(Unicode)
လေယာဉ်ကွင်း ကို ရောက်နေတဲ့ ရှောင်းကျန့်ဟာ ဧည့်သည် လာမယ့် အချိန်ကို စောင့်ရင်း လေယာဉ်ကွင်းက နားနေအဆောက်အဦးက စိုဖာမှာ ထိုင်နေခဲ့သည်။အတွင်းရေးမှူးပြောတဲ့ အချိန်ကိုတော့ ရောက်တော့မည် လေယာဉ်က ဆိုက်နေတာကလဲ အချိန်တစ်ခုရှိပြီမို့ ထိုင်နေတာက ထလိုက်ပြီး တစ်ဖက်လူ မြင်သာအောင် ဧည့်ကြို ဆိုင်းဘုတ်ကိုလဲ ထောင်ထားလိုက်သည်။
ပြီးတော့ တစ်ဖက်ဧည့်သည်မှာ ကိုင်တွယ်ရခက်တဲ့ ဧည့်သည် ဖြစ်သည်ကို သိထားရတော့ ခဏနေ တွေ့တဲ့အခါ ဧည့်သည်ဘက်က တောင်းဆို မှုတွေနဲ့ ပြစ်ချက်တွေကို ဆောင်ရွက် ပေးဖို့ စိတ်ကို အသင့်ပြင်လိုက်သည်။
ဖုန်းထဲမှာ မြင်ရတဲ့ ဧည့်သည်ပုံစံဟာ မျက်နှာမမြင်ရပဲ တစ်ကိုယ်လုံး အလုံထုပ် ထုပ်ထားသလိုပင် မျက်မှန်အမဲ ဦးထုပ်အမဲ အင်္ကျီဘောင်းဘီကလဲအမဲ maskကလဲ အမဲ ပင် ဘာဆိုဘာမှမသိ ပုံထဲက လူပုံစံကိုသာ ရှာရတော့မည် ။
"အန်တီနဲ့ ပါးပါး နဲ့က ဘယ်လို သိကျတာလဲ...
"ငယ်ငယ်လေးထဲက သိကျတာ အရမ်းခင်ကျတဲ့ လူတွေပါ ...
"ပါးပါးမှာ မိတ်ဆွေရှိတယ်မကြားဖူးဘူး အန်တီက ပါးပါးရဲ့ ပထမဆုံး မိတ်ဆွေဖြစ်နိုင်တယ်...
"ဒါပေါ့ဒါပေါ့....
ရှောင်းကျန့်ဟာ လူတွေအများကြီးကြားက ထိုအလုံထုပ်သလို ထုပ်ထားတဲ့ ဧည့်သည်ကို ရှာတယ်။
မလှမ်းမကမ်းမှာ ခရီးဆောင်အိတ်ကို ဆွဲပြီး လူတစ်ယောက်နဲ့ စကားပြောရင်း လာနေတဲ့ လူဟာ သူ့ဖုန်းထဲက ဧည့်သည်နဲ့ တူတာမို့ ထိုလူဖြစ်နိုင်သည်ဟုသာ တွေးလိုက်သည် ။
"အန်တီ ...ကျွန်တော်တို့ မနက်ဖြန်မှ ဆုံမယ်နော် အခုတော့ အသိလာကြိုနေပြီ သွားလိုက်ပါအုံးမယ်...
ကောင်လေး မေးငေါ့ပြတဲ့ ဘက်ကို ကြည့်လိုက်တော့ ထိုအမျိုးသမီး မျက်နှာထက် အ့သြစရာတစ်ခုကို တွေ့လိုက်ရသလိုပါပဲ ဒါပေမယ့် ဘေးက ကောင်လေးကိုတော့ အပြုံးမပျက် နှုတ်ဆက်လိုက်သည်။
"Hello...你好
တစ်ဖက် ဧည့်သည်မှာ နိုင်ငံခြားသားလား တရုတ်လူမျိုးလား သေချာမသိရသည်မို့ ဘာသာနှစ်မျိုးနဲ့ နှုတ်ဆက်လိုက်သည် တစ်ချို့ဟာ တရုတ်လူမျိုးဆိုပေမယ့် တရုတ်မှာမွေးပြီး နိုင်ငံခြားမှာသာ ကြီးပြင်းသူတွေမို့ တရုတ်စကားမတတ်ကျပါ။
YOU ARE READING
ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]
Fanfiction"𝑪𝒓𝒖𝒔𝒉 ရဲ့ အဖေ " 𝑳𝒐𝒗𝒆"𝑺𝒆𝒙🔞 ပျော်ရွင်မှု နိဗ္ဗာန်ကို သွားပါဆို မှဲ့နက်ပိုင်ရှင်ဆီကိုပဲ သွားပါမယ် ကိုယ့်အချစ်က ပျော်ရွင်မှု နိဗ္ဗာန် ပဲ 𝒀𝒊𝒁𝒉𝒂𝒏 ⚠️