Ep.29❌

2.5K 105 7
                                    

(Unicode)
"ဘာလို့ ကိုယ့်ကို ထားခဲ့ပြီး လျှောက်သွားတာလဲ ....အဲ့အချိန် ကိုယ်သာရောက်မလာရင် မင်းဘာလုပ်မလဲ ပြောပါအုံး ဘေဘီ ဘယ်လိုလုပ်ဖို့ တွေးနေတာလဲ ...

"....

"နောက်ဆို ကိုယ့်အနားမှာပဲ နေပါကွာ...

ရိပေါ်ဟာ သူ့ဘေးမှာ ခေါင်းကိုငုံ့ချထားတဲ့ ရှောင်းကျန့် ကို ဆူသလို စကားတွေ ပြောနေသည်။

ရိပေါ်ကတော့ သူ့ကောင်လေးကို မဆူရဲ့လေပါ သို့သော် ဒေါသတော့ထွက်မိသည် အစောက ဖြစ်ပျက် ထဲ သူသာမရှိခဲ့ရင်ဆိုတဲ့ အတွေးဝင်လာတိုင်း ရိပေါ် ဒေါသတွေက မီးတောင်လို ပေါက်ကွဲပြစ်လိုင်ချင်သည် ... အစောကဘားထဲ ရှောင်းကျန့် သာ မကြိုက်ဘူး ဟု စကားတစ်ခွန်းထွက်မလာရင် ကျိုးချန်ကို သေချာပေါက် နေဝင်ခိုင်းလိုက်မှာဖြစ်သည်။

ရိပေါ်ဘဝမှာ ဘယ်သူ့ကိုမှလဲ ဂရုမစိုက်ဘူး ဘယ်သူ့မျက်နှာမှလဲ မကြည့်တတ်ဘူး သူ့အပေါ်မှာ မကောင်းတဲ့လူတွေအတွက်လဲ သူက ဂရုမစိုက်သလို သူ့အနားရှိနေတဲ့ လူမျက်နှာလဲမကြည့်ဘူး သူမှန်တယ်ထင်ရင် လုပ်တတ်သလို ဘယ်သူ့ရဲ့ သင်ပြမှုမှ မခံယူချင်ဘူး ။

ဘယ်သူ့ ဘယ်သူကိုမှ ဂရုမစိုက် တဲ့ ရိပေါ်ဟာ သွေးဝမ်းကွဲတော်တဲ့ ညီအကို ကျိုးချန်ကိုလဲ မျက်တောင်မခက်ပဲ သ-တ်ရဲသည် ..သူမလုပ်ရဲတာမရှိဘူး သူ့အတွက် တန်ဖိုးထက် အရေးကြီးတဲ့လူ သူ့အပိုင်ဆိုတဲ့ အရာတွေကို ထိပါးလာရင် သေးသေးတင်မခံလောက်အောင် ဘယ်မျက်နှာမှ မကြည့်ပဲ တုန့်ပြန်တတ်သည် ။

"မင်းကိုမင်း ဟုတ်လှပြီထင်နေတာလား မင်းကိုမင်းတော်လှပြီ ထင်နေတာလား လူတွေအားလုံးကို အကောင်းမြင်တတ်တဲ့ မင်းရဲ့အမြင်တွေကို ပြင်သင့်တယ်....

".....

"လူအားလုံးက မင်းနားကိုသူ့အလိုလို ချဥ်းကပ်လာတယ်ဆိုတာ သူတို့မင်းဆီက လိုချင်တာတစ်ခုခုရှိလို့ ကိုယ်လဲ အတူတူပဲ ကိုယ်ချဥ်းကပ်လာတာက Sexကြောင့် ဒါပေမယ့် အခု ကိုယ်မင်းအချစ်ကို ရဖို့ ...

"ကျွန်တော် .....

"မင်းရဲ့ အဲ့လို မသိနားမလည် ပုံစံတွေကို လူတွေက သဘောကျတာ မင်းရဲ့ မငြင်းဆန်လောက်ဘူးထင်ရတဲ့ အပြုအမှုတွေကြောင့် လူတွေက မင်းကို အနိုင်ယူသွားကျတာ ...
ကိုယ်နဲ့တုန်းကလဲ မင်းမငြင်းဆန်နိုင်ဘူး မင်း မရုန်းနိုင်ဘူး မင်း မကြိုက်ရင် မင်းသဘောမတူရင် သူတို့ကို အထိနာစေတဲ့ နေရာကို အသုံးပြုပြီး အဲ့လူလက်ထဲက ထွက်ပြေး ...

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]Where stories live. Discover now