CEO's Possessively Boyfriend

By Garlic_Boom

1.5M 87.1K 16.9K

[ Tom And Jerry Human Version ] More

Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
32 ( Final )

Chapter 1

166K 4.5K 842
By Garlic_Boom

Unicode

" မရုန်းစမ်းနဲ့ ခင်ဗျားကျုပ်လက်က လွတ်မှာ မဟုတ်မှန်း သိတယ်မလား "

" မင်း မရမ်းကားစမ်းနဲ့ ဝီရဦးခေါင် "

အခုချိန် တစ်ယောက်ယောက်များ ဝင်လာကြည့်ပါ့လား ပြဿနာတွေ အကြီးအကျယ် တက်ကုန်မှာ ။

စေ့စပ်ပွဲမှာ ရှိနေရမဲ့ လူက သူ့အခန်းထဲရောက်နေရတယ်လို့ ။

ကုတင်ပေါ် စီးကရက်ထိုင်သောက်နေတဲ့ သူက နေနေ ရေချိုးခန်းထဲက ထွက်လာတာမြင်တာနဲ့ အတင်းကို ဆွဲဖက်ထားတာ အသက်ရှူတောင်ကြပ်တယ် ။

" ဘာလဲ ဒယ်ဒီတွေ့ပြီး ခင်ဗျားကို အထင်လွဲသွားမှာဆိုးလို့လား နေနေ "

" မဆိုင်တာ ငါနဲ့ မင်းဒယ်ဒီက ရိုးရိုးသားသား "

" ခင်ဗျား မလိမ်စမ်းနဲ့ နေနေ ရိုးရိုးသားသား ဆက်ဆံရေးရှိတဲ့ လူနှစ်ယောက်က သန်းခေါင်ကျော်မှဟိုတယ်သွားပြီး အလုပ်မလုပ်ဘူး "

" ဝီရဦးခေါင် ခါးဖက်ထားတာ လွှတ်ပေး "

တတ်နိုင်သလောက် သူ့အားနဲ့ ခါးပေါ်က လက်ကြီးနှစ်ဖက်ကိုတွန်းဖယ်ပစ်ပေမဲ့ မရ ။

သကောင့်သားက ခါးကိုဖက်ထားတဲ့အပြင် သူ့ပုခုံးအပေါ်က မေးပစ်တင်ထားသေးတာ ။

စီးကရက်အနံ့တွေကလည်း မွှန်ထူနေတာပဲ ။

" ငါပြောနေတယ်လေ ဖယ်ပေး "

" မာမီက ခင်ဗျားကြောင့် ဒယ်ဒီနဲ့ ကွာရှင်းလိုက်ရတာ ဆို "

" မဟုတ်တာ ငါတို့ မဟုတ်ဘူး မင်းအထင်လွဲ "

" ခင်ဗျား စောက်ပါးစပ်ကို ပိတ်ထားလိုက် နေနေ "

ခါးပေါ်က လက်နှစ်ဖက်က ပိုပြီး တင်းကြပ်လာကာ သူ့မျက်နှာကြီးကလည်း နေနေ့ပုခုံးကနေ လည်ပင်းဆီကိုရွှေ့လာသည် ။

" ငါရှင်းပြမယ် ဝီရဦးခေါင် အဲ့လိုမဟုတ် "

" သိပ်ကို ဟုတ်တာပေါ့ ခင်ဗျား နဲ့ ဒယ်ဒီ့ရဲ့ ဟိုလိုလို ဒီလိုလိုဆက်ဆံရေးတွေကြောင့် မာမီ့မှာ ပင်ပန်းဆင်းရဲခဲ့ရတာ ကျုပ်ကိုတောင် မပြုစုမ
စောင့်ရှောက်နိုင်တော့လို့ လန်ဒန်ကိုပို့ပစ်လိုက်တဲ့အထိပဲလေ ဟုတ်တယ်မလား နေနေ "

" ဝီရဦးခေါင် ! မင်းပြောနေတာတွေ တစ်ခုမှ မဟုတ်ဘူး ပြီးတော့ ညီမလေးဆီမင်းသွားတော့ ငါ့ညီမလေး မင်းကိုမျှော်နေလိမ့်မယ် မင်း! "

ခါးဖက်ထားရုံတင်မကတော့ လူကိုဆွဲမကာ သူ့ပေါင်ကြားထဲ ထည့်ထားတာ မို့ နေနေ ရူးပါရူးချင်လာရသည် ။

ဘာလို့ ဒီလိုတွေလုပ်နေရတာလဲ ။ ပြီးတော့ လန်ဒန်ကို ပို့ပစ်တယ်ဆိုတာ အန်တီရို့ ပြောတော့ ဖိုးခေါင်ရဲ့ ပညာရေးအတွက်ပါပဲဆို ။ အခုကျ သူနဲ့
အန်ကယ်တို့ကြောင့်တဲ့လား တစ်ခုခုတော့ လွဲနေပါပြီ ။

" မျက်လုံးလေး ကလယ်ကလယ်လုပ်ပြရုံနဲ့ ကျုပ်က ခင်ဗျား ကို ခွင့်လွှတ်ပေးမယ် မထင်နဲ့ နေနေ ပွဲကအခုမှစတာ "

" တော်လိုက်တော့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ မင်းတစ်ဖက်သားကို စွပ်စွဲလို့ မရဘူး ငါနဲ့ အန်ကယ်ကြားမှာ စည်းဆိုတာ ရှိတယ် ပြီးတော့ စကားအများဆုံး ပြောဖြစ်တဲ့အကြောင်းအရာဆိုတာလည်း စီးပွားရေး အကြောင်းပဲ ရှိတယ် "

အန်ကယ်ဆိုတာ နေနေ့အတွက်တော့ ဆရာလိုမိဘလိုကျေးဇူးရှင်တစ်ယောက် ။ အိမ်နဲ့ close သိပ်မဖြစ်တဲ့ နေနေက အားလပ်ချိန်တိုင်း
အန်ကယ့်ဆီမှာ စီးပွားရေး အကြောင်းတွေစပြီးလေ့လာခဲ့တာ ။

အန်ကယ်ကလည်း နေနေ့ကိုဆို သွေးသားအရင်းအချာတစ်ယောက်လိုဆက်ဆံပေးခဲ့တာပါပဲ ။

" မာမီ ကျုပ်ကို လှမ်းပြောတာတော့ ခင်ဗျား က နေ့တိုင်းနီးပါး ဒယ်ဒီ့ကို အိမ်ပြန်မလွှတ်ဘူးဆို အလုပ်မှာပဲ ညတိုင်းနေကြပြီး ဖောက်ပြန်တာတဲ့ "

နားထဲ မိုးကြိုးပစ်ချလိုက်သလိုမျိုး ခံစားချက် ကြီးကို ရလိုက်တာမို့ နေနေ ရုတ်တရက် ဆွံ့အသွားရသည် ။

ဖောက်ပြန်တယ် ဖောက်ပြန်တယ်တဲ့လား စိတ်ကူးနဲ့တောင် လုံးဝမတွေးဖူးသောအရာကြီးကို အန်တီရို့က ဘယ်လိုများလွယ်လွယ်ကူကူပြောထွက်နိုင်တာလဲ ။

" ထင်ချင်သလိုသာ ထင်တော့ ရှင်းပြရင် နားလည်မဲ့သူတွေကိုပဲ ငါရှင်းပြချင်တာ မင်းကတော့ မင်းထင်မြင်ယူဆချက်တွေနဲ့ ဆက်ပြီးပိတ်မိနေလိုက် ပြီးတော့ အခုချက်ချင်း ငါ့ညီမလေး ဆီ သွားလိုက်တော့ "

" ခင်ဗျား ညီမ ကို ကျုပ်စိတ်မဝင်စားဘူး ဒါ ခင်ဗျားမိဘတွေနဲ့ ဒယ်ဒီစီစဥ်တဲ့ပွဲ "

" မင်း! "

" ကျုပ်သွားမှာပါ ဒါပေမဲ့ မမေ့နဲ့ ခင်ဗျားရှေ့လျှောက် ငိုပွဲဆင်ရတော့မှာ နေနေ "

ပြွတ်

" မင်း ! "

" ယောကျ်ားတွေကို မြူဆွယ်ဖို့ မျက်နှာလေးတစ်ခုကို ဒီလောက်တောင်မွှေးအောင်လုပ်ထားတာပေါ့ "

" ထွက်သွားစမ်း "

" သွားမှာပါ ဆက်နေရင်လည်း ခင်ဗျား ကို တစ်ခုခုလုပ်မိတော့မှာ "

အခန်းထဲက ထွက်သွားပြီဖြစ်သည့် ကောင်လေးကို ကြည့်ကာ နေဥတ္တရာ ဒေါသလည်း ထွက်သလို စိတ်ထဲလည်းမကောင်း ။

ဝီရဦးခေါင်ဆိုတာ နေနေ့အတွက် ချစ်ဖို့ကောင်းတဲ့အိမ်နီးချင်းလေး ။ ဘေးအိမ်ကို ဖိုးခေါင်တို့ စပြောင်းလာတော့ နေနေက ဆယ်နှစ် ဖိုးခေါင်လေးက ငါးနှစ်သားလေး ။ အသားညိုညိုလေးနဲ့ ပါးဖောင်းဖောင်းလေးတွေရှိတဲ့ ဖိုးခေါင်ကို နေနေ့မှာချစ်လိုက်ရတာတအား ။ ပြုံးလိုက်ရယ်ရင်း ပါး
ချိုင့်လေးနှစ်ဖက်က ပါတော့ အိမ်ကအငယ်နှစ်ယောက်ထက် ဖိုးခေါင်ကိုပဲ နေနေက ပိုချစ်ခဲ့တာ ။

နေနေတို့အိမ်မှာ မောင်နှမ သုံးယောက်ရှိပြီး နေနေက အကြီးဆုံးပင် ။

တစ်ယောက်ထဲနေတတ်တာရော စကားနည်းတာရောကြောင့် အိမ်မှာ နေဥတ္တရာက လူပိုကြီးလိုဆိုပေမဲ့ ဖိုးခေါင်လေးတို့ အိမ်ရောက်သွားရင်တော့ အဲ့လိုမဟုတ်တော့ ပြုံးပြုံးရွှင်ရွှင်ဖြစ်လာသည် ။

မေမေနဲ့ဖေဖေက နေနေ့ကို မချစ်တာ မဟုတ်
ချစ်ပေမဲ့လည်း အငယ်နှစ်ယောက်ကိုကျပိုကဲသည် ။

အဲ့ဒါကြောင့်မို့လည်း နေဥတ္တရာက အိမ်မှာထက် ဘေးအိမ်မှာ နေတာပိုများတာ ။

ဒါပေမဲ့ နေနေ ဆယ့်ငါးနှစ်အရွယ်ဆယ်တန်းဖြေပြီးတော့ ဖိုးခေါင်နဲ့သိပ်မဆော့ဖြစ်တော့ ။ ဘာလို့ဆို အန်ကယ်ပြောပြတဲ့ စီးပွားရေးအကြောင်းတွေကိုပဲ ပိုပြီးနားထောင်ချင်ခဲ့လို့ပါ ။

ဆယ်နှစ်သားအရွယ် ဖိုးခေါင်ကလည်း အဲ့အချိန် နေနေ့ကိုရှောင်လာပြီ မျက်နှာချင်းဆိုင်တွေ့ရင်လည်း မရယ်ပြတော့ဘူး သူ့ဟာသူတကုပ်ကုပ်နဲ့ ဆော့နေရှာသည် ။

နေနေကလည်း ထွေထွေထူးထူးမတွေးဖြစ်တော့ ။ နောက်ပိုင်း Harvard မှာ ကျောင်းတက်နေရင်း နဲ့ နေနေ ဖိုးခေါင်ကို လုံးဝမေ့သွားခဲ့တာ ။

အန်ကယ်နဲ့တော့ အဆက်အသွယ်က လုံးဝမပြတ် မသိတာရှိရင် အန်ကယ့်ကိုပဲလှမ်းလှမ်းမေးရတယ်

မထင်ထားတာ တစ်ခုက နေနေ ဘွဲ့ယူပြီးလို့ အိမ်ပြန်ရောက်တဲ့အခါ ဆယ့်ငါးနှစ်အရွယ် ဖိုးခေါင်လေးဟာ လန်ဒန်ကိုရောက်သွားပါပြီတဲ့လေ ။

အဲ့အချိန်တုန်းက ပြောပြတုန်းကလည်း အန်တီရို့က ပြုံးပြုံးရွှင်ရွှင်ပါပဲ အဲ့ဒါကို အခုမှ ဘာလို့ မဟုတ်တမ်းတရားတွေ ပြောရတာလဲ ။ အန်ကယ်နဲ့ ကွာရှင်းတယ်ဆိုတာလည်း သူတို့အချင်းချင်းပြဿနာပါ ဘာလို့ နေနေက ပါလာရတာလဲ ။

ဆယ်နှစ်နီးပါး မတွေ့တာ ကြာတဲ့ ကလေးကို ပြန်တွေ့လိုက်ရတဲ့အချိန် နေနေ ဟိုအရင်ကလိုဆက်ဆံရေးမျိုး ပြန်တည်ဆောက်ချင်ပေမဲ့ မဖြစ်နိုင်တော့ဘူး ထင်ပါရဲ့ ။

ပြီးတော့ ဝီရဦးခေါင်က ငယ်ငယ်တုန်းက နေနေထိန်းနေကျ ဘောင်းဘီတို အင်္ကျီဂျိုင်းပြတ်လေးသာ ဝတ်လေ့ရှိတဲ့ ကလေးလေး မဟုတ်တော့ဘဲ ဘယ်လို အဝတ်အစားမျိုးနဲ့မဆို ကြည့်ကောင်းလွန်းတဲ့ 25 နှစ်အရွယ် အမျိုးသား တစ်ယောက်တောင်ဖြစ်နေပြီ ။

နားမှာလည်း ear-piercing က သုံးလေးခု နဲ့ ဆံပင်ကိုလည်း ကတုံးဆံပင်ပေါက်ကေသာ ထားထားလေသည် ။

အသားကတော့ အရင်အတိုင်း ချောကလက်တုံးညိုညိုလေးလိုပဲ အညိုစင်လေး ။

ဒါကြောင့်မို့လည်း သူ့သားကို သူစိတ်မချတဲ့ အန်ကယ်က ညီမလေးနဲ့ စေ့စပ်ကြောင်းလမ်းပေးခဲ့တာ ။

ဝီရဦးခေါင်က ဟိုမှာနေတုန်းက အတော်လေးပွေရှုပ်ခဲ့တာဆိုတဲ့ သတင်းတွေလည်း သူကြားပါတယ် ။

ပွေတာရှုပ်တာကတော့ ဟိုရောက်မှ မဟုတ် ဒီမှာကျောင်းတက်ထဲက ပင် အန်ကယ်ပြောတာတော့ လေးတန်းထဲနဲ့တင် ဖွန်ကြောင်တတ်ပြီဆိုလား ။

တစ်ယောက်ထဲ ဟိုတွေးဒီတွေး နဲ့စေ့စပ်ပွဲဆီ သွားရဦးမှာမို့ နေဥတ္တရာမှာ အဝတ်အစားအမြန်လဲရသည် ။

" ပြောထားတဲ့ Suit က အပြာရောင် ပါ ဘာဖြစ်လို့ ပန်းရောင်ကြီးလဲ "

ပန်းရောင်ဆိုတာ ဝီရဦးခေါင် အကြိုက်ဆုံး အရောင်မလား ။ ဖိုးခေါင် ထားခဲ့တာတော့ မဟုတ်ဘူးမလား ။

ဘာပဲဖြစ်ဖြစ် အဲ့ပန်းရောင်ကြီးပဲ ဝတ်ကာ လက်ကောက်ဝတ်ကို ရေမွှေးနှစ်ချက်သုံးချက်လောက် စွတ်ကာ ညာဘက်လက်မှာ ကြိုးအမျှင်သေးသေးလေးနဲ့ ရွှေဟန်းချိန်းလေးတပ်လိုက်သည် ။

နေဥတ္တရာက ရွှေကြိုက်တယ် ပြီးတော့ ဟန်းချိန်းလေးတွေ တစ်နေ့တစ်မျိုးမရိုးအောင် ဝတ်ရတာ ကြိုက်တယ် ။

နည်းနည်းစိုနေသေးသည့် ဆံပင်ထူထူအုပ်အုပ်လေးကိုတော့ Dryer နဲ့ မှုတ်ကာ ခြောက်အောင် လုပ်ရသည် ။

နဂိုအသားဖြူသူမို့ ဘာဝတ်ဝတ်လိုက်တယ်လို့ မေမေ ပြောဖူးတယ် ။ အရောင်တောက်တောက်ကြီးတွေဖြစ်တဲ့ လိမ္မော်ရောင်တို့ ပန်းသီးစိမ်းရောင်တို့ဆို လည်း နေဥတ္တရာဝတ်လိုက်တာနဲ့ အသားတောင်ဆောင်သွားသလိုပဲတဲ့ ။

မှန်ကြည့်နေရင်း အစောက ဝီရဦးခေါင် နမ်းသွားတဲ့ ညာဘက်ပါးပြင်က စံပယ်တင်မှဲ့ကလေးက သူ့ကို မျက်နှာပြောင်နေသလို ခံစားရတာမို့ အားနဲ့ ဖိပွတ်ပစ်တော့ ချက်ချင်း ရဲတက်လာသည် ။

" ဒုက္ခပဲ အဲ့ဒါ အန္တရာယ်ကောင် အရင်ကမင်းထိန်းခဲ့တဲ့ ကလေးလေးမဟုတ်တော့ဘူး နေဥတ္တရာ "

ကိုယ့်ပါးကို ခပ်ဆတ်ဆတ်လေးရိုက်ကာ သတိပြန်ပေးရသည် ။

______________

" ကိုကြီး ပျော်ရဲ့လားဟင် "

လက်မောင်းတစ်ဖက်ကိုချိတ်ကာချွဲချွဲနွဲ့နွဲ့ဆိုလာသူကြောင့် ဝီရဦးခေါင် ဖယ်ပစ်လိုက်ရသည် ။

စကားကို ကောင်းကောင်းမွန်မွန်ပြောတာမျိုးဆိုရပေမဲ့ အခုလိုမျိုး ပက်ချွဲနှပ်ချွဲလုပ်နေတာမျိုးဆို လုံးဝမကြိုက် ။

သူကိုယ်တိုင်ကလည်း ဘွင်းဘွင်းရှင်းရှင်းသမား ကြိုက်ရင်ကြိုက်တယ် မကြိုက်ရင်မကြိုက်ဘူးဘဲ ။

" ကိုယ့်ရုပ်က ပျော်တဲ့ရုပ်ပေါက်နေလား "

" ကိုကြီးကလည်း ဒါဒါ့ကို နောက်ပြန်ပြီ "

" ကိုယ် ဒီမှာ ခဏထိုင်နေဦးမယ် မင်းသွားဧည့်ခံထားလိုက် ပြီးရင် လိုက်လာမယ် "

" ဟုတ် ကိုကြီး ဒါဆို ဒါဒါ အရင်သွားနှင့်မယ်နော် "

" ဟုတ်ပြီ သဒ္ဒါနုငယ် "

ဘေးနားကနေ သဒ်ဒါနုငယျ ထွက်သွားတာနဲ့ ဝီရဦးခေါင် vodka ပုလင်းကို ဆွဲမော့ကာ လည်ချောင်းရှင်းပစ်လိုက်သည် ။

ဒယ်ဒီ့ကို လှမ်းကြည့်တော့ သဒ္ဒါနုငယ်မိဘတွေနဲ့  ပြုံးပြုံးရွှင်ရွှင်ဖြစ်ကာ စကားကောင်းနေပုံပင် ။

" အခုလိုများ မာမီ့အပေါ် စိတ်ဝင်တစားရှိပေးခဲ့ရင် သိပ်ကောင်းမှာပဲ ဦးဂုဏ်ရှိန်မင်းခေါင် "

သူဟိုမှာနေတဲ့ တစ်လျှောက် ဖုန်းထဲကနေ မာမီ့ရဲ့ငိုယိုနေတဲ့မျက်နှာ နွမ်းလျနေတဲ့ မျက်နှာလေး ကို မြင်ပြီး နေဥတ္တရာ ကို သတ်ပစ်ချင်တာ မှ တအား ။

နေဥတ္တရာက သူငယ်ငယ်က ချစ်တဲ့ စိတ်ထားကောင်းတဲ့အကိုကြီး မဟုတ်တော့ဘူး ။ သူတို့မိသားစုကို ပြိုကွဲအောင်လုပ်တဲ့ အဓိက တရားခံဖြစ်နေပြီ ။

သူတို့မိသားစု တစ်ကွဲတစ်ပြားစီ ဖြစ်ခဲ့သလိုပဲ နေဥတ္တရာ တို့မိသားစုကိုလည်း သူဖျက်ဆီးပြမယ် ။

ပြီးတော့ စီးပွားရေးလောက က နေဥတ္တရာရဲ့ ကောင်းသတင်းတွေကိုလည်း သတင်းဆိုးတွေအဖြစ် သူအကုန်ပြောင်းလဲပစ်မယ် ။

သူ့လက်ထဲမှာ နေဥတ္တရာဘဝတစ်ခုလုံးကို ဂျွမ်းထိုးမှောက်ခုံဖြစ်အောင် လုပ်ပြမယ် ။

အသွေးအသားထဲကနေကို နင့်နေအောင် မုန်းတယ် နေဥတ္တရာ ။

" ထင်တဲ့အတိုင်းကို ပါပဲလား "

ဝန်ထမ်းကောင်လေးကို ပန်းရောင် Suit ထဲမှာ ယားယံစေတဲ့ အမှုန့်တွေ သူဖြူးထားခိုင်းပြီးသား ။

" အသားအရေနုနုလေးတွေတော့ စုတ်ပြတ်ကုန်တော့မှာပဲ အဟက် "

သူကြံထားတာ မသိတဲ့ နေနေကတော့ မျက်နှာလေးပြုံးပြုံးရွှင်ရွှင်နဲ့ ခြံထဲကို ဆင်းလာလေပြီ ။

" ပထမဆုံး ဒုက္ခပဲ နေဥတ္တရာ "

မာမီခံစားခဲ့ရတဲ့ အတိုင်း ခင်ဗျား အကုန်ပြန်ခံစားစေရမယ် ။

//

Garlic
8/10/23


Zawgyi

" မ႐ုန္းစမ္းနဲ႕ ခင္ဗ်ားက်ဳပ္လက္က လြတ္မွာ မဟုတ္မွန္း သိတယ္မလား "

" မင္း မရမ္းကားစမ္းနဲ႕ ဝီရဦးေခါင္ "

အခုခ်ိန္ တစ္ေယာက္ေယာက္မ်ား ဝင္လာၾကည့္ပါ့လား ျပႆနာေတြ အႀကီးအက်ယ္ တက္ကုန္မွာ ။

ေစ့စပ္ပြဲမွာ ရွိေနရမဲ့ လူက သူ႕အခန္းထဲေရာက္ေနရတယ္လို႔ ။

ကုတင္ေပၚ စီးကရက္ထိုင္ေသာက္ေနတဲ့ သူက ေနေန ေရခ်ိဳးခန္းထဲက ထြက္လာတာျမင္တာနဲ႕ အတင္းကို ဆြဲဖက္ထားတာ အသက္ရႉေတာင္ၾကပ္တယ္ ။

" ဘာလဲ ဒယ္ဒီေတြ႕ၿပီး ခင္ဗ်ားကို အထင္လြဲသြားမွာဆိုးလို႔လား ေနေန "

" မဆိုင္တာ ငါနဲ႕ မင္းဒယ္ဒီက ရိုးရိုးသားသား "

" ခင္ဗ်ား မလိမ္စမ္းနဲ႕ ေနေန ရိုးရိုးသားသား ဆက္ဆံေရးရွိတဲ့ လူႏွစ္ေယာက္က သန္းေခါင္ေက်ာ္မွဟိုတယ္သြားၿပီး အလုပ္မလုပ္ဘူး "

" ဝီရဦးေခါင္ ခါးဖက္ထားတာ လႊတ္ေပး "

တတ္နိုင္သေလာက္ သူ႕အားနဲ႕ ခါးေပၚက လက္ႀကီးႏွစ္ဖက္ကိုတြန္းဖယ္ပစ္ေပမဲ့ မရ ။

သေကာင့္သားက ခါးကိုဖက္ထားတဲ့အျပင္ သူ႕ပုခုံးအေပၚက ေမးပစ္တင္ထားေသးတာ ။

စီးကရက္အနံ႕ေတြကလည္း မႊန္ထူေနတာပဲ ။

" ငါေျပာေနတယ္ေလ ဖယ္ေပး "

" မာမီက ခင္ဗ်ားေၾကာင့္ ဒယ္ဒီနဲ႕ ကြာရွင္းလိုက္ရတာ ဆို "

" မဟုတ္တာ ငါတို႔ မဟုတ္ဘူး မင္းအထင္လြဲ "

" ခင္ဗ်ား ေစာက္ပါးစပ္ကို ပိတ္ထားလိုက္ ေနေန "

ခါးေပၚက လက္ႏွစ္ဖက္က ပိုၿပီး တင္းၾကပ္လာကာ သူ႕မ်က္ႏွာႀကီးကလည္း ေနေန႕ပုခုံးကေန လည္ပင္းဆီကိုေ႐ႊ႕လာသည္ ။

" ငါရွင္းျပမယ္ ဝီရဦးေခါင္ အဲ့လိုမဟုတ္ "

" သိပ္ကို ဟုတ္တာေပါ့ ခင္ဗ်ား နဲ႕ ဒယ္ဒီ့ရဲ႕ ဟိုလိုလို ဒီလိုလိုဆက္ဆံေရးေတြေၾကာင့္ မာမီ့မွာ ပင္ပန္းဆင္းရဲခဲ့ရတာ က်ဳပ္ကိုေတာင္ မျပဳစုမ
ေစာင့္ေရွာက္နိုင္ေတာ့လို႔ လန္ဒန္ကိုပို႔ပစ္လိုက္တဲ့အထိပဲေလ ဟုတ္တယ္မလား ေနေန "

" ဝီရဦးေခါင္ ! မင္းေျပာေနတာေတြ တစ္ခုမွ မဟုတ္ဘူး ၿပီးေတာ့ ညီမေလးဆီမင္းသြားေတာ့ ငါ့ညီမေလး မင္းကိုေမွ်ာ္ေနလိမ့္မယ္ မင္း! "

ခါးဖက္ထား႐ုံတင္မကေတာ့ လူကိုဆြဲမကာ သူ႕ေပါင္ၾကားထဲ ထည့္ထားတာ မို႔ ေနေန ႐ူးပါ႐ူးခ်င္လာရသည္ ။

ဘာလို႔ ဒီလိုေတြလုပ္ေနရတာလဲ ။ ၿပီးေတာ့ လန္ဒန္ကို ပို႔ပစ္တယ္ဆိုတာ အန္တီရို႔ ေျပာေတာ့ ဖိုးေခါင္ရဲ႕ ပညာေရးအတြက္ပါပဲဆို ။ အခုက် သူနဲ႕
အန္ကယ္တို႔ေၾကာင့္တဲ့လား တစ္ခုခုေတာ့ လြဲေနပါၿပီ ။

" မ်က္လုံးေလး ကလယ္ကလယ္လုပ္ျပ႐ုံနဲ႕ က်ဳပ္က ခင္ဗ်ား ကို ခြင့္လႊတ္ေပးမယ္ မထင္နဲ႕ ေနေန ပြဲကအခုမွစတာ "

" ေတာ္လိုက္ေတာ့ အေျခအျမစ္မရွိတဲ့ စြပ္စြဲခ်က္ေတြနဲ႕ မင္းတစ္ဖက္သားကို စြပ္စြဲလို႔ မရဘူး ငါနဲ႕ အန္ကယ္ၾကားမွာ စည္းဆိုတာ ရွိတယ္ ၿပီးေတာ့ စကားအမ်ားဆုံး ေျပာျဖစ္တဲ့အေၾကာင္းအရာဆိုတာလည္း စီးပြားေရး အေၾကာင္းပဲ ရွိတယ္ "

အန္ကယ္ဆိုတာ ေနေန႕အတြက္ေတာ့ ဆရာလိုမိဘလိုေက်းဇူးရွင္တစ္ေယာက္ ။ အိမ္နဲ႕ close သိပ္မျဖစ္တဲ့ ေနေနက အားလပ္ခ်ိန္တိုင္း
အန္ကယ့္ဆီမွာ စီးပြားေရး အေၾကာင္းေတြစၿပီးေလ့လာခဲ့တာ ။

အန္ကယ္ကလည္း ေနေန႕ကိုဆို ေသြးသားအရင္းအခ်ာတစ္ေယာက္လိုဆက္ဆံေပးခဲ့တာပါပဲ ။

" မာမီ က်ဳပ္ကို လွမ္းေျပာတာေတာ့ ခင္ဗ်ား က ေန႕တိုင္းနီးပါး ဒယ္ဒီ့ကို အိမ္ျပန္မလႊတ္ဘူးဆို အလုပ္မွာပဲ ညတိုင္းေနၾကၿပီး ေဖာက္ျပန္တာတဲ့ "

နားထဲ မိုးႀကိဳးပစ္ခ်လိဳက္သလိုမ်ိဳး ခံစားခ်က္ ႀကီးကို ရလိုက္တာမို႔ ေနေန ႐ုတ္တရက္ ဆြံ႕အသြားရသည္ ။

ေဖာက္ျပန္တယ္ ေဖာက္ျပန္တယ္တဲ့လား စိတ္ကူးနဲ႕ေတာင္ လုံးဝမေတြးဖူးေသာအရာႀကီးကို အန္တီရို႔က ဘယ္လိုမ်ားလြယ္လြယ္ကူကူေျပာထြက္နိုင္တာလဲ ။

" ထင္ခ်င္သလိုသာ ထင္ေတာ့ ရွင္းျပရင္ နားလည္မဲ့သူေတြကိုပဲ ငါရွင္းျပခ်င္တာ မင္းကေတာ့ မင္းထင္ျမင္ယူဆခ်က္ေတြနဲ႕ ဆက္ၿပီးပိတ္မိေနလိုက္ ၿပီးေတာ့ အခုခ်က္ခ်င္း ငါ့ညီမေလး ဆီ သြားလိုက္ေတာ့ "

" ခင္ဗ်ား ညီမ ကို က်ဳပ္စိတ္မဝင္စားဘူး ဒါ ခင္ဗ်ားမိဘေတြနဲ႕ ဒယ္ဒီစီစဥ္တဲ့ပြဲ "

" မင္း! "

" က်ဳပ္သြားမွာပါ ဒါေပမဲ့ မေမ့နဲ႕ ခင္ဗ်ားေရွ႕ေလွ်ာက္ ငိုပြဲဆင္ရေတာ့မွာ ေနေန "

ႁပြတ္

" မင္း ! "

" ေယာက်္ားေတြကို ျမဴဆြယ္ဖို႔ မ်က္ႏွာေလးတစ္ခုကို ဒီေလာက္ေတာင္ေမႊးေအာင္လုပ္ထားတာေပါ့ "

" ထြက္သြားစမ္း "

" သြားမွာပါ ဆက္ေနရင္လည္း ခင္ဗ်ား ကို တစ္ခုခုလုပ္မိေတာ့မွာ "

အခန္းထဲက ထြက္သြားၿပီျဖစ္သည့္ ေကာင္ေလးကို ၾကည့္ကာ ေနဥတၱရာ ေဒါသလည္း ထြက္သလို စိတ္ထဲလည္းမေကာင္း ။

ဝီရဦးေခါင္ဆိုတာ ေနေန႕အတြက္ ခ်စ္ဖို႔ေကာင္းတဲ့အိမ္နီးခ်င္းေလး ။ ေဘးအိမ္ကို ဖိုးေခါင္တို႔ စေျပာင္းလာေတာ့ ေနေနက ဆယ္ႏွစ္ ဖိုးေခါင္ေလးက ငါးႏွစ္သားေလး ။ အသားညိုညိုေလးနဲ႕ ပါးေဖာင္းေဖာင္းေလးေတြရွိတဲ့ ဖိုးေခါင္ကို ေနေန႕မွာခ်စ္လိုက္ရတာတအား ။ ၿပဳံးလိုက္ရယ္ရင္း ပါး
ခ်ိဳင့္ေလးႏွစ္ဖက္က ပါေတာ့ အိမ္ကအငယ္ႏွစ္ေယာက္ထက္ ဖိုးေခါင္ကိုပဲ ေနေနက ပိုခ်စ္ခဲ့တာ ။

ေနေနတို႔အိမ္မွာ ေမာင္ႏွမ သုံးေယာက္ရွိၿပီး ေနေနက အႀကီးဆုံးပင္ ။

တစ္ေယာက္ထဲေနတတ္တာေရာ စကားနည္းတာေရာေၾကာင့္ အိမ္မွာ ေနဥတၱရာက လူပိုႀကီးလိုဆိုေပမဲ့ ဖိုးေခါင္ေလးတို႔ အိမ္ေရာက္သြားရင္ေတာ့ အဲ့လိုမဟုတ္ေတာ့ ၿပဳံးၿပဳံး႐ႊင္႐ႊင္ျဖစ္လာသည္ ။

ေမေမနဲ႕ေဖေဖက ေနေန႕ကို မခ်စ္တာ မဟုတ္
ခ်စ္ေပမဲ့လည္း အငယ္ႏွစ္ေယာက္ကိုက်ပိဳကဲသည္ ။

အဲ့ဒါေၾကာင့္မို႔လည္း ေနဥတၱရာက အိမ္မွာထက္ ေဘးအိမ္မွာ ေနတာပိုမ်ားတာ ။

ဒါေပမဲ့ ေနေန ဆယ့္ငါးႏွစ္အ႐ြယ္ဆယ္တန္းေျဖၿပီးေတာ့ ဖိုးေခါင္နဲ႕သိပ္မေဆာ့ျဖစ္ေတာ့ ။ ဘာလို႔ဆို အန္ကယ္ေျပာျပတဲ့ စီးပြားေရးအေၾကာင္းေတြကိုပဲ ပိုၿပီးနားေထာင္ခ်င္ခဲ့လို႔ပါ ။

ဆယ္ႏွစ္သားအ႐ြယ္ ဖိုးေခါင္ကလည္း အဲ့အခ်ိန္ ေနေန႕ကိုေရွာင္လာၿပီ မ်က္ႏွာခ်င္းဆိုင္ေတြ႕ရင္လည္း မရယ္ျပေတာ့ဘူး သူ႕ဟာသူတကုပ္ကုပ္နဲ႕ ေဆာ့ေနရွာသည္ ။

ေနေနကလည္း ေထြေထြထူးထူးမေတြးျဖစ္ေတာ့ ။ ေနာက္ပိုင္း Harvard မွာ ေက်ာင္းတက္ေနရင္း နဲ႕ ေနေန ဖိုးေခါင္ကို လုံးဝေမ့သြားခဲ့တာ ။

အန္ကယ္နဲ႕ေတာ့ အဆက္အသြယ္က လုံးဝမျပတ္ မသိတာရွိရင္ အန္ကယ့္ကိုပဲလွမ္းလွမ္းေမးရတယ္

မထင္ထားတာ တစ္ခုက ေနေန ဘြဲ႕ယူၿပီးလို႔ အိမ္ျပန္ေရာက္တဲ့အခါ ဆယ့္ငါးႏွစ္အ႐ြယ္ ဖိုးေခါင္ေလးဟာ လန္ဒန္ကိုေရာက္သြားပါၿပီတဲ့ေလ ။

အဲ့အခ်ိန္တုန္းက ေျပာျပတုန္းကလည္း အန္တီရို႔က ၿပဳံးၿပဳံး႐ႊင္႐ႊင္ပါပဲ အဲ့ဒါကို အခုမွ ဘာလို႔ မဟုတ္တမ္းတရားေတြ ေျပာရတာလဲ ။ အန္ကယ္နဲ႕ ကြာရွင္းတယ္ဆိုတာလည္း သူတို႔အခ်င္းခ်င္းျပႆနာပါ ဘာလို႔ ေနေနက ပါလာရတာလဲ ။

ဆယ္ႏွစ္နီးပါး မေတြ႕တာ ၾကာတဲ့ ကေလးကို ျပန္ေတြ႕လိုက္ရတဲ့အခ်ိန္ ေနေန ဟိုအရင္ကလိုဆက္ဆံေရးမ်ိဳး ျပန္တည္ေဆာက္ခ်င္ေပမဲ့ မျဖစ္နိုင္ေတာ့ဘူး ထင္ပါရဲ႕ ။

ၿပီးေတာ့ ဝီရဦးေခါင္က ငယ္ငယ္တုန္းက ေနေနထိန္းေနက် ေဘာင္းဘီတို အကၤ်ီဂ်ိဳင္းျပတ္ေလးသာ ဝတ္ေလ့ရွိတဲ့ ကေလးေလး မဟုတ္ေတာ့ဘဲ ဘယ္လို အဝတ္အစားမ်ိဳးနဲ႕မဆို ၾကည့္ေကာင္းလြန္းတဲ့ 25 ႏွစ္အ႐ြယ္ အမ်ိဳးသား တစ္ေယာက္ေတာင္ျဖစ္ေနၿပီ ။

နားမွာလည္း ear-piercing က သုံးေလးခု နဲ႕ ဆံပင္ကိုလည္း ကတုံးဆံပင္ေပါက္ေကသာ ထားထားေလသည္ ။

အသားကေတာ့ အရင္အတိုင္း ေခ်ာကလက္တုံးညိုညိုေလးလိုပဲ အညိုစင္ေလး ။

ဒါေၾကာင့္မို႔လည္း သူ႕သားကို သူစိတ္မခ်တဲ့ အန္ကယ္က ညီမေလးနဲ႕ ေစ့စပ္ေၾကာင္းလမ္းေပးခဲ့တာ ။

ဝီရဦးေခါင္က ဟိုမွာေနတုန္းက အေတာ္ေလးေပြရႈပ္ခဲ့တာဆိုတဲ့ သတင္းေတြလည္း သူၾကားပါတယ္ ။

ေပြတာရႈပ္တာကေတာ့ ဟိုေရာက္မွ မဟုတ္ ဒီမွာေက်ာင္းတက္ထဲက ပင္ အန္ကယ္ေျပာတာေတာ့ ေလးတန္းထဲနဲ႕တင္ ဖြန္ေၾကာင္တတ္ၿပီဆိုလား ။

တစ္ေယာက္ထဲ ဟိုေတြးဒီေတြး နဲ႕ေစ့စပ္ပြဲဆီ သြားရဦးမွာမို႔ ေနဥတၱရာမွာ အဝတ္အစားအျမန္လဲရသည္ ။

" ေျပာထားတဲ့ Suit က အျပာေရာင္ ပါ ဘာျဖစ္လို႔ ပန္းေရာင္ႀကီးလဲ "

ပန္းေရာင္ဆိုတာ ဝီရဦးေခါင္ အႀကိဳက္ဆုံး အေရာင္မလား ။ ဖိုးေခါင္ ထားခဲ့တာေတာ့ မဟုတ္ဘူးမလား ။

ဘာပဲျဖစ္ျဖစ္ အဲ့ပန္းေရာင္ႀကီးပဲ ဝတ္ကာ လက္ေကာက္ဝတ္ကို ေရေမႊးႏွစ္ခ်က္သုံးခ်က္ေလာက္ စြတ္ကာ ညာဘက္လက္မွာ ႀကိဳးအမွ်င္ေသးေသးေလးနဲ႕ ေ႐ႊဟန္းခ်ိန္းေလးတပ္လိုက္သည္ ။

ေနဥတၱရာက ေ႐ႊႀကိဳက္တယ္ ၿပီးေတာ့ ဟန္းခ်ိန္းေလးေတြ တစ္ေန႕တစ္မ်ိဳးမရိုးေအာင္ ဝတ္ရတာ ႀကိဳက္တယ္ ။

နည္းနည္းစိုေနေသးသည့္ ဆံပင္ထူထူအုပ္အုပ္ေလးကိုေတာ့ Dryer နဲ႕ မႈတ္ကာ ေျခာက္ေအာင္ လုပ္ရသည္ ။

နဂိုအသားျဖဴသူမို႔ ဘာဝတ္ဝတ္လိုက္တယ္လို႔ ေမေမ ေျပာဖူးတယ္ ။ အေရာင္ေတာက္ေတာက္ႀကီးေတြျဖစ္တဲ့ လိေမၼာ္ေရာင္တို႔ ပန္းသီးစိမ္းေရာင္တို႔ဆို လည္း ေနဥတၱရာဝတ္လိုက္တာနဲ႕ အသားေတာင္ေဆာင္သြားသလိုပဲတဲ့ ။

မွန္ၾကည့္ေနရင္း အေစာက ဝီရဦးေခါင္ နမ္းသြားတဲ့ ညာဘက္ပါးျပင္က စံပယ္တင္မွဲ႕ကေလးက သူ႕ကို မ်က္ႏွာေျပာင္ေနသလို ခံစားရတာမို႔ အားနဲ႕ ဖိပြတ္ပစ္ေတာ့ ခ်က္ခ်င္း ရဲတက္လာသည္ ။

" ဒုကၡပဲ အဲ့ဒါ အႏၱရာယ္ေကာင္ အရင္ကမင္းထိန္းခဲ့တဲ့ ကေလးေလးမဟုတ္ေတာ့ဘူး ေနဥတၱရာ "

ကိုယ့္ပါးကို ခပ္ဆတ္ဆတ္ေလးရိုက္ကာ သတိျပန္ေပးရသည္ ။

______________

" ကိုႀကီး ေပ်ာ္ရဲ႕လားဟင္ "

လက္ေမာင္းတစ္ဖက္ကိုခ်ိတ္ကာခြၽဲခြၽဲႏြဲ႕ႏြဲ႕ဆိုလာသူေၾကာင့္ ဝီရဦးေခါင္ ဖယ္ပစ္လိုက္ရသည္ ။

စကားကို ေကာင္းေကာင္းမြန္မြန္ေျပာတာမ်ိဳးဆိုရေပမဲ့ အခုလိုမ်ိဳး ပက္ခြၽဲႏွပ္ခြၽဲလုပ္ေနတာမ်ိဳးဆို လုံးဝမႀကိဳက္ ။

သူကိုယ္တိုင္ကလည္း ဘြင္းဘြင္းရွင္းရွင္းသမား ႀကိဳက္ရင္ႀကိဳက္တယ္ မႀကိဳက္ရင္မႀကိဳက္ဘူးဘဲ ။

" ကိုယ့္႐ုပ္က ေပ်ာ္တဲ့႐ုပ္ေပါက္ေနလား "

" ကိုႀကီးကလည္း ဒါဒါ့ကို ေနာက္ျပန္ၿပီ "

" ကိုယ္ ဒီမွာ ခဏထိုင္ေနဦးမယ္ မင္းသြားဧည့္ခံထားလိုက္ ၿပီးရင္ လိုက္လာမယ္ "

" ဟုတ္ ကိုႀကီး ဒါဆို ဒါဒါ အရင္သြားႏွင့္မယ္ေနာ္ "

" ဟုတ္ၿပီ သဒ္ဒါနုငယ် "

ေဘးနားကေန သဒ္ဒါႏုငယ် ထြက္သြားတာနဲ႕ ဝီရဦးေခါင္ vodka ပုလင္းကို ဆြဲေမာ့ကာ လည္ေခ်ာင္းရွင္းပစ္လိုက္သည္ ။

ဒယ္ဒီ့ကို လွမ္းၾကည့္ေတာ့ သဒ္ဒါနုငယ်မိဘတွေနဲ့  ၿပဳံးၿပဳံး႐ႊင္႐ႊင္ျဖစ္ကာ စကားေကာင္းေနပုံပင္ ။

" အခုလိုမ်ား မာမီ့အေပၚ စိတ္ဝင္တစားရွိေပးခဲ့ရင္ သိပ္ေကာင္းမွာပဲ ဦးဂုဏ္ရွိန္မင္းေခါင္ "

သူဟိုမွာေနတဲ့ တစ္ေလွ်ာက္ ဖုန္းထဲကေန မာမီ့ရဲ႕ငိုယိုေနတဲ့မ်က္ႏွာ ႏြမ္းလ်ေနတဲ့ မ်က္ႏွာေလး ကို ျမင္ၿပီး ေနဥတၱရာ ကို သတ္ပစ္ခ်င္တာ မွ တအား ။

ေနဥတၱရာက သူငယ္ငယ္က ခ်စ္တဲ့ စိတ္ထားေကာင္းတဲ့အကိုႀကီး မဟုတ္ေတာ့ဘူး ။ သူတို႔မိသားစုကို ၿပိဳကြဲေအာင္လုပ္တဲ့ အဓိက တရားခံျဖစ္ေနၿပီ ။

သူတို႔မိသားစု တစ္ကြဲတစ္ျပားစီ ျဖစ္ခဲ့သလိုပဲ ေနဥတၱရာ တို႔မိသားစုကိုလည္း သူဖ်က္ဆီးျပမယ္ ။

ၿပီးေတာ့ စီးပြားေရးေလာက က ေနဥတၱရာရဲ႕ ေကာင္းသတင္းေတြကိုလည္း သတင္းဆိုးေတြအျဖစ္ သူအကုန္ေျပာင္းလဲပစ္မယ္ ။

သူ႕လက္ထဲမွာ ေနဥတၱရာဘဝတစ္ခုလုံးကို ဂြၽမ္းထိုးေမွာက္ခုံျဖစ္ေအာင္ လုပ္ျပမယ္ ။

အေသြးအသားထဲကေနကို နင့္ေနေအာင္ မုန္းတယ္ ေနဥတၱရာ ။

" ထင္တဲ့အတိုင္းကို ပါပဲလား "

ဝန္ထမ္းေကာင္ေလးကို ပန္းေရာင္ Suit ထဲမွာ ယားယံေစတဲ့ အမႈန့္ေတြ သူျဖဴးထားခိုင္းၿပီးသား ။

" အသားအေရႏုႏုေလးေတြေတာ့ စုတ္ျပတ္ကုန္ေတာ့မွာပဲ အဟက္ "

သူႀကံထားတာ မသိတဲ့ ေနေနကေတာ့ မ်က္ႏွာေလးၿပဳံးၿပဳံး႐ႊင္႐ႊင္နဲ႕ ၿခံထဲကို ဆင္းလာေလၿပီ ။

" ပထမဆုံး ဒုကၡပဲ ေနဥတၱရာ "

မာမီခံစားခဲ့ရတဲ့ အတိုင္း ခင္ဗ်ား အကုန္ျပန္ခံစားေစရမယ္ ။

//

Garlic
8/10/23



Continue Reading

You'll Also Like

1.6M 68.4K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
1.1M 56.7K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
237K 26.1K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
2.3M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...