35

5.5K 304 29
                                    

နှစ်ရက်ဆက်တိုက်အိမ်ပြန်နောက်ကျသလို ဘာမကြောင်းပြချက်မှလည်းမပေးတဲ့ Jungkook..
Tae ဘက်ကလည်း ဘာအကြောင်းပြချက်မှမမေးတော့ပဲ သူသိတာအမှန်တရားလို့သာနေနေသည်.

နှစ်ရက်တာ အချိန်ကာလလေးအတွင်းမှာ သူတို့နှစ်ယောက်ရဲ့အခြေအနေက ဝေးကွာလို့နေ သည်..ဒါကိုနှစ်ယောက်စလုံးသိနေသော်လည်း တယောက်ကလည်းအကြောင်းပြချက်ပေးဖော်မရ..တယောက်ကလည်း အကြောင်းပြချက်မ ပေးတာကို အရင်လိုပြသာနာမရှာ...ထိုသို့နေနေခြင်းက အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်တော့မယ်ဆိုတာကြိုသိခဲ့ရင်ပေါ့...

so "အိုးးး လှလိုက်တာ ကျေးဇူးအများကြီးတင်ပါတယ် သူငယ်ချင်းတို့ရာ ငါ့မောင်တော့ပျော်နေတော့မှာပဲ "

1 " ရားး soyoung နောက်ကားတောင်ကျော်တက်သွားပြီ နင်ကရော "

so " ငါလား Jungkook လိုအပူမရှာချင်သေးလို့ဟ "

Jk " ဟာ ငါ့ကဘာကိုပူနေလို့လည်း အေးတာမှအေးနေတာပဲ "

2 " Jungkook မင်းအမျိုးသားလေးက မင်းကိုတော်တော်ချစ်တာလို့ကြားတယ်နော် "

Jk " ခုငါကပိုချစ်​နေရတာကွ "

so " Jungkook မအားတဲ့ကြားထဲက လာကူညီတာကျေးဇူးပါသူငယ်ချင်းရာ ငါ့မောင်မဂ်လာပွဲကျရင်နင့်အမျိုးသားလေးပါခေါ်ခဲ့အုံး ငါတို့နဲ့မိတ်ဆက်ပေးလေဟာ "

" အေးပါ မိတ်ဆက်ပေးပါ့မယ် "

သူ့အားဖက်ကာကျေးဇူးတင်လာတဲ့ soyoung ကို သူ လဲပြန်ဖက်ကာ ပုခုံးပုတ်ပေးလိုက်သည်..ဒါကိုအနောက်ကရောက်လာတဲ့ Tae ဟာ တမျိုးထင်လို့သွားသည်..

"တောက်! Jeon Jungkook!!!!"

တောက်ခေါက်သံနဲ့အတူ စူးစူးဝါးဝါးအော်သံကြောင့် လှည့်ကြည့်တော့ သူ နဲ့ soyoung အား ဒေါသမျက်လုံးတွေပြည့်နေတဲ့ အကြည့်တို့နဲ့ကြည့်နေတဲ့ Tae..

"ဘာ ချစ်သူဖြစ်တာ တနှစ်ပြည့်ဟုတ်လား ဟမ်.. ကျွန်တော် ကိုလက်ထပ်ထားတာကရော ဘာလည်း ညတိုင်းအကြောင်းမျိုးစုံပြကာ အိမ်ပြန်နောက်ကျတာ ဒါတွေပြင်ဆင်နေလို့လားပြော Jeon Jungkook!!! "

ခွမ်းးး

အနားမှာရှိတဲ့စားပွဲပေါ်တင်လို့ထားတဲ့ ဖန်ခွက်တွေကို လက်နဲ့တိုက်ချလိုက်တဲ့ Tae ကြောင့် အခန်းတခုလုံးဖန်ကွဲစတွေပြန်ကျဲသွားပြီး Tae ရဲ့ ခြေထောက်မှာလည်း ဖန်ကွဲစစင်လို့ ထိမိသွားတဲ့ ရှရာလေးက သွေးတို့စီးကျလာသလို အော်ဟစ်ငိုကြွေးကာ ခုန်တွေပါတွန်းလှဲကာသောင်းကျန်းနေတဲ့ Tae ကို Jungkook ဘာလုပ်ရမလည်းမသိတော့..

Vody (complete) Tahanan ng mga kuwento. Tumuklas ngayon