"Yit"Is Your Husband
By StarElla85
59.4K 3K 766
"လောကကြီးမှာရှိတဲ့ လူတွေအကြောင်းကို ခင်ဗျားသိစရာမလိုဘူး တော်ဝင်ပန်းမာန်...ကျုပ်ဆိုတဲ့ ဆူးမာန်ရစ်ခွေက ခင်ဗျားရ... More
Intro
Part-1[Uni]
Part-1[Zawgyi]
Part-2[Zawgyi]
Part-3[Uni]
Part-3[Zawgyi]
Part-4[Uni]
Part-4[Zawgyi]
Part-5[Uni]
Part-5[Zawgyi]
Part-6[Uni]
Part-6[Zawgyi]
Part-7[Uni]
Part-7[Zawgyi]
Part-8[Uni]
Part-8[Zawgyi]
Part-9[Uni]
Part-9[Zawgyi]
Part-10[Uni]
Part-10[Zawgyi]
Chibi For Yit and his boyfriend
Part-11[Uni]
Part-11[Zawgyi]
Part-12[Uni]
Part-12[Zawgyi]
Part-13 [Uni]
Part-13[Zawgyi]
Part-14[Uni]
Part-14[Zawgyi]
Part -15[Uni]
Part-15[Zawgyi]
Part-16[Uni]
Part-16[Zawgyi]
Part-17[Uni]
Part-17[Zawgyi]
Part-18[Uni]
Part-18[Zawgyi]
Part-19[Uni]
Part-19[Zawgyi]
Part-2[Uni]
2.2K 136 37
By StarElla85
မထီမဲ့မြင်အပြုံးဖြင့် ပြောလာသည့်ရစ်ကြောင့် ဦးတော်ဝင်မျိုး၏ မျက်နှာကြီးသည် ပြိုတော့မည့် မိုးအလား မဲ့ကျသွားတော့သည်။သူအမြဲတမ်း ကြောက်လန့်နေခဲ့ရသော အိမ်မက်ဆိုးကြီးသည် သူ့ရှေ့တွင် ပေါ်လာနေပြီဖြစ်၏။ဦးတော်ဝင်မျိုးသာမက သူ့၏သား တော်ဝင်ပန်းမာန်ပါ ပြောင်းလဲသွားသည့် ရစ်ပုံစံကိုကြည့်ပြီး ပါးစပ်အဟောင်းသား။
"မင်းဘာလာလုပ်တာလဲ ဆူးမာန်ရစ်ခွေ"
"သူဌေးကြီးတော်ဝင်မျိုးရဲ့ Hotelဖွင့်ပွဲကို လာချင်လွန်းလို့လေ ကျုံးကော်ကအလုပ်တွေကိုတောင် ပစ်ထားခဲ့လိုက်တာ ခုလိုကြီးကြိုဆိုတာကတော့ မဟုတ်သေးပါဘူး"
"မင်းစောက်ပိုတွေ ပြောမနေနဲ့...ဒီပွဲကမင်းနဲ့မဆိုင်ဘူး ခုထွက်သွား"
ရစ်ကို ပြေးထိုးရန် ပြင်နေ‌သော ဦးတော်ဝင်မျိုးအား ဘေးကသူဌေးများအတင်းဆွဲနေရသည်။မီဒီယာသမားများ ရှိနေသည်ကြောင့် ပြဿနာမဖြစ်စေချင်တာလည်းပါ၏။
"အိုးဟိုး...စိတ်ကလည်းကြီးလိုက်တာဗျာ...ဘာလဲ ငယ်ငယ်ကလို ကြာပွတ်နဲ့ရိုက်ဦးမလို့လား...ဟား...ဟား"
ရစ် သူ့၏ခန္တာကိုယ်အား နှိမ့်ချလိုက်ပြီး ဦးတော်ဝင်မျိုး၏ မျက်နှာတည့်တည့်ကို စိုက်ကြည့်ပြီး အားရပါးရ ရယ်ချပစ်လိုက်တာဖြစ်သည်။ဦးတော်ဝင်မျိုး၏ မျက်နှာကြီးသည် ပေါက်ကွဲတော့မည့်ဗုံးတစ်လုံးလို ဖြစ်လာပြီး သူ့အား ဆွဲထားသည့် လူများကို တွန်းဖယ်ပစ်ကာ ရစ်၏မျက်နှာအား လက်သီးဖြင့် ထိုးလိုက်သည်။သို့သော် ရစ်က လေအလျှင်ကဲ့သို့ ထိုလူ့၏ လက်အားရှောင်လိုက်ပြီး နားရင်းအား ခပ်ပြင်းပြင်းရိုက်ချလိုက်၏။ရိုက်လိုက်သည့်အရှိန်က အလွန်များသည်မို့ ဦးတော်ဝင်မျိုး မြေပြင်‌ပေါ်သို့မှောက်ရက်ထိုး လဲကျသွားသည်။
"ဆူးမာန်ရစ်ခွေ...မင်းလူကြီးကို ဘာလုပ်လိုက်တာလဲ"
တော်ဝင်ပန်းမာန်လည်း ရစ်၏ကိုယ်လုံးကြီးကို ရှိသမျှအားဖြင့်တွန်းဖယ်ပြီး လဲကျနေသည့်သူ့အဖေအား ထူလိုက်၏။ရစ် မျက်ခုံးတစ်ချက်ပင့်ကာ တော်ဝင်ပန်းမာန်အား ကြည့်ပြီး မီဒီယာတွေရှိရာဘက်သို့ မျက်နှာမူလိုက်သည်။
"အားလုံးပဲကျွန်တော်အသိပေးချင်တာကတော့ ဒီHotelတည်ရှိနေတဲ့ မြေယာဟာ ကျွန်တော့်အပိုင်မြေယာဖြစ်ပါတယ်...ဒီမှာ သက်သေခံစာချုပ်ပါ"
ရစ်သည် လက်ထဲတွင် ကိုင်ထားသော စာချုပ်အား မီဒီယာတွေရှေ့မြှောက်ပြပြီး တစ်တိုင်းပြည်လုံးသိအောင် ကြေညာလိုက်သည်။ဦးတော်ဝင်မျိူးအား အောင်နိုင်သူအပြုံးလှည့်ပြုံးပြဖို့ကိုလည်းသူမမေ့။
"မင်း...မင်း...မဖြစ်နိုင်တာမပြောနဲ့"
"ဦးတော်ဝင်မျိုးက စာမတတ်ဘူးထင်တယ်နော်...မဖတ်တတ်ဘူးလား"
"မဖြစ်နိုင်ဘူး"
"မဖြစ်နိုင်လဲဖြစ်ပြီးနေပြီ...ကျုပ်ရဲ့မြေယာပေါ်မှာ ခွင့်ပြုချက်မရဘဲ Hotelလာဆောက်တဲ့အတွက် အဖမ်းခံမလား၊Hotelကို ကျွန်တော့်လက်ထဲထည့်လိုက်မလား ကြိုက်ရာသာရွေး"
"မင်း...မင်း"
"hão de အဲ့တာဆိုရင် ဒီHotelကို ကျုပ်အပိုင်အဖြစ် သတ်မှတ်လိုက်ပြီ"
"ဆူးမာန်ရစ်ခွေမင်းလွန်မလာနဲ့နော်"
"ဟက်...မသိရင်ဝင်မပါနဲ့ တော်ဝင်ပန်းမာန်...ဒါနဲ့ခင်ဗျားအရမ်းလှလာတယ်"
တော်ဝင်ပန်းမာန် လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်မိသည်။သူ့ကို လှောင်သလိုပြောလိုက်တာမှန်း ရစ်၏မျက်ဝန်းများအား ကြည့်ခြင်းဖြင့် သိနိုင်သည်။နှုတ်ခမ်းများ တစ်စက်စက်တုန်နေသည်အထိ ဒေါသထွက်နေသူ၏ မျက်နှာအား အရသာခံကြည့်ပြီး အားရတော့မှ ပွဲထဲကနေ ထွက်လာလိုက်သည်။
"ဇော်လုံး...ဒီမြေကွက် လိမ်ရောင်းခဲ့တဲ့ကောင်ကို တွေ့အောင်ရှာလာခဲ့စမ်း"
"ဟုတ်ကဲ့ သခင်ကြီး"
ဦးတော်ဝင်မျိုးသည် လူကြားထဲတွင် အရှက်ခွဲခံလိုက်ရသည်ကြောင့် ဝူးရှူးဝါးရှားတွေဖြစ်ပြီး တွေ့သမျှကန်ကြောက်ကာ ပေါက်ကွဲနေတော့သည်။တော်ဝင်ပန်းမာန်လည်း သူ့အဖေအား မရမက ဆွဲနေရတော့သည်။ထိုနေ့သည် ဆူးမာန်ရစ်ခွေ၏ တိုက်ပွဲ‌စခေါ်သောနေ့ပင်ဖြစ်ခဲ့လေ၏။
.........
"ပါးပါးနဲ့မားမားအတွက် ကျွန်တော့်ရဲ့ ပထမခြေလှမ်းကို စတင်လိုက်ပြီ တမလွန်ကနေ ဝမ်းမြောက်ကြမယ်လို့ထင်ပါတယ်"
အုပ်ဂူဖြူကြီးနှစ်ခုရှေ့တွင် ဒူးထောက်အရိုအသေပေးကာ ဝမ်းသာအားရ ပြောပြနေသည့် သခင်လေးကိုကြည့်ပြီး ကိုယ်ရံတော်ကြီး ပြုံးလိုက်မိသည်။
"ဘာလို့ပြုံးနေတာလဲ...ဦးလေးရန်"
ရစ်သည် တရုတ်နိုင်ငံသို့ ရောက်သွားကတည်းက သူ့မိဘများ၏လူယုံကိုယ်ရံတော်ကြီးအား သူ့၏သွေးသားရင်းချာပမာ အားကိုးခဲ့ရသည်မို့ ကိုယ်ရံတော်ကြီးအား ဦးလေးရန်ဟုသာ ခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။
"သခင်လေး စံအိမ်မှာ မြေကွက်ရောင်းခဲ့တဲ့ လူရောက်နေတယ်လို့ အကြောင်းကြားလာပါတယ်"
"hão de"
(ကောင်းပြီ)
ရစ်လည်း မြေကွက်ရောင်းသူရှိရာ စံအိမ်ပေါ်သို့တက်သွားလေသည်။ရစ်ဧည့်ခန်းထဲရောက်တော့ မြေကွက်ရောင်းခဲ့သူလည်း ကန္တာရထဲတွင်ရေကန်ကြီးတစ်ခုအား တွေ့လိုက်ရသလို ရစ်ဆီသို့ အူယားဖားယား ပြေးလာလိုက်ပြီး ရစ်၏လက်မောင်းအား ဆုပ်ကိုင်ရန် ပြင်လိုက်တာကြောင့် ရစ်ရှောင်လိုက်လေသည်။သူ့အသားအား တစ်ခြားလူလာထိလျှင် နည်းနည်းလေးမျှ မကြိုက်သည်မို့။
"အေးဆေးထိုင်ပြီးပြောပါ"
"သခင်လေးရယ် ကျွန်တော့်ကို ကယ်ပါဦး...ဦးတော်ဝင်မျိုးရဲ့လူတွေက ကျွန်တော့်ကို လိုက်ရှာနေကြပြီ"
"လိုချင်တာကိုဒဲ့ပြော"
ဝေ့လည်ကြောင်ပတ်လုပ်ပြီး ငွေထပ်တောင်းချင်နေတာ သိသာနေသည်မို့ ရစ်ဒဲ့သာမေးလိုက်၏။ထိုတော့မှ အဆိုပါလူလည်း သူလိုချင်သောပမာဏအား အမှန်အတိုင်း ထုတ်ပြောလာသည်။
"ရော့...ကျုပ်နဲ့ခင်ဗျားဒီမှာတင် ကိစ္စပြီးပြီ"
ချက်လက်မှတ်တစ်ခုအား ထုတ်ပေးပြီး ပြောလာတာကြောင့် မြေကွက်ရောင်းသူလည်း ကျေးဇူးတင်စကား တစ်ဖွဖွပြောပြီး ချက်လက်မှတ်အားယူကာ ရစ်တို့၏ စံအိမ်ထဲမှ ထွက်သွားလေသည်။
"ဦးလေးရန်"
"ဟုတ်ကဲ့ သခင်လေး"
"နောက်တစ်ခါ အဲ့လူကျုပ်ဆီလာပြီး ငွေထပ်တောင်းတယ်ဆို တစ်ခါတည်းသတ်ပြစ်လိုက်"
"ဟုတ်ကဲ့သခင်လေး"
ရစ်၏ နှလုံးစိတ်ဝမ်းတစ်ခုလုံးသည် ကျောက်သားပမာ မာကျောအေး‌စက်နေ၏။အချစ်ဆိုတာသူနှင့် မသက်ဆိုင်သည့်အရာကြီးတစ်ခုလိုပင်ဖြစ်လာပြီး ယခုချိန်ထိ ချစ်ရသူမရှိသေးပေ။သူ့နှလုံးသားတစ်ခုလုံးသည် နာကျည်းစိတ်၊ကလဲ့စားချေချင်စိတ်တွေနှင့်ပင် ပြည့်နှက်နေသည်။
ရစ်သည် သူ့၏ကိုယ်ရံတော်များ အတိုက်အခိုက်လေ့ကျင့်နေသည်ကို စစ်ဆေးချင်တာကြောင့် မြေအောက်ခန်းထဲသို့ ထွက်လာလိုက်သည်။လွန်ခဲ့သည့်သုံးနှစ်လုံးလုံး တရုတ်နိုင်ငံတွင်သာ နေထိုင်ခဲ့ရသည်မို့ မြန်မာနိုင်ငံရှိ မည်သည့်ကိစ္စကိုမဆို ဦးလေးရန်နှင့်သာ လွှဲထားဖြစ်၏။
"တွေ့ရတာဝမ်းသာပါတယ် သခင်ကြီး"
ရစ်မြေအောက်ခန်းထဲသို့ ဝင်လာသည်နှင့် လေ့ကျင့်နေကြသူများသည် လုပ်လက်စများကိုရပ်ပြီး သတိအနေအထားဖြင့် ရစ်အား အလေးပြုကြ၏။
"‌Wǒ yě hěn gāoxìng...မင်းတို့ဆက်လေ့ကျင့်"
(ငါလည်းအရမ်းဝမ်းသာပါတယ်)
‌ရစ်ပြောပြီးသည်နှင့်တစ်ပြိုင်နက် ကိုယ်ရံတော်များသည် ပြန်လည်ပြီး လေ့ကျင့်နေကြသည်။တိုက်ကွက်‌ဖျက်လက်မြန်ဆန်မှု၊လျှင်မြန်စွာရှောင်တိမ်းနိုင်မှုတို့ကို တွေ့တော့ ရစ် ကျေနပ်အားရဟန် တစ်ချက်ပြုံးလိုက်၏။ဦးလေးရန်က သူ့ကိုစိတ်မပျက်စေဘူးပဲ။
........
တော်ဝင်ပန်းမာန်တို့၏ စံအိမ်‌တွင်တော့ ဆူပူကြိမ်းမောင်းသံများဖြင့် ပြည့်နှက်နေလေသည်။အကြောင်းမှာ မြေကွက်ရောင်းခဲ့သည့်လူအား အခုချိန်ထိရှာမတွေ့နိုင်သေးသည်ကြောင့်ဖြစ်၏။ဦးတော်ဝင်မျိုး၏ လူများသည်လည်း မျက်နှာများဖူးယောင်သည်အထိ အထိုးကြိတ်ခံထားရသည်။သူတို့လည်း ဦးတော်ဝင်မျိုးအတွက် အလုပ်လုပ်ပေးနေရသည်ကို အလွန်ပင်စိတ်ညစ်နေကြလေပြီ။
"ဒယ်ဒီ...စိတ်လျှော့ပါ သူတို့လည်းအတက်နိုင်ဆုံး ရှာပေးနေတာပဲလေ"
"တောက်...မင်းမသိရင်ဝင်မပါနဲ့ တော်ဝင်ပန်းမာန် ငါ့ဒေါသတွေမင်း‌ပေါ်ပုံကျကုန်လိမ့်မယ်နော်...သွား မင်းသွားချင်တဲ့နေရာကိုသာ သွားနေလိုက်"
"တောင်းပန်ပါတယ်ဒယ်ဒီ"
ငယ်စဥ်ကတည်းက ဖခင်ဖြစ်သူထံမှ အော်ငေါက်ခြင်းကိုအမြဲခံခဲ့ရသည့် တော်ဝင်ပန်းမာန်အဖို့တော့ ထူးထူးဆန်းဆန်းဖြစ်မနေတော့ပေ။ဦးတော်ဝင်မျိုးသည် တော်ဝင်ပန်းမာန်အား ငယ်စဉ်ကတည်းကနေ ယခုအချိန်ထိ မျက်နှာသာပေးခဲ့ဖူးသည်ဟူ၍ မရှိချေ။သူ့၏ဖခင်က သူ့ကိုရော ချစ်ရဲ့လားဟု တစ်ခါတလေ သံသရဝင်မိသည်အထိ။စိတ်ထိခိုက်စရာတွေအားဆက်တွေးမနေတော့ပဲ ကိုယ့်အခန်းကိုသာ ပြန်လာလိုက်တော့သည်။
အခန်းထဲရောက်တော့ ဆွဲလက်စ diamond hand chain designတစ်ခုအား အပြီးသတ်ဆွဲရန် drawing tableတွင် ဝင်ထိုင်ပြီး စဆွဲရန် ပြင်တော့၏။ဆွဲနေရင်း ဈာန်ဝင်နေတုန်း ဖုန်းဝင်လာသည်ကြောင့် Penအားချကာ ဖုန်းကိုင်လိုက်၏။
"ဟယ်လို...ဖိုးဖိုး"
"မြေးလေးအခုဘယ်မှာလဲ"
"မနက်ဖြန်လုပ်မယ့် လေလံတင်ပွဲမှာ ပြဖို့အတွက် designဆွဲနေတာ ဖိုးဖိုးရဲ့"
"ကောင်းပါ့ဗျာ...ဒါနဲ့ မြေးလေးရဲ့စိန်‌ဆိုင်ရော အဆင်ပြေနေတယ်မလား"
"ဟုတ်အရမ်းပြေတယ်ဖိုးဖိုး...customerတွေက သားဖန်တီးတဲ့ designတွေကို အရမ်းသဘောကျ‌
နေကြတာလေ"
"ဟား...ဟား...ဒါမှဖိုးဖိုးရဲ့မြေးကွ အဲ့တာဆိုဒါပဲနော်... မြေး‌ဒယ်ဒီရဲ့ဖုန်းဝင်လာလို့"
"ဟုတ်ဖိုးဖိုး"
အဘိုးဖြစ်သူ၏ ဖုန်းcallအား ချလိုက်ပြီး တော်ဝင်ပန်းမာန် ပြုံးလိုက်မိသည်။ကမ္ဘာ‌ပေါ်တွင် သူ့အပေါ်အကောင်းဆုံးလူအား လက်ညှိုးထိုးပြပါဆိုလျှင် တော်ဝင်ပန်းမာန်သူ့၏ အဖိုးအား လက်ညှိုးထိုးပြမိမည်မှာသေချာပေါက်ပင်။ဖခင်ဆီမှမရခဲ့သည့် ချစ်ခြင်းမေတ္တာများကို အဘိုးဖြစ်သူထံမှ ရရှိနေခြင်းကြောင့် ‌တော်ဝင်ပန်းမာန်သည် အဘိုးချစ်မြေးလေးဖြစ်နေတော့၏။
.......
"သခင်လေး ဦးတော်ဝင်မျိုးရဲ့ လူယုံတော်ဇော်လုံးက သခင်လေးနဲ့ တွေ့ချင်လို့ပါတဲ့...ဘယ်နေရာမှာချိန်းလိုက်ရမလဲ"
"ဟက်...စီစဉ်ထားတဲ့အတိုင်းဖြစ်လာနေတာပဲ... Diamond Supermarketမှာ ခြိမ်းလိုက်"
"ကောင်းပါပြီ"
ဦးလေးရန်ပြန်သွားသည်နှင့် ရစ်လည်း သေနပ်မောင်းအားတင်ပြီး ဇော်လုံးဟုရေးထားသော ပစ်မှတ်တိုင်၏ အလယ်ချက်တည့်တည့်ကို ကျည်ဆံတစ်တောင့် ပစ်သွင်းလိုက်သည်။ဇော်လုံးဆိုသောလူသည် တော်ဝင်မျိုး၏ အားအကိုးရဆုံး လူယုံဖြစ်သည်မို့ သူတို့နှစ်ယောက် သွေးကွဲသွားအောင် ရစ်အကွက်ကျကျ စီစဉ်ခဲ့ခြင်းဖြစ်၏။သစ္စာဖောက်ခံရသည့် ခံစားချက်ကြီးကို ဦးတော်ဝင်မျိုးအား အရသာခံခိုင်းပေဦးမည်။
ရစ် ကားပါကင်တွင် အစီအရီရပ်ထားသော ကားများထဲမှ အနက်ရောင်ပြောင်လက်နေသော ကားတစ်စီးပေါ်တက်ကာ Supermarketဆီသို့ ကိုယ်တိုင်ပင်မောင်းနှင်သွားလိုက်သည်။ထို Supermarketသည် ရစ်ပိုင်ဆိုင်မှုထဲက တစ်ခုဖြစ်သည်မို့ ဇော်လုံးနှင့်တွေ့ရန် ချိန်းလိုက်ခြင်းဖြစ်၏။ယခုရစ် စီးနေသည့်ကားသည်လည်း ရစ်ပိုင်ဆိုင်သော ကား Companyမှ ရစ်အတွက်သာ သီးသန့်ထုတ်ပေးထားသော Limited editionဖြစ်သည်။
ရစ် Supermarketထဲရောက်တော့ cakeဆိုင်တစ်ခုတွင် ထိုင်နေသော ဇော်လုံးက လက်ပြလာသည်မို့ ထိုဆိုင်ထဲသာ တန်းဝင်လိုက်သည်။
"ကျုပ်နဲ့တွေ့ဖို့ချိန်းတာဘာကိစ္စလဲ"
"သခင်ကြီးဆီမှာ သစ္စာခံချင်လို့ပါ"
"ဘယ်လိုယုံရမှာလဲ"
"ဦးတော်ဝင်မျိုးဆီက informationတွေအကုန် သခင်ကြီးဆီပို့ပေးပါ့မယ်...သူလျှိုလိုပုံစံမျိုးပေါ့"
"ကောင်းပြီလေ...မင်းဆုံးဖြတ်ချက်မမှားစေရဘူးလို့ ငါအာမခံတယ်"
"ကျွန်တော်ယုံကြည်ပါတယ် သခင်ကြီး"
ဇော်လုံးနှင့် သဘောတူညီချက်ရပြီးသည်နှင့် ရစ်တစ်ယောက် ကုန်တိုက်ထဲကနေ ထွက်လာလိုက်သည်။ကားပါကင်ရှေ့ရောက်တော့ မိမိကား အဖုံးပေါ်တွင် တက်ထိုင်နေသည့် လူတစ်ယောက်ကြောင့် ရစ် ဒေါသထောင်းကနဲထွက်သွားရသည်။ခြေလှမ်းကျဲကြီးတွေဖြင့် ထိုလူ့ဆီသွားလိုက်သည်။အနီးရောက်မှ သိလိုက်ရသည်က ထိုလူသည် တော်ဝင်ပန်းမာန်ဖြစ်နေခြင်းပင်။
"ငါ့ကားပေါ်ကဆင်းစမ်း"
"မင်းကဘာမှန်နေလို့ လာပြီး ဒေါသထွက်ပြနေရတာလဲ ကားပါကင်မထိုးတတ်ဘူးလား...ငါ့ကားရှေ့ မင်းကားက ပိတ်ရပ်နေတော့ ငါ့ကဘယ်လိုကားထဲဝင်ရတော့မှာလဲ...ငါကဦးတော်ဝင်မျိုးရဲ့သား ငါ့ကိုလာထိရင် ငါ့အဖေနဲ့ငြိသွားလိမ့်မယ်"
ရစ်က maskရော ဦးထုပ်ရောပါ ‌ဝတ်ဆင်ထားတာကြောင့် တော်ဝင်ပန်းမာန်သူ့ကို မမှတ်မိခြင်းဖြစ်သည်။တတွတ်တွတ် ပြောသွားလိုက်တာဆိုတာ မမောသည့်အတိုင်း။အဖေနဲ့တောင် ခြိမ်းခြောက်လိုက်သေးသည်။ဒီလူ ခန္တာကိုယ်ပဲထွားလာပြီး ညဏ်ရည်ကဆယ့်ရှစ်နှစ်မှာ ရပ်ကျန်နေခဲ့တာနေမယ်။
"အခုချိန်ထိ အဖေအားကိုးပြီး လေကျယ်နေတုန်းပဲနော်...ဒါနဲ့ ခင်များက ဆယ်နှစ်သားလား ပြဿနာဖြစ်တိုင်း အဖေနဲ့တိုင်မယ်ချည်းပြောနေရအောင်"
ဦးထုပ်အားဆွဲချွတ်လိုက်တော့ ပေါ်ထွက်လာသည့် ငွေဖြူရောင် ဆံသားများကြောင့် ရစ်မှန်းတတ်အပ်သိလိုက်လေပြီ။Maskကိုဝတ်ဆင်ထားသေးသည်မို့ ပိုမိုထင်းနေဟန်ရှိသော သူ့၏မျက်ဝန်းစူးစူးတို့ကြောင့် တော်ဝင်ပန်းမာန် ရင်ထဲလန့်သွားရသည်။အမှန်တိုင်းပြောရရင် ‌တော်ဝန်ပန်းမာန်သည် ငယ်ငယ်ကတည်းက ရစ်၏ အကြည့်စူးစူးများကို ကြောက်ခဲ့ရခြင်းပင်။သူ့ကားရှေ့အဖုံးပေါ်ကနေ ဆင်းလိုက်ပြီး ဆူးမာန်ရစ်ခွေအား မော့ကြည့်လာသည်။
"ဆူးမာန်ရစ်ခွေ"
"ဟုတ်တယ်ကျုပ်ပဲ"
"မင်းရဲ့ကားကိုဖယ်ပေး"
"မဖယ်ပေးနိုင်ဘူး"
တစ်လုံးချင်းစီထွက်လာသည့် ရစ်၏ ငြင်းဆိုစကားကြောင့် တော်ဝင်ပန်းမာန် စိတ်တိုလာရသည်။မှားတာကသူမလား အဲ့တာကို ဘာလို့ အကြောကြီးနဲ့ လာဆက်ဆံနေရတာလဲ။
"ဖယ်ပေးလို့ပြောနေတယ်လေ"
"မဖယ်ပေးတော့ ခင်ဗျားက ဘာလုပ်ချင်လဲ"
"မင်း...လာခဲ့ လာ"
တော်ဝင်ပန်းမာန် ရစ်၏လက်အား ဆွဲပြီး ကားထဲအတင်းထိုးထည့်ရန် စိတ်ကူးလိုက်သော်လည်း စိတ်ကူးနှင့်လက်တွေ့ တစ်ထပ်တည်း မကျလိုက်ပေ။အကြောင်းမှာ ရစ်၏လက်အား သူဘယ်လောက် ဆွဲခေါ်ခေါ် တစ်စက်ကလေးမျှ ရွေ့မလာသည့် ရစ်၏ ခန္တာကိုယ်ကြီးကြောင့်ပင်။
"ဆွဲလို့ရလား"
"ဟင့်အင်း"
အံ့ဩဟန်ဖြင့် ခေါင်းခါရမ်းပြလာသူကြောင့် ရစ် Mask‌အောက်တွင် နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်မိ၏။တော်ဝင်ပန်းမာန်၏ အမူအရာကို သဘောကျလို့တော့မဟုတ်။သူဆွဲလို့မရနိုင်တဲ့ထိ တောင့်တင်းသန်မာနေသော မိမိ၏ခန္တာကိုယ်အား သဘောကျမိ၍ပင်။
"ဖယ်ပေးစေချင်လား တန်ရာတန်ကြေးပေးရမယ်"
"ဘယ်လောက်ပေးရမှာလဲ...အာ့"
တန်ရာတန်ကြေးဟူသော စကားကြောင့် ပိုက်ဆံပေးရမည်ထင်ပြီး ပိုက်ဆံအိတ်အား ထုတ်နေတုန်း နားရွက်ဖျားဆီမှ နာကျင်ခြင်းကို ခံစားလိုက်ရသည်မို့ တော်ဝန်းပန်းမာန် အော်လိုက်မိ၏။ရစ်က တော်ဝင်ပန်းမာန်၏ နားရွက်ဖျားကို ခပ်စပ်စပ်ကိုက်လိုက်တာဖြစ်၏။ပြီးသည်နှင့် ကျေနပ်သွားဟန် အားရပါးရရယ်လိုက်ပြီး ကားပေါ်တက်ကာ ကုန်တိုက်ထဲမှ ထွက်လာလိုက်သည်။အကိုက်ခံရသူကတော့ နှုတ်ခမ်းများ တုန်ရီသည်အထိ ဒေါသထွက်ကာကျန်ခဲ့တော့သည်။
ရစ်သည် တော်ဝင်ပန်းမာန်အား နာကျင်၊ဒေါသထွက်ကာ မခံမရပ်ဖြစ်စေချင်ရုံသာ ရည်ရွယ်ပြီး ကိုက်လိုက်တာဖြစ်သည်။တစ်ခြားမည်သည့်စိတ်၊မည်သည့်ခံစားချက်မျှ ပါဝင်နေခဲ့ခြင်းမရှိ။
_______________________________________
#Date-6.10.2023
Continue Reading
You'll Also Like
295K 7.3K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
196K 17.8K 18
191M 4.5M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...