ဇာတ်လိုက်ကို ကွာရှင်းမယ် {Com...

By OAyeSix246

154K 7.9K 242

ရှောင်ကျန်းသည် ဖတ်ခဲ့ဖူးသော စာအုပ်ထဲရှိ ဗီလိန်နေရာသို့ ရောက်ရှိသွားသည်။တစ်ခုဘဲ သူ့ရောက်နေတဲ့ ဗီလိန်ခန္ဓာကိုယ်... More

သုံးသပ်ချက်!!
အပိုင်း 1
အပိုင်း 2
အပိုင်း 3
အပိုင်း 4
အပိုင်း 5
အပိုင်း 6
အပိုင်း 7
Happy Birthday 🎂 Xiao Zhan🎂
အပိုင်း 8
အပိုင်း 9
အပိုင်း 10
ဖြေပေးခဲ့ကြအုံး
အပိုင်း 11
အပိုင်း 12
အပိုင်း 13
အပိုင်း 14
အပိုင်း 16
Up နားတာပါနော်
အပိုင်း 17
အပိုင်း 18
အပိုင်း 19
အပိုင်း 20
ဇာက်သိမ်းပိုင်း
One Short လေးနှစ်ပုဒ် ကံထူးသူ
Hello🤗

အပိုင်း 15

4.5K 291 9
By OAyeSix246

Unicode

"ရှောင်သခင်ကြီး.."

"မြို့၀န်မင်း...ဘာကိစ္စရှိလို့ပါလဲ"

"၀မ်သခင်လေး...."

  ‌မနင်ပိုင်းရဲ့ နေရောင်ခြည်နုနုလေးကို ခံစားနေတုန်း လင်းယွီးဟန် ရောက်လာတာကြောင့် မထခြင်ထခြင်နှင့် ရှောင်ကျန့် ကုလားမှီလေးပေါ်မှ ထလိုက်ရသည်။စိတ်ထဲတွင် သိပ်မကျေနှပ်လှ သူများဇိမ်ခံနေတာကို လာနှောက်ယှပ်ရင် အမုန်းဆုံးပင်။

"မင်းတို့ ကိစ္စဘဲ ..ရိပေါ်မလိုက်ချင်ဘူးဆို မတတ်နိုင်ဘူး"

"ရှောင်သခင်ကြီးတို့ကတော့ဗျာ..."

"ရပ်....ရပ်....ရပ်...မင်းလေသံကိုပြင်လိုက်ရင်ကောင်းမယ်"

  အစပိုင်းတော့ ရှောင်ကျန့် က ရိပေါ်ကို မြို့၀န်မင်းလက်ထဲထည့်ပေးမလို့ဘဲ။ယခုတော့မဟုတ်တော့...ဘာလို့လဲ လာမမေးနဲ့..သောက်မြင်ကပ်သွားလို့။

  "ရှောင်.."

ရိပေါ်ရဲ့ ခေါ်သံကြားတော့ ရှောင်ကျန့်နောက်လှည့်ကြည့်မိသည်။ရိပေါ်၏ မျက်၀န်းများဟာ လင်းယွီဟန်ကို အစိမ်းလိုက်ဝါးစားပြစ်တော့မည့်အတိုင်း ကြည့်နေ၏။အခြေနေကို သဘောပေါက်သော ရှောင်ကျန့်ဟာ ၀မ်ရိပေါ်အနားအမြန်သွားကာ လင်းယွီးဟန်ဘက်လှည့်ပြီး

"မြို့၀န်မင်း..အခုသေချာသဘောပေါက်လိုက်ပါတော့.."

ဟု ပြောကာ ရိပေါ်၏ နှုတ်ခမ်းလေးကို  ခြေဖျားထောက်ပြီး ခပ်ဖွဖွနမ်းလိုက်သည်။ရိပေါ်နှင့် ရှောင်ကျန့်အရပ်ဟာ မတမ်းမရိမ်းမို့ ခြေဖျားထောက်စရာမလိုသော်လည်း သက်သက်ခြေဖျားထောက်လိုက်ခြင်းဖြစ်၏။ လင်းယွီးဟန်မှာ သူ့ရှေ့ရှိလူနှစ်‌ေ‌ယာက်ကို လက်ညှိုးတထိုးထိုးဖြင့်

"မင်း..မင်းတို့..ဟန့်!...၀မ်သခင်လေးကို..မရ..ရတဲ့နည်းနဲ့..ခေါ်မှာ .ရှောင်သခင်ကြီး"

"လုပ်ကြည့်လိုက်လေ...ရ မရသိရအောင်...ထပ်ပြောရရင်...အာ...ဒါမှမဟုတ်..ဘယ်သူက အောဇာပိုရှိလည်းဆုံးဖြတ်နိုင်တာဘဲ..အသေချာပြောနိုင်တာကတော့..မြို့၀န်မင်းရှုံးမယ်ဆိုတာ..ကလေးမေးတောင်သိတယ်"

  လင်းယွီးဟန်မှာ ရှောင်ကျန့်ကို လက်ညှိုးတထိုးထိုးဖြင့် ခဏအကြာ ၀တ်ရုံကို ခါကာ စိတ်ပျက်သော အခြေအနေကို ပြပြီး လှည့်ထွက်သွားတော့၏။ရှောင်ကျန့်က ရိပေါ်ပခုံးပေါ် လက်တစ်ဖတ်တင်ထားတာကို ပြန်ချလိုက်ကာ သွားဖြီးပြရသေးသည်။

"ရိပေါ်...ဝေ့....ရိပေါ်"

  တောင့်တောင့်ကြီးဖြစ်နေသော ရိပေါ်ကြောင့် ရှောင်ကျန့် လန့်ဖြန့်သွားရသည်။
ခွန့်နာက လင်းယွီးဟန်ကို ပြောလိုက်ရတာကြောင့် ဂုဏ်ဆာနေသော စိတ်ကလေးဟာ
ကြက်ပျောက်ငှက်ပျောက် ပျောက်သွားရ၏။ ပခုံးနှစ်ဖတ်ကို စုတ်ကိုင်ကာ လှုပ်မေးတော့မှ

"ရှောင်..."

"အထင်မလွဲနဲ့...မင်းမလိုက်ချင်ဘူးဆိုလို့..ဒီနည်းလမ်းသုံးလိုက်တာ...ငါနောက်ထပ်မင်းဆီက အမုန်းထပ်မပွားချင်ဘူး"

"အင်း..."

   ရိပေါ်နှင့် ရှောင်ကျန့်ဘာစကားမှထပ်မဆိုဖြစ်ကြ။ရှောင် ငါမင်းကိုအစကတဲ့က မမုန်းခဲ့ပါဘူး ရှောင်တနေ့တော့ အစအဆုံးပြောပြနိုင်မှာပါ။

********************

   "၀မ်ရိပေါ်..!!"

   လင်းယွီးဟန်မှာ ဘုရင့်အမိန့်စာလိပ်ကြီးကို မော့တတ်မော့တတ်နှင့် ရှောင်အိမ်တော် တံခါးပေါက်မှ အသံနက်ကြီးဖြင့် အော်ခေါ်လေ၏။ ရှောင်ကျန့် မနက်စောစောစီးစီး လင်းယွီးဟန်ရဲ့ အသံကျယ်ကြီးကြောင့် ရှုပ်နေသော ဆံပင်များကို အမြန်စုချည်လိုက်ပြီး ညအိပ်၀တ်စုံ အဖြူရောင်လေးတစ်ထည်ဖြင့် ရိပေါ်ရှိရာ အဆောင်ကို အမြန်သွားရသည်။မနေ့ကတဲ့က ရှောင်ကျန့်စဉ်းစားနေတာ ရိပေါ်ကို လင်းယွီးဟန်လက်ထဲကို ထည့်မပေးနိုင်တော့ပါ ရှောင်ကျန့်သေချာသွားပါပြီ ရိပေါ်ကို သူနဲ့ဝေးရာကို မတွန်းထုတ်ချင်တော့ဘူး။

"၀မ်သခင်လေး..အမိန့်နာခံပါ"

  နေရာအတွင်းရှိ အစေခံများဟာ လင်းယွီးဟန်ရဲ့ ရှေ့သို့ ဒူးထောက်နေကြစဉ် ရိပေါ်ဟာ တံခါးကို ကျောမှီကာ ကျောက်စရစ်ဖြူလေးခင်းထားသော လျှောက်လမ်းကိုသာ ‌ငေးမောကြည့်နေ၏။မျက်၀န်းများဟာ လူတစ်ယောက်ကို စောင့်နေသည့်ပုံ။မကြာပါဘူး ရှောင်ကျန့်ဟာ ညအိပ်၀တ်စုံအဖြူလေးတစ်ထည်ဖြင့် အပြေးလာသောကြောင့် ရိပေါ်မျက်မှောင်ကျုံ့ကာ အခန်းတွင်းပြန်၀င်ပြီးသိုးမွေး၀တ်ရုံကို ယူပြီး ရှောင်ကျန့်ဆီပြေးသွားရသည်။ထို့နောက် ၀တ်ရုံကို ခြုံပေးလိုက်တော့  ပြုံးပြလာသောရှောင်ကျန့်ကြောင့် နားနားတိုးကာ

"တကယ်..မထည့်ပေးချင်တော့ဘူးပေါ့"

  ‌ယားသွားသော နားရွက်ကို ရှောင်ကျန့်ပွတ်ကာ လင်းယွီးဟန်ဘက်ကို လျှောက်သွားတော့ စိတ်တိုနေတာကြောင့် လင်းယွီးဟန်မျက်နှာဟာ ခရမ်းချဉ်သီး အမှည့်လေးတစ်လုံးနှင့် တူနေတော့၏။ရွှေဝါရောင်အမိန့်စာကို ကျစ်ကျစ်ပါအောင်စုတ်ကိုင်ထားသောကြောင့် လက်ဖျားထိတ်ကလေးများမှာ ရဲနေတော့၏။ရှောင်ကျန့် အမိန့်စာကို ဆွဲလုကာ ရေးထားသော စာကြောင်းများကို ဖတ်ကြည့်တော့ ဘာမှမရှိ။ရွှေဝါရောင် အမိန့်စာလွှာဟာ အလွတ်ကြီးဖြစ်နေသည်။

"ဒါ လိမ်လည်မှုဘဲနော်..မြို့၀န်မင်း"

"..."

လင်းယွီးဟန် ဘာစကားမှတုန့်ပြန်မလာတာကြောင့် ရှောင်ကျန့်နောက်တွင် အားဟန်သည် အမိန့်စာကို ယူဆောင်လာတာကြောင့် လင်းယွီးဟန် မျက်လုံးပြူးကျယ်သွားသည်ကို ‌မျက်လုံးဒေါင့်လေးမှ တွေ့လိုက်တာကြောင့် ရှောင်ကျန့် ခပ်ဟဟပြုံးမိသည်။အားဟန်ဆီမှ အမိန့်စာကို ယူကာ လင်းယွီးဟန်ထံ ပြစ်ပေးလိုက်သည်။လင်းယွီးဟန်က လက်ထဲရောက်လာသောအမိန့်စာဟာ လက်ထပ်ဖို့
အမိန့်စာပင်။ဤ သဘောသည် ၀မ်ရိပေါ်ဟာ ရှောင်ကျန့်ရဲ့ ခင်ပွန်းဖြစ်တာကြောင့် ဘယ်သူမှ လာရောက်နှောက်ယှပ်လို့မရကြောင်းအခု စာရေးထားသောဘုရင်ကိုယ်တိုင်ရောပါသည်ဆိုတဲ့အကြောင်း ဘယ်သူမှ ၀မ်ရိပေါ်ကို ယူ၍မရကြောင်းကို ရှင်းလင်းစွာ ရေးသားထားသည်။လင်းယွီးဟန် လက်ထဲမှ အမိန့်စာကို ရှောင်ကျန့် ပြန်ယူကာ

"ဒီလောက်ဆို..သဘောပေါက်လောက်ပါပြီ..လင်ယွီးဟန်..ဘုရင်အမိန့်နဲ့လည်း ယူလို့မရတော့ဘူး..ဆိုတာ ရှင်းရှင်း‌လင်းလင်းရေးထားတယ်...မတွေ့ဘူးဆိုရင်..ခင်များမျက်စိကန်းနေတာဘဲလို့..သတ်မှတ်လိုက်မယ်"

"တောက်!!"

  တောက်တစ်ချက်ခေါက်ကာ ရှောင်ကျန့်ရှေ့မှ ထွက်ခွာသွားတော့မှ ရှောင်ကျန့် က ရိပေါ်ဘက်လှည့်ကာ

"ဘာမှစိတ်ပူမနေနဲ့..ရိပေါ်ကို ဘယ်သူမှ ခေါ်ထုတ်လို့မရတော့ဘူး..ကိုယ်ကာကွယ်ပေးထားတယ်နော်..စိတ်မပူနဲ့"

မသိလျှင် အားနွဲ့နေသော မိန်း‌ကလေးကို စောင့်ရှောက်ပေးမဲ့ သူရဲကောင်းလိုမျိုးလုပ်နေတာကြောင့် ရိပေါ် နှုတ်ခမ်းကို ဖိကိုက်ထားလိုက်ရ၏။တကယ်ကို..အရူးလေးတစ်မျိုးဘဲ ရှောင် ကိုယ်ဘယ်သူ့စီကိုမှ သွားမှာ မဟုတ်လို့..ရှောင်လည်း တွန်းထုတ်လို့မရဘူး..၀မ်ရိပေါ်ဆိုတာ ဘယ်သူ့အမိန့်ကို မှ နာခံလာတဲ့ကောင်မဟုတ်ဘူး။
  အမှန်တော့ ၀မ်ရိပေါ် ဘုရင့်အမိန့်ကြောင့် ရှောင်ကျန့်ကို လက်ထပ်လိုက်တာမဟုတ်ပါ။

  တန်းလန်းထားခဲ့ပြီး..ရိပေါ်က ကြိတ်ပုန်းကြီးနော်🤭🤭

Zawgyi
























********************








"..."








Continue Reading

You'll Also Like

3.4K 439 16
"ကျွန်တော်မျိုး သခင်လေးအတွက်ဆို ကျွန်တော့်အသက်ကိုပါ စွန့်လွှတ်ဝံ့ပါတယ်" "အဲ့တာဆို ခင်ဗျားရဲ့ အသဲနှလုံးကို စားချင်တယ်"
3.3M 268K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
14.3K 646 26
completed. 𝘊𝘰𝘳𝘥𝘪𝘧𝘰𝘳𝘮 - 𝘩𝘦𝘢𝘳𝘵 𝘴𝘩𝘢𝘱𝘦𝘥♡ "𝘐𝘧 𝘺𝘰𝘶 𝘧𝘦𝘦𝘭 𝘭𝘪𝘬𝘦 𝘴𝘰𝘮𝘦𝘰𝘯𝘦 𝘪𝘴 𝘧𝘰𝘭𝘭𝘰𝘸𝘪𝘯𝘨 𝘺𝘰𝘶, 𝘥𝘰𝘯'𝘵 𝘸𝘰...