DADDY BROTHER (Complete)

Door Donut-15

7.4K 550 92

ငါ့ပိုင်နက်ထဲရောက်နေတဲ့ မင်းက..ငါ့အပိုင် Meer

Introduction
Part (1)
Part (2)
Part (3)
Part (4)
Part (5)
Part (7)
Part (8)
Part (9)
Part (10)
Part (11)
Part (12)
Part (13)
Part (14)
Part (15)
Part (16) Final
Special Episode

Part (6)

382 30 4
Door Donut-15

"Daddy သတိရပီတဲ့..ဟွမ်..ဟွမ် ထတော့ Daddy သတိရပီတဲ့ "

ရုတ်တရက် မြင်တွေ့လိုက်ရတဲ့ Jaden မျက်နှာပေါ်က အပြုံးတစ်ခု ၊ ဟွမ်က ရုတ်တရက်ထထိုင်လိုက်ရင်း ရင်ဘက်ကို ဖိထားလိုက်သည်။

တစ်ဖက်က Jaden က တော့ ပြောပီးဆိုပီးဆေးရုံသွားရန် ကောက်ထည့်စရာရှ်ိတာ အိတ်ထဲကောက်ထည့်နေလေသည်။

" မြန်မြန်လုပ်လေ...ရေချိုး "

အမြဲရန်သူလိုပြုမူနေတဲ့ သူက ဘာလို့ ဒီနေ့မှ

" အားး.. ကျစ် "

ခေါင်းတစ်ချက်နောက်သွားရင်း ရေချိုးခန်းထဲဝင်သွားလေသည်။

Bathrobe နဲ့ပြန်ထွက်လာတော့ Hotel က အစားအသောက်အား ဟွမ်စားရန် Jaden က ကြိုမှာထားပေးသည်။

" ရော့.. Miso ဟင်းချိုလေးရယ် Saba ရယ် ထမင်းပူပူလေးရယ်လာစား "

ဟွမ် ဒါတွေမစားတတ်ဘူးဆိုတာကိုတော့ Jaden က သိပုံမပေါ်

" အင်း တင်ထားလိုက် စားလိုက်မယ် "

ညကကိစ္စကို မျက်နှာနီကာ ရှက်ရှက်နဲ့ ဘယ်သူဘက်မှ ပြန်၍ ထုတ်မပြောကြချေ။

" ဒါနဲ့ Jaden, တစ်ခုမေးလို့ရမလား "

ရုတ်တရက် တစ်သက်တကိုယ် အခုမှ သူ့နာမည်ကိုခေါ်လိုက်တာကြောင့် အာရုံဟာလွင့်ခနဲ ။

Jaden က ဟိုဘက်လှည့်၍ ထည့်စရာရှိတဲ့ပစ္သည်းရွေးထည့်နေတာကြောင့် ဟွမ့်ကိုတော့လှည့်မကြည့်အား ၊ ထို့‌ကြောင့် ကျောခိုင်းရင်း ဖြေလိုက်လေသည်။

" အင်း "

" ခင်‌ဗျားက ဂျပန်လူမျိုးအစစ်ပါနော် "

" အင်း ဘာလို့လဲ "

" အော် နာမည်က English နာမည်ကြီးမို့လို့လေ ၊ ဂျပန် နာမည်မရှိဘူးလား လို့ ၊ လူရယ်လို့စတင်မွေးဖွားလာပီဆိုရင် မိသားစု အသိုက်အမြုံဆိုတာ ရှိကြတာပဲလေ ၊ အသိုက်အမြုံရှိတာနဲ့အမျှမျိုးရိုးဆိုတာရှိရမှာမဟုတ်ဘူးလား "

" အင်း.. "

ရေခဲလိုတောင့်တောင့်ကြီးဖြစ်သွားလျှက်

ထိုစဉ် သူ့ကို စတင်ခေါ်လာသည့်နေ့က Daddy ပြောတဲ့စကားကို ပြန်ကြားရောင်ရင်း

◾◾မင်းသေချာနားထောင် ၊ ဒီနေ့ကစပီး မင်းကိုမျိုးရိုးနာမည်ဖျောက်ပစ်မယ် ၊ မင်းနာမည်က English လို Jaden လို့ပဲဖြေရမယ် ၊ ဘယ်သူမေးမေး ၊ ဟိတ်ကောင် ငါပြောတာကြားလား "

" ဗျာ ... ဟုတ် ဟုတ်ကဲ့ "

" နောက်ပီး ဂျပန်နာမည် Yoshi ပဲ ၊ ကြားတယ်နော် ၊ ဘယ်သူမေးမေး မင်းမှာမျိုးရိုးဆိုတာမရှိဘူး ကြားလား ငါပြောတာ ◾◾

" ‌ကျုပ်ပြောနေတာကြားရဲ့လား Jaden "

" အင်း ငါ့မှာ မင်းပြောသလို မျိုးမစစ်တဲ့သူမို့ မျိုးရိုးနာမည်မရှိဘူး ဟွမ် "

" ဒါပေမဲ့ ...... "

" အင်း ဆက်ပြော ၊ ဒါပေမဲ့ဘာဖြစ်လဲ "

" ကျောင်းက သူတွေကတော့ Yoshi လို့ခေါ်တယ် "

" Yoshi ???? Yoshi တဲ့လား အဟက် ၊ အင်း..Yoshi "

" မြန်မြန်လုပ် ပါးစပ်အရသာခံမနေနဲ့ ၊ Daddy ဆီသွားရဦးမယ် "

" အင်းပါ "

ဘယ်လိုဖြစ်လို့ ဟွမ်က ဒီနေ့မှ သူမဟုတ်သလို စကားတွေ ချိုသာပြနေတာပါလိမ့် ။

Jaden နဲနဲတော့လန့်သည်။ သူဘာလိုချင်‌ပြန်ပီလဲပေ့ါ။

" Yoshi "

" အင်း ပြော "

" ကိုယ့်နာမည်တော့ ကိုသိသား ? "

ကျစ် ခနဲ စုပ်သတ်၍ ဟွမ့် အား အကျီလဲ လက်အရင်းမှ ကိုင်၍

ရပ်မနေနဲ့ ထွက်လာဆ်ုသည့် ပုံစံနဲ့ ဆွဲဆောင့်လိုက်သည်။

"ခင်ဗျား လင် လား ? လာပီး ဆွဲဆောင့်ရအောင်"

" $စကားရှည်မနေနဲ့... Daddy သတိရနေပီပြောနေတာ ... မင်း Daddy မဟုတ်ဘူးလား "

အဟက်... စိတ်ပူနေလိုက်ပုံများ

ဟွမ် ပင်ပန်းနေတာကြောင့် ဘာမှ‌မပြောပဲ ဒီတိုင်းသာပြုံးပီး Jaden ကိုသာရပ်ကြည့်နေမိသည်။

သို့သော် နှုတ်ခမ်း တွန့်ချိုး၍ မဲ့ပြုံးပင်

--------

ဆေးရုံရောက်တော့ Daddy နားကို ဟွမ်ကအ
လျှင်အမြန်သွား၍ လက်ကလေးအားဆုပ်ကိုင်ထားပေးသည်။

ဒါကလဲ ဟွမ့် ကိုသာဦးတည်ပီး Daddy က လှမ်းခေါ်ခြင်းဖြစ်သည်။

" ဟုတ် Daddy , စကားသိပ်မပြောနိုင်ရင်လဲမပြောပါလား ၊ နား‌နားနေနေ နေပါ Daddy ရယ် ၊ သားတို့မပြန်ဘူးနော် ၊ အနားမှာရှိနေမယ် "

" ဟို... သားးး သားကြီး ၊ သားးး သားငယ် "

Jaden က သားကြီးဆိုတဲ့အသံကြားတော့ချက်ချင်းပြေးလာပြီး သခင်ကြီးရဲ့ ကျန်လက်တစ်ဖက်အားဆုပ်ကိုင်လေသည်။

" Daddy သားတို့ရှိတယ် ၊ ပြောပါ "

" Company.. Company ကို ဟွမ်နဲ့ သား က ဦးစီးပေးပါ ၊ Daddy လွှဲပြောင်းပေးဖို့ Shizuka Chan ကို စာရွက်စာတန်းပြင်ဆင်ပေးခိုင်းထားပီ "

ထိုစဉ်

ပြင်သစ်က အဝယ်တော်ရဲ့ မိတ်ဆွေတစ်ဦး ဖြစ်တဲ့ YAMADA HAKIRU ကရောက်ရှိလာပီး ၊ ဘေးမှာလဲ အမျိုးသမီးငယ်လေးတစ်ယောက်အားတွေ့ရလေသည်။

" Uncle သက်သာရဲ့လား "

" ဟော... လာကြပါ ကြွပါ "

ထိုစဉ် သခင်ကြီးရဲ့ လက်က ဟွမ့် လက်အားမသိမသာ တွန့်ခါလိုက်ပီး YMADA San ရဲ့ သမီးဖြစ်သူအား အတန်းရှင်းပေးစေသည်။

" Hai "

" So Junghwan ပါ "

" Hai , Nice to meet you , Hwan"

" Don't call me like that !! "

" Why ? "

" This name is for only one "

" okay , Sorry "

ထိုစကားတွေကို ကြားရတဲ့ Jaden တစ်ယောက်
လန့်ဖြန့်သွားဝာာတော့အမှန်ပင် ၊

ဟွမ် ဆိုတာ ငါကလွဲပီး သူ့ကိုဘယ်သူက‌ခေါ်သေးလို့လဲ ?

မျက်လုံးတွေ ချက်ချင်းပြာယာခက်သွားတာကို ဟွမ်က လှမ်းမြင်၍ ပြုံး‌သည်။

Jaden လဲ သူတို့အားလုံးရီမောရင်းပြောဆိုနေတာတွေ့တော့ ၊ ရပ်ကြည့်နေလဲ မထားတော့တာမို့ အခန်းအပြင်သို့ထွက်လာလေသည်။

" အကိုလေး Jaden , အထဲမဝင်ဘူးလား "

Shizuka Chan ကိုမြင်တော့ သူမေးစရာရှ်ိတာနဲ့အတော်ဖြစ်သွားလေသည်။

" ခဏလောက် အချိန်ရမလား O ne San (အမ)"

" Hai , အကိုလေး "

ဆေးရုံ ကော်ရစ်တာဘက်သို့ထွက်လာရင်း လမ်းလျှောက်ကာစကားစမြည်ပြောဖြစ်ခဲ့ကြသည်။

" အိုနဲစံ က Daddy ရဲ့ Secretary လုပ်တာ ကြာပီလား "

" ကြာပီဆိုပါတော့.. အကိုလေး ၊ သခင်ကြီးက စိတ်တအားနုတာလေ ၊ သူ့အမျိုးသမီး ဆုံးပီးထဲက အခုထိ နောက်အိမ်ထောင်လဲမပြုသလို ၊ အနေပါ အေးပီး ရုတ်တရက်တိတ်ဆိပ်သွားတယ်"

" အော်..."

" သခင်ကြီးတို့အပေါ် အိုနဲစံ က သစ္စာရှိပုံပဲနော် "

" အင်း... ဟုတ်တယ် ၊ အခုလဲ သူ့သားနဲ့ အိုနဲစံကို နေရာချပေးချင်ပုံပေါ်တယ် ၊ အဲ့ဒါကြောင့်လဲ ပိုပြီး သခင်ကြီးတို့သားအဖပေါ် သစ္စာရှိရှိလုပ်ကိုင်ပေးရတယ်လေ "

အိုနဲစံ ရဲ့မျက်နှာထားဟာ ချက်ချင်းတင်းမာသွားသည်။

" အော်... ဟွမ့် ကို ရဖို့အတွက်နဲ့‌လေ ? "

" ရှင်... ဘာစကားကြီးလဲ ရှင့် "

Jaden က လက် နောက်ပစ်ရင်း တစ်ချက်ပြုံးလိုက်လေသည်။

" ကျွန်တော် မပြောလဲ အိုနဲစံ သိမှာပါ "

ရုတ်တရက် နှစ်ယောက်သားဟာ ရပ်တန့်သွားပီး မျက်နှာချင်းဆိုင်လိုက်သည်။

" Jaden ပွင့်ပွင့်လင်းလင်းပြောပါ "

" အိုကေလေ ၊ မင်းဘက်က မေးလာပီဆိုတော့ ကျုပ်ပြောရတာပေါ့ "

"....."

" ဟွမ့်ကို ဘာ‌ကြောင့် အဲ့ဒီပုံတွေပို့ရသလဲ ? "

မျက်ခုံးတစ်ဖက်အားတွန့်ချိုးလိုက်ရင်း

" ဘာပုံလဲ "

" အဟက်.. Daddy ကိုတော့ ပြဖို့လိုပီထင်တယ် "

အိုနဲစံရဲ့ မျက်လုံးတွေဟာ ချက်ချင်းပင် ဂနာမငြိမ်ဖြစ်လာ၍ အသားတွေ တဆက်ဆက်တုန်နေတာကို သိသိသာသာ တွေ့နေလေသည်။

" မကြောက်ပါနဲ့ ... အဲ့လောက်ကြီးကြောက်စရာမှမလိုတာ "

" ဘာ .."

" အသံကို နှိမ့်‌ပြောပါ အိုနဲစံ "

မလုံမလဲ ဖြင့်မျက်လုံးတေဟာ အပေါ်အောက်ကစားရင်း ၊ Jaden ဘက်အား မကြည့်တော့ပဲ ထွက်သွားလေသည်။

" ဟွမ် " လို့ ခေါ်မလို့ အရှိနိယူရန်ရှိသေး ။
Daddy အခန်းထဲက Hoshi San နဲ့ လက်ချိတိထွက်လာတာကိုမြင်ပြန်တော့ မသိမသာ အနောက်သို့ပြန်လှည့်၍ ခန္ဓာကိုယ် ဟန်ချက်ကို ဘာမှမဖြစ်သလို ပြန်ထိန်းရသည်။

ထိုသို့ပြုမူလိုက်ပုံက ဟွမ် က မြင်သည်။

သို့သော် ဂရုမစိုက် အရှေ့ တည့်တည့် ကနေ ရွဲ့၍ လက်ချိတ်ကာဖြတ်လျှောက်ရင်း

အရှေ့ရောက်တော့

" မင်း ကို Daddy ရှာနေတယ် ဝင်သွားလိုက်ဦး "

စကားပြန်မပြောပဲ ခေါင်းသာ ငြိမ့်ပြလိုက်သည်။

" ကိုယ်.. သူက ဘယ်သူလဲ ? "

" အဟက်.. Daddy နဲ့ ဘာညာ ပါကွာ "

" ဟမ် "

" အံ့ဩသွားလို့လား "

" အင်း "

" လာပါ... Client တွေနဲ့ သွားတွေ့ဖို့ မီးငယ် လိုက်မယ်မလား"

Hoshi San ကို မီးငယ် ဟု နာမ်စားသုံးလိုက်ခြင်းပင်

ထိုစကားတေအားလုံးကို Jaden ကြားသည်။
ကြားအောင်လည်း ဟွမ် က ရပ်ပီး ခန္ဓာက်စောင်းပြောခဲ့တာမလား ?

" ဟွမ် " မင်းက‌လေ အမြဲငါ့ကို နာကျင်စေရမှ ကျေနပ်ပုံပဲ ၊ တရားမျှတမှုဆိုတဲ့အရာက ငါနဲ့ လားလားမှ မဆိုင်ပဲလေ ၊ မင်း နှုတ်က ထွက်ထွက်လာတဲ့စကားတိုင်းက ငါ့အတွက် အဆိပ်တွေ ဝါးမျိုနေရသလို ဖြစ်နေပါပေါ့လား ။

" Daddy "

" သား.. "

" အဟင့်.. အီး ဟီး "

" သား ရယ် စိတ်နုလိုက်တာ "

" Daddy ဒီမှာ ဘယ်နရက်ကြာဦးမလဲ "

" ကြာမှာ သား.. Daddy ဓာတ်ကင်ရမယ် သား "

" Daddy နာနေမှာ‌ပဲနော် "

" မနာပါဘူး သားရယ် ၊ မငိုနဲ့ "

" ဟုတ် "

" သားငယ် ဘာပြောလဲ အလုပ်နဲ့ပတ်သက်ပီး "

" ဟင့်အင်း မပြောရသေးဘူး "

" သားတွေ့လိုက်လား ၊ ခုနက အဝယ်တော်တေကို "

" ဟုတ်ကဲ့ "

" အဲ့‌ဒါလေ သား ရဲ့ ညီလေး နဲ့ စေ့စပ်ဖို့ လာကမ်းလှမ်းတာ ၊ သူတို့ က နဂိုထဲ ပြင်သစ်ရောက်ရင်တွေ့မယ်ပြောတာ ၊ ဒါပေမဲ့ Daddy အခေုအနေကိုအခုသား တွေ့တဲ့အတိုင်းပဲ ၊ အာ့နဲ့ သူတို့ဆေးရုံကိုရောက်ချလာတာ "

Jaden က ဟွမ်နဲ့Daddy ဆီက ဘာဆိုဘာမှမမျော်လင့်ပေမဲ့ ၊ ဒီစကားကြီးက တော့ သူ့ရဲ့ အားနည်းချက်ဆိုတဲ့အရာကို ဓားနဲ့အရှင်လက်လက်ဆောင့်ထိုးလိုက်သလိုပင်။

စိတ်တွေ အတင်းအကျပ် အဆင်‌ပြေနေသည့်ပုံစံလုပ်ယူရင်း ၊ Daddy အား စိုက်ကြည့်နေမိသည်။

" သားရော တွေ့နေပီလား , အရွယ်လဲရောက်ပီဆိုတော့ "

" ဟို.. ဟို..သား အိမ်ထောင်မပြုချင်ဘူး Daddy "

" ဟုတ်ပါပီ.. မတော်တဆတွေ့လာရင်တော့‌ေြာနော် "

" ဟုတ် "

" ဒါနဲ့ လုပ်ငန်းတေအကုန်လုံး သားနဲ့ သားငယ် ဆီလွှဲပြောင်းပေးရတော့မယ် ၊ Daddy က အခုသားမြင်တဲ့အတိုင်းပဲ "

" Daddy၊ သားက ဘာမှမမက်မောတဲ့အတွက်လေ ၊ Daddy အလုပ်မှာ သားနဂိုရာထူးနဲ့ပဲနေပါရစေ ၊ ဟွမ့်ကို သာ ဦးစီးခိုင်းပါ Daddy, သူက London မှာလဲ ကျောင်းတက်ရင်း ၊ အဲ့က Daddy company အခွဲတေမှာပါ သူလေ့လာဖူးတော့ ဒီ ရာထူးက သူနဲ့ပိုပီး လိုက်ဖက်မယ်ထင်တယ် "

" သားသဘောပါ ၊ အဲ့တာကတော့ သားငယ်နဲ့ညှိ
၊ မနက်ဖန် ပြန်ဖို့လုပ် ၊ Daddy အခန်းထဲက ညာဘက်ထောင့် ကအံဆွဲမှာ Share ရှင်တစ်ချို့ရဲ့ Data တွေရှ်ိတယ် အဲဒါ သားအားတဲ့အချိန် Daddy ကို Mail က တဆင့်ပို့ ၊ ဟွမ် တော့မသိစေနဲ့ ၊ သူ့နားမှာ Hoshi San ရှိနေတော့ သိပ်အဆင်မပြေဘူး "

" Hai "

" ဒါနဲ့... Hoshi San က သားတို့နဲ့အတူ ပြန်ရင်လိုက်လိမ့်မယ် ၊ ပီးတော့ သားက သူအိမ်မှာတည်းနေတုန်း ဟွမ့်အခန်းပြောင်းနေပေး ၊သားအခန်းကိုတော့ သု့ကိုခဏပေးသုံးလိုက် ၊ အဆင်ပြေမလား "

အနဲငယ် တုန်ရီသွား၍ အောက်နှုတ်ခမ်းကိုသတိလက်လွတ်ကိုက်ထားရင်း အတွေးတစ်ချက်ဝင်ကာစဉ်းစားလေသည်။

" ဟိတ် .. သား ၊ သား ရေ "

ပုခုံးကိုလှုပ်လိုက်တော့မှ အသိစိတ်ပြန်ဝင်ကာ

" ရတယ် Daddy သား အဆင်ပြေပါတယ် "

" Daddy က လန့်သွားတာပဲ ... သားအဆင်မပြေရင် ? "

" နေ နေပါစေ ... Daddy , သားတကယ်ပြေတာပါ "

In KOBE ,

" ဟူးးးး အခုမှပဲ မွေးရပ်မြေက မြေသင်းနံ့လေးကိုပြန်ရတော့တယ် "

ဟွမ်က ကုတင်ပေါ်ပတ်လက်အနေအထားနဲ့ အမောဖြေနေကာ ပါးစပ်က တတွတ်တွတ်ပြောနေပေမဲ့ Jaden ကတော့ ပစ္စည်းတွေနေရာချကာ သယ်နေရသည်။

" ခင်ဗျား ဘာလုပ်နေတာလဲ "

" ငါ့အခန်းမှာ မင်းကောင်မလေး ထားမယ်ဆ်ူတော့ ငါကမင်းအခန်းမှာခဏနေရမှာ ပေါ့ "

" ဘာဆိုင်လို့လဲ "

" Daddy မပြောဘူးလား ဟွမ် "

" ဟင့်အင်း... ဘာမှလဲ မပြောဘူး "

" အင်း.. အဲ့လိုပဲသိထားလိုက် "

ပြောရင်း ပစ္စည်းတွေကို ဆက်ပီးနေရာချနေမိသည်။

" မရပါဘူး... ကျုပ်နှစ်ယောက်မနေတတ်ဘူး "

" ဘာဆိုင်လဲ...?? "

" ဟ... ခင်‌ဗျားနဲ့ ကျုပ်က ဘာဖြစ်ထားကြလဲမသိဘူးလား "

Jaden မျက်နှာလေးရဲလာကာ ဟွမ့်ဘက်လှည့်မကြည့်ပေ။

" ဖယ်... လို့ပြောနေတယ် "

Jaden က ဟွမ့်ဘီရို ထဲ သူ့အဝတ်အစားတေ ထည့်နေရင်း ဟွမ့်ဆီက ကြမ်းတမ်းယုတ်ညံ့တဲ့ ဆက်ဆံမှုကိုခံလိုက်ရသည်။

ဘီရိုထဲက အဝတ်အစားတွေအကုန်လုံးကိုပြန်ဆွဲထုတ်ရင်း ၊ အပြင်ဘက်သို့လွှတ်ပစ်သည်။
ရေမွှေးပုလင်း‌တွေ တစစီရိုက်ခွဲပစ်ရင်း Necktie တွေကိုပါ မြေပြင်ပေါ်သို့ဆောင့်ဆွဲလွှတ်ပစ်လိုက်သည်။

ကျကွဲသွားတဲ့ရေမွှေးပုလင်းလေးတွေကိုင်းရင်း

" မင်း ဘယ်လိုလုပ်လိုက်တာလဲ .... ဒါငါ့လစာနဲ့ငါစုပီးဝယ်ထားတဲ့အရာတွေကွ.. မင်းမို့လို့လုပ်ရပ်တယ် "

မျက်ဝန်းထဲက မျက်ရည်စတွေရဲ့ တံတိုင်းအား မိက်စံအိမ်ကအကြည့်တွေက ကျော်မထွက်နိုင်ပဲ ဝိုးတဝါးဖြစ်ကာ ဖန်ကွဲစကို‌ကောက်မယ်လုပ်တုန်း တက်‌နင်းမိသည်။

" အ... "

အံက်ုကြိတ်ခံတင်းရင်း ဖန်ကွဲစ တစ်ခုပီးတစ်ခုအား ထပ်မံကောက်ပြန်တော့ လက်ညိုးကို ထပ်ထိသည်။

ကျစ်..

စုပ်သတ်ရင်းးး သွေးကျနေဆဲလက်နဲ့ ကောက်နေပြန်သည်။ လှလှပပ အပြုံးနဲ့ ရပ်ကြည့်နေသည့်သူဟာ ဆိုးဂျောင်ဟွမ် အပြင် တံခါးဝက နောက်တစ်ယောက်ပင်

ဟွမ်က ထိုမိန်းမအား တချက်စူးစိုက်ကြည့်လိုက်ရင်း

" မီးလေး.... ဘာလိုအပ်လို့လဲ "

" အော်.. သူက ကိုယ်ပြောတဲ့ အငယ်အနှောင်းဆိူတာလား ဟိုမှာမနေခဲ့ဘူးလား ၊ Daddy ကိုစောင့်ဖို့ "

" အင်း.. ထားလိုက်ပါ သူ့ကို ၊ လာ... မီးလေးဗိုက်ဆာနေရောပေါ့ သွားရအောင် ၊ အောက်ထပ်ကို "

ငါ့အကြောင်း ၊ ငါ့ခံစား ချက်တွေကို ငါကလွဲရင် ဘယ်သူက ပိုသိမှာတဲ့လဲ ၊ ငါ့ရဲ့ သည်းခံနိုင်မှုအတိုင်းအတာကို ကျော်သွားပီ ၊ တကယ်ကို ကျော်သွားခဲ့ပီ ။

အကောင်းမြင်တဲ့စိတ်ကလေးမင်းမှာရှိလာပီလို့
ငါတွေးခဲ့မိတာ ၊ မင်းအပေါ်အရာရာ အားလုံးပုံအပ်ရင်း စုံလုံးကမ်းခဲ့မိတာ ဟွမ် .....

ရင်ထဲမှာ ခါးသီး မွင့်သိပ်ကြပ်လို့နေသည်။

အဟက် ...

နှုတ်ခမ်းကော့တက်သည်အထိ မဲပြုံးပြုံးလိုက်ရင်း မျက်ရည်ကတော့ စီးကျနေဆဲပင်

မင်းက တခြားအမျိုးသမီးရှေ့အထိ ငါ့ကို စွပ်စွဲစော်ကားတာတော့များသွားပီ ။

" အိမ်တော်ထိန်း...ယွန်း "

" ဟုတ်ကဲ့..သားငယ်‌လား "

တံခါးဖွင့်လိုက်တော့ Jaden ပင်

" သား ဘာကိစ္စရှ်လို့လဲ "

" ဟို...မေးစရာလေးရှိလို့ပါ "

" ဟုတ်ကဲ့.."

" ဟိုလေ ကျွန်တော် အရွယ်ရောက်နေပီဆိုတော့
Daddy အကြွေးတွေကို မေမေ့ကိုယ်စား ဆပ်ချင်ပါတယ်။ ပီးတော့ အရင် နေခဲ့တဲ့ ရိုးရာ အိမ်လေးကို မသိမ်းပါနဲ့လားဟင် "

" ဟို... အဲ့ဒါက မင်း Daddy နဲ့ပြောကွ "

" ကျွန်တော့ပြောမှာပါ.. ကျွန်တော့အတွက် အချိန်တစ်ခုလိုအပ်တယ် Yoon San "

" သားက အခုသခင်လေးနဲ့အဆင်မပြေဘူးလား "

" ပြေပါတယ်.. အခု ဟိုမိန်းခလေးလဲ ပါလာတော့ ၊ သူနဲ့ ယောက်ျားသားနှစ်ယောက် ဒီအိမ်မှာ အတူတူနေနေတာ ပတ်ဝနါးကျင်က သိရင် မသင့်တော်ဘူးမလား "

"အဲ့တာတော့ ဟုတ်ပါတယ်လေ "

" သား ဘယ်လိုလုပ်ချင်လဲ "

" အဲ့ ရိုးရာအိမ်လေးမှာပဲ ပြန်နေချင်တယ် "

" ဟုတ်ပီ.. အိမ်သော့ပေးမယ်နော် ဒီမှာခဏစောင့် "

" ပီးတော့ တောင်းဆ်ုစရာလေးရှိသေးတယိ "

" အင်း "

" ကျွန်တော် ဒီအိမ်ကိုလဲဝင်ထွက်မှာပါ.. Daddy ခိုင်းထားတာလေလည်းရှိသေးတော့ ၊ အိပ်ဖို့လောက်ပဲ ရိုးရာအိမ်ပြန်အိပ်ပီး ၊ ဒီကြိလဲမကြာမကြာလာမှာပါ ၊ ဒါပေမဲ့ "

အသံဟာရုတ်တရက် တိမ်ဝင်သွားပီး

" ပြောပါ.. Jaden "

" အခု ကျွန်တော်ဘယ်မှာပြောင်းနေမယ်ဆိုတာ ၊ သူသိလို့မဖြစ်လို့ပါ ၊ Yoon San သဘော‌ပေါက်မှာပါ ၊ ဘာမေးမေး မသိဘူးပဲဖြေပေးပါနော် "

" ကောင်းပီ..သား, ရော့ .. သော့ "

" အခု သူတို့ Dining room ထဲမှာ ၊ ကျွန်တော့ အဝတ်အစား ၊ ပစ္စည်းနဲနဲထည့်ပီးသွားတော့မယ် ၊ ဖုန်းဆက်လိုက်မယ်နော် "

" အပြင်မှာ မိုးတွေရွာနေတယိ ၊ Yoon San လိုက်ပို့ပေးမယ် "

" နေပါ... ရပါတယ်.. ကျွန်တော် Bus ပဲစီးသွားတော့မယ် ၊ Yoon San ထွက်လာမှ သူတို့တွေ့လိမ့်မယ် "

" အဲ့တာဆို ကောင်းကောင်းသွားပါ "

မိုးမင်းကြီးက Jaden ဘက်ပါတယ်ထင်တယ် ။
လှပတဲ့မျက်ဝန်းတွေကြား စိမ့်ထွက်လာတဲ့အရည်ကြည်လေးတွေကို လမ်းသူလမ်းသားတွေမမြင်အောင် ဖုံးဖိပေးနေသည်။

အထုတ်ကလေးကိုလက်ကကိုင်ရင်း ဖန်ကွဲစတက်နင်းမိတဲ့ ခြေဖဝါး ရဲ့နာကျင်မှုကိုလဲ သူဂရုမပြုနိုင်ပေ။

ပိုပီး လေးနက်သည့် ခံစားချက် ဝေဒနာက ရင်ဘက်ထဲမှာ နစ်မွန်းပြည့်ကျပ်နေလေသည်။

" ဟွမ် " ဆိုတဲ့ နာမ်စားအား ဒီနေ့ကစ သူသုံးတော့မည်မဟုတ်ပါ။

သိပ်ကိုမုန်းတယ် ဟိတ် လူ ,

Dining room က အပြန် ၊ အခန်းထဲရောက်တော့ အကုန်သေသေသပ်သပ် ၊ လွတ်လပ်ပြန့်ကျဲနေတဲ့ ဖန်ကွဲစတွေဟာ‌လဲ ရှိမနေတော့ပေ။

ဘီရိုကိုဖွင့်ကြည့်တော့လည်း Jaden အဝတ်အစားတွေဟာရှိမနေတော့ ၊

ထို့နောက် Jaden အခန်းထဲ သို့ထပ်မံဝင်သွားပီး

" ကိုယ် .. မီးလေးဆီလာတာလား "

" ရှာစရာလေးရှိလို့ပါ "

Jaden အခန်းထဲက ဘီရိုကို ဆောင့်ဖွင့်လိုက်တော့အကျီ သူဟိုနေ့ည ဝတ်ပေးထားတဲ့ Pajamas အနီရောင်လေးသာ ခေါက်ရက်အတိုင်းလေးရှိနေသည်။

" ကိုယ်.. လုပ်ငန်းData တွေ ရသလောက်စုထားပီ.. အခုရှင်းပြတော့မလားဟင် "

ဟွမ်က Hoshi San ရဲ့စကားအား လုံးဝအာရုံမရပေ။

ကျစ်..

ခေါင်းကို တစ်ချက်ကုပ်လိုက်ရင်း အိမ်တော်ထိန်းရှိရာအခန်းသို့ ဦးတည် ၍ သွားလေသည်။

" ဒုန်း ဒုန်း ဒုန်း "

" Yoon "

" ဘာလိုချင်လို့လဲ သားငယ် ၊ ယွန်း ဘာလုပ်ပေးရမလဲ "

" Jaden , ယွန်းအခန်းထဲမှာရှိလား "

" မရှိဘူး သားငယ် ၊ ဘာလို့လဲ "

" သူဘယ်ထွက်သွားလဲ မသိဘူး ၊ အဝတ်အစားတွေလဲ မရှိတော့ဘူး ၊ ပြသာနာပဲ "

" သားငယ်နဲ့ ရန်ဖြစ်သေးလို့လား "

မျက်လုံးဟာ မလုံမလဲ အနေအထားဖြင့်

" မဖြစ်ပါဘူး... ကျစ်.. ဘယ်ရောက်သွားပြန်ပီလဲကွာ "

" သူ ဘယ်သွားလဲမသိဘူးလား "

" သိမှတော့ လာမေးမနေဘူး "

ဟူးးးး ဒီကလေး ခက်ပေတယ် ၊ ဥက္ကဌ ရာထူးကိုလွှဲပြောင်းယူဖို့ဆိုလျှင် စိတ်တွေကို အရင်ဆုံးပြုပြင်ရလိ့မ်မယ်။

" ကဲ ... အိပ်တော့ ၊ သူမနက်ကျရင် အလုပ်လာမှာပါ ၊ အခု လဲသူ့ကိစ္စ သူရှိလို့နေမှာပါ သားငယ်ရာ ၊ သွား အိပ်တော့ "

ဘာမှမပြောပဲ လှည့်ထွက်လာသည်။

အခန်းထဲရောက်တော့ တိတ်ဆိပ်နေလျှက် ဝရံတာထွက်ရင်း ဝီစကီတခွက်မော့လိုက်လေသည်

ကျစ်...

ဒါ‌လေးပြောလိုက်တာနဲ့ပဲ အဲ့လောက်ဖြစ်ရသလားကွာ ၊ တောက်

မိုးတွေရွာနေတာကိုကြည့်ရင်း ၊ ခုနက သူရှသွားသည့် လက်ညိုးဒဏ်ရာအား တွေးမိသွားသည်။ တစ်ပြိုင်နက်ထဲ ခြေဖဝါးလေးကိုရော ကိုအမှတ်တမဲ့မြင်လိုက်မိတော့ မိုးသံတွေကြား ခံစားချက်ဟာ ပေါက်ထွက်မတက် ဝုန်းဒိုင်းကြံမြန်ဆန်လာကာ Jaden အား ဂရုဏာသက်သည့် စိတ်မျိုးဖြစ်နေမိသည်။

စီးကရက်ကိုလက်ကြားညှပ်ရင်း အငွေ့မှုတ်ထုတ်ကာ ညဉ့်နက်သည့်အထိ ဆယ်လိပ်မကကုန်သွားပီး ဒီနေ့မှ အရင်နေ့တေကထက်ပိုသောက်မိနေသည်။

ဝီစကီလဲ ရေမရောပဲ ငါးခွက်မကသောက်ပီး ရီဝေဝေဖြစ်ကာ Jaden အခန်းထဲက ပြန်ယူလာတဲ့ သူ့အကျီ Pajamas ဘအနီရောင်လေးကို ရုတ်တရက်ငေးကြည့်နေမိပြန်သည်။

ဒီညတော့ မသိစိတ်က သူ့ကိုလှုံဆော်နေရင်း သတိတစ်ချက်ချက်ပေးနေသည့်အလား

ခါတိုင်းနေ့တွေကနဲ့မတူပဲ ခံစားချက်ရဲ့ အစလိုလို ၊ နာကျင်မှုလိုလို နဲ့ ခါးသက်လှသည့်အရသာကို ခံစားရင်းး အိပ်မပျော်တဲ့ညတစ်ညအဖြစ် ဟွမ့်အတွက် ညတာရှည်ခဲ့ရပြန်သည်။

_______________________

မင်မင်နောက်ကျသွားလို့တောင်းပန်ပါတယ်နော်

စောင့်မျှော်ပေးကြတဲ့တစ်ယောက်ချင်းစီတိုင်းကိုလဲကျေးဇူးတင်ပါတယ် 💕💕









Ga verder met lezen

Dit interesseert je vast

1.8M 49.2K 71
𝐅𝐑𝐎𝐙𝐄𝐍 | ❝Ye a cute little thin', aren't ya? I think ye will be mine now...❞ ❆❅❄❆❅ ʙᴏʀɴ ᴏғ ᴄᴏʟᴅ ᴀɴᴅ ᴡɪɴᴛᴇʀ ᴀɪʀ ᴀɴᴅ ᴍᴏᴜɴᴛᴀɪɴ ʀᴀɪɴ ᴄᴏᴍʙɪɴɪɴɢ...
1.9M 85.4K 192
"Oppa", she called. "Yes, princess", seven voices replied back. It's a book about pure sibling bond. I don't own anything except the storyline.
193K 6.8K 96
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
221K 6.4K 75
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...