-THAT MAN- [Complete]

De ChristianCherry5

26.8K 1.9K 814

"ကျွန်တော်ကို လေးလေးစားစား ဆက်ဆံပါ လူကြီးမင်း" "လေးလေးစားစားတော့ မဆက်ဆံချင်ဘူး Role Play ဆိုရင်တော့ မဆိုးပါဘူ... Mais

Episode 1 ✓
Episode 2 ✓
Episode 3 ✓
Episode 4 ✓
Episode 5 ✓
Episode 6 ✓ Warning ∆
Episode 7 ✓
Episode 9 ✓
Episode 10 ✓
Episode 11 ✓ [Warning]
Final Episode ✓

Episode 8 ✓

1.1K 107 39
De ChristianCherry5

Unicode ✅

-That Man-

ဒီနေ့ကဘာနေ့လဲဆိုတော့ ဒီနေ့က သူ့ရဲ့အထူးနေ့လေ။ ဒီနေ့ စုံထောက်ပတ်ခ်ဆီကနေ သူလိုချင်တဲ့ အဖြေကိုရမှာဆိုတော့ သူဘယ်လောက်တောင် ရင်ခုန်နေသလဲဆိုတာ မေးစရာတောင်မလိုဘူး။ မနေ့ကနေ အခုချိန်ထိ ပြန်တွေးတိုင်း သူ့ရင်တွေခုန်နေတုန်း။ ခြေဖျားလက်ဖျားတွေဆိုတာလည်း အေးစက်နေတာပဲ။

“မင်းအငြိမ်ထိုင်နေစမ်းပါကွာ မင်းကိုကြည့်ရတာ မူးနောက်နေတာပဲ”

ဟိုဘက်ဒီဘက် လမ်းလျှောက်နေတဲ့ သူ့ပုံစံကိုကြည့်ပြီး Ren တစ်ယောက် အမြင်ကတ်လာပုံပါပဲ။ စိတ်မရှည်တော့ဟန် ထပြောပါလေရော။

“စောက်ရမ်းချစ်ဖို့ကောင်းတဲ့ကောင်ပါလား ဒီလိုအနေအထားမှာ ဘယ်သူမဆို ကိုယ်ချစ်ရတဲ့သူဆီက အဖြေရမှာကို ဘယ်လိုစိတ်နဲ့ ငါကစိတ်အေးရမှာလဲ”

“မင်းကပိုကိုပိုလွန်းတာပါကွာ စုံထောက်ပတ်ခ်ဘက်ကလည်း မင်းကိုသဘောကျနေတာ ငါတို့ဘေးလူတွေတောင် မြင်နေရတာ ကျိန်းသေပေါက် အဖြေက Yes ဆိုတာ မင်းလည်းရိပ်မိမှာပဲ”

Suga သိပါတယ်။ ဂျီမင်ဆီကနေ သူလိုချင်တဲ့အဖြေကိုသာ ကြားရမယ်ဆိုတာ။ ဒါပေမဲ့လည်း သူအပြည့်အဝတော့ မယုံကြည်ရဲသေးဘူးလေ။ မျှော်လင့်ချက်တွေ အများကြီးထားပြီးကာမှ ဂျီမင်ဘက်က သူ့အပေါ် စိတ်ယိုင်ရုံ စိတ်ကစားရုံပါဆို သူဘာတက်နိုင်မှာလဲ။ သူဒီလိုဖြစ်မှာ သိပ်ကြောက်တယ်လေ။

“ငါ့ကောင်ရာ အများကြီး လျှောက်တွေးမနေနဲ့ အဆင်ပြေသွားလိမ့်မယ် အကယ်၍ ငြင်းလိုက်တော့လည်း နောက်တစ်ယောက် ထပ်လိုက်ပေါ့ကွာ”

Ren စနောက်မှုကြောင့် Suga တစ်ယောက် မျက်မှောင်ကြီးကြုတ်သွားကာ Ren အား လှည့်ကြည့်ပြီး ။

“မင်းဘိုးအေကို နောက်တစ်ယောက်လား အေးပါကွာ မင်းအခုငါ့ကို စနောက်နေသလို မင်းအလှည့်ကျရင်လည်း မင်းငိုတဲ့ထိ ပြန်စပြမယ် ငါ့ကောင် မင်းစောင့်နေလိုက်”

“ဟားဟား လုပ်လိုက်လေ”

နှစ်ယောက်သား ကလေးဆန်ဆန် စနောက်နေကြပေမဲ့ Ren ခဏကြာတော့ ဘာစကားမှမဆိုတော့ကာ ခပ်ငြိမ်ငြိမ်လေးဖြစ်သွားလေသည်။ ထို့အပြင် Suga အိမ်၌ မနက်အစောကြီးကတည်းက သူနဲ့အတူ ရောက်နေပြီး ဂိမ်းထိုင်ဆော့နေတဲ့ Kane အား ခပ်ငေးငေးလေး စိုက်ကြည့်နေလေ၏။

အခုဆိုရင် သူ့သူငယ်ချင်းတောင် ချစ်ရတဲ့သူဆီကနေ အဖြေရတော့မည်။ သူကတော့ အခုထိ မရေရာ မသေချာတဲ့ အနေအထားကြီးကနေ မလွှတ်မြှောက်နိုင်သေးပေ။ သူ့ဘက်ကလည်း Kane အား သဘောကျကြောင်း ဝန်ခံရမှာ ကြောက်နေမိသလို Kane ဆိုသည်မှာလည်း ခံစားချက်တွေအား ထုတ်မပြတတ်သည့် သူမျိုးဖြစ်တာကြောင့် သူအပေါ် ဘယ်လိုခံစားချက်ရှိလဲ သူအတိအကျမသိချေ။

ဒါကြောင့် သူဘာဆက်လုပ်ရမလဲဆိုတာ လမ်းပျောက်နေသလို နှစ်ယောက်သား ဒီအနေအထားကြီးကနေ ဘယ်လိုရုန်းထွက်ရမလဲဆိုတာ သူအဖြေရှာမရနိုင်ပေ။

“လူကြီးမင်း”

အိမ်ထဲရောက်လာတဲ့ ဂျီမင်ကြောင့် သူတို့အားလုံး မျက်လုံးတွေဟာ ဂျီမင်ဆီ ရောက်သွားလေရဲ့။ ဂျီမင်ကတော့ သူ့လက်ထဲက အိတ်အား ခုံအပေါ်ချလိုက်ကာ Kane ဘေး၌ ဝင်ထိုင်လေ၏။

“စုံထောက်ပတ်ခ် ဒီအိတ်ကြီးက ဘာလုပ်မို့လဲ စာရွက်စာတမ်းတွေ ထည့်လာတာလား”

Ren တစ်ယောက်က စိတ်ဝင်စားသလို မေးလေတော့ ဂျီမင်ကခေါင်းခါကာ အသာ‌ငြင်းသည်။ ပြီးသည်နှင့် ထောင့်နား၌ စိတ်လှုပ်ရှားနေဟန် ခပ်ငြိမ်ငြိမ်ရပ်နေသည့် Suga ဆီ လှမ်းကြည့်လေရဲ့။

“ကျွန်တော် အလုပ်ကနေ ခွင့်ရက်ရှည်ရလာလို့ ကျွန်တော်ဇာတိဘက် ခဏပြန်မလို့”

ဂျီမင်စကားကြောင့် Suga မျက်ဝန်းတွေဟာ ဝိုင်းစက်ကုန်ပြီး ဒါဆို သူ့အဖြေကတော့ ဝေးပြီလား ဆိုသည့် မျက်နှာလေးဖြင့် ဂျီမင်ဆီလှမ်းကြည့်လေသည်။ ဂျီမင်ကတော့ Suga ပုံစံကိုကြည့်ပြီး အသည်းယားသွားတာကြောင့် ခပ်ယေးယေးပြုံးလေ၏။

“နှစ်တိုင်း ဒီလိုချိန်ဆိုရင် ကျွန်တော်ပြန်ပြီး အနားယူနေကြလေ အဲ့ဒီမှာ ကျွန်တော်ကိုယ်ပိုင် အိမ်ကလေးလည်းရှိသလို ကျွန်တော်အသိ မိတ်ဆွေတချို့လည်းရှိတယ်”

ဂျီမင်အပြောအား Ren တို့က စိတ်ဝင်စားသလို နားထောင်နေပေမဲ့ Suga ကတော့ အာရုံမရ။ သူ့အတွေးနဲ့သူ အာရုံလွင့်နေလေ၏။

ဂျီမင်ဟာ သူ့အားအဖြေမပေးချင်တာကြောင့် တမင်များ ရှောင်ထွက်သွားလေသလား။ ဒါမှမဟုတ် သူတွေးခဲ့သလိုပဲ သူ့အပေါ် ခဏတာ စိတ်ယိုင်ရုံ စိတ်ကစားရုံပဲမို့ သူ့အတွက် အဖြေဟာ မရှိလေသလား။ စသည့် အတွေးများဖြင့် Suga မျက်နှာဟာ သိသိသာသာပင် ပျက်ယွင်း‌လို့လာလေရဲ့။

ဒါကိုရိပ်မိတဲ့ ဂျီမင်မှာလည်း သူ့မြို့အကြောင်း စကားဖျက်လိုက်ကာ အဓိကအကြောင်းအရာအား ပြောဖို့ပြင်တော့၏။ ဒီလိုမှ အမြန်မပြောရင် တစ်စုံတစ်ယောက်ဟာ ကလေးတစ်ယောက်လို ငိုယိုတော့မှာမဟုတ်လား။

“အစကတော့ ကျွန်တော် တစ်ယောက်တည်း သွားမလို့ပါပဲ ဒါပေမဲ့ လူကြီးမင်းတို့ကို ကျွန်တော်နဲ့အတူ ကျွန်တော်မြို့ကို လိုက်လည်စေချင်လို့ အဲ့ဒါ လိုက်လည်ချင်ကြလားဟင်”

“Eh!”

ဂျီမင်လိုလူဆီက ဒီလိုကြားရတော့ အားလုံးအံ့ဩသွားကြသလို ဂျီမင်ဆီက သူတို့အား လိုလိုလားလားဖြင့် သူ့မြို့ဆီ လိုက်လည်ဖို့ တကူးတကကြီး လာခေါ်သည်မှာ မယုံနိုင်စရာကောင်းသည့် ကိစ္စရပ်ပင်။

“ဟို...မလိုက်ချင်လို့များလား”

“မဟုတ်တာ! လိုက်မှာပေါ့ ကျွန်တော်တို့လည်း အားနေတာပဲ စုံထောက်ပတ်ခ်တို့နဲ့အတူတူ လိုက်မှာပေါ့”

Ren တစ်ယောက် ဝမ်းသာအားရနှင့် ထိုသို့ထပြောတော့မှ ဂျီမင်က ပျော်သွားဟန် ခပ်ယေး‌ယေး ပြုံးတော့၏။ ထိုအချိန်မှာပဲ သူ့ဘေး၌ ကပ်ထိုင်လာသည့် Suga ကြောင့် ဂျီမင် Suga ဆီ အကြည့်ပို့မိတော့ သူ့အား အလိုမကျသလို စိုက်ကြည့်နေသည့် Suga မျက်ဝန်းတွေဖြင့် အကြည့်ချင်းဆုံလေ၏။

“ဂျီမင် မင်းကိုယ့်ကို အဖြေမပေးချင်လို့ တမင်ရှောင်သွားတာလား”

သူတကယ် သည်းမခံနိုင်တော့ဘူး။ အဖြေပေးခါနီးမှ ဇာတိကိုကောက်ပြန်တာကြီးက တရားမလွန်လွန်းဘူးလား။ သက်သက်ကြီး သူ့ကို ကစားနေသလိုပဲ။

“ကျွန်တော်မြို့က နီးပါတယ် အခုနေသွားရင် ညနေလောက်ဆို ရောက်ပြီ‌လေ သေချာတာ တစ်ခုကတော့ လူကြီးမင်း လိုချင်တဲ့အဖြေကို ဒီနေ့ရမှာပါ အကယ်၍ ကျွန်တော်သာ အဖြေမပေးချင်ရင် လူကြီးမင်းကိုပါ ခေါ်သွားမလား”

“ဒါဆို သူတို့ကိုပါ ဘာလို့ခေါ်တာလဲ”

Renကိုလက်ညိုးထိုးပြကာ ကလေးဆန်ဆန် မေးခွန်းထုတ်လာတဲ့ Suga ပါလေ။

“လိုက်တော့ ဘာဖြစ်လဲကွာ စုံထောက်ပတ်ခ်ခေါ်လို့လိုက်တာ မင်းမကျေနပ်ရင် မင်းနေခဲ့”

“မင်း!-”

“တော်ကြပါတော့ လူကြီးမင်း ကလေးမဆန်ပါနဲ့ ကျွန်တော်က အားလုံးနဲ့ အတူတူပျော်ချင်လို့ ခေါ်နေတာကို လူကြီးမင်းက ကျွန်တော်ကို မပျော်စေချင်တာလား”

ဂျီမင်အမေးကြောင့် Suga မျက်နှာမှာ ဆူပုတ်ပုတ်ဖြစ်သွားကာ “မင်းသဘော” ဟုဆိုကာ တစ်ဖက်ကို အကြည့်လွှဲသွားတော့၏။

“Ren Senpai ကျွန်တော် ပြန်တော့မယ်”

တစ်ချိန်လုံး ငြိမ်နေပြီးမှ အသံထွက်လာတဲ့ Kane ။

“အဝတ်အစားတွေပြန်ယူချင်လို့လား ကောင်းပြီလေ ကိုယ်လိုက်ကူပေးမယ်”

“အာ မဟုတ်ဘူး မဟုတ်ဘူး ကျွန်တော် ဒီတိုင်း အိမ်ပြန်မှာ”

လက်အသာခါပြကာ နေရခက်ဟန် ပြောလာတဲ့ Kane ကြောင့် Ren တစ်ယောက် မျက်မှောင်ကြုတ်သွားလေရဲ့။

“ဘာကိုဆိုလိုချင်တာလဲ Kane စုံထောက်ပတ်ခ်က ကိုယ်တို့သုံးယောက်လုံးကို ‌လိုက်စေချင်လို့ ခေါ်တာ‌လေ မင်းကဘာလို့ မလိုက်ချင်တာလဲ”

“ဟို...ကျွန်တော်ကို ခေါ်...ခေါ်တာမှမဟုတ်တာ”

ထိုသို့ခပ်တိုးတိုးဆိုကာ Kane လက်သေးသေးလေးတွေမှာ Ren အင်္ကျီထက် ခပ်ကျစ်ကျစ် ဆုပ်ကိုင်လာပြီး Ren ကျောနောက်ကနေ ဂျီမင်အား မရဲတရဲ ခိုးကြည့်လေရဲ့။

Suga နဲ့ Ren ကတော့ တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကာ မျက်လုံးချင်းစကားပြောပြီး Kane တို့ကြားထဲ ဘာမှဝင်မပြောကာ နှစ်ယောက်သား မသိချင်ရင်ယောင်ဆောင်နေလေရဲ့။ ဂျီမင်နဲ့ Kane တို့က မတည့်တာမျိုး မဟုတ်သော်လည်း Suga က Kane ဆိုရင် ညီလေးတစ်ယောက်လို အလိုလိုက်ဂရုစိုက်တာကြောင့် ဂျီမင်ဟာ Kane အပေါ် ချိုချိုသာသာမဆက်ဆံပေ။ ဒါကြောင့် Kane အနေနဲ့က ဂျီမင်ကသူ့ကို အမြင်မကြည်ဘူးဟု အထင်မှားနေလေ၏။

“အဟမ်း မင်းကိုမလိုက်နဲ့လို့ ငါမပြောမိပါဘူး”

ဂျီမင်စကားကြောင့် Kane က Ren နောက်ကျောကနေ ခေါင်းလေးထွက်လာကာ ။

“ခေါ်လည်း မခေါ်ဘူးလေ”

အားလုံးထဲမှာ အငယ်ဆုံး ကလေးဆိုသည့်အတိုင်း Kane မရဲတရဲလေး ထပ်ရစ်လေတော့ ဂျီမင် မျက်နှာမှာ ဆူပုတ်လာပြီး Ren တို့မှာတော့ ပြုံးစိစိနဲ့သာ ငြိမ်နေ‌ကြလေရဲ့။

“မင်းကိုလည်းခေါ်တယ် ဟုတ်ပြီလား လိုက်တာ မလိုက်တာ မင်းအပိုင်း”

ဂျီမင်ကလည်း ကလေးဆန်ဆန် ဂျစ်ကျကျ ပြန်ပြောလာတာမို့ Kane မှာ ပျော်သွားဟန် ခိုးပြုံးတော့၏။

“Ren Senpai အိမ်ပြန်ရအောင်”

“ဟမ်”

“လိုတာတွေ သွားယူမယ်လေ”

“ဟားဟား ဟုတ်ပါပြီကွာ”

Ren မှာအသည်းတယားယားနှင့် သူ့ဟာလေးက ပါးတွေအား ဆွဲညှစ်ကာ လိုတာတွေသွားယူရန် ပြန်သွားကြလေရဲ့။ ကျန်ခဲ့တဲ့ ဂျီမင်တို့မှာတော့ တစ်ယောက်ကိုတစ်ယောက် စကားသိပ်မပြောဖြစ်ကြဘဲ Suga ကလည်း လိုတာတွေ စီစဉ်ကာ ဂျီမင်ကလည်း မြို့ကသူ့အသိတွေဆီ ဖုန်းဆက်ပြီး လှမ်းအကြောင်းကြားလေ၏။

ဒီလိုနှင့် Ren တို့ပြန်ရောက်လာသည့် အချိန်မှာတော့ ဂျီမင်တို့လည်း ခရီးစတင်တော့သည်။ ဂျီမင်ဇာတိက မြို့ပြင်ဘက်အကျော်လေးမှာရှိသည့် တောရွာဆန်ဆန် မြို့အသေးလေး ဖြစ်တာကြောင့် တနေကုန်မောင်းပြီးအချိန်မှာတော့ ညနေစောင်းလောက် မြို့လေးဆီ ရောက်သွားလေရဲ့။

ဂျီမင်တို့ရောက်သည်နှင့် ဂျီမင်အသိဆိုသည့် ဂျီမင် မိတ်ဆွေတွေမှာ ဂျီမင်တို့အား လာကြိုကြလေသည်။ ထူးဆန်းသည်မှာ ဂျီမင် မိတ်ဆွေတွေမှာ အသက်ကြီးသည့် အဖိုးအဖွားတွေသာများပြီး လူငယ်ရယ်လို့ သိပ်မတွေ့ရပေ။ ထို့အပြင် မြို့လေးကလည်း ခပ်သေးသေးလေးသာဖြစ်ပြီး အိမ်ခြေမှာလည်း လက်ချိုးရေလို့ရအောင် နည်းပါးလေ၏။

“ဂျီမင် မင်းတကယ်ပဲ ဒီမှာနေခဲ့တာလား”

Suga မှာ ဘေးပတ်ဝန်းကျင်အား အကဲခတ်သလို ကြည့်ရင်း ခပ်တိုးတိုးမေးလေသည်။ Suga ထိုသို့ ထုတ်မေးသည်မှာလည်းမမှား‌။ ဂျီမင်နေခဲ့သည့်နေရာဟာ အဆင့်မြင့် ပစ္စည်း ဘာဆိုဘာမှမရှိသလို လျှပ်စစ်မီးတောင်မှ မရရှိနိုင်သည့်နေရာမျိုးပင်။ ဒါကြောင့် မြို့လို့တောင် မခေါ်ထိုက်သည့်နေရာ၌ ဂျီမင်ဘယ်လိုများနေခဲ့ပြီး ဒီလို နာမည်ကြီး စုံထောက်တစ်ယောက် ဖြစ်လာရသလဲဆိုတာ စိတ်ဝင်စားစရာ ကိစ္စရပ်ပင်။

“နောက်မှရှင်းပြမယ် ဂရုစိုက်ပြီး လျှောက်ပါ လူကြီးမင်း လမ်းတွေက သိပ်မကောင်းဘူး”

“ဒါဆို ကိုယ့်လက်ကို ကိုင်ပေးထားပါဦး ချော်ကျသွားရင် ဒဏ်ယာတွေ ရကုန်မှာ”

ခွေးပေါက်လေးလို သူ့လက်လေးအား ရှေ့သို့ထုတ်ပေးပြီး ဆိုလာသည့် Suga ကြောင့် ဂျီမင်ဘာမှမဆိုတော့။ ခပ်ယေးယေးသာပြုံးလို့ Suga လက်အား အသာဆုပ်ကိုင်ပေးလိုက်ပြီး ရှေ့ကနေ ဦးဆောင်ကာ ခေါ်သွားတော့၏။

“ဟွန်း သူများတွေများ လက်ကိုင်ထားပေးမဲ့သူနဲ့ ကိုယ်တွေများ ချော်ကျရင်တောင် ဒီတိုင်းထားပြစ်ခံခဲ့ရမှာ သေချာတယ်”

ဘေးကနေ အလိုမကျသလို ဆိုလာတဲ့ Ren အပြောကြောင့် Kane တစ်ယောက် သူ့ဘေးက ကလေးကြီးကို လှည့်ကြည့်လေရဲ့။ သူ့မြင်တော့မှ ဟွန့်ခနဲလုပ်ကာ အကြည့်လွှဲသွားတဲ့ Ren လုပ်ရက်ကြောင့် Kane ခင်မျာ ကြောင်တောင်တောင်လေး ဖြစ်သွားပြီး သူဘာများ အမှားလုပ်မိသလဲဆိုပြီး တွေးတောရှာ‌လေ၏။

“လမ်းတွေကလည်း ချော်လိုက်တာနော်”

ထပ်ပြီး မထိတထိ ပြောလာတဲ့ Ren ကြောင့် Kane ‌လမ်းတွေကို တစ်ချက်ကြည့်သည်။ Ren ပြောသလို လမ်းတွေဟာ အရမ်းကြီးမကောင်းတာမျိုးမဟုတ်ဘဲ အနည်းငယ်သာ ဗွက်ထနေတာမို့ Ren ဟာ ဘာကြောင့်များ အ‌ပိုပြောနေရသလဲ Kane စဉ်းစားလေရဲ့။

နောက်တော့မှ သူတို့ရှေ့၌ လက်ချင်းကိုင်ထားကြသည့် ဂျီမင်တို့ကိုမြင်တော့မှ Kane သည် ဖြစ်ပျက်သမျှ ကိစ္စရပ်တိုင်းအား သဘောပေါက်သွား‌တော့၏။

“ဟင်...”

ရုတ်တရက်ဆိုသလို သူ့လက်မောင်းအား ဖက်တွယ်လာသည့် Kane လက်သေးသေးလေးတွေကြောင့် Ren မျက်ဝန်းတွေ ဝိုင်းသွားလေသည်။

“လမ်းတွေကချော်လို့ ဖက်ထားမယ်နော် ကိုင်ထားရင် စိတ်မချရဘူး ပြုတ်ကျနိုင်တယ်”

မျက်ဝန်းတွေမှိတ်သည်အထိ ချစ်စရာအကောင်းဆုံး ပြုံးပြရင်း ဆိုလာသည့် Kane ကြောင့် Ren မျက်နှာတစ်ခုလုံး နီတက်လာကာ ထိုနေရာမှာတင် အငွေ့ပျံချင်သွားလေသည်။

Kane ကတော့ သူ့အား ဂျစ်ကျသည့် Senpai အား ရှက်ပြီး နေရခက်သွားတဲ့အထိ ဖြစ်စေဖို့ လိုတာထက်ပိုပြီး ခပ်ကြီးကြီး Ren လက်မောင်းတွေအား အားကိုးတကြီးဖက်ပြစ်ကာ စနောက်လေ၏။

“ရောက်ပြီ ဒါကျွန်တော်အိမ်ပဲ”

“Eh Ehhhh!!”

ဂျီမင်ရဲ့ ကျွန်တော်အိမ်ဆိုသည်မှာ အိမ်လို့တောင် ပြောလို့မရသည့် အိမ်ပိစိလေးကြောင့် Suga တို့သုံးယောက်လုံးမှာ တစ်ပြိုင်နက်တည်း အသံထွက်သည်အထိ အံ့ဩကုန်ကြလေရဲ့။

“စိတ်မပူပါနဲ့ လူကြီးမင်းတို့ကို ဖွား‌ဖွားတို့ဆီမှာ အိပ်ခိုင်းမှာပါ”

ဂျီမင်အိမ်ကပိစိလေးဆိုတော့ သူတို့လေးယောက်လုံး အိပ်ဖို့ နေရာကောင်းကောင်း မရှိမှာ ‌အသေအချာပဲ။ ဒါကြောင့်လည်း ဂျီမင်က အားနာနာနဲ့ထုတ်ပြောတော့ Suga မျက်နှာမှာ ဆူပုတ်သွားပြီး ဂျီမင်အနားကပ်ကာ ဂျီမင်လက်အား ခပ်တင်းတင်းလှမ်းကိုင်လေရဲ့။

“မရပါဘူး ကိုယ်ကမင်းနဲ့ပဲ အတူတူနေမှာ”

“ဒါပေမဲ့...-”

“ရတယ် ကြမ်းပြင်မှာ အိပ်ရလည်း‌ဖြစ်တယ်”

ထပ်ပြောလည်း ရမှာမဟုတ်တာကြောင့် ဂျီမင်သည် ဆက်မပြောတော့။ လက်ခံပေးဖို့သာ ခေါင်းညိတ်လေရဲ့။ Suga ကတော့ လိုချင်တာရသွားဟန်ဖြင့် ပျော်သွားလေ၏။

“ကဲကွယ် ဒါဆို ဧည်သည့်တွေနဲ့အတူ ဂျီမင်လေးလည်း ဖွားတို့အိမ်လိုက်ခဲ့ဦး ဖွားစားစရာတွေ စီစဉ်ထားတယ်”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဖွားဖွား”

“မလိုပါဘူးကွယ်”

ရှေ့ကနေ တုတ်ကောက်ဖြင့် ဦးဆောင်ခေါ်သွားတဲ့ အဖွားအိုနှင့် အဖိုးအိုကိုကြည့်ရင်း Ren တို့ကခပ်ယေးယေးပြုံးကြသည်။ စောနက လမ်းမှာတုန်းက သူတို့ဂျစ်ကျသလိုမျိုး အဖိုးအိုဟာလည်း အဖွားအို၏ လက်အားကိုင်ထားကာ ခပ်ဖြေးဖြေးလျှောက်နေတာကြောင့်ပင်။

“ထိုင်ကြနော် ကလေးတို့”

“ဖွားရော ဖိုးရော သက်သာသလိုနေပါ ကျွန်တော်တို့ဘာသာ စားစရာတွေ နေရာချပေးပါ့မယ်”

ဂျီမင်စကားကြောင့် Ren တို့မှာလည်း ဖွားတို့ချက်ပြုတ်ထားသည့် အစားအသောက်တွေအား ဝိုင်းကူပြီးနေရာချပေးလေရဲ့။

“ဂျီမင်လေး ပြန်လာတိုင်း အမြဲတစ်ယောက်တည်းပါ ဒီတစ်ခါ ဧည့်သည်တွေ ခေါ်လာတယ်ဆိုတော့ ဖွားတို့ကိုပြောခဲ့တဲ့ ကတိများလား”

“ဟန်နီရယ် မင်းမမြင်လေရောလား ဘယ်မှာ မိန်းမလှလေး ပါလာလို့တုန်း”

အဖိုးစကားကြောင့် အဖွားက ဂျီမင်ကို စိုက်ကြည့်သည်။ ဂျီမင်တို့ ဘာအကြောင်းအရာကို ပြောနေမှန်းမသိသည့် Ren တို့သုံးယောက်မှာတော့ မျက်လုံးလေး ကလယ်ကလယ်နှင့်ပင်။

“ဖွားဖွား ဖိုးဖိုး ကျွန်တော် ကတိပေးခဲ့တာကို မှတ်မိတယ် မဟုတ်လား”

ဂျီမင်စကားကြောင့် အဖွားနှင့်အဖိုးဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ခေါင်းအသာညိတ်ပြလေရဲ့။

ထို့နောက် ဂျီမင်ဟာ ထိုင်ရာကနေ ထလိုက်ပြီး အသက်အားခပ်ပြင်းပြင်းရှုထုတ်လေ၏။

ပြီးသည်နှင့် သူ့ဘေးက Suga လက်အား ယူလိုက်ကာ ။

“ကျွန်တော် ဖွားဖွားတို့ကို ကတိပေးခဲ့တဲ့အတိုင်း ကျွန်တော် ချစ်သူကို ဖွားတို့ဆီ ခေါ်လာခဲ့တာပါ! ဒါပေမဲ့ ဖွားတို့ကိုပြောခဲ့သလို ကျွန်တော် ချစ်သူက မိန်းမလှလေး မဟုတ်လို့ တောင်းပန်ပါတယ်!”

“ဟေး!”

“အို!”

အဖွားနှင့်အဖိုးမှာ အံ့ဩသွားသလို ကျန်ခဲ့တဲ့ သုံးယောက်မှာလည်း ရှော့ခ်အကြီးကြီး ရသွားလေရဲ့။ အထူးသဖြင့် Suga မှာ ထိုင်ရက်သားပင် အသက်မရှိတော့သလို တောင့်တောင့်ကြီး ဖြစ်နေရှာ၏။

ဂျီမင်မှာတော့ သူဝန်ခံစရာရှိတာ ဝန်ခံပြီးချိန်မှာတော့ ပြန်ထိုင်ချကာ ရှက်ရှက်နှင့် အစားအသောက်တွေကိုသာ လိမ့်စားနေလေရဲ့။

“ဖွားတို့အတွက် မိန်းမလှလေး မခေါ်ခဲ့ဘဲ လူချောလေးခေါ်လာခဲ့တာပဲ”

“ဖိုးနီးပါးချောတဲ့ လူချောလေး‌ ခေါ်လာခဲ့တာ ဂျီမင်လေးက သိပ်လိမ်မာတာပဲ”

သူထင်ထားသည်မှာ သူ့ဝန်ခံမှုအား အဖိုးနှင့်အဖွားမှာ အနည်းနှင့်အများ စိတ်ဆိုးကြမယ်ဟု တွေးထားတာပင်။ သို့သော် သူထင်ထားသလို မဟုတ်ပါဘဲ သူ့တို့အား ကြည်ကြည်ဖြူဖြူဖြင့် လက်ခံပေးတာကြောင့် ဝမ်းသာစိတ်ကြောင့် ဂျီမင်ငိုချင်လာသည်။

သူ့အတွက်က မိဘဆိုတာ ဘာမှန်းမသိ ကြီးပြင်လာရတဲ့ ဘဝကြီးမှာ သွေးသားမတော်သည့် အဖွားအိုတို့ကသာ သူ့အား ကျွေးမွေးစောင့်ရှောက်လာခဲ့တာကြောင့် အခုလိုလက်ခံပေးသည်မှာ သူ့အတွက် အလွန်ကြည်နူးစရာပင်။

“ဖွား ဖိုး ဟင့်”

“ဟားဟား ဒီကလေး အခုထိ အငိုပုတ်လေးဖြစ်နေတုန်းပါလား”

“ဒီအဖိုးကြီးကတော့ ကလေးကိုစနေပြန်ပါပြီ”

“ဂျီမင်...ကိုယ့်ဂျီမင် မငိုနဲ့နော်”

ဘေးကနေ ခပ်တိုးတိုးလေး မငိုဖို့ နှစ်သိ့မ်နေသည့် Suga ကြောင့် ဂျီမင် ကိုယ်လေးမှာ ပို၍ တုန်တက်လာလေ၏။

“မငိုရဘူးလေ ဂျီမင်လေးရဲ့ ဖွားတို့က ဂျီမင်လေး ဘယ်လိုလူမျိုးကိုပဲ ရွေးခြယ် ရွေးခြယ် သဘောတူ လက်ခံပေးဖို့ အဆင်သင့်ပဲ ဘာကြောင့်လဲဆိုတော့ ဂျီမင်လေးက ဘယ်အရာကိုမဆို သေချာစဉ်းစားပြီး ဆုံးဖြတ်တတ်တဲ့ကလေးမှန်း ဖွားတို့ယုံကြည်ထားတယ်”

“ဟင့်”

“Jimin Hyung ဆက်ငိုနေမယ်ဆိုရင် ကျွန်တော် အကုန်စားပြစ်လိုက်တော့မယ်”

Kane အပြောကြောင့် ဂျီမင်က Kane ကို စိုက်ကြည့်ကာ ။

“မင်းကိုနောက်တစ်ခါ မခေါ်လာဘူး”

“ဟွန်း နေပေါ့ ကျွန်တော်ဘာသာ ဖွားတို့ဆီ Ren senpai ကို လိုက်ပို့ခိုင်းမှာ ဖွားဖွား ဖိုးဖိုး သားလာလည်လို့ ရတယ်မဟုတ်လားဟင်”

“ရတာပေါ့ကွယ်”

“ဖွား! ဟင့်! သူ့ကိုမချစ်နဲ့!”

“ဟားဟား”

TBC ✓

ချစ်သူတွေဖြစ်သွားရင် ချစ်သူတွေ ဘာလုပ်ကြသလဲ မသိ ဟိဟိ ><

See ya

______________________________________________________

Zawgyi ✅

-That Man-

ဒီေန႔ကဘာေန႔လဲဆိုေတာ့ ဒီေန႔က သူ႔ရဲ႕အထူးေန႔ေလ။ ဒီေန႔ စုံေထာက္ပတ္ခ္ဆီကေန သူလိုခ်င္တဲ့ အေျဖကိုရမွာဆိုေတာ့ သူဘယ္ေလာက္ေတာင္ ရင္ခုန္ေနသလဲဆိုတာ ေမးစရာေတာင္မလိုဘူး။ မေန႔ကေန အခုခ်ိန္ထိ ျပန္ေတြးတိုင္း သူ႔ရင္ေတြခုန္ေနတုန္း။ ေျခဖ်ားလက္ဖ်ားေတြဆိုတာလည္း ေအးစက္ေနတာပဲ။

“မင္းအၿငိမ္ထိုင္ေနစမ္းပါကြာ မင္းကိုၾကည့္ရတာ မူးေနာက္ေနတာပဲ”

ဟိုဘက္ဒီဘက္ လမ္းေလွ်ာက္ေနတဲ့ သူ႔ပုံစံကိုၾကည့္ၿပီး Ren တစ္ေယာက္ အျမင္ကတ္လာပုံပါပဲ။ စိတ္မရွည္ေတာ့ဟန္ ထေျပာပါေလေရာ။

“ေစာက္ရမ္းခ်စ္ဖို႔ေကာင္းတဲ့ေကာင္ပါလား ဒီလိုအေနအထားမွာ ဘယ္သူမဆို ကိုယ္ခ်စ္ရတဲ့သူဆီက အေျဖရမွာကို ဘယ္လိုစိတ္နဲ႔ ငါကစိတ္ေအးရမွာလဲ”

“မင္းကပိုကိုပိုလြန္းတာပါကြာ စုံေထာက္ပတ္ခ္ဘက္ကလည္း မင္းကိုသေဘာက်ေနတာ ငါတို႔ေဘးလူေတြေတာင္ ျမင္ေနရတာ က်ိန္းေသေပါက္ အေျဖက Yes ဆိုတာ မင္းလည္းရိပ္မိမွာပဲ”

Suga သိပါတယ္။ ဂ်ီမင္ဆီကေန သူလိုခ်င္တဲ့အေျဖကိုသာ ၾကားရမယ္ဆိုတာ။ ဒါေပမဲ့လည္း သူအျပည့္အဝေတာ့ မယုံၾကည္ရဲေသးဘူးေလ။ ေမွ်ာ္လင့္ခ်က္ေတြ အမ်ားႀကီးထားၿပီးကာမွ ဂ်ီမင္ဘက္က သူ႔အေပၚ စိတ္ယိုင္႐ုံ စိတ္ကစား႐ုံပါဆို သူဘာတက္ႏိုင္မွာလဲ။ သူဒီလိုျဖစ္မွာ သိပ္ေၾကာက္တယ္ေလ။

“ငါ့ေကာင္ရာ အမ်ားႀကီး ေလွ်ာက္ေတြးမေနနဲ႔ အဆင္ေျပသြားလိမ့္မယ္ အကယ္၍ ျငင္းလိုက္ေတာ့လည္း ေနာက္တစ္ေယာက္ ထပ္လိုက္ေပါ့ကြာ”

Ren စေနာက္မႈေၾကာင့္ Suga တစ္ေယာက္ မ်က္ေမွာင္ႀကီးၾကဳတ္သြားကာ Ren အား လွည့္ၾကည့္ၿပီး ။

“မင္းဘိုးေအကို ေနာက္တစ္ေယာက္လား ေအးပါကြာ မင္းအခုငါ့ကို စေနာက္ေနသလို မင္းအလွည့္က်ရင္လည္း မင္းငိုတဲ့ထိ ျပန္စျပမယ္ ငါ့ေကာင္ မင္းေစာင့္ေနလိုက္”

“ဟားဟား လုပ္လိုက္ေလ”

ႏွစ္ေယာက္သား ကေလးဆန္ဆန္ စေနာက္ေနၾကေပမဲ့ Ren ခဏၾကာေတာ့ ဘာစကားမွမဆိုေတာ့ကာ ခပ္ၿငိမ္ၿငိမ္ေလးျဖစ္သြားေလသည္။ ထို႔အျပင္ Suga အိမ္၌ မနက္အေစာႀကီးကတည္းက သူနဲ႔အတူ ေရာက္ေနၿပီး ဂိမ္းထိုင္ေဆာ့ေနတဲ့ Kane အား ခပ္ေငးေငးေလး စိုက္ၾကည့္ေနေလ၏။

အခုဆိုရင္ သူ႔သူငယ္ခ်င္းေတာင္ ခ်စ္ရတဲ့သူဆီကေန အေျဖရေတာ့မည္။ သူကေတာ့ အခုထိ မေရရာ မေသခ်ာတဲ့ အေနအထားႀကီးကေန မလႊတ္ေျမႇာက္ႏိုင္ေသးေပ။ သူ႔ဘက္ကလည္း Kane အား သေဘာက်ေၾကာင္း ဝန္ခံရမွာ ေၾကာက္ေနမိသလို Kane ဆိုသည္မွာလည္း ခံစားခ်က္ေတြအား ထုတ္မျပတတ္သည့္ သူမ်ိဳးျဖစ္တာေၾကာင့္ သူအေပၚ ဘယ္လိုခံစားခ်က္ရွိလဲ သူအတိအက်မသိေခ်။

ဒါေၾကာင့္ သူဘာဆက္လုပ္ရမလဲဆိုတာ လမ္းေပ်ာက္ေနသလို ႏွစ္ေယာက္သား ဒီအေနအထားႀကီးကေန ဘယ္လို႐ုန္းထြက္ရမလဲဆိုတာ သူအေျဖရွာမရႏိုင္ေပ။

“လူႀကီးမင္း”

အိမ္ထဲေရာက္လာတဲ့ ဂ်ီမင္ေၾကာင့္ သူတို႔အားလုံး မ်က္လုံးေတြဟာ ဂ်ီမင္ဆီ ေရာက္သြားေလရဲ႕။ ဂ်ီမင္ကေတာ့ သူ႔လက္ထဲက အိတ္အား ခုံအေပၚခ်လိုက္ကာ Kane ေဘး၌ ဝင္ထိုင္ေလ၏။

“စုံေထာက္ပတ္ခ္ ဒီအိတ္ႀကီးက ဘာလုပ္မို႔လဲ စာ႐ြက္စာတမ္းေတြ ထည့္လာတာလား”

Ren တစ္ေယာက္က စိတ္ဝင္စားသလို ေမးေလေတာ့ ဂ်ီမင္ကေခါင္းခါကာ အသာ‌ျငင္းသည္။ ၿပီးသည္ႏွင့္ ေထာင့္နား၌ စိတ္လႈပ္ရွားေနဟန္ ခပ္ၿငိမ္ၿငိမ္ရပ္ေနသည့္ Suga ဆီ လွမ္းၾကည့္ေလရဲ႕။

“ကြၽန္ေတာ္ အလုပ္ကေန ခြင့္ရက္ရွည္ရလာလို႔ ကြၽန္ေတာ္ဇာတိဘက္ ခဏျပန္မလို႔”

ဂ်ီမင္စကားေၾကာင့္ Suga မ်က္ဝန္းေတြဟာ ဝိုင္းစက္ကုန္ၿပီး ဒါဆို သူ႔အေျဖကေတာ့ ေဝးၿပီလား ဆိုသည့္ မ်က္ႏွာေလးျဖင့္ ဂ်ီမင္ဆီလွမ္းၾကည့္ေလသည္။ ဂ်ီမင္ကေတာ့ Suga ပုံစံကိုၾကည့္ၿပီး အသည္းယားသြားတာေၾကာင့္ ခပ္ေယးေယးၿပဳံးေလ၏။

“ႏွစ္တိုင္း ဒီလိုခ်ိန္ဆိုရင္ ကြၽန္ေတာ္ျပန္ၿပီး အနားယူေနၾကေလ အဲ့ဒီမွာ ကြၽန္ေတာ္ကိုယ္ပိုင္ အိမ္ကေလးလည္းရွိသလို ကြၽန္ေတာ္အသိ မိတ္ေဆြတခ်ိဳ႕လည္းရွိတယ္”

ဂ်ီမင္အေျပာအား Ren တို႔က စိတ္ဝင္စားသလို နားေထာင္ေနေပမဲ့ Suga ကေတာ့ အာ႐ုံမရ။ သူ႔အေတြးနဲ႔သူ အာ႐ုံလြင့္ေနေလ၏။

ဂ်ီမင္ဟာ သူ႔အားအေျဖမေပးခ်င္တာေၾကာင့္ တမင္မ်ား ေရွာင္ထြက္သြားေလသလား။ ဒါမွမဟုတ္ သူေတြးခဲ့သလိုပဲ သူ႔အေပၚ ခဏတာ စိတ္ယိုင္႐ုံ စိတ္ကစား႐ုံပဲမို႔ သူ႔အတြက္ အေျဖဟာ မရွိေလသလား။ စသည့္ အေတြးမ်ားျဖင့္ Suga မ်က္ႏွာဟာ သိသိသာသာပင္ ပ်က္ယြင္း‌လို႔လာေလရဲ႕။

ဒါကိုရိပ္မိတဲ့ ဂ်ီမင္မွာလည္း သူ႔ၿမိဳ႕အေၾကာင္း စကားဖ်က္လိုက္ကာ အဓိကအေၾကာင္းအရာအား ေျပာဖို႔ျပင္ေတာ့၏။ ဒီလိုမွ အျမန္မေျပာရင္ တစ္စုံတစ္ေယာက္ဟာ ကေလးတစ္ေယာက္လို ငိုယိုေတာ့မွာမဟုတ္လား။

“အစကေတာ့ ကြၽန္ေတာ္ တစ္ေယာက္တည္း သြားမလို႔ပါပဲ ဒါေပမဲ့ လူႀကီးမင္းတို႔ကို ကြၽန္ေတာ္နဲ႔အတူ ကြၽန္ေတာ္ၿမိဳ႕ကို လိုက္လည္ေစခ်င္လို႔ အဲ့ဒါ လိုက္လည္ခ်င္ၾကလားဟင္”

“Eh!”

ဂ်ီမင္လိုလူဆီက ဒီလိုၾကားရေတာ့ အားလုံးအံ့ဩသြားၾကသလို ဂ်ီမင္ဆီက သူတို႔အား လိုလိုလားလားျဖင့္ သူ႔ၿမိဳ႕ဆီ လိုက္လည္ဖို႔ တကူးတကႀကီး လာေခၚသည္မွာ မယုံႏိုင္စရာေကာင္းသည့္ ကိစၥရပ္ပင္။

“ဟို...မလိုက္ခ်င္လို႔မ်ားလား”

“မဟုတ္တာ! လိုက္မွာေပါ့ ကြၽန္ေတာ္တို႔လည္း အားေနတာပဲ စုံေထာက္ပတ္ခ္တို႔နဲ႔အတူတူ လိုက္မွာေပါ့”

Ren တစ္ေယာက္ ဝမ္းသာအားရႏွင့္ ထိုသို႔ထေျပာေတာ့မွ ဂ်ီမင္က ေပ်ာ္သြားဟန္ ခပ္ေယး‌ေယး ၿပဳံးေတာ့၏။ ထိုအခ်ိန္မွာပဲ သူ႔ေဘး၌ ကပ္ထိုင္လာသည့္ Suga ေၾကာင့္ ဂ်ီမင္ Suga ဆီ အၾကည့္ပို႔မိေတာ့ သူ႔အား အလိုမက်သလို စိုက္ၾကည့္ေနသည့္ Suga မ်က္ဝန္းေတြျဖင့္ အၾကည့္ခ်င္းဆုံေလ၏။

“ဂ်ီမင္ မင္းကိုယ့္ကို အေျဖမေပးခ်င္လို႔ တမင္ေရွာင္သြားတာလား”

သူတကယ္ သည္းမခံႏိုင္ေတာ့ဘူး။ အေျဖေပးခါနီးမွ ဇာတိကိုေကာက္ျပန္တာႀကီးက တရားမလြန္လြန္းဘူးလား။ သက္သက္ႀကီး သူ႔ကို ကစားေနသလိုပဲ။

“ကြၽန္ေတာ္ၿမိဳ႕က နီးပါတယ္ အခုေနသြားရင္ ညေနေလာက္ဆို ေရာက္ၿပီ‌ေလ ေသခ်ာတာ တစ္ခုကေတာ့ လူႀကီးမင္း လိုခ်င္တဲ့အေျဖကို ဒီေန႔ရမွာပါ အကယ္၍ ကြၽန္ေတာ္သာ အေျဖမေပးခ်င္ရင္ လူႀကီးမင္းကိုပါ ေခၚသြားမလား”

“ဒါဆို သူတို႔ကိုပါ ဘာလို႔ေခၚတာလဲ”

Renကိုလက္ညိဳးထိုးျပကာ ကေလးဆန္ဆန္ ေမးခြန္းထုတ္လာတဲ့ Suga ပါေလ။

“လိုက္ေတာ့ ဘာျဖစ္လဲကြာ စုံေထာက္ပတ္ခ္ေခၚလို႔လိုက္တာ မင္းမေက်နပ္ရင္ မင္းေနခဲ့”

“မင္း!-”

“ေတာ္ၾကပါေတာ့ လူႀကီးမင္း ကေလးမဆန္ပါနဲ႔ ကြၽန္ေတာ္က အားလုံးနဲ႔ အတူတူေပ်ာ္ခ်င္လို႔ ေခၚေနတာကို လူႀကီးမင္းက ကြၽန္ေတာ္ကို မေပ်ာ္ေစခ်င္တာလား”

ဂ်ီမင္အေမးေၾကာင့္ Suga မ်က္ႏွာမွာ ဆူပုတ္ပုတ္ျဖစ္သြားကာ “မင္းသေဘာ” ဟုဆိုကာ တစ္ဖက္ကို အၾကည့္လႊဲသြားေတာ့၏။

“Ren Senpai ကြၽန္ေတာ္ ျပန္ေတာ့မယ္”

တစ္ခ်ိန္လုံး ၿငိမ္ေနၿပီးမွ အသံထြက္လာတဲ့ Kane ။

“အဝတ္အစားေတြျပန္ယူခ်င္လို႔လား ေကာင္းၿပီေလ ကိုယ္လိုက္ကူေပးမယ္”

“အာ မဟုတ္ဘူး မဟုတ္ဘူး ကြၽန္ေတာ္ ဒီတိုင္း အိမ္ျပန္မွာ”

လက္အသာခါျပကာ ေနရခက္ဟန္ ေျပာလာတဲ့ Kane ေၾကာင့္ Ren တစ္ေယာက္ မ်က္ေမွာင္ၾကဳတ္သြားေလရဲ႕။

“ဘာကိုဆိုလိုခ်င္တာလဲ Kane စုံေထာက္ပတ္ခ္က ကိုယ္တို႔သုံးေယာက္လုံးကို ‌လိုက္ေစခ်င္လို႔ ေခၚတာ‌ေလ မင္းကဘာလို႔ မလိုက္ခ်င္တာလဲ”

“ဟို...ကြၽန္ေတာ္ကို ေခၚ...ေခၚတာမွမဟုတ္တာ”

ထိုသို႔ခပ္တိုးတိုးဆိုကာ Kane လက္ေသးေသးေလးေတြမွာ Ren အက်ႌထက္ ခပ္က်စ္က်စ္ ဆုပ္ကိုင္လာၿပီး Ren ေက်ာေနာက္ကေန ဂ်ီမင္အား မရဲတရဲ ခိုးၾကည့္ေလရဲ႕။

Suga နဲ႔ Ren ကေတာ့ တစ္ေယာက္ကိုတစ္ေယာက္ အကဲခတ္ကာ မ်က္လုံးခ်င္းစကားေျပာၿပီး Kane တို႔ၾကားထဲ ဘာမွဝင္မေျပာကာ ႏွစ္ေယာက္သား မသိခ်င္ရင္ေယာင္ေဆာင္ေနေလရဲ႕။ ဂ်ီမင္နဲ႔ Kane တို႔က မတည့္တာမ်ိဳး မဟုတ္ေသာ္လည္း Suga က Kane ဆိုရင္ ညီေလးတစ္ေယာက္လို အလိုလိုက္ဂ႐ုစိုက္တာေၾကာင့္ ဂ်ီမင္ဟာ Kane အေပၚ ခ်ိဳခ်ိဳသာသာမဆက္ဆံေပ။ ဒါေၾကာင့္ Kane အေနနဲ႔က ဂ်ီမင္ကသူ႔ကို အျမင္မၾကည္ဘူးဟု အထင္မွားေနေလ၏။

“အဟမ္း မင္းကိုမလိုက္နဲ႔လို႔ ငါမေျပာမိပါဘူး”

ဂ်ီမင္စကားေၾကာင့္ Kane က Ren ေနာက္ေက်ာကေန ေခါင္းေလးထြက္လာကာ ။

“ေခၚလည္း မေခၚဘူးေလ”

အားလုံးထဲမွာ အငယ္ဆုံး ကေလးဆိုသည့္အတိုင္း Kane မရဲတရဲေလး ထပ္ရစ္ေလေတာ့ ဂ်ီမင္ မ်က္ႏွာမွာ ဆူပုတ္လာၿပီး Ren တို႔မွာေတာ့ ၿပဳံးစိစိနဲ႔သာ ၿငိမ္ေန‌ၾကေလရဲ႕။

“မင္းကိုလည္းေခၚတယ္ ဟုတ္ၿပီလား လိုက္တာ မလိုက္တာ မင္းအပိုင္း”

ဂ်ီမင္ကလည္း ကေလးဆန္ဆန္ ဂ်စ္က်က် ျပန္ေျပာလာတာမို႔ Kane မွာ ေပ်ာ္သြားဟန္ ခိုးၿပဳံးေတာ့၏။

“Ren Senpai အိမ္ျပန္ရေအာင္”

“ဟမ္”

“လိုတာေတြ သြားယူမယ္ေလ”

“ဟားဟား ဟုတ္ပါၿပီကြာ”

Ren မွာအသည္းတယားယားႏွင့္ သူ႔ဟာေလးက ပါးေတြအား ဆြဲညႇစ္ကာ လိုတာေတြသြားယူရန္ ျပန္သြားၾကေလရဲ႕။ က်န္ခဲ့တဲ့ ဂ်ီမင္တို႔မွာေတာ့ တစ္ေယာက္ကိုတစ္ေယာက္ စကားသိပ္မေျပာျဖစ္ၾကဘဲ Suga ကလည္း လိုတာေတြ စီစဥ္ကာ ဂ်ီမင္ကလည္း ၿမိဳ႕ကသူ႔အသိေတြဆီ ဖုန္းဆက္ၿပီး လွမ္းအေၾကာင္းၾကားေလ၏။

ဒီလိုႏွင့္ Ren တို႔ျပန္ေရာက္လာသည့္ အခ်ိန္မွာေတာ့ ဂ်ီမင္တို႔လည္း ခရီးစတင္ေတာ့သည္။ ဂ်ီမင္ဇာတိက ၿမိဳ႕ျပင္ဘက္အေက်ာ္ေလးမွာရွိသည့္ ေတာ႐ြာဆန္ဆန္ ၿမိဳ႕အေသးေလး ျဖစ္တာေၾကာင့္ တေနကုန္ေမာင္းၿပီးအခ်ိန္မွာေတာ့ ညေနေစာင္းေလာက္ ၿမိဳ႕ေလးဆီ ေရာက္သြားေလရဲ႕။

ဂ်ီမင္တို႔ေရာက္သည္ႏွင့္ ဂ်ီမင္အသိဆိုသည့္ ဂ်ီမင္ မိတ္ေဆြေတြမွာ ဂ်ီမင္တို႔အား လာႀကိဳၾကေလသည္။ ထူးဆန္းသည္မွာ ဂ်ီမင္ မိတ္ေဆြေတြမွာ အသက္ႀကီးသည့္ အဖိုးအဖြားေတြသာမ်ားၿပီး လူငယ္ရယ္လို႔ သိပ္မေတြ႕ရေပ။ ထို႔အျပင္ ၿမိဳ႕ေလးကလည္း ခပ္ေသးေသးေလးသာျဖစ္ၿပီး အိမ္ေျခမွာလည္း လက္ခ်ိဳးေရလို႔ရေအာင္ နည္းပါးေလ၏။

“ဂ်ီမင္ မင္းတကယ္ပဲ ဒီမွာေနခဲ့တာလား”

Suga မွာ ေဘးပတ္ဝန္းက်င္အား အကဲခတ္သလို ၾကည့္ရင္း ခပ္တိုးတိုးေမးေလသည္။ Suga ထိုသို႔ ထုတ္ေမးသည္မွာလည္းမမွား‌။ ဂ်ီမင္ေနခဲ့သည့္ေနရာဟာ အဆင့္ျမင့္ ပစၥည္း ဘာဆိုဘာမွမရွိသလို လွ်ပ္စစ္မီးေတာင္မွ မရရွိႏိုင္သည့္ေနရာမ်ိဳးပင္။ ဒါေၾကာင့္ ၿမိဳ႕လို႔ေတာင္ မေခၚထိုက္သည့္ေနရာ၌ ဂ်ီမင္ဘယ္လိုမ်ားေနခဲ့ၿပီး ဒီလို နာမည္ႀကီး စုံေထာက္တစ္ေယာက္ ျဖစ္လာရသလဲဆိုတာ စိတ္ဝင္စားစရာ ကိစၥရပ္ပင္။

“ေနာက္မွရွင္းျပမယ္ ဂ႐ုစိုက္ၿပီး ေလွ်ာက္ပါ လူႀကီးမင္း လမ္းေတြက သိပ္မေကာင္းဘူး”

“ဒါဆို ကိုယ့္လက္ကို ကိုင္ေပးထားပါဦး ေခ်ာ္က်သြားရင္ ဒဏ္ယာေတြ ရကုန္မွာ”

ေခြးေပါက္ေလးလို သူ႔လက္ေလးအား ေရွ႕သို႔ထုတ္ေပးၿပီး ဆိုလာသည့္ Suga ေၾကာင့္ ဂ်ီမင္ဘာမွမဆိုေတာ့။ ခပ္ေယးေယးသာၿပဳံးလို႔ Suga လက္အား အသာဆုပ္ကိုင္ေပးလိုက္ၿပီး ေရွ႕ကေန ဦးေဆာင္ကာ ေခၚသြားေတာ့၏။

“ဟြန္း သူမ်ားေတြမ်ား လက္ကိုင္ထားေပးမဲ့သူနဲ႔ ကိုယ္ေတြမ်ား ေခ်ာ္က်ရင္ေတာင္ ဒီတိုင္းထားျပစ္ခံခဲ့ရမွာ ေသခ်ာတယ္”

ေဘးကေန အလိုမက်သလို ဆိုလာတဲ့ Ren အေျပာေၾကာင့္ Kane တစ္ေယာက္ သူ႔ေဘးက ကေလးႀကီးကို လွည့္ၾကည့္ေလရဲ႕။ သူ႔ျမင္ေတာ့မွ ဟြန႔္ခနဲလုပ္ကာ အၾကည့္လႊဲသြားတဲ့ Ren လုပ္ရက္ေၾကာင့္ Kane ခင္မ်ာ ေၾကာင္ေတာင္ေတာင္ေလး ျဖစ္သြားၿပီး သူဘာမ်ား အမွားလုပ္မိသလဲဆိုၿပီး ေတြးေတာရွာ‌ေလ၏။

“လမ္းေတြကလည္း ေခ်ာ္လိုက္တာေနာ္”

ထပ္ၿပီး မထိတထိ ေျပာလာတဲ့ Ren ေၾကာင့္ Kane ‌လမ္းေတြကို တစ္ခ်က္ၾကည့္သည္။ Ren ေျပာသလို လမ္းေတြဟာ အရမ္းႀကီးမေကာင္းတာမ်ိဳးမဟုတ္ဘဲ အနည္းငယ္သာ ဗြက္ထေနတာမို႔ Ren ဟာ ဘာေၾကာင့္မ်ား အ‌ပိုေျပာေနရသလဲ Kane စဥ္းစားေလရဲ႕။

ေနာက္ေတာ့မွ သူတို႔ေရွ႕၌ လက္ခ်င္းကိုင္ထားၾကသည့္ ဂ်ီမင္တို႔ကိုျမင္ေတာ့မွ Kane သည္ ျဖစ္ပ်က္သမွ် ကိစၥရပ္တိုင္းအား သေဘာေပါက္သြား‌ေတာ့၏။

“ဟင္...”

႐ုတ္တရက္ဆိုသလို သူ႔လက္ေမာင္းအား ဖက္တြယ္လာသည့္ Kane လက္ေသးေသးေလးေတြေၾကာင့္ Ren မ်က္ဝန္းေတြ ဝိုင္းသြားေလသည္။

“လမ္းေတြကေခ်ာ္လို႔ ဖက္ထားမယ္ေနာ္ ကိုင္ထားရင္ စိတ္မခ်ရဘူး ျပဳတ္က်ႏိုင္တယ္”

မ်က္ဝန္းေတြမွိတ္သည္အထိ ခ်စ္စရာအေကာင္းဆုံး ၿပဳံးျပရင္း ဆိုလာသည့္ Kane ေၾကာင့္ Ren မ်က္ႏွာတစ္ခုလုံး နီတက္လာကာ ထိုေနရာမွာတင္ အေငြ႕ပ်ံခ်င္သြားေလသည္။

Kane ကေတာ့ သူ႔အား ဂ်စ္က်သည့္ Senpai အား ရွက္ၿပီး ေနရခက္သြားတဲ့အထိ ျဖစ္ေစဖို႔ လိုတာထက္ပိုၿပီး ခပ္ႀကီးႀကီး Ren လက္ေမာင္းေတြအား အားကိုးတႀကီးဖက္ျပစ္ကာ စေနာက္ေလ၏။

“ေရာက္ၿပီ ဒါကြၽန္ေတာ္အိမ္ပဲ”

“Eh Ehhhh!!”

ဂ်ီမင္ရဲ႕ ကြၽန္ေတာ္အိမ္ဆိုသည္မွာ အိမ္လို႔ေတာင္ ေျပာလို႔မရသည့္ အိမ္ပိစိေလးေၾကာင့္ Suga တို႔သုံးေယာက္လုံးမွာ တစ္ၿပိဳင္နက္တည္း အသံထြက္သည္အထိ အံ့ဩကုန္ၾကေလရဲ႕။

“စိတ္မပူပါနဲ႔ လူႀကီးမင္းတို႔ကို ဖြား‌ဖြားတို႔ဆီမွာ အိပ္ခိုင္းမွာပါ”

ဂ်ီမင္အိမ္ကပိစိေလးဆိုေတာ့ သူတို႔ေလးေယာက္လုံး အိပ္ဖို႔ ေနရာေကာင္းေကာင္း မရွိမွာ ‌အေသအခ်ာပဲ။ ဒါေၾကာင့္လည္း ဂ်ီမင္က အားနာနာနဲ႔ထုတ္ေျပာေတာ့ Suga မ်က္ႏွာမွာ ဆူပုတ္သြားၿပီး ဂ်ီမင္အနားကပ္ကာ ဂ်ီမင္လက္အား ခပ္တင္းတင္းလွမ္းကိုင္ေလရဲ႕။

“မရပါဘူး ကိုယ္ကမင္းနဲ႔ပဲ အတူတူေနမွာ”

“ဒါေပမဲ့...-”

“ရတယ္ ၾကမ္းျပင္မွာ အိပ္ရလည္း‌ျဖစ္တယ္”

ထပ္ေျပာလည္း ရမွာမဟုတ္တာေၾကာင့္ ဂ်ီမင္သည္ ဆက္မေျပာေတာ့။ လက္ခံေပးဖို႔သာ ေခါင္းညိတ္ေလရဲ႕။ Suga ကေတာ့ လိုခ်င္တာရသြားဟန္ျဖင့္ ေပ်ာ္သြားေလ၏။

“ကဲကြယ္ ဒါဆို ဧည္သည့္ေတြနဲ႔အတူ ဂ်ီမင္ေလးလည္း ဖြားတို႔အိမ္လိုက္ခဲ့ဦး ဖြားစားစရာေတြ စီစဥ္ထားတယ္”

“ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ ဖြားဖြား”

“မလိုပါဘူးကြယ္”

ေရွ႕ကေန တုတ္ေကာက္ျဖင့္ ဦးေဆာင္ေခၚသြားတဲ့ အဖြားအိုႏွင့္ အဖိုးအိုကိုၾကည့္ရင္း Ren တို႔ကခပ္ေယးေယးၿပဳံးၾကသည္။ ေစာနက လမ္းမွာတုန္းက သူတို႔ဂ်စ္က်သလိုမ်ိဳး အဖိုးအိုဟာလည္း အဖြားအို၏ လက္အားကိုင္ထားကာ ခပ္ေျဖးေျဖးေလွ်ာက္ေနတာေၾကာင့္ပင္။

“ထိုင္ၾကေနာ္ ကေလးတို႔”

“ဖြားေရာ ဖိုးေရာ သက္သာသလိုေနပါ ကြၽန္ေတာ္တို႔ဘာသာ စားစရာေတြ ေနရာခ်ေပးပါ့မယ္”

ဂ်ီမင္စကားေၾကာင့္ Ren တို႔မွာလည္း ဖြားတို႔ခ်က္ျပဳတ္ထားသည့္ အစားအေသာက္ေတြအား ဝိုင္းကူၿပီးေနရာခ်ေပးေလရဲ႕။

“ဂ်ီမင္ေလး ျပန္လာတိုင္း အၿမဲတစ္ေယာက္တည္းပါ ဒီတစ္ခါ ဧည့္သည္ေတြ ေခၚလာတယ္ဆိုေတာ့ ဖြားတို႔ကိုေျပာခဲ့တဲ့ ကတိမ်ားလား”

“ဟန္နီရယ္ မင္းမျမင္ေလေရာလား ဘယ္မွာ မိန္းမလွေလး ပါလာလို႔တုန္း”

အဖိုးစကားေၾကာင့္ အဖြားက ဂ်ီမင္ကို စိုက္ၾကည့္သည္။ ဂ်ီမင္တို႔ ဘာအေၾကာင္းအရာကို ေျပာေနမွန္းမသိသည့္ Ren တို႔သုံးေယာက္မွာေတာ့ မ်က္လုံးေလး ကလယ္ကလယ္ႏွင့္ပင္။

“ဖြားဖြား ဖိုးဖိုး ကြၽန္ေတာ္ ကတိေပးခဲ့တာကို မွတ္မိတယ္ မဟုတ္လား”

ဂ်ီမင္စကားေၾကာင့္ အဖြားႏွင့္အဖိုးဟာ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ကာ ေခါင္းအသာညိတ္ျပေလရဲ႕။

ထို႔ေနာက္ ဂ်ီမင္ဟာ ထိုင္ရာကေန ထလိုက္ၿပီး အသက္အားခပ္ျပင္းျပင္းရႈထုတ္ေလ၏။

ၿပီးသည္ႏွင့္ သူ႔ေဘးက Suga လက္အား ယူလိုက္ကာ ။

“ကြၽန္ေတာ္ ဖြားဖြားတို႔ကို ကတိေပးခဲ့တဲ့အတိုင္း ကြၽန္ေတာ္ ခ်စ္သူကို ဖြားတို႔ဆီ ေခၚလာခဲ့တာပါ! ဒါေပမဲ့ ဖြားတို႔ကိုေျပာခဲ့သလို ကြၽန္ေတာ္ ခ်စ္သူက မိန္းမလွေလး မဟုတ္လို႔ ေတာင္းပန္ပါတယ္!”

“ေဟး!”

“အို!”

အဖြားႏွင့္အဖိုးမွာ အံ့ဩသြားသလို က်န္ခဲ့တဲ့ သုံးေယာက္မွာလည္း ေရွာ့ခ္အႀကီးႀကီး ရသြားေလရဲ႕။ အထူးသျဖင့္ Suga မွာ ထိုင္ရက္သားပင္ အသက္မရွိေတာ့သလို ေတာင့္ေတာင့္ႀကီး ျဖစ္ေနရွာ၏။

ဂ်ီမင္မွာေတာ့ သူဝန္ခံစရာရွိတာ ဝန္ခံၿပီးခ်ိန္မွာေတာ့ ျပန္ထိုင္ခ်ကာ ရွက္ရွက္ႏွင့္ အစားအေသာက္ေတြကိုသာ လိမ့္စားေနေလရဲ႕။

“ဖြားတို႔အတြက္ မိန္းမလွေလး မေခၚခဲ့ဘဲ လူေခ်ာေလးေခၚလာခဲ့တာပဲ”

“ဖိုးနီးပါးေခ်ာတဲ့ လူေခ်ာေလး‌ ေခၚလာခဲ့တာ ဂ်ီမင္ေလးက သိပ္လိမ္မာတာပဲ”

သူထင္ထားသည္မွာ သူ႔ဝန္ခံမႈအား အဖိုးႏွင့္အဖြားမွာ အနည္းႏွင့္အမ်ား စိတ္ဆိုးၾကမယ္ဟု ေတြးထားတာပင္။ သို႔ေသာ္ သူထင္ထားသလို မဟုတ္ပါဘဲ သူ႔တို႔အား ၾကည္ၾကည္ျဖဴျဖဴျဖင့္ လက္ခံေပးတာေၾကာင့္ ဝမ္းသာစိတ္ေၾကာင့္ ဂ်ီမင္ငိုခ်င္လာသည္။

သူ႔အတြက္က မိဘဆိုတာ ဘာမွန္းမသိ ႀကီးျပင္လာရတဲ့ ဘဝႀကီးမွာ ေသြးသားမေတာ္သည့္ အဖြားအိုတို႔ကသာ သူ႔အား ေကြၽးေမြးေစာင့္ေရွာက္လာခဲ့တာေၾကာင့္ အခုလိုလက္ခံေပးသည္မွာ သူ႔အတြက္ အလြန္ၾကည္ႏူးစရာပင္။

“ဖြား ဖိုး ဟင့္”

“ဟားဟား ဒီကေလး အခုထိ အငိုပုတ္ေလးျဖစ္ေနတုန္းပါလား”

“ဒီအဖိုးႀကီးကေတာ့ ကေလးကိုစေနျပန္ပါၿပီ”

“ဂ်ီမင္...ကိုယ့္ဂ်ီမင္ မငိုနဲ႔ေနာ္”

ေဘးကေန ခပ္တိုးတိုးေလး မငိုဖို႔ ႏွစ္သိ့မ္ေနသည့္ Suga ေၾကာင့္ ဂ်ီမင္ ကိုယ္ေလးမွာ ပို၍ တုန္တက္လာေလ၏။

“မငိုရဘူးေလ ဂ်ီမင္ေလးရဲ႕ ဖြားတို႔က ဂ်ီမင္ေလး ဘယ္လိုလူမ်ိဳးကိုပဲ ေ႐ြးျခယ္ ေ႐ြးျခယ္ သေဘာတူ လက္ခံေပးဖို႔ အဆင္သင့္ပဲ ဘာေၾကာင့္လဲဆိုေတာ့ ဂ်ီမင္ေလးက ဘယ္အရာကိုမဆို ေသခ်ာစဥ္းစားၿပီး ဆုံးျဖတ္တတ္တဲ့ကေလးမွန္း ဖြားတို႔ယုံၾကည္ထားတယ္”

“ဟင့္”

“Jimin Hyung ဆက္ငိုေနမယ္ဆိုရင္ ကြၽန္ေတာ္ အကုန္စားျပစ္လိုက္ေတာ့မယ္”

Kane အေျပာေၾကာင့္ ဂ်ီမင္က Kane ကို စိုက္ၾကည့္ကာ ။

“မင္းကိုေနာက္တစ္ခါ မေခၚလာဘူး”

“ဟြန္း ေနေပါ့ ကြၽန္ေတာ္ဘာသာ ဖြားတို႔ဆီ Ren senpai ကို လိုက္ပို႔ခိုင္းမွာ ဖြားဖြား ဖိုးဖိုး သားလာလည္လို႔ ရတယ္မဟုတ္လားဟင္”

“ရတာေပါ့ကြယ္”

“ဖြား! ဟင့္! သူ႔ကိုမခ်စ္နဲ႔!”

“ဟားဟား”

TBC ✓

ခ်စ္သူေတြျဖစ္သြားရင္ ခ်စ္သူေတြ ဘာလုပ္ၾကသလဲ မသိ ဟိဟိ ><

See ya








Continue lendo

Você também vai gostar

119K 2.8K 43
When your PR team tells you that we have to date a girl on the UCONN women basketball team and you can't say no to it... At first you don't think too...
966K 36.6K 87
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
121K 5.9K 56
(y/n) (l/n) a girl who was born in the modern world who somewhat ends up in the taisho era of demon slayer. Her sassiness and eccentric attitude capt...
314K 6.9K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc