တပင်တိုင်

By Mhaw_Eaint_Met

36.2K 2.3K 239

"ကိုကိုပြန်လာရင် ပင်တိုင့်ကိုနှိုးနော်" More

တပင်တိုင်
တပင်တိုင် Part 2
တပင်တိုင် part 3
တပင်တိုင်(Part 4)
တပင္တိုင္(Part 5)
တပင္တိုင္(part 6)
တပင္တိုင္(part 7)
တပင္တိုင္(part 8)
တပင္တိုင္(Part 9)
တပင္တိုင္(Part 10)
တပင္တိုင္(Part 11)
တပင္တိုင္(Part 12)
တပင္တိုင္(Part 13)
တပင္တိုင္(Part 14)
တပင္တိုင္(Part 15)
Part 16
Part 17
Part 18
Part (19)
Part 20
Part (21)
Part 22
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33(Final part)
bl

Part 23

628 73 8
By Mhaw_Eaint_Met

(Unicode)

"ပင်တိုင် ကိုကို့ကိုကြည့်စမ်း"

မျက်လွှာလေးချပြီး ခေါင်းကိုတသွင်သွင်ခါရမ်းနေတဲ့ကောင်လေးက မျက်နှာကိုပင်အမြင်မခံ။လင်းခေးအကြည့်တွေကို ရှောင်တိမ်းနေလေရဲ့။

တသိမ့်သိမ့်ရှိုက်ကာငိုနေတဲ့ပင်တိုင်က သူ့မျက်နှာအားမမြင်စေလိုလျှင်လင်းခေးလည်းအတင်းမတောင်းဆိုလိုတော့ပါ။ငိုနေတဲ့ပင်တိုင့်ကိုယ်လေးကိုယ်ကိုသာ ထွေးပိုက်မြဲထွေးပိုက်လျက် .....

"ကိုကိုကရွံမှာတဲ့လား မင်းကိုကို့ကိုအဲ့လောက်ထိတောင်အထင်သေးသလား တပင်တိုင်"

"ဟင့်အင်း...ပင်တိုင် ကိုကို့ကိုအထင်မသေးပါဘူး"

မျက်ရည်လေးများစိုစွတ်နေဆဲမျက်တောင်လေးတွေပင့်တင်ပြီး သူ့အားမော့ကြည့်ကာ ပင်တိုင်ချက်ချင်းဘဲငြင်းဆန်လို့ပင်။ဆေးရှိန်​မပြယ်သေးတဲ့ ပင်တိုင့်မျက်လုံးလေးများကတော့ရီဝေဝေနဲ့။

လင်းခေးရှေ့မှာ ပင်တိုင်သိမ်ငယ်စိတ်တို့နဲ့အတူ ရှက်ရွံ့ရပါသည်၊သို့ရာတွင် လင်းခေးအားအထင်သေးသည့်အတွေးကိုတော့ ပင်တိုင့်တသက်တစ်စက္ကန့်မျှပင် အတွေးမဝင်ဖူးသည့်တိုင်အောင် သူချစ်ရတဲ့သူကိုယ်တိုင်ကစွပ်စွဲလာသည်မို့ ပင်တိုင်ရင်လည်းနာသည်။

"ဒီမှာ တပင်တိုင်...မင်းလေကိုကို့ရင်ထဲကိုမြင်အောင်ကြည့်ပါ၊တပင်တိုင်ဆိုတဲ့မင်းက ကိုကို့နှလုံးသားရဲ့အမြင့်ဆုံးနေရာမှာရှိတယ်။ရွံဖို့မပြောနဲ့ တစ်နေ့တစ်နေ့မင်းကို ကိုကိုဘယ်လောက်မြတ်နိုးနေရတယ်ဆိုတာ မင်းသိမှာမဟုတ်ဘူး"

"ကိုကို့ရှေ့မှာ ပင်တိုင်ဒီလိုဖြစ်နေတာရှက်တယ်"

"ပင်တိုင့်အပြစ်မဟုတ်ဘူး အားလုံးကိုကို့အမှားတွေပါ၊ကိုကိုသာသတ္တိရှိခဲ့ရင် ဘယ်သူမှနာကျင်နေရမှာမဟုတ်ဘူး ပင်တိုင်လည်းဒီလိုဖြစ်မှာမဟုတ်ဘူး"

"...."

"ကိုကို့ကိုယုံလား ပင်တိုင်"

ပင်တိုင်ဘာကိုမှစဥ်စားမနေတော့ လင်းခေးဖြစ်နေတာနဲ့တင်ယုံကြည်စွာဘဲ ခေါင်းငြိမ့်လိုက်မိ၏။

"တော်တယ် ကိုကို့ကိုဘဲယုံကြည်နော်"

ပြောပြီးထဖို့လုပ်နေတဲ့လင်းခေး သူပွေ့ပိုက်ထားတဲ့ပင်တိုင့်ကိုယ်လေးကိုပါဆွဲထူလိုက်သည်။ငုတ်တုတ်လေးမှ သူဆွဲထူတဲ့နောက်အလိုက်သင့်ပါလာတဲ့ပင်တိုင့်မျက်လုံးလေးများကတော့ သူ့အားအငေးသား။

"ကိုကိုတို့အိမ်ပြန်ကြရအောင်နော်"

ပင်တိုင့်ခေါင်းလေးကိုပွတ်သပ်ပြီး လင်းခေးချော့မြူပြောလိုက်တော့လည်း ပင်တိုင်နာခံလေသည်။သူပြောသမျှနာခံနေပေမဲ့ ဆေးအရှိန်​မပြယ်သေးသောကြောင့်လားပင်မသိ ပင်တိုင့်ကိုယ်ကယိုင်နဲ့နဲ့ပင်။ခပ်ယိုင်ယိုင်ဖြစ်နေတဲ့ပင်တိုင့်ကိုယ်လေးအာ လင်းကျောပိုးလိုက်တော ပင်တိုင်အလိုက်သင့်လေးဘဲသူ့လည်ပင်းအားသိုင်းဖက်ပြီး ခေါင်းလေးပါပခုံးပေါ်မှာမှီလို့နေခဲ့သည်။

အိမ်သို့ပြန်လာတဲ့လမ်းတစ်လျှောက် မျက်လုံးလေးမှိတ်ထားတဲ့ပင်တိုင့်မျက်ရည်များက လင်းခေးပခုံးပေါ်သို့စီးကျလျက်စိုစွတ်နေခဲ့သည်ဆိုလျှင် နီရဲနေတဲ့မျက်ဝန်းအစုံမှစီးကျနေတဲ့လင်းခေးမျက်ရည်တွေကတော့ လမ်းမထက်မကျရောက်ခင်ပျောက်ရှသွားသည့်သဖွယ်။

ပင်တိုင့်ကိုကျောပိုးလျက် မြန်ဆန်နေတဲ့ခြေလှမ်းတွေဖြင့် လင်းခေးအိမ်ထဲသို့ဝင်လာတော့ မျက်နှာထားတင်းမာစွာစိုက်ကြည့်လာသူကဦးမိုးမြင့်။ကျန်လူများမှာတော့လင်းခေး ပင်တိုင့်ကိုကျောပိုးထားသည်ကိုမြင်ပြီး စိုးရိမ်သွားပုံရသည်။

အားလုံးကို​လင်းခေး ဖြေရှင်းချက်တွေပေးမနေတော့ဘဲ ပင်တိုင့်ကိုကျောပိုးပြီးအိမ်ပေါ်သို့ဘဲတက်လာလိုက်၏။အိမ်အပေါ်ထပ်ကပင်တိုင့်အခန်းထဲတွင် ပင်တိုင့်အားကုတင်ပေါ်ချလိုက်ရာ ငုတ်တုတ်လေးထိုင်နေတဲ့ပင်တိုင့်မျက်နှာလေးမှာ ငိုထားတဲ့အရှိန်ကြောင့်နီမြန်းလို့နေပြီ။

လင်းခေး ပင်တိုင့်မျက်နှာလေးနားနီးကပ်စွာတိုးပြီး.....

"ကိုကို့ကိုခဏစောင့်နော်"

နီရဲနေတဲ့မျက်ဝန်းအစုံဖြင့် လင်းခေးပြုံးလျက်သားဖြင့်ကြည့်ကာပြောလာသည်ကို ပင်တိုင်နားမလည်ပေမဲ့ခေါင်းသာငြိမ့်လိုက်မိသည်။

အခန်းထဲကပြန်ထွက်သွားတဲ့လင်းခေး ပြန်မှလာပါ့မလားမသိပေမဲ့ ပင်တိုင့်မှာမျှော်ခွင့်မရှိပေ။အိမ်သို့ပြန်ရောက်လျှင် သူတို့နှစ်ယောက်ဟာ ဦးမိုးမြင့်ရဲ့မျက်လုံးတွေအောက်နီးလျက်ဖြင့်ဝေးတော့မှာ...။

ဗီရိုထဲထည့်ထားတဲ့အဝတ်အစားတစ်ချို့ကိုထုတ်ယူပြီး လင်းခေးကျောပိုးအိတ်ထဲသို့သာထည့်လိုက်၏။သေသပ်စွာခေါက်ထားတဲ့အဝတ်များမှာလည်း လင်းခေးအလျင်စလိုထိုးထည့်လိုက်သဖြင့် ကျောပိုးအိတ်ထဲတွင်လည်းမသေမသပ်နဲ့သာရောက်ရှိသွားရတော့သည်။

အိတ်ကိုကိုင်လျက် လင်းခေးအခန်းထဲကမထွက်ခင် သေချာသိမ်းဆည်းလို့ထားတဲ့လက်ကိုင်ပဝါဖြင့်ထုတ်ထားသည့်အထုပ်လေးကိုပါ အိတ်ထဲထည့်ကာထွက်လာခဲ့လိုက်သည်။

သူအခန်းထဲကအထွက် အိမ်အပေါ်တက်လာခဲ့တဲ့ဦးမိုးမြင့်နှင့်ပက်ပင်းတိုးပြီး....

"ဒါဘာလုပ်နေတာလဲလင်းခေးမြင့်မိုရ်"

ကျောပိုးအိတ်တစ်လုံးနဲ့ ပင်တိုင့်အခန်းထဲဝင်သွားတဲ့လင်းခေး သူ့အားလျစ်လျူရှုသွားသဖြင့် ဦးမိုးမြင့်လည်းအကြောင်းသိရအောင်ပင်တိုင့်အခန်းထဲကိုသာဝင်လာခဲ့ရသည်။

"လင်းခေးမြင့်မိုရ်..."

အခန်းထဲတွင်ကုတင်ပေါ်ထိုင်လျက်သားလေးဖြစ်နေပင်တိုင် သူ့အားကြည့်လာသော်လည်း လင်းခေးကတော့ပင်တိုင့်အဝတ်အစားတွေကိုဘဲကျောပိုးအိတ်ထဲထည့်ကာ အခန်းထဲဝင်လာသည့်သူ့ကိုတောင်တစ်ချက်လှည့်မကြည့်ဘဲဆက်ပြီးလျစ်လျူရှုနေတော့သည်။

"ပင်တိုင် လာ..."

သူတစ်ယောက်လုံးရှိနေတာတောင်လင်းခေး ပင်တိုင့်လက်ကိုဆွဲပြီးအခန်းထဲကထွက်သွားသဖြင့်....

"အခုရပ်လိုက်စမ်း ဒါဘာအချိုးချိုးတာလဲလင်းခေး"

နှစ်ယောက်လုံးရဲ့ခြေလှမ်းတွေရပ်တန့်သွားပြီး လင်းခေးလက်ကလေးကိုဆုပ်ကိုင်လျက်သားဖြင့် ပင်တိုင်သူ့ဘက်သို့မျက်ရည်လေးဝဲကာကြည့်လာသော်လည်း လင်းခေးကတော့လှည့်ပင်မကြည့်၊ပင်တိုင့်လက်ကိုဆွဲကာ အောက်သို့သာဆင်းသွား၏။

သူ့စကားကိုတောင်နားမဝင်တော့တဲ့လင်းခေးကြောင့် ဦးမိုးမြင့်လည်းဘာကိုမှဂရုမစိုက်နိုင်တော့၊ထိန်းချုပ်ထားတဲ့ဒေါသတွေလည်း သည်းခံနိုင်မှုကုန်ခမ်းကာ လင်းခေးတို့နောက်ကိုသာအမြန်ဆင်းလိုက်တော့သည်။

အောက်ထပ်တွင် အငေးသားဖြစ်နေတဲ့ဒေါ်အေးသွယ်နဲ့မေမိုး နောက်ပြီးကိုသိန်းတန်တို့ကိုကြည့်ပြီးတော့လင်းခေးလည်းစိတ်မကောင်းပါ၊စိတ်မကောင်းသော်လည်း ပင်တိုင့်လက်ကိုဆွဲပြီးသာအိမ်ထဲကထွက်ခဲ့၏။

အိမ်ပေါ်ကအရေးကြီးသုတ်ပျာဆင်းလာတဲ့ဦးမိုးမြင့်ကို ဘာတွေဖြစ်လို့ဖြစ်နေမှန်းမသိတဲ့ဒေါ်အေးသွယ်ခမျာ.....

"အကို ဘာတွေဖြစ်နေကြတာလဲဟင်၊လင်းခေးလက်ထဲမှာလည်းကျောပိုးအိတ်ကြီးနဲ့ ပင်တိုင်ကကော..."

ဦးမိုးမြင့်ပြောလာမလားသိရအောင် မေးလိုက်မိရာဦးမိုးမြင့်လည်း သူမကိုရှောင်ဖယ်ပြီးအိမ်အပြင်သို့သာထွက်သွားပြန်သည်။

"လင်းခေးမြင့်မိုရ် ငါပြောနေတာမကြားဘူးလား...အခုရပ်လိုက်စမ်း"

"ကျွန်တော်အခုချိန်မှာဘယ်သူ့စကားမှနားထောင်နေမှာမဟုတ်ဘူး...ကျွန်တော်တို့နောက်လိုက်မလာပါနဲ့"

"တောက်...သိန်းတန် အဲ့ကောင်တွေကိုတားစမ်း"

အမိန့်သဖွယ်ထွက်လာတဲ့ဦးမိုးမြင့်စကားကို ကိုသိန်းတန်ငြင်းနိုင်စွမ်းမရှိ၊ဘုမသိဘမသိဖြင့်သာ လင်းခေးတို့အားတားရန်အရှေ့သို့တားမိစဥ်....

"မြင်လား...ရှေ့တိုးမလာနဲ့နော်"

အိမ်ရှေ့ကလှည်းပေါ်တွင်တင်ထားတဲ့တံစဥ်အား လင်းခေးယူပြီးသူ့လည်ပင်းသူရွယ်လိုက်သဖြင့် ကိုသိန်းတန်လည်းမျက်လုံးများပင်ပြူးကျယ်ကာ ​ရှေ့ဆက်မတိုးရဲဘဲရပ်တန့်သွားတော့သည်။

တံစဥ်ဖြင့်လင်းခေး သူ့လည်ပင်းသူရွယ်လိုက်ရာပင်တိုင့်ရင်ထဲထိတ်ခနဲပင်။လင်းခေးအင်္ကျီစလေးကိုဆုပ်ကိုင်လိုက်ရာ ပြန်ကြည့်လာတဲ့လင်းခေးကို ပင်တိုင်မျက်ရည်များဖြင့်ဆို့နစ်စွာ....

"ကိုကိုရယ် တော်ပါတော့"

လင်းခေးထိခိုက်မှာစိုးသဖြင့် ပင်တိုင်ပြောလိုက်ရာ လင်းခေးခေါင်းမာစွာဘဲငြင်းဆန်လေသည်။

"မင်းလက်ထဲကတံစဥ်ကိုချထားလိုက် ဖေကြီးတို့အေးဆေးစကားပြောကြတာပေါ့"

"လွန်ခဲ့တဲ့၇နှစ်ကလိုဘဲ စကားချိုချိုလေးတွေနဲ့ပြန်မလာနဲ့ပြောပြီး ခွဲအုံးမလို့လား"

လင်းခေးမချိပြုံးပြုံးပြီးပြောလိုက်ရာ ဦးမိုးမြင့်မျက်နှာကသိသိသာသာဘဲပျက်ယွင်းသွား၏။သူတို့ကိုကြည့်နေခဲ့တဲ့ဒေါ်အေးသွယ်နဲ့ မေမိုးတို့မှာတော့နားမလည်နိုင်တဲ့အကြည့်မျိုးတွေဖြင့်ပြည့်နှက်လျက်သာ။

"အကို လင်းခေးဘာတွေပြောနေတာလဲ"

"မေးမနေပါနဲ့ မေမေလေးယောကျာ်းကပြောမှာမဟုတ်ဘူး"

"လင်းခေး"

လင်းခေးထံဒေါ်အေးသွယ်အကြည့်တွေရောက်ရှိသွားချိန် ဦးမိုးမြင့်ကြားဝင်ဟန့်တားလာသည်။

"ကျွန်တော်ပြန်လာချင်ခဲ့တယ် ပြန်လာချင်လွန်းလို့လဲ အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်၊ဘာဖြစ်လို့ပြန်မလာနိုင်ခဲ့လဲဆိုတဲ့အဖြေကိုတော့ မေမေလေးယောကျာ်းကိုဘဲမေးကြည့်တော့"

"အကို"

သူမရဲ့အကြည့်တွေကို ဦးမိုးမြင့်ရင်ဆိုင်ဖို့သတ္တိမရှိချေ။ရှောင်တိမ်းလို့သာ မျက်နှာပျက်မြဲပျက်နေခဲ့သည်။

"ကျွန်တော်တို့နောက်ကိုလိုက်လာမယ်မကြံနဲ့ တစ်ယောက်ယောက်လိုက်လာမယ်ဆိုရင် ကျွန်တော်တို့ကိုယ့်ကိုယ်ကိုယ်သတ်သေလိုက်မှာ"

"အဲ့လိုတော့မလုပ်ပါနဲ့သားရယ် မေမေလေးတို့ကိုရင်ကျိုးအောင်မလုပ်ပါနဲ့"

ပြန်လည်ဖြေမလာတဲ့ဦးမိုးမြင့်အဖြေထက် လင်းခေးနဲ့ပင်တိုင်တို့ထိခိုက်မှာမလိုလားသည့်စိတ်ကြောင့် ဒေါ်အေးသွယ်စိုးရိမ်တကြီးဝင်တားရလေသည်။

ကျောပိုးအိတ်ကိုကျောပိုးပြီး လက်တစ်ဖက်ကပင်တိုင့်လက်အားဆွဲလျက်သားဖြင့် ကျန်လက်တစ်ဖက်ကတံစဥ်ကိုင်ထားတဲ့လင်းခေးနောက် ဦးမိုးမြင့်လိုက်မည်ကြံတော့ ဒေါ်အေးသွယ်ကဘဲဆွဲတားလိုက်ရသည်။သူမကြောက်လှပါသည် မတော်လို့နှစ်ယောက်လုံးတစ်ခုခုဖြစ်သွားမည်ဆိုလျှင် သူမအရင်ရင်ကျိုးရမှာ။တစ်ယောက်ကဝမ်းနဲ့လွယ်ပြီးမွေးထားတဲ့သားအရင်း နောက်တစ်ယောက်ကဝမ်းနဲ့လွယ်ပြီးမမွေးခဲ့ရပေမဲ့ သူမလက်ပေါ်ကြီးပြင်းလာတဲ့သားတစ်ယောက်ဖြစ်ရာ အတ္တကိုရှေ့တမ်းတင်ပြီးဆုံးရှုံးရမှာကြောက်တဲ့ မိခင်တစ်ယောက်ရဲ့ပူပန်မှုကို သူမထက်မည်သူမျှနားလည်နိုင်လိမ့်မည်မထင်။

"မလိုက်ပါနဲ့တော့အကိုရယ်"

🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋

ရွာနဲ့အတော်လှမ်းတဲ့အထိရောက်နေပေမဲ့ လင်းခေးစိတ်မချသေး၊အနောက်ကိုလှည့်ကာ ပြန်ပြီးကြည့်နေရသည်မှာအခါခါ။

ကီ....ကီ....

အနောက်မှကြားနေရတဲ့ဆိုင်ကယ်သံကြောင့် ဦးမိုးမြင့်တို့လိုက်လာမည်အထင်ဖြင့် လင်းခေးအနောက်သို့ပြန်ကြည့်လိုက်လျှင် ဆိုင်ကယ်မောင်းလာသူက သူရသာဖြစ်နေ၏။ဒီအချိန်မှာ သူရပင်မဆိုးထားနှင့် လင်းခေးမည်သူတစ်ဦးတစ်ယောက်ကိူမှမယုံကြည်သဖြင့် လက်ထဲကတံစဥ်ကိုတော့ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားလျက်ပင်။

သူရလည်းတစ်ချို့တစ်လေကိုတော့ကြားပြီးဖြစ်ရာ လင်းခေးတံစဥ်ကိုင်လျက်သားဖြစ်နေသဖြင့် အနီးအနားဆိုင်ကယ်ကပ်ရပ်လိုက်ရသော်လည်း အနည်းငယ်တော့စိုးရိမ်ရတာကြောင့်...

"ကျွန်တော်ကူညီမလို့လာတာပါလင်းခေး"

ထိုသို့ဆိုမှ လင်းခေးလက်ထဲကတံစဥ်ကိုအောက်ချ၏။

"ကျွန်တော်သတင်းကြားပြီးပါပြီ အဲ့ဒါကြောင့်လည်းလိုက်လာတာ"

"ဆရာလေးတစ်ယောက်ထဲလား"

"ဟုတ်ပါတယ် ကျွန်တော်ထွက်လာတာဘယ်သူမှမသိဘူး"

"တားဖို့ဆိုရင်တော့ဆရာလေးလည်းပြန်ပါတော့"

"ကျွန်တော်တားဖို့စိတ်ကူးမရှိပါဘူး ဒီမှာ..."

သူရကမ်းပေးလာတဲ့စာတစ်စောင်ကို လင်းခေးလက်ကမ်းယူသည်နှင့်....

"ကျောက်တောင်ကိုသွားပါ ဟိုရောက်ရင်အရီးတင်မိဆိုတဲ့အဒေါ်ကြီးကိုအရင်ရှာ ပြီးရင်ဒီစာပြပြီးကျွန်တော်လွှတ်လိုက်တယ်ပြောလိုက် သူကူညီလိမ့်မယ်"

"ကျွန်တော့်ကိုဘာလို့ကူညီတာလဲ"

"ကျွန်တော်ခင်ဗျားကိုကူညီတာမဟုတ်ဘူး ကျွန်တော့်တပည့်ကိုကူညီနေတာ၊ကျွန်တော်ဆရာတစ်ယောက်ပါလင်းခေး ကျောင်းသင်ခန်းစာကိုပိုင်နိုင်အောင်သင်ကြားပေးနိုင်ခဲ့ပေမဲ့ ဘဝသင်ခန်းစာကိုတော့ကျွန်တော်မသင်ပြနိုင်ခဲ့ဘူး။ကျွန်တော်ပင်တိုင့်ကိုမကူညီနိုင်ရင်တောင် ခင်ဗျားကူညီနိုင်မယ်လို့ယုံကြည်တယ်"

"ဆရာလေးစိတ်မပျက်စေရပါဘူး"

"ထားပါတော့ ရထားက၂နာရီထွက်မှာ။ခင်ဗျားတို့ခြေလျင်လျှောက်နေရင်ရထားမှီမှာမဟုတ်ဘူး ဆိုင်ကယ်ယူသွား၊ပြီးရင်ဆိုင်ကယ်ကိုဘူတာနားက ထမင်းဆိုင်လေးအပ်ခဲ့လို့ရပါတယ်"

နာရီကိုတစ်ချက်ကြည့်လျက် သူရဆိုင်ကယ်ပေါ်ကဘဲဆင်းပေးလိုက်ရသည်။ဒီရွာမှာကရထားလမ်းမပေါက်
မြို့သို့မဟုတ်တစ်နေရာရာသွားချင်သည်ဆိုလျှင် နှစ်ရွာခြားတဲ့ရွာမှာရထားစီးပြီးသွားလျှင်သွား ဒါမှမဟုတ်လူရိုးတို့ကားဖြင့်သာသွားလို့ရတာကြောင့် ရထားချိန်မှီရန်ဆင်းပေးလိုက်ရသည်လည်းပါသည်။

ဆိုင်ကယ်သော့ကိုယူလျက် လင်းခေးတို့ဆိုင်ကယ်ပေါ်အရောက် အနောက်မှာထိုင်နေတဲ့ပင်တိုင့်ကို သူရပြုံးလျက်သားဖြင့်...

"ဆရာလေးစိတ်မပျက်ရပါစေနဲ့ ပင်တိုင်"

ပြောလိုက်ရာ ပင်တိုင်ခေါင်းလေးသာငြိမ့်ပြီးပြုံးလို့ပင်။

အဝေးသို့ထွက်သွားတဲ့ဆိုင်ကယ်လေးကို သူရစိတ်အေးစွာသက်ပြင်းချပြီးသာ ကြည့်၍ကျန်နေခဲ့သည်။ထွက်သွားတဲ့သူတွေထွက်သွားကြပေမဲ့ သူကတော့ရွာကိုခြေလျင်လျှောက်ပြန်လာရမည်ကိုမပူပင်နိုင်ဘဲ ကျေနပ်စွာပြုံးမိသား....။
🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋
ဒေါင်.....ဒေါင်.....ဒေါင်...

"အမ ကောက်ညှင်းဖက်ထုပ်ပူပူလေးလေ ယူအုံးမလား"

"ရေသန့်တွေရမယ်နော် ရေသန့် ရေသန့်"

ဘူတာရုံသို့ရောက်သည့်အချိန်ဝယ် သံချောင်းပင်ခေါက်နေပြီမို့ လင်းခေးရောက်ရောက်ခြင်းရထားလက်မှတ်နှစ်စောင်ဖြတ်ဖို့လာခဲ့၏။သူ့မှတ်ပုံတင်နဲ့ သတိတရယူခဲ့တဲ့ပင်တိုင့်ကျောင်းသားမှတ်ပုံတင်လေးပြလိုက်သည်နှင့် ထုတ်ပေးတဲ့ရထားလက်မှတ်နှစ်စောင်လေးကိုယူပြီး ကျသင့်ငွေပေးကာလင်းခေး ပင်တိုင်ရှိရာထွက်လာခဲ့၏။

"မောင်လေးကောဖက်ထုပ်ပူပူလေးယူအုံးမလား"

"ဟို..."

ခုံတန်းပေါ်မှာထိုင်နေရင်း ဖက်ထုပ်သည်ဆီအကြည့်ရောက်နေတဲ့ပင်တိုင့်ကို ထိုဖက်သုပ်သည်လည်းမြင်ဟန်တူသည်။ပင်တိုင်ကြည့်နေတာမြင်တာနဲ့ ပင်တိုင့်ဆီလာရောင်းလေရာ ပင်တိုင်ကတော့တွန့်ဆုန်စွာဘဲကြောင်အမ်းနေမိသည်။ဖက်ထုပ်လေးကိုကိုင်ကြည့်တော့ ပူနွေးနေပြီးဖက်ထုပ်လေးအားစားချင်ပေမဲ့ ပင်တိုင်ဝယ်ဖို့မရဲ၊ပင်တိုင့်လက်ထဲပိုက်ဆံနဲ့တူတာကိုမရှိသည်မို့ နှမြောတသသဘဲကိုင်ပြီးမှပြန်ချလိုက်ရ၏။

"ဘယ်လိုရောင်းလဲအမ"

လင်းခေးခပ်လှမ်းလှမ်းကကြည့်နေခဲ့တာ၊ပါးစပ်လေးလဲလျှာလေးဖြင့်သပ်ကာ အကြည့်မခွာဘဲစားချင်ရဲ့နဲ့တောင် ပြန်ချလိုက်သဖြင့်လင်းခေးကဘဲ အမြန်လာကာဝင်ပြောလိုက်ရသည်။

"၅၀၀ဖိုးသုံးထုပ်မောင်လေး"

"၁၀၀၀ဖိုးပေးပါအမ"

အသင့်ထုပ်ပြီးသားဖက်ထုပ်နှစ်အိတ်ကို ဖက်ထုပ်သည်ကမ်းလာသည်နှင့် လင်းခေးလည်းပိုက်ဆံပေးလိုက်ပြီး ရေသန့်ရောင်းနေတဲ့ကလေးလေးကိုပါလက်ပြခေါ်လိုက်သည်။

ရေဘူးလေးတွေထည့်ထားတဲ့ခြင်းလေးကို လက်ကကိုင်ပြီးပြေးလာလိုက်တဲ့ကလေးလေးကလည်းအမောတကောနဲ့ပင်။

"ရေလား ကိုကြီး"

"အင်း သုံးဘူးပေးညီလေး"

ရေသုံးဘူးနဲ့အတူ ပိုက်ကလေးနှစ်ချောင်းအိတ်ထဲထည့်ပေးလာတဲ့ကလေးလေးက....

"၆၀၀ကိုကြီး"

"၁၀၀၀ ပိုတာပြန်မအမ်းနဲ့တော့"

ရေဖိုးအပြင် အပိုပါထပ်ရတော့ ကလေးလေးကပြုံးရွှင်လျက်သားဖြင့်အနားကထွက်ခွာသွားသည်။

စျေးသည်တွေအသီးသီးထွက်သွားပြီးတဲ့နောက် လင်းခေးလက်ထဲကဖက်ထုပ်လေးကိုပင်တိုင်အကြည့်မခွာဘဲကြည့်နေလေရဲ့။လင်းခေး ပင်တိုင့်အနားထိုင်မည်ကြံယုံရှိသေး....

"ရထားလာပြီ"

ခပ်တိုးတိုးမှ ကျယ်လောင်စွာထွက်ပေါ်လာတဲ့ရထားအသံကြောင့် ဘေးကလူတစ်ယောက်ထအော်လိုက်တာ လင်းခေးလည်းမထိုင်​တော့ဘဲ ပင်တိုင့်လက်ကလေးကိုဆွဲကိုင်လိုက်၏။ရထားတဖြည်းဖြည်းနီးကပ်လာချိန် ဘူတာအနားပိုပြီးတိုးပြီးဖြည်းဖြည်းခြင်းရပ်သွားမှ ဆင်းတဲ့သူကဆင်းတက်တဲ့သူကတက်နဲ့ရှုပ်လို့ပင်။

လင်းခေး ပင်တိုင့်ကိုအရင်ရထားပေါ်တက်ခိုင်းပြီးမှ သူလဲအနောက်ကတက်လာခဲ့၏။ခရီးရှည်ဖြစ်သဖြင့် ရသည့်ခုံတွဲနံပါတ်ရှာရန် ပင်တိုင့်လက်ကိုတွဲလျက် လက်မှတ်မှာပါသည့်ခုံနံပါတ်ကို လင်းခေးအရင်ရှာလိုက်၏။

ခုံနံပါတ်ကိုတွေ့မှ...

"ပင်တိုင် အပေါက်ရှိတဲ့ဘက်ထိုင်"

လေဝင်လေထွက်ရှိတဲ့ဘက် ပင်တိုင်တမင်ထိုင်စေပြီးမှ သူလဲဝင်ထိုင်လေသည်။ရှည်လျားမည့်ခရီးတစ်လျှောက် ရထားထွက်ခွာပြီးအသိတစ်ယောက်တစ်လေမှ လင်းခေးစိတ်အေးနိုင်တော့သည်။

🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋

(Zawgyi)
"ပင္တိုင္ ကိုကို႔ကိုၾကည့္စမ္း"

မ်က္လႊာေလးခ်ၿပီး ေခါင္းကိုတသြင္သြင္ခါရမ္းေနတဲ့ေကာင္ေလးက မ်က္ႏွာကိုပင္အျမင္မခံ။လင္းေခးအၾကည့္ေတြကို ေရွာင္တိမ္းေနေလရဲ႕။

တသိမ့္သိမ့္ရွိုက္ကာငိုေနတဲ့ပင္တိုင္က သူ႕မ်က္ႏွာအားမျမင္ေစလိုလွ်င္လင္းေခးလည္းအတင္းမေတာင္းဆိုလိုေတာ့ပါ။ငိုေနတဲ့ပင္တိုင့္ကိုယ္ေလးကိုယ္ကိုသာ ေထြးပိုက္ၿမဲေထြးပိုက္လ်က္ .....

"ကိုကိုက႐ြံမွာတဲ့လား မင္းကိုကို႔ကိုအဲ့ေလာက္ထိေတာင္အထင္ေသးသလား တပင္တိုင္"

"ဟင့္အင္း...ပင္တိုင္ ကိုကို႔ကိုအထင္မေသးပါဘူး"

မ်က္ရည္ေလးမ်ားစိုစြတ္ေနဆဲမ်က္ေတာင္ေလးေတြပင့္တင္ၿပီး သူ႕အားေမာ့ၾကည့္ကာ ပင္တိုင္ခ်က္ခ်င္းဘဲျငင္းဆန္လို႔ပင္။ေဆးရွိန္မျပယ္ေသးတဲ့ ပင္တိုင့္မ်က္လုံးေလးမ်ားကေတာ့ရီေဝေဝနဲ႕။

လင္းေခးေရွ႕မွာ ပင္တိုင္သိမ္ငယ္စိတ္တို႔နဲ႕အတူ ရွက္႐ြံ႕ရပါသည္၊သို႔ရာတြင္ လင္းေခးအားအထင္ေသးသည့္အေတြးကိုေတာ့ ပင္တိုင့္တသက္တစ္စကၠန့္မွ်ပင္ အေတြးမဝင္ဖူးသည့္တိုင္ေအာင္ သူခ်စ္ရတဲ့သူကိုယ္တိုင္ကစြပ္စြဲလာသည္မို႔ ပင္တိုင္ရင္လည္းနာသည္။

"ဒီမွာ တပင္တိုင္...မင္းေလကိုကို႔ရင္ထဲကိုျမင္ေအာင္ၾကည့္ပါ၊တပင္တိုင္ဆိုတဲ့မင္းက ကိုကို႔ႏွလုံးသားရဲ႕အျမင့္ဆုံးေနရာမွာရွိတယ္။႐ြံဖို႔မေျပာနဲ႕ တစ္ေန႕တစ္ေန႕မင္းကို ကိုကိုဘယ္ေလာက္ျမတ္နိုးေနရတယ္ဆိုတာ မင္းသိမွာမဟုတ္ဘူး"

"ကိုကို႔ေရွ႕မွာ ပင္တိုင္ဒီလိုျဖစ္ေနတာရွက္တယ္"

"ပင္တိုင့္အျပစ္မဟုတ္ဘူး အားလုံးကိုကို႔အမွားေတြပါ၊ကိုကိုသာသတၱိရွိခဲ့ရင္ ဘယ္သူမွနာက်င္ေနရမွာမဟုတ္ဘူး ပင္တိုင္လည္းဒီလိုျဖစ္မွာမဟုတ္ဘူး"

"...."

"ကိုကို႔ကိုယုံလား ပင္တိုင္"

ပင္တိုင္ဘာကိုမွစဥ္စားမေနေတာ့ လင္းေခးျဖစ္ေနတာနဲ႕တင္ယုံၾကည္စြာဘဲ ေခါင္းၿငိမ့္လိုက္မိ၏။

"ေတာ္တယ္ ကိုကို႔ကိုဘဲယုံၾကည္ေနာ္"

ေျပာၿပီးထဖို႔လုပ္ေနတဲ့လင္းေခး သူေပြ႕ပိုက္ထားတဲ့ပင္တိုင့္ကိုယ္ေလးကိုပါဆြဲထူလိုက္သည္။ငုတ္တုတ္ေလးမွ သူဆြဲထူတဲ့ေနာက္အလိုက္သင့္ပါလာတဲ့ပင္တိုင့္မ်က္လုံးေလးမ်ားကေတာ့ သူ႕အားအေငးသား။

"ကိုကိုတို႔အိမ္ျပန္ၾကရေအာင္ေနာ္"

ပင္တိုင့္ေခါင္းေလးကိုပြတ္သပ္ၿပီး လင္းေခးေခ်ာ့ျမဴေျပာလိုက္ေတာ့လည္း ပင္တိုင္နာခံေလသည္။သူေျပာသမွ်နာခံေနေပမဲ့ ေဆးအရွိန္မျပယ္ေသးေသာေၾကာင့္လားပင္မသိ ပင္တိုင့္ကိုယ္ကယိုင္နဲ႕နဲ႕ပင္။ခပ္ယိုင္ယိုင္ျဖစ္ေနတဲ့ပင္တိုင့္ကိုယ္ေလးအာ လင္းေက်ာပိုးလိုက္ေတာ ပင္တိုင္အလိုက္သင့္ေလးဘဲသူ႕လည္ပင္းအားသိုင္းဖက္ၿပီး ေခါင္းေလးပါပခုံးေပၚမွာမွီလို႔ေနခဲ့သည္။

အိမ္သို႔ျပန္လာတဲ့လမ္းတစ္ေလွ်ာက္ မ်က္လုံးေလးမွိတ္ထားတဲ့ပင္တိုင့္မ်က္ရည္မ်ားက လင္းေခးပခုံးေပၚသို႔စီးက်လ်က္စိုစြတ္ေနခဲ့သည္ဆိုလွ်င္ နီရဲေနတဲ့မ်က္ဝန္းအစုံမွစီးက်ေနတဲ့လင္းေခးမ်က္ရည္ေတြကေတာ့ လမ္းမထက္မက်ေရာက္ခင္ေပ်ာက္ရွသြားသည့္သဖြယ္။

ပင္တိုင့္ကိုေက်ာပိုးလ်က္ ျမန္ဆန္ေနတဲ့ေျခလွမ္းေတြျဖင့္ လင္းေခးအိမ္ထဲသို႔ဝင္လာေတာ့ မ်က္ႏွာထားတင္းမာစြာစိုက္ၾကည့္လာသူကဦးမိုးျမင့္။က်န္လူမ်ားမွာေတာ့လင္းေခး ပင္တိုင့္ကိုေက်ာပိုးထားသည္ကိုျမင္ၿပီး စိုးရိမ္သြားပုံရသည္။

အားလုံးကိုလင္းေခး ေျဖရွင္းခ်က္ေတြေပးမေနေတာ့ဘဲ ပင္တိုင့္ကိုေက်ာပိုးၿပီးအိမ္ေပၚသို႔ဘဲတက္လာလိုက္၏။အိမ္အေပၚထပ္ကပင္တိုင့္အခန္းထဲတြင္ ပင္တိုင့္အားကုတင္ေပၚခ်လိဳက္ရာ ငုတ္တုတ္ေလးထိုင္ေနတဲ့ပင္တိုင့္မ်က္ႏွာေလးမွာ ငိုထားတဲ့အရွိန္ေၾကာင့္နီျမန္းလို႔ေနၿပီ။

လင္းေခး ပင္တိုင့္မ်က္ႏွာေလးနားနီးကပ္စြာတိုးၿပီး.....

"ကိုကို႔ကိုခဏေစာင့္ေနာ္"

နီရဲေနတဲ့မ်က္ဝန္းအစုံျဖင့္ လင္းေခးၿပဳံးလ်က္သားျဖင့္ၾကည့္ကာေျပာလာသည္ကို ပင္တိုင္နားမလည္ေပမဲ့ေခါင္းသာၿငိမ့္လိုက္မိသည္။

အခန္းထဲကျပန္ထြက္သြားတဲ့လင္းေခး ျပန္မွလာပါ့မလားမသိေပမဲ့ ပင္တိုင့္မွာေမွ်ာ္ခြင့္မရွိေပ။အိမ္သို႔ျပန္ေရာက္လွ်င္ သူတို႔ႏွစ္ေယာက္ဟာ ဦးမိုးျမင့္ရဲ႕မ်က္လုံးေတြေအာက္နီးလ်က္ျဖင့္ေဝးေတာ့မွာ...။

ဗီရိုထဲထည့္ထားတဲ့အဝတ္အစားတစ္ခ်ိဳ႕ကိုထုတ္ယူၿပီး လင္းေခးေက်ာပိုးအိတ္ထဲသို႔သာထည့္လိုက္၏။ေသသပ္စြာေခါက္ထားတဲ့အဝတ္မ်ားမွာလည္း လင္းေခးအလ်င္စလိုထိုးထည့္လိုက္သျဖင့္ ေက်ာပိုးအိတ္ထဲတြင္လည္းမေသမသပ္နဲ႕သာေရာက္ရွိသြားရေတာ့သည္။

အိတ္ကိုကိုင္လ်က္ လင္းေခးအခန္းထဲကမထြက္ခင္ ေသခ်ာသိမ္းဆည္းလို႔ထားတဲ့လက္ကိုင္ပဝါျဖင့္ထုတ္ထားသည့္အထုပ္ေလးကိုပါ အိတ္ထဲထည့္ကာထြက္လာခဲ့လိုက္သည္။

သူအခန္းထဲကအထြက္ အိမ္အေပၚတက္လာခဲ့တဲ့ဦးမိုးျမင့္ႏွင့္ပက္ပင္းတိုးၿပီး....

"ဒါဘာလုပ္ေနတာလဲလင္းေခးျမင့္မိုရ္"

ေက်ာပိုးအိတ္တစ္လုံးနဲ႕ ပင္တိုင့္အခန္းထဲဝင္သြားတဲ့လင္းေခး သူ႕အားလ်စ္လ်ဴရႈသြားသျဖင့္ ဦးမိုးျမင့္လည္းအေၾကာင္းသိရေအာင္ပင္တိုင့္အခန္းထဲကိုသာဝင္လာခဲ့ရသည္။

"လင္းေခးျမင့္မိုရ္..."

အခန္းထဲတြင္ကုတင္ေပၚထိုင္လ်က္သားေလးျဖစ္ေနပင္တိုင္ သူ႕အားၾကည့္လာေသာ္လည္း လင္းေခးကေတာ့ပင္တိုင့္အဝတ္အစားေတြကိုဘဲေက်ာပိုးအိတ္ထဲထည့္ကာ အခန္းထဲဝင္လာသည့္သူ႕ကိုေတာင္တစ္ခ်က္လွည့္မၾကည့္ဘဲဆက္ၿပီးလ်စ္လ်ဴရႈေနေတာ့သည္။

"ပင္တိုင္ လာ..."

သူတစ္ေယာက္လုံးရွိေနတာေတာင္လင္းေခး ပင္တိုင့္လက္ကိုဆြဲၿပီးအခန္းထဲကထြက္သြားသျဖင့္....

"အခုရပ္လိုက္စမ္း ဒါဘာအခ်ိဳးခ်ိဳးတာလဲလင္းေခး"

ႏွစ္ေယာက္လုံးရဲ႕ေျခလွမ္းေတြရပ္တန့္သြားၿပီး လင္းေခးလက္ကေလးကိုဆုပ္ကိုင္လ်က္သားျဖင့္ ပင္တိုင္သူ႕ဘက္သို႔မ်က္ရည္ေလးဝဲကာၾကည့္လာေသာ္လည္း လင္းေခးကေတာ့လွည့္ပင္မၾကည့္၊ပင္တိုင့္လက္ကိုဆြဲကာ ေအာက္သို႔သာဆင္းသြား၏။

သူ႕စကားကိုေတာင္နားမဝင္ေတာ့တဲ့လင္းေခးေၾကာင့္ ဦးမိုးျမင့္လည္းဘာကိုမွဂ႐ုမစိုက္နိုင္ေတာ့၊ထိန္းခ်ဳပ္ထားတဲ့ေဒါသေတြလည္း သည္းခံနိုင္မႈကုန္ခမ္းကာ လင္းေခးတို႔ေနာက္ကိုသာအျမန္ဆင္းလိုက္ေတာ့သည္။

ေအာက္ထပ္တြင္ အေငးသားျဖစ္ေနတဲ့ေဒၚေအးသြယ္နဲ႕ေမမိုး ေနာက္ၿပီးကိုသိန္းတန္တို႔ကိုၾကည့္ၿပီးေတာ့လင္းေခးလည္းစိတ္မေကာင္းပါ၊စိတ္မေကာင္းေသာ္လည္း ပင္တိုင့္လက္ကိုဆြဲၿပီးသာအိမ္ထဲကထြက္ခဲ့၏။

အိမ္ေပၚကအေရးႀကီးသုတ္ပ်ာဆင္းလာတဲ့ဦးမိုးျမင့္ကို ဘာေတြျဖစ္လို႔ျဖစ္ေနမွန္းမသိတဲ့ေဒၚေအးသြယ္ခမ်ာ.....

"အကို ဘာေတြျဖစ္ေနၾကတာလဲဟင္၊လင္းေခးလက္ထဲမွာလည္းေက်ာပိုးအိတ္ႀကီးနဲ႕ ပင္တိုင္ကေကာ..."

ဦးမိုးျမင့္ေျပာလာမလားသိရေအာင္ ေမးလိုက္မိရာဦးမိုးျမင့္လည္း သူမကိုေရွာင္ဖယ္ၿပီးအိမ္အျပင္သို႔သာထြက္သြားျပန္သည္။

"လင္းေခးျမင့္မိုရ္ ငါေျပာေနတာမၾကားဘူးလား...အခုရပ္လိုက္စမ္း"

"ကြၽန္ေတာ္အခုခ်ိန္မွာဘယ္သူ႕စကားမွနားေထာင္ေနမွာမဟုတ္ဘူး...ကြၽန္ေတာ္တို႔ေနာက္လိုက္မလာပါနဲ႕"

"ေတာက္...သိန္းတန္ အဲ့ေကာင္ေတြကိုတားစမ္း"

အမိန့္သဖြယ္ထြက္လာတဲ့ဦးမိုးျမင့္စကားကို ကိုသိန္းတန္ျငင္းနိုင္စြမ္းမရွိ၊ဘုမသိဘမသိျဖင့္သာ လင္းေခးတို႔အားတားရန္အေရွ႕သို႔တားမိစဥ္....

"ျမင္လား...ေရွ႕တိုးမလာနဲ႕ေနာ္"

အိမ္ေရွ႕ကလွည္းေပၚတြင္တင္ထားတဲ့တံစဥ္အား လင္းေခးယူၿပီးသူ႕လည္ပင္းသူ႐ြယ္လိုက္သျဖင့္ ကိုသိန္းတန္လည္းမ်က္လုံးမ်ားပင္ျပဴးက်ယ္ကာ ေရွ႕ဆက္မတိုးရဲဘဲရပ္တန့္သြားေတာ့သည္။

တံစဥ္ျဖင့္လင္းေခး သူ႕လည္ပင္းသူ႐ြယ္လိုက္ရာပင္တိုင့္ရင္ထဲထိတ္ခနဲပင္။လင္းေခးအကၤ်ီစေလးကိုဆုပ္ကိုင္လိုက္ရာ ျပန္ၾကည့္လာတဲ့လင္းေခးကို ပင္တိုင္မ်က္ရည္မ်ားျဖင့္ဆို႔နစ္စြာ....

"ကိုကိုရယ္ ေတာ္ပါေတာ့"

လင္းေခးထိခိုက္မွာစိုးသျဖင့္ ပင္တိုင္ေျပာလိုက္ရာ လင္းေခးေခါင္းမာစြာဘဲျငင္းဆန္ေလသည္။

"မင္းလက္ထဲကတံစဥ္ကိုခ်ထားလိုက္ ေဖႀကီးတို႔ေအးေဆးစကားေျပာၾကတာေပါ့"

"လြန္ခဲ့တဲ့၇ႏွစ္ကလိုဘဲ စကားခ်ိဳခ်ိဳေလးေတြနဲ႕ျပန္မလာနဲ႕ေျပာၿပီး ခြဲအုံးမလို႔လား"

လင္းေခးမခ်ိၿပဳံးၿပဳံးၿပီးေျပာလိုက္ရာ ဦးမိုးျမင့္မ်က္ႏွာကသိသိသာသာဘဲပ်က္ယြင္းသြား၏။သူတို႔ကိုၾကည့္ေနခဲ့တဲ့ေဒၚေအးသြယ္နဲ႕ ေမမိုးတို႔မွာေတာ့နားမလည္နိုင္တဲ့အၾကည့္မ်ိဳးေတြျဖင့္ျပည့္ႏွက္လ်က္သာ။

"အကို လင္းေခးဘာေတြေျပာေနတာလဲ"

"ေမးမေနပါနဲ႕ ေမေမေလးေယာက်ာ္းကေျပာမွာမဟုတ္ဘူး"

"လင္းေခး"

လင္းေခးထံေဒၚေအးသြယ္အၾကည့္ေတြေရာက္ရွိသြားခ်ိန္ ဦးမိုးျမင့္ၾကားဝင္ဟန့္တားလာသည္။

"ကြၽန္ေတာ္ျပန္လာခ်င္ခဲ့တယ္ ျပန္လာခ်င္လြန္းလို႔လဲ အႀကိမ္ႀကိမ္ေတာင္းဆိုခဲ့တယ္၊ဘာျဖစ္လို႔ျပန္မလာနိုင္ခဲ့လဲဆိုတဲ့အေျဖကိုေတာ့ ေမေမေလးေယာက်ာ္းကိုဘဲေမးၾကည့္ေတာ့"

"အကို"

သူမရဲ႕အၾကည့္ေတြကို ဦးမိုးျမင့္ရင္ဆိုင္ဖို႔သတၱိမရွိေခ်။ေရွာင္တိမ္းလို႔သာ မ်က္ႏွာပ်က္ၿမဲပ်က္ေနခဲ့သည္။

"ကြၽန္ေတာ္တို႔ေနာက္ကိုလိုက္လာမယ္မႀကံနဲ႕ တစ္ေယာက္ေယာက္လိုက္လာမယ္ဆိုရင္ ကြၽန္ေတာ္တို႔ကိုယ့္ကိုယ္ကိုယ္သတ္ေသလိုက္မွာ"

"အဲ့လိုေတာ့မလုပ္ပါနဲ႕သားရယ္ ေမေမေလးတို႔ကိုရင္က်ိဳးေအာင္မလုပ္ပါနဲ႕"

ျပန္လည္ေျဖမလာတဲ့ဦးမိုးျမင့္အေျဖထက္ လင္းေခးနဲ႕ပင္တိုင္တို႔ထိခိုက္မွာမလိုလားသည့္စိတ္ေၾကာင့္ ေဒၚေအးသြယ္စိုးရိမ္တႀကီးဝင္တားရေလသည္။

ေက်ာပိုးအိတ္ကိုေက်ာပိုးၿပီး လက္တစ္ဖက္ကပင္တိုင့္လက္အားဆြဲလ်က္သားျဖင့္ က်န္လက္တစ္ဖက္ကတံစဥ္ကိုင္ထားတဲ့လင္းေခးေနာက္ ဦးမိုးျမင့္လိုက္မည္ႀကံေတာ့ ေဒၚေအးသြယ္ကဘဲဆြဲတားလိုက္ရသည္။သူမေၾကာက္လွပါသည္ မေတာ္လို႔ႏွစ္ေယာက္လုံးတစ္ခုခုျဖစ္သြားမည္ဆိုလွ်င္ သူမအရင္ရင္က်ိဳးရမွာ။တစ္ေယာက္ကဝမ္းနဲ႕လြယ္ၿပီးေမြးထားတဲ့သားအရင္း ေနာက္တစ္ေယာက္ကဝမ္းနဲ႕လြယ္ၿပီးမေမြးခဲ့ရေပမဲ့ သူမလက္ေပၚႀကီးျပင္းလာတဲ့သားတစ္ေယာက္ျဖစ္ရာ အတၱကိုေရွ႕တမ္းတင္ၿပီးဆုံးရႈံးရမွာေၾကာက္တဲ့ မိခင္တစ္ေယာက္ရဲ႕ပူပန္မႈကို သူမထက္မည္သူမွ်နားလည္နိုင္လိမ့္မည္မထင္။

"မလိုက္ပါနဲ႕ေတာ့အကိုရယ္"

႐ြာနဲ႕အေတာ္လွမ္းတဲ့အထိေရာက္ေနေပမဲ့ လင္းေခးစိတ္မခ်ေသး၊အေနာက္ကိုလွည့္ကာ ျပန္ၿပီးၾကည့္ေနရသည္မွာအခါခါ။

ကီ....ကီ....

အေနာက္မွၾကားေနရတဲ့ဆိုင္ကယ္သံေၾကာင့္ ဦးမိုးျမင့္တို႔လိုက္လာမည္အထင္ျဖင့္ လင္းေခးအေနာက္သို႔ျပန္ၾကည့္လိုက္လွ်င္ ဆိုင္ကယ္ေမာင္းလာသူက သူရသာျဖစ္ေန၏။ဒီအခ်ိန္မွာ သူရပင္မဆိုးထားႏွင့္ လင္းေခးမည္သူတစ္ဦးတစ္ေယာက္ကိူမွမယုံၾကည္သျဖင့္ လက္ထဲကတံစဥ္ကိုေတာ့က်စ္က်စ္ပါေအာင္ဆုပ္ကိုင္ထားလ်က္ပင္။

သူရလည္းတစ္ခ်ိဳ႕တစ္ေလကိုေတာ့ၾကားၿပီးျဖစ္ရာ လင္းေခးတံစဥ္ကိုင္လ်က္သားျဖစ္ေနသျဖင့္ အနီးအနားဆိုင္ကယ္ကပ္ရပ္လိုက္ရေသာ္လည္း အနည္းငယ္ေတာ့စိုးရိမ္ရတာေၾကာင့္...

"ကြၽန္ေတာ္ကူညီမလို႔လာတာပါလင္းေခး"

ထိုသို႔ဆိုမွ လင္းေခးလက္ထဲကတံစဥ္ကိုေအာက္ခ်၏။

"ကြၽန္ေတာ္သတင္းၾကားၿပီးပါၿပီ အဲ့ဒါေၾကာင့္လည္းလိုက္လာတာ"

"ဆရာေလးတစ္ေယာက္ထဲလား"

"ဟုတ္ပါတယ္ ကြၽန္ေတာ္ထြက္လာတာဘယ္သူမွမသိဘူး"

"တားဖို႔ဆိုရင္ေတာ့ဆရာေလးလည္းျပန္ပါေတာ့"

"ကြၽန္ေတာ္တားဖို႔စိတ္ကူးမရွိပါဘူး ဒီမွာ..."

သူရကမ္းေပးလာတဲ့စာတစ္ေစာင္ကို လင္းေခးလက္ကမ္းယူသည္ႏွင့္....

"ေက်ာက္ေတာင္ကိုသြားပါ ဟိုေရာက္ရင္အရီးတင္မိဆိုတဲ့အေဒၚႀကီးကိုအရင္ရွာ ၿပီးရင္ဒီစာျပၿပီးကြၽန္ေတာ္လႊတ္လိုက္တယ္ေျပာလိုက္ သူကူညီလိမ့္မယ္"

"ကြၽန္ေတာ့္ကိုဘာလို႔ကူညီတာလဲ"

"ကြၽန္ေတာ္ခင္ဗ်ားကိုကူညီတာမဟုတ္ဘူး ကြၽန္ေတာ့္တပည့္ကိုကူညီေနတာ၊ကြၽန္ေတာ္ဆရာတစ္ေယာက္ပါလင္းေခး ေက်ာင္းသင္ခန္းစာကိုပိုင္နိုင္ေအာင္သင္ၾကားေပးနိုင္ခဲ့ေပမဲ့ ဘဝသင္ခန္းစာကိုေတာ့ကြၽန္ေတာ္မသင္ျပနိုင္ခဲ့ဘူး။ကြၽန္ေတာ္ပင္တိုင့္ကိုမကူညီနိုင္ရင္ေတာင္ ခင္ဗ်ားကူညီနိုင္မယ္လို႔ယုံၾကည္တယ္"

"ဆရာေလးစိတ္မပ်က္ေစရပါဘူး"

"ထားပါေတာ့ ရထားက၂နာရီထြက္မွာ။ခင္ဗ်ားတို႔ေျခလ်င္ေလွ်ာက္ေနရင္ရထားမွီမွာမဟုတ္ဘူး ဆိုင္ကယ္ယူသြား၊ၿပီးရင္ဆိုင္ကယ္ကိုဘူတာနားက ထမင္းဆိုင္ေလးအပ္ခဲ့လို႔ရပါတယ္"

နာရီကိုတစ္ခ်က္ၾကည့္လ်က္ သူရဆိုင္ကယ္ေပၚကဘဲဆင္းေပးလိုက္ရသည္။ဒီ႐ြာမွာကရထားလမ္းမေပါက္
ၿမိဳ႕သို႔မဟုတ္တစ္ေနရာရာသြားခ်င္သည္ဆိုလွ်င္ ႏွစ္႐ြာျခားတဲ့႐ြာမွာရထားစီးၿပီးသြားလွ်င္သြား ဒါမွမဟုတ္လူရိုးတို႔ကားျဖင့္သာသြားလို႔ရတာေၾကာင့္ ရထားခ်ိန္မွီရန္ဆင္းေပးလိုက္ရသည္လည္းပါသည္။

ဆိုင္ကယ္ေသာ့ကိုယူလ်က္ လင္းေခးတို႔ဆိုင္ကယ္ေပၚအေရာက္ အေနာက္မွာထိုင္ေနတဲ့ပင္တိုင့္ကို သူရၿပဳံးလ်က္သားျဖင့္...

"ဆရာေလးစိတ္မပ်က္ရပါေစနဲ႕ ပင္တိုင္"

ေျပာလိုက္ရာ ပင္တိုင္ေခါင္းေလးသာၿငိမ့္ၿပီးၿပဳံးလို႔ပင္။

အေဝးသို႔ထြက္သြားတဲ့ဆိုင္ကယ္ေလးကို သူရစိတ္ေအးစြာသက္ျပင္းခ်ၿပီးသာ ၾကည့္၍က်န္ေနခဲ့သည္။ထြက္သြားတဲ့သူေတြထြက္သြားၾကေပမဲ့ သူကေတာ့႐ြာကိုေျခလ်င္ေလွ်ာက္ျပန္လာရမည္ကိုမပူပင္နိုင္ဘဲ ေက်နပ္စြာၿပဳံးမိသား....။

ေဒါင္.....ေဒါင္.....ေဒါင္...

"အမ ေကာက္ညွင္းဖက္ထုပ္ပူပူေလးေလ ယူအုံးမလား"

"ေရသန့္ေတြရမယ္ေနာ္ ေရသန့္ ေရသန့္"

ဘူတာ႐ုံသို႔ေရာက္သည့္အခ်ိန္ဝယ္ သံေခ်ာင္းပင္ေခါက္ေနၿပီမို႔ လင္းေခးေရာက္ေရာက္ျခင္းရထားလက္မွတ္ႏွစ္ေစာင္ျဖတ္ဖို႔လာခဲ့၏။သူ႕မွတ္ပုံတင္နဲ႕ သတိတရယူခဲ့တဲ့ပင္တိုင့္ေက်ာင္းသားမွတ္ပုံတင္ေလးျပလိုက္သည္ႏွင့္ ထုတ္ေပးတဲ့ရထားလက္မွတ္ႏွစ္ေစာင္ေလးကိုယူၿပီး က်သင့္ေငြေပးကာလင္းေခး ပင္တိုင္ရွိရာထြက္လာခဲ့၏။

"ေမာင္ေလးေကာဖက္ထုပ္ပူပူေလးယူအုံးမလား"

"ဟို..."

ခုံတန္းေပၚမွာထိုင္ေနရင္း ဖက္ထုပ္သည္ဆီအၾကည့္ေရာက္ေနတဲ့ပင္တိုင့္ကို ထိုဖက္သုပ္သည္လည္းျမင္ဟန္တူသည္။ပင္တိုင္ၾကည့္ေနတာျမင္တာနဲ႕ ပင္တိုင့္ဆီလာေရာင္းေလရာ ပင္တိုင္ကေတာ့တြန့္ဆုန္စြာဘဲေၾကာင္အမ္းေနမိသည္။ဖက္ထုပ္ေလးကိုကိုင္ၾကည့္ေတာ့ ပူႏြေးေနၿပီးဖက္ထုပ္ေလးအားစားခ်င္ေပမဲ့ ပင္တိုင္ဝယ္ဖို႔မရဲ၊ပင္တိုင့္လက္ထဲပိုက္ဆံနဲ႕တူတာကိုမရွိသည္မို႔ ႏွေျမာတသသဘဲကိုင္ၿပီးမွျပန္ခ်လိဳက္ရ၏။

"ဘယ္လိုေရာင္းလဲအမ"

လင္းေခးခပ္လွမ္းလွမ္းကၾကည့္ေနခဲ့တာ၊ပါးစပ္ေလးလဲလွ်ာေလးျဖင့္သပ္ကာ အၾကည့္မခြာဘဲစားခ်င္ရဲ႕နဲ႕ေတာင္ ျပန္ခ်လိဳက္သျဖင့္လင္းေခးကဘဲ အျမန္လာကာဝင္ေျပာလိုက္ရသည္။

"၅၀၀ဖိုးသုံးထုပ္ေမာင္ေလး"

"၁၀၀၀ဖိုးေပးပါအမ"

အသင့္ထုပ္ၿပီးသားဖက္ထုပ္ႏွစ္အိတ္ကို ဖက္ထုပ္သည္ကမ္းလာသည္ႏွင့္ လင္းေခးလည္းပိုက္ဆံေပးလိုက္ၿပီး ေရသန့္ေရာင္းေနတဲ့ကေလးေလးကိုပါလက္ျပေခၚလိုက္သည္။

ေရဘူးေလးေတြထည့္ထားတဲ့ျခင္းေလးကို လက္ကကိုင္ၿပီးေျပးလာလိုက္တဲ့ကေလးေလးကလည္းအေမာတေကာနဲ႕ပင္။

"ေရလား ကိုႀကီး"

"အင္း သုံးဘူးေပးညီေလး"

ေရသုံးဘူးနဲ႕အတူ ပိုက္ကေလးႏွစ္ေခ်ာင္းအိတ္ထဲထည့္ေပးလာတဲ့ကေလးေလးက....

"၆၀၀ကိုႀကီး"

"၁၀၀၀ ပိုတာျပန္မအမ္းနဲ႕ေတာ့"

ေရဖိုးအျပင္ အပိုပါထပ္ရေတာ့ ကေလးေလးကၿပဳံး႐ႊင္လ်က္သားျဖင့္အနားကထြက္ခြာသြားသည္။

ေစ်းသည္ေတြအသီးသီးထြက္သြားၿပီးတဲ့ေနာက္ လင္းေခးလက္ထဲကဖက္ထုပ္ေလးကိုပင္တိုင္အၾကည့္မခြာဘဲၾကည့္ေနေလရဲ႕။လင္းေခး ပင္တိုင့္အနားထိုင္မည္ႀကံယုံရွိေသး....

"ရထားလာၿပီ"

ခပ္တိုးတိုးမွ က်ယ္ေလာင္စြာထြက္ေပၚလာတဲ့ရထားအသံေၾကာင့္ ေဘးကလူတစ္ေယာက္ထေအာ္လိုက္တာ လင္းေခးလည္းမထိုင္ေတာ့ဘဲ ပင္တိုင့္လက္ကေလးကိုဆြဲကိုင္လိုက္၏။ရထားတျဖည္းျဖည္းနီးကပ္လာခ်ိန္ ဘူတာအနားပိုၿပီးတိုးၿပီးျဖည္းျဖည္းျခင္းရပ္သြားမွ ဆင္းတဲ့သူကဆင္းတက္တဲ့သူကတက္နဲ႕ရႈပ္လို႔ပင္။

လင္းေခး ပင္တိုင့္ကိုအရင္ရထားေပၚတက္ခိုင္းၿပီးမွ သူလဲအေနာက္ကတက္လာခဲ့၏။ခရီးရွည္ျဖစ္သျဖင့္ ရသည့္ခုံတြဲနံပါတ္ရွာရန္ ပင္တိုင့္လက္ကိုတြဲလ်က္ လက္မွတ္မွာပါသည့္ခုံနံပါတ္ကို လင္းေခးအရင္ရွာလိုက္၏။

ခုံနံပါတ္ကိုေတြ႕မွ...

"ပင္တိုင္ အေပါက္ရွိတဲ့ဘက္ထိုင္"

ေလဝင္ေလထြက္ရွိတဲ့ဘက္ ပင္တိုင္တမင္ထိုင္ေစၿပီးမွ သူလဲဝင္ထိုင္ေလသည္။ရွည္လ်ားမည့္ခရီးတစ္ေလွ်ာက္ ရထားထြက္ခြာၿပီးအသိတစ္ေယာက္တစ္ေလမွ လင္းေခးစိတ္ေအးနိုင္ေတာ့သည္။


Continue Reading

You'll Also Like

3.1M 70.3K 81
Diana is an 18 year old girl about to start her senior year until she bumps into a woman at the bookstore who has quite the personality. The woman ta...
3M 108K 31
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.6M 120K 44
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...