แ€ฅแ€ฎแ€ธแ€แ€™แ€บแ€แ€™แ€บ"๐‘ซ๐’‚๐’…๐’…๐’š๐Ÿ”ž[๐‘ถ๐’๐’ˆ...

By 2001_wang

163K 5.8K 523

"๐‘ช๐’“๐’–๐’”๐’‰ แ€›แ€ฒแ€ท แ€กแ€–แ€ฑ " ๐‘ณ๐’๐’—๐’†"๐‘บ๐’†๐’™๐Ÿ”ž แ€•แ€ปแ€ฑแ€ฌแ€บแ€›แ€ฝแ€„แ€บแ€™แ€พแ€ฏ แ€”แ€ญแ€—แ€นแ€—แ€ฌแ€”แ€บแ€€แ€ญแ€ฏ แ€žแ€ฝแ€ฌแ€ธแ€•แ€ซแ€†แ€ญแ€ฏ แ€™แ€พแ€ฒแ€ทแ€”แ€€แ€บแ€•แ€ญแ€ฏแ€„แ€บแ€›แ€พแ€„แ€บแ€†แ€ฎแ€€แ€ญแ€ฏแ€•แ€ฒ แ€žแ€ฝแ€ฌแ€ธแ€•แ€ซแ€™... More

Ep.1
Ep.2๐Ÿ”ž
Ep.3๐Ÿ”ž
Ep.4
lntro
Ep.5
Ep.6๐Ÿ”ž
Ep.7๐Ÿ”ž
Ep.8
Ep.9๐Ÿ”ž
Ep.10๐Ÿ”ž
Ep.11
Ep.12
Ep.13
Ep.14
Ep.15๐Ÿšฌ
Ep.16๐Ÿ”ž
Ep.17
Ep.18
Ep.19
Ep.20๐Ÿ”ž๐Ÿšฌ
Ep.21๐Ÿšฌ
Ep.23๐Ÿšฌ
Ep.24๐Ÿ”ž๐Ÿšฌ
Ep.25
Ep.26
Ep.27
Ep.28๐Ÿ”ด๐ŸŸข
Ep.29โŒ
Ep.30
Ep.31
Ep.32
Ep.33
Ep.34
Ep.35 โ›”๐ŸŒš
Ep.36๐Ÿšฌ
Ep.37
Ep.38
Ep.39
Ep.40
Ep.41โ›”๐ŸŒš
Ep.42
Ep.43
Ep.44

Ep.22๐Ÿšฌ

2K 116 6
By 2001_wang

(Unicode)

"Boss... သခင်မကြီး ရောက်နေတယ်...

"ဝင်လာခိုင်းလိုက်....

တစ်ကိုယ်လုံးကိုအလုံထုတ်မျက်မှန်တွေဦးထုပ်တွေပုဝါတွေနဲ့ ရှုပ်ရှပ်ခက်နေအောင် ဝတ်လာတဲ့ ဖေးမာန်ရင်သာ နိုင်ငံခြားကနေ သူပြန်လာသည်ကို ဘယ်သူမှ မသိလေအောင် အခုလို လုပ်ရခြင်းသာ ဖြစ်သည်။

"ပေါ်ပေါ် နင် စဥ်းစားပြီးပြီလား သားကို...

"တော်ပြီ ဖေးမာန် ...

"နင်ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ ...

ခုံပေါ်ထိုင်ပြီး စီးကရက် သောက်နေတဲ့ ရိပေါ်ဟာ စိုဖာပေါ်က ဖေးမာန်ရင်ကို တစ်ချက်မကြည့်ပဲ စကားဆိုသည်။

"နင့်ပါးစပ်က သား သား ခေါ်တဲ့ ကလေးကို နင်မြင်ရင်တောင် မှတ်မိမှာလား အစထဲကမိခင်စိတ်ရှိရင် အဲ့သားဆိုတဲ့ကလေးကို လူရာသွင်းလေ ...

"ပေါ်ပေါ် နင်လဲ သိနေတာပဲ အဲ့အချိန်တုန်းက ငါလဲ မတတ်နိုင်ခဲ့ဘူးလေ....

"နင့်မှာ ယူစရာယောင်္ကျားရှားလို့ အဲ့မိသားစုက လူကို လက်ခံတာလား နင့်လုပ်ရက်ကြောင့် လူလောကထဲဝင်လာတဲ့ကလေးက အဖေရောအမေပါ မရှိဖြစ်ရတယ်....

"ဒါတွေ ငါသိတယ် ငါနားလည်း နားလည်တယ် အခု သားကို ငါ့အနားခေါ်ထားနိုင်နေပြီမို့ ငါလာခေါ်တာလေ...

"ခေါ်သွားပြီး ကျွန်မရဲ့ မွေးစားသားပါဆိုပြီး အဲ့မိသားစုထဲ ငါ့သားကိုခေါ်သွားမလို့လား နင်မရှိလဲ ကလေးက သူ့ဟာသူ အစဥ်ပြေနေပြီ ပြီးတော့ သူ့မှာ အမေရှိတယ်ဆိုတာကိုလဲ ငါ ဘယ်တော့မှ ပေးမသိဘူး အဲ့မိသားစု ထဲကိုလဲ ထည့်မပေးနိုင်ဘူး...

ရိပေါ်နဲ့ ဖေးမာန်ရင် စကားအခြေအတင်ကို ဖြစ်နေကျသည်  ဖေးမာန်လဲ မောင်ဖြစ်သူပြောသမျှသာ ငြိမ်ခံနေရသည် မှားခဲ့သည်က သူပင်လေ သူသာလျှင်မိခင် မပီသခဲ့တာဖြစ်သည် သူသာလျှင် ယောင်္ကျားတစ်ယောက်ကို ချစ်ခဲ့မိသည် ထိုယောင်္ကျားရဲ့ ဖခင်က ရန်သူဖြစ်နေပါသောလဲ သူမ ဘာမှမတတ်နိုင်ခဲ့ဘူး။

"ပြီးတော့ ပြန်တော့ ဖြစ်နိုင်ရင် ဒီနိုင်ငံကိုပါ ခြေမချနဲ့ ...

"ပေါ်ပေါ် !!!! နင်ငါ့ကို နှင်နေတာလား သိမ့်ပြီး ရောက်မတက်နဲ့ ဒီအရာတွေကို ငါလဲ တစ်ဝက်ပိုင်တယ်....

"ဘာပိုင်တာလဲ ဖေးမာန်... ငါ့သဘောကို သိတယ်မလား ဒါကြောင့် ထပ်ပြီး ... သား ကိစ္စနဲ့ ပေါ်မလာပါနဲ့ ငါ့သားနဲ့လဲ ပေးမတွေ့နိုင်ဘူး

"ပေါ်ပေါ် ငါက နင့်အမဆိုတာ သိသေးရဲ့လား နင် မောတ်မာလွန်းနေတယ်...

"စကားကောင်းပြောတုန်းက နင်လက်ခံခဲ့လား ဟိုမှာ နင့်မိသားစုနဲ့ နင်နေပါ အရင်က သားတစ်ယောက်က မရှိတော့ဘူးပဲ တွေးထား...

"သားကို မိခင်မရှိပဲ ဒီတိုင်း ထားတော့မှာလား..

"ငါ့သားကိုငါ ပြုစုနိုင်တယ် မိခင်မရှိပဲ သူနေလာတာ ဆယ်နှစ်ကျော်နေပြီ ငါ အကောင်းဆုံးပြုစုစောက်ရှောက်နိုင်တယ် ဒီတော့ ဖေးမာန် ....

"အင်းလေ ဟုတ်ပြီ .... ငါဘာမှမပြောတော့ဘူး  ဒီညပဲ ငါပြန်တော့မယ် ပြီးတော့ တစ်သက်လုံးလဲ ပြန်လာမှာ မဟုတ်တော့ဘူး နင်လဲ ငါ့ကို ပြန်မလာစေချင်တာ မဟုတ်ဘူး ....

အမဖြစ်သူ ဖေးမာန်ရင်ဟာ စိတ်တိုတိုနဲ့ပဲ ထထွက်သွားသည် ရုံးခန်းထဲ ကျန်ခဲ့တဲ့ ရိပေါ်ကတော့ လက်ကြားက စီးကရက် ကို ခွက်ထဲ ထိုးနစ်လိုက်ပြီး အထဲကနေ မြင်နေရတဲ့ အပြင်ဘက်က မြင်ကွင်းတွေကို ကြည့်နေသည်။

ရိပေါ် ရုံးခန်းက 13လွှာမှာ ရှိနေတာမို့ ရုံးခန်းကနေ မြင်နေရတဲ့ မြင်ကွင်းကျယ်ဟာ အရမ်းလှနေသလို ခံစားရသည် မီးရောင်တွေ တစ်မြို့လုံး လင်းထိန်နေပြီး ကားတွေကလဲ ရှုပ်ရှပ်ခက်နေသည် ။

သူမြင်ရတဲ့ မြင်ကွင်းကျယ်ကို လှသည်ဟု တွေးမိတော့ အတွေးထဲ သူ့ရဲ့ အလှလေးကို သတိရသွားသည် ထိုကောင်လေးကို တွေးမိလိုက်တိုင်း ပြေးတွေ့ချင်မိသည် ။

"ဝမ်းရှန်း...ယန်ယန်ကို လှမ်းမေးကြည့် ရှောင်းကျန့် အိမ်ပြန်လာလားလို့ ...

ရှောင်းကျန့် အိမ်ပြန်လာရင် အလုပ်တွေကို ပြစ်ပြီး သေချာပေါက် ရှောင်းကျန့် ဆီ သွားမှာ ဖြစ်သည် ။

"ဟုတ်ကဲ့ ကျွန်တော် မေးကြည့်ပါ့မယ်...

"Hello..

"ကိုကို ငါ့ကို လွမ်းလို့လား...

"တိုးတိုး boss..က အကိုလေးအကြောင်း မေးခိုင်းလို့...

"...

"အော် အင်း..

"Boss...ယန်က bossကို ကိုယ်တိုင်ပြောချင်တယ်တဲ့ ...

ဝမ်းရှန်းက ဖုန်းကမ်းလာပေးတော့ ရိပေါ် ဖုန်းကို ဆွဲယူလိုက်သည် ။

"ပြော....!!

"Boss..ကျွန်တော် မနက်ကအကိုလေးကို အပြင်လိုက်ပို့ လိုက်တယ် ပြီးတော့...

"လိုရင်းပြော...

"ဟုတ်ကဲ့ အကိုလေးက သခင်လေးအိမ်ကို ဝင်သွားတာ တွေ့လိုက်တယ် ..

"ဘာ...!!!!!

"ဟုတ်တယ် Boss.. ကျွန်တော်စောင့်နေတာ အခုထိလဲ ပြန်မထွက်လာသေးဘူး...

ယန်ယန်ရဲ့ စကားကြားတော့ ရိပေါ် ဖင်မထိုင်တော့ပါ ချက်ချင်း ကောက်ထလိုက်ပြီး အိမ်ပြန်ဖို့ လုပ်သည်။

"ဘေဘီနဲ့ ချန်ယီ နဲ့က ????

တွေးကြည့်ယုံနဲ့ ရိပေါ်ကို စိတ်ရှုပ်စေသည် အရင်တစ်ခါ ဖုန်းနံပါတ်မြင်ထဲက ရင်းနှီးသလိုပင် ရှိသည်တွေးပေမယ့် အဲ့တုန်းက အူတိုနေမှုသာ ရှိသည်မို့ သိမ့်လဲ အများကြီး မတွေးမိ

ဒါဆို ဘေဘီနဲ့ ချန်ယီ အပြင်ထွက်တာခြင်း တူနေတာကလဲ တိုက်ဆိုင်သည် မဟုတ် ...ချန်ယီ နှုတ်ကပြောတဲ့ သူငယ်ချင်းက ရှောင်းကျန့် ဖြစ်သည် ရှောင်းကျန့် ပြောတဲ့ သူငယ်ချင်း ဆိုတာကလဲ ချန်ယီသာ ဖြစ်နေသည်။

သေချာတွေးရင်တော့ အရမ်းတော့မထူးဆန်း ဘာလို့ဆို ချန်ယီနဲ့ ရှောင်းကျန့် က အသက်တူသည် ဒါကြောင့် အတန်းလဲ တူမှာပင် ဒါပေမယ့် တိုက်ဆိုင်သည်ကတော့ ချန်ယီ သဘောကျတယ်လို့ ထင်ရတဲ့ သူငယ်ချင်း ဆိုတာ ရှောင်းကျန့် ဖြစ်နေတာပင် ...ဒီလို ဖြစ်သွားလို့ မရပါ ဘာကြောင့်ဆို ရှောင်းကျန့် က သူနဲ့ သက်ဆိုင်ပြီးသား မို့ပင် ။

အိမ်ရောက်ရောက်ခြင်း အပေါ်ထပ်ကို တက်သွားတဲ့ ရိပေါ် ... အခန်းတိုင်း ဝင်ကြည့်ပေမယ့် လူကို မတွေ့ ဒါကြောင့် အိမ်က အလုပ်သမားတွေကို မေးတော့ ရုပ်ရှင် ကြည့်နေကျသည် ဆိုတာနဲ့ ထို တံခါးကို ဖွင့်လိုက်သည်။

တံခါးဖွင့်ပြီး မီးတွေ ဖွင့်လိုက်တာနဲ့ မြင်လိုက်ရတဲ့ မြင်ကွင်းကာ တစ်ယောက်ကို တစ်ယောက် မှီပြီး အိပ်နေကျတဲ့ ကလေး နှစ်ယောက်ပင် သူထင်ထားသလောက် ဘာမှ မဖြစ်နေကျသည်မို့ သူ အတွေးလွန်ခဲ့သည်ဟု ရိပေါ် သူ့ကိုသူ တွေးလိုက်သည် ။

အခန်းထဲ အသာဝင်ကာ ရှောင်းကျန့် ခေါင်းကို အသာ သူ့လက်မောင်းပေါ် မှီစေပြီး ရှောင်းကျန့် ပုခုံးကို မှီထားတဲ့ ချန်ယီခေါင်းကို စိုဖာပေါ် မှီစေလိုက်သည် ရှောင်းကျန့် လက်မောင်းကို ချိတ်ထားတဲ့ ချန်ယီလက်ကိုလဲ ဖြုတ်ချလိုက်သည် နောက်တော့ ရှောင်းကျန့် ကိုယ်လုံးလေးကို ပွေ့ချီလိုက်သည်။

"အင့် ဟင် ဦး...

"ရှူးးး

ပွေ့ချီလိုက်ချိန် နိုးလာတဲ့ ရှောင်းကျန့်ဟာ ရိပေါ်ကို မြင်ပြီး လန့်သွားသည် ...ရိပေါ်က တိုးတိုးနေရန်ပြောပြီး အိပ်ပျော်နေတဲ့ ချန်ယီကို မေးငေါ့ပြသည် ..ရှောင်းကျန့် လဲ အသံမထွက်တော့ပဲ ရိပေါ် ပွေ့ချီတာကို ငြိမ်နေလိုက်သည် ။
ရှောင်းကျန့် ခေါင်းထဲ အတွေးတွေ ပြေးလွှားလာရပြန်သည် ...ရိပေါ်က ဘယ်လို ရောက်လာတာလဲ သူများအိမ်ထဲအထိ ဒီလို ရဲရဲတင်းတင်း ဝင်ရဲတာလား ...

"ဦး.... ဘယ်လိုဖြစ်လို့ သူများအိမ်လေ..

"ဒါ ကိုယ့်အိမ်...

"ဟမ်....!??

"ကိုယ့်အိမ်လို့ ...

"ဒါက ဦးအိမ် ဒါဆို ...

ရှောင်းကျန့် ညဏ်မမှီလောက်အောင် မယုံကြည်စွာပဲ မေးခွန်းတစ်ခုကို မဝံ့မရဲ မေးလိုက်မိသည်..

"ဒါ ဒါဆို ချန်ယီနဲ့ ဦးက ....

ထိုသို့ မေးပြီး ရိပေါ် မဖြေလာခင်ပဲ သူ့အတွေးထဲ မနက်က အမျိုးသမီး ၏ စကားတွေ နားထဲ ထိုးပြေးဝင်လာသည် ရိပေါ်မှာ ဇနီးရှိသည့်အပြင် သူ့အရွယ်လောက် သားလဲ ရှိတယ် စကားတွေနဲ့ ဖြစ်နေတာကို တွေးကြည့်လိုက်တဲ့အခါ ချန်ယီဟာ ရိပေါ် နဲ့ ထိုအမျိုးသမီး သားဆိုတာ တွေးစရာမလိုလောက်တော့ပါ။

"သူက...

"ရပြီ ကျွန်တော် နားလည်ပြီ...

သူအခု ဘာလုပ်ရမလဲ သိမှသိတော့လဲ တစ်ရက်ထဲမှာတင် ရိပေါ် အကြောင်းတွေကို အများကြီး သိလိုက်ရသည် ကံကြမ္မာက သူ့ကို ကစားများ ကစားနေသလား ဒါတွေဟာ အရမ်းကို တိုက်ဆိုင်လွန်းနေသည်။

သူသဘောကျမလို ဖြစ်ခဲ့တဲ့ ချန်ယီ က သူပိုက်ဆံကြောင့် Sex လုပ်နေရတဲ့ လူရဲ့ သားတဲ့  သူဘယ်လို လုပ်ရမလဲ ချန်ယီကို မျက်နှာ မပြရဲတော့ပါ သူဘယ်လို စိတ်နဲ့မှ ချန်ယီကို မျက်နှာမပြဝံ့...

မှန်သည် ရိပေါ်ကြောင့် သူ့ရဲ့ ခက်ခဲနေတဲ့ ဘဝကနေ တစ်ဆင့် တက်ခဲ့သည် မားမား ကျန်းမာရေးဟာလဲ အကောင်းအတိအတိုင်း ပြန်ဖြစ်ပြီး ရိပေါ်ရဲ့ ထောက်ပံ့မှုတွေကြောင့် ခက်ခဲပင်ပန်းတဲ့ သူဟာ နေသာလာခဲ့တယ် ရိပေါ်က သူ့ရဲ့ ကျေးဇူးရှင်ပါပဲ ...

ဒါပေမယ့် ဖြစ်ပျက်သွားတဲ့ ရုပ်တရက်ဆန်မှုတွေကြောင့် ရှောင်းကျန့် သူ့ကိုသူ တွေးမိသည် သူက တကယ်ပင် ချန်ယီတို့ မိသားစုကို ပျက်စီးမိတဲ့ အငယ်အနှောင်း တစ်ယောက် ...ထို အမျိုးသမီးပြောတဲ့ သူက ဇနီးဟောင်းဆိုသည်ကာ ထို အမျိုးသမီး ဇနီးဟောင်း ဖြစ်တာလဲ သူ့ကြောင့်လဲ ပါနိုင်သည် ထိုအမျိုးသမီးကိုလဲ အားနာတယ် ချန်ယီကိုလဲ မျက်နှာမပြဝံ့အောင် အားနာနေမိတယ်

သူဘယ်လိုတောင် ဒီအရာတွေကို လုပ်ခဲ့မိတာလဲ ပိုက်ဆံတစ်ခုအတွက်နဲ့သူဟာ မိသားစု တစ်ခုကို ပျက်စီးမိလိုက်သည်။

"ဦး... ကျွန်တော့်ကို ဘာလို့ ဒါတွေ ပြောမပြတာလဲ ...

ရိပေါ် အုပ်မိုးခံထားရတဲ့ ကောင်လေးဟာ အပေါ်က ရိပေါ်ကို မျက်ရည်ဝိုင်းလေးတွေနဲ့ မော့မေးသည်။

"ကိုယ့်ကို ဘေဘီမမေးခဲ့ဘူးလေ ...

"ဟုတ်သားပဲ ကျွန်တော် မမေးခဲ့တာ...

မနက်က ထွက်နေတဲ့ ရိပေါ်အပေါ် ဒေါသတွေဟာ အခုမှာတော့ မရှိတော့ပါဘူး အဲ့ဒီအစားသူ့ကိုသူသာ အပြစ်တင်နေမိသည် ... အမှန်ဆို သူ့ဘက်က လိုအပ်ချက်တွေ ရှိခဲ့သည် .. လိုအပ်တာယူပြီး ငွေပုံပေးတဲ့ ရိပေါ်မှာ အပြစ်မရှိလောက်ပါဘူး ငွေရဖို့အရေး ဘာမှမတွေးပဲ လက်ခံမိတဲ့ သူသာ ဒီ ဇာတ်လမ်းမှာ မှားယွင်း နေသူ ဖြစ်သည် ။

သူဘယ်လိုတောင် ချန်ယီအပေါ်ကို လုပ်ရက်လိုက်တာလဲ ချန်ယီသာ ဒါတွေကို သိသွားရင် သူ့ကို မုန်းလေမလာနော် မုန်းရင်လဲ ရဲရဲကြီး ဝန်ခံမိမှာပါ ချန်ယီ့ အမုန်းတွေကို သူခံပြစ်လိုက်မှာပါ ချန်ယီပေးလာမယ့် အပြစ်ကိုလဲ သူခံရမည် ။

"ဘာလို့ ငိုတာလဲ ဘေဘီရဲ့ ကိုယ်မပြောပြမိတာနဲ့ ငိုစရာ လား ဟင် ...

ရှောင်းကျန့် အတွေးထဲ ဗြောင်းဆန် နေတာကို မသိတဲ့ ရိပေါ်ကတော့ ချန်ယီနဲ့ သူနဲ့ ပတ်သ-တ်မှုကို ပြောမပြလို့ ဝမ်းနည်းနေတယ်လို့သာထင်နေသည် ...

"မငိုနဲ့ကွာ ငိုစရာမလိုဘူးလေ...

"အဟင့် ဦး... ကျွန်တော်တို့ ပတ်သ-တ်ခဲ့တာတွေ ချန်ယီ့ကို မပြောပါနဲ့နော် ...

"မင်း ချန်ယီ့ကို သဘော ကျနေတာလား...

"ဟင်...??

ရုပ်တရက် မေးခွန်းကြောင့် ရှောင်းကျန့်မှာ ကြောင်တောင်တောင်လေး ဖြစ်သွားသည် ဒါပေမယ့် ချက်ချင်း အသိစိတ်ဝင်လာသည်။

ဘယ်လို ပုံစံနဲ့ သဘောကျမိခဲ့တယ်လို့ ပြောထွက်မှာလဲ ဘယ်လို အနေအထားနဲ့ သဘောကျရမှာလဲ ချန်ယီ အဖေရဲ့ Sex ကောင်လေးအနေနဲ့လား ဒါမှမဟုတ် ချန်ယီ မိသားစုကို ပျက်စီးတဲ့ အငယ်အနှောင်း တစ်ယောက်အနေနဲ့လား ...

သဘောကျခဲ့သည် မှန်ပေမယ့် သူနဲ့ ချန်ယီက မဖြစ်နိုင်တာ အရင်ထဲက ဖြစ်သည် အခုဆို ပိုဆိုးပါသည် သူက ဘယ်မျက်နှာနဲ့ သဘောကျရဲမှာလဲ ချန်ယီကို သဘောကျဖို့က သူနဲ့ ထိုက်တန်ရဲ့လား...။

"ဘေဘီ ချန်ယီကို သဘောကျနေတာလား...

"ဟင့်အင် ကျွန်တော်နဲ့ ချန်ယီက သူငယ်ချင်း ပါပဲ ...

ရှောင်းကျန့်အဖြေကြားတော့ ရိပေါ် ရင်ထဲကအပူလုံးတစ်ခု ကျသွားသည် သူဟာ သားအရွယ်လောက်ပဲ ရှိတဲ့ ကောင်လေးကို ချစ်မိနေတာကို မရှက်ဘူး သား သူငယ်ချင်း ကို ချစ်ရမှာကိုလဲ ဘာမှမစိုးရိမ်ပါ ဒါပေမယ့် သူသဘောကျတဲ့ ကောင်လေးက သူ့သားကို သဘောမကျဖို့ အရေးကြီးသည် ။

"မငိုနဲ့တော့ ဘေဘီ မျက်ရည်တွေကို ကိုယ်သုတ်ပေးမယ်... ပြွတ်စ့် ...

ရိပေါ်ဟာ ထိုသို့ပြောပြီး ရှောင်းကျန့်  ပါးပြင်က မျက်ရည်ကြည်လေးတွေကို နှုတ်ခမ်းသားနဲ့ နမ်းရှိုက်ပေးသည် ။

အနမ်းတွေက ပါးပြင်ကနေ တစ်ဆင့် နှုတ်ခမ်းပါးလေးထံ ရောက်သွားသည် ... အနမ်း ခပ်ဖွဖွလေး ပေးနေပြီး ငိုနေတဲ့ ကောင်လေးကို ချော့နေသလိုပင်...

ထုံးစံ အတိုင်း အနမ်းတွေပေးနေချိန် လက်တွေက ကောင်လေးက အင်္ကျီ အောက်ကို ရောက်နေသည် ....။

"ဘေဘီ ....??

ခန္ဓာကိုယ်လေးတွေ တုန်သည်အထိ ရှိုက်ကာငိုလာတဲ့ကောင်လေး  နမ်းနေတဲ့ ရိပေါ်က သူ့လှုပ်ရှားမှုတွေကို ရပ်လိုက်ပြီး အောက်က ကောင်လေးကို ငုံ့ကြည့်သည် ။

"ကိုယ့်နမ်းတာကို မကြိုက်ဘူးလား ...ဟုတ်ပြီဟုတ်ပြီ ကိုယ်မနမ်းတော့ဘူး မငိုနဲ့တော့နော် ဘေဘီ... မငိုနဲ့တော့နော် ...

ကောင်လေး အပေါ် အုပ်မိုးထားရာက ဘေးကို ဝင်လှဲလိုက်ပြီး ကောင်လေး ပါးက မျက်ရည်လေးတွေကို လက်မနဲ့ သုတ်ပေးသည် ပြီးတော့ ရှိုက်ကြီးတငင်ငင်ကို ငိုနေတဲ့ ကောင်လေးကို ပွေ့ဖက်ပေးထားလိုက်သည်။

ဒီလောက်ထိ ဝမ်းနည်းစေသွားတာလားဟု ရိပေါ် တွေးမိလိုက်ရင်း ရှောင်းကျန့် ကျောလေးကို အသား ပုတ်ပေးသည်။

"တောင်းပန်ပါတယ် ကိုယ့်ကြောင့် ကိုယ့်ကြောင့် ... ကိုယ်တောင်းပန်ပါတယ် ချန်လေးရယ် ပြီးတော့ တစ်ချိန်လုံး ကျွန်တော် မနှစ်သက်တာကို လုပ်ပေမယ့် ကျွန်တော့်အပေါ်ကောင်းပေးခဲ့တဲ့ ဦး ... ဦးကိုလဲ ကျေးဇူးတင်ပါတယ် ကျွန်တော်ကတော့ ဦးတို့ မိသားစုအပေါ်မှာ အပြစ်တွေလုပ်မိနေခဲ့တယ်။

  ရိပေါ်ရင်ခွင်ထံ ခေါင်းလေးတိုးဝှေ့ထားလို့
  ရင်ထဲမှ မွန်းကြပ်မှုတွေကို မျက်ရည်တွေနဲ့ ဖြေဖျောက်နေခဲ့သည် ။

"ဒီညက ကျွန်တော် ဦးရင်ခွင်ထဲမှာ ရှိတာ နောက်ဆုံးပါပဲ နောက်ဆို ဦးဆီက ပိုက်ဆံတွေကိုလဲ မယူဝံ့တော့ဘူး ဦးဆီက ယူထားတဲ့ ငွေတွေကိုလဲ ကျွန်တော် သေချာပေါက် ပြန်ဆပ်ပါ့မယ် သေချာပေါက် ပြန်ဆပ်မှာပါ....။

Hello အဆင်ပြေကျရဲ့လားဟင်
   အမောင်ရှောင်းကတော့ ဇွတ်တွေ တောင်းပန် နေတယ် ဒုက္ခ ပါပဲ🥹🥹🥹။
 












(Zawgyi)

"ဝင်လာခိုင်းလိုက်....



"တော်ပြီ ဖေးမာန် ...























"Hello..



"...

"အော် အင်း..



"ပြော....!!


"လိုရင်းပြော...


"ဘာ...!!!!!



"ဘေဘီနဲ့ ချန်ယီ နဲ့က ????







"အင့် ဟင် ဦး...

"ရှူးးး



"ဒါ ကိုယ့်အိမ်...

"ဟမ်....!??

"ကိုယ့်အိမ်လို့ ...

"ဒါက ဦးအိမ် ဒါဆို ...


"ဒါ ဒါဆို ချန်ယီနဲ့ ဦးက ....


"သူက...


















"ဟင်...??











"ဘေဘီ ....??








 

Continue Reading

You'll Also Like

178K 5.3K 20
"Ok everyone, I want you to think about the people in this class. Let's say that there are five universal terms to describe everyone? We'll have jock...
2K 111 12
Kim Hongjoong, a secret agent, working under an agency which trains spies to track down terrorists. Park Seonghwa, the newest agent, was one of a ki...
1.2K 99 8
แ€’แ€ฎ story แ€œแ€ฑแ€ธ แ€”แ€Šแ€บแ€ธแ€”แ€Šแ€บแ€ธแ€แ€ฑแ€ฌแ€ท แ€€แ€ผแ€™แ€บแ€ธแ€œแ€ญแ€™แ€บแ€ทแ€™แ€šแ€บ... แ€กแ€•แ€ผแ€ฑแ€ฌแ€กแ€†แ€ญแ€ฏแ€€แ€ฑแ€ฌ แ€กแ€•แ€ผแ€ฏแ€กแ€™แ€ฐแ€•แ€ญแ€ฏแ€„แ€บแ€ธแ€™แ€พแ€ฌแ€€แ€ฑแ€ฌ... title แ€”แ€ฒแ€ทแ€กแ€œแ€ญแ€ฏแ€€แ€บแ€žแ€ฑแ€แ€ปแ€ฌแ€…แ€ฅแ€บแ€ธแ€…แ€ฌแ€ธแ€•แ€ผแ€ฎแ€ธ fiction แ€œแ€ฑแ€ธแ€›แ€ฑแ€ธแ€‘แ€ฌแ€ธแ€แ€ฌแ€™แ€ญแ€ฏแ€ทแ€œแ€ญแ€ฏแ€ท idol แ€€แ€ญแ€ฏแ€‘...
667K 33.7K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...