(Unicode)
"ဘယ်လဲ အကိုကျော့မြိုင်"
မျက်နှာသစ်ရင်းနဲ့ ခြံရှေ့ကဖြတ်သွားတဲ့ကိုကျော့မြိုင်နဲ့အစောတို့ကို လင်းခေးမြင်လိုက်တာကြောင့် အသံကျယ်ကျယ်ဖြင့်အော်ပြီးမေးမိသွားလေသည်။ခြံရှေ့မှာရပ်နေကြတဲ့ ကိုကျော့မြိုင်တို့အထဲတောင်ဝင်မလာတာနဲ့ လင်းခေးဘဲထွက်လာခဲ့ရ၏။
"ဘယ့်နှယ့်လဲ ညကအိမ်အပြင်မှာအတော်လေးမှ အိပ်ကောင်းရဲ့လားအကိုကျော့မြိုင်"
လင်းခေးခြံထဲကထွက်လာပြီး လိုရင်းကိုမမေးဖြစ် ညကကိစ္စကိုရွှတ်နောက်နောက်ဖြင့် ကိုကျော့မြိုင်အားစလိုက်သေးသည်။သူ့ရဲ့ရွှတ်နောက်နောက်စကားကြောင့် အစောကိုကြည့်ပြီးပြုံးနေတဲ့ကိုကျော့မြိုင်အပြုံးတွေက လင်းခေးကိုနားလည်ရခက်သွားစေသည်။အစောအပေါ် အပြစ်တင်စိတ်တစ်စက်ကလေးမှမပေါ်တာဟာ ကိုကျော့မြိုင်ရဲ့ချစ်တက်မှုကြီးလို့လင်းခေးလက်ခံလို့ရပေမဲ့ ထိုကျေနပ်အပြုံးကြီးကိုတော့လင်းခေးနားမလည်ပါ။
ကိုကျော့မြိုင် အစောကိုကြည့်ပြီးပြုံးနေတာကြောင့် အစောကပါခေါင်းလေးငုံ့သွားပြီးအနေရခက်နေသည့်ပုံပေါ်တာကြောင့် လင်းခေးနှစ်ယောက်လုံးကိုကြည့်ကာရှုပ်ထွေးနေလေပြီ။
"ညကကွပ်ပျစ်ပေါ်မှာအိပ်တာဘဲကွာ မနက်ကျအိမ်ထဲဘယ်လိုပြန်ရောက်နေလဲမသိပါဘူး ဟားဟားဟား"
ရယ်သံကြီးနှောပြီးအားရပါးရပြောနေတဲ့ကိုကျော့မြိုင်ပြောမှ လင်းခေးပိုရှုပ်သွားသည်။ညကသူတို့လည်း ကိုကျော့မြိုင်ကိုအိမ်ထဲထိမပို့ပေးခဲ့၊အစောကလည်း မပို့ပေးဖို့ပြောကာတံခါးကိုသာပိတ်သွားခဲ့သည်။ကိုကျော့မြိုင်လဲ မနက်အိမ်ထဲပြန်ရောက်နေမှန်းမသိဘူး ပြောနေပုံကသူကိုယ်တိုင်ဝင်သွားခဲ့သည့်ပုံမပေါ်၊သို့သော် သူကိုယ်တိုင်မဝင်ဘဲ အိမ်ထဲရောက်နေသည့်အကြောင်းကိုတော့သိနေသည့်မျက်နှာထားကြီးဘဲ ပြောနေပြန်သည်။
"ဒါဆိုအကိုကျော့မြိုင်က အိမ်ထဲဘယ်လိုပြန်ရောက်နေတာလဲ"
အိပ်ရာကနိုးပြီးအိမ်အပေါ်မှဆင်းလာတဲ့ပင်တိုင် အသံပြုကာပြောလိုက်သည်မို့ အားလုံးရဲ့အကြည့်တွေကိုခဏတစ်ဖြုတ်တော့ဖမ်းစားနိုင်လိုက်သည့်သဖွယ်။ပင်တိုင် သူတို့အနားရောက်မှအကြည့်တွေပြန်ခွာသွားလေရဲ့။
"မသိပါဘူးကွာ အကိုကတန်ခိုးကြီးတယ် ဟဲဟဲ။အစောစိတ်ဆိုးလို့ ဘယ်လောက်ဘဲကွပ်ပျစ်ပေါ်အိပ်အိပ် ဟောဗျာ...မနက်ဆိုအိမ်ထဲပြန်ရောက်နေကော"
ကိုကျော့မြိုင်ပြောလေလေ အစောခေါင်းလေးပုဝင်သွားလေလေနဲ့ ခေါင်းကိုဖော်မလာတော့ပေ။ခေါင်းတောင်ဖော်မလာတော့ဘဲ အစောရှက်နေပုံလေးကိုကြည့်ကာသဘောကျနေတာကြောင့် ကိုကျော့မြိုင်လည်းလင်းခေးတို့ကိုဖောက်သည်ချပြောဆိုနေခြင်းဘဲဖြစ်သည်။အိမ်ထောင်သက်၁၅နှစ်အတွင်း အစောနဲ့ကိုကျော့မြိုင်တို့ဆိုတာ ခေါင်းကနေအူမအထိတစ်ယောက်အကြောင်းတစ်ယောက်အကုန်သိ၏။ကိုကျော့မြိုင်အရက်မူးတိုင်း အစောဘယ်လောက်စိတ်ဆိုးဆိုး ကွပ်ပျစ်ပေါ်အိပ်ခိုင်းပြီး မနက်အိမ်ထဲပြန်ရောက်နေသည့်အကြောင်းကိုကိုကျော့မြိုင်ကောင်းကောင်းသိတာပေါ့။စိတ်ဆိုးသယောင်နဲ့တံခါးကိုပိတ်ထားတက်ပေမဲ့ ကိုကျော့မြိုင်အမူးလွန်ပြီးအိပ်မောကျနေသည့်အချိန်ဆိုလျှင် အစောအိမ်ထဲသို့မရမကတွဲခေါ်ပြီးအိမ်ထဲမှာဘဲအိပ်စေသည်။၁၅နှစ်အတွင်း ထိုအကြောင်းကိုကိုကျော့မြိုင်မသိတာလဲမဟုတ်၊တမင်မသိဟန်ဆောင်ပြီး အစောရဲ့ဂရုစိုက်မှုကိုအထူးတလည်ရယူခြင်းဘဲဖြစ်သည်။
လင်းခေးတို့ညကအိမ်ထဲပို့ပေးမည်ဆိုတာလဲ လူရှေ့သူရှေ့မို့အစောတမင်ဟန်ပြသယောင်လက်မခံတာဘဲရှိသည်။တကယ်တမ်း လင်းခေးတို့ထွက်သွားပြီးသိပ်မကြာမှ ကိုကျော့မြိုင်ကိုယ်လေးလေးကြီးကိုအစောမရမကတွဲပြီး အိမ်ထဲခေါ်ထားခြင်းဘဲဖြစ်လေသည်။သို့သော် ထိုအကြောင်းကအစပြန်ပေါ်လိမ့်မည်ဟုအစောထင်မထားခဲ့ပါ။လူမိပြီးရိပ်မိပုံပေါ်မှ အစောခေါင်းမဖော်နိုင်အောင်ရှက်နေရတော့သည်။
"အစောတို့သွားတော့မယ်နော်လင်းခေး ရထားရောက်ရင်သားတစ်ယောက်ထဲဖြစ်နေမှာဆိုးလို့"
ကိုကျော့မြိုင်ထပ်ပြီးဖော်ကောင်လုပ်နေမှာဆိုးသဖြင့် အစောစကားကိုဖြတ်ကာ ကိုကျော့မြိုင်ကိုတောင်မစောင့်တော့ဘဲ လင်းခေးတို့ကိုနှုတ်ဆက်ပြီးအရင်ထွက်သွားလေသည်။
"အကိုလည်းသွားပြီနော်လင်းခေး"
ရှက်ပြီးအစောအရင်ဦးအောင်ထွက်သွားတာမို့ ကိုကျော့မြိုင်လည်းလင်းခေးတို့ကို ကမမ်းကတမ်းနှုတ်ဆက်ပြီးဘဲအစောကိုမှီအောင် အပြေးလိုက်ရတော့သည်။
"ကိုကို အကိုကျော့မြိုင်ကိုဘယ်သူအိမ်ထဲပို့လိုက်တာလဲမသိဘူးနော်"
အစောရှက်နေပုံနဲ့ ကိုကျော့မြိုင်အရိပ်အကဲကိုကြည့်ယုံမျှဖြင့် လင်းခေးနားလည်နိုင်သည်။သို့သော် ပင်တိုင်ကတော့အရိပ်ပြတာတောင်အကောင်မြင်ခဲ့ပုံမရသေးတာကြောင့် ဆက်ပြီးစဥ်းစားနေတဲ့ပင်တိုင့်ခေါင်းလေးကိုသာ လင်းခေးခပ်ဖွဖွပုတ်ရင်း....
"အစောပေါ့ပင်တိုင်ရဲ့"
ဟုသာ လင်းခေးပြောလိုက်ရသည်။
"အစောကတစ်မျိုးဘဲနော်ကိုကို ညကတော့အကိုကျော့မြိုင်ကိုတကယ်စိတ်ဆိုးပြီး ပစ်ထားတော့မဲ့ပုံနော်"
"ဟင်း ဒါလဲအစောချစ်တက်တဲ့ပုံစံတစ်မျိုးဘဲနေမှာပေါ့"
အဝေးသို့ရောက်နေပြီဖြစ်တဲ့အစောနဲ့ကိုကျော့မြိုင်တို့ကိုကြည့်ရင်း ပင်တိုင်လည်းနားလည်သလိုလိုနဲ့ခေါင်းသာငြိမ့်လိုက်ရ၏။
ထို့နောက် ရွာလယ်လမ်းအတိုင်းကျွဲတွေဆွဲပြီးလာနေတဲ့အရီးတင်မိကိုမြင်နေရတာကြောင့် ပင်တိုင် လင်းခေးရဲ့အင်္ကျီစလေးကိုသာဆွဲပြီး သူတို့ဆီလာနေတဲ့အရီးတင်မိကိုလက်ညိုးထိုးပြလိုက်ရသည်။
ကျွဲတွေကိုဆွဲပြီးလာနေတဲ့အရီးတင်မိကို သူတို့လည်းရွှင်ပြစွာဘဲဆီးကြိုနေမိသည်။
အရီးတင်မိအနားရောက်တော့....
"အစောတို့ဘယ်သွားကြတာလဲကွဲ့"
လမ်းမှာရှောင်လိုက်ရတဲ့ အစောတို့အကြောင်းကိုသူမမသိပေမဲ့ သိပုံရတဲ့လင်းခေးတို့ကိုသာမေးလိုက်သည်။
"အစောပြောသွားတာတော့
ရထားရောက်ရင်သားတစ်ယောက်ထဲဖြစ်နေမှာဆိုးလို့လို့ပြောပြီးထွက်သွားတာဘဲအရီးရဲ့၊တစ်ယောက်ယောက်ကိုသွားကြိုတာဖြစ်မယ်"
"အေး အရီးသိပြီ..အရီးသိပြီ။သူတို့သားကိုသွားကြိုတာ ရွာကျောင်းတွေပြန်ဖွင့်ဖို့ရက်ပိုင်းဘဲလိုတော့တာကို"
"သား.."
လင်းခေးနဲ့ပင်တိုင်တအံ့တသြလေးဖြစ်ကာ ပြိုင်တူမေးလာသည်ကို အရီးတင်မိသဘောကျစွာပြုံးမိသွားသည်။
"အစောရဲ့တူလေးပါကွယ် မိဘတွေကမရှိကြဘူး၊အစောနဲ့ကျော့မြိုင်တို့ကဘဲ ဒီကလေးမွေးပါပြီဆိုကထဲကမွေးစားထားကြတာ။မင်းတို့ကဘယ်သိပါ့မလဲ သည်ကလေးကလဲကျောင်းပိတ်တဲ့လဆို မြို့ကအစောအဖေဆီကိုအလည်သွားနေတာဆိုတော့"
အရီးတင်မိရှင်းပြမှ လင်းခေးနဲ့ပင်တိုင်တို့သဘောပေါက်သွားတော့သည်။
"အင်း အလှူရက်တောင်ကပ်နေပြီထင်တယ်"
"အလှူရက်"
အစမရှိအဆုံးမရှိ အရီးတင်မိပြောမိသွားတာကြောင့် သူမဘေးကကောင်လေးနှစ်ယောက်ကို ထပ်ပြီးအံသြမိစေပြန်ပြီ။သူမစမိသည့်စကားကို သူမကဘဲထပ်မံပြီးရှင်းပြရတော့မည်။
"အစောကဘာလို့ပိုက်ဆံတွေခြစ်ကုပ်စုနေတယ်ထင်လဲ ဒီနှစ်ထဲသူတို့သားလေးကိုလှူချင်လို့စုနေတာ"
အစောငွေကြေးချွေတာပြီး သုံးစွဲတက်သည်ကိုတော့လင်းခေးတို့လည်းသိသည်။လိုတာထက်ပိုပြီးအစောကိုယ်တိုင်လဲမသုံးသလို ကိုကျော့မြိုင်သုံးလျှင်လည်းအစောမကြိုက်တက်သည့်အကြောင်းကို လင်းခေးတို့အခုမှသဘောပေါက်၏။
"ဒါနဲ့ အရီးကကောကျွဲတွေနဲ့ဘာလုပ်မလို့လဲ"
လင်းခေး ကိုကျော့မြိုင်နဲ့အစောတို့အကြောင်းကိုသေချာသိရပေမဲ့ အရီးတင်မိလာရင်းအကြောင်းကိုသေချာမသိရတာကြောင့်မေးမိခြင်းဘဲဖြစ်သည်။
"အရီးတို့ကမအားတော့ဘူးလေ ငရုပ်ခင်းမှာငရုပ်သီးတွေဆွတ်ရင် ကျွဲတွေကျောင်းဖို့လူမရှိလို့ ရွာထဲကကျွဲကျောင်းပေးတဲ့လူဆီပို့မလားလို့ ယာထဲကဆွဲလာတာ"
"ကျွန်တော်တို့ကျွဲကျောင်းပေးရမလားအရီး"
အရီးတင်မိဆွဲလာတဲ့ကျွဲနှစ်ကောင်နဲ့ ကျွဲပေါက်လေးတစ်ကောင်ကိုကြည့်ပြီး လင်းခေးတက်တက်ကြွကြွဘဲပြောထွက်သွားလေသည်။
အားနာသည့်မျက်ဝန်းတွေဖြင့်ကြည့်နေတဲ့အရီးတင်မိကတော့....
"မဖြစ်ပါဘူးကွယ် အရီးသားကမင်းတို့ကိုကူညီခိုင်းထားတာ၊အရီးကပြန်ပြီးအကူအညီတောင်းလို့မဖြစ်ပါဘူး"
ခေါင်းကိုခါရမ်းလျက်သာပြောလာသည်။
"ဖြစ်ပါတယ်အရီးရဲ့ ကျွန်တော်တို့လည်းအားနေတာဘဲကို၊ပြီးတော့ ကျွန်တော်တို့ကလည်းလယ်သမားသားသမီးတွေပါ ကျွဲတွေနွားတွေနဲ့မစိမ်းပါဘူး"
"မင်းတို့ကိုယုံပါတယ် အရီးကအားနာလို့ပါ"
"အားမနာပါနဲ့အရီးရဲ့ ကျွန်တော်တို့ကိုကူညီထားတာနဲ့တင် ကျွန်တော်တို့ကအတော်အားနာနေပြီ"
လင်းခေးအတော်လေးတက်ကြွနေသလို ပင်တိုင်လည်းအရီးတင်မိကိုခေါင်းလေးငြိမ့်ပြလို့သာ။
"မင်းတို့ဆိုရင်ပိုစိတ်ချတာပေါ့ကွယ် ကျွဲကျောင်းတဲ့အုပ်ထဲထည့်ရင်လည်း ပိုက်ဆံပေးရတာ၊မင်းတို့ကိုလည်း အရီးကပေးမှာပါ"
"ငွေကအဓိကမဟုတ်ပါဘူးအရီးရဲ့ ကျွန်တော်တို့ကူညီရရင်ကိုကျေနပ်နေပါပြီ"
ပြောရင်းဆိုရင်း အရီးတင်မိလက်ထဲကကြိုးတွေကို လင်းခေးလက်လွှဲယူလိုက်လေသည်။ပြီးနောက် အိမ်ထဲကတင်းကုပ်ထဲသို့ဆွဲပြီးသွင်းသွားသည်ကို အရီးတင်မိလည်းခေါင်းလေးတငြိမ့်ငြိမ့်ဖြင့်ပြုံးကာကြည့်နေမိတော့သည်။
🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋
"မေမေလေး...မေမေလေး"
"ဟေ လာပြီသမီး..အခြေအနေဘယ်လိုလဲဟင်"
အိမ်ထဲသို့အမောတကြီးဝင်လာမေမိုးဆီ ဒေါ်အေးသွယ်အခြေအနေကိုသိချင်စိတ်ဖြင့်မေးမြန်းနေသလို ဦးမိုးမြင့်လည်းတရားစာအုပ်ဖတ်ရင်းဘဲ မေမိုးဆီကစကားကိုနားစွင့်နေခဲ့သည်။
"အောင်တယ်မေမေလေးရဲ့"
အောင်စာရင်းထွက်တဲ့နေ့ဖြစ်ရာ မေမိုးဆီကစကားကိုကြားမှ ဦးမိုးမြင့်လည်းစိတ်အေးနိုင်လေသည်။သို့သော် သူ့မှာဝမ်းသာမှုကိုထုတ်လဲမပြနိုင်၊ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကြောင့် မိသားစုဝင်တွေနဲ့လည်းမပြေလည်သေးတဲ့အခြေအနေမှာ ရင်ထဲကြိတ်ပြီးသာပျော်နိုင်သည်။
"အောင်တယ် အောင်တယ်ဟုတ်လား"
ဝမ်းသာလွန်ပြီးမျက်ရည်တွေတောင်စို့နေတဲ့ဒေါ်အေးသွယ်ကို မေမိုးခေါင်းငြိမ့်ပြီးသာထောက်ခံလျက်။
"အောင်တယ်မေမေလေးရဲ့ ရိုးရိုးအောင်တာတောင်မဟုတ်ဘူး၊ပင်တိုင်ကဓာတုနဲ့ဘောဂပါဂုဏ်ထူးပါတယ်"
မေမိုးဝမ်းသာအားရပြောရင်း အသံလေးလည်းတဖြည်းဖြည်းတိမ်ဝင်သွားလေသည်။သူမမျက်ဝန်းတွေမှလည်း ဆွေးရိပ်ထင်လာကာ....
"ပင်တိုင်နဲ့လင်းခေးသာသိရင် ဝမ်းသာမှာမေမေလေးရဲ့။သူတို့ပျော်နေမဲ့မျက်နှာလေးတွေကို မေမိုးကြည့်ချင်လိုက်တာမေမေလေးရယ်"
မျက်ရည်ပေါက်ကြီးငယ်ကျပြီးပြောလာတဲ့မေမိုးစကားကြောင့် ဒေါ်အေးသွယ်ရင်ထဲနင့်ခနဲသာ။ဝမ်းသာရမည့်အချိန်ဖြစ်သော်ငြား သူမတို့ရဲ့မျက်နှာထက်ဝမ်းနည်းမှုတို့ကအထင်းသားပေါ်နေခဲ့သည်။
စိတ်မထိန်းနိုင်တဲ့ဒေါ်အေးသွယ်ခမျာ အိမ်တံခါးဝမှာငုတ်တုတ်ကလေးထိုင်ပြီး အဆက်မပြတ်ကျနေတဲ့မျက်ရည်တွေအား တဘက်လေးဖြင့်သုတ်နေရရှာသည်။
🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋
စာလေးတစ်စောင်ကိုကိုင်ပြီး ရွာလမ်းအတိုင်းအိမ်ရှိရာသို့အပြေးလာနေတဲ့လင်းခေးမျက်နှာထက် အပြုံးဝင့်ဝင့်တွေကိုမြင်နေရလေသည်။ကျောက်တောင်အထက်စုရွာမှ အောက်စုရွာသို့ရောက်ချင်ဇောဖြင့် နေပူပူကြီးလမ်းတောင်မလျှောက်နိုင်ဘဲအပြေးလာခဲ့ရာ လူတစ်ကိုယ်လုံးချွေးအသီးသီးကျလျက် ကျောပြင်တစ်ပြင်လုံးလဲချွေးကွက်ကြီးစိုရွှဲနေလေပြီ။
မြင်နေရတဲ့အိမ်ကလေးဆီက အစောနဲ့ကိုကျော့မြိုင်တို့နဲ့အတူထိုင်နေတဲ့ ပင်တိုင့်ကိုမြင်လေ လင်းခေးပိုပြီးပျော်ရလေဖြစ်ရာ မောဖို့ပင်မေ့လျော့နေတော့သည်။
အဝေးကပြေးလာတဲ့သူ့ကိုမြင်ပြီး မျက်နှာလေးညိုးကျသွားတဲ့ပင်တိုင်မှာတော့ သူ့အားစိတ်ပူစွာပင်ကြည့်လို့။
"ပင်တိုင်...ပင်တိုင်"
အလောတကြီးဖြင့်ပင်တိုင့်နာမည်လေးကိုအော်ပြီး ပြေးလာတဲ့လင်းခေးကြောင့် ပင်တိုင့်လိုဘဲကိုကျော့မြိုင်နဲ့အစောတို့ပါထိတ်သွားရသည်။မနက်ကထဲက သူရဆီမှစာလာသဖြင့်လင်းခေးအစောကြီးထပြီးသွားယူရာ စာထဲတွင်ဘာတွေပါလို့လင်းခေးဤသို့ဖြစ်နေမှန်းမသိချေ။
ပင်တိုင်လည်းထိုင်ပင်မနေနိုင်တော့ဘဲ သူ့ဆီပြေးလာနေတဲ့လင်းခေးထံ ပင်တိုင်လည်းအပြေးလာလျက်....
"ဘာလို့ပြေးလာတာလဲကိုကိုရယ် လူတစ်ကိုယ်လုံးလဲချွေးတွေနဲ့"
လင်းခေးနဖူးပြင်မှစီးကျနေတဲ့ ချွေးစလေးတွေကိုသုတ်ရင်းသာ စိတ်ပူစွာဖြင့်ပြောနေတော့သည်။ပင်တိုင်သာစိတ်ပူနေတယ် မောနေသည့်ကြားကအပြုံးမပျက်တဲ့လင်းခေးကတော့ သူ့ရှေ့ကစိတ်ပူနေတဲ့ပင်တိုင့်ကိုယ်လေးကိုသာသိမ်းကျုံးပြီးဖက်လိုက်လေသည်။
လူတစ်ကိုယ်လုံးချွေးများစိုရွှဲနေသည့် လင်းခေးရင်ခွင်ကျယ်ကျယ်မှာ ပင်တိုင်လည်းခေါင်းလေးထပ်ကျသွားရသည်။စိုရွှဲနေတဲ့ချွေးစိုစိုလေးတွေကလည်း ပင်တိုင့်ကိုယ်လေးအားထိစပ်နေသည်ကို ခံစားရလေသည်။
လင်းခေးအမောမပြေသေးသည့်ကြားက အသံတွေလည်းတုန်ယင်စွာ.....
"ပင်တိုင်ဆယ်တန်းအောင်တယ် ပင်တိုင်ရဲ့"
ကြားလိုက်ရတဲ့စကားကြောင့် ပင်တိုင်မျက်လုံးလေးတွေပင်ပြူးကျယ်သွားပြီး လင်းခေးအားချက်ချင်းမော့ကြည့်မိသွားသည်။အပျော်ကြီးပျော်နေတဲ့လင်းခေးကိုမြင်ပြီး ပင်တိုင်လည်းမပြုံးလည်းမနေနိုင်ပါ။အောင်စာရင်းကြောင့်ပျော်ရွှင်ရသလို ချစ်ရသူရဲ့မျှော်လင့်ချက်တွေပြည့်ဝပြီးပြုံးနေတဲ့အပြုံးတွေကိုလည်း ပင်တိုင်မေ့နိုင်ပါတော့မည်နည်း။
အောင်စာရင်းထွက်မည့်နေ့ကို ပင်တိုင်ကိုယ်တိုင်ကောလင်းခေးပါမေ့လျော့နေရာ သူရစာဖြင့်လှမ်းအကြောင်းကြားမှသိရသည်။စာထဲမှာရေးထားသည်ကို လင်းခေးဖတ်ရချိန်ကဆိုလျှင် ပျော်လွန်းလို့ထခုန်မိသည်အထိပင်။
လင်းခေး ဖက်လို့ထားတဲ့ပင်တိုင့်ကိုယ်လေးကိုသာခဏခွာပေးလိုက်၏။ပြီးလျှင် ပင်တိုင့်မျက်နှာလေးကိုတစ်ဝကြီးကြည့်ပြီး ပြုံးလျက်...
"ဂုဏ်ထူးလည်းပါတယ်ပင်တိုင်ရဲ့ ဓာတုနဲ့ဘောဂနှစ်ဘာသာတောင်"
ပြောနေတဲ့လင်းခေးကိုကြည့်ပြီး ပင်တိုင်စကားတောင်မပြောနိုင်ပါ။လင်းခေးပျော်နေတာမြင်ရတာနဲ့တင် ပင်တိုင်ခေါင်းတငြိမ့်ငြိမ့်ဖြင့်ပြုံးနေမိ၏။
"ပင်တိုင်ကတော်လိုက်တာကွယ်"
အစောဂုဏ်ယူစွာပြောလာသည်ကို ကိုကျော့မြိုင်လည်းမိန့်မိန့်ကြီးပြုံးပြီးသာထောက်ခံနေ၏။လင်းခေးမှာတော့ ပင်တိုင့်ကိုဖက်ကာ ဂုဏ်ယူဝင့်ကြွားစွာပြုံးလျက်။
"ကိုကိုအလုပ်တွေကြိုးစားလုပ်မယ် ပင်တိုင်ဘွဲ့ရတဲ့အထိနေရမယ်နော်"
"ဟင်"
လင်းခေးအားတက်သရောပြောလာသည်ကို ပင်တိုင်ထူးဆန်းစွာကြည့်လာသည့်အကြည့်ကြောင့် လင်းခေးဘဝင်မကျစွာဘဲပြန်ကြည့်မိသွားသည်။
"ဘာဖြစ်လို့လဲပင်တိုင်ရဲ့"
"ပင်တိုင်တက္ကသိုလ်ဆက်မတက်တော့ပါဘူး"
"ဘာ!"
ပြုံးပျော်နေတဲ့မျက်နှာအသွင်အပြင်ပျောက်ကာ ဒေါသတစ်ကြီးဖြင့်လင်းခေးထအော်လိုက်တာကြောင့် ပင်တိုင်ရင်တောင်တုန်သွား၏။ဘေးမှာရပ်နေတဲ့ အစောနဲ့ကိုကျော့မြိုင်လည်း တစ်ခါမှမမြင်ဖူးတဲ့လင်းခေးပုံစံကြောင့်မှင်သက်သွားရလေသည်။
"မင်းဘာပြောလိုက်တယ် တပင်တိုင်"
"ပင်တိုင် ပင်တိုင်ဆက်မတက်တော့ဘူးလို့"
ဒေါသထွက်နေတဲ့လင်းခေးကြောင့် ပင်တိုင်အသံတွေလည်းတုန်ယင်လျက်ပင်။
လင်းခေးဒေါသထွက်နေသဖြင့် ကိုကျော့မြိုင်လည်းအခြေအနေကိုဝင်ထိန်းမည်ပြင်ရာ အစောကဘဲကိုကျော့မြိုင်ကိုဆွဲတားလိုက်ရသည်။
"ကိုကိုပင်ပန်းမှာကြောက်လို့ပါ ပင်တိုင့်ကိုစိတ်မဆိုးပါနဲ့"
"ငါယောကျာ်းကွ မင်းကိုကျောင်းပြီးအောင်ထားနိုင်တယ် နားလည်လား။ငါနဲ့ခိုးပြေးလာပြီးမှ မင်းကိုကျောင်းတောင်ပြီးအောင်မထားနိုင်တဲ့ကောင်ဖြစ်ရင် ငါအသုံးမကျလို့ဘဲ"
"မဟုတ်ပါဘူးကိုကိုရယ် ပင်တိုင်ပြောတာက..."
ပင်တိုင်ပြောဖို့စကားတွေရှိပေမဲ့ နှုတ်ကထွက်မလာတော့ချေ။ဒေါသထွက်နေတဲ့လင်းခေးကိုကြည့်ပြီး ရင်ထဲဆို့နစ်နေတာဘဲသိသည်။
"ဟုတ်သားဘဲပင်တိုင်ရယ် လင်းခေးပြောသလိုကျောင်းပြီးအောင်နေရမှာပေါ့"
နှစ်ယောက်သားအခြေအနေမဟန်တာနဲ့ အစောကဘဲကြားဝင်ထိန်းပေးလိုက်ရ၏။
လင်းခေးကိုသာပင်တိုင်ပြောမထွက်ပေမဲ့ အစောကိုတော့ပင်တိုင်စကားပြောရဲတာကြောင့်....
"ပင်တိုင်ကျောင်းဆက်တက်ရင် ပိုက်ဆံတွေကုန်မှာအစောရဲ့"
အစောလည်းသဘောပေါက်ပါသည်။ပင်တိုင် လင်းခေးသူ့အတွက်နှင့်ပင်ပန်းမှာမလိုလားသည်ကို အစောတင်မဟုတ်လင်းခေးလည်းနားလည်မည်ဆိုတာ အစောသိသည်။စေတနာအမှားနဲ့သာ လင်းခေးဒေါသထွက်နေတာ၊စိတ်ထဲမပါဘဲပြောမှန်း ဘေးကကြည့်လျှင်တောင်သိသာပါသည်။
လင်းခေး အစောဘက်သို့ငိုပြီးပြောနေတဲ့ပင်တိုင့်ပခုံးလေးကိုသာ ဆွဲကိုင်ပြီးကြည့်လိုက်၏။ငိုနေတဲ့ပင်တိုင့်မျက်ရည်လေးတွေကိုလည်း သူညင်သာစွာသုပ်ရင်း...
"အချိန်ရှိပါသေးတယ်ပင်တိုင်ရဲ့ ကိုကိုကြိုးစားပြီးအလုပ်လုပ်မှာပေါ့၊ကိုကိုပင်ပန်းတာမမြင်ချင်ရင် ပင်တိုင်ကစာသာကြိုးစားပေး"
"ဟုတ်ပါတယ်ပင်တိုင်ရယ် လင်းခေးတစ်ယောက်ထဲပင်ပန်းတာမမြင်ချင်ရင် ပင်တိုင်လည်းကူလို့ရတာဘဲ"
ထိုအခါမှပင်တိုင် ပြောနေတဲ့အစောဆီလှမ်းကြည့်လာသည်။
"ပြောမယ်ပြောမယ်နဲ့မပြောဖြစ်တာ အစောတို့သားလေးကိုကျူရှင်ပြပေးပါလား၊အထက်စုထိကျူရှင်သွားတက်ရတာ သားလည်းပင်ပန်းတယ်လေ"
"အစောတကယ်ပြောနေတာလားဟင်"
"တကယ်ပါပင်တိုင်ရဲ့ အထက်စုထိကျောင်းသွားတက်ရ ကျူရှင်လည်းဆက်တက်ရနဲ့ဆိုတော့ ပြန်တဲ့အချိန်ကမှောင်ကလေးကပင်ပန်းနဲ့၊အစောလေရွာထဲက ကလေးမိဘတွေပါလက်ဆင့်ကမ်းပြောပေးမယ်"
အစောစကားကြောင့်ပင်တိုင်အားတက်သွားရာ လင်းခေးကိုဘဲမျှော်လင့်တကြီးကြည့်မိသွား၏။ပင်တိုင့်အကြည့်တွေရဲ့အဓိပ္ပာယ်ကို လင်းခေးလည်းသဘောပေါက်စွာ...
"ပင်တိုင့်သဘောလေ"
လင်းခေးသဘောတူလိုက်လေသည်။အရင်ကထဲက ပင်တိုင်ဆယ်တန်းကျောင်းသားတွေကိုဂိုက်ပြနေတာကြောင့် အငယ်တန်းလေးတွေဖြင့်တော့သိပ်ပင်ပန်းမည်မထင်ပါ။ထို့ကြောင့်သဘောတူမိခြင်းလည်းပါ၏။
🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋
😘မနက်ဖြန်မှ ကိုယ့်ဧည့်စိမ်းနဲ့Uncleကိုတင်ပေးပါမယ်နော်။
(Zawgyi)
"ဘယ္လဲ အကိုေက်ာ့ၿမိဳင္"
မ်က္ႏွာသစ္ရင္းနဲ႕ ၿခံေရွ႕ကျဖတ္သြားတဲ့ကိုေက်ာ့ၿမိဳင္နဲ႕အေစာတို႔ကို လင္းေခးျမင္လိုက္တာေၾကာင့္ အသံက်ယ္က်ယ္ျဖင့္ေအာ္ၿပီးေမးမိသြားေလသည္။ၿခံေရွ႕မွာရပ္ေနၾကတဲ့ ကိုေက်ာ့ၿမိဳင္တို႔အထဲေတာင္ဝင္မလာတာနဲ႕ လင္းေခးဘဲထြက္လာခဲ့ရ၏။
"ဘယ့္ႏွယ့္လဲ ညကအိမ္အျပင္မွာအေတာ္ေလးမွ အိပ္ေကာင္းရဲ႕လားအကိုေက်ာ့ၿမိဳင္"
လင္းေခးၿခံထဲကထြက္လာၿပီး လိုရင္းကိုမေမးျဖစ္ ညကကိစၥကို႐ႊတ္ေနာက္ေနာက္ျဖင့္ ကိုေက်ာ့ၿမိဳင္အားစလိုက္ေသးသည္။သူ႕ရဲ႕႐ႊတ္ေနာက္ေနာက္စကားေၾကာင့္ အေစာကိုၾကည့္ၿပီးၿပဳံးေနတဲ့ကိုေက်ာ့ၿမိဳင္အၿပဳံးေတြက လင္းေခးကိုနားလည္ရခက္သြားေစသည္။အေစာအေပၚ အျပစ္တင္စိတ္တစ္စက္ကေလးမွမေပၚတာဟာ ကိုေက်ာ့ၿမိဳင္ရဲ႕ခ်စ္တက္မႈႀကီးလို႔လင္းေခးလက္ခံလို႔ရေပမဲ့ ထိုေက်နပ္အၿပဳံးႀကီးကိုေတာ့လင္းေခးနားမလည္ပါ။
ကိုေက်ာ့ၿမိဳင္ အေစာကိုၾကည့္ၿပီးၿပဳံးေနတာေၾကာင့္ အေစာကပါေခါင္းေလးငုံ႕သြားၿပီးအေနရခက္ေနသည့္ပုံေပၚတာေၾကာင့္ လင္းေခးႏွစ္ေယာက္လုံးကိုၾကည့္ကာရႈပ္ေထြးေနေလၿပီ။
"ညကကြပ္ပ်စ္ေပၚမွာအိပ္တာဘဲကြာ မနက္က်အိမ္ထဲဘယ္လိုျပန္ေရာက္ေနလဲမသိပါဘူး ဟားဟားဟား"
ရယ္သံႀကီးႏွောၿပီးအားရပါးရေျပာေနတဲ့ကိုေက်ာ့ၿမိဳင္ေျပာမွ လင္းေခးပိုရႈပ္သြားသည္။ညကသူတို႔လည္း ကိုေက်ာ့ၿမိဳင္ကိုအိမ္ထဲထိမပို႔ေပးခဲ့၊အေစာကလည္း မပို႔ေပးဖို႔ေျပာကာတံခါးကိုသာပိတ္သြားခဲ့သည္။ကိုေက်ာ့ၿမိဳင္လဲ မနက္အိမ္ထဲျပန္ေရာက္ေနမွန္းမသိဘူး ေျပာေနပုံကသူကိုယ္တိုင္ဝင္သြားခဲ့သည့္ပုံမေပၚ၊သို႔ေသာ္ သူကိုယ္တိုင္မဝင္ဘဲ အိမ္ထဲေရာက္ေနသည့္အေၾကာင္းကိုေတာ့သိေနသည့္မ်က္ႏွာထားႀကီးဘဲ ေျပာေနျပန္သည္။
"ဒါဆိုအကိုေက်ာ့ၿမိဳင္က အိမ္ထဲဘယ္လိုျပန္ေရာက္ေနတာလဲ"
အိပ္ရာကနိုးၿပီးအိမ္အေပၚမွဆင္းလာတဲ့ပင္တိုင္ အသံျပဳကာေျပာလိုက္သည္မို႔ အားလုံးရဲ႕အၾကည့္ေတြကိုခဏတစ္ျဖဳတ္ေတာ့ဖမ္းစားနိုင္လိုက္သည့္သဖြယ္။ပင္တိုင္ သူတို႔အနားေရာက္မွအၾကည့္ေတြျပန္ခြာသြားေလရဲ႕။
"မသိပါဘူးကြာ အကိုကတန္ခိုးႀကီးတယ္ ဟဲဟဲ။အေစာစိတ္ဆိုးလို႔ ဘယ္ေလာက္ဘဲကြပ္ပ်စ္ေပၚအိပ္အိပ္ ေဟာဗ်ာ...မနက္ဆိုအိမ္ထဲျပန္ေရာက္ေနေကာ"
ကိုေက်ာ့ၿမိဳင္ေျပာေလေလ အေစာေခါင္းေလးပုဝင္သြားေလေလနဲ႕ ေခါင္းကိုေဖာ္မလာေတာ့ေပ။ေခါင္းေတာင္ေဖာ္မလာေတာ့ဘဲ အေစာရွက္ေနပုံေလးကိုၾကည့္ကာသေဘာက်ေနတာေၾကာင့္ ကိုေက်ာ့ၿမိဳင္လည္းလင္းေခးတို႔ကိုေဖာက္သည္ခ်ေျပာဆိုေနျခင္းဘဲျဖစ္သည္။အိမ္ေထာင္သက္၁၅ႏွစ္အတြင္း အေစာနဲ႕ကိုေက်ာ့ၿမိဳင္တို႔ဆိုတာ ေခါင္းကေနအူမအထိတစ္ေယာက္အေၾကာင္းတစ္ေယာက္အကုန္သိ၏။ကိုေက်ာ့ၿမိဳင္အရက္မူးတိုင္း အေစာဘယ္ေလာက္စိတ္ဆိုးဆိုး ကြပ္ပ်စ္ေပၚအိပ္ခိုင္းၿပီး မနက္အိမ္ထဲျပန္ေရာက္ေနသည့္အေၾကာင္းကိုကိုေက်ာ့ၿမိဳင္ေကာင္းေကာင္းသိတာေပါ့။စိတ္ဆိုးသေယာင္နဲ႕တံခါးကိုပိတ္ထားတက္ေပမဲ့ ကိုေက်ာ့ၿမိဳင္အမူးလြန္ၿပီးအိပ္ေမာက်ေနသည့္အခ်ိန္ဆိုလွ်င္ အေစာအိမ္ထဲသို႔မရမကတြဲေခၚၿပီးအိမ္ထဲမွာဘဲအိပ္ေစသည္။၁၅ႏွစ္အတြင္း ထိုအေၾကာင္းကိုကိုေက်ာ့ၿမိဳင္မသိတာလဲမဟုတ္၊တမင္မသိဟန္ေဆာင္ၿပီး အေစာရဲ႕ဂ႐ုစိုက္မႈကိုအထူးတလည္ရယူျခင္းဘဲျဖစ္သည္။
လင္းေခးတို႔ညကအိမ္ထဲပို႔ေပးမည္ဆိုတာလဲ လူေရွ႕သူေရွ႕မို႔အေစာတမင္ဟန္ျပသေယာင္လက္မခံတာဘဲရွိသည္။တကယ္တမ္း လင္းေခးတို႔ထြက္သြားၿပီးသိပ္မၾကာမွ ကိုေက်ာ့ၿမိဳင္ကိုယ္ေလးေလးႀကီးကိုအေစာမရမကတြဲၿပီး အိမ္ထဲေခၚထားျခင္းဘဲျဖစ္ေလသည္။သို႔ေသာ္ ထိုအေၾကာင္းကအစျပန္ေပၚလိမ့္မည္ဟုအေစာထင္မထားခဲ့ပါ။လူမိၿပီးရိပ္မိပုံေပၚမွ အေစာေခါင္းမေဖာ္နိုင္ေအာင္ရွက္ေနရေတာ့သည္။
"အေစာတို႔သြားေတာ့မယ္ေနာ္လင္းေခး ရထားေရာက္ရင္သားတစ္ေယာက္ထဲျဖစ္ေနမွာဆိုးလို႔"
ကိုေက်ာ့ၿမိဳင္ထပ္ၿပီးေဖာ္ေကာင္လုပ္ေနမွာဆိုးသျဖင့္ အေစာစကားကိုျဖတ္ကာ ကိုေက်ာ့ၿမိဳင္ကိုေတာင္မေစာင့္ေတာ့ဘဲ လင္းေခးတို႔ကိုႏႈတ္ဆက္ၿပီးအရင္ထြက္သြားေလသည္။
"အကိုလည္းသြားၿပီေနာ္လင္းေခး"
ရွက္ၿပီးအေစာအရင္ဦးေအာင္ထြက္သြားတာမို႔ ကိုေက်ာ့ၿမိဳင္လည္းလင္းေခးတို႔ကို ကမမ္းကတမ္းႏႈတ္ဆက္ၿပီးဘဲအေစာကိုမွီေအာင္ အေျပးလိုက္ရေတာ့သည္။
"ကိုကို အကိုေက်ာ့ၿမိဳင္ကိုဘယ္သူအိမ္ထဲပို႔လိုက္တာလဲမသိဘူးေနာ္"
အေစာရွက္ေနပုံနဲ႕ ကိုေက်ာ့ၿမိဳင္အရိပ္အကဲကိုၾကည့္ယုံမွ်ျဖင့္ လင္းေခးနားလည္နိုင္သည္။သို႔ေသာ္ ပင္တိုင္ကေတာ့အရိပ္ျပတာေတာင္အေကာင္ျမင္ခဲ့ပုံမရေသးတာေၾကာင့္ ဆက္ၿပီးစဥ္းစားေနတဲ့ပင္တိုင့္ေခါင္းေလးကိုသာ လင္းေခးခပ္ဖြဖြပုတ္ရင္း....
"အေစာေပါ့ပင္တိုင္ရဲ႕"
ဟုသာ လင္းေခးေျပာလိုက္ရသည္။
"အေစာကတစ္မ်ိဳးဘဲေနာ္ကိုကို ညကေတာ့အကိုေက်ာ့ၿမိဳင္ကိုတကယ္စိတ္ဆိုးၿပီး ပစ္ထားေတာ့မဲ့ပုံေနာ္"
"ဟင္း ဒါလဲအေစာခ်စ္တက္တဲ့ပုံစံတစ္မ်ိဳးဘဲေနမွာေပါ့"
အေဝးသို႔ေရာက္ေနၿပီျဖစ္တဲ့အေစာနဲ႕ကိုေက်ာ့ၿမိဳင္တို႔ကိုၾကည့္ရင္း ပင္တိုင္လည္းနားလည္သလိုလိုနဲ႕ေခါင္းသာၿငိမ့္လိုက္ရ၏။
ထို႔ေနာက္ ႐ြာလယ္လမ္းအတိုင္းကြၽဲေတြဆြဲၿပီးလာေနတဲ့အရီးတင္မိကိုျမင္ေနရတာေၾကာင့္ ပင္တိုင္ လင္းေခးရဲ႕အကၤ်ီစေလးကိုသာဆြဲၿပီး သူတို႔ဆီလာေနတဲ့အရီးတင္မိကိုလက္ညိုးထိုးျပလိုက္ရသည္။
ကြၽဲေတြကိုဆြဲၿပီးလာေနတဲ့အရီးတင္မိကို သူတို႔လည္း႐ႊင္ျပစြာဘဲဆီးႀကိဳေနမိသည္။
အရီးတင္မိအနားေရာက္ေတာ့....
"အေစာတို႔ဘယ္သြားၾကတာလဲကြဲ႕"
လမ္းမွာေရွာင္လိုက္ရတဲ့ အေစာတို႔အေၾကာင္းကိုသူမမသိေပမဲ့ သိပုံရတဲ့လင္းေခးတို႔ကိုသာေမးလိုက္သည္။
"အေစာေျပာသြားတာေတာ့
ရထားေရာက္ရင္သားတစ္ေယာက္ထဲျဖစ္ေနမွာဆိုးလို႔လို႔ေျပာၿပီးထြက္သြားတာဘဲအရီးရဲ႕၊တစ္ေယာက္ေယာက္ကိုသြားႀကိဳတာျဖစ္မယ္"
"ေအး အရီးသိၿပီ..အရီးသိၿပီ။သူတို႔သားကိုသြားႀကိဳတာ ႐ြာေက်ာင္းေတြျပန္ဖြင့္ဖို႔ရက္ပိုင္းဘဲလိုေတာ့တာကို"
"သား.."
လင္းေခးနဲ႕ပင္တိုင္တအံ့တၾသေလးျဖစ္ကာ ၿပိဳင္တူေမးလာသည္ကို အရီးတင္မိသေဘာက်စြာၿပဳံးမိသြားသည္။
"အေစာရဲ႕တူေလးပါကြယ္ မိဘေတြကမရွိၾကဘူး၊အေစာနဲ႕ေက်ာ့ၿမိဳင္တို႔ကဘဲ ဒီကေလးေမြးပါၿပီဆိုကထဲကေမြးစားထားၾကတာ။မင္းတို႔ကဘယ္သိပါ့မလဲ သည္ကေလးကလဲေက်ာင္းပိတ္တဲ့လဆို ၿမိဳ႕ကအေစာအေဖဆီကိုအလည္သြားေနတာဆိုေတာ့"
အရီးတင္မိရွင္းျပမွ လင္းေခးနဲ႕ပင္တိုင္တို႔သေဘာေပါက္သြားေတာ့သည္။
"အင္း အလႉရက္ေတာင္ကပ္ေနၿပီထင္တယ္"
"အလႉရက္"
အစမရွိအဆုံးမရွိ အရီးတင္မိေျပာမိသြားတာေၾကာင့္ သူမေဘးကေကာင္ေလးႏွစ္ေယာက္ကို ထပ္ၿပီးအံၾသမိေစျပန္ၿပီ။သူမစမိသည့္စကားကို သူမကဘဲထပ္မံၿပီးရွင္းျပရေတာ့မည္။
"အေစာကဘာလို႔ပိုက္ဆံေတြျခစ္ကုပ္စုေနတယ္ထင္လဲ ဒီႏွစ္ထဲသူတို႔သားေလးကိုလႉခ်င္လို႔စုေနတာ"
အေစာေငြေၾကးေခြၽတာၿပီး သုံးစြဲတက္သည္ကိုေတာ့လင္းေခးတို႔လည္းသိသည္။လိုတာထက္ပိုၿပီးအေစာကိုယ္တိုင္လဲမသုံးသလို ကိုေက်ာ့ၿမိဳင္သုံးလွ်င္လည္းအေစာမႀကိဳက္တက္သည့္အေၾကာင္းကို လင္းေခးတို႔အခုမွသေဘာေပါက္၏။
"ဒါနဲ႕ အရီးကေကာကြၽဲေတြနဲ႕ဘာလုပ္မလို႔လဲ"
လင္းေခး ကိုေက်ာ့ၿမိဳင္နဲ႕အေစာတို႔အေၾကာင္းကိုေသခ်ာသိရေပမဲ့ အရီးတင္မိလာရင္းအေၾကာင္းကိုေသခ်ာမသိရတာေၾကာင့္ေမးမိျခင္းဘဲျဖစ္သည္။
"အရီးတို႔ကမအားေတာ့ဘူးေလ င႐ုပ္ခင္းမွာင႐ုပ္သီးေတြဆြတ္ရင္ ကြၽဲေတြေက်ာင္းဖို႔လူမရွိလို႔ ႐ြာထဲကကြၽဲေက်ာင္းေပးတဲ့လူဆီပို႔မလားလို႔ ယာထဲကဆြဲလာတာ"
"ကြၽန္ေတာ္တို႔ကြၽဲေက်ာင္းေပးရမလားအရီး"
အရီးတင္မိဆြဲလာတဲ့ကြၽဲႏွစ္ေကာင္နဲ႕ ကြၽဲေပါက္ေလးတစ္ေကာင္ကိုၾကည့္ၿပီး လင္းေခးတက္တက္ႂကြႂကြဘဲေျပာထြက္သြားေလသည္။
အားနာသည့္မ်က္ဝန္းေတြျဖင့္ၾကည့္ေနတဲ့အရီးတင္မိကေတာ့....
"မျဖစ္ပါဘူးကြယ္ အရီးသားကမင္းတို႔ကိုကူညီခိုင္းထားတာ၊အရီးကျပန္ၿပီးအကူအညီေတာင္းလို႔မျဖစ္ပါဘူး"
ေခါင္းကိုခါရမ္းလ်က္သာေျပာလာသည္။
"ျဖစ္ပါတယ္အရီးရဲ႕ ကြၽန္ေတာ္တို႔လည္းအားေနတာဘဲကို၊ၿပီးေတာ့ ကြၽန္ေတာ္တို႔ကလည္းလယ္သမားသားသမီးေတြပါ ကြၽဲေတြႏြားေတြနဲ႕မစိမ္းပါဘူး"
"မင္းတို႔ကိုယုံပါတယ္ အရီးကအားနာလို႔ပါ"
"အားမနာပါနဲ႕အရီးရဲ႕ ကြၽန္ေတာ္တို႔ကိုကူညီထားတာနဲ႕တင္ ကြၽန္ေတာ္တို႔ကအေတာ္အားနာေနၿပီ"
လင္းေခးအေတာ္ေလးတက္ႂကြေနသလို ပင္တိုင္လည္းအရီးတင္မိကိုေခါင္းေလးၿငိမ့္ျပလို႔သာ။
"မင္းတို႔ဆိုရင္ပိုစိတ္ခ်တာေပါ့ကြယ္ ကြၽဲေက်ာင္းတဲ့အုပ္ထဲထည့္ရင္လည္း ပိုက္ဆံေပးရတာ၊မင္းတို႔ကိုလည္း အရီးကေပးမွာပါ"
"ေငြကအဓိကမဟုတ္ပါဘူးအရီးရဲ႕ ကြၽန္ေတာ္တို႔ကူညီရရင္ကိုေက်နပ္ေနပါၿပီ"
ေျပာရင္းဆိုရင္း အရီးတင္မိလက္ထဲကႀကိဳးေတြကို လင္းေခးလက္လႊဲယူလိုက္ေလသည္။ၿပီးေနာက္ အိမ္ထဲကတင္းကုပ္ထဲသို႔ဆြဲၿပီးသြင္းသြားသည္ကို အရီးတင္မိလည္းေခါင္းေလးတၿငိမ့္ၿငိမ့္ျဖင့္ၿပဳံးကာၾကည့္ေနမိေတာ့သည္။
"ေမေမေလး...ေမေမေလး"
"ေဟ လာၿပီသမီး..အေျခအေနဘယ္လိုလဲဟင္"
အိမ္ထဲသို႔အေမာတႀကီးဝင္လာေမမိုးဆီ ေဒၚေအးသြယ္အေျခအေနကိုသိခ်င္စိတ္ျဖင့္ေမးျမန္းေနသလို ဦးမိုးျမင့္လည္းတရားစာအုပ္ဖတ္ရင္းဘဲ ေမမိုးဆီကစကားကိုနားစြင့္ေနခဲ့သည္။
"ေအာင္တယ္ေမေမေလးရဲ႕"
ေအာင္စာရင္းထြက္တဲ့ေန႕ျဖစ္ရာ ေမမိုးဆီကစကားကိုၾကားမွ ဦးမိုးျမင့္လည္းစိတ္ေအးနိုင္ေလသည္။သို႔ေသာ္ သူ႕မွာဝမ္းသာမႈကိုထုတ္လဲမျပနိုင္၊ျဖစ္ပ်က္ခဲ့တဲ့ကိစၥေတြေၾကာင့္ မိသားစုဝင္ေတြနဲ႕လည္းမေျပလည္ေသးတဲ့အေျခအေနမွာ ရင္ထဲႀကိတ္ၿပီးသာေပ်ာ္နိုင္သည္။
"ေအာင္တယ္ ေအာင္တယ္ဟုတ္လား"
ဝမ္းသာလြန္ၿပီးမ်က္ရည္ေတြေတာင္စို႔ေနတဲ့ေဒၚေအးသြယ္ကို ေမမိုးေခါင္းၿငိမ့္ၿပီးသာေထာက္ခံလ်က္။
"ေအာင္တယ္ေမေမေလးရဲ႕ ရိုးရိုးေအာင္တာေတာင္မဟုတ္ဘူး၊ပင္တိုင္ကဓာတုနဲ႕ေဘာဂပါဂုဏ္ထူးပါတယ္"
ေမမိုးဝမ္းသာအားရေျပာရင္း အသံေလးလည္းတျဖည္းျဖည္းတိမ္ဝင္သြားေလသည္။သူမမ်က္ဝန္းေတြမွလည္း ေဆြးရိပ္ထင္လာကာ....
"ပင္တိုင္နဲ႕လင္းေခးသာသိရင္ ဝမ္းသာမွာေမေမေလးရဲ႕။သူတို႔ေပ်ာ္ေနမဲ့မ်က္ႏွာေလးေတြကို ေမမိုးၾကည့္ခ်င္လိုက္တာေမေမေလးရယ္"
မ်က္ရည္ေပါက္ႀကီးငယ္က်ၿပီးေျပာလာတဲ့ေမမိုးစကားေၾကာင့္ ေဒၚေအးသြယ္ရင္ထဲနင့္ခနဲသာ။ဝမ္းသာရမည့္အခ်ိန္ျဖစ္ေသာ္ျငား သူမတို႔ရဲ႕မ်က္ႏွာထက္ဝမ္းနည္းမႈတို႔ကအထင္းသားေပၚေနခဲ့သည္။
စိတ္မထိန္းနိုင္တဲ့ေဒၚေအးသြယ္ခမ်ာ အိမ္တံခါးဝမွာငုတ္တုတ္ကေလးထိုင္ၿပီး အဆက္မျပတ္က်ေနတဲ့မ်က္ရည္ေတြအား တဘက္ေလးျဖင့္သုတ္ေနရရွာသည္။
စာေလးတစ္ေစာင္ကိုကိုင္ၿပီး ႐ြာလမ္းအတိုင္းအိမ္ရွိရာသို႔အေျပးလာေနတဲ့လင္းေခးမ်က္ႏွာထက္ အၿပဳံးဝင့္ဝင့္ေတြကိုျမင္ေနရေလသည္။ေက်ာက္ေတာင္အထက္စု႐ြာမွ ေအာက္စု႐ြာသို႔ေရာက္ခ်င္ေဇာျဖင့္ ေနပူပူႀကီးလမ္းေတာင္မေလွ်ာက္နိုင္ဘဲအေျပးလာခဲ့ရာ လူတစ္ကိုယ္လုံးေခြၽးအသီးသီးက်လ်က္ ေက်ာျပင္တစ္ျပင္လုံးလဲေခြၽးကြက္ႀကီးစို႐ႊဲေနေလၿပီ။
ျမင္ေနရတဲ့အိမ္ကေလးဆီက အေစာနဲ႕ကိုေက်ာ့ၿမိဳင္တို႔နဲ႕အတူထိုင္ေနတဲ့ ပင္တိုင့္ကိုျမင္ေလ လင္းေခးပိုၿပီးေပ်ာ္ရေလျဖစ္ရာ ေမာဖို႔ပင္ေမ့ေလ်ာ့ေနေတာ့သည္။
အေဝးကေျပးလာတဲ့သူ႕ကိုျမင္ၿပီး မ်က္ႏွာေလးညိုးက်သြားတဲ့ပင္တိုင္မွာေတာ့ သူ႕အားစိတ္ပူစြာပင္ၾကည့္လို႔။
"ပင္တိုင္...ပင္တိုင္"
အေလာတႀကီးျဖင့္ပင္တိုင့္နာမည္ေလးကိုေအာ္ၿပီး ေျပးလာတဲ့လင္းေခးေၾကာင့္ ပင္တိုင့္လိုဘဲကိုေက်ာ့ၿမိဳင္နဲ႕အေစာတို႔ပါထိတ္သြားရသည္။မနက္ကထဲက သူရဆီမွစာလာသျဖင့္လင္းေခးအေစာႀကီးထၿပီးသြားယူရာ စာထဲတြင္ဘာေတြပါလို႔လင္းေခးဤသို႔ျဖစ္ေနမွန္းမသိေခ်။
ပင္တိုင္လည္းထိုင္ပင္မေနနိုင္ေတာ့ဘဲ သူ႕ဆီေျပးလာေနတဲ့လင္းေခးထံ ပင္တိုင္လည္းအေျပးလာလ်က္....
"ဘာလို႔ေျပးလာတာလဲကိုကိုရယ္ လူတစ္ကိုယ္လုံးလဲေခြၽးေတြနဲ႕"
လင္းေခးနဖူးျပင္မွစီးက်ေနတဲ့ ေခြၽးစေလးေတြကိုသုတ္ရင္းသာ စိတ္ပူစြာျဖင့္ေျပာေနေတာ့သည္။ပင္တိုင္သာစိတ္ပူေနတယ္ ေမာေနသည့္ၾကားကအၿပဳံးမပ်က္တဲ့လင္းေခးကေတာ့ သူ႕ေရွ႕ကစိတ္ပူေနတဲ့ပင္တိုင့္ကိုယ္ေလးကိုသာသိမ္းက်ဳံးၿပီးဖက္လိုက္ေလသည္။
လူတစ္ကိုယ္လုံးေခြၽးမ်ားစို႐ႊဲေနသည့္ လင္းေခးရင္ခြင္က်ယ္က်ယ္မွာ ပင္တိုင္လည္းေခါင္းေလးထပ္က်သြားရသည္။စို႐ႊဲေနတဲ့ေခြၽးစိုစိုေလးေတြကလည္း ပင္တိုင့္ကိုယ္ေလးအားထိစပ္ေနသည္ကို ခံစားရေလသည္။
လင္းေခးအေမာမေျပေသးသည့္ၾကားက အသံေတြလည္းတုန္ယင္စြာ.....
"ပင္တိုင္ဆယ္တန္းေအာင္တယ္ ပင္တိုင္ရဲ႕"
ၾကားလိုက္ရတဲ့စကားေၾကာင့္ ပင္တိုင္မ်က္လုံးေလးေတြပင္ျပဴးက်ယ္သြားၿပီး လင္းေခးအားခ်က္ခ်င္းေမာ့ၾကည့္မိသြားသည္။အေပ်ာ္ႀကီးေပ်ာ္ေနတဲ့လင္းေခးကိုျမင္ၿပီး ပင္တိုင္လည္းမၿပဳံးလည္းမေနနိုင္ပါ။ေအာင္စာရင္းေၾကာင့္ေပ်ာ္႐ႊင္ရသလို ခ်စ္ရသူရဲ႕ေမွ်ာ္လင့္ခ်က္ေတြျပည့္ဝၿပီးၿပဳံးေနတဲ့အၿပဳံးေတြကိုလည္း ပင္တိုင္ေမ့နိုင္ပါေတာ့မည္နည္း။
ေအာင္စာရင္းထြက္မည့္ေန႕ကို ပင္တိုင္ကိုယ္တိုင္ေကာလင္းေခးပါေမ့ေလ်ာ့ေနရာ သူရစာျဖင့္လွမ္းအေၾကာင္းၾကားမွသိရသည္။စာထဲမွာေရးထားသည္ကို လင္းေခးဖတ္ရခ်ိန္ကဆိုလွ်င္ ေပ်ာ္လြန္းလို႔ထခုန္မိသည္အထိပင္။
လင္းေခး ဖက္လို႔ထားတဲ့ပင္တိုင့္ကိုယ္ေလးကိုသာခဏခြာေပးလိုက္၏။ၿပီးလွ်င္ ပင္တိုင့္မ်က္ႏွာေလးကိုတစ္ဝႀကီးၾကည့္ၿပီး ၿပဳံးလ်က္...
"ဂုဏ္ထူးလည္းပါတယ္ပင္တိုင္ရဲ႕ ဓာတုနဲ႕ေဘာဂႏွစ္ဘာသာေတာင္"
ေျပာေနတဲ့လင္းေခးကိုၾကည့္ၿပီး ပင္တိုင္စကားေတာင္မေျပာနိုင္ပါ။လင္းေခးေပ်ာ္ေနတာျမင္ရတာနဲ႕တင္ ပင္တိုင္ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္ၿပဳံးေနမိ၏။
"ပင္တိုင္ကေတာ္လိုက္တာကြယ္"
အေစာဂုဏ္ယူစြာေျပာလာသည္ကို ကိုေက်ာ့ၿမိဳင္လည္းမိန့္မိန့္ႀကီးၿပဳံးၿပီးသာေထာက္ခံေန၏။လင္းေခးမွာေတာ့ ပင္တိုင့္ကိုဖက္ကာ ဂုဏ္ယူဝင့္ႂကြားစြာၿပဳံးလ်က္။
"ကိုကိုအလုပ္ေတြႀကိဳးစားလုပ္မယ္ ပင္တိုင္ဘြဲ႕ရတဲ့အထိေနရမယ္ေနာ္"
"ဟင္"
လင္းေခးအားတက္သေရာေျပာလာသည္ကို ပင္တိုင္ထူးဆန္းစြာၾကည့္လာသည့္အၾကည့္ေၾကာင့္ လင္းေခးဘဝင္မက်စြာဘဲျပန္ၾကည့္မိသြားသည္။
"ဘာျဖစ္လို႔လဲပင္တိုင္ရဲ႕"
"ပင္တိုင္တကၠသိုလ္ဆက္မတက္ေတာ့ပါဘူး"
"ဘာ!"
ၿပဳံးေပ်ာ္ေနတဲ့မ်က္ႏွာအသြင္အျပင္ေပ်ာက္ကာ ေဒါသတစ္ႀကီးျဖင့္လင္းေခးထေအာ္လိုက္တာေၾကာင့္ ပင္တိုင္ရင္ေတာင္တုန္သြား၏။ေဘးမွာရပ္ေနတဲ့ အေစာနဲ႕ကိုေက်ာ့ၿမိဳင္လည္း တစ္ခါမွမျမင္ဖူးတဲ့လင္းေခးပုံစံေၾကာင့္မွင္သက္သြားရေလသည္။
"မင္းဘာေျပာလိုက္တယ္ တပင္တိုင္"
"ပင္တိုင္ ပင္တိုင္ဆက္မတက္ေတာ့ဘူးလို႔"
ေဒါသထြက္ေနတဲ့လင္းေခးေၾကာင့္ ပင္တိုင္အသံေတြလည္းတုန္ယင္လ်က္ပင္။
လင္းေခးေဒါသထြက္ေနသျဖင့္ ကိုေက်ာ့ၿမိဳင္လည္းအေျခအေနကိုဝင္ထိန္းမည္ျပင္ရာ အေစာကဘဲကိုေက်ာ့ၿမိဳင္ကိုဆြဲတားလိုက္ရသည္။
"ကိုကိုပင္ပန္းမွာေၾကာက္လို႔ပါ ပင္တိုင့္ကိုစိတ္မဆိုးပါနဲ႕"
"ငါေယာက်ာ္းကြ မင္းကိုေက်ာင္းၿပီးေအာင္ထားနိုင္တယ္ နားလည္လား။ငါနဲ႕ခိုးေျပးလာၿပီးမွ မင္းကိုေက်ာင္းေတာင္ၿပီးေအာင္မထားနိုင္တဲ့ေကာင္ျဖစ္ရင္ ငါအသုံးမက်လိဳ႕ဘဲ"
"မဟုတ္ပါဘူးကိုကိုရယ္ ပင္တိုင္ေျပာတာက..."
ပင္တိုင္ေျပာဖို႔စကားေတြရွိေပမဲ့ ႏႈတ္ကထြက္မလာေတာ့ေခ်။ေဒါသထြက္ေနတဲ့လင္းေခးကိုၾကည့္ၿပီး ရင္ထဲဆို႔နစ္ေနတာဘဲသိသည္။
"ဟုတ္သားဘဲပင္တိုင္ရယ္ လင္းေခးေျပာသလိုေက်ာင္းၿပီးေအာင္ေနရမွာေပါ့"
ႏွစ္ေယာက္သားအေျခအေနမဟန္တာနဲ႕ အေစာကဘဲၾကားဝင္ထိန္းေပးလိုက္ရ၏။
လင္းေခးကိုသာပင္တိုင္ေျပာမထြက္ေပမဲ့ အေစာကိုေတာ့ပင္တိုင္စကားေျပာရဲတာေၾကာင့္....
"ပင္တိုင္ေက်ာင္းဆက္တက္ရင္ ပိုက္ဆံေတြကုန္မွာအေစာရဲ႕"
အေစာလည္းသေဘာေပါက္ပါသည္။ပင္တိုင္ လင္းေခးသူ႕အတြက္ႏွင့္ပင္ပန္းမွာမလိုလားသည္ကို အေစာတင္မဟုတ္လင္းေခးလည္းနားလည္မည္ဆိုတာ အေစာသိသည္။ေစတနာအမွားနဲ႕သာ လင္းေခးေဒါသထြက္ေနတာ၊စိတ္ထဲမပါဘဲေျပာမွန္း ေဘးကၾကည့္လွ်င္ေတာင္သိသာပါသည္။
လင္းေခး အေစာဘက္သို႔ငိုၿပီးေျပာေနတဲ့ပင္တိုင့္ပခုံးေလးကိုသာ ဆြဲကိုင္ၿပီးၾကည့္လိုက္၏။ငိုေနတဲ့ပင္တိုင့္မ်က္ရည္ေလးေတြကိုလည္း သူညင္သာစြာသုပ္ရင္း...
"အခ်ိန္ရွိပါေသးတယ္ပင္တိုင္ရဲ႕ ကိုကိုႀကိဳးစားၿပီးအလုပ္လုပ္မွာေပါ့၊ကိုကိုပင္ပန္းတာမျမင္ခ်င္ရင္ ပင္တိုင္ကစာသာႀကိဳးစားေပး"
"ဟုတ္ပါတယ္ပင္တိုင္ရယ္ လင္းေခးတစ္ေယာက္ထဲပင္ပန္းတာမျမင္ခ်င္ရင္ ပင္တိုင္လည္းကူလို႔ရတာဘဲ"
ထိုအခါမွပင္တိုင္ ေျပာေနတဲ့အေစာဆီလွမ္းၾကည့္လာသည္။
"ေျပာမယ္ေျပာမယ္နဲ႕မေျပာျဖစ္တာ အေစာတို႔သားေလးကိုက်ဴရွင္ျပေပးပါလား၊အထက္စုထိက်ဴရွင္သြားတက္ရတာ သားလည္းပင္ပန္းတယ္ေလ"
"အေစာတကယ္ေျပာေနတာလားဟင္"
"တကယ္ပါပင္တိုင္ရဲ႕ အထက္စုထိေက်ာင္းသြားတက္ရ က်ဴရွင္လည္းဆက္တက္ရနဲ႕ဆိုေတာ့ ျပန္တဲ့အခ်ိန္ကေမွာင္ကေလးကပင္ပန္းနဲ႕၊အေစာေလ႐ြာထဲက ကေလးမိဘေတြပါလက္ဆင့္ကမ္းေျပာေပးမယ္"
အေစာစကားေၾကာင့္ပင္တိုင္အားတက္သြားရာ လင္းေခးကိုဘဲေမွ်ာ္လင့္တႀကီးၾကည့္မိသြား၏။ပင္တိုင့္အၾကည့္ေတြရဲ႕အဓိပၸာယ္ကို လင္းေခးလည္းသေဘာေပါက္စြာ...
"ပင္တိုင့္သေဘာေလ"
လင္းေခးသေဘာတူလိုက္ေလသည္။အရင္ကထဲက ပင္တိုင္ဆယ္တန္းေက်ာင္းသားေတြကိုဂိုက္ျပေနတာေၾကာင့္ အငယ္တန္းေလးေတြျဖင့္ေတာ့သိပ္ပင္ပန္းမည္မထင္ပါ။ထို႔ေၾကာင့္သေဘာတူမိျခင္းလည္းပါ၏။
😘မနက္ျဖန္မွ ကိုယ့္ဧည့္စိမ္းနဲ႕Uncleကိုတင္ေပးပါမယ္ေနာ္။