Daomu Biji (Myanmar Translati...

By lowkey_not_Loki

8.2K 765 113

Description ရာစုနှစ်များစွာ သင်္ချိုင်းဖောက်သူခိုးဖြစ်ခဲ့ကြသော မိသားစုလုပ်ငန်းကို အမွေဆက်ခံခဲ့သည့် ဝူရှဲ့ဟုအမ... More

Summary
1(ခုနစ်စဉ်ကြယ်လုနန်းတော်)
2
3
4
5
Character မိတ်ဆက်
Character မိတ္ဆက္
6
7
8
9
10
11
12
13
14
15
16
17
18
19
21
22
23
24
25
26
27
28
29
30(ဒေါသပင်လယ်မှ ပုန်းကွယ်နေသောသဲများ)
31
32
33

20

130 22 0
By lowkey_not_Loki

#Unicode
အခန်း(၂၀)
သော့
<<<<<

သူ ငုံ့ကြည့်လိုက်တော့ သူမပါးစပ်ထဲရှိ အရာက ပုလဲ မြှုပ်သွင်းစီခြယ်ထားသော ကြေးနီသော့တစ်ချောင်း ဖြစ်ပြီး အစိမ်းပုပ်ရောင် ရှိလေသည်။ သူ့အထင် ထိုသော့က အတော်လေး ထူးခြားဆန်းကြယ်၏။ သို့တိုင် ထိုပုလဲက ဘာနဲ့ လုပ်ထားမှန်းကိုတော့ဖြင့် သူလည်း မပြောတတ်သေး။ ရှေးအချိန်များက လူသေများကို မြှုပ်နှံရာဝယ် အပုပ်နံ့မထွက်စေရန် ခံတွင်းထဲ ပုလဲ ထည့်လေ့ရှိကြသည်ကိုတော့ သူ သိသည်။ ထို့ကြောင့် သူသာ သော့ကို ထုတ်ယူလိုက်ပါက ဤနှစ်ထောင်ချီသက်တမ်းရှိ လှပသော ရုပ်အလောင်းမှာ အပုပ်နံ့ထွက်နေသည့် မံမီအဖြစ် ပြောင်းသွားနိုင်ခြေ ရှိသည်။ ထိုသို့ကြောက်မက်ဖွယ်ကိစ္စကို သူ အရဲမစွန့်ရဲပါ။ သို့သော် ယခု သူ့အခြေအနေက အနည်းငယ်လည်း ခွကျနေပြန်သည်။ ကျောပေါ်တွင် ထိုအလောင်းကို သယ်ထားလျက်နှင့်တော့ သူ ဒီနေရာမှ လွတ်မြောက်နိုင်မည်မဟုတ်။

တွေဝေစွာနှင့် သူ ထိုင်နေစဉ်မှာပဲ ရုတ်တရက် အပေါ်ဘက်မှာ တစ်ယောက်ယောက် အော်သံကို ကြားလိုက်ရသည်။ သူ့ခေါင်းထက်တွင် ယောက်ျားတစ်ယောက် ဇောက်ထိုး တွဲလောင်းကျနေပြီး နွယ်ကြိုးတစ်ခွေက ထိုသူ့ခြေထောက်အား ရစ်ပတ်ထား၍ ထိုသူမှာ အော်ဟစ်လျက် နောက်ထပ် နွယ်ကြိုး ခုနစ်ခု၊ ရှစ်ခုနှင့်ပါ တိုက်ခိုက်နေရသည်။ ထိုသူကား ဖတ်တီးမှတစ်ပါး တခြားသူ မဟုတ်ပေ။ ကြည့်ရသလောက် ဖတ်တီးသည်လည်း သူ့ကဲ့သို့ ကံဆိုးခဲ့ရပုံပေါ်သည်။ သူ့ထက်ပင် ပိုပြီး ဒဏ်ရာဒဏ်ချက်တွေ များသေး၏။ သို့သော် အခုထိ ကျိန်ဆဲသည့်စကားများ တရစပ် အော်နေနိုင်သေးပုံထောက်လျှင် ခေါင်းကတော့ ထိခိုက်မိဟန်မရချေ။

"ချီးပဲ! -ယီးလောက်ပဲ ရှိတဲ့ ဒီနွယ်ကြိုးတွေက ဒီလောက်ထိ အစွမ်းထက်နေတာ မယုံနိုင်သေးဘူး!"

ထို့နောက် ဖတ်တီးက သူ့အား လှမ်းမြင်သွား၍ အံ့ဩသွားပုံဖြင့်။

"ရဲဘော်လေး .. မင်း အဲဒီ ပန်းပွင့်လေး*နဲ့ အလုပ်ရှုပ်နေတာလား"

[ * ပန်းပွင့်လေး/ ပန်းပွင့်မိန်းမပျို - ဒုတိယကမ္ဘာစစ်အတွင်း တရုတ်ပြည်အား ဂျပန်များ ကျူးကျော်စဉ်က တရုတ်မိန်းမပျိုလေးများကို ဖမ်းဆီးကာ လိင်ကျွန်ပြုပြီး ပန်းပွင့်မိန်းမပျိုများဟု ခေါ်တွင်ခဲ့သည်။ ]

သူ့ခမျာ ရယ်ရမလား ငိုရမလားတောင် မသိတော့။ စကားလည်း ကျယ်ကျယ် မပြောရဲရာ လက်ဟန်ပြပြီး ပြောလိုက်ရသည်။
"သေပြီးသား အလောင်းကြီးဟ! ငါ့ကို ဒီက ထွက်လို့ရမဲ့နည်း မြန်မြန်ကူစဉ်းစားပေးဦး"

ဖတ်တီးက လန့်သွားပြီး လေထဲတွင် သူ့ကိုယ်ကို လှုပ်ယမ်းလျက် ပြောလာ၏။
"အဲဒါဆို ငါ့ကို အရင် အောက်ချပေးဦး"

သူ့လက်ထဲရှိ ဓားမြောင်အား ဖတ်တီးထံ ပစ်ပေးလိုက်ရာ ဖတ်တီးက အလျင်အမြန်ဖမ်းလိုက်ပြီး ခြေထောက်၌ ရစ်ပတ်ထားသော နွယ်ကြိုးကို ဖြတ်လိုက်သည်။ အစက သူ မတွေးမိသေးသော်လည်း သူကိုယ်တိုင်ဘာဖြစ်ခဲ့သည်ကို အမှတ်ရသွားတော့ သတိပေးဖို့ပြင်လိုက်သည့်တိုင် နောက်ကျသွားခဲ့လေပြီ။ ဖတ်တီးကား အော်လျက် ပြုတ်ကျလာပြီး ချပ်ဝတ်တန်ဆာနှင့် အလောင်းပေါ်သို့ တည့်တည့်ပင်။ အလောင်း၏ မျက်နှာဖုံးမှာလည်း ကွာကျသွားသည်။ သူ လှမ်းကြည့်ဖို့ပြင်လိုက်သော်လည်း ဖတ်တီးက အလျင်အမြန်လှည့်လာကာ အော်လိုက်လေသည်။

"မကြည့်နဲ့! အဲဒါ မျက်လုံးစိမ်းမြေခွေးဟ"

ကံမကောင်းစွာနှင့် ဖတ်တီး၏ သတိပေးမှုက နောက်ကျသွားခဲ့သည်။ မျက်နှာဖုံးအောက်ရှိ မျက်နှာကို သူက လှမ်းကြည့်လိုက်မိပြီးဖြစ်လေသည်။ လျင်မြန်လှသောအကြည့်တစ်ချက်နှင့် သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများထသွား၏။

"ဘယ်လိုလုပ်ပြီး ဒါက လူတစ်ယောက်တဲ့လဲ"
သူ ရေရွတ်လိုက်မိ၏။

မျက်နှာဖုံးအောက်တွင်ကား ဖြူဆွတ်ဖျော့တော့နေသော မျက်နှာတစ်ခုရှိပြီး အနီးကပ် အသေအချာ ကြည့်လိုက်ပါက လူတစ်ယောက်၏ မျက်နှာသွင်ပြင်ကို ခပ်ရေးရေးပုံဖော်ကြည့်နိုင်သေးသည်။ ၎င်း၏ ခေါင်းထက်တွင်မူ ဆံပင်မွှေးဟူ၍ တစ်မွှေးမျှပင်မရှိ။ မျက်ခုံးမွှေးလည်း မရှိ။ မုတ်ဆိတ်ဟူ၍လည်း မရှိပေ။ ထိုမျက်နှာက သိသာစွာပင် ပုံမှန်သွင်ပြင်လက္ခဏာမျိုး ရှိမနေချေ။ မျက်လုံးများကလည်း မျဉ်းတစ်ကြောင်းမျှ ကျဉ်းမြောင်းပြီး ထိုအစိမ်းရောင်မျက်လုံးများထဲမှ အေးစက်စက်အလင်းတစ်ခု ထုတ်လွှတ်နေသည်။ ထိုမျက်နှာသည်က လူမျက်နှာနှင့် မြေခွေးတစ်ကောင် စဉ်းလဲစွာပြုံးနေသည့်အတိုင်း အတိအကျတူသည်ဟု သူ ခံစားရလေသည်။

သို့သော် ၎င်း၏ မျက်လုံးများက ပို၍ပင် ထူးခြားဆန်းကြယ်နေကြဟန်ရသည်။ အရိုးသားဆုံးပြောရလျှင် သာမန်အလောင်းများကိုမူ သူ့အနေနှင့် တည့်တိုက်စိုက်ကြည့်ရဲသော်ငြားလည်း ဤအလောင်းကိုတော့ဖြင့် အကြာကြီး ကြည့်မနေရဲချေ။ အလွန် ကြက်သီးထဖွယ်ကောင်းလွန်းသည်။ စိတ်ပိုင်းဆိုင်ရာကြိုတင်ပြင်ဆင်မှုမရှိဘဲ ဤသို့သောအရာကို မြင်လိုက်ရခြင်းကပင် သေချာပေါက်ကို ကြောက်စရာကောင်းပေလိမ့်မည်။ ဖတ်တီးပင်လျှင် သေလောက်အောင် ကြောက်သွားပြီး ပြောလာသည်။

"မယုံနိုင်စရာ! လုရှန့်ဘုရင်က တကယ်တော့ ဒီလိုပုံကြီးတဲ့လား"

"ဒါက တကယ်ကြီး လုရှန့်ဘုရင်လား?"

သူ မေးလိုက်မိသည်။

"ဘာလို့ သူက .. မြေခွေးတစ်ကောင်နဲ့ တူနေရတာလဲ"

ဖတ်တီးက မပြောခင် အလောင်းအား တစ်ချက်လှမ်းကြည့်လိုက်သေးသည်။

"ငါ့သူငယ်ချင်းတစ်ယောက်ပြောတာတော့ ဒါကို မျက်လုံးစိမ်းမြေခွေးရုပ်အလောင်းလို့ ခေါ်တယ်တဲ့။ ဟိုးအရင်အချိန်တွေတုန်းက လူတစ်ယောက်က ဘယ်မင်းဆက်ကမှန်းမသိတဲ့ ဂူသင်္ချိုင်းတစ်ခုကို ဖောက်ခဲ့မိတယ်။ ခေါင်းတလားကို ဖွင့်လိုက်တော့ အထဲမှာ မျက်လုံးစိမ်းနဲ့ မြေခွေးတစ်ကောင် အလောင်းပေါ်မှာ လှဲနေတာ တွေ့ရတယ်တဲ့။ မြေခွေးက မိစ္ဆာလိုပုံစံမျိုးပဲ။ ဒါပေမဲ့ ပြဿနာက မြေခွေး အလောင်းပေါ်မှာ လှဲနေတာကိုက အရမ်းဆိုးတဲ့ နိမိတ်တစ်ခုလို ဖြစ်နေတာ။ တကယ်တော့ အဲအချိန်တည်းက ခေါင်းတလားကိုပိတ်ပြီး နေရာတကျပြန်ထားသင့်ပေမဲ့ အဲဒီလူက အတွေ့အကြုံ သိပ်မရှိသေးတဲ့အပြင် လက်ဗလာကြီးနဲ့လည်း မပြန်ချင်တော့ ကျောက်စိမ်းလိပ်ရုပ်တစ်ခု ခိုးလာခဲ့လိုက်တယ်လေ။ နှစ်နည်းနည်းကြာတော့ သူလည်း ဂူသင်္ချိုင်းဖောက်တဲ့လောကထဲကထွက်ပြီး မွေးရပ်မြေကို ပြန်သွားခဲ့တယ်။ နောက်ပိုင်း အိမ်ထောင်တွေဘာတွေကျပြီး သူ့မိန်းမမှာ ကိုယ်ဝန်ရှိလာတော့ ကလေးလေး မွေးတဲ့အချိန် ဝမ်းဆွဲသည်က ကလေးကိုလည်း မြင်ရော ကြောက်လွန်းလို့ ငယ်သံငယ်ရင်းပါအောင် အော်ပြီး သတိလစ်သွားတယ်တဲ့။

အဲလူလည်း အလန့်တကြား အထဲကိုဝင်လာတော့ မြင်လိုက်ရတာက ကလေးမှာ မျက်လုံးစိမ်းတွေ ရှိနေတယ်ဆိုတာပဲ။ အစကတော့ ဒါတွေအကုန်လုံး မြေခွေးကြောင့်မှန်း သူမသိခဲ့ဘူး။ သူ့ကလေးမှာ ရောဂါတစ်ခု ရှိနေတာလို့ပဲ ထင်ခဲ့တာ။ အဲဒါနဲ့ ကလေးကိုကုဖို့ အနယ်နယ်အရပ်ရပ်ကို သွားခဲ့တယ်။ ဒါပေမဲ့ ကလေးက အဲပုံအတိုင်းပဲရှိနေသေးတဲ့အပြင် ဆံပင်တွေက တဖြည်းဖြည်း ပိုပါးလာပြီး မျက်နှာကလည်း မြေခွေးနဲ့ ပိုပိုတူလာတယ်။ နောက်တော့ သူလည်း ကလေး ဒီလိုဖြစ်ရတဲ့ တကယ့်အကြောင်းကို သိသွားတော့တယ်။ အဲဲဒါနဲ့ အရင်က သူသွားခဲ့တဲ့ရှေးဟောင်းဂူသင်္ချိုင်းကို မရောက်ရောက်အောင် ပြန်သွားပြီး သူယူလာခဲ့တဲ့ ကျောက်စိမ်းလိပ်ကို မူလနေရာမှာ ပြန်ထားလိုက်ရတယ်။ အဲဒီအချိန်တည်းက ကလေးရဲ့ ရောဂါ သက်သာသွားခဲ့ပေမဲ့ မြေခွေးနဲ့တူနေတဲ့မျက်နှာကတော့ ဘယ်တော့မှ ပြန်ပြောင်းမသွားတော့ဘူး”
ဖတ်တီးက ကျွတ်သပ်ရင်း ထပ်ပေါင်းပြောလာသည်။

“ဒါပေမဲ့ ဒီမျက်လုံးစိမ်းမြေခွေးရုပ်အလောင်းက ထူးဆန်းလွန်းတယ်။ ငါကြားသလောက်ဆို မင်း သူ့ကို ကြည့်မိတာနဲ့ မင်းမျက်နှာက တဖြည်းဖြည်း သူ့လိုပြောင်းသွားရမှာမလား။ မင်း အခုလေးတင် သူ့ကို ကြည့်လိုက်တယ်မလား”

ဝူရှဲ့က သိပ်တော့ မယုံသော်လည်း သူ့မျက်နှာက ထိုမကောင်းဆိုးဝါးကဲ့သို့ ပြောင်းသွားနိုင်သည်ဟု ကြားရတော့ မထိန်းနိုင်ပဲ တုန်သွားသည်။

“ပေါက်ကရတွေ မပြောစမ်းပါနဲ့!”
သူ ဖတ်တီးအား ဆူလိုက်၏။

“ငါ့မျက်နှာ ပြောင်းပြောင်းမပြောင်းပြောင်း အဲဒါတွေက နောင်မှ ဖြစ်မဲ့ဟာတွေ။ လောလောဆယ် ငါ့ကို ဒီကထွက်လို့ရအောင်သာ အရင်လုပ်ပေးစမ်းပါ”

ယခုအခြေအနေတွင် စကားမများနေသင့်ကြောသ်း ဖတ်တီးလည်း သဘောတူဟန်ရသည်။ အလျင်အမြန်ပြေးလာပြီး ဝူရှဲ့အား အမျိုးသမီးအလောင်းထံမှ လွတ်အောင် ကူပေးလာသည်။ သို့သော် အကြိမ်ပေါင်းများစွာ အားကုန်ဆွဲနေသည့်တိုင် အမျိုးသမီးအလောင်း၏ လက်မောင်းများက သံတူများအလား ခိုင်မာလွန်း၍ ဖယ်ထုတ်မရပေ။ နောက်ဆုံး အမောဆို့သွားတာသာ အဖတ်တင်သည်။ စိုးရိမ်နေသော ဝူရှဲ့မျက်လုံးများကို တွေ့တော့ ဖတ်တီးက အမြန်နှစ်သိမ့်ပေးလာသည်။

“မပူနဲ့။ ငါ့မှာ လှည့်ကွက်တွေမှ အများကြီးရှိပါသေးတယ်။ အဲဒါတွေတစ်ခုမှ အလုပ်မဖြစ်ရင်လည်း သူ့လက်မောင်းကို ဖြတ်လိုက်ရုံပေါ့”

“မလုပ်နဲ့!”
သူ အမြန် အော်လိုက်ရသည်။

“လုံးဝ လုပ်လို့မဖြစ်ဘူး။ တကယ်လို့ ဒီအလောင်းရဲ့ကိုယ်မှာ အဆိပ်ရှိနေရင် ဘယ်လိုလုပ်မလဲ။ ပြီးတော့လည်း ငါက ဒီအလောင်းနဲ့ ဘာအငြိုးမှ ရှိနေတာလည်းမဟုတ်ဘဲ ပထမဆုံးအကြိမ်တွေ့တာမှာတင် လက်ဖြတ်ပစ်ဖို့က မလွန်လွန်းဘူးလား”

ဖတ်တီး ခေါင်းကုတ်မိတော့သည်။ သူလုပ်နိုင်တာဆိုလို့ ဘာမှ မရှိတော့ဘူးလေ။

“ယေဘုယျကျကျပြောရရင် ..”
ဖတ်တီးက ဆို၏။

“သေပြီးသားအလောင်းရဲ့ကိုယ်က တောင့်တင်းမနေဘူးဆို သဘောက သူ့မှာ မပြည့်ဝသေးတဲ့ ဆန္ဒတစ်ခု ရှိနေတာပဲ။ မင်း သူ့ဆန္ဒကို ပြည့်အောင်လုပ်ပေးလိုက်ရင် သူလည်း မင်းကို လွှတ်ပေးလိမ့်မှာပဲ။ မင်း ပြန်တွေးကြည့်ကြည့်။ သူ မင်းကို လှမ်းဆွဲထားလိုက်တဲ့အချိန်တုန်းက တစ်ခုခုထူးဆန်းတာ ရှိလား”

ဝူရှဲ့ ပြန်တွေးကြည့်လိုက်တော့ မကြာသေးခင်ကမှ သူ ဘာတွေ့လိုက်သည်ကို အမှတ်ရသွားသည်။ အလောင်း၏ ပါးစပ်ထဲ၌ သော့တစ်ချောင်းရှိနေသည်။ ထိုအရာများလား။ သေချာစဉ်းစားကြည့်ပြီးနောက် သူ အလောင်းအနီးသို့တိုးကာ တိုးတိုးပြောလိုက်သည်။

“ကျေးဇူးပြုပြီး ရိုင်းပျမိလို့ ခွင့်လွှတ်ပါ”

ထို့နောက် သူ အလောင်း၏ ပါးနှစ်ဖက်က ဖိအား ပါးစပ်အား ပွင့်စေလိုက်သည်။ အစိမ်းရောင်ပုလဲ မြှုပ်သွင်းစီခြယ်ထားသော ကြေးနီသော့တစ်ချောင်းက အလောင်း၏ လျှာအောက်၌ ရှိနေခဲ့လေသည်။

ဖတ်တီးက အံ့ဩသွားပြီး အော်လိုက်၏။
“ချီး! ဒါကောင်းတဲ့အရာပဲ။ သူက မင်းကို ဒီသော့ပေးချင်တာဖြစ်ရမယ်။ တွေးကြည့်ကြည့် သူ့ပါးစပ်လေးက ဒီလောက်သေးတာ သော့ကို ငုံထားဖို့က တော်တော် မသက်မသာရှိနေမှာပဲ”

“သူ ငါ့လက်ကို ကိုက်လိုက်ရင်ရော ..”
ဝူရှဲ့က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

ဖတ်တီးက စိတ်မရှည်ဖြစ်လာပြီး ပြော၏။
“မင်းကိုယ်မင်းကြည့်ဦး တစ်ကိုယ်လုံး ကိုက်ချင်စရာအပြည့်နဲ့ ဒီလောက်အားနည်းနေတဲ့ဟာကို သူက ဘာလို့ မင်းလက်ကိုမှ တကူးတက ကိုက်ချင်ရမှာလဲ”

ဒါလည်း မှန်တာပဲ။ အလွန်ဆုံးမှ လက်ချောင်း တစ်ချောင်း၊ နှစ်ချောင်းလောက် ပြတ်သွားလည်း ကိစ္စမရှိပါဟု မိမိကိုယ်ကိုယ် အားပေးရင်း ဝူရှဲ့ အသက်ပြင်းပြင်းရှူလိုက်ကာ တုန်ယင်နေသော လက်နှစ်ချောင်းနှင့် အမျိုးသမီးအလောင်း၏ ပါးစပ်ထဲသို့ နှိုက်လိုက်သည်။ သို့သော် သူ့လက်များက အလောင်း၏ နှုတ်ခမ်းနှင့် ထိတော့မည့်အချိန်တွင်ပဲ ရုတ်တရက် အသံတစ်သံကို ကြားလိုက်ရလေသည်။

*****
Word- 2011
1.10.2023
ဒီအပိုင်းလေးကတော့ အခြား ဘာသာပြန်သူတစ်ယောက်က ကူပြန်ပေးထားတာပါ

ကိုယ်DMBJ စပြန်ကတည်းကတွေ့လို့ ကူညီချင်လို့ဆိုပြီးလက်ကမ်းလာသူလေးပေါ့

မအားတဲ့ကြားကနေ ကူညီပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်နော် 😙❤











#Zawgyi
အခန္း(၂၀)
ေသာ့
<<<<<

သူ ငုံ႔ၾကည့္လိုက္ေတာ့ သူမပါးစပ္ထဲရွိ အရာက ပုလဲ ျမႇဳပ္သြင္းစီျခယ္ထားေသာ ေၾကးနီေသာ့တစ္ေခ်ာင္း ျဖစ္ၿပီး အစိမ္းပုပ္ေရာင္ ရွိေလသည္။ သူ႔အထင္ ထိုေသာ့က အေတာ္ေလး ထူးျခားဆန္းၾကယ္၏။ သို႔တိုင္ ထိုပုလဲက ဘာနဲ႔ လုပ္ထားမွန္းကိုေတာ့ျဖင့္ သူလည္း မေျပာတတ္ေသး။ ေရွးအခ်ိန္မ်ားက လူေသမ်ားကို ျမႇဳပ္ႏွံရာဝယ္ အပုပ္နံ႔မထြက္ေစရန္ ခံတြင္းထဲ ပုလဲ ထည့္ေလ့ရွိၾကသည္ကိုေတာ့ သူ သိသည္။ ထို႔ေၾကာင့္ သူသာ ေသာ့ကို ထုတ္ယူလိုက္ပါက ဤႏွစ္ေထာင္ခ်ီသက္တမ္းရွိ လွပေသာ ႐ုပ္အေလာင္းမွာ အပုပ္နံ႔ထြက္ေနသည့္ မံမီအျဖစ္ ေျပာင္းသြားႏိုင္ေျခ ရွိသည္။ ထိုသို႔ေၾကာက္မက္ဖြယ္ကိစၥကို သူ အရဲမစြန္႔ရဲပါ။ သို႔ေသာ္ ယခု သူ႔အေျခအေနက အနည္းငယ္လည္း ခြက်ေနျပန္သည္။ ေက်ာေပၚတြင္ ထိုအေလာင္းကို သယ္ထားလ်က္ႏွင့္ေတာ့ သူ ဒီေနရာမွ လြတ္ေျမာက္ႏိုင္မည္မဟုတ္။

ေတြေဝစြာႏွင့္ သူ ထိုင္ေနစဥ္မွာပဲ ႐ုတ္တရက္ အေပၚဘက္မွာ တစ္ေယာက္ေယာက္ ေအာ္သံကို ၾကားလိုက္ရသည္။ သူ႔ေခါင္းထက္တြင္ ေယာက္်ားတစ္ေယာက္ ေဇာက္ထိုး တြဲေလာင္းက်ေနၿပီး ႏြယ္ႀကိဳးတစ္ေခြက ထိုသူ႔ေျခေထာက္အား ရစ္ပတ္ထား၍ ထိုသူမွာ ေအာ္ဟစ္လ်က္ ေနာက္ထပ္ ႏြယ္ႀကိဳး ခုနစ္ခု၊ ရွစ္ခုႏွင့္ပါ တိုက္ခိုက္ေနရသည္။ ထိုသူကား ဖတ္တီးမွတစ္ပါး တျခားသူ မဟုတ္ေပ။ ၾကည့္ရသေလာက္ ဖတ္တီးသည္လည္း သူ႔ကဲ့သို႔ ကံဆိုးခဲ့ရပုံေပၚသည္။ သူ႔ထက္ပင္ ပိုၿပီး ဒဏ္ရာဒဏ္ခ်က္ေတြ မ်ားေသး၏။ သို႔ေသာ္ အခုထိ က်ိန္ဆဲသည့္စကားမ်ား တရစပ္ ေအာ္ေနႏိုင္ေသးပုံေထာက္လွ်င္ ေခါင္းကေတာ့ ထိခိုက္မိဟန္မရေခ်။

"ခ်ီးပဲ! -ယီးေလာက္ပဲ ရွိတဲ့ ဒီႏြယ္ႀကိဳးေတြက ဒီေလာက္ထိ အစြမ္းထက္ေနတာ မယုံႏိုင္ေသးဘူး!"

ထို႔ေနာက္ ဖတ္တီးက သူ႔အား လွမ္းျမင္သြား၍ အံ့ဩသြားပုံျဖင့္။

"ရဲေဘာ္ေလး .. မင္း အဲဒီ ပန္းပြင့္ေလး*နဲ႔ အလုပ္ရႈပ္ေနတာလား"

[ * ပန္းပြင့္ေလး/ ပန္းပြင့္မိန္းမပ်ိဳ - ဒုတိယကမာၻစစ္အတြင္း တ႐ုတ္ျပည္အား ဂ်ပန္မ်ား က်ဴးေက်ာ္စဥ္က တ႐ုတ္မိန္းမပ်ိဳေလးမ်ားကို ဖမ္းဆီးကာ လိင္ကြၽန္ျပဳၿပီး ပန္းပြင့္မိန္းမပ်ိဳမ်ားဟု ေခၚတြင္ခဲ့သည္။ ]

သူ႔ခမ်ာ ရယ္ရမလား ငိုရမလားေတာင္ မသိေတာ့။ စကားလည္း က်ယ္က်ယ္ မေျပာရဲရာ လက္ဟန္ျပၿပီး ေျပာလိုက္ရသည္။
"ေသၿပီးသား အေလာင္းႀကီးဟ! ငါ့ကို ဒီက ထြက္လို႔ရမဲ့နည္း ျမန္ျမန္ကူစဥ္းစားေပးဦး"

ဖတ္တီးက လန္႔သြားၿပီး ေလထဲတြင္ သူ႔ကိုယ္ကို လႈပ္ယမ္းလ်က္ ေျပာလာ၏။
"အဲဒါဆို ငါ့ကို အရင္ ေအာက္ခ်ေပးဦး"

သူ႔လက္ထဲရွိ ဓားေျမာင္အား ဖတ္တီးထံ ပစ္ေပးလိုက္ရာ ဖတ္တီးက အလ်င္အျမန္ဖမ္းလိုက္ၿပီး ေျခေထာက္၌ ရစ္ပတ္ထားေသာ ႏြယ္ႀကိဳးကို ျဖတ္လိုက္သည္။ အစက သူ မေတြးမိေသးေသာ္လည္း သူကိုယ္တိုင္ဘာျဖစ္ခဲ့သည္ကို အမွတ္ရသြားေတာ့ သတိေပးဖို႔ျပင္လိုက္သည့္တိုင္ ေနာက္က်သြားခဲ့ေလၿပီ။ ဖတ္တီးကား ေအာ္လ်က္ ျပဳတ္က်လာၿပီး ခ်ပ္ဝတ္တန္ဆာႏွင့္ အေလာင္းေပၚသို႔ တည့္တည့္ပင္။ အေလာင္း၏ မ်က္ႏွာဖုံးမွာလည္း ကြာက်သြားသည္။ သူ လွမ္းၾကည့္ဖို႔ျပင္လိုက္ေသာ္လည္း ဖတ္တီးက အလ်င္အျမန္လွည့္လာကာ ေအာ္လိုက္ေလသည္။

"မၾကည့္နဲ႔! အဲဒါ မ်က္လုံးစိမ္းေျမေခြးဟ"

ကံမေကာင္းစြာႏွင့္ ဖတ္တီး၏ သတိေပးမႈက ေနာက္က်သြားခဲ့သည္။ မ်က္ႏွာဖုံးေအာက္ရွိ မ်က္ႏွာကို သူက လွမ္းၾကည့္လိုက္မိၿပီးျဖစ္ေလသည္။ လ်င္ျမန္လွေသာအၾကည့္တစ္ခ်က္ႏွင့္ သူ႔တစ္ကိုယ္လုံး ၾကက္သီးေမြးညင္းမ်ားထသြား၏။

"ဘယ္လိုလုပ္ၿပီး ဒါက လူတစ္ေယာက္တဲ့လဲ"
သူ ေရ႐ြတ္လိုက္မိ၏။

မ်က္ႏွာဖုံးေအာက္တြင္ကား ျဖဴဆြတ္ေဖ်ာ့ေတာ့ေနေသာ မ်က္ႏွာတစ္ခုရွိၿပီး အနီးကပ္ အေသအခ်ာ ၾကည့္လိုက္ပါက လူတစ္ေယာက္၏ မ်က္ႏွာသြင္ျပင္ကို ခပ္ေရးေရးပုံေဖာ္ၾကည့္ႏိုင္ေသးသည္။ ၎၏ ေခါင္းထက္တြင္မူ ဆံပင္ေမႊးဟူ၍ တစ္ေမႊးမွ်ပင္မရွိ။ မ်က္ခုံးေမႊးလည္း မရွိ။ မုတ္ဆိတ္ဟူ၍လည္း မရွိေပ။ ထိုမ်က္ႏွာက သိသာစြာပင္ ပုံမွန္သြင္ျပင္လကၡဏာမ်ိဳး ရွိမေနေခ်။ မ်က္လုံးမ်ားကလည္း မ်ဥ္းတစ္ေၾကာင္းမွ် က်ဥ္းေျမာင္းၿပီး ထိုအစိမ္းေရာင္မ်က္လုံးမ်ားထဲမွ ေအးစက္စက္အလင္းတစ္ခု ထုတ္လႊတ္ေနသည္။ ထိုမ်က္ႏွာသည္က လူမ်က္ႏွာႏွင့္ ေျမေခြးတစ္ေကာင္ စဥ္းလဲစြာၿပဳံးေနသည့္အတိုင္း အတိအက်တူသည္ဟု သူ ခံစားရေလသည္။

သို႔ေသာ္ ၎၏ မ်က္လုံးမ်ားက ပို၍ပင္ ထူးျခားဆန္းၾကယ္ေနၾကဟန္ရသည္။ အ႐ိုးသားဆုံးေျပာရလွ်င္ သာမန္အေလာင္းမ်ားကိုမူ သူ႔အေနႏွင့္ တည့္တိုက္စိုက္ၾကည့္ရဲေသာ္ျငားလည္း ဤအေလာင္းကိုေတာ့ျဖင့္ အၾကာႀကီး ၾကည့္မေနရဲေခ်။ အလြန္ ၾကက္သီးထဖြယ္ေကာင္းလြန္းသည္။ စိတ္ပိုင္းဆိုင္ရာႀကိဳတင္ျပင္ဆင္မႈမရွိဘဲ ဤသို႔ေသာအရာကို ျမင္လိုက္ရျခင္းကပင္ ေသခ်ာေပါက္ကို ေၾကာက္စရာေကာင္းေပလိမ့္မည္။ ဖတ္တီးပင္လွ်င္ ေသေလာက္ေအာင္ ေၾကာက္သြားၿပီး ေျပာလာသည္။

"မယုံႏိုင္စရာ! လုရွန္႔ဘုရင္က တကယ္ေတာ့ ဒီလိုပုံႀကီးတဲ့လား"

"ဒါက တကယ္ႀကီး လုရွန္႔ဘုရင္လား?"

သူ ေမးလိုက္မိသည္။

"ဘာလို႔ သူက .. ေျမေခြးတစ္ေကာင္နဲ႔ တူေနရတာလဲ"

ဖတ္တီးက မေျပာခင္ အေလာင္းအား တစ္ခ်က္လွမ္းၾကည့္လိုက္ေသးသည္။

"ငါ့သူငယ္ခ်င္းတစ္ေယာက္ေျပာတာေတာ့ ဒါကို မ်က္လုံးစိမ္းေျမေခြး႐ုပ္အေလာင္းလို႔ ေခၚတယ္တဲ့။ ဟိုးအရင္အခ်ိန္ေတြတုန္းက လူတစ္ေယာက္က ဘယ္မင္းဆက္ကမွန္းမသိတဲ့ ဂူသခ်ႋဳင္းတစ္ခုကို ေဖာက္ခဲ့မိတယ္။ ေခါင္းတလားကို ဖြင့္လိုက္ေတာ့ အထဲမွာ မ်က္လုံးစိမ္းနဲ႔ ေျမေခြးတစ္ေကာင္ အေလာင္းေပၚမွာ လွဲေနတာ ေတြ႕ရတယ္တဲ့။ ေျမေခြးက မိစာၦလိုပုံစံမ်ိဳးပဲ။ ဒါေပမဲ့ ျပႆနာက ေျမေခြး အေလာင္းေပၚမွာ လွဲေနတာကိုက အရမ္းဆိုးတဲ့ နိမိတ္တစ္ခုလို ျဖစ္ေနတာ။ တကယ္ေတာ့ အဲအခ်ိန္တည္းက ေခါင္းတလားကိုပိတ္ၿပီး ေနရာတက်ျပန္ထားသင့္ေပမဲ့ အဲဒီလူက အေတြ႕အႀကဳံ သိပ္မရွိေသးတဲ့အျပင္ လက္ဗလာႀကီးနဲ႔လည္း မျပန္ခ်င္ေတာ့ ေက်ာက္စိမ္းလိပ္႐ုပ္တစ္ခု ခိုးလာခဲ့လိုက္တယ္ေလ။ ႏွစ္နည္းနည္းၾကာေတာ့ သူလည္း ဂူသခ်ႋဳင္းေဖာက္တဲ့ေလာကထဲကထြက္ၿပီး ေမြးရပ္ေျမကို ျပန္သြားခဲ့တယ္။ ေနာက္ပိုင္း အိမ္ေထာင္ေတြဘာေတြက်ၿပီး သူ႔မိန္းမမွာ ကိုယ္ဝန္ရွိလာေတာ့ ကေလးေလး ေမြးတဲ့အခ်ိန္ ဝမ္းဆြဲသည္က ကေလးကိုလည္း ျမင္ေရာ ေၾကာက္လြန္းလို႔ ငယ္သံငယ္ရင္းပါေအာင္ ေအာ္ၿပီး သတိလစ္သြားတယ္တဲ့။

အဲလူလည္း အလန္႔တၾကား အထဲကိုဝင္လာေတာ့ ျမင္လိုက္ရတာက ကေလးမွာ မ်က္လုံးစိမ္းေတြ ရွိေနတယ္ဆိုတာပဲ။ အစကေတာ့ ဒါေတြအကုန္လုံး ေျမေခြးေၾကာင့္မွန္း သူမသိခဲ့ဘူး။ သူ႔ကေလးမွာ ေရာဂါတစ္ခု ရွိေနတာလို႔ပဲ ထင္ခဲ့တာ။ အဲဒါနဲ႔ ကေလးကိုကုဖို႔ အနယ္နယ္အရပ္ရပ္ကို သြားခဲ့တယ္။ ဒါေပမဲ့ ကေလးက အဲပုံအတိုင္းပဲရွိေနေသးတဲ့အျပင္ ဆံပင္ေတြက တျဖည္းျဖည္း ပိုပါးလာၿပီး မ်က္ႏွာကလည္း ေျမေခြးနဲ႔ ပိုပိုတူလာတယ္။ ေနာက္ေတာ့ သူလည္း ကေလး ဒီလိုျဖစ္ရတဲ့ တကယ့္အေၾကာင္းကို သိသြားေတာ့တယ္။ အဲဲဒါနဲ႔ အရင္က သူသြားခဲ့တဲ့ေရွးေဟာင္းဂူသခ်ႋဳင္းကို မေရာက္ေရာက္ေအာင္ ျပန္သြားၿပီး သူယူလာခဲ့တဲ့ ေက်ာက္စိမ္းလိပ္ကို မူလေနရာမွာ ျပန္ထားလိုက္ရတယ္။ အဲဒီအခ်ိန္တည္းက ကေလးရဲ႕ ေရာဂါ သက္သာသြားခဲ့ေပမဲ့ ေျမေခြးနဲ႔တူေနတဲ့မ်က္ႏွာကေတာ့ ဘယ္ေတာ့မွ ျပန္ေျပာင္းမသြားေတာ့ဘူး”
ဖတ္တီးက ကြၽတ္သပ္ရင္း ထပ္ေပါင္းေျပာလာသည္။

“ဒါေပမဲ့ ဒီမ်က္လုံးစိမ္းေျမေခြး႐ုပ္အေလာင္းက ထူးဆန္းလြန္းတယ္။ ငါၾကားသေလာက္ဆို မင္း သူ႔ကို ၾကည့္မိတာနဲ႔ မင္းမ်က္ႏွာက တျဖည္းျဖည္း သူ႔လိုေျပာင္းသြားရမွာမလား။ မင္း အခုေလးတင္ သူ႔ကို ၾကည့္လိုက္တယ္မလား”

ဝူရွဲ႕က သိပ္ေတာ့ မယုံေသာ္လည္း သူ႔မ်က္ႏွာက ထိုမေကာင္းဆိုးဝါးကဲ့သို႔ ေျပာင္းသြားႏိုင္သည္ဟု ၾကားရေတာ့ မထိန္းႏိုင္ပဲ တုန္သြားသည္။

“ေပါက္ကရေတြ မေျပာစမ္းပါနဲ႔!”
သူ ဖတ္တီးအား ဆူလိုက္၏။

“ငါ့မ်က္ႏွာ ေျပာင္းေျပာင္းမေျပာင္းေျပာင္း အဲဒါေတြက ေနာင္မွ ျဖစ္မဲ့ဟာေတြ။ ေလာေလာဆယ္ ငါ့ကို ဒီကထြက္လို႔ရေအာင္သာ အရင္လုပ္ေပးစမ္းပါ”

ယခုအေျခအေနတြင္ စကားမမ်ားေနသင့္ေၾကာသ္း ဖတ္တီးလည္း သေဘာတူဟန္ရသည္။ အလ်င္အျမန္ေျပးလာၿပီး ဝူရွဲ႕အား အမ်ိဳးသမီးအေလာင္းထံမွ လြတ္ေအာင္ ကူေပးလာသည္။ သို႔ေသာ္ အႀကိမ္ေပါင္းမ်ားစြာ အားကုန္ဆြဲေနသည့္တိုင္ အမ်ိဳးသမီးအေလာင္း၏ လက္ေမာင္းမ်ားက သံတူမ်ားအလား ခိုင္မာလြန္း၍ ဖယ္ထုတ္မရေပ။ ေနာက္ဆုံး အေမာဆို႔သြားတာသာ အဖတ္တင္သည္။ စိုးရိမ္ေနေသာ ဝူရွဲ႕မ်က္လုံးမ်ားကို ေတြ႕ေတာ့ ဖတ္တီးက အျမန္ႏွစ္သိမ့္ေပးလာသည္။

“မပူနဲ႔။ ငါ့မွာ လွည့္ကြက္ေတြမွ အမ်ားႀကီးရွိပါေသးတယ္။ အဲဒါေတြတစ္ခုမွ အလုပ္မျဖစ္ရင္လည္း သူ႔လက္ေမာင္းကို ျဖတ္လိုက္႐ုံေပါ့”

“မလုပ္နဲ႔!”
သူ အျမန္ ေအာ္လိုက္ရသည္။

“လုံးဝ လုပ္လို႔မျဖစ္ဘူး။ တကယ္လို႔ ဒီအေလာင္းရဲ႕ကိုယ္မွာ အဆိပ္ရွိေနရင္ ဘယ္လိုလုပ္မလဲ။ ၿပီးေတာ့လည္း ငါက ဒီအေလာင္းနဲ႔ ဘာအၿငိဳးမွ ရွိေနတာလည္းမဟုတ္ဘဲ ပထမဆုံးအႀကိမ္ေတြ႕တာမွာတင္ လက္ျဖတ္ပစ္ဖို႔က မလြန္လြန္းဘူးလား”

ဖတ္တီး ေခါင္းကုတ္မိေတာ့သည္။ သူလုပ္ႏိုင္တာဆိုလို႔ ဘာမွ မရွိေတာ့ဘူးေလ။

“ေယဘုယ်က်က်ေျပာရရင္ ..”
ဖတ္တီးက ဆို၏။

“ေသၿပီးသားအေလာင္းရဲ႕ကိုယ္က ေတာင့္တင္းမေနဘူးဆို သေဘာက သူ႔မွာ မျပည့္ဝေသးတဲ့ ဆႏၵတစ္ခု ရွိေနတာပဲ။ မင္း သူ႔ဆႏၵကို ျပည့္ေအာင္လုပ္ေပးလိုက္ရင္ သူလည္း မင္းကို လႊတ္ေပးလိမ့္မွာပဲ။ မင္း ျပန္ေတြးၾကည့္ၾကည့္။ သူ မင္းကို လွမ္းဆြဲထားလိုက္တဲ့အခ်ိန္တုန္းက တစ္ခုခုထူးဆန္းတာ ရွိလား”

ဝူရွဲ႕ ျပန္ေတြးၾကည့္လိုက္ေတာ့ မၾကာေသးခင္ကမွ သူ ဘာေတြ႕လိုက္သည္ကို အမွတ္ရသြားသည္။ အေလာင္း၏ ပါးစပ္ထဲ၌ ေသာ့တစ္ေခ်ာင္းရွိေနသည္။ ထိုအရာမ်ားလား။ ေသခ်ာစဥ္းစားၾကည့္ၿပီးေနာက္ သူ အေလာင္းအနီးသို႔တိုးကာ တိုးတိုးေျပာလိုက္သည္။

“ေက်းဇူးျပဳၿပီး ႐ိုင္းပ်မိလို႔ ခြင့္လႊတ္ပါ”

ထို႔ေနာက္ သူ အေလာင္း၏ ပါးႏွစ္ဖက္က ဖိအား ပါးစပ္အား ပြင့္ေစလိုက္သည္။ အစိမ္းေရာင္ပုလဲ ျမႇဳပ္သြင္းစီျခယ္ထားေသာ ေၾကးနီေသာ့တစ္ေခ်ာင္းက အေလာင္း၏ လွ်ာေအာက္၌ ရွိေနခဲ့ေလသည္။

ဖတ္တီးက အံ့ဩသြားၿပီး ေအာ္လိုက္၏။
“ခ်ီး! ဒါေကာင္းတဲ့အရာပဲ။ သူက မင္းကို ဒီေသာ့ေပးခ်င္တာျဖစ္ရမယ္။ ေတြးၾကည့္ၾကည့္ သူ႔ပါးစပ္ေလးက ဒီေလာက္ေသးတာ ေသာ့ကို ငုံထားဖို႔က ေတာ္ေတာ္ မသက္မသာရွိေနမွာပဲ”

“သူ ငါ့လက္ကို ကိုက္လိုက္ရင္ေရာ ..”
ဝူရွဲ႕က စိတ္လႈပ္ရွားစြာ ေမးလိုက္သည္။

ဖတ္တီးက စိတ္မရွည္ျဖစ္လာၿပီး ေျပာ၏။
“မင္းကိုယ္မင္းၾကည့္ဦး တစ္ကိုယ္လုံး ကိုက္ခ်င္စရာအျပည့္နဲ႔ ဒီေလာက္အားနည္းေနတဲ့ဟာကို သူက ဘာလို႔ မင္းလက္ကိုမွ တကူးတက ကိုက္ခ်င္ရမွာလဲ”

ဒါလည္း မွန္တာပဲ။ အလြန္ဆုံးမွ လက္ေခ်ာင္း တစ္ေခ်ာင္း၊ ႏွစ္ေခ်ာင္းေလာက္ ျပတ္သြားလည္း ကိစၥမရွိပါဟု မိမိကိုယ္ကိုယ္ အားေပးရင္း ဝူရွဲ႕ အသက္ျပင္းျပင္းရွဴလိုက္ကာ တုန္ယင္ေနေသာ လက္ႏွစ္ေခ်ာင္းႏွင့္ အမ်ိဳးသမီးအေလာင္း၏ ပါးစပ္ထဲသို႔ ႏႈိက္လိုက္သည္။ သို႔ေသာ္ သူ႔လက္မ်ားက အေလာင္း၏ ႏႈတ္ခမ္းႏွင့္ ထိေတာ့မည့္အခ်ိန္တြင္ပဲ ႐ုတ္တရက္ အသံတစ္သံကို ၾကားလိုက္ရေလသည္။

*****
Word- 2011
1.10.2023
ဒီအပိုင္းေလးကေတာ့ အျခား ဘာသာျပန္သူတစ္ေယာက္က ကူျပန္ေပးထားတာပါ

ကိုယ္DMBJ စျပန္ကတည္းကေတြ႕လို႔ ကူညီခ်င္လို႔ဆိုၿပီးလက္ကမ္းလာသူေလးေပါ့

မအားတဲ့ၾကားကေန ကူညီေပးလို႔ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ေနာ္ 😙❤










Continue Reading

You'll Also Like

158K 3.9K 55
After your defeat, sonic decided to spare you.You became something of a anti-hero like shadow and help them on their adventures.The mad doctor now ha...
23K 735 17
this is going to be based off the books currently under editing!! any suggestions please do tell me please enjoy ☆
537K 13.4K 42
Psycho brothers and a little angel sister sounds not so good together right? so what happens when an sweet angel comes live with her lovesick pyscho...
Re:Cursed By

Adventure

44.6K 1.5K 21
Y/N: CAN I GET A REDO PLSS!!!. Dark: Nope. Y/N: WHY?!, It was all good I got my isekai cheat skill and I got to design how I look like in the end all...