Unicode
Taxi ငှားပြီး Jungkook ရဲ့လိပ်စာအတိုင်းသွားစောင့်နေလိုက်သည်။
ဒီရက်အတွင်းတမင် စကားမပြောဘဲနေတာကြောင့် စကားပြောဖြစ်တာ နည်းတာမို့ ရောက်လာတာမြင်ရင် အများကြီးအံ့သြသွားမှာသေချာသလောက်ပင်။
Jimin ကိုယ်တိုင်လည်း Onlineပေါ်မှာပဲတွေ့ရတာကြောင့် ခုလိုမျိုးအပြင်မှာတွေ့ရတော့မှာမို့ စိတ်တွေအရမ်းလှုပ်ရှားပြီး ခြေဖျားလက်ဖျားတွေပါအေးစက်နေသည်။
မမြင်ဖူးမတွေ့ဖူးကြတဲ့ သူတွေမဟုတ်ပေမဲ့ သူ့ရဲ့
နေ့စဥ်ဘဝကဘယ်လိုရှိမလဲဆိုတာတွေ စတဲ့
ပြောင်းလဲလာမဲ့ ပုံစံတွေနဲ့ ကိုယ့်ချစ်သူဆိုတဲ့အသိက ရင်ကိုနှစ်ဆအခုန်မြန်စေသည်။
ရှေ့မျက်နှာချင်းဆိုင် လမ်းဘက်မှာကော်ဖီဆိုင်လေးတစ်ဆိုင်တွေ့တာမို့ အဲ့ဆိုင်မှာထိုင်ရင်းသွားစောင့်ဖို့အတွက်ဆုံးဖြတ်ပြီး ဆိုင်ထဲကနေပဲသွားစောင့်နေလိုက်သည်။
ဆိုင်ကလေးက အရမ်းမကျယ်ပေမဲ့ သူ့နေရာနဲ့သူ သပ်သပ်ရပ်ရပ်ရှိပြီး တိတ်ဆိတ်ကာ ကိုယ်စီစာဖတ်နေကြတဲ့သူအတော်များများလည်းရှိသည်။
ကော်ဖီတစ်ခွက်မှာသောက်ရင်းWifi free ဆိုတဲ့ စာရွက်ကလေးကပ်ထားတာမို့ QR codeကို scanဖတ်ပြီးနောက် Jungkook ဆီစာပို့ထားလိုက်သည်။
"မင်းအခုဘယ်မှာလဲ"
Jimin စာပို့ပြီးနောက် မိနစ်ပိုင်းအတွင်းချက်ချင်းစာပြန်ပို့လာသည်။
"ကိုယ် ကျောင်းကအပြန် အချိန်ပိုင်းအလုပ်ဝင်နေတာ။နောက်နာရီဝက်ဆိုပြီးပြီမို့ အိမ်ပြန်ပြီ"
"အင်း"တစ်လုံးတည်းသာပြန်ပို့လိုက်တော့ ချက်ချင်းဖုန်းခေါ်လာသည်။
"Hello"
"အင်း"
"ကိုယ်ပြန်လာခဲ့မယ် Jimin လေယာဥ်လက်မှတ်မရသေးလို့ ရတာနဲ့ချက်ချင်းပြန်ခဲ့မယ်။ ပြီးရင် Londonကို ပြန်မသွားတော့ပါဘူး။မင်းနဲ့လည်း ဒီထက်ပိုမခွဲနိုင်ဘူး။စိတ်ဆိုးနေရင်တောင် နည်းနည်းလေးတော့ ပြေပေးနော်"
"...."
"ကိုယ် အမှားတွေတစ်ခုချင်းစီကို နမ်းနမ်းပြီးတော့ ချော့ပါမယ်ကွာ"
Jeon Jung Kook ကလိပ်မျိုးမှန်းအရင်ကမသိခဲ့ရိုးအမှန်ပင်။ သူအရမ်းတွေနစ်နာသွားမှာစိုးရပါသည်။
"မင်း!!"
"တကယ်ပြောတာ မယုံလည်းနေ အလုပ်နဲ့လက်တွေ့ပြမယ်။"
"မင်းအတွက် နစ်နာသွားအုံးမယ်။"
"ကိုယ် ကျေကျေနပ်နပ်ကြီးကို အနစ်နာခံလိုက်ပါမယ်ကွာ။"
စကားတွေတတ်လွန်းနေတော့လည်း တစ်မျိုးအချစ်ပိုရပြန်သည်။
အလုပ်ထဲမှာမို့ စကားစဖြတ်ပြီး အရင်ဖုန်းချလိုက်သည်။သူပြန်လာမဲ့အချိန်တွေနီးလေ ရင်ခုန်သံတွေမြန်လာလေဖြစ်သည်။
Jimin အတွက်တော့ရှေ့ဘက်လမ်းကိုမျှော်ကြည့်ရင်း မှာထားတဲ့ Coffeeလေးသောက်ပြီးတော့ ကိုယ့်ချစ်သူလာမဲ့အချိန်ကိုစောင့်နေရတဲ့အချိန်အခိုက်တန့်လေးကို သိပ်သဘောကျရသည်။
နောင်တစ်ချိန်ပြန်တွေးရင် ကြည်နူးစရာကောင်းတဲ့ memories လှလှလေးတွေဖြစ်နေမှာမို့... ။
နာရီဝက်ခန့်အကြာ!!!
"ကျွီ!!!"
ဆိုင်တံခါးပွင့်လာတဲ့ အသံကြားတာမို့ ရုတ်တရက်ကြည့်လိုက်မိတော့ Jeon Jung Kook!!!
ကိုယ့်ကိုမြင်သွားလို့ ဝင်လာခဲ့တယ်အထင်နဲ့ပျော်သွားပြီးနှုတ်ဆက်ဖို့ပြင်ခဲ့ပင်မဲ့ သူကဆိုင်ထဲကဝေ့ဝဲကြည့်ရုံပဲကြည့်ကာ Jiminကိုလည်းမြင်ပုံမရပါ။
Jimin ထိုင်နေတဲ့ဝိုင်းကထောင့်ကျတဲ့နေရာကစားပွဲဝိုင်း ဖြစ်နေတဲ့အပြင် indoor plantsတွေ ရှိနေတာကြောင့်လည်းဖြစ်နိုင်ပါသည်။
လှမ်းခေါ်မလို့ ပြင်နေတုန်းမှာပင် ဆိုင်ထဲကိုအမျိုးသမီးတစ်ယောက်ဝင်လာပြီး ထိုအမျိုးသမီးက ရပ်နေတဲ့ Jeon Jung Kookရဲ့လက်မောင်းကိုလာချိတ်ပြီး စားပွဲဝိုင်းတစ်ခုတည်းမှာ အတူတူထိုင်ကြတာဖြစ်သည်။
Jung Kook ကိုအခုလိုမျိုးတခြားအမျိုးသမီးတစ်ယောက်နဲ့ တွဲမြင်ရလိမ့်မယ်လို့ တွေးတောင်မတွေးကြည့်ဖူးခဲ့။ အများကြီး ယုံကြည်ခဲ့မိတာတွေကြောင့်လည်း ပါပါသည်။
ဒါနဲ့များ Jeon Jung Kookကအပိုစကားတွေ ပြောနိုင်သေးသည်။
ထိုမြင်ကွင်းကို ကြောင်ရပ်ကြည့်နေတုန်း မျက်ရည်တွေက အလိုလိုစီးကျလာရသည်။တစ်ကိုယ်လုံးထူပူသွားကာ ဘာဆက်လုပ်ရမှန်းမသိတော့။
ထိုအမျိုးသမီးနဲ့ ရှိနေတဲ့အချိန်မှာ Jeon Jung Kookက ပြုံးရယ်ပြီးစကားတွေပြောနေခဲ့တာလား?
"မင်း အခုဘယ်မှာလဲ Jungkook?"
စိတ်ငြိမ်အောင်ထိန်းပြီး ခုံမှာပြန်ထိုင်ကာစာတစ်ကြောင်းထပ်ပို့လိုက်သည်။
လှမ်းကြည့်လိုက်တော့ စာဝင်တာကိုသိပုံရပါသည်။ဖုန်းကိုယူကြည့်ပြီး ချက်ချင်းပြန်ချထားလိုက်တာက ဘာသဘောလဲ?
သူ့မှာ တခြားတစ်ယောက်များရှိနေခဲ့တာလား ဆိုတဲ့အတွေးတွေက ရင်ထဲဆစ်ခနဲအောင့်တက်လာရသည်။
ဖုန်းကိုပြန်ချထားပြီး အဲ့ဒီအမျိုးသမီးနဲ့စကားဆက်ပြောနေခဲ့သည်ပဲ။
သူ့စာတွေကိုလျစ်လျှူရှုထားနိုင်ရလောက်တဲ့အထိ အဲ့ဒီအမျိုးသမီးကအရေးကြီးနေတာတဲ့လား?
ယဥ်ကျေးမှုမရှိသလိုဖြစ်သွားခဲ့ပေမဲ့
သူတို့ထိုင်နေတဲ့ဝိုင်းအနားလျှောက်သွားကာ
ကြားထဲကနေစကားဖြတ်ပြောလိုက်မိသည်။
"လမ်းခွဲမယ် Jung Kook"
ဒီနိုင်ငံမှာ ကိုယ့်ဘာသာစကားနဲ့ ပြောတဲ့လူဆိုတာမရှိတာမို့...ကြားကြားချင်း အံ့သြသွားရသလို
နာမည်ကလည်း ကိုယ့်နာမည်ကိုခေါ်ပြီးပြောတာဖြစ်သလို ရင်းနှီးနေတဲ့အသံဖြစ်တာမို့ ချက်ချင်းလှည့်ကြည့်လိုက်တော့ Jiminဖြစ်နေသည်။
Jung kook မြင်နေရတဲ့ ကိုယ်မျက်လုံးကိုယ်တောင်မယုံချင်။
Seoulမှာရှိနေတဲ့ သူက Londonကိုရောက်လာတာမို့ အရမ်းအံ့သြရသလို အမြဲတွေ့ချင်မြင်ချင်နေခဲ့တဲ့ ကိုယ့်ချစ်သူဖြစ်နေတာမို့ပင်။နောက်ထပ်တစ်ခု ကြားလိုက်ရတဲ့ လမ်းခွဲမယ်ဆိုတဲ့စကားက နှစ်ဆပိုအံ့သြရသလို မျက်လုံးတွေပင်ပြူးသွားရသည်။
ရင်ခုန်နေတဲ့အဖြစ်ကနေ ရင်တွေတုန်လာရသည်။
Jiminစိတ်ကို သိနေတဲ့သူဖြစ်တာမို့ပင်။
"Jimin"
"ဒီနေ့မှာ ငါ့ကိုပိုပြီးsurpriseဖြစ်သွားအောင်လုပ်ပေးလို့ ကျေးဇူးအများကြီးတင်တယ် Jeon Jung Kook"
"မဟုတ်ဘူးနော် ကိုယ်တို့ကဘာလို့လမ်းခွဲရမှာလဲ"
"အကြောင်းအရာကိုငါကရှင်းပြပေးဖို့လိုသေးတာလား။မင်းလုပ်နေတာမင်းမသိဘူးလား လူဆိုးကောင်ရဲ့!!!"
အလိုက်မသိ ကြားထဲကနေမျက်ရည်က ကျလာပြန်သည်။
"ကျစ်!!အဲ့မျက်ရည်တွေကျမလာပါနဲ့ကွာ ဘာကိစ္စလဲသေချာမသိပေမဲ့ ကိုယ်တောင်းပန်ပါမယ်"
"မင်း စိတ်မရှည်နေတာလား ငါ့ကို"
"မဟုတ်ပါဘူးကွာ"
"သူက မင်းရဲ့ချစ်သူမလား"
Jung Kookနဲ့ ထိုင်နေတဲ့အမျိုးသမီးကအင်္ဂလိပ်လိုမေးလာတာကို Jiminကိုယ်တိုင်လည်း နားလည်လိုက်ပါသည်။
"ဟုတ်တယ် သူကငါ့ရဲ့ချစ်သူပဲ"
"မင်းတို့ပြဿနာတစ်ခုခုရှိပုံပဲ သေချာဖြေရှင်းလိုက်ကြပါ။အလုပ်အတွက်က မင်းစိတ်ပြောင်းရင် ပြန်လာလုပ်လို့ရပါတယ်"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"
ဆိုင်ထဲကလူတွေကလည်း ကွက်ကြည့်ကွက်
ကြည့်လုပ်လာကြသလိုထိုအမျိုးသမီးကလည်းနှုတ်ဆက်ပြီးထွက်သွားပြီဖြစ်သည်။
"ကိုယ်အခန်းကိုသွားပြီး စကားသေချာပြောရအောင် Jimin...တစ်ခုတော့ကြိုပြောထားမယ်။ လမ်းခွဲမပေးနိုင်ဘူးနော် လုံးဝပဲ"
Jimin လက်မှာကိုင်ထားတဲ့ luggage အိတ်ကိုလက်လွှဲယူကာ လက်တစ်ဖက်ကလည်း Jimin လက်ကိုဆုပ်ကိုင်ပြီး လမ်းတစ်ဖက်ဆီကိုခေါ်လာခဲ့သည်။
ကြားလိုက်ရတဲ့စကားတွေကြောင့် ကိုယ်ထင်သလိုဟုတ်မနေဘူးဆိုတာကို သိလိုက်ရတာမို့ ငြိမ်နေလိုက်ရသည်။
အခန်းဆီရောက်တော့လည်း ငြိမ်ငြိမ်လေးထိုင်နေတော့ ရေတစ်ခွက်ခပ်ပေးလာသည်။
ဒရမ်မာတွေ အရမ်းချိုးလိုက်မိတာမို့ ရှက်တာကြောင့်လည်းပါ ပါသည်။
"ကြိုပြောရင် ကိုယ်လာကြိုပေးမှာပေါ့။"
"အင်း"
"ကိုယ်ဘာလုပ်မိလို့ လမ်းခွဲချင်တာလဲ လက်မခံဘူးနော်"
"မင်းကအဲ့အမျိုးသမီးနဲ့စကားပြောနေတာနဲ့ပဲငါ့စာတွေကို ဝင်မကြည့်ဘူးလေ။မင်းနောက်တစ်ယောက်ရသွားတယ်မှတ်နေတာ"
"ကြံကြံဖန်ဖန်တွေ အရမ်းတွေးတာပဲကွာ...မင်းကိုတောင်ချစ်လို့မဝတာ ဘယ်ကတစ်ယောက်ကိုထပ်ထားရမှာလဲ"
"မသိဘူးလေ"
"ရုတ်တရက်ရောက်လာတာမြင်တော့ ရင်တောင်
မခုန်ရသေးဘူး လမ်းခွဲမယ်ဆိုတာကြီးက ကြားလိုက်ရတော့ ပူထူသွားတာပဲ"
"ငါ...ငါထင်လိုက်တာက"
"ကိုယ်ရှင်းပြပေးမယ် နားထောင်"
အနားတိုးထိုင်လာကာ လက်နှစ်ဖက်ကိုသူ့လက်နှစ်ဖက်နဲ့အုပ်ကိုင်ပြီး နူးနူးညံ့ညံ့ကြည့်ပြီးပြောလာသည်။
"အဲ့တစ်ယောက်က ကိုယ်အလုပ်ရဖို့အတွက်ကူညီပေးတဲ့ စီနီယာအစ်မပဲ။ခုကိုယ် အင်တာဗျူးအောင်ထားတဲ့အလုပ်ကို မလုပ်တော့မဲ့အကြောင်းပြောပြနေတာ ပြီးရင်ပြန်လာတော့ဖို့...မင်းစာဝင်လာတာကိုသိတယ်။စကားပြောနေတာမြန်မြန်လက်စသတ်လိုက်ချင်လို့ replyမပြန်လိုက်တာ
အဲ့ဒါအပြင် သူနဲ့ကိုယ်ရဲ့ပက်သတ်မှုကဘာမှမဟုတ်ပါဘူးကွာ"
"သိပါပြီ။နေအုံး မင်းကဘယ်ကိုပြန်မှာလဲ"
"Seoulကိုပေါ့ အပြီးပြန်ခဲ့တော့မလို့"
"ငါလာပြီပဲဟာကို ကျောင်းပြီးအောင်ဆက်တက်ပါ"
သူချစ်တယ်ဆိုတာထက်ကို Jiminရဲ့ ချစ်ပြတဲ့ပုံသေနည်းတွေကလိုက်မမှီအောင် ချစ်ပြတတ်လွန်းသည်။
"အကြာကြီးထပ်ခွဲရအုံးမှာကို မကြိုက်ဘူး"
"မရဘူး ပြန်မပြောနဲ့ ကျောင်းပြီးအောင်ဆက်တက်"
"ဟုတ်ပါပြီ ဒီခေါင်းလုံးလုံးလေးက အဲ့လိုပေါက်ကရအတွေးတွေလည်းထွက်တာပဲနော်။ဒီလောက်ချောတဲ့ရုပ်ရည်ကြီးနဲ့ အဲ့လိုလုပ်ရပ်မျိုးလုပ်ပါ့မလား"
"မင်း ရုပ်ကိုကမချိုမချဥ်နဲ့"
ပိုပြီးရင်တွေခုန်ရအောင်လည်း Jeon Jung Kookကအများကြီးပိုချောလာခဲ့ပါသည်။
"မြင်တာနဲ့လူကို အထင်တွေလွဲတော့တာပဲ။လာပါအုံး ဖက်ထားပြီးအလွမ်းဖြေချင်လို့"
Jimin ကိုယ်တိုင်လည်း လွမ်းနေရတဲ့ ရင်ခွင်ကျယ်ကြီးထဲ တိုးဝင်ပြီး အလွမ်းဖြေရသည်။
ဆံပင်တွေကြားထဲ တိုးဝှေ့နမ်းရှိုက်လာတော့ ခိုးပြုံးရသည်။
"မွှေးတယ် "
"ငါသုံးတဲ့ shampoo ကကောင်းတယ်လေ"
"ဟားးဟုတ်ပါပြီ"
"အားးမင်းကအရမ်းဖက်ထားတာ နာနေပြီ"
"အသဲတွေယားလွန်းလို့ ဖျစ်ညှစ်ပစ်လိုက်ချင်တယ်။မေးပါအုံးမယ် ရုတ်တရက်ကြီးဘာလို့ရောက်လာတာလဲ"
"လွမ်းလို့"
လွမ်းလို့ Londonအထိလာတွေ့တာပါတဲ့လေ။Park Jimin တို့ချစ်တတ်ပုံတွေများး။
Zawgyi
"မင်းအခုဘယ်မှာလဲ"
"Hello"
"အင်း"
"...."
"မင်း!!"
နာရီဝက်ခန့်အကြာ!!!
"ကျွီ!!!"
"လမ်းခွဲမယ် Jung Kook"
"Jimin"
"မဟုတ်ပါဘူးကွာ"
"အင်း"
"မသိဘူးလေ"
"ငါ...ငါထင်လိုက်တာက"
"မွှေးတယ် "
"ဟားးဟုတ်ပါပြီ"
"လွမ်းလို့"