ထူးထူးဆန်းဆန်း ချစ်ဖူးစာ
By Thwin2004
21.6K 967 13
BL စာရေးဆရာလေးXZနဲ့ LGBTလက်မခံသူလေးWYBတို့ကြားက အချစ်ချိုချိုလေး More
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 33
Part 34
စာလေးဆုံးသည်အထိ ဖတ်ပေးပါ
Part 32
368 16 0
By Thwin2004
.
     လက်ထပ်ပြီး အထိမ်းအမှတ်အနေနဲ့ ဒီနေ့တော့ မိဘမဲ့ဂေယာမှာတစ်နေ့စာ ကျန့်ကျန့်တို့အလှူလုပ်ခြင်းဖြစ်သည်
ရှောင်းကျန့် " ကိုကို ကျန့်ကျန့်ကပုဆိုးဝတ်ရမှာလား"
ဂေယာကိုသွားဖို့အတွက်အင်္ကျီရွေးနေတုန်း ဂျီကျနေတဲ့ဟာလေးကို ရိပေါ်ပြုံးကာကြည့်နေလိုက်တယ်
ရေချိုးပြီးကာစခေါင်းကို ရေသုတ်နေရင်းရိပေါ် ပြန်ပြောလိုက်၏
ရိပေါ် " ဒီနေ့တော့ဒါလေးပဲ ဝတ်လိုက်ပါကွာ နောက်နေ့မှ ကလေးကြိုက်တာဝတ်လေ "
ကျန့်ကျန့်ဝတ်ထားတဲ့ လည်ဂတုံးအင်္ကျီအဝါလေးကို ပြန်ပြင်ပေးလိုက်ရင်း ရိပေါ်လည်း ကလေးနဲ့ဆင်တူအင်္ကျီလေးကောက်ဝတ်လ်ုက်၏
ရှောင်းကျန့် " ကိုကိုဒီဘက်လှည့် ကျန့်ကျန့်ကြယ်သီးတပ်ပေးမယ်"
ရိပေါ်လည်းကလေးပြောသလိုလှည့်ပေးလိုက်တော့ လက်သေးသေးလေးတွေကရင်ဘတ်ကိုရောက်ရှိလာ၏
ရှောင်းကျန့် " မိဘမဲ့ဂေယာဆိုတော့ အဲ့မှာကလေးလေးတွေအများကြီးရှိမှာပေါ့နော်ကိုကို "
ရိပေါ် " ဒါပေါ့ ကလေးက ကလေးချစ်တတ်လို့လား "
ရှောင်းကျန့် " ချစ်တယ် ဒါပေမယ့် ကလေးထက်ကိုကို့ကိုပိုချစ်တယ်"
ရိပေါ် ကြယ်သီးတပ်ပေးရင်းလူကိုအမျိုးမျိုးခြွေနေတဲ့ အဆိုးလေးကြောင့် ဖျစ်ညှစ်လိုက်မိသည်
ရိပေါ် " ချစ်လွန်းလို့နော် ကိုက်စားပစ်ချင်နေပြီ ဘယ်လိုလည်းကိုက်စားရမှာလား"
ရှောင်းကျန့် " ကိုကိုအရမ်းမဖက်ထားနဲ့လေ အင်္ကျီတွေကျေကုန်မယ် လွှတ်ပေး"
ရိပေါ် " ကျေပါစေ မလွှတ်ဘူး"
ပြောပြီးပိုတိုးလို့ဖက်ထားတဲ့ရိပေါ်ကြောင့် ကျန့်ကျန့်စိတ်ပိစိလေးဆိုးလာမိသည်
ဟုတ်တယ်လေကိုယ့်လို celeကအလှုလာတာအင်္ကျီကျေမွမွနဲ့ဆိုရင် ဘယ်လောက်တောင်ဂွမ်းမလည်း
ရှောင်းကျန့် " အင့် လွှတ်ပေးအင်္ကျီတွေကျေတော့ပါမယ်ဆို ကိုကိုနော်အနိုင်မကျင့်နဲ့လို့"
ရိပေါ်ရင်ဘတ်ကိုလက်သေးသေးလေးနဲ့တွန်းထုတ်လာတဲ့အဆိုးလေးကို ခပ်ဆက်ဆက်လေးနှုတ်ခမ်းပိစိလေးကိုကိုက်ချလိုက်၏
ရိပေါ် " ကျေလည်းဘာဖြစ်လည်း ယောက်ျားပဲရပြီးနေပြီ ခင်ဗျားလေးကဘယ်သူ့တွေအတွက်ရှိုးထုတ်ချင်နေသေးတာလည်း "
ရိပေါ် ဖက်ထားခြင်းကိုလွှတ်ပေးပြီး ကျန့်ကျန့်ပုခုံးလေးကိုဆုက်ကိုင်ကာမေးနေ၏
ရှောင်းကျန့် " ဘယ်သူကရှိုးထုတ်နေလို့လည်း လူကိုရန်လာမစနဲ့နော်ကိုကို"
ရိပေါ် " စတယ်ကွာ ဘာလုပ်ချင်လဲ "
အ!
ပြောပြီး ထပ်မံကိုက်ချခြင်းခံလိုက်ရတဲ့ကျန့်ကျန့်နှုတ်ခမ်းလေး အခုတော့ပေါက်သွားရလေပြီ
ရှောင်းကျန့် " ကိုကို! "
ဟားဟား..
ကျန့်ကျန့်ရဲ့အော်သံကြောင့်ရိပေါ်တဟားဟားနဲ့အော်ရယ်မိသည်
ရိပေါ် " ကိုကိုကချစ်လို့စတာလေကွာ စိတ်မကောက်နဲ့"
ရှောင်းကျန့် " ကိုကိုကကျန့်ကျန့်ကိုဆို အမြဲအနိုင်ကျင့်တယ်"
အခုထိနှုတ်ခမ်းလေးထော်ကာကောက်နေတဲ့ဟာလေးကိုရိပေါ် ပွေ့ချီကာ မွေ့ယာပေါ်ထိုင်ချပြီးပေါင်ပေါ်တင်ထားလိုက်၏
ရိပေါ် " ကိုကိုက တကိုယ်ကောင်းဆန်တယ်ကလေး မင်းရဲ့ဘဝ မင်းရဲ့ခန္ဓာကိုယ်တင်မကဘူး မင်းရဲ့စိတ်ကိုပါ ကိုကိုပိုင်တယ်ဆိုတာ တလောကလုံးကလူတွေကိုပြောပြချင်တဲ့အထိကို အတ္တကြီးတယ် ဒါ့ကြောင့်မင်းကအနိုင်ကျင့်ခံရတယ်လို့တွေးချင်တွေးလိမ့်မယ် ဒါပေမယ့် ကိုကို့ကိုယ် အချစ်ကမင်းအပေါ်မှာသက်ရောက်မှုမျိုးစုံနဲ့ပုံဖော်ချင်နေတာ"
ရိပေါ်စကားကို မျက်လုံးလေးဝိုင်းကာစိတ်ဝင်စားနေတဲ့အဆိုးလေးက ရိပေါ်နှုတ်ခမ်းဆီဖိကပ်လာပြီး လှပတဲ့အနမ်းတစ်ပွင့် ချီးမြှင့်ခဲ့ပါသည်
ရှောင်းကျန့် " ကျန့်ကျန့်ကလည်း အခုလိုစိတ်ဆိုးစိတ်ကောက်လုပ်တာ ယောက်ျားချော့တာကိုခံချင်လို့ ဂရုစိုက်မှုကိုလိုလားလို့ပါ အနိုင်ကျင့်တယ်လို့လည်း တစ်ခါမှမတွေးဖူးသလို အနိုင်ယူတယ်လို့လည်းကျန့်ကျန့်မသတ်မှတ်ခဲ့ပါဘူး ဒါ့ကြောင့် ကျန့်ကျန့်ပြောတဲ့စကားတွေကိုစိတ်ထဲမထားပါနဲ့ကိုကို "
ရိပေါ်ရဲ့ပါးလေးကိုလက်ဖြင့်တယုတယကိုင်ကာ အကြည့်ချင်းခဏဆုံလိုက်ပြီး
ရှောင်းကျန့် " ကျန့်ကျန့်အများအမြင်ကိုဂရုမစိုက်တော့ပါဘူး ကိုကိုစိတ်ချမ်းသာဖို့ကိုပဲဂရုစိုက်ပါတော့မယ် အဓိကက ကျန့်ကျန့်ချစ်ရတဲ့ကိုကို ချစ်နေဖို့ပဲလိုတာ နောက်ကိုကျန့်ကျန့်ကိုကိုစိတ်မကောင်းအောင်မပြောတော့ဘူးနော် ကိုကိုအခုကျန့်ကျန့်ကိုယူမလားဟင် ကျန့်ကျန့်ပေးမယ်"
သူ့ကိုယူဖိူ့မေးလာတဲ့ကလေးဆိုးလေးကြောင့် ရိပေါ်အချစ်ပိုရပြန်ပြီ
တကယ်ပဲဒီကလေးက လူကိုစကားတွေနဲ့လာချူ ပ်နေပါ၏
ရိပေါ် "အခုတော့မယူသေးဘူး ဂေဟာကိုသွားရဦးမယ်လေ ပြန်လာမှကလေးကို ကိုယ်ယူမယ်လက်ခံပေးမလားကလေး"
ရှောင်းကျန့် " ကိုကို့အတွက်ဆို ကျန့်ကျန့်ကအဆင်သင့်ပါပဲ "
ရိပေါ် " ချစ်လိုက်တာကွာ လာပါဦးအဲ့စကားတတ်တဲ့နှုတ်ခမ်းလေးကို မြည်းကြည့်ချင်လို့"
ရှောင်းကျန့် " ရော့ မြည်းကြည့်😗"
နှုတ်ခမ်းလေးဆူပေးကာ အလိုက်သင့်နေပေးတဲ့အဆိုးလေးကြောင့် ရိပေါ်တို့ဂေဟာကို အချိန်နှောင်းမှရောက်ခဲ့ရပြန်၏
.
.
ဂေဟာမှအပြန် ရိပေါ်ကကျန့်ကျန့်တို့အား ဆိုင်တစ်ခုကိုခေါ်ပြီးကျွေးမွေးခဲ့ပါသေး၏
ရိပေါ် " အားလုံးကြိုက်တာမှာကြနော်"
စန္ဒာတို့ ကျန်းချန်တို့လည်းပါတာမလို့ ကိုကိုကအားမနာအောင်ပြောလိုက်ခြင်းပင်
ဝန်းနင် " ချစ်ဘာစားချင်လည်း "
ကျန်းချန် " ဟောပေါ့ စားချင်တယ်မောင်"
ဝန်းနင် " okမောင်မှာပေးမယ်ခဏစောင့်"
ရိပေါ် " ကလေးရောဘာစားမှာလည်း အပူအစပ်တွေတော့မရဘူးနော် ဗိုက်အောင့်မယ်"
နှာဖူးပေါ်ဝဲကျနေတဲ့ ကျန့်ကျန့်ရဲ့ဆံပင်ပျော့ပျော့လေးအား သပ်တင်ပေးရင်း ပြောလိုက်တော့ ယုန်သွားလေးတွေပေါ်အောင်ပြုံးပြခဲ့သည်
ရှောင်းကျန့် " ကိုကို့သဘော ကိုကိုမှာပေးတာကျန့်ကျန့်အကုန်စားမှာ"
ရိပေါ် " ချစ်စရာလေးကွာ "
ပါးလေးကိုခပ်ဖွဖွလိမ်ဆွဲလိုက်ပြီး ရိပေါ်မွှေးကြူ လိုက်တော့
စန္ဒာ တို့အဖွဲ့မျက်စိနောက်လာ၏
မိုးစန္ဒာဝင်း " သန္တာရေဘာစားမှာလည်း အစ်မမှာပေးမယ်လေ ဒါပေမယ့် ချိုတာတွေတော့မစားရဘူးနော် ဆီးချိုတက်မှာဆိုးလို့"
ချွဲအီအီအသံနဲ့စလာတဲ့စန္ဒာကြောင့် ကျန့်ကျန့်ရောကျန်းချန်တို့ပါ ရီကုန်ကြ၏
မိုးသန္တာဝင်း "ကဲပါစန္ဒာရယ် ကိုယ့်ဘာသာပဲမှာစမ်းပါ တော်ကြာbossကစိတ်ကောက်နေအုန်းမယ်"
ဝင်းလဲ့လဲ့မိုး " ဟဲ့bossကစိတ်ကောက်တတ်လို့လား "
ရိပေါ် " စိတ်လည်းကောက်တတ်သလို အလုပ်လည်းထုတ်တတ်တယ်နော် "
ရုပ်တည်တည်နဲ့ပြောလာတဲ့ရိပေါ်ကြောင့် ကျန့်ကျန့်လက်ကုပ်ကာတားလိုက်၏
ရှောင်းကျန့် " အမစန္ဒာတို့စိတ်မဆိုးနဲ့နော် ကိုကိုကအဲ့လိုပဲပြောတတ်လို့ပါ"
မိုးစန္ဒာဝင်း " ရပါတယ် အမတို့ကအစတည်းက bossကိုစိတ်ထဲကိုမရှိတာ😄"
စန္ဒာရဲ့ အပြောမတတ်မှုကြောင့် စားသောက်ဝိုင်းလေးစည်းကားသွားပြီး ရယ်မောသံတွေထွက်လာတော့၏
ရိပေါ် "ကိုကို toliet ခဏသွားလိုက်ဦးမယ်"
ရိပေါ်စားနေရင်း ထထွက်သွားတာကြောင့် စန္ဒာတို့ပြောစရာရှိတာပြောဖို့ပြင်လိုက်၏
မိုးသန္တာဝင်း " အကိုကျန့် အမမြစ်ဖျားထိပ်နဲ့ကတကယ်ပဲအဆင်ပြေသွားပြီလား"
ရှောင်းကျန့် " သူ့ဘက်က စစ်ပြေငြိမ်းရေးကမ်းလှမ်းလာမှတော့ ကျန့်ကျန့်လည်းလက်ခံလိုက်တာ မဟုတ်ရင်ရန်ပွဲကပြီးမှာမဟုတ်ဘူး"
ဝင်းလဲ့လဲ့မိုး " သူ့ဘက်တကယ်ရော ငြိမ်းချမ်းချင်ပါ့မလားအကိုကျန့်. တော်ကြာမြေခွေးလိုကောက်ကျစ်နေမှ"
ရှောင်းကျန့် " အရမ်းစိတ်မပူပါနဲ့မိုးရယ် အကိုလည်းအစကတော့အဲ့လိုတွေးဖူးတယ် နောက်တော့သူကိုယ်တိုင်တောင်းပန်ပြီး နောင်တရကြောင်းဝန်ခံတယ်လေ သူတကယ်နောင်တရနေပြီထင်ပါတယ်"
မိုးစန္ဒာဝင်း " ဘာပဲဖြစ်ဖြစ် သူ့ကိုအရမ်းမယုံစားနဲ့နော်မောင်လေး သူကသိပ်ယုံရတာမဟုဘူး"
ရှောင်းကျန့် " အင်းပါ ကျန့်ကျန့်ကိုစိတ်ပူပေးလို့အမတို့ကိုကျေးဇူးတင်ပါတယ်နော် ကျန့်ကျန့်တိူ့မင်္ဂလာပွဲမှာတောင်သူမသောင်းကျန်းဘဲ ဝိုင်းကူပေးတယ်ဆိုတော့ သူတကယ်ကိုနောင်တရသွားပြီဖြစ်မှာပါ"
ယုံကြည်မှုရှိရှိနဲ့ပြောနေတဲ့ ကျန့်ကျန့်ကြောင့် မင်္ဂလာပွဲတုန်းကမြစ်ဖျားထိပ်ပြောခဲ့တဲ့ စကားတွေကိုတော့စန္ဒာတို့မပြောဖြစ်ခဲ့ကြ။
.
.
၄ လခန့်ကြာပြီးသော်
ရှောင်းကျန့် " မားဘာတွေလုပ်နေတာလည်း "
မနက်စောစောအိပ်ယာနိုးလာတဲ့ကျန့်ကျန့်က မီးဖိုချောင်ဆီရောက်ချလာပြီး မနက်စာပြင်နေတဲ့ဝမ်မားအနားကပ်လေ၏
ဝမ်မား " အစောကြီးနိုးနေတာလား သားကျန့်လေး"
ရှောင်းကျန့် " ဟုတ်မား ကျန့်ကျန့်မနေ့ကအစောကြီးအိပ်ပျော်သွားလို့😁 မားမနက်စာပြင်နေတာလား"
ဝမ်မား " ဟုတ်တယ်သားရဲ့ နန်းကြီးသုတ်လေ သားကျန့်လေးကြိုက်တယ်မလား စားတော့ဖို့လားသား"
ရှောင်းကျန့် " ဟင့်အင်း ကျန့်ကျန့်ကိုကိုနိုးလာမှအတူတူစားတော့မယ်မား ကျန့်ကျန့်ကိုကို့အတွက်မနက်စာပြင်ချင်လို့ ရလားမား"
ဝမ်မား " ရပါ့ရှင် လာပြင်ခဲ့မားလည်းဘုရားသွားရှိခိုးတော့မယ်ဒါဆို "
ရှောင်းကျန့် " ဟီး ချစ်တယ်နော်မား"
ယုန်သွားလေးတွေပေါ်အောင်ပြုံးပြနေတဲ့ ကျန့်ကျန့်ကြောင့်ဝမ်မားပါ လိုက်ပြုံးမိတော့သည်
ဒီကလေးကိုသားဝမ်က စိတ်မချတာလည်းဖြစ်လောက်ပါတယ်
ဒီလောက်ဖြူစင်ပြီး   ချစ်စရာကောင်းနေတဲ့ကလေးကိုလူတိုင်းကချစ်ကြမှာလေ
ဝမ်မား  ကျန့်ကျန့်ရဲ့ပါးလေးကိုညှစ်လိုက်ပြီးဘုရားခန်းဆီသွားလိုက်၏          
ရိပေါ်အိပ်ယာကနိုးလာတော့ ကလေးကိုမတွေ့ရသဖြင့်လိုက်ရှာနေမိသည်
အခန်းတစ်ခုလုံး နှံ့အောင်ရှာနေတာတောင် တွေ့ချင်တဲ့မျက်နှာလေးကိုမတွေ့ရလို့ရိပေါ်ဘူသွားရပါ၏
အခုချိန်လောက်ဆို အောက်ထပ်ရောက်ပြီးမေမေတိူ့နဲ့စကားဖောင်ဖွဲ့နေတာပဲဖစ်မည်
ရိပေါ်မျက်နှာသစ်လိုက်ပြီးအောက်ထပ်ဆင်းလာတော့ ထမင်းစားခန်းမှာမနက်စာပြင်နေတဲ့ချစ်ရတဲ့လူသားလေး
ရှောင်းကျန့် " ဟာကိုကိုတောင်နိုးနေပြီပဲ ကျန့်ကျန့်ကဒါလေးလက်စသတ်ပြီးရင်လာတောင်နှိုးတော့မလို့"
လက်အိတ်လေးဖြင့်သုတ်နေတဲ့ပန်းကန်လေးကိုပြရင်း ပြောလိုက်တာပါ
ရိပေါ် " အစောကြီးနိုးနေတာလားကလေး "
ရှောင်းကျန့် " အင်း ညကအစောကြီးအိပ်ထားလို့ပါကိုကိုရာ အိပ်ရေးလည်းဝပါတယ် ကျန့်ကျန့်ဘာမှမဖြစ်ဘူး"
ကိုကိုကအိပ်ရေးမဝဘဲခေါင်းကိုက်မှာစိုးရိမ်နေတာကြောင့် ကျန့်ကျန့်မှာ ပျာပျာသလဲရှင်းပြရ၏
မဟုတ်ရင် ကိုကိုကအလုပ်မသွားဘဲအနားကပ်နေတော့မှာလေ
ကျန့်ကျန့်သုတ်လို့ပြီးတဲ့နန်းကြီးသုတ်လေးကို ပန်းကန်ပြားတစ်ခုထဲထည့်ရင်း သူပါခုံမှာဝင်ထိုင်လိုက်သည်
ရှောင်းကျန့် "ကျန့်ကျန့်လက်ရာလေးစားပါဦးကိုကို"
ပန်းကန်လေးကိုရိပေါ်ရှေ့ချပေးပြီး ပြောလိုက်၏
ရိပေါ် " ဒီနေ့ဘယ်သွားစရာရှိလည်းကလေး"
ရိပေါ်အမေးကိုစဉ်းစားသလိုလေးလုပ်ရင်းပြန်ဖြေ၏
ရှောင်းကျန့် " ဒီနေ့တော့ အကိုမုန့်ယောက်ဆီစာမူသွားအပ်ရဖို့တော့ရှိတယ်ကိုကို ဘာလို့လည်း"
ရိပေါ် "  ကိုကိုဒီနေ့မအားလို့နောက်နေ့မှသွားပါလား "
နန်းကြီးသုတ် စားရင်းရိပေါ်ပြောတော့ကျန့်ကျန့်ကဘဲဥလေးထည့်ပေးရင်းပြောပြန်တယ်
ရှောင်းကျန့် " ရတယ် ကျန့်ကျန့် ဦးသောင်းနဲ့သွားလိုက်မယ်လေ"
ရိပေါ် " ကိုကို့စကားကိုနားထောင် ဦးသောင်းနဲ့လည်းမသွားရဘူး ကိုကိုလိုက်ပို့မယ် "
ရိပေါ်လေသံနည်းနည်းမာသွားတာကြောင့် ကျန့်ကျန့်စားလတ်စကိုရပ်ကာ သွားလေးတွေအသားကုန်ပေါ်အောင်ပြုံးလိုက်၏
ရှောင်းကျန့်. " ကျန့်ကျန့် ကိုကို့စကားကိုနားထောင်မယ်လေနော် စိတ်မဆိုးပါနဲ့ယောက်ျားကလည်း စိတ်ကြီးပဲ "
စကားနားမထောင်လို့လည်းမရ အရင်တစ်ခေါက်ကကိုကို့စကားကိုနားမထောင်ဘဲ ဦးသောင်းနဲ့အပြင်သွားမိတာ
ဘယ်က ကလေကချေကလည်းမသိဘူး လူကိုဆွဲလားရမ်းလားလုပ်လို့ ကိုကိုအရမ်းစိတ်ဆိုးသွားတာလေ
ကိုကို့ကိုဘယ်သူက ဓာတ်ပုံရိုက်ပို့လိုက်လည်းမသိဘူး အိမ်ရောက်တာနဲ့ကျန့်ကျန့်ကိုအကြီးအကျယ်စိတ်ဆိုးပါလေရော
နောက်ဆိုကျန့်ကျန့်ဝါသနာပါတဲ့အလုပ်လေးကိုပါ ပိတ်ပင်မယ်လုပ်တဲ့ကိုကို့ကြောင့်ကျန့်ကျန့်မှာ
စကားနားမထောင်ဘဲမနေရဲ
အဲ့နောက်ပိုင်း ကိုကိုကသူမပါရင်ဘယ်မှမလွှတ်တော့
.
ကိုကိုအလုပ်သွားတော့မှာဆိုတော့  ကျန့်ကျန့်လုပ်ပေးနေကျအတိုင်းအင်္ကျီလေးထုတ် ကြယ်သီးလေးတပ်ပေးလိုက်တော့ကိုကိုကကျေနပ်နေပြီး နှာဖူးပြင်အားအနမ်းတစ်ပွင့်ဆုချလေ၏
ကိုကိုအခုလိုနမ်းတိုင်းကျန့်ကျန့်ပျော်တယ်
ဘာလို့ဆိုအခုနောက်ပိုင်းကိုကိုကပိုပြီးလူကြီးဆန်ကာရင့်ကျက်လာလို့လေ
အိမ်ထောင်သည်ဖြစ်တာကြောင့် အရင်လိုနေလို့မရဘူးလို့ခဏခဏပြောတယ်
ရိပေါ် "အိမ်ထဲမှာပဲနေပြီးစာရေးနေနော်ကလေး ပျင်းရင်TVကြည့် ဒါမှမဟုတ်ကိုယ့်ကိုဖုန်းခေါ် အပြင်တွေခိုးမသွားရဘူး ပြီးတော့မေမေတို့ကိုကပ်ချွဲပြီး သရက်သီးသုတ်တွေလည်းမစားရဘူးကြားလား"
ဒါကတော့သရက်သီးပေါ်ချိန်ကစလို့နေ့စဉ်နေ့တိုင်းပြောနေကျ CEO Wang ရဲ့သြဝါဒပင်။
အလုပ်မသွားခင် မှာနေတတ်တဲ့ကိုကို့ကြောင့် ကျန့်ကျန့်မှာအလွတ်တောင်ရနေပြီ
ဒါပေမယ့်လည်း ချစ်ရတဲ့ကိုကိုစိတ်မပူရအောင်ကျန့်ကျန့်ပုတ်သင်ညိုလေးလို ခေါင်းကိုတဆက်ဆက်ညှိမ့်ပြလိုက်၏
ရိပေါ် သူ့အပြောကိုခေါင်းလေးညှိမ့်ပြီးနားထောင်နေတဲ့အဆိုးလေးအား ခေါင်းလေးကိူပွတ်ပေးရင်းခဏဖက်ထားလိုက်သည်
ရိပေါ် " ကိုကိုစိတ်ချမယ်နော်ကလေး "
ကားပေါ်တက်ခါနီးတောင် စိတ်မချချင်ဖြစ်နေတဲ့ကိုကို့ကြောင့် ကျန့်ကျန့် ကားမှန်လေးထဲခေါင်းတိုးကာ ကိုကို့ပါးလေးအားနမ်းလိုက်ပြီး
ရှောင်းကျန့် " ကိုကိုစိတ်ချပါ ကျန့်ကျန့်ကိုကို့စကားကိုဘယ်တုန်းကနားမထောင်လို့လည်း စိတ်ချလက်ချသာသွားနော် ချစ်တယ်ကိုကို"
ရိပေါ် "ချစ်တယ် ကလေးကိုယ်သွားပြီ"
ရိပေါ်ကားလေးခြံထဲကထွက်သွားပြီးကာမှ ကျန့်ကျန့်အိမ်ထဲပြေးဝင်ကာမီးဖိုချောင်ဆီသွားလိုက်၏
ရှောင်းကျန့် " အဆင်သင့်ပဲလားဒေါ်ကြည်"
.
.
.
တစ်နေ့လုံး meeting ကိစ္စနဲ့တိုင်ပတ်နေတာကြောင့် ကျန်းချန်တို့မှာနေ့လည်ရောက်မှနားရတော့၏
ရိပေါ်လည်းအတော်ပင်ပန်းနေပြီဖြစ်လို့ မိမိအလုပ်ခန်းပြန်ကာနားဖို့လုပ်တော့သည်
ရိပေါ် " ဟင်! ကလေးဘယ်လိုရောက်နေတာလည်း"
ပင်ပင်ပန်းပန်းနဲ့အခန်းထဲအဝင် မြင်လိုက်ရတဲ့ရွှေရင်အေးလေးကြောင့်ရိပေါ်အံ့အားသင့်မိပါရဲ့
ရှောင်းကျန့် " ကိုကို့အတွက်နေ့လည်စာလာပို့ပေးတာလေ အမစန္ဒာတို့ကပြောတယ် ဒီနေ့မနက်ထဲကကိုကို Meeting လုပ်နေရတာဆို ပင်ပန်းနေပြီလား ကိုကို"
ဆိုဖာလေးမှာထိုင်ရင်း ရိပေါ်ကိုယ်ပေါ်ကကုတ်အင်္ကျီလေးကိုချွတ်ပေးလိုက်တဲ့ကျန့်ကျန့်
ရိပေါ် " ပင်ပန်းတယ် အရမ်းပဲ"
ညည်းညူ ကာ သူ့ပုခုံးပေါ်ခေါင်းမှီလာတဲ့ရိပေါ်ကြောင့် ကျန့်ကျန့် ကိုကိုနေရအဆင်ပြေအောင် ကိုယ်လေးမတ်ထားပေးလိုက်၏
ကိုကိုအရမ်းပင်ပန်းနေပြီထင်တယ်
ရိပေါ်ရဲ့ဆံစလေးတွေကိုသတ်ကာပွတ်ပေးရင်း မေးလိုက်၏
ရှောင်းကျန့် " ကိုကိုအရမ်းပင်ပန်းနေတယ်ဆိုတော့ ကျန့်ကျန့်ဘာလုပ်ပေးရမလည်းဟင်"
ကျန့်ကျန့်အမေးကြောင့် ချက်ချင်းခေါင်းလေးထောင်ကာ သူ့ကိုနမ်းဖို့ပြောလာတဲ့ကိုကို့ကြောင့် ကျန့်ကျန့်မှာကြည်နူးမိသေး၏
ကိုကိုက ကလေးဆန်မှုလက်ကျန်လေးတွေရှိနေတုန်းပါလား
ကျန့်ကျန့် ထိရောက်သည်ဖြစ်စေမထိရောက်သည်ဖြစ်စေ ကိုကိုကနမ်းစေချင်မှတော့သူကနမ်းပေးရမှာပေါ့
တကယ်ပါကျန့်ကျန့်သာအားဆေးတစ်ခွက်ဆိုရင် ကိုကို့အတွက်တကယ်ပဲပေးဆပ်ချင်မိပါတယ်
ရှောင်းကျန့် " နေ့လည်စာစားလိုက်ဦးကိုကို ဗိုက်အောင့်နေမယ်"
အခုထိ သူ့ပေါင်ပေါ်ခေါင်းအုံးကာမှေးနေတဲ့ကိုကိုကြောင့် ဗိုက်အောင့်မှာစိုးရိမ်နေမိ၏
ရိပေါ်. " ကိုယ်ပင်ပန်းနေလို့ဇွန်းမကိုင်နိုင်ဘူး ကလေး ကိုယ့်ကိုခွံ့ကျွေး"
ရှောင်းကျန့် "CEO ကြီးကလည်းနော်အခွင့်ရေးရရင်ယူမယ်ဆိုတာကြီးပဲ ကောင်းပါပြီခွံ့ကျွေးပါ့မယ်"
ရိပေါ် " ဇွန်းနဲ့ဆိုမစားဘူးနော် ကလေးလက်နဲ့ခွံ့ "
ရိပေါ်စကားကြောင့် ချိုင့်ဖွင့်နေတဲ့ကျန့်ကျန့်လက်လေးလေထဲမှာ ရပ်တန့်သွားမိသည်
ရှောင်းကျန့် " ကိုကိုကလည်း ဂျီမကျပါနဲ့အိမ်ရောက်မှလက်နဲ့ကျွေးမယ်လေ အခုတော့ဇွန်းနဲ့ပဲစားပါလား"
ရိပေါ် " တော်ပါပြီ လက်နဲ့မခွံ့ရင်မစားတော့ဘူး ဗိုက်အောင့်လည်းအောင့်ပါစေ"
စိတ်ကောက်ပြီး ဆိုဖာအစွန်းမှာသွားထိုင်နေတဲ့ရိပေါ်ကြောင့် ကျန့်ကျန့်လည်း ဘေစင်မှာလက်သွားဆေးလိုက်ရတော့သည်
ရှောင်းကျန့် " ကဲကောက်မနေနဲ့တော့ကိုကိုအဆိုးကြီးရေ လက်နဲ့ခွံ့မယ်ဒီဘက်လှည့်နော်"
ထိုအခါမှ ပြုံးကာလှည့်လာပြီးထမင်းစားတော့၏
တကယ်ပါကိုကို့ကိုယ်ဘယ်လိုနားလည်ရမှန်းမသိတော့
ထမင်းသူ့ဘာသူမစားချင်တိုင်း လူကိုခွံ့ကျွေးခိုင်းတယ် ပြီးရင်လည်းကျန့်ကျန့်လက်နဲ့ခွံ့မှစားတာ
ရိပေါ် " စားလို့ကောင်းလိုက်တာကွာ ကလေးလက်ရာလေးကိုမစားရလို့လွမ်းနေတာ"
ရှောင်းကျန့် " ဒါဆိုကျန့်ကျန့်နေ့တိုင်းချက်ပေးမယ်လေ"
ရိပေါ် " မရပါဘူး ကလေးပင်ပန်းလိမ့်မယ််နေ့တိုင်းမချက်ရဘူး ကိုကိုမကြိုက်ဘူးကလေးပင်ပန်းမှာကို'"
ကိုကို့အပြောကြောင့်ထမင်းခွံ့နေတဲ့ကျန့်ကျန့်မှာရှက်နေမိပြန်သည်
ရိပေါ် " ကိုက်လန်စားမယ်အဲ့တာနဲ့ခွံ"
ရိပေါ်စကားကြောင့် ကျန့်ကျန့်ကိုက်လန်ကြော်ထားတဲ့ ချိုင့်လေးကိုယူကာထမင်းဖြင့်နယ်နေ၏
အေမ့!
ထမင်းနယ်နေတုန်း ရုတ်တရက် ရင်ဘတ်ကအေးခနဲဖြစ်သွားလို့တရားခံကိုကြည့်လိုက်တော့ ကိုကိုပင်
ရှောင်းကျန့် " ကိုကိုဘာလုပ်တာလည်း ရုံးခန်းကြီးမှာနော်ပြန်ချပေး တစ်ယောက်ယောက်တွေ့သွားရင်မကောင်းဘူး"
ကျန့်ကျန့်လက်မအားတာကိုအခွင့်ကောင်းယူပြီး အင်္ကျီကိုဆွဲလှန်ကာ ရင်ဘတ်ကိုရန်မူနေတဲ့ကိုကိုက သူမဟုတ်သည့်အတိုင်းပင်လွှတ်မပေးခဲ့
လက်ပေနေတာကြောင့် ကိုယ့်ဘာသာလည်းဆွဲချလို့မရ
အခုမှဒုက္ခနဲ့ကျန့်ကျန့်နဲ့တွေ့တာ
ရှောင်းကျန့်.  "ကိုကိုရာမဆိုးနဲ့ ထမင်းကောင်းကောင်းစားလေ"
ရိပေါ် " ကောင်းကောင်းစားစေချင်ရင် ဒီအတိုင်းခွံ့ မဟုတ်ရင်မစားတော့ဘူး"
သုံးလေးလုပ်သာစားရသေးတဲ့ ကိုကို့ကြောင့်နောက်ဆုံးလက်လျော့လိုက်ရသူက ကျန့်ကျန့်ပါ
ခင်ဗျားတို့တွေ့တယ်မလား တစ်ခါတစ်လေ  ကျွန်တော့်ကိုကိုကအဲ့လိုလည်း ဆိုးတတ်သေးတာ
ထိုနေ့က CEO Wangက ထမင်းကို၂နာရီနီးပါးကြာမြင့်အောင်စားခဲ့ပါသည်တဲ့။
အမောင်ကျန့်ကျန့်မှာတော့ မနည်းပြီးမြောက်အောင်ထမင်းခွံ့ကျွေးခဲ့ရသေးသည်
.
.
.
Part 33🙆‍♂️🙆
တစ်ချို့တွေရဲ့ comတွေပျောက်နေတယ်နော်
ဖုန်းလည်းမဆက်ဘဲပစ်ထားတတ်နေပြီ😌
............
Zawgyi
.
အ!
ရှောင်းကျန့် " ကိုကို! "
ဟားဟား..
သူ့ကိုယူဖို့မေးလာတဲ့ကလေးဆိုးလေးကြောင့် ရိပေါ်အချစ်ပိုရပြန်ပြီ
.
.
ရိပေါ် " ချစ်စရာလေးကွာ "
ရှောင်းကျန့် " အင်းပါ ကျန့်ကျန့်ကိုစိတ်ပူပေးလို့အမတို့ကိုကျေးဇူးတင်ပါတယ်နော် ကျန့်ကျန့်တို့မင်္ဂလာပွဲမှာတောင်သူမသောင်းကျန်းဘဲ ဝိုင်းကူပေးတယ်ဆိုတော့ သူတကယ်ကိုနောင်တရသွားပြီဖြစ်မှာပါ"
.
.
၎ လခန့်ကြာပြီးသော်
အခုချိန်လောက်ဆို အောက်ထပ်ရောက်ပြီးမေမေတို့နဲ့စကားဖောင်ဖွဲ့နေတာပဲဖစ်မည်
.
ရိပေါ် သူ့အပြောကိုခေါင်းလေးညှိမ့်ပြီးနားထောင်နေတဲ့အဆိုးလေးအား ခေါင်းလေးကိုပွတ်ပေးရင်းခဏဖက်ထားလိုက်သည်
.
.
.