ဝယ်ပေးထားတဲ့ အကျီလေးကို ဝတ်ကာ အခန်းထဲ မှန်ကြည့်လို့မဝသေးတဲ့ Tae.. ရှေ့ကိုကြည့်လိုက်နောက်ကိုကြည့်လိုက် တကိုယ်လုံးချာလပက်လည်ကာကြည့်လို့နေတာ သူ့မှာသဘောကျလို့မဆုံး..
" Tae ရေမြန်မြန်လုပ်ကွာ "
" ပြီးပါပြီ ကို ကလည်း ကို Tae ကို ကြည့်ပေးလှလားလို့ "
"လှတာပေါ့ အရမ်းလှတယ်.. နေပါအုံးဘာလို့အနွေးထည်မဝတ်တာလည်း သွားမှာက ကမ်းစပ်နားကိုသွားမှာ "
"ဟင့်အင်း အနွေးထည်ဝတ်ရင် အကျီမပေါ်တော့ဘူးလေ "
" မရဘူး သွားဝတ် "
" ဟင့်အင်း "
" Tae! !!!"
" ဟင့် ကို ကလည်း ဝတ်မယ်ဝတ်မယ် "
ဆူအောင့်အောင့်နဲ့ အခန်းထဲ ပြန်ဝင်သွားကာ အနွေးထည်လေးဝတ်လို့ပြန်ထွက်လာတဲ့ Tae..
" ရပြီလား "
" အင်း လိမ်မာတယ် "
" ဓာတ်ပုံတူတူရိုက်ရင် ခဏတော့ချွတ်လို့ရတယ်မဟုတ်လား ကို "
" ရတယ် "
" ဟီးဟီး ပြီးရော "
စက်ဘီးလေးနင်းကာ ပဲပန်းခင်းကြီးစီထွက်လာခဲ့ကြသည်..အဝါရောင်ပန်းခင်းကြီးက အတော်လေးကို လှလို့နေသည်.
ပန်းခင်းကြီးထဲ ပြေးလွှားဆော့ကစားနေတဲ့ Tae..Jungkook ဟာ Tae ရဲ့ ဖုန်းလေးနဲ့ ဓာတ်ပုံလေးတွေရိုက်ပေးနေတော့ သူဝယ်ပေးထားတဲ့ အကျီလေးမပေါ်မှာဆိုလို့ အနွေးထည်ကို ချွတ်ရတာလည်း Tae မှာအမော..
ဓာတ်ပုံရိုက်ပေးရင်း အမှတ်တမဲ့ထိလိုက်မိတဲ့ mess icon လေး ပေါ်လာတဲ့ အဖေဖြစ်သူနဲ့ပြောထားတဲ့ mess လေးတွေ ထိုထဲကမှ Jungkook သေချာဖတ်လိုက်မိတဲ့ Mess လေး...
* သားဘယ်မှာရှိနေလည်းဆိုတာ အပါးသိမှာပါ ဒါကြောင့် သားကိုပြန်လာဖို့မပြောပဲနဲ့ သား နောက်ဆုံးချိန်ထိ သားချစ်တဲ့ သူနားမှာနေသွားချင်တယ်အပါး သူက သားကိုမချစ်ဘူးဆိုရင်တောင်မှပေါ့ *
ထိုmess လေးကို ဖတ်မိရင်း Jungkook.. Tae ကိုလှမ်းကြည့်လိုက်မိသည်.ပန်းခင်းထဲ ပြုံးပျော်စွာပြေးလွှားနေတဲ့ ထိုကောင်လေးကိုသူသနားလည်းသနားသလို သူချစ်လည်းချစ်သည်..