ချစ်သူ့လက်နဲ့ရေးတဲ့ ကျွန်တော်...

By Kattamkaung

291K 27.2K 2.1K

ကျွန်တော် ဝေါဟာရမကြွယ်ဝပါ။ ဒါကြောင့် အချစ်ကဗျာရေးတဲ့အခါ မည်သို့မည်ပုံရေးရမည်ကို သေချာမသိပါ။ သို့သော် ကဗျာတစ်ပ... More

ဒေါက်တာနိုင်ဝေနှင့် ပြန်လည်တွေ့ဆုံခြင်း
အပိုင်း - ၁
အပိုင်း-၂
အပိုင်း-၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း -၆
အပိုင်း - ၇
အပိုင်း-၈
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း-၁၁
အပိုင်း - ၁၂
အပိုင်း-၁၃
အပိုင်း-၁၄
အပိုင်း-၁၅
အပိုင်း-၁၆
အပိုင်း-၁၇
အပိုင်း-၁၈
အပိုင်း-၁၉
အပိုင်း-၂၀
အပိုင်း-၂၁
အပိုင်း-၂၂
အပိုင်း-၂၃
အပိုင်း-၂၄
အပိုင်း-၂၅
အပိုင်း-၂၆
အပိုင်း-၂၇
အပိုင်း-၂၈
အပိုင်း-၂၉
အပိုင်း-၃၁
အပိုင်း-၃၂
အပိုင်း-၃၃
အပိုင်း-၃၄
အပိုင်း-၃၅
အပိုင်း-၃၆
Final Chapter

အပိုင်း-၃၀

6.8K 702 59
By Kattamkaung

Unicode

တီ!!!!

ကျယ်လောင်လွန်းသည့် ဟွန်းသံကြောင့် နိုင်ဝေအိပ်ရာပေါ်မှထလိုက်သည်။ ကုန်းတစ်လျှောက် တီးလာပုံရသည့် အသံက ပိုနီးလေ ပိုပြီးရင်းနှီးသလိုလိုဖြစ်လာ၏။အိမ်ရှေ့သို့ထိုးရပ်သွားသည့်အခါ နိုင်ဝေသေချာသွားသည်မို့ စောင်ကိုပစ်ချကာ အိမ်ရှေ့တံခါးဆီအမြန်လှမ်းသွားလိုက်သည်။

"ဒေါက်တာ ဒေါက်တာ!!"

အော်သံက ကျယ်သည်။တစ်ဆက်ထဲမှာပဲ ခြံတံခါးကို ပြင်းပြင်းထန်ထန်ထုသံတစ်ချို့ ထွက်လာ၏။

"ဒေါက်တာမိုးမြင့်နိုင်ဝေ !!"

အိမ်တံခါးဖွင့်အပြီး စူးခနဲဝင်ရောက်လာသည့်အသံ။ လမ်းမီးတိုင်အောက်က ကားအနီလေးကိုမြင်လိုက်ရတာနှင့် ခြံတံခါးဆီနိုင်ဝေပြေးဆင်းလိုက်မိသည်။

"ဘာဖြစ်လာကြတာလဲ"

ရှင်းနောင်က တံခါးကိုကူဖွင့်ရင် တုန်ယင်နေသည်။ နောက်မှာတော့ အဲရစ်က အံကိုတင်းတင်းကြိတ်ကာ ဒေါသထွက်နေဟန်တူ၏။ လက်မှာသွေးတွေပေနေတာလည်းတွေ့ရသည်။ကလေးကရော နိုင်ဝေ့ရင်ဘတ်တစ်ခုလုံး ဗလောင်ဆူပွက်လာပြီ။

"ကလေး..."

"Williamဆေးမိထားတယ်"

မိုးကြိုးပေါင်းထောင်နဲ့ချီပစ်ချခံလိုက်ရသည့်နှယ် ခေါင်းနပန်းကြီးသွား၏။ကလေးက ဆေးမိလာတယ်။ရှေ့ကလူနှစ်ယောက်ကို တိုက်ကာ ကားအနီလေးထံ ခြေလှမ်းလိုက်သည်။နောက်ခန်းတံခါးကိုဆွဲဖွင့်တော့ ခုံပေါ်မှာခွေခွေလေးဖြစ်နေတဲ့ ကိုယ်လုံးကလေး။ နိုင်ဝေ့နှလုံးသားတစ်ခုလုံး ဖြုတ်ချခံလိုက်ရသလိုပင်။

"ဦး ဦးလေး ဟင်း"

ဖရိုဖရဲဖြစ်နေသည့်ပုံစံ၊ ရီဝေနေသော မျက်ဝန်းအစုံနှင့် ခေါင်းထောင်ကြည့်လာသည့် ကောင်လေးကသူ့ကိုမြင်တာနှင့် ညည်းညူရှာသည်။ အသံက တိုးတိုးလေး။ သို့သော် ကောင်လေးလုပ်လိုက်သည့် အပြုမူနောက်မှာ နိုင်ဝေ့ခေါင်းထဲ ပွက်လောရိုက်သွားသည်။

သူ့ပေါင်ခြံသူဆွဲဖဲ့ရင်း ထိန်းချုပ်ရခက်နေသည့်ပုံ...။တံခါးကိုကျောနှင့်ပိတ်ကာ ဘယ်သူမှမမြင်စေရန် အမြန်ကာလိုက်ရသည်။ ကောင်လေးမိထားတာ ရိုးရိုးဆေးမဟုတ်တော့။

"အဲရစ်... ‌ကုန်းအောက်က ဆေးရုံကိုမောင်းမယ်"

ကောင်လေးဘေးဝင်ထိုင်ရန်ပြင်ပေမဲ့ နောက်မှဆွဲဆောင့်တာခံလိုက်ရသည်။ အဲရစ်က သိမ်းငှက်တစ်ကောင်ကို စူးစိုက်ကြည့်ရင်း ခေါင်းကိုယမ်းပြ၏။နိုင်ဝေနားမလည်နိုင်။ ရှင်းနောင်က ပျက်ယွင်းနေသော မျက်နှာကို ငုံ့လျက် "ဆေးရုံသွားရင် သူ တရားရင်ဆိုင်ရလိမ့်မယ် ဒေါက်တာ" ဟုဆိုလာသည်။

"စောက်ရူးတစ်ကောင်က သူ့ကိုဆေးခပ်လိုက်တာ။ ကံကောင်းလို့ ထုတ်လာနိုင်ပေမဲ့ သူထောင်ထဲဝင်ရလို့မဖြစ်ဘူး။ အကုန်သဲထဲရေသွန်ဖြစ်နေမှာ"

အလုပ်တွေများလို့ဆိုကာ ပြန်သွားတဲ့ကလေးက ဘာကြောင့်များ ဆေးခပ်ခံရတဲ့အထိ....။

"အင်းဟင့်.. ဟင်း ပူ ပူတယ်"

ညည်းသံထွက်လာသည့်အခါ ခေါင်းကို ကားထဲသို့ပြန်ငုံ့လိုက်ရသည်။ မီးရောက်မှိန်မှိန်အောက်မှာ မြင်ရသည့် မျက်နှာပေါ်က အညိုမဲကွက်တွေက ရစရာမရှိ။

"ခင်ဗျားကယ်မှာလား သူ့ကိုထောင်ထဲပို့မလား"

"သူ သူမတရားခံရတာပဲကို" နိုင်ဝေ့အသံတွေတုန်နေသည်။ သူ ဘယ်လိုလုပ်ပြီး ဒီလိုကလေးလေးကို ...တွေးကြည့်ရုံနဲ့တောင် အသည်းတစ်ခုလုံးနာ၏။

"တောက်!! စောက်ချိန်တွေကုန်တယ်ကွာ"

"အဲရစ် မင်း စိတ်ကိုလျှော့ဦး!!"

အဲရစ်က အော်ဟစ်ကာ ကားတာယာကို ဆောင့်ကန်သည်။ ရှင်းနောင်က ထိုသောင်းကျန်နေသူကိုထိန်းရင်း အာရုံများနေဟန်တူသည့် ဒေါက်တာ့ကိုလည်းနားချဖို့လုပ်ရ၏။ဒီတိုင်းသွားလို့တော့မဖြစ်။ ကားထဲကလူက ကားပေါ်မှာ သူ့ကိုယ်သူတော်တော်လေးထိန်းလာရရှာသည်မို့လား။ သူ့ ရည်းစားကိုမြင်မှ ငိုယိုပြီးအော်ညည်းနေတာမို့ ဘေးက ရှင်းနောင်ပင် သနားလာသည်။

"ဒေါ်သက်သင်းခိုင်တို့ စနက်မို့ပါ ဒေါက်တာ။ ဒီနယ်တစ်ဝိုက်မှာ သူ့လူကိုယ့်လူရယ်လို့ ကျွန်တော်တို့ခွဲနိုင်ပါဦးမလား။ တစ်ခုခုဆို သူ ကြိုးစားခဲ့ရသမျှ အကုန်ရေစုန်မြောသွားမှာမို့ပါ"

နှုတ်ခမ်းကို ပြတ်ထွက်မတတ်ကိုက်ရင်း လက်သီးတို့ကို တင်းတင်းဆုပ်ထားမိသည့်နိုင်ဝေ။ သူ့သက်တမ်းတစ်လျှောက်လုံးမှာ မဖြစ်သင့်တာတွေမဖြစ်အောင် ကြိုးစားနေခဲ့သလောက် မဖြစ်ချင်ဆုံးတွေပဲဖြစ်ရသည်။

"အဲ့ဒါလွယ်တယ်လို့ မင်းတို့ထင်နေလား!"

‌နိုင်ဝေ့အော်သံက မကျယ်ပေမယ့် ဒေါသအပြည့်။ သူ့ဝမ်းတွင်းက မီးစတွေကြောင့် တစ်ကိုယ်လုံးပူလောင်ကာ ရဲတွတ်နေသည်။ ဂရုဏာဒေါသနှင့်အတူ ယူကျုံးမရခြင်းတွေ၏ ဝါးမြိုမှုကြားမှာ စုန်းစုန်းမြုပ်တော့မလိုပင်။

"ဘာရောဂါ ညာရောဂါ...နောက်ပိုင်း စိတ်ပိုင်းဆိုင်ရာထိခိုက်တာကအစ..."

"Fu*k!!ခင်ဗျား ကျုပ်သူငယ်ချင်းကို ဘာအတန်းစားမှတ်နေတာလဲ!!! "

ထိုးမည်တကဲကဲလုပ်သူကို ရှင်းနောင်ကဝင်ထိန်းသည်။

"ကိုယ်ဘာကိုမှမကြောက်ဘူး။ သူ နာကျင်မှာကိုပဲ..."

ဒေါက်တာ့ပုံစံက ချိတုံချတုံနှင့် အရူးတစ်ယောက်အလား။ ရှင်းနောင် တစ်ခါမှမမြင်ဖူးသည့် ကြောက်ရွံ့နေပုံကိုကြည့်ရင်း ဒေါက်တာ့ဆိုလိုရင်းကိုနားလည်လာသည်။ ယောက်ျားနှစ်ယောက် အတူနေလိုက်ဖို့ဆိုတာ အဲရစ်အတွက်လွယ်ချင်လွယ်နိုင်ပေမဲ့ ဒေါက်တာနဲ့ Williamအတွက် ရိုးရှင်းမနေတာလည်းဖြစ်နိုင်သည်။

"သူ သူကားပေါ်မှာ ဒေါက်တာ့နာမည်ကိုပဲခေါ်နေခဲ့တာပါ"

ရှင်းနောင်စကားဆုံးတော့ ဒေါက်တာကမျက်ရည်ကျသည်။ ထို့နောက် တစ်ခုခုကို  ဆုံးဖြတ်ချက်ချလိုက်သလိုမျိုး သက်ပြင်းကိုရှိုက်ကာ ကားထဲသို့ဝင်ပြီး Williamကိုဆွဲထုတ်၏။ ရဲတွတ်နေသော မျက်မှာထက်မှာ ဒဏ်ရာတွေက ထင်းလျက်။ ဒေါက်တာရင်ခွင်ထဲရောက်တာနှင့် တအီအီထွက်လာသော ငိုသံတွေကြောင့် ရှင်းနောင်ပါငိုချင်လာသည်။ အပြောဆိုးတယ်ထင်ခဲ့ပေမယ့် ငယ်ငယ်လေးနဲ့ ဝန်ထမ်းတွေအပေါ်အများကြီး စဉ်းစားပေးခဲ့တာ ရှင်းနောင်အသိဆုံး။ ဒီလိုလူက မတော်တရားခံရတော့မလိုဖြစ်သွားသည်ဆိုသောအသိမှာ မကာကွယ်နိုင်ခဲ့သည့် ကိုယ့်ကိုယ်ကိုယ်လည်းအပြစ်ရှိသလိုခံစားရသည်။

"ရှင်းနောင် ကျွန်တော်ဝယ်ခိုင်းထားတဲ့အထုတ်ရော"

ခြံတဲ့ဝင်မည့်သူနှစ်ဦးကိုကူညီရင်း အဲရစ်က သူ့ကိုလှမ်းအော်သည်။ ရှင်းနောင် ကားရှေ့ခန်းကိုဝင်ကာ စောစောက ၂၄နာရီဆိုင်တစ်ခုမှာ ဝယ်လာသည့် ကြွပ်ကြွပ်အိတ်အနက်ထုတ်လေးကို ဆွဲယူလိုက်၏။

"ဒီမှာ..."

"ခြံတံခါးကို ကျွန်တော်တို့ပိတ်လိုက်မှာမို့ အိမ်ထဲကိုဝင်တော့ ရော့"

လက်ထဲက အထုတ်ကို ပစ်ပေးပြီးတာနှင့် အဲရစ်က တံခါးကိုဆွဲပိတ်သည်။ ဒေါက်တာက သူတို့နှစ်ဦးကိုတစ်ချက်ပင်လှည့်မကြည့်တော့။ သူ့ရင်ခွင်ထဲကသူကို တယုတယပိုက်ရင်း အိမ်ထဲသို့ဝင်သွားသည်။ တံခါးပိတ်သွားတော့ပါမှ ရှင်းနောင် သက်ပြင်းမောကိုချမိ၏။ သူ့ခေါင်းထဲမှာ ဗလာသပ်သပ်ဖြစ်သွားသလို ခံစားနေရသည်။

ဘေးကိုကြည့်တော့ အဲရစ်က စက္ကူပန်းရုံကြီးကိုငေးနေ၏။ ပြေလျော့ကျသွားသည့် လက်ဖမိုးထက်မှာ သွေးစတွေစွန်းထင်နေကာ မျက်ဝန်းတွေက အသက်မဲ့နေသလိုပင်။

"ကိုယ့်သားသမီးကို သူများလက်ထဲ ထည့်ပေးလိုက်ရတာ ဒီလိုမျိုးထင်တယ်"

"ဘာလို့ မယူခဲ့တာလည်း အဲ့ဒီအခွင့်အရေးကို..."

ရှင်းနောင်မေးတော့ အဲရစ်ကတန်းမဖြေ။ ကောက်ခွေနေသော ဆံပင်တွေကိုလှန်တင်ရင်း ဟက်ခနဲရယ်သည်။ အနီးဆုံးရှိနေခဲ့သူဖြစ်ပါလျက် သူများလက်ထဲထိ ထည့်ပေးနိုင်တဲ့ အဲရစ်ရဲ့မေတ္တာက လေးစားစရာကောင်းပေမဲ့ လိုက်ဖက်မနေ။ ငရှုပ်ဟုသိထားကသူက William ကိုတော့ လက်ဖျားနဲ့ထိဖို့တောင် မရဲနိုင်ခဲ့တာလား။

"ခေတ်နောက်ပြန်ဆွဲပြီး စိတ်ဝင်စားစရာမကောင်းတဲ့ အဲ့ဒီငတုံးရဲ့ အိပ်မက်က သူချစ်တဲ့သူနဲ့ပဲ လိင်ဆက်ဆံချင်တာတဲ့"

အဲရစ်စကားက ရယ်ရခက်ငိုရခက်နှင့်။ ရှင်းနောင် ပြောရမှာတွေပင်ပျောက်ကာ ထိုကောင်လေး၏ကျောပြင်ကျယ်ကို အသာပုတ်ပေးလိုက်ရသည်။

"အခွင့်အရေးက နှစ်ခါမရဘူး အစ်ကိုရှင်းနောင်။ သူငယ်ချင်းတစ်ယောက်နဲ့ တစ်သက်လုံး အတူရှိဖို့ဆိုတဲ့ အခွင့်ရေးက နှစ်ခါမရပါဘူး"

အဲရစ်အသံကခြောက်ကပ်လျက်။ ရူးကြောင်ကြောင်စိတ်ကူးတွေ ချရေးတတ်တဲ့ ငယ်ချစ်ရဲ့ ဒိုင်ယာရီကိုဖတ်မိပြီး ဖြည့်ဆည်းပေးချင်ခဲ့တဲ့ ကျိန်စာမိနေသည့် သူ့ဆန္ဒတွေကတော့ စိုပြေနေပါရဲ့လားလေ....။

ပွင့်လင်းလွန်းသော နားလည်ရခက်လွန်းသော လူကိုကြည့်ပြီး မောနေမိသူ ရှင်းနောင်မှာလည်း....။

............................................................

အနမ်းနုနုတစ်ချက် နှဖူးပေါ်ချွေချအပြီးမှာ ရူးသွပ်ဖွယ်ရာ မျက်ဝန်းအစုံနှင့် နိုင်ဝေရင်ဆိုင်ရသည်။ပြင်းထန်လှသည့် အသက်ရှူသံတွေဝန်းရံလျက် ကောင်လေးလက်တွေက ဖရိုဖရဲဖြစ်နေသော အင်္ကျီစများကို ဖိချေလို့နေ၏။ လှနိုင်လွန်းသည့် ပါးတစ်ဖက်မှာ ဒဏ်ရာညိုညိုကြီးက ထင်းလို့။

"ကလေးလေး အရမ်းနာနေတာလား"

ခပ်ယဲ့ယဲ့လေး ခေါင်းငြိမ့်ရှာသည်။ စွာနေဆိုးနေကျပုံရိပ်လေး ဘယ်ကိုများပြေးသွားသည်မသိ။ ခိုးကိုးရာမဲ့နေသည့် ကိုယ်လုံးငယ်ဟာ တဖြေးဖြေးနှင့် ကုတင်ထက်မှာ ဂနာမငြိမ်ဖြစ်လို့လာ၏။

"ဦး...လေး...သားကိုကယ်ပါ"

ပထမဆုံးအကြိမ်ဆုံခဲ့စဉ်က မျက်ဝန်းတွေကို ပြေးမြင်ယောင်သည်။ ဘာကိုမှမတွေးနိုင်အောင် ဆွဲပြေးခဲ့မိသည့် လက်တွေက ကြမ်းပြင်ပေါ်မှာ ဒူးထောက်ထိုင်နေသည့် နိုင်ဝေ့ပါးပြင်ကို အသာယာပွတ်သပ်လာ၏။

ပြင်းထန်နေမည့် ဆန္ဒတစ်ခုအတွက် တောင်းဆိုနေသည့်အကြည့်တွေကို ကြာကြာသီးမခံနိုင်။ဓမ္မာတာတိုင်းမဟုတ်သော ဒီပတ်သက်မှုအတွက် ကောင်လေးဝမ်းနည်းသွားမှာ နိုင်ဝေကြောက်သည်။ ဘယ်လောက်ပဲ ရဲတင်းခဲ့သည့်ကလေးဖြစ်ပါစေဦး တုန်လှုပ်ပြီး ကြောက်ရွံ့နေသည့် မျက်ဝန်းတွေကမလိမ်နိုင်။

လက်ဖဝါးတစ်ဖက်ဟာ ကောင်လေးနှင့် နိုင်ဝေ့ကြားကအမြင်လွှာကို စည်းခြားလိုက်သည်။ မျက်တောင်စိတ်စိတ်တွေ၏ ထိကပ်လာမှုကို လက်ဖဝါးကတဆင့်ပင် ခံစားလို့ရ၏။ ကလေးငယ်ခင်မျာလည်း စိတ်လှုပ်ရှားနေဟန်တူပါသည်။

"မျက်လုံးလေးကို မှိတ်ထားပြီး နံပါတ်တွေ ရေနေလိုက်နော်"

ပြောစကားနားထောင်သူ၏ ပါးစပ်ကလေးကဘလှုပ်စိလှုပ်စိနှင့်။ နိုင်ဝေ စိတ်ကိုတင်းကာ လက်တစ်ဖက်ဖြင့် ကောင်လေးအဝတ်အစားတွေကို ဖယ်လိုက်သည်။ရဲတွတ်ပူလောင်နေသည့် ကိုယ်လုံးငယ်၏ လှုပ်ရှားမှုကြောင့် နိုင်ဝေ့ကုတင် အယိုအယွင်းလေးမှာ ယိမ်းထိုးနေ၏။

"ဟင်း....ဟင်း"

မိမွေးတိုင်းဖမွေးတိုင်းဖြစ်နေသော ခြေတံတွေကို အသာပွတ်သပ်ပေးသည့်အခါ ကောင်လေးမျက်နှာထက်က နိုင်ဝေ့လက်ဝါးမှာ စိုစွတ်သွား၏။ ကောင်လေးက ငိုနေသည်။ ဘေးမှချထားသည့် အိတ်အတွင်းမှ Lubricant ဘူးကိုဆွဲထုတ်ကာ အဖုံးကိုသွားနှင့်ဖိကိုက်ပြီး လှည့်ဖွင့်လိုက်ရသည်။ပြီးတာနှင့် ပါးစပ်နှင့်ပဲဖိကာ လက်ပေါ်ညှစ်ချရ၏။

"အ...ဟ..အင်း"

နိုင်ဝေ့လက်တွေရဲ့ လှုပ်ရှားမှုတိုင်းမှာထွက်လာသည့် ညည်းညူသံတွေကြောင့် အံကိုတင်းတင်းကြိတ်ထားရ၏။ ‌တစက်စက်ကျနေသည့် ချွေးစတွေက ဖိချုပ်ကိုင်ထားမိသည့် ခြေသံသွယ်သွယ်တို့ထက်မှာ စွန်းထင်ကုန်သည်။ မျက်ဝန်းနုနုထက် အုပ်ကာပေးထားသည့် လက်ချောင်းတွေကိုဖိကိုင်ရင်း တစ်ခါတစ်ခါ ကောင်လေးကျောပြင်က အပေါ်သို့ကော့တက်လာ၏။

မျက်နှာကို လွှဲကာ နိုင်ဝေကိုယ့်လက်မောင်းကိုယ် ကိုက်ထားရပါသည်။ ပထမအကြိမ်ပြီးတော့ ကောင်လေးက ခဏငြိမ်ကျသွားသည်။ သို့သော် ခဏသာ။ ရင်ဘတ်တွေကို ပွတ်သပ်ကာ နိုင်ဝေ့နာမည်ကို အော်ညည်းပြန်သည်။

ဒီတစ်ကြိမ်တော့ သူ့မျက်နှာကို အအုပ်မခံ။ လက်တွေကို ဆွဲကိုင်ကာ သူ့ပါးစပ်တွင်းကို ငုံခဲထားသည်။ ခေါင်းအုံးအတွင်း နစ်ဝင်ကျသွားမတတ် မော့သွားသည့် မေးဖျားအား သတိလက်လွတ်စွာ နမ်းမိခြင်းမှာ နိုင်ဝေတစ်ချက်မှားသွား၏။ မလွတ်တမ်း ဖက်တွယ်လာသည့်  လက်တွေဟာ နိုင်ဝေ့မျက်နှာကိုချုပ်ကာ အနမ်းကြမ်းတွေကို စတင်တော့သည်။

တင်းကြပ်စွာ ဆုပ်ကိုင်ခံရသည့် ဆံပင်တွေက နာကျင်လွန်းပေမဲ့ နိုင်ဝေရုန်းမထွက်နိုင်။ ကောင်လေးကိုယ်ပေါ် မဖိမိအောင်ထိန်းရင်း ကိုက်ခဲနေသည့် နှုတ်ခမ်းလွှာတွေကို ပြန်လည်ဆွဲယူထားမိသည်။ ပွတ်သပ်တိုးဝှေ့လာသော လျှာ၏ရစ်ပတ်မှုမှာ နွံထဲကျသည့် သားကောင်အလား နစ်မြုပါသွား၏။

ထို့နောက် မေးရိုး၊ လည်ပင်းသွယ်သွယ်တွေဆီ ရစ်မူးမိသည့်အခါ ကောင်လေးလက်တွေက နိုင်ဝေ့ကျောပြင်ကို ကုပ်ခြစ်လာသည်။

"ဟင်း.... မိုး မြင့် နိုင်ဝေ ...Darling... "

ရဲရဲတင်းတင်းခေါ်လာသည့် အမည်နာမအောက်မှာ နိုင်ဝေဟာ ရူးသွားတော့မတတ်...။

ကုပ်ကပ်သွားသည့် ခြေချောင်းငယ်လေးတွေကို လက်တစ်ဖက်ဖြင့် ကိုင်ရင်း သူ့လက်ထဲက ကလေးလေး အလုံးစုံပြေလျော့စေရန် အားကုန်သုံးဖြစ်ခဲ့သည်....။

................................................................

"အ...အ"

"ဆောရီး ဆောရီး အရမ်းနာသွားသလား"

မျက်နှာကို ဆေးလိမ်းပေးရင်း ပြာယာခတ်သွားသည့်သူက လက်ထဲမှာ အနာဆေးထည့်သည့် တုတ်တစ်ဖက်နှင့်။ လက်တစ်ဖက်က သစ်မှူးမျက်နှာကို မထိတထိကိုင်ရင်း ဖင်တကြွကြွဖြစ်နေသည်။ ညိုမဲနေသော မျက်ကွင်းညိုတွေနှင့် ဦးလေးပုံစံက ဆေးမိထားတာ သစ်မှူးမဟုတ်ဘဲ သူဖြစ်နေသည့်အတိုင်း။ မနက်နိုးကတည်းက အရိပ်တကြည့်ကြည့် ဂရုစိုက်နေတာကြောင့် သစ်မှူးပင် နေရခက်ချင်လာသည်။

"မြူစွမ်လေးစားလိုက်ဦး မနက်က ရှင်းနောင်တို့လာချိတ်ပေးသွားတာ နေမှာ။ကိုယ်နွှေးပေးထားတယ်"

"သူတို့သိသွားမှာပေါ့"

"ဟင်"

"မနေ့ညက ဘာဖြစ်ခဲ့လဲဆိုတာ"

သစ်မှူးပြောတော့ ဦးလေးက မျက်နှာကိုငုံ့ထားကာ "ဆောရီး ကိုယ် ကိုယ် အဆုံးထိမသွားပါဘူး" ဟုဆိုလာပြန်သည်။ ဘာမှမှားမထားဘဲ ဘာတွေကို ဆက်တိုက်ဆောရီးနေလဲ နားမလည်နိုင်တော့။ ကြမ်းပြင်ပေါ်ထိုင်နေသူ၏ မေးကနေဆွဲမော့ကာ သစ်မှူးအကြည့်ချင်းဆုံလိုက်သည်။

"ကျွန်တော်က လိုအပ်နေခဲ့တာ။ ဦးလေးက တောင်းပန်စရာမလိုပါဘူး။ ‌ဆေးအရှိန်ဆိုရင်တောင် ဦးလေးမို့ အဆင်ပြေတယ်"

ယဲ့ယဲ့ပြုံးရှာပုံက သနားစရာ။ သစ်မှူး ဦးလေးလည်တိုင်ကို ခိုတွဲကာ တင်းကြပ်စွာဖက်လိုက်သည်။ ဒီယောက်ျားက ဘယ်လောက်တောင်မှ ခမ်းနားလိုက်သလဲ။ သစ်မှူးဆန္ဒမပါပဲ ကူညီနိုင်ဖို့ ဘယ်လောက်တောင်မှ ပင်ပန်းခဲ့လိမ့်မလဲ။

"အရမ်းကျေးဇူးတင်တာပဲ။ ကျွန်တော့ကို တန်ဖိုးထားပေးလို့"

"ကလေးကို ခုလိုလုပ်တဲ့သူက ဘယ်သူလဲ ကိုယ်သိလို့ရမလား"

သိုဝှက်ထားမည်လုပ်ပေမဲ့ ဒီထက်ပိုပြီး ဖုံးကွယ်မထားသင့်တော့ဟု သစ်မှူးထင်သည်။ ထိုလူရဲ့ ယုတ်မာမှုက ဦးလေးဆီပါ ရောက်မလာဘူးမပြောနိုင်။ သစ်မှူးဘက်က ရတဲ့နည်းနဲ့ရှင်းထုတ်မည်ဆိုပေမဲ့လည်း ဒီကြားထဲမှာ ဦးလေးကိုတစ်ခုခုလုပ်မှာစိုးရသည်။

"မဟော်အဖွဲ့အစည်းကို ဦးလေးသိလား"

တောင်းတင်းသွားသော ခန္ဓာကိုယ်၊ ဦးလေးက သစ်မှူးပုခုံးကနေ  ဆုပ်ကိုင်ကာ အံ့ဩစွာကြည့်လာသည်။

"ကလေးက ဘယ်လိုသိတာလဲ သူတို့ကို"

"စိုးမဟော်က Htoo Kalawမှာရောက်နေတယ်။ ကျွန်တော်တို့ အကြောင်းကိုလည်း သိနေတယ်"

မယုံကြည်နိုင်မှုတွေ ပြည့်နှက်သွားသည့် ဦးလေးမျက်နှာက ဆိုးရွားစွာပျက်ယွင်းသွား၏။ တင်းမာလာသည့် မေးရိုးကြီးတွေက ထောင်ကားလာကာ၊ မျက်လုံးတွေထဲမှာ မီးဝင်းဝင်းတောက်မတတ်။

"ကိုယ် ကိုယ့်ကို လက်စားချေဖို့ ခုလိုလုပ်တာလား"

ဦးလေး ဒီလောက်စိတ်တိုနေတာ သစ်မှူးမတွေ့ဖူးပါ။ မကောင်းဆိုးဝါးတစ်ကောင် ဝင်ကပ်လိုက်သလို ပြောင်းလဲသွားသော ဦးလေးပုံစံကြောင့် ပြောမိတာမှားပြီလားဟုပင် ထင်မိလာသည်။

"အ...!"

‌ပုခုံးကို ဖိညှစ်မှုတွေကြမ်းတဲ့လာတော့ သစ်မှူးနာလွန်းရဲ့အော်လိုက်ရသည်။

"ဟာ...ဆော ဆောရီး တောက်!! ဆောရီးပါကွာ"

ခေါင်းကနေအသာကိုင်ကာ ရင်ခွင်ထဲထည့်ထားပြန်သည့် ဦးလေးက လွတ်ထွက်သွားမှာ စိုးနေသည့်အလား။

"ဦးလေးကြောင့် မဟုတ်ပါဘူး။ ကျွန်တော်နဲ့လည်း ပြဿနာတက်ထားလို့"

ဗလုံးဗထွေးနှင့် သစ်မှူးပြောပေမယ့် ဦးလေးလက်တွေက လျော့မသွား။ ကျောပြင်ကနေ ပွေ့ထားရင်း  သစ်မှူးပုခုံးတွေကို ဖိဖိနမ်းနေပြန်သည်။ဒီဦးလေးကြီးက ဒါမျိုးရော လုပ်တတ်တာပါပဲလား။

မနေ့ညက ပူထူနေခဲ့သမျှ ဦးလေးဆီမှာဆိုသောအသိက သစ်မှူးကို စိတ်ချလုံခြုံစေခဲ့သည်။ ဦးလေးက လေပြေညှင်းလေးတစ်ခုလို သစ်မှူးမောပန်းမှုတွေအားလုံးကို အရည်ဖျော်ချနိုင်သည့် ဖြစ်တည်မှုလေးနှင့်တူ၏။ မူးယစ်စေနိုင်သည့် ဆေးဂုဏ်သတ္တိကြောင့် ဝိုးတဝါးပုံရိပ်တွေကြားက မှတ်ဉာဏ်တွေအားလုံးကို သတိမရနိုင်တော့ပေမဲ့ သစ်မှူးခံစားချက်တွေ ကောင်းနေခဲ့တာတော့ သေချာပါသည်။

'ရသမျှနည်းလမ်းနဲ့ ကာကွယ်ပေးမှာ။ ဦးလေးကို ဘယ်သူမှထိလို့မရအောင်'

ကိုယ့်ကိုယ်ကိုယ် ကတိပေးရင်း ဦးလေးကို ပိုတင်းကြပ်စွာဖက်တွယ်လိုက်သည်။ ဒီလူကို ဘယ်နည်းနဲ့မှ လက်လွှတ်ခံမည်မဟုတ်ပါ။ တစ်ချက်ထိရင် ဆယ်ဆပိုပြင်းတဲ့အင်အားမျိုးနဲ့ ကမ္ဘာသစ်မှူးက အားလုံးကို ခြေမွပစ်လိုက်မည်။

...................................................................

စာရေးသူ၏ အမှာစာ:

မနေ့က သင်တန်းရှိလို့ မတင်လိုက်ရတာပါ
ကတမ့် wallမှာတင်ထား‌ပေမယ့်
မမြင်လိုက်ဘဲ မျှော်နေတဲ့သူ‌တွေရှိသွားရင်
တကယ်အားနာပါတယ်နော်

ဒီအပိုင်းကတိုပေမဲ့ နောက်ထပ်တစ်ပိုင်းနဲ့ ချိတ်ရအဆင်မပြေလို့ ဒီမှာပဲ ရပ်ထားပါတယ်။

See you soon~
ဦးလေးတို့က နောက် လေးငါးပိုင်းဆို ပြီးပါပြီ

Zawgyi

တီ!!!!

က်ယ္ေလာင္လြန္းသည့္ ဟြန္းသံေၾကာင့္ နိုင္ေဝအိပ္ရာေပၚမွထလိုက္သည္။ ကုန္းတစ္ေလွ်ာက္ တီးလာပုံရသည့္ အသံက ပိုနီးေလ ပိုၿပီးရင္းႏွီးသလိုလိုျဖစ္လာ၏။အိမ္ေရွ႕သို႔ထိုးရပ္သြားသည့္အခါ နိုင္ေဝေသခ်ာသြားသည္မို႔ ေစာင္ကိုပစ္ခ်ကာ အိမ္ေရွ႕တံခါးဆီအျမန္လွမ္းသြားလိုက္သည္။

"ေဒါက္တာ ေဒါက္တာ!!"

ေအာ္သံက က်ယ္သည္။တစ္ဆက္ထဲမွာပဲ ၿခံတံခါးကို ျပင္းျပင္းထန္ထန္ထုသံတစ္ခ်ိဳ႕ ထြက္လာ၏။

"ေဒါက္တာမိုးျမင့္နိုင္ေဝ !!"

အိမ္တံခါးဖြင့္အၿပီး စူးခနဲဝင္ေရာက္လာသည့္အသံ။ လမ္းမီးတိုင္ေအာက္က ကားအနီေလးကိုျမင္လိုက္ရတာႏွင့္ ၿခံတံခါးဆီနိုင္ေဝေျပးဆင္းလိုက္မိသည္။

"ဘာျဖစ္လာၾကတာလဲ"

ရွင္းေနာင္က တံခါးကိုကူဖြင့္ရင္ တုန္ယင္ေနသည္။ ေနာက္မွာေတာ့ အဲရစ္က အံကိုတင္းတင္းႀကိတ္ကာ ေဒါသထြက္ေနဟန္တူ၏။ လက္မွာေသြးေတြေပေနတာလည္းေတြ႕ရသည္။ကေလးကေရာ နိုင္ေဝ့ရင္ဘတ္တစ္ခုလုံး ဗေလာင္ဆူပြက္လာၿပီ။

"ကေလး..."

"Williamေဆးမိထားတယ္"

မိုးႀကိဳးေပါင္းေထာင္နဲ႕ခ်ီပစ္ခ်ခံလိုက္ရသည့္ႏွယ္ ေခါင္းနပန္းႀကီးသြား၏။ကေလးက ေဆးမိလာတယ္။ေရွ႕ကလူႏွစ္ေယာက္ကို တိုက္ကာ ကားအနီေလးထံ ေျခလွမ္းလိုက္သည္။ေနာက္ခန္းတံခါးကိုဆြဲဖြင့္ေတာ့ ခုံေပၚမွာေခြေခြေလးျဖစ္ေနတဲ့ ကိုယ္လုံးကေလး။ နိုင္ေဝ့ႏွလုံးသားတစ္ခုလုံး ျဖဳတ္ခ်ခံလိုက္ရသလိုပင္။

"ဦး ဦးေလး ဟင္း"

ဖရိုဖရဲျဖစ္ေနသည့္ပုံစံ၊ ရီေဝေနေသာ မ်က္ဝန္းအစုံႏွင့္ ေခါင္းေထာင္ၾကည့္လာသည့္ ေကာင္ေလးကသူ႕ကိုျမင္တာႏွင့္ ညည္းၫူရွာသည္။ အသံက တိုးတိုးေလး။ သို႔ေသာ္ ေကာင္ေလးလုပ္လိုက္သည့္ အျပဳမူေနာက္မွာ နိုင္ေဝ့ေခါင္းထဲ ပြက္ေလာရိုက္သြားသည္။

သူ႕ေပါင္ၿခံသူဆြဲဖဲ့ရင္း ထိန္းခ်ဳပ္ရခက္ေနသည့္ပုံ...။တံခါးကိုေက်ာႏွင့္ပိတ္ကာ ဘယ္သူမွမျမင္ေစရန္ အျမန္ကာလိုက္ရသည္။ ေကာင္ေလးမိထားတာ ရိုးရိုးေဆးမဟုတ္ေတာ့။

"အဲရစ္... ‌ကုန္းေအာက္က ေဆး႐ုံကိုေမာင္းမယ္"

ေကာင္ေလးေဘးဝင္ထိုင္ရန္ျပင္ေပမဲ့ ေနာက္မွဆြဲေဆာင့္တာခံလိုက္ရသည္။ အဲရစ္က သိမ္းငွက္တစ္ေကာင္ကို စူးစိုက္ၾကည့္ရင္း ေခါင္းကိုယမ္းျပ၏။နိုင္ေဝနားမလည္နိုင္။ ရွင္းေနာင္က ပ်က္ယြင္းေနေသာ မ်က္ႏွာကို ငုံ႕လ်က္ "ေဆး႐ုံသြားရင္ သူ တရားရင္ဆိုင္ရလိမ့္မယ္ ေဒါက္တာ" ဟုဆိုလာသည္။

"ေစာက္႐ူးတစ္ေကာင္က သူ႕ကိုေဆးခပ္လိုက္တာ။ ကံေကာင္းလို႔ ထုတ္လာနိုင္ေပမဲ့ သူေထာင္ထဲဝင္ရလို႔မျဖစ္ဘူး။ အကုန္သဲထဲေရသြန္ျဖစ္ေနမွာ"

အလုပ္ေတြမ်ားလို႔ဆိုကာ ျပန္သြားတဲ့ကေလးက ဘာေၾကာင့္မ်ား ေဆးခပ္ခံရတဲ့အထိ....။

"အင္းဟင့္.. ဟင္း ပူ ပူတယ္"

ညည္းသံထြက္လာသည့္အခါ ေခါင္းကို ကားထဲသို႔ျပန္ငုံ႕လိုက္ရသည္။ မီးေရာက္မွိန္မွိန္ေအာက္မွာ ျမင္ရသည့္ မ်က္ႏွာေပၚက အညိုမဲကြက္ေတြက ရစရာမရွိ။

"ခင္ဗ်ားကယ္မွာလား သူ႕ကိုေထာင္ထဲပို႔မလား"

"သူ သူမတရားခံရတာပဲကို" နိုင္ေဝ့အသံေတြတုန္ေနသည္။ သူ ဘယ္လိုလုပ္ၿပီး ဒီလိုကေလးေလးကို ...ေတြးၾကည့္႐ုံနဲ႕ေတာင္ အသည္းတစ္ခုလုံးနာ၏။

"ေတာက္!! ေစာက္ခ်ိန္ေတြကုန္တယ္ကြာ"

"အဲရစ္ မင္း စိတ္ကိုေလွ်ာ့ဦး!!"

အဲရစ္က ေအာ္ဟစ္ကာ ကားတာယာကို ေဆာင့္ကန္သည္။ ရွင္းေနာင္က ထိုေသာင္းက်န္ေနသူကိုထိန္းရင္း အာ႐ုံမ်ားေနဟန္တူသည့္ ေဒါက္တာ့ကိုလည္းနားခ်ဖိဳ႕လုပ္ရ၏။ဒီတိုင္းသြားလို႔ေတာ့မျဖစ္။ ကားထဲကလူက ကားေပၚမွာ သူ႕ကိုယ္သူေတာ္ေတာ္ေလးထိန္းလာရရွာသည္မို႔လား။ သူ႕ ရည္းစားကိုျမင္မွ ငိုယိုၿပီးေအာ္ညည္းေနတာမို႔ ေဘးက ရွင္းေနာင္ပင္ သနားလာသည္။

"ေဒၚသက္သင္းခိုင္တို႔ စနက္မို႔ပါ ေဒါက္တာ။ ဒီနယ္တစ္ဝိုက္မွာ သူ႕လူကိုယ့္လူရယ္လို႔ ကြၽန္ေတာ္တို႔ခြဲနိုင္ပါဦးမလား။ တစ္ခုခုဆို သူ ႀကိဳးစားခဲ့ရသမွ် အကုန္ေရစုန္ေျမာသြားမွာမို႔ပါ"

ႏႈတ္ခမ္းကို ျပတ္ထြက္မတတ္ကိုက္ရင္း လက္သီးတို႔ကို တင္းတင္းဆုပ္ထားမိသည့္နိုင္ေဝ။ သူ႕သက္တမ္းတစ္ေလွ်ာက္လုံးမွာ မျဖစ္သင့္တာေတြမျဖစ္ေအာင္ ႀကိဳးစားေနခဲ့သေလာက္ မျဖစ္ခ်င္ဆုံးေတြပဲျဖစ္ရသည္။

"အဲ့ဒါလြယ္တယ္လို႔ မင္းတို႔ထင္ေနလား!"

‌နိုင္ေဝ့ေအာ္သံက မက်ယ္ေပမယ့္ ေဒါသအျပည့္။ သူ႕ဝမ္းတြင္းက မီးစေတြေၾကာင့္ တစ္ကိုယ္လုံးပူေလာင္ကာ ရဲတြတ္ေနသည္။ ဂ႐ုဏာေဒါသႏွင့္အတူ ယူက်ဳံးမရျခင္းေတြ၏ ဝါးၿမိဳမႈၾကားမွာ စုန္းစုန္းျမဳပ္ေတာ့မလိုပင္။

"ဘာေရာဂါ ညာေရာဂါ...ေနာက္ပိုင္း စိတ္ပိုင္းဆိုင္ရာထိခိုက္တာကအစ..."

"Fu*k!!ခင္ဗ်ား က်ဳပ္သူငယ္ခ်င္းကို ဘာအတန္းစားမွတ္ေနတာလဲ!!! "

ထိုးမည္တကဲကဲလုပ္သူကို ရွင္းေနာင္ကဝင္ထိန္းသည္။

"ကိုယ္ဘာကိုမွမေၾကာက္ဘူး။ သူ နာက်င္မွာကိုပဲ..."

ေဒါက္တာ့ပုံစံက ခ်ိတုံခ်တဳံႏွင့္ အ႐ူးတစ္ေယာက္အလား။ ရွင္းေနာင္ တစ္ခါမွမျမင္ဖူးသည့္ ေၾကာက္႐ြံ႕ေနပုံကိုၾကည့္ရင္း ေဒါက္တာ့ဆိုလိုရင္းကိုနားလည္လာသည္။ ေယာက္်ားႏွစ္ေယာက္ အတူေနလိုက္ဖို႔ဆိုတာ အဲရစ္အတြက္လြယ္ခ်င္လြယ္နိုင္ေပမဲ့ ေဒါက္တာနဲ႕ Williamအတြက္ ရိုးရွင္းမေနတာလည္းျဖစ္နိုင္သည္။

"သူ သူကားေပၚမွာ ေဒါက္တာ့နာမည္ကိုပဲေခၚေနခဲ့တာပါ"

ရွင္းေနာင္စကားဆုံးေတာ့ ေဒါက္တာကမ်က္ရည္က်သည္။ ထို႔ေနာက္ တစ္ခုခုကို  ဆုံးျဖတ္ခ်က္ခ်လိဳက္သလိုမ်ိဳး သက္ျပင္းကိုရွိုက္ကာ ကားထဲသို႔ဝင္ၿပီး Williamကိုဆြဲထုတ္၏။ ရဲတြတ္ေနေသာ မ်က္မွာထက္မွာ ဒဏ္ရာေတြက ထင္းလ်က္။ ေဒါက္တာရင္ခြင္ထဲေရာက္တာႏွင့္ တအီအီထြက္လာေသာ ငိုသံေတြေၾကာင့္ ရွင္းေနာင္ပါငိုခ်င္လာသည္။ အေျပာဆိုးတယ္ထင္ခဲ့ေပမယ့္ ငယ္ငယ္ေလးနဲ႕ ဝန္ထမ္းေတြအေပၚအမ်ားႀကီး စဥ္းစားေပးခဲ့တာ ရွင္းေနာင္အသိဆုံး။ ဒီလိုလူက မေတာ္တရားခံရေတာ့မလိုျဖစ္သြားသည္ဆိုေသာအသိမွာ မကာကြယ္နိုင္ခဲ့သည့္ ကိုယ့္ကိုယ္ကိုယ္လည္းအျပစ္ရွိသလိုခံစားရသည္။

"ရွင္းေနာင္ ကြၽန္ေတာ္ဝယ္ခိုင္းထားတဲ့အထုတ္ေရာ"

ၿခံတဲ့ဝင္မည့္သူႏွစ္ဦးကိုကူညီရင္း အဲရစ္က သူ႕ကိုလွမ္းေအာ္သည္။ ရွင္းေနာင္ ကားေရွ႕ခန္းကိုဝင္ကာ ေစာေစာက ၂၄နာရီဆိုင္တစ္ခုမွာ ဝယ္လာသည့္ ႂကြပ္ႂကြပ္အိတ္အနက္ထုတ္ေလးကို ဆြဲယူလိုက္၏။

"ဒီမွာ..."

"ၿခံတံခါးကို ကြၽန္ေတာ္တို႔ပိတ္လိုက္မွာမို႔ အိမ္ထဲကိုဝင္ေတာ့ ေရာ့"

လက္ထဲက အထုတ္ကို ပစ္ေပးၿပီးတာႏွင့္ အဲရစ္က တံခါးကိုဆြဲပိတ္သည္။ ေဒါက္တာက သူတို႔ႏွစ္ဦးကိုတစ္ခ်က္ပင္လွည့္မၾကည့္ေတာ့။ သူ႕ရင္ခြင္ထဲကသူကို တယုတယပိုက္ရင္း အိမ္ထဲသို႔ဝင္သြားသည္။ တံခါးပိတ္သြားေတာ့ပါမွ ရွင္းေနာင္ သက္ျပင္းေမာကိုခ်မိ၏။ သူ႕ေခါင္းထဲမွာ ဗလာသပ္သပ္ျဖစ္သြားသလို ခံစားေနရသည္။

ေဘးကိုၾကည့္ေတာ့ အဲရစ္က စကၠဴပန္း႐ုံႀကီးကိုေငးေန၏။ ေျပေလ်ာ့က်သြားသည့္ လက္ဖမိုးထက္မွာ ေသြးစေတြစြန္းထင္ေနကာ မ်က္ဝန္းေတြက အသက္မဲ့ေနသလိုပင္။

"ကိုယ့္သားသမီးကို သူမ်ားလက္ထဲ ထည့္ေပးလိုက္ရတာ ဒီလိုမ်ိဳးထင္တယ္"

"ဘာလို႔ မယူခဲ့တာလည္း အဲ့ဒီအခြင့္အေရးကို..."

ရွင္းေနာင္ေမးေတာ့ အဲရစ္ကတန္းမေျဖ။ ေကာက္ေခြေနေသာ ဆံပင္ေတြကိုလွန္တင္ရင္း ဟက္ခနဲရယ္သည္။ အနီးဆုံးရွိေနခဲ့သူျဖစ္ပါလ်က္ သူမ်ားလက္ထဲထိ ထည့္ေပးနိုင္တဲ့ အဲရစ်ရဲ့႕ေမတၱာက ေလးစားစရာေကာင္းေပမဲ့ လိုက္ဖက္မေန။ ငရႈပ္ဟုသိထားကသူက William ကိုေတာ့ လက္ဖ်ားနဲ႕ထိဖို႔ေတာင္ မရဲနိုင္ခဲ့တာလား။

"ေခတ္ေနာက္ျပန္ဆြဲၿပီး စိတ္ဝင္စားစရာမေကာင္းတဲ့ အဲ့ဒီငတုံးရဲ႕ အိပ္မက္က သူခ်စ္တဲ့သူနဲ႕ပဲ လိင္ဆက္ဆံခ်င္တာတဲ့"

အဲရစ္စကားက ရယ္ရခက္ငိုရခက္ႏွင့္။ ရွင္းေနာင္ ေျပာရမွာေတြပင္ေပ်ာက္ကာ ထိုေကာင္ေလး၏ေက်ာျပင္က်ယ္ကို အသာပုတ္ေပးလိုက္ရသည္။

"အခြင့္အေရးက ႏွစ္ခါမရဘူး အစ္ကိုရွင္းေနာင္။ သူငယ္ခ်င္းတစ္ေယာက္နဲ႕ တစ္သက္လုံး အတူရွိဖို႔ဆိုတဲ့ အခြင့္ေရးက ႏွစ္ခါမရပါဘူး"

အဲရစ္အသံကေျခာက္ကပ္လ်က္။ ႐ူးေၾကာင္ေၾကာင္စိတ္ကူးေတြ ခ်ေရးတတ္တဲ့ ငယ္ခ်စ္ရဲ႕ ဒိုင္ယာရီကိုဖတ္မိၿပီး ျဖည့္ဆည္းေပးခ်င္ခဲ့တဲ့ က်ိန္စာမိေနသည့္ သူ႕ဆႏၵေတြကေတာ့ စိုေျပေနပါရဲ႕လားေလ....။

ပြင့္လင္းလြန္းေသာ နားလည္ရခက္လြန္းေသာ လူကိုၾကည့္ၿပီး ေမာေနမိသူ ရွင္းေနာင္မွာလည္း....။

............................................................

အနမ္းႏုႏုတစ္ခ်က္ ႏွဖူးေပၚေခြၽခ်အၿပီးမွာ ႐ူးသြပ္ဖြယ္ရာ မ်က္ဝန္းအစုံႏွင့္ နိုင္ေဝရင္ဆိုင္ရသည္။ျပင္းထန္လွသည့္ အသက္ရႉသံေတြဝန္းရံလ်က္ ေကာင္ေလးလက္ေတြက ဖရိုဖရဲျဖစ္ေနေသာ အကၤ်ီစမ်ားကို ဖိေခ်လိဳ႕ေန၏။ လွနိုင္လြန္းသည့္ ပါးတစ္ဖက္မွာ ဒဏ္ရာညိုညိုႀကီးက ထင္းလို႔။

"ကေလးေလး အရမ္းနာေနတာလား"

ခပ္ယဲ့ယဲ့ေလး ေခါင္းၿငိမ့္ရွာသည္။ စြာေနဆိုးေနက်ပဳံရိပ္ေလး ဘယ္ကိုမ်ားေျပးသြားသည္မသိ။ ခိုးကိုးရာမဲ့ေနသည့္ ကိုယ္လုံးငယ္ဟာ တေျဖးေျဖးႏွင့္ ကုတင္ထက္မွာ ဂနာမၿငိမ္ျဖစ္လို႔လာ၏။

"ဦး...ေလး...သားကိုကယ္ပါ"

ပထမဆုံးအႀကိမ္ဆုံခဲ့စဥ္က မ်က္ဝန္းေတြကို ေျပးျမင္ေယာင္သည္။ ဘာကိုမွမေတြးနိုင္ေအာင္ ဆြဲေျပးခဲ့မိသည့္ လက္ေတြက ၾကမ္းျပင္ေပၚမွာ ဒူးေထာက္ထိုင္ေနသည့္ နိုင္ေဝ့ပါးျပင္ကို အသာယာပြတ္သပ္လာ၏။

ျပင္းထန္ေနမည့္ ဆႏၵတစ္ခုအတြက္ ေတာင္းဆိုေနသည့္အၾကည့္ေတြကို ၾကာၾကာသီးမခံနိုင္။ဓမၼာတာတိုင္းမဟုတ္ေသာ ဒီပတ္သက္မႈအတြက္ ေကာင္ေလးဝမ္းနည္းသြားမွာ နိုင္ေဝေၾကာက္သည္။ ဘယ္ေလာက္ပဲ ရဲတင္းခဲ့သည့္ကေလးျဖစ္ပါေစဦး တုန္လႈပ္ၿပီး ေၾကာက္႐ြံ႕ေနသည့္ မ်က္ဝန္းေတြကမလိမ္နိုင္။

လက္ဖဝါးတစ္ဖက္ဟာ ေကာင္ေလးႏွင့္ နိုင္ေဝ့ၾကားကအျမင္လႊာကို စည္းျခားလိုက္သည္။ မ်က္ေတာင္စိတ္စိတ္ေတြ၏ ထိကပ္လာမႈကို လက္ဖဝါးကတဆင့္ပင္ ခံစားလို႔ရ၏။ ကေလးငယ္ခင္မ်ာလည္း စိတ္လႈပ္ရွားေနဟန္တူပါသည္။

"မ်က္လုံးေလးကို မွိတ္ထားၿပီး နံပါတ္ေတြ ေရေနလိုက္ေနာ္"

ေျပာစကားနားေထာင္သူ၏ ပါးစပ္ကေလးကဘလႈပ္စိလႈပ္စိႏွင့္။ နိုင္ေဝ စိတ္ကိုတင္းကာ လက္တစ္ဖက္ျဖင့္ ေကာင္ေလးအဝတ္အစားေတြကို ဖယ္လိုက္သည္။ရဲတြတ္ပူေလာင္ေနသည့္ ကိုယ္လုံးငယ္၏ လႈပ္ရွားမႈေၾကာင့္ နိုင္ေဝ့ကုတင္ အယိုအယြင္းေလးမွာ ယိမ္းထိုးေန၏။

"ဟင္း....ဟင္း"

မိေမြးတိုင္းဖေမြးတိုင္းျဖစ္ေနေသာ ေျခတံေတြကို အသာပြတ္သပ္ေပးသည့္အခါ ေကာင္ေလးမ်က္ႏွာထက္က နိုင္ေဝ့လက္ဝါးမွာ စိုစြတ္သြား၏။ ေကာင္ေလးက ငိုေနသည္။ ေဘးမွခ်ထားသည့္ အိတ္အတြင္းမွ Lubricant ဘူးကိုဆြဲထုတ္ကာ အဖုံးကိုသြားႏွင့္ဖိကိုက္ၿပီး လွည့္ဖြင့္လိုက္ရသည္။ၿပီးတာႏွင့္ ပါးစပ္ႏွင့္ပဲဖိကာ လက္ေပၚညွစ္ခ်ရ၏။

"အ...ဟ..အင္း"

နိုင္ေဝ့လက္ေတြရဲ႕ လႈပ္ရွားမႈတိုင္းမွာထြက္လာသည့္ ညည္းၫူသံေတြေၾကာင့္ အံကိုတင္းတင္းႀကိတ္ထားရ၏။ ‌တစက္စက္က်ေနသည့္ ေခြၽးစေတြက ဖိခ်ဳပ္ကိုင္ထားမိသည့္ ေျခသံသြယ္သြယ္တို႔ထက္မွာ စြန္းထင္ကုန္သည္။ မ်က္ဝန္းႏုႏုထက္ အုပ္ကာေပးထားသည့္ လက္ေခ်ာင္းေတြကိုဖိကိုင္ရင္း တစ္ခါတစ္ခါ ေကာင္ေလးေက်ာျပင္က အေပၚသို႔ေကာ့တက္လာ၏။

မ်က္ႏွာကို လႊဲကာ နိုင္ေဝကိုယ့္လက္ေမာင္းကိုယ္ ကိုက္ထားရပါသည္။ ပထမအႀကိမ္ၿပီးေတာ့ ေကာင္ေလးက ခဏၿငိမ္က်သြားသည္။ သို႔ေသာ္ ခဏသာ။ ရင္ဘတ္ေတြကို ပြတ္သပ္ကာ နိုင္ေဝ့နာမည္ကို ေအာ္ညည္းျပန္သည္။

ဒီတစ္ႀကိမ္ေတာ့ သူ႕မ်က္ႏွာကို အအုပ္မခံ။ လက္ေတြကို ဆြဲကိုင္ကာ သူ႕ပါးစပ္တြင္းကို ငုံခဲထားသည္။ ေခါင္းအုံးအတြင္း နစ္ဝင္က်သြားမတတ္ ေမာ့သြားသည့္ ေမးဖ်ားအား သတိလက္လြတ္စြာ နမ္းမိျခင္းမွာ နိုင္ေဝတစ္ခ်က္မွားသြား၏။ မလြတ္တမ္း ဖက္တြယ္လာသည့္  လက္ေတြဟာ နိုင္ေဝ့မ်က္ႏွာကိုခ်ဳပ္ကာ အနမ္းၾကမ္းေတြကို စတင္ေတာ့သည္။

တင္းၾကပ္စြာ ဆုပ္ကိုင္ခံရသည့္ ဆံပင္ေတြက နာက်င္လြန္းေပမဲ့ နိုင္ေဝ႐ုန္းမထြက္နိုင္။ ေကာင္ေလးကိုယ္ေပၚ မဖိမိေအာင္ထိန္းရင္း ကိုက္ခဲေနသည့္ ႏႈတ္ခမ္းလႊာေတြကို ျပန္လည္ဆြဲယူထားမိသည္။ ပြတ္သပ္တိုးေဝွ႕လာေသာ လွ်ာ၏ရစ္ပတ္မႈမွာ ႏြံထဲက်သည့္ သားေကာင္အလား နစ္ျမဳပါသြား၏။

ထို႔ေနာက္ ေမးရိုး၊ လည္ပင္းသြယ္သြယ္ေတြဆီ ရစ္မူးမိသည့္အခါ ေကာင္ေလးလက္ေတြက နိုင္ေဝ့ေက်ာျပင္ကို ကုပ္ျခစ္လာသည္။

"ဟင္း.... မိုး ျမင့္ နိုင္ေဝ ...Darling... "

ရဲရဲတင္းတင္းေခၚလာသည့္ အမည္နာမေအာက္မွာ နိုင္ေဝဟာ ႐ူးသြားေတာ့မတတ္...။

ကုပ္ကပ္သြားသည့္ ေျခေခ်ာင္းငယ္ေလးေတြကို လက္တစ္ဖက္ျဖင့္ ကိုင္ရင္း သူ႕လက္ထဲက ကေလးေလး အလုံးစုံေျပေလ်ာ့ေစရန္ အားကုန္သုံးျဖစ္ခဲ့သည္....။

................................................................

"အ...အ"

"ေဆာရီး ေဆာရီး အရမ္းနာသြားသလား"

မ်က္ႏွာကို ေဆးလိမ္းေပးရင္း ျပာယာခတ္သြားသည့္သူက လက္ထဲမွာ အနာေဆးထည့္သည့္ တုတ္တစ္ဖက္ႏွင့္။ လက္တစ္ဖက္က သစ္မႉးမ်က္ႏွာကို မထိတထိကိုင္ရင္း ဖင္တႂကြႂကြျဖစ္ေနသည္။ ညိုမဲေနေသာ မ်က္ကြင္းညိုေတြႏွင့္ ဦးေလးပုံစံက ေဆးမိထားတာ သစ္မႉးမဟုတ္ဘဲ သူျဖစ္ေနသည့္အတိုင္း။ မနက္နိုးကတည္းက အရိပ္တၾကည့္ၾကည့္ ဂ႐ုစိုက္ေနတာေၾကာင့္ သစ္မႉးပင္ ေနရခက္ခ်င္လာသည္။

"ျမဴစြမ္ေလးစားလိုက္ဦး မနက္က ရွင္းေနာင္တို႔လာခ်ိတ္ေပးသြားတာ ေနမွာ။ကိုယ္ေႏႊးေပးထားတယ္"

"သူတို႔သိသြားမွာေပါ့"

"ဟင္"

"မေန႕ညက ဘာျဖစ္ခဲ့လဲဆိုတာ"

သစ္မႉးေျပာေတာ့ ဦးေလးက မ်က္ႏွာကိုငုံ႕ထားကာ "ေဆာရီး ကိုယ္ ကိုယ္ အဆုံးထိမသြားပါဘူး" ဟုဆိုလာျပန္သည္။ ဘာမွမွားမထားဘဲ ဘာေတြကို ဆက္တိုက္ေဆာရီးေနလဲ နားမလည္နိုင္ေတာ့။ ၾကမ္းျပင္ေပၚထိုင္ေနသူ၏ ေမးကေနဆြဲေမာ့ကာ သစ္မႉးအၾကည့္ခ်င္းဆုံလိုက္သည္။

"ကြၽန္ေတာ္က လိုအပ္ေနခဲ့တာ။ ဦးေလးက ေတာင္းပန္စရာမလိုပါဘူး။ ‌ေဆးအရွိန္ဆိုရင္ေတာင္ ဦးေလးမို႔ အဆင္ေျပတယ္"

ယဲ့ယဲ့ၿပဳံးရွာပုံက သနားစရာ။ သစ္မႉး ဦးေလးလည္တိုင္ကို ခိုတြဲကာ တင္းၾကပ္စြာဖက္လိုက္သည္။ ဒီေယာက္်ားက ဘယ္ေလာက္ေတာင္မွ ခမ္းနားလိုက္သလဲ။ သစ္မႉးဆႏၵမပါပဲ ကူညီနိုင္ဖို႔ ဘယ္ေလာက္ေတာင္မွ ပင္ပန္းခဲ့လိမ့္မလဲ။

"အရမ္းေက်းဇူးတင္တာပဲ။ ကြၽန္ေတာ့ကို တန္ဖိုးထားေပးလို႔"

"ကေလးကို ခုလိုလုပ္တဲ့သူက ဘယ္သူလဲ ကိုယ္သိလို႔ရမလား"

သိုဝွက္ထားမည္လုပ္ေပမဲ့ ဒီထက္ပိုၿပီး ဖုံးကြယ္မထားသင့္ေတာ့ဟု သစ္မႉးထင္သည္။ ထိုလူရဲ႕ ယုတ္မာမႈက ဦးေလးဆီပါ ေရာက္မလာဘူးမေျပာနိုင္။ သစ္မႉးဘက္က ရတဲ့နည္းနဲ႕ရွင္းထုတ္မည္ဆိုေပမဲ့လည္း ဒီၾကားထဲမွာ ဦးေလးကိုတစ္ခုခုလုပ္မွာစိုးရသည္။

"မေဟာ္အဖြဲ႕အစည္းကို ဦးေလးသိလား"

ေတာင္းတင္းသြားေသာ ခႏၶာကိုယ္၊ ဦးေလးက သစ္မႉးပုခုံးကေန  ဆုပ္ကိုင္ကာ အံ့ဩစြာၾကည့္လာသည္။

"ကေလးက ဘယ္လိုသိတာလဲ သူတို႔ကို"

"စိုးမေဟာ္က Htoo Kalawမွာေရာက္ေနတယ္။ ကြၽန္ေတာ္တို႔ အေၾကာင္းကိုလည္း သိေနတယ္"

မယုံၾကည္နိုင္မႈေတြ ျပည့္ႏွက္သြားသည့္ ဦးေလးမ်က္ႏွာက ဆိုး႐ြားစြာပ်က္ယြင္းသြား၏။ တင္းမာလာသည့္ ေမးရိုးႀကီးေတြက ေထာင္ကားလာကာ၊ မ်က္လုံးေတြထဲမွာ မီးဝင္းဝင္းေတာက္မတတ္။

"ကိုယ္ ကိုယ့္ကို လက္စားေခ်ဖိဳ႕ ခုလိုလုပ္တာလား"

ဦးေလး ဒီေလာက္စိတ္တိုေနတာ သစ္မႉးမေတြ႕ဖူးပါ။ မေကာင္းဆိုးဝါးတစ္ေကာင္ ဝင္ကပ္လိုက္သလို ေျပာင္းလဲသြားေသာ ဦးေလးပုံစံေၾကာင့္ ေျပာမိတာမွားၿပီလားဟုပင္ ထင္မိလာသည္။

"အ...!"

‌ပုခုံးကို ဖိညွစ္မႈေတြၾကမ္းတဲ့လာေတာ့ သစ္မႉးနာလြန္းရဲ႕ေအာ္လိုက္ရသည္။

"ဟာ...ေဆာ ေဆာရီး ေတာက္!! ေဆာရီးပါကြာ"

ေခါင္းကေနအသာကိုင္ကာ ရင္ခြင္ထဲထည့္ထားျပန္သည့္ ဦးေလးက လြတ္ထြက္သြားမွာ စိုးေနသည့္အလား။

"ဦးေလးေၾကာင့္ မဟုတ္ပါဘူး။ ကြၽန္ေတာ္နဲ႕လည္း ျပႆနာတက္ထားလို႔"

ဗလုံးဗေထြးႏွင့္ သစ္မႉးေျပာေပမယ့္ ဦးေလးလက္ေတြက ေလ်ာ့မသြား။ ေက်ာျပင္ကေန ေပြ႕ထားရင္း  သစ္မႉးပုခုံးေတြကို ဖိဖိနမ္းေနျပန္သည္။ဒီဦးေလးႀကီးက ဒါမ်ိဳးေရာ လုပ္တတ္တာပါပဲလား။

မေန႕ညက ပူထူေနခဲ့သမွ် ဦးေလးဆီမွာဆိုေသာအသိက သစ္မႉးကို စိတ္ခ်လဳံၿခဳံေစခဲ့သည္။ ဦးေလးက ေလေျပညွင္းေလးတစ္ခုလို သစ္မႉးေမာပန္းမႈေတြအားလုံးကို အရည္ေဖ်ာ္ခ်နိဳင္သည့္ ျဖစ္တည္မႈေလးႏွင့္တူ၏။ မူးယစ္ေစနိုင္သည့္ ေဆးဂုဏ္သတၱိေၾကာင့္ ဝိုးတဝါးပုံရိပ္ေတြၾကားက မွတ္ဉာဏ္ေတြအားလုံးကို သတိမရနိုင္ေတာ့ေပမဲ့ သစ္မႉးခံစားခ်က္ေတြ ေကာင္းေနခဲ့တာေတာ့ ေသခ်ာပါသည္။

'ရသမွ်နည္းလမ္းနဲ႕ ကာကြယ္ေပးမွာ။ ဦးေလးကို ဘယ္သူမွထိလို႔မရေအာင္'

ကိုယ့္ကိုယ္ကိုယ္ ကတိေပးရင္း ဦးေလးကို ပိုတင္းၾကပ္စြာဖက္တြယ္လိုက္သည္။ ဒီလူကို ဘယ္နည္းနဲ႕မွ လက္လႊတ္ခံမည္မဟုတ္ပါ။ တစ္ခ်က္ထိရင္ ဆယ္ဆပိုျပင္းတဲ့အင္အားမ်ိဳးနဲ႕ ကမာၻသစ္မႉးက အားလုံးကို ေျခမြပစ္လိုက္မည္။

...................................................................

စာေရးသူ၏ အမွာစာ:

မေန႕က သင္တန္းရွိလို႔ မတင္လိုက္ရတာပါ
ကတမ့္ wallမွာတင္ထား‌ေပမယ့္
မျမင္လိုက္ဘဲ ေမွ်ာ္ေနတဲ့သူ‌ေတြရွိသြားရင္
တကယ္အားနာပါတယ္ေနာ္

ဒီအပိုင္းကတိုေပမဲ့ ေနာက္ထပ္တစ္ပိုင္းနဲ႕ ခ်ိတ္ရအဆင္မေျပလို႔ ဒီမွာပဲ ရပ္ထားပါတယ္။

See you soon~
ဦးေလးတို႔က ေနာက္ ေလးငါးပိုင္းဆို ၿပီးပါၿပီ

Continue Reading

You'll Also Like

2.9K 116 37
Toni is new to Riverdale high and Riverdale and she meets the one and only Cheryl blossom there is so many twist Started December 10th 2023
2.3K 132 4
I have never once regret loving you, for loving you was my purpose. Forgive me, my love. We have chosen the wrong universe to entangle each other, Bu...
911K 82.2K 38
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
3.7M 157K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...