ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book...

Bởi Shi_Sheng

125K 18.5K 427

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် (ဒု- တွဲ) အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်း... Xem Thêm

မိတ်ဆက်နှင့် အညွှန်း
(၁၉၀) ထူးဆန်းတဲ့အိပ်မက်တဲ့လား? အာ ဒါက စွမ်းအားတစ်ခုပဲ
(၁၉၁) မင်းသားတစ်ပါး ကံတော်ကုန်၊ ဇာတ်လိုက်မ ပြန်ရောက်လာ
(၁၉၂) လင်အိမ်တော်ရဲ့သမီးလက်ထပ်လေပြီ
(၁၉၃) မင်းသားလေး မွေးလာ
(၁၉၄) စစ်ဖြစ်လေပြီ
(၁၉၅) ဇာတ်လိုက်မင်းသမီးအဖြစ် လျှောက်ရတဲ့ ခရီးလမ်းက ပန်းခင်းလမ်း ဟုတ်မနေဘူး
(၁၉၆) မြင်းတွဲဗျူဟာ
(၁၉၇) ဓားပြတွေ၊ မိန်းကလေးတွေကို ထားခဲ့
(၁၉၈) ဓားပြတွေကို ရိုက်
(၁၉၉) ယခင်က အသိအကျွမ်း၊ အကူအညီ တောင်းစရာရှိ
(၂၀၀) ပျောက်ကြားစစ်ဆင်ရေး၊ ရန်သူစခန်းအတွင်းပိုင်း
(၂၀၁) စစ်ရေး အကြံပေးကို လုပ်ကြံ
(၂၀၂) ရဲရင့်ပြောင်မြောက်စွာတိုက်ခိုက်သော တိုက်ပွဲ
(၂၀၃) နေရာတကာမှာ ရှိနေနိုင်တဲ့ ဇာတ်လိုက်
(၂၀၄) သနားစရာကလေးငယ်
(၂၀၅) ဆန်ကုန်မြေလေး၊ ဘယ်နေရာမှ အသုံးမကျ
(၂၀၆) ကျွန်မ မသေခင်ရှင့်ဖို့ပေးတဲ့လက်ဆောင်
(၂၀၇) လင်မယား နောက်ဆုံးတော့ ပြန်တွေ့ပြီ
(၂၀၈) စစ်သားတွေကိုလေ့ကျင့်၊ ဇနီးမောင်နှံတစ်သားတည်း
(၂၀၉) မမ...! တူတူ အိပ်ရအောင်...!
(၂၁၀) ခွက်တွေကိုခွဲပစ်တဲ့ စစ်ဗျူဟာမှူး
(၂၁၁) တိုက်ပွဲကြီး၊ မြင်းတွဲဗျူဟာခင်းပုံကို ဖြိုခွဲ အနိုင်ယူ
(၂၁၂) ကျွေးတဲ့လက်ကိုပြန်ကိုက်တဲ့ ဇာတ်လိုက်မ
(၂၁၃) ကံကဆိုး၊ မြေအောက်အကျဉ်းထောင်တွင်း ချုပ်နှောင် ပိတ်ထားခံရ
(၂၁၄) အပြစ်ပေးခြင်း၊ ဇနီးမောင်နှံမျှဝေခံစား
(၂၁၅) ပြစ်ဒဏ်ကို မျှဝေခံစား
(၂၁၆) အိပ်ယာကိုမီးရှို့
(၂၁၇) လင်မိန်းကလေးရဲ့ ခင်ပွန်း
(၂၁၈) ကွာရှင်းစာချုပ်
(၂၁၉) ယမ်းမှုန့် ဖန်တီးထုတ်လုပ်
(၂၂၀) ဗုံးများ
(၂၂၁) ပဒိုင်းညို
(၂၂၂) ရန်သူဖက်ကိုပြောင်း၊ ချန်ထောက်ရဲ့မိသားစု
(၂၂၃) ဝိညာဉ်ကူးပြောင်းလာသူ နှစ်ယောက်ကြားက ပွဲ
(၂၂၄) ဂြိုလ်ဆိုးဝင်၊ ဗျူဟာထဲက ဗျူဟာများ
(၂၂၅) ချန်ထောက်၏ သေခြင်း
(၂၂၇) ဒုတပ်မှူး၊ ရန်သူဘက်မှ အမျိုးသမီး စစ်သူကြီး
(၂၂၈) အံ့အားသင့်၊ မာနကြီးကြီး ဝိဉာဥ္ကူးလာတဲ့မိန်းမ
(၂၂၉) ကြာပန်းဖြူနဲ့ မင်းသမီးရူးပြိုင် ဘယ်သူနိုင်
(၂၃၀) ယွီခွမ်းတဖြည်းဖြည်းအရည်ပျော်လာ
(၂၃၁) မမျှော်လင့်ထားသော အမှားကြီးတစ်ခု

(၂၂၆) မင်းသမီးရူး ရူးတာကလည်းရောဂါပဲ

2.3K 345 11
Bởi Shi_Sheng

Burmese Translation of "Doomed to be Cannon Fodder".

Translator - ဂွေ့စ်

(၂၂၆) မင်းသမီးရူး ရူးတာကလည်းရောဂါပဲ

ရလာဒ်အနေနဲ့ကတော့ ပိုင်ရှန်းရှို့က သူ့ကိုအဲ့ကတည်းက ကြည့်မရတော့တာပဲ။ ဆုယွင်က သူမတို့နှစ်ယောက် နောက်တစ်ခါတွေ့တော့ သူမရဲ့ အသစ်ကျပ်ချွတ်ချစ်စရာရည်းစားလေးကိုကြွားတာပေါ့။ ဒီတစ်ခါတော့ ပိုင်ရှန်းရှို့ ဘာမျက်နှာမှထောက်မနေတော့ဘူး။
"မင်းသမီးရူး ရူးတာလည်း ရောဂါပဲဟဲ့။ နင်ဆေးခန်းပြသင့်တယ်"
အဲ့လိုဒဲ့လည်းကစ်လိုက်ရော ပြန်လှည့်ထွက်သွားတော့တာပဲ။ နောက်ပိုင်းတော့အဲ့ကောင်လေးနဲ့လည်းပြတ်သွားတယ်လို့ကြပါတယ်။ တချို့ကလည်းအဲ့ကောင်လေးကို လမ်းပေါ်မှာ စျေးကြီးကြီး sportကားကိုမောင်းသွားတယ်လို့ပြောကြတယ်။ သူတို့ကွဲသွားကြပြီကြားပေမယ့် ဘာလို့ကွဲတာလဲတော့ မမေးဖြစ်ဘူး။

အဲ့ဒီမင်းသမီးရူးနဲ့ပတ်သတ်ပြီး စိတ်ထဲသိပ်တော့မရှိပါဘူး။ တကယ်လည်းသူမကအဲ့ကောင်လေးကိုကြိုက်ခဲ့တာကိုး။ ဒီလိုမျိုးအသဲကွဲကျန်နေခဲ့ရလိမ့်မယ်လို့တွေးမထားမိခဲ့ဘူး။ ဒါတွေက အတိတ်မှာဖြစ်ခဲ့တဲ့ကိစ္စတွေဆိုပေမယ့် အခုလောကမှာလာပြီးနှစ်ယောက်က ဆုံရတယ္လို့။ တစ်ချိန်တည်းမှာပဲ သူမ သိတဲ့ဆုယွင်ကတစ်ယောက်တည်းဟုတ်ရဲ့လားဆိုတာလည်း သေတော့မသေချာသေးဘူး။သေချာသိအောင်စောင့်ကြည့်ရဦးမယ်။

သူမရုတ်တရက် မော်ဒန်ခေတ်ကိုတောင်လွမ်းသွားတယ်။ ဒါပေမယ့် အခုချိန်က ခံစားချက်များနေရမယ့်အချိန်မဟုတ်ဘူး။ သူမနားမွာ တိုက်ပွဲတွေဖြစ်နေကြတာ။ နေ၀င်သွားတဲ့အထိ မပြီးနိုင်သေးဘူး။ စိတ်အရမ်းညစ်ဖို့ကောင်းတယ်။  တကယ်တမ်းမှာ စစ်ပွဲတွေဆိုတာ ဘယ်လောက်ဆိုးဝါးရက်စက်တဲ့အရာလဲဆိုတာ ပိုင်ရှန်းရှို့နားလည်သွားပြီ။ ဒါပေမယ့်လည်း အရင်လို ဘာမှမဖြစ်တဲ့ပုံဖမ်းထားရတာပေါ့။ သူမရုတ်တရက် စစ်သားတွေရဲ့ အစားအသောက်အတွက်စိတ်ပူလာမိတယ်။ အားလုံးကတိုက်နေရတုန်းလေ။

ချက်ချင်းပဲ အစေခံတွေကိုခေါ်ပြီး ပြောင်းဖူးမုန့်တွေဖုတ်ခိုင်းလိုက်တယ်။ ပြီးတာနဲ့ စစ်သားတွေဆီကိုသွားပြီးလိုက်ဝေပေးခိုင်းလိုက်တာပေါ့။ သူမကိုယ်တိုင်လည်းအလုပ်သမားတွေနဲ့တန်းတူအလုပ်လုပ်တယ်။ စစ်သူကြီးရဲ့ ဇနီးက သူတို့နဲ့အတူတူအန္တရာယ်များတာတွေလုက်တယ်ဆိုပြီး လူတွေကယုံကြည်သွားကြတော့တာပေါ့။ တချို့စစ်သားတွေဆို ဗိုက်ဆာလွန်းလို့ လှုပ်တောင်မလှုပ်နိုင်တော့ဘူး။  ရန်သူဖက္က ဆက္တိုက်ဆိုသလို ထိုးစစ်ဆင်နေတာကြီးတွေက သူတို့ကို ကြောက်စိတ်တွေဖြစ်စေတယ်။ ဒါပေမယ့် ရုတ်တရက် သူတို့နားကို မိန်းမလှဘေးကလာပြီးပြောင်းဖူးမုန့်တွေပေးတယ်လေ။ ပြောင်းဖူးမုန့်ကအရသာရှိလွန်းနေတာမျိုးတော့မဟုတ်ပေမယ့် အစာအိမ်ကိုတော့ နွေးသွားစေတာပေါ့။

အဓိက အရေးကြီးဆုံးက သူတို့အခုစစြ္ပဲထဲမွာ။ တိုကြ္ပဲက တစ်နေ့နဲ့တစ်ညကြာနေပြီ။ ပိုင်ရှန်းရှို့နဲ့စစ်သားတွေက သူတို့ရဲ့ရန်ကိုသေချာခုခံနေတဲ့အချိန်မှာ ရန်သူဖက္က ယူလာတဲ့ဗုံးတွေက ကုန်သလောက်ဖြစ်နေပြီ။ ပိုင်ရှန်းရှို့က ပြောင်းမုန့်တွေဝြေပီးတာနဲ့ မီးယမ်းမှုန့်ဗုံးထုတ်တဲ့ဆီကို ချက်ချင်းပြေးသွားတာပဲ။ ဖြည်းဖြည်းချင်းနဲ့သေချာပေါက် ဗုံးတွေကို သူမ တစ်ခုပြီးတစ်ခုဖန်တီးတော့တယ်။ တစ်ညအတွင်းမှာပဲ ဗုံးရာချီလုပ်နိုင်မှာသေချာတယ်။

အားကောင်းကောင်းနဲ့ပေါက်ကွဲတဲ့ လက်ပစ်ဗုံးတစ်ရာက မော်ဒန်ခေတ်ကစစ်ပွဲတွေမှာသုံးတာနဲ့ သိပ္မကြာဘူး။ ဒါပေမယ့် ရှေးခေတ်မှာတော့ ဒီလိုအင်အားမျိုးက ကောင်းကင်ကိုတောင်အံတုလို့ရသေး။ မြို့ကိုဝိုင်းထားတာနဲ့ မြို့ကအဝိုင်းခံရတာ နှစ်ခုက မတူဘူး။ ယွီခွမ်းနဲ့ဝူးလင်ကလူတွေကတော့ လူစုစု စုစုမြင်တာနဲ့ ဗုံးကောက်ပစ်ကြတော့တာပဲ။ သူတို့ရဲ့ကိုယ်ဖော့တဲ့ပညာက အရမ်းကောင်းတော့ ရန်သူလည်းသူတို့ကိုလိုက်လို့မမှီဘူး။ လူတွေစုနေတာမြင်တိုင်း ဗုံးတစ်လုံးတစ်နဲ့။ တစ်ခါပစ်ရင် လူတစ်ဒါဇင်လောက်တော့ အသာလေးပဲ။

ရန်သူလည်း ကြောက်စပြုလာပြီ။ သူတို့ဖက္က တပ်သားအရေအတွက်လျော့လာသလို ပိုင်ရှန်းရှို့ရဲ့ဗုံးတွေကလည်း အတော်လေးကိုအားပြင်းတယ်။ သူတို့ရှုံးနေပြီဆိုတာကိုမြင်တော့ အာရုံတက်တာနဲ့ နောက်ပြန်ဆုတ်သွားကြတော့တယ်။ မင်းသားရုံဆို ချွေးစေးတောင်ပြန်တယ်။
သူသာ မနေ့ညက ကြောက်လန့်ပြီးလုံဟန့်ဆီကိုစာပို့လိုက်ရင် နင်ကျင်းတင်မကဘူး ဆုံးရှုံးစရာတွေများသွားမှာ။အမှန်အတိုင်းပြောရရင် တိုင်းပြည်ရဲ့တစ်၀က်လောက်အထိကို ပါသွားနိုင်တယ်။ သူတို့ရဲ့ အောင်မြင်မှုက ပိုင်ရှန်းရှို့ကြောင့်ပဲ။ ကေလးမေလးကို သူ့မွေးစားညီမလုပ်လိုက်တာ တကယ်မှန်သွားတယ်။

နေထွက်တာကိုမမြင်ရတာ နှစ်ပေါင်းများစွာကြာနေတဲ့သူလို သူခံစားနေရတယ်။ အဲ့အချိန်မှာပဲ တစ်ယောက်က သတင်းပို့လာတယ်။
"အရှင့်သား အရေးပေါ်ကိစ္စပါ။ သခင်မရှို့မူးလဲသွားပါတယ်။"

"ဒါဆို သမားတော်မြန်မြန်သွားခေါ်ကြလေကွာ!"

"သမားတော်တွေလည်း မအားပါဘူး"

"ဒါဆိုလည်း သူ့ကိုစောင့်ရှောက်ဖို့ မိန်းမစေတစ်ယောက်ပို့လိုက်"

"ကျုပ်သွားကြည့်ပေးမယ်။ တောင်ပေါ်မှာနေတုန်းက ဆေးပညာနည်းနည်းသင်ဖူးတယ်။"
ယွီခွမ်းရဲ့အသံကဘေးက ထွက်လာတယ်။သူ့တစ်ကိုယ်လုံးသွေးတွေရွှဲနစ်လို့ မကောင်းဆိုးဝါးတစ်ကောင်နဲ့တောင်တူနေသေး။

တိုက်ပွဲထဲက ဝူးလင်ကလူတွေလို တစ်ချက်တစ်ချက် မာနကြီးပြီးထိန်းမရတဲ့သူတွေကိုတောင် ပြောင်းလဲသွားစေတယ်။ စစရောက်တုန်းကထက်စာရင် အတော်လေး ပြောစကားနားထောင်တတ်နေပြီ။ စစြ္ပဲထဲမွာဆို သူတို့တစ်ယောက်ချင်းရဲ့ဖြစ်တည်မှုက ဘာမှထူးခြားနေတာမရှိတော့ဘူးဆိုတာကို နားလည်သွားတာကိုး။  တိုကြ္ပဲထဲမွာဆို တစ်ယောက်ချင်းဆီရဲ့ ခွန်အားက အဲ့လောက်အရေးမပါလှဘူး။ အဲ့ထဲမွာဆို ဘယ်သူကမွ နတ္ဘုရားလို အင်အားမကြီးနိုင်ကြဘူး။

မြို့တော်မှာမဟုတ်တော့ စည်းတွေဘောင်တွေကို မင်းသားရုံသိပ်ကြည့်မနေတော့ဘဲ ယွီခွမ်းရဲ့ပြောစကားကိုလက်ခံလိုက်တယ်။  ယွီခွမ်းက အင်္ကျီလဲပြီးပိုင်ရှန်းရှို့ရဲ့အခန်းထဲကို၀င်သွားတာပေါ့။ သူမက အိပ်ယာပေါ်မှာအိပ်ပျော်နေတယ်။ ကျင့်၀တ်ထုံးတမ်းတွေ၊ အတွင်းဆောင်စည်းမျဉ်းတွေဆိုတာ ဒီဖက်မှာ အဲ့လောက်အရေးမပါလှဘူး။ သူမရဲ့ မိန်းမစေလေးကဆို လိုက်ကာတောင်ချမထားဘူး။ ယွီခွမ်းက သူမလက်ကိုကိုင်ပြီးသွေးခုန်နှုန်းစမ်းကြည့်လိုက်တယ်။ သူ့ရဲ့ဆေးပညာအသိအရဆို အေမာလြန်သြားလို့မူးလဲသြားတာပဲ။ "သခင်မက အားပြတ်ပြီး မူးလဲသွားတာ။ သူနိုးလာရင် အားရှိတာလေးကျွေးလိုက်ကြ"

အစေခံလေးက တစ်ခုခုပြောရမှာခက်နေသလိုနဲ့
"အားရွိတဲ့ အစားအစာက ဘာလဲဟင်? သခင်မက အားရှိလောက်တာတွေအကုန် တပ်သားတွေကို ကျွေးလိုက်ပြီ!"

"ဒါဆိုလည်း ငါပဲရှာယူလာပေးတော့မယ်"
ယွီခွမ်းက ပိုင်ရှန်းရှို့ကိုစောင်ပြန်ခြုံပေးလိုက်တယ်။ ဒီတစ်ခါတော့ သူမအပေါ်ထားတဲ့သူ့ရဲ့ခံစားချက်တွေက ယွီရှုလိုပဲ။ ဒီမိန်းကလေးကို သူမျက်နှာလွှဲခဲပစ်မလုပ်နိုင်တော့ဘူး။  သူမက သူ့လေးစားမှုနဲ့ထိုက်တန်တဲ့အမျိုးသမီးပဲ။ သူမရဲ့ သတ္တိရှိတာကိုလည်းလေးစားသလို သူ့တိုင်းပြည်နဲ့ သူ့ခင်ပွန်းအတွက် စွန့်စားပေးတာတွေကိုလည်း လေးစားတယ်။

ယွီခွမ်းကတောင်တွေပေါ်သွားပြီး ကြက်ရှာတယ်။ ပြီးတော့ အစေခံတွေကို ကြက်စွပ်ပြုတ်ချက်ခိုင်းလိုက်တယ်။ စုန့်ကျောင်းယွဲ့အတွက်တောင်ပါသေး။ အဲ့လူကို သူသဘောမကျလှပေမယ့် သူလည်းဒဏ်ရာရထားတာဆိုတော့ လုပ်ပေးဖို့ဆုံးဖြတ်လိုက်တာ။

ပိုင်ရှန်းရှို့နိုးလာတော့ ကြက်သားစွပ်ပြုတ်ကိုစားရတယ်။ သူမ အသားမစားရတာကြာပြီဆိုတော့ စွပ်ပြုတ်နံ့ကနည်းနည်းမွှေးလွန်းနေတယ်။  သူမ နှစ်ဇွန်းလောက်အားတင်းသောက်ပြီး မေးလိုက်တာပေါ့။
"ကြက်က ဘယ်ကရလာတာလဲဟင်?"

"သူရဲကောင်းယွီက သခင်မအတွက် ရှာပေးတာလေ။ သခင်မခန္ဓာကိုယ်က အရမ်းအားနည်းနေလို့ အားရှိတာစားပေးရမယ်တဲ့။ သူက သခင်စုန့်အတွက်လည်းလုပ်ပေးသေးတယ်။"

"သခင်စုန့်ရော ဘယ်လိုနေသေးလဲ?"

"သူကတော့နိုးနေပါပြီ။ ဒဏ်ရာကနည်းနည်းများပေမယ့် အဆင်ပြေမှာပါ"

"သတင်းကောင်းပဲ" သူမနှုတ်ခမ်းကိုပိတ်ထားလိုက်တော့တယ်။ မီးခိုးခေါင်းတိုင်နောက်မှာဖြစ်ခဲ့တဲ့ကိစ္စတွေကို တခြားလူတွေဆီပြောစရာဘာအကြောင်းမှ မရှိဘူးလေ။ သူမ နှုတ်ခမ်းလေးကို အသာအယာထိလိုက်မိတယ်။ သူမပဲ အထင်မှားတာလား? ဒါမှမဟုတ် သူကပဲသေချာလုပ်တာလား?  ကံမကောင်းချင်တော့ အဖြေကိုသူမဘယ်တော့မှရတော့မှာမဟုတ်ဘူး။ လောလောဆယ်အရေးကြီးဆုံးက သူမ အနားသေချာယူဖို့ပဲ။

သူမလည်းအိပ်ယာကထနိုင်ရော လုံဟန့်ဆီကနေမမျှော်လင့်တဲ့စာတစ်စောင်ရောက်လာတယ်။ သူမ၀မ်းသာအားရဖတ်ကြည့်လိုက်တော့ လုံဟန့်လောလောဆယ် ထူးထူးဆန်းဆန်းအခက်အခဲအတော်ကြီးကြုံနေရတယ်။ အဲ့ဟာကြီးက ကြောက်စရာလည်းကောင်းသလို အတော်လေးလည်းထူးဆန်းတယ်။ သူတစ်ယောက်တည်းမရှင်းနိုင်လို့ သူမရဲ့အကူအညီလိုတယ်။

ပိုင်ရှန်းရှို့ပြုံးလိုက်မိတယ်။ ဒါ မော်ဒန်ခေတ်ကလာတဲ့ သူမရဲ့ရန်သူတော်ကျေးဇူးပဲနေမယ်။ ဒါပေမယ့်လည်း အသေခံဗုံးခွဲသမားတွေသုံးတာကတော့ နည်းနည်း မရက်စက်လွန်းဘူးလား? ဒါမျိုးနောက်တစ်ခါထပ်လုပ်ရင်တော့ ပညာပေးဖို့လိုပြီထင်တယ်။ ပိုင်ရှန်းရှို့က လုံဟန့်စာအကြောင်းမင်းသားရုံကိုသတင်းပို့လိုက်တယ်။ ပြီးတော့ ယောကျာ်းလေးလို၀တ်စားပြီး လုံဟန့်ဆီထွက်လာခဲ့တော့တာပေါ့။

လုံဟန့်ကတော့အတော်လေး ပြဿနာတက်နေတယ်။ လူတစ်ယောက်မှာ ဒီလိုလှည့်စားစရာအကွက်ဆန်းတွေအများကြီးရှိနေမယ်လို့သူဘယ်တုန်းကမှ မတွေးမိခဲ့ဖူးဘူး။ ရန်သူဖက်က တကယ့်ကို မလျော်ကန်နေဘူး။ မကြာခဏဆိုသလို သူတို့စခန်းတွေထဲမှာပုန်းနေပြီး မတိုက်ဘဲ နေနေတယ်။ တိုက်ပြိဆိုရင်လည်း အကွက်ဆန်းကြီးတွေက ထုတ်လာပြန်ရော။  အစတုန်းကဆို မြင်းတပ်တွေက တိုက်ပွဲစဖို့ရုတ်တရက်ထွက်လာတယ်။ ဒါပေမယ့်ချက်ချင်းပဲပြန်ဆုတ်သွားရော။ လုံဟန့်တို့ကနောက်ကလိုက်ကြတော့  မြင်းတွေကျဲထားခဲ့တဲ့ အဆိပ်လူးသံချွန်တွေကို တက်နင်းမိကြပါလေရော။

________

[Zawgyi]

Burmese Translation of "Doomed to be Cannon Fodder".

Translator - ေဂြ့စ္

(၂၂၆) မင္းသမီးရူး ရူးတာကလည္းေရာဂါပဲ

ရလာဒ္အေနနဲ႔ကေတာ့ ပိုင္ရွန္းရိႈ႔က သူ႔ကိုအဲ့ကတည္းက ၾကည့္မရေတာ့တာပဲ။ ဆုယြင္က သူမတို႔ႏွစ္ေယာက္ ေနာက္တစ္ခါေတြ့ေတာ့ သူမရဲ့ အသစ္က်ပ္ခြၽတ္ခ်စ္စရာရည္းစားေလးကိုႂကြားတာေပါ့။ ဒီတစ္ခါေတာ့ ပိုင္ရွန္းရိႈ႔ ဘာမ်က္ႏွာမွေထာက္မေနေတာ့ဘူး။
"မင္းသမီးရူး ရူးတာလည္း ေရာဂါပဲဟဲ့။ နင္ေဆးခန္းျပသင့္တယ္"
အဲ့လိုဒဲ့လည္းကစ္လိုက္ေရာ ျပန္လွည့္ထြက္သြားေတာ့တာပဲ။ ေနာက္ပိုင္းေတာ့အဲ့ေကာင္ေလးနဲ႔လည္းျပတ္သြားတယ္လို႔ၾကပါတယ္။ တခ်ိဳ႕ကလည္းအဲ့ေကာင္ေလးကို လမ္းေပၚမွာ ေစ်းႀကီးႀကီး sportကားကိုေမာင္းသြားတယ္လို႔ေျပာၾကတယ္။ သူတို႔ကြဲသြားၾကၿပီၾကားေပမယ့္ ဘာလို႔ကြဲတာလဲေတာ့ မေမးျဖစ္ဘူး။

အဲ့ဒီမင္းသမီးရူးနဲ႔ပတ္သတ္ၿပီး စိတ္ထဲသိပ္ေတာ့မရိွပါဘူး။ တကယ္လည္းသူမကအဲ့ေကာင္ေလးကိုႀကိဳက္ခဲ့တာကိုး။ ဒီလိုမ်ိဳးအသဲကြဲက်န္ေနခဲ့ရလိမ့္မယ္လို႔ေတြးမထားမိခဲ့ဘူး။ ဒါေတြက အတိတ္မွာျဖစ္ခဲ့တဲ့ကိစၥေတြဆိုေပမယ့္ အခုေလာကမွာလာၿပီးႏွစ္ေယာက္က ဆံုရတယႅို႔။ တစ္ခ်ိန္တည္းမွာပဲ သူမ သိတဲ့ဆုယြင္ကတစ္ေယာက္တည္းဟုတ္ရဲ့လားဆိုတာလည္း ေသေတာ့မေသခ်ာေသးဘူး။ေသခ်ာသိေအာင္ေစာင့္ၾကည့္ရဦးမယ္။

သူမရုတ္တရက္ ေမာ္ဒန္ေခတ္ကိုေတာင္လြမ္းသြားတယ္။ ဒါေပမယ့္ အခုခ်ိန္က ခံစားခ်က္မ်ားေနရမယ့္အခ်ိန္မဟုတ္ဘူး။ သူမနားမြာ တိုက္ပြဲေတျြဖစ္ေနၾကတာ။ ေန၀င္သြားတဲ့အထိ မၿပီးႏိုင္ေသးဘူး။ စိတ္အရမ္းညစ္ဖို႔ေကာင္းတယ္။  တကယ္တမ္းမွာ စစ္ပြဲေတြဆိုတာ ဘယ္ေလာက္ဆိုးဝါးရက္စက္တဲ့အရာလဲဆိုတာ ပိုင္ရွန္းရိႈ႔နားလည္သြားၿပီ။ ဒါေပမယ့္လည္း အရင္လို ဘာမွမျဖစ္တဲ့ပံုဖမ္းထားရတာေပါ့။ သူမရုတ္တရက္ စစ္သားေတြရဲ့ အစားအေသာက္အတြက္စိတ္ပူလာမိတယ္။ အားလံုးကတိုက္ေနရတုန္းေလ။

ခ်က္ခ်င္းပဲ အေစခံေတြကိုေခၚၿပီး ေျပာင္းဖူးမုန္႔ေတြဖုတ္ခိုင္းလိုက္တယ္။ ၿပီးတာနဲ႔ စစ္သားေတြဆီကိုသြားၿပီးလိုက္ေဝေပးခိုင္းလိုက္တာေပါ့။ သူမကိုယ္တိုင္လည္းအလုပ္သမားေတြနဲ႔တန္းတူအလုပ္လုပ္တယ္။ စစ္သူႀကီးရဲ့ ဇနီးက သူတို႔နဲ႔အတူတူအႏၲရာယ္မ်ားတာေတြလုက္တယ္ဆိုၿပီး လူေတြကယံုၾကည္သြားၾကေတာ့တာေပါ့။ တခ်ိဳ႕စစ္သားေတြဆို ဗိုက္ဆာလြန္းလို႔ လႈပ္ေတာင္မလႈပ္ႏိုင္ေတာ့ဘူး။  ရန္သူဖကၠ ဆကၲိုက္ဆိုသလို ထိုးစစ္ဆင္ေနတာႀကီးေတြက သူတို႔ကို ေၾကာက္စိတ္ေတျြဖစ္ေစတယ္။ ဒါေပမယ့္ ရုတ္တရက္ သူတို႔နားကို မိန္းမလွေဘးကလာၿပီးေျပာင္းဖူးမုန္႔ေတြေပးတယ္ေလ။ ေျပာင္းဖူးမုန္႔ကအရသာရိွလြန္းေနတာမ်ိဳးေတာ့မဟုတ္ေပမယ့္ အစာအိမ္ကိုေတာ့ ေနြးသြားေစတာေပါ့။

အဓိက အေရးႀကီးဆံုးက သူတို႔အခုစႃစၸဲထဲမြာ။ တိုႄကၸဲက တစ္ေန့နဲ႔တစ္ညၾကာေနၿပီ။ ပိုင္ရွန္းရိႈ႔နဲ႔စစ္သားေတြက သူတို႔ရဲ့ရန္ကိုေသခ်ာခုခံေနတဲ့အခ်ိန္မွာ ရန္သူဖကၠ ယူလာတဲ့ဗံုးေတြက ကုန္သေလာက္ျဖစ္ေနၿပီ။ ပိုင္ရွန္းရိႈ႔က ေျပာင္းမုန္႔ေတြေျဝပီးတာနဲ႔ မီးယမ္းမႈန္႔ဗံုးထုတ္တဲ့ဆီကို ခ်က္ခ်င္းေျပးသြားတာပဲ။ ျဖည္းျဖည္းခ်င္းနဲ႔ေသခ်ာေပါက္ ဗံုးေတြကို သူမ တစ္ခုၿပီးတစ္ခုဖန္တီးေတာ့တယ္။ တစ္ညအတြင္းမွာပဲ ဗံုးရာခ်ီလုပ္ႏိုင္မွာေသခ်ာတယ္။

အားေကာင္းေကာင္းနဲ႔ေပါက္ကြဲတဲ့ လက္ပစ္ဗံုးတစ္ရာက ေမာ္ဒန္ေခတ္ကစစ္ပြဲေတြမွာသံုးတာနဲ႔ သိပၼၾကာဘူး။ ဒါေပမယ့္ ေရွးေခတ္မွာေတာ့ ဒီလိုအင္အားမ်ိဳးက ေကာင္းကင္ကိုေတာင္အံတုလို႔ရေသး။ ၿမိဳ႔ကိုဝိုင္းထားတာနဲ႔ ၿမိဳ႔ကအဝိုင္းခံရတာ ႏွစ္ခုက မတူဘူး။ ယြီခြမ္းနဲ႔ဝူးလင္ကလူေတြကေတာ့ လူစုစု စုစုျမင္တာနဲ႔ ဗံုးေကာက္ပစ္ၾကေတာ့တာပဲ။ သူတို႔ရဲ့ကိုယ္ေဖာ့တဲ့ပညာက အရမ္းေကာင္းေတာ့ ရန္သူလည္းသူတို႔ကိုလိုက္လို႔မမွီဘူး။ လူေတြစုေနတာျမင္တိုင္း ဗံုးတစ္လံုးတစ္နဲ႔။ တစ္ခါပစ္ရင္ လူတစ္ဒါဇင္ေလာက္ေတာ့ အသာေလးပဲ။

ရန္သူလည္း ေၾကာက္စျပဳလာၿပီ။ သူတို႔ဖကၠ တပ္သားအေရအတြက္ေလ်ာ့လာသလို ပိုင္ရွန္းရိႈ႔ရဲ့ဗံုးေတြကလည္း အေတာ္ေလးကိုအားျပင္းတယ္။ သူတို႔ရႈံးေနၿပီဆိုတာကိုျမင္ေတာ့ အာရံုတက္တာနဲ႔ ေနာက္ျပန္ဆုတ္သြားၾကေတာ့တယ္။ မင္းသားရံုဆို ေခြၽးေစးေတာင္ျပန္တယ္။
သူသာ မေန့ညက ေၾကာက္လန္႔ၿပီးလံုဟန္႔ဆီကိုစာပို႔လိုက္ရင္ နင္က်င္းတင္မကဘူး ဆံုးရႈံးစရာေတြမ်ားသြားမွာ။အမွန္အတိုင္းေျပာရရင္ တိုင္းျပည္ရဲ့တစ္၀က္ေလာက္အထိကို ပါသြားႏိုင္တယ္။ သူတို႔ရဲ့ ေအာင္ျမင္မႈက ပိုင္ရွန္းရိႈ႔ေၾကာင့္ပဲ။ ေကလးေမလးကို သူ႔ေမြးစားညီမလုပ္လိုက္တာ တကယ္မွန္သြားတယ္။

ေနထြက္တာကိုမျမင္ရတာ ႏွစ္ေပါင္းမ်ားစြာၾကာေနတဲ့သူလို သူခံစားေနရတယ္။ အဲ့အခ်ိန္မွာပဲ တစ္ေယာက္က သတင္းပို႔လာတယ္။
"အရွင့္သား အေရးေပၚကိစၥပါ။ သခင္မရိႈ႔မူးလဲသြားပါတယ္။"

"ဒါဆို သမားေတာ္ျမန္ျမန္သြားေခၚၾကေလကြာ!"

"သမားေတာ္ေတြလည္း မအားပါဘူး"

"ဒါဆိုလည္း သူ႔ကိုေစာင့္ေရွာက္ဖို႔ မိန္းမေစတစ္ေယာက္ပို႔လိုက္"

"က်ဳပ္သြားၾကည့္ေပးမယ္။ ေတာင္ေပၚမွာေနတုန္းက ေဆးပညာနည္းနည္းသင္ဖူးတယ္။"
ယြီခြမ္းရဲ့အသံကေဘးက ထြက္လာတယ္။သူ႔တစ္ကိုယ္လံုးေသြးေတြရႊဲနစ္လို႔ မေကာင္းဆိုးဝါးတစ္ေကာင္နဲ႔ေတာင္တူေနေသး။

တိုက္ပြဲထဲက ဝူးလင္ကလူေတြလို တစ္ခ်က္တစ္ခ်က္ မာနႀကီးၿပီးထိန္းမရတဲ့သူေတြကိုေတာင္ ေျပာင္းလဲသြားေစတယ္။ စစေရာက္တုန္းကထက္စာရင္ အေတာ္ေလး ေျပာစကားနားေထာင္တတ္ေနၿပီ။ စႃစၸဲထဲမြာဆို သူတို႔တစ္ေယာက္ခ်င္းရဲ့ျဖစ္တည္မႈက ဘာမွထူးျခားေနတာမရိွေတာ့ဘူးဆိုတာကို နားလည္သြားတာကိုး။  တိုႄကၸဲထဲမြာဆို တစ္ေယာက္ခ်င္းဆီရဲ့ ခြန္အားက အဲ့ေလာက္အေရးမပါလွဘူး။ အဲ့ထဲမြာဆို ဘယ္သူကမြ နတ႓ုရားလို အင္အားမႀကီးႏိုင္ၾကဘူး။

ၿမိဳ႔ေတာ္မွာမဟုတ္ေတာ့ စည္းေတြေဘာင္ေတြကို မင္းသားရံုသိပ္ၾကည့္မေနေတာ့ဘဲ ယြီခြမ္းရဲ့ေျပာစကားကိုလက္ခံလိုက္တယ္။  ယြီခြမ္းက အက်ႌလဲၿပီးပိုင္ရွန္းရိႈ႔ရဲ့အခန္းထဲကို၀င္သြားတာေပါ့။ သူမက အိပ္ယာေပၚမွာအိပ္ေပ်ာ္ေနတယ္။ က်င့္၀တ္ထံုးတမ္းေတြ၊ အတြင္းေဆာင္စည္းမ်ဉ္းေတြဆိုတာ ဒီဖက္မွာ အဲ့ေလာက္အေရးမပါလွဘူး။ သူမရဲ့ မိန္းမေစေလးကဆို လိုက္ကာေတာင္ခ်မထားဘူး။ ယြီခြမ္းက သူမလက္ကိုကိုင္ၿပီးေသြးခုန္ႏႈန္းစမ္းၾကည့္လိုက္တယ္။ သူ႔ရဲ့ေဆးပညာအသိအရဆို ေအမာၾလန္ၾသားလို႔မူးလဲၾသားတာပဲ။ "သခင္မက အားျပတ္ၿပီး မူးလဲသြားတာ။ သူႏိုးလာရင္ အားရိွတာေလးေကြၽးလိုက္ၾက"

အေစခံေလးက တစ္ခုခုေျပာရမွာခက္ေနသလိုနဲ႔
"အားရြိတဲ့ အစားအစာက ဘာလဲဟင္? သခင္မက အားရိွေလာက္တာေတြအကုန္ တပ္သားေတြကို ေကြၽးလိုက္ၿပီ!"

"ဒါဆိုလည္း ငါပဲရွာယူလာေပးေတာ့မယ္"
ယြီခြမ္းက ပိုင္ရွန္းရိႈ႔ကိုေစာင္ျပန္ၿခံဳေပးလိုက္တယ္။ ဒီတစ္ခါေတာ့ သူမအေပၚထားတဲ့သူ႔ရဲ့ခံစားခ်က္ေတြက ယြီရႈလိုပဲ။ ဒီမိန္းကေလးကို သူမ်က္ႏွာလႊဲခဲပစ္မလုပ္ႏိုင္ေတာ့ဘူး။  သူမက သူ႔ေလးစားမႈနဲ႔ထိုက္တန္တဲ့အမ်ိဳးသမီးပဲ။ သူမရဲ့ သတၲိရိွတာကိုလည္းေလးစားသလို သူ႔တိုင္းျပည္နဲ႔ သူ႔ခင္ပြန္းအတြက္ စြန္႔စားေပးတာေတြကိုလည္း ေလးစားတယ္။

ယြီခြမ္းကေတာင္ေတြေပၚသြားၿပီး ၾကက္ရွာတယ္။ ၿပီးေတာ့ အေစခံေတြကို ၾကက္စြပ္ျပဳတ္ခ်က္ခိုင္းလိုက္တယ္။ စုန္႔ေက်ာင္းယြဲ႔အတြက္ေတာင္ပါေသး။ အဲ့လူကို သူသေဘာမက်လွေပမယ့္ သူလည္းဒဏ္ရာရထားတာဆိုေတာ့ လုပ္ေပးဖို႔ဆံုးျဖတ္လိုက္တာ။

ပိုင္ရွန္းရိႈ႔ႏိုးလာေတာ့ ၾကက္သားစြပ္ျပဳတ္ကိုစားရတယ္။ သူမ အသားမစားရတာၾကာၿပီဆိုေတာ့ စြပ္ျပဳတ္နံ႔ကနည္းနည္းေမႊးလြန္းေနတယ္။  သူမ ႏွစ္ဇြန္းေလာက္အားတင္းေသာက္ၿပီး ေမးလိုက္တာေပါ့။
"ၾကက္က ဘယ္ကရလာတာလဲဟင္?"

"သူရဲေကာင္းယြီက သခင္မအတြက္ ရွာေပးတာေလ။ သခင္မခႏၶာကိုယ္က အရမ္းအားနည္းေနလို႔ အားရိွတာစားေပးရမယ္တဲ့။ သူက သခင္စုန္႔အတြက္လည္းလုပ္ေပးေသးတယ္။"

"သခင္စုန္႔ေရာ ဘယ္လိုေနေသးလဲ?"

"သူကေတာ့ႏိုးေနပါၿပီ။ ဒဏ္ရာကနည္းနည္းမ်ားေပမယ့္ အဆင္ေျပမွာပါ"

"သတင္းေကာင္းပဲ" သူမႏႈတ္ခမ္းကိုပိတ္ထားလိုက္ေတာ့တယ္။ မီးခိုးေခါင္းတိုင္ေနာက္မွာျဖစ္ခဲ့တဲ့ကိစၥေတြကို တျခားလူေတြဆီေျပာစရာဘာအေၾကာင္းမွ မရိွဘူးေလ။ သူမ ႏႈတ္ခမ္းေလးကို အသာအယာထိလိုက္မိတယ္။ သူမပဲ အထင္မွားတာလား? ဒါမွမဟုတ္ သူကပဲေသခ်ာလုပ္တာလား?  ကံမေကာင္းခ်င္ေတာ့ အေျဖကိုသူမဘယ္ေတာ့မွရေတာ့မွာမဟုတ္ဘူး။ ေလာေလာဆယ္အေရးႀကီးဆံုးက သူမ အနားေသခ်ာယူဖို႔ပဲ။

သူမလည္းအိပ္ယာကထႏိုင္ေရာ လံုဟန္႔ဆီကေနမေမ်ွာ္လင့္တဲ့စာတစ္ေစာင္ေရာက္လာတယ္။ သူမ၀မ္းသာအားရဖတ္ၾကည့္လိုက္ေတာ့ လံုဟန္႔ေလာေလာဆယ္ ထူးထူးဆန္းဆန္းအခက္အခဲအေတာ္ႀကီးႀကံဳေနရတယ္။ အဲ့ဟာႀကီးက ေၾကာက္စရာလည္းေကာင္းသလို အေတာ္ေလးလည္းထူးဆန္းတယ္။ သူတစ္ေယာက္တည္းမရွင္းႏိုင္လို႔ သူမရဲ့အကူအညီလိုတယ္။

ပိုင္ရွန္းရိႈ႔ၿပံဳးလိုက္မိတယ္။ ဒါ ေမာ္ဒန္ေခတ္ကလာတဲ့ သူမရဲ့ရန္သူေတာ္ေက်းဇူးပဲေနမယ္။ ဒါေပမယ့္လည္း အေသခံဗံုးခြဲသမားေတြသံုးတာကေတာ့ နည္းနည္း မရက္စက္လြန္းဘူးလား? ဒါမ်ိဳးေနာက္တစ္ခါထပ္လုပ္ရင္ေတာ့ ပညာေပးဖို႔လိုၿပီထင္တယ္။ ပိုင္ရွန္းရိႈ႔က လံုဟန္႔စာအေၾကာင္းမင္းသားရံုကိုသတင္းပို႔လိုက္တယ္။ ၿပီးေတာ့ ေယာက်ာ္းေလးလို၀တ္စားၿပီး လံုဟန္႔ဆီထြက္လာခဲ့ေတာ့တာေပါ့။

လံုဟန္႔ကေတာ့အေတာ္ေလး ျပႆနာတက္ေနတယ္။ လူတစ္ေယာက္မွာ ဒီလိုလွည့္စားစရာအကြက္ဆန္းေတြအမ်ားႀကီးရိွေနမယ္လို႔သူဘယ္တုန္းကမွ မေတြးမိခဲ့ဖူးဘူး။ ရန္သူဖက္က တကယ့္ကို မေလ်ာ္ကန္ေနဘူး။ မၾကာခဏဆိုသလို သူတို႔စခန္းေတြထဲမွာပုန္းေနၿပီး မတိုက္ဘဲ ေနေနတယ္။ တိုက္ၿပိဆိုရင္လည္း အကြက္ဆန္းႀကီးေတြက ထုတ္လာျပန္ေရာ။  အစတုန္းကဆို ျမင္းတပ္ေတြက တိုက္ပြဲစဖို႔ရုတ္တရက္ထြက္လာတယ္။ ဒါေပမယ့္ခ်က္ခ်င္းပဲျပန္ဆုတ္သြားေရာ။ လံုဟန္႔တို႔ကေနာက္ကလိုက္ၾကေတာ့  ျမင္းေတြက်ဲထားခဲ့တဲ့ အဆိပ္လူးသံခြၽန္ေတြကို တက္နင္းမိၾကပါေလေရာ။

Đọc tiếp

Bạn Cũng Sẽ Thích

250K 40.3K 103
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
837K 58.1K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ခ်စ္ျခင္းေတြက ေမာင္တစ္ေယာက္တည္းအတြက္ရာသက္ပန္ (22.11.2020)
304K 17.3K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
1M 65.7K 85
[Unicode] ဗင်ဒါသစ်ခွတွေကိုမြင်တိုင်း အတိတ်တစ်ခါဆီက ကိုကိုသိပ်ချစ်ခဲ့တဲ့ ဗင်ဒါဆိုတဲ့ ကောင်လေးကို အမှတ်ရပေးပါ [Zawgyi] ဗင္ဒါသစ္ခြေတြကိုျမင္တိုင္း အတိတ္...