" အခန်းထဲက ထွက်သွားပေးပါ Jeon Jungkook shi "

" Tae "

" အပါး သားနားချင်သေးတယ် "

Tae pov.. Tae ကြောင့်ပါ အားလုံးက Tae ကြောင့် Tae သာမရှိခဲ့ရင် Tae သာ omma ဘဝထဲ ဝင်မလာခဲ့ရင် omma လည်းသေမှာမဟုတ်ဘူး Tae သာ မရှိခဲ့ရင် appa လည်းကားကိုအလောတကြီးမောင်းခိုင်းစရာမလိုသလို ခင်များ မိဘတွေလည်း သေစရာမလိုဘူး Tae သာ ညီမလေးနဲ့မတွေ့ခဲ့ရင် Tae မရှိခဲ့ရင် အားလုံးကပျော်ရွှင်ရမှာနော် အားလုံး Tae ကြောင့် အားလုံးဟာ Tae ကြောင့်ပါ Jungkook..Tae ဆက်ပြီးအသက်မရှင်ချင်တော့ဘူး..

Tae ရဲ့တောင်းဆိုမှုကြောင့် Jungkook အခန်းပြင်ထွက်လာခဲ့လိုက်သည်..သူ့အခန်းရှေ့ရောက်တော့ အခန်းထဲသို့ ဝင်လို့သွားတဲ့ ဆရာဝန်များ..

"Doctor ကျွန်တော်ကို နှလုံးအလှူရှင်ရှိတယ်ဆို "

"ဟုတ်ပါတယ် အလှူရှင်လေးစီက စာလေးပါပါတယ် သိပ်ချစ်ဖို့ကောင်းတဲ့အလှူရှင်လေးပါ

*ပင်လယ်ပြင်ကြီးကို မြင်တွေ့ခွင့်ပေးခဲ့တဲ့ ကိုကိုTae အတွက် Junghee လေးရဲ့လက်ဆောင်တဲ့ * "

"ဟင့် ဟင့် ကျွန်တော်လက်ခံလိုက်ရင် Junghee Junghee ကသေပေးရမှာပေါ့ !!!"

"ပြောရမှာစိတ်မကောင်းပေမယ့် တဖက်ကလူနာက Kim Taehyung နှလုံးလက်ခံဖို့ အသက်ကိုဆေးနဲ့ကယ်ထားရတာပါ "

" ဟင့် ဟင့် ကျွန်တော် ကျွန်တော်လက်မခံနိုင်ဘူး ဒေါက်တာ ဟင့် "

" သား Taehyung "

" ဟင့်အင်း အပါး သား Jungkook အပေါ်အဲ့လောက်ထိမရက်စက်နိုင်ဘူး ဟင့် "

ဆရာဝန်တွေပြန်ထွက်လာချိန်မှာ Jungkook ဟာ ထိုဆရာဝန်တွေကို Tae ရဲ့အခြေအနေကိုမေးကြည့်လိုက်သည်..

" ဒေါက်တာ Tae ကဘာပြောလည်း "

"လူနာက ခွဲစိတ်ဖို့လက်မခံဘူးတဲ့ "

ဆရာဝန်ရဲ့စကားကြားပြီးတာနဲ့ Jungkook ဟာ ချက်ချင်းပဲ အခန်းထဲပြန်ဝင်သွားပြီး ထက်မှန်တောင်းပန်နေပြန်သော်လည်း Tae ကလုံးဝလက်မခံ..

"Tae ခွဲစိတ်မှုကိုလက်ခံပေးပါကွာ ငါတောင်းဆိုပါတယ် "

Tae ရဲ့ကုတင်ပေါ်ကနေဆင်းကာ စိတ်ပြေလက်ပျောက် လေညှင်းခံဖို့အပြင်ထွက်ဖို့ အလုပ် Jungkook ရောက်လို့လာပြီး သူရဲ့ရှေ့ဒူး​ထောက်ချလိုက်ပြီး သူ့ကိုမော့ကြည့်ကာတောင်းဆိုလာသည်..ဒါကို Tae ဟာ လစ်လျူရှုလိုက်ပြီး သူ့ဘေးကထွက်သွားဖို့လုပ်တော့ Tae ရဲ့လက်ကလေးကို လှမ်းကိုင်လိုက်ကာ..

" ငါ ချစ်ရတဲ့မိသားစုကိုလည်း ဆုံရှုံးရပြီးပြီ Tae.. ငါချစ်တဲ့ မင်းကိုတော့ ငါအဆုံးအရှုံးမခံနိုင်တော့ဘူး ကျေးဇူးပြုပြီး မင်း ငါ့ကိုမချစ်တော့ဘူးဆိုရင်တောင် ဒီတခုလေးတော့ ငါ့အတွက်လိုက်လျောပေးပါလို့ တောင်းဆိုချင်တယ် Tae "

"ခင်များ Tae ကို သနားပြီးပြန်ချစ်လာတာမျိုး မလိုချင်ဘူး ထွက်သွား ကျွန်တော်နားကထွက်သွား "

Tae pov..နာကျည်းပါ Tae ကို ပိုဆိုးပက်ဆက် နာကျည်းလိုက်ပါတော့ Jungkook..မလိမ်ပါနဲ့တော့ Tae ကိုချစ်ပါတယ်လို့ မလိမ်ပါနဲ့တော့.ဒီကြားထဲ ကျွန်တော်ကို ချစ်ဟန်ဆောင်နေခဲ့တာ..ခင်များကျွန်တော် ကို တစက်ကလေးမှ မချစ်ပါဘူးဗျာ...

Tae ဟာ Jungkook ဆွဲထားတဲ့ လက်ကိုဖြုတ်ကာ အခန်းထဲကထွက်လာခဲ့တော့သည်..

" Tae ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး "

BlackroseTK 93
Taekookforever 🐰🐯

မုန်တိုင်းမဟုတ်ရပါဘူးကွယ် တိတ်ဆိတ်လှတဲ့ညအခါမှာ အေးဆက်​ဆက် လေပြေလေညှင်းလေးက နှလုံးသားတည့်တည့် တိုက်ခက်သွားယုံသက်သက်လေးပါ ဒါပေမယ့် နှလုံးသားလေးတော့ နာကျင်ရတာပေါ့ကွယ်..

ကဲ Goodnight ပါ ကျမတကယ်အိပ်ပါပြီ 😭

zawgyi


" သူနာပြုမင် ညီမလေးက "






" ကိုကို "

" ကလေးလေ "























"ဗျာ "


" ကျွန်တော်အိမ်မှာပါ "





" တလ "












" Tae ငါလေ အဲ့နေ့က "



" Tae "










" သား Taehyung "













BlackroseTK 93
Taekookforever 🐰🐯



Continue Reading

You'll Also Like

1.1M 44.1K 51
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
189K 2.3K 31
"You ain't leaving until you suck my cock Y/n." he said with deep voice holding her hair tightly... ~๐’”๐’†๐’™ ๐’”๐’„๐’†๐’๐’†๐’” ~๐’”๐’Ž๐’–๐’• ๐’˜๐’‚๐’“๐’๐’Š๐’๐’ˆ ~๐’†...
904K 41.4K 175
๐’Š๐’ ๐’˜๐’‰๐’Š๐’„๐’‰ the boy who lived falls for the girl who had no one
604K 36.8K 101
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...