မူပိုင် ပြည့်တန်ဆာ...။(Comple...

Par DORotheA47

334K 15.5K 264

မူးယဇ်ဆေးထက် ယဇ်မူးစေနိုင်တဲ့ ခင့် အလှက အထက်တန်းဆန်လွန်းတယ်။ Plus

episode 1
episode 2
episode 3
episode 4
episode 5
episode 6
episode 7
episode 8
episode 9
episode 10
episode 11
episode 12
episode 13
episode 14🔞
episode 15
episode 16
episode 17
episode 18
episode 19
episode 20
episode 21
episode 22
episode 23
episode 24
episode 25
episode 26
episode 27
episode 28
episode 29
episode 30
episode 31
episode 32
episode 33
episode 34
episode 35
episode 36
episode 37
episode 38
episode 39
episode 40
episode 41
episode 42
episode 43
episode 44
episode 45
episode 46
episode 47
episode 48
episode 49
episode 51
episode 52
episode 53
episode 54
episode 55
episode 56
ဇာတ်သိမ်းပိုင်း

episode 50

4.8K 232 8
Par DORotheA47

""တောက်စ်.....
""အား.....
""လီးလိုပဲ""

အသက်ရှူသံများပင်တုန်ယင်နေပြီးဒေါသငယ်ထိပ်ရောက်ကာ နှင်းသောင်းကျန်းနေသည်။ တစ်ခန်းလုံးလည်း ပုလင်းကွဲများ ခေါင်းအုံးမို့များပြန့်ကျဲလျက်။

""fuck ပဲ""

""ယွန်းသီရိ နင့်ကိုငါသတ်မယ်""

""AHHHHHH

""အဓိပ္ပာယ်မရှိအော်မနေနဲ့တော့...ကျမပြောစကားကို နားထောင်ခဲ့ရင် ဒီလိုအဖြစ်မျိုးကြုံရမှာမဟုတ်ဘူး""
""ဖြစ်ပြီးတာတွေကို ထားလိုက်ပြီးအခုဘာဆက်လုပ်မလဲဆိုတာ စဥ်းစားရမယ်""

""ကျမ အဲဒီမိန်းမကို သတ်မယ်...သူသေမှ အေးမှာ""

""စိတ်အေးအေးထားစမ်း...အခုကျမတို့တွေးရမှာက ဘာဆက်လုပ်ရမလဲဆိုတာကို အရင်တွေးရမှာ"

"ကျမ ကျော်ကြီးကို မျက်ခြေမပျက်စောင့်ကြည့်ခိုင်းထားတယ်"
"သူတို့ ဘယ်ကိုမှ ထပ်ပြီးပြေးလို့မရစေရဘူး"

""စောင့်ကြည့်နေလိုက်စမ်း ယွန်းသီရိနင်ဘဝနိဂုံးချုပ်မလှအောင် ငါဖန်တီးပြမယ်"

ယွန်းစကား တစ်တွေမသိမ်းလိုက်နာသော ခင့်ပုံရိပ်များကိုမြင်ယောင်မိတိုင်း နှင်း ရင်နာသည်။

ကြိုးဆွဲရာကခိုင်းပြီး လိင်ကျွန်လိုဆက်ဆံနေတာကို နှင်း ဘဝင်မကျလှပါ။ ချစ်တင်းနှောနေကြသော ယွန်းနှင့်ခင့် ပုံရိပ်များ ပြန်လည်မြင်ယောင်လာကာ အံ့ကြိတ်လက်သီးဆုပ်မိရင်း ဒေါ
သထွက်သည်။ သူမချစ်သော ခင့်ကိုယခုလို ပြုမူဆက်ဆံနေတာကို သည်းမခံနိုင်...မမြင်ချင် မတွေ့ချင်...ယွန်းကိုသာ တစ်စစီဆွဲဖြဲချင်စိတ်ပေါ်လာသည်။ 
ခင့်ကို ယခုလိုမျိုး ခုတုံးလုပ်ကာ
ခိုင်းစားနေသည်ကိုလည်းမကြည့်ရက်။ နှင်း စိတ်ထဲ အူတိုနေသည်။ ဒေါသထွက်နေသည်။မနာလိုနေသည်။ သူမအပိုင်ဟု
ယူစထားသော အမျိုးသမီးက ယခုလိုမျိုး သူများထံတွင် နွား
တစ်ကောင်လို အသုံးချခံနေရတာကိုလည်း မကြည့်ချင်။ စိတ်ရှိတိုင်းသာဆိုလျှင် ယွန်းသီရိကို
သတ်မိပြီ...သတ်ခဲ့လိုက်သည်။
တစ်စစီဆွဲဖြဲပြီးနှင့်ပြီ။

=============

""လေဒီယာ""

""ရှင့်ကို ကျမနောက်မလိုက်နဲ့လို့ ဘယ်နှစ်ခါပြောရမှာလဲ""

""ကျမ မမကလွဲပြီး ဘယ်သူ့ကိုမှ
မချစ်နိုင်ဘူး""

"လူလိုပြောနေရင် နားလည်...သွားပါတော့...ကျမ အလုပ်ကို ကောင်းကောင်းလုပ်ပါရစေ""

""မင်း ငါ့ကို မမှတ်မိမချင်း ငါကတော့ ဆက်လိုက်နေမှာ....မင်းက ငါ့အပိုင် မင်းကို ငါကိုယ်တိုင် ပိုက်ဆံအများကြီးအကုန်ခံပြီးဝယ်ထားတာ""

""ဟိုဟာမဆီကနေ မင်းကို တို့မရရအောင်ပြန်ခေါ်ပြမယ်""

""ပြီးတော့ မင်း အဲဒီဟာမကို တမ်းတမ်းစွဲလုပ်ပြနေတာ ငါ့ရင်တွေနာလှပြီ မင်းသိလား""

""ကျေးဇူးပြုပြီး ကျမကိုမနှောက်ယှက်ပါနဲ့တော့ရှင်....မမမြင်ရင် အထင်လွှဲသွားလိမ့်မယ်""

"သွားပါတော့.... ကျမတောင်းပန်ပါတယ်ရှင်"

""အိုခေ ဘေဘီမင်းအတင်းတောင်းဆိုလို့ တို့ပြန်လိုက်မယ်...နောက်နေ့မှ ထပ်လာခဲ့မယ်...ဒီနေ့တော့ ဒီလောက်ပဲ"

"တာ့တာ"

နှင်း လေဒီယာကိုနောက်ယောင်ခံပြီးလိုက်နေသည်မှာ တစ်လခန့်ရှိလေပြီ။
နှစ်ဦးနှစ်ဖက် နှစ်ဖွဲ့စလုံး တင်းမာနေသည့် ဆက်ဆံရေးများဖြစ်နေပေမယ့်နှင်းကတော့ အကြောက်အလန့်မရှိ လေဒီယာနောက်သို့ တစ်ကောက်ကောက်လိုက်သည်။ 
နှင်းတို့ ယခုကဲ့သို့ အန္တရာယ်ကင်းကင်းရှင်းရှင်းဖြင့် နေနိုင်ခြင်းသည် ဖေဖေ့အာဏာပါဝါကြောင့်လည်းပါသည်။
ယွန်းသီရိဖက်ကလည်း နှင်းတို့ကို ရန်မူလို့မရသလို...နှင်းတို့ကလည်း ရုရှားနာမည်ကြီးဂိုဏ်းချုပ်တစ်ဖွဲ့လုံးလက်
အောက်တွင်ရှိနေသော ယွန်းသီရိကိုရန်စလို့ မဖြစ်ပေ။ ခိုက်ရန်ဖြစ်လို့ သွေးချောင်းစီးသွားတာပဲ အဖက်တင်မည်ကို နှစ်ဦးနှစ်ဖက်လုံးသိသည်။
နှင်းကတော့ အကြောက်အလန့်မရှိသူပီပီ အကြောတင်းကာ စောက်ဂရုမစိုက်သည့် အထာနှင့် လေဒီယာနောက်သို့ တစ်ကောက်ကောက်လိုက်သည်။

""ဘယ်လို မိန်းမမှန်းမသိဘူး...စိတ်ရှုပ်လိုက်တာ...မမကို ပိုက်ဆံများများအပ်နိုင်အောင်ကြိုးစားရမှာကို အရှုပ်ထုပ်နဲ့
လာလာတွေ့နေတယ်""

လေဒီယာ ပွစိပွစိသာပြောပေမယ့် ဝန်ခံရလျင် မသိစိတ်က ထိုအမျိုးသမီးကို သနားသည်။ ထိုအမျိုးသမီး သူမရှေ့ပေါ်လာလျှင် ရင်ဘက်အောင့်သက်သက်နှင့် အဖြေရှာမရပေ။ မသိစိတ်က လွမ်းဆွတ်မိသလိုလိုလွမ်းနေခဲ့ရသည့် ခံစားချက်လိုလိုနှင့်အဓိပ္ပါယ်မရှိသော ခံစားမှု အငွေ့အသက် အသစ်များခံစားနေရသည်ကိုလည်း လေဒီယာမကြိုက်ပါ။မောင်းထုတ်မိပေမယ့် တွေ့ချင်နေပြန်သည်။ အော်​ငေါက်မိပေမယ့် စိတ်မကောင်းဖြစ်ရသည်။ ထွက်သွားပေ
မယ့် မလာတော့မှာကို စိုးရိမ်မိသည်။

==============

""Rose.....rose....မင်းကို အရူးတစ်ပိုင်းဖြစ်အောင် လုပ်မှရတော့မယ်"

""လေဒီယာ!!!!!!
"ဒီကို လာစမ်း"

ကြည် တောက် ရှင်း ခပ်ပြတ်ပြတ်လေသံနှင့် အမိန့်ပေးကာ ခေါ်လိုက်သည်။

""ဟုတ် မမ...ဘာလုပ်ပေးရမလဲဟင်"

""ဟင်း.......

ယွန်း လေဒီယာ ဆံပင်လေးတွေကိုဆော့ကစားလိုက်ပြီး ပါးကလေးကိုပွတ်လိုသပ်ပေးလိုက်ကာ.....

""မင်းကို အရေးကြီး ခိုင်းစရာတစ်ခုရှိတယ်""
""ငါ့ကို စိတ်ပျက်အောင် လုပ်မှာလား"

""လေဒီယာက မမသေဆိုသေ ရှင်ဆိုရှင်ပါ...ဒီနေ့ဒီချိန်ထိ မမတာဝန်ပေးတာတွေ လွှဲချော်အောင်မလုပ်ခဲ့ဖူးသလို မမနစ်နာအောင်ဘာတစ်ခုမှလည်း မလုပ်ခဲ့ဘူး..... မမစိတ်ချလက်ချ လေဒီယာ့ကို ခိုင်းပါ""

"အိုခေ...ကောင်းပြီလေ"
"ငါ့ကိုယ်စား မင်း ဟိုအမျိိုးသမီးကို သတ်ပေးစမ်း"

""ရှင်!!!!!!!!

လေဒီယာ ထိတ်လန့်သွားခဲ့တာ အမှန်ပင်။မထင်မှတ်ထားသော
တောင်းဆိုမှုမဟုတ်လား။

"ဘာလဲ လုပ်မပေးချင်ဘူးလား"

"မ...မဟုတ်ပါဘူး...မမကြီးစိတ်မပျက်စေရပါဘူးလို့ လေဒီယာကတိပေးပါတယ်"

"ဒီနေ့ကစပြီး မင်းသူ့ကို အနုနည်းနဲ့ချဥ်းကပ်ရမယ်...မင်းလုပ်သမျှငါ့ကိုတစ်ခုမကျန်အကုန်ပြန်ပြော...ငါအမိန့်ပေးမှ သတ်"

"ဟုတ်ကဲ့ပါ မမ"

"သွားလို့ရပြီ....သွားတော့"

"ဟုတ်....ဟို...ဟိုလေ မမ...သူနဲ့ မမနဲ့ဘယ်လိုပတ်သတ်ခဲ့တာလဲဆိုတာ လေဒီယာ သိခွင့်ရှိမလား"

"မင်းက ငါ့ကိုအတွန့်တတ်တာလား..."

"မ....မဟုတ်ပါဘူး...မမရယ်...အဲလိုသဘောမျိုးမဟုတ်......

"ငါ့ကို ကြည့်စမ်း....

ယွန်းသီရိ လေဒီယာ မေးစေ့ကိုကိုင်ကာ မော့လိုက်ပြီး.........

""မင်း ငါသေတာကို မြင်ချင်လား.....ဒါမှမဟုတ် ငါ့ကိုသေစေချင်တာလား"

"မ...မ...မဟုတ်....အဲလိုသဘောမဟုတ်ပါဘူး မမ....လေ...လေဒီယာ မမကို အဆုံးရှုံးမခံနိုင်ဘူး"

လေဒီယာ ယွန်းသီရိပြောစကားကြောင့် အတိုင်းအဆမရှိ မျက်ရည်များရွှဲနစ်ကျဆင်းလာသည်။

""မင်း ငါ့ကို မဆုံးရှုံးချင်ရင် ငါပြောတာ ငါခိုင်းတာ သေချာလုပ်""

""ဟုတ်ကဲ့ပါ မမ....မမကို စိတ်မပျက်စေရပါဘူးလို့ ကတိပေးပါတယ်"
"လေဒီယာ မမကို ကာကွယ်ပေးမယ်"

""အိုခေလေ....အလုပ်နဲ့သက်သေပြတာပဲ ငါလိုချင်တယ်""

""သွားနားတော့""

""ဟုတ်ကဲ့""

လေဒီယာထွက်သွားတော့ ယွန်းမဲ့ပြုံးများဆင်မြန်းလိုက်ကာ အကြံဆိုးကြီးနှင့် အောင်နိုင်သူပီပီ ပိတိဖြာနေတော့သည်။
နောက်ပြန်လှည့်လို့မရတော့သည့် ယခုရန်ပွဲတွင် သူသေကိုယ်သေ သူမသေရင်ကိုယ်သေ ကိုယ်မသေရင်သူသေမှ အေးမည်မဟုတ်လား။ ထို့ကြောင့် rose ​ရှေ့ဆက်မတိုးခင် သူမအရင်
လက်ဦးမှ ဖြစ်မည်လေ။ သူမအရင် Roseကို အပြတ်ရှင်းရမည်။ Roseသည် မထင်မှတ်ထားသောအချိန် ၊ မထင်မှတ်ထားသော နေရာများတွင် မထင်မှတ်စွာ ဝင်ရောက်တိုက်ခိုက်တတ်သူ မဟုတ်လား။

လွန်ခဲ့သည့် ၂နှစ်လောက်က Rose
အသက်ရှင်နေသေးသည် ဆိုသည့်သတင်းသည် ယွန်းကို ရတက်မအေးစေခဲ့။ ချောက်ချားသော စိတ်ဖြင့်သာ နေခဲ့ရသည်။ ထိန့်လန့်ခြင်းဖြင့်သာနေထိုင်ခဲ့ရသည်။ ထို့ကြောင့်လည်း Roseအရမ်းမြတ်နိုးပြီး အရမ်းချစ်သော ခင့်အား ညို့ဆေးတစ်မျိုးသုံးကာ ဒိုင်းကာအဖြစ် အသုံးပြုရန်အကွက်ချခဲ့သည်။

ယခုတော့ သူမ စီစဥ်ထားခဲ့သမျှအတိုင်း သူမကိုယ် သူမ ကာကွယ်နိုင်ခဲ့သည်။ ကံကောင်းလို့ အသက်ဘေးမှလွတ်မြောက်ခဲ့ပေမယ့် နောက်တစ်ကြိမ်မှာတော့ မတွေးရဲစရာများဖြစ်လာတော့မည်ကို ကြိုသိနှင့်သည်။

""ချစ်တဲ့လူ ထိုးနှက်တဲ့ဒဏ်ကို ခံစားကြည့်လိုက်စမ်း""

""ဒီပွဲမှာ ငါပဲနိုင်ရမယ်...မင်းချစ်တဲ့မိန်းမကိုလည်း တစ်သက်လုံး ငါ့ခြေရင်းမှာ ပြားပြားဝပ်ခွေးတစ်ကောင်လိုထားပြီး နွားတစ်ကောင်လို ခိုင်းစားအုံးမှာ""

""ဒါက မင်းငါ့ကို ဥပေက္ခာပြုဆက်ဆံခဲ့တဲ့အတွက် ငါမင်းကိုပေးတဲ့ ပြစ်ဒဏ်ပဲ""

""မင်းသေရင်တောင်မှ မင်းနှလုံးသားနာကျင်ကြေမွှနေအောင် ငါလုပ်ပြမယ်"
"မင်းဝိညာဥ်မငြိမ်းချမ်းအောင် ငါဖန်တီးပေးမယ်"

""မင်းရဲ့ ကံကြမ္မာအသစ်ကို ကြိုဆိုလိုက်ပါအုံး....Lady rose""

"""ဟားး...ဟားးး...ဟားး...ဟား""






Continuer la Lecture

Vous Aimerez Aussi

10K 365 24
Unicode ငယ်ကိုအရမ်းမုန်းတာပဲလားမမမုန်း သဲငယ် ငါ့ဘဝမှာမင်းကိုအမုန်းဆုံးပဲ တစ်သက်လုံးမုန်းန...
5.3K 766 23
හැකි වේදෝ පිරිමි ඇඟකට පිරිමි ඇඟක් හිරවෙන්ඩ..........
13.4K 390 9
When the Marauder era got a letter from golden era saying that there is second wizarding war, and they are going to watch the life of two Potter in o...