JEALOUS KING 🔥

By Hteteijinkoo

76.9K 8.3K 2.4K

ခင်ဗျားနဲ့တခြားလူအကြည့်ချင်းတစ်စက္ကန့်ဆုံတာနဲ့ကျုပ်လူသတ်ချင်စိတ်ပေါက်နေပြီ!!! More

Part -1🔥
Part-2🔥
Part-3🔥
Part-4🔥
Part-5🔥
Part-6🔥
Part -7🔥
Part-8🔥
Part-9🔥
Part 10🔥
Part-11🔥
Part-12🔥
Part-13🔥
Part-14🔥
Part-15 🔥
Part-16🔥
Part-17🔥
Part-18 🔥
Part-20🔥
Part-21🔥
Part-22 🔥
Part-23🔥
Part-24🔥
Part-25🔥

Part-19🔥

2.5K 273 40
By Hteteijinkoo

Unicode;

Hoseok;“စာကြည့်တိုက်သွားရအောင်...”

ထမင်းစားပြီးသောက်ပြီးတော့ အဆုံးအစရှိစွာဖြင့် ဟိုဆော့ကပြောလာသည်.... စာကြည့်တိုက်ဆိုလို့ ဆော့ဂျင် ကင်မ်ချီတွေကို စိုက်ကြည့်ရင်း‌ တွေးနေရာမှ ဟိုဆော့ကိုမျက်လုံးလှန်ကြည့်လိုက်သည်....

“အမလေး... မင်းပါးစပ်က စာစကားထွက်တာထူးဆန်းတယ်ရော်...~”

ရည်းစားနဲ့တွေ့ပြီး ဘယ်ကနေဘယ်လိုပြန်လာမှန်းမသိတဲ့
Jimin ကလည်း ဟိုဆော့ကို မျက်စောင်းထိုးရင်း ခပ်စ‌ပြောလာသည်....

“ငါစာ‌လုပ်တော့မှာ...စာမေးပွဲက ကပ်နေပြီ...
Library မှာ knowledge လေးဘာလေးတစ်ခုစနှစ်ခုစသွားယူမှဖြစ်​တော့မယ်..”

Seokjin;“အေးပါကွာ...သွားကြတာပေါ့...
Jimin မင်းလည်းလိုက်မယ်မလား..?”

“ပြီးမှ ငါလိုက်လာခဲ့မယ်... ငါထယ်နဲ့ စကားပြောမို့...ဟီး”

Seokjin;“မင်းတို့အတွဲပဲကောင်း...
သွားမယ် Hoba...!”

Seokjin သူ့ကိစ္စတွေတွေးနေတော့ဘဲပ်ပါ့ပေါ့သာနေလိုက်တော့သည်....မဟုတ်ရင် စဉ်းစားတွေးခေါ်လွန်းလို့စိတ်ပင်ပန်းနေပြီ...

~~~~~~

စာမေးပွဲအတွက် ဗဟုသုတရအောင်စာဖတ်ဖို့လာပေမယ့် တကယ်တမ်းသူရောဟိုဆော့ရောက ကားတွန်းစာအုပ်တွေဆီ ခြေလှမ်းတွေဦးတည်နေသည်....တကယ်တက်ညီလက်ညီပင်...~

ကျယ်ဝန်းလှသည့် သူတို့ကျောင်းရဲ့ Library Room ကြီးတစ်ခုလုံးက စာအုပ်တွေနှင့်လှလှပပရယ်...~ 

“ငါဟိုဘက် Role ခဏသွားအုံးမယ်...”

Seokjin;“အင်း...”

ဟိုဆော့ကို ဆော့ဂျင်ခေါင်းငြိမ့်ပြလိုက်ပြီး သူလည်း စာအုပ်တွေလိုက်ကြည့်နေမိသည်...

“အစ်ကို ကျွန်တော့်ကို ဟိုးအပေါ်ဆုံးက အပြာနုရောင် စာအုပ်လေးယူပေးပါလားခင်ဗျ...ကျွန်​တော်ယူဖို့ကအရပ်မမှီလို့ ဟီး...”

Seokjin;“အင်း ညီလေး အစ်ကိုယူပေးမယ်...”

ထိုကောင်လေးလက်ညိုးထိုးပြသည့် စာအုပ်လေးက အမြင့်တန်းအဆင့်လေးမှာရှိနေတာကြောင့် သူလက်လှမ်းယူစဉ်....

“အမ‌‌လေး..အစ်ကိုယူ​နေ.?”

ရုတ်တရက်ဆိုသလိုပင် သူ့ရဲ့ခါးအားအနောက်မှ သိုင်းဖက်လိုက်တာကြောင့် လန့်သွားမိလို့ အနောက်လှည့်ကြည့်လိုက်တော့ သူ့ကိုမှင်သေသေကြည့်နေသည့် Jeon Jungkook ကြောင့် မျက်လုံးတွေပင်ပြူးကျယ်သွားသည်...

“ရား...ဖယ်...”

သူ့ခါးပေါ်က Jeon Jungkook လက်ရှည်ရှည်တွေကို ဆွဲဖြုတ်ပစ်ပေမယ့် တစ်စက်ကလေးမှရွေ့....

“ငြိမ်ငြိမ်နေ...!”

“မနေဘူး..”

Jungkook;"ဘာလဲ..? ခင်ဗျားကိုဖက်ထားတဲ့​ကောင်က ကျုပ်ဖြစ်​နေလို့လား..!?"

"မင်းကိုဖယ်လို့ငါ​ကောင်း​ကောင်းမွန်မွန်​ပြော​နေ​တယ်​နော်...! ရာ့...."

သူ့ခါးကို လွှတ်ပေးသည့်အပြင် သူ့ကိုယ်လုံးသည်လည်း တစ်ပတ်လှည့်ခံလိုက်ပြီး သူ့ကျောပြင်နှင့် စာကြည့်စင်ထိကပ်သွားသည်...  သူနဲ့ Jeon Jungkook ကအခုမျက်နှာချင်းဆိုင် တည့်တည့်ကြီး... Jeon Jungkook က သူ့ပခုံးတွေကိုလက်နှစ်ဖက်ဖြင့်ထိန်းချုပ်ထားရင်း သူ့ကိုည့်ည့်မတ်မတ်စူးစိုက်ကြည့်နေသည်.... Jeon Jungkook ရဲ့အသက်ရှူငွေ့ကသူ့မျက်နှာကိုရိုက်ခတ်နေသည်အထိ သူတို့နှစ်ယောက်မျက်နှာက တကယ့်ကိုနီးနီးကပ်ကပ်ပင်...

“အွန့်...!”

သူ့နှုတ်ခမ်းနဲ့ Jeon Jungkook နှုတ်ခမ်းက ထိကပ်သွားပြီး Jeon Jungkook ကသူ့နှုတ်ခမ်းတွေကိုစုပ်ယူလာသည်....

သူနှုတ်ခမ်းကိုမရမကစေ့ထားပေမယ့် Jeon Jungkook ကိုက်တာပါခံလိုက်သည်...
တဖြည်းဖြည်းမြန်ဆန်လာတဲ့ စုပ်ယူမှုတွေကိုသူမတုံ့ပြန်မိဘဲ ခေါင်းတွေသာခါရမ်းနေမိသည်.... သူနှုတ်ခမ်းတွေထူပူလာပြီး အသက်ရှူပါမဝတော့.... သူဒီလိုနမ်းမျိုးမရဖူးတော့ လန့်မိသွားသည်... Jeon Jungkook ကသူ့ကို အမဲဖျက်သလိုရပ်စပ်နမ်းနေသည်.... သူရုန်းကန်တွန်းဖယ်နေပေယ့် သူ့မှာလွှတ်လမ်းကိုရှိပေ....

Seokjin;“မင်းထွက်သွား..!!!”

သူနှုတ်ခမ်းတွေကိုလွှတ်ပေးလိုက်သည်နှင့်ဆော့ဂျင်​အသားကုန်အော်လိုက်သည်...သူတို့ကိုဘေးနားမှာမသိမသာရော သိသိသာသာရောလာကြည့်တဲ့သူတွေရှိတာမို့ သူပိုရှက်လာသည်... သူထွက်ပြေးဖို့ Jeon Jungkook လက်ထဲက ရုန်းထွက်ပေယ့် Jeon Jungkook လက်တွေရဲ့ ဖျစ်ညစ်ချုပ်ထားခြင်းကိုသာခံလိုက်သည်...

“Hk..! ဒီကျောင်းက‌ကျုပ်အပိုင်... ဒီစာကြည့်တိုက်ကလည်းကျုပ်ဟာ... ခင်ဗျားကဘာကိစ္စထွက်သွားခိုင်းနေရတာလဲ ? ခင်ဗျားစိတ်ကို ကျုပ်တကယ်နားမလည်ဘူး...”

Seokjin;“ဟုတ်တယ် ငါပြောတာမှားသွားတယ် မင်းဖယ် ငါသွားမယ်...”

“လောလိုက်တာ... မနက်က ခင်ဗျားကောင်ကိုကာပေးနေတုန်းကတော့ အေး‌အေးဆေးဆေး စိတ်ရှည်လက်ရှည်ပါပဲ... ဘာလဲ.. ကျုပ်ကအဲ့ကောင်မဟုတ်တော့ ခင်ဗျားကစိတ်မရှည်တော့ဘူးလား...!?”

Seokjin;“မင်းထင်ချင်သလိုထင်...! မင်းနဲ့ငါနဲ့ကဘာမှပတ်သက်တာလည်းမဟုတ်‌ဘူး...ငါဘယ်​ကောင်နဲ့ပတ်သက်ပတ်သက် မင်းအပူတစ်စက်မှလည်းမပါဘူး...”

“ခင်ဗျားကအခုငြင်းတောင်မငြင်းတော့ဘူးပေါ့..ဟမ့်..!!”

Jeon Jungkook ရဲ့ရွဲ့အစောင်းနဲ့ သံတွေကိုဆော့ဂျင် ထပ်ကြားချင်တော့...

“မင်းမရှက်ဘူးလားဟမ်... မင်းနဲ့ငါဘာမှမပတ်သက်ဘူးလို့ ပြောနေတာကို နားမလည်တာလား မသိတာလား...ငါဘာပဲလုပ်လုပ် ဘယ်သူနဲ့ပတ်သက်ပတ်သက် မင်းနဲ့မဆိုင်ဘူး Jeon Jungkook!”

“ဆော့ဂျင်...!”

စာအုပ်တွေတစ်‌ပွေ့တစ်ပိုက်နှင့် ဟိုဆော့ကသူ့ကိုအော်ခေါ်လာသည်...

“ဒီလောက်ဆိုဖယ်သင့်ပြီမလား... ငါကောင်းကောင်းပြောနေတုန်းဖယ်ပေး... Jeon Jungkook..”

ဗုန်း...

Jeon Jungkook ကသူ့ဘေးက စာအုပ်တွေကို လက်သီးနှင့်တစ်ချက်ထိုးချလိုက်သည်....

စာအုပ်တွေလည်းပြုတ်ကျပြန့်ကျဲကုန်ပြီး သူတို့ကိုလာကြည့်တဲ့သူတွေပိုများလာသည်...

“တောက်...!!
ခင်ဗျားမသေမချင်းမှတ်ထား ကျုပ်ခင်ဗျားကိုဘယ်တော့မှလမ်းခွဲပေးမှာမဟုတ်ဘူး... တစ်နေ့ခင်ဗျား ယောင်္ကျားတော်ရမယ့်ကောင်ကလည်းကျုပ်ပဲ...မြဲမြဲမှတ်ထား!!”

သူ့ကိုလက်ညိုး​​ငေါက်ငေါက်ထိုးကာ ပြောစိတ်တိုတိုနဲ့ထွက်သွားည့် Jeon Jungkook က သူမြင်ဖူးသမျှ Jeon Jungkook ရဲ့စိတ်ဆိုးတဲ့ပုံစံထဲအပြင်းဆုံးပင်... Jeon Jungkook ပြောသွားတဲ့စကားတွေကသူ့နားထဲမှာထပ်တလဲလဲကြားနေသည်....လန့်တာရော နှုတ်ခမ်းသားတွေနာနေတာရောကြောင့် သူ့မှာဒေါသထွက်ဖို့ကိုပင်မေ့နေခဲ့သည်....

“ဆော့ဂျင်..အဆင်ပြေလား..?”

Seokjin;“အင်း..ရတယ်..သွားကြမယ်..”

“တကယ်ရရဲ့လား?မင်းတအားလန့်နေသလိုပဲ...မင်းတို့အသံငါကြားလို့ လာခဲ့တာ.... မင်းကို Jeon Jungkook တစ်ခုခုလုပ်တာလား... နှုတ်ခမ်းက..?”

“အ့....”

နှုတ်ခမ်းဆိုမှ ဆော့ဂျင်နှုတ်ခမ်းကို လျှာနဲ့အသာတို့ကြည့်လိုက်တော့စပ်ဖြင်းဖြင်းတောင်ဖြစ်သွားသည်.... ခုနကသူနမ်းခံလိုက်တာမဟုတ်ဘဲ အကိုက်ခံလိုက်တာ...

Hoseok;“ဆော့ဂျင်... သူမင်းကိုထိုးသွားတာလား...?”

“ဟင့်အင်း...သွားမယ် ငါဒီမှာမနေချင်တော့ဘူး...”

သူတော်တော်ရှက်စိတ်ဝင်မိသည်... ယောင်္ကျားတစ်ယောက်ဖြစ်ပါလျှက်နဲ့ အလိုတူဘဲအနမ်းခံခဲ့တာကို သူ့မှာတွန်းဖယ်နိုင်တာမျိုးရှိခဲ့ဘူး... သူနဲ့ Jeon Jungkook ချစ်သူရည်းစားဖြစ်တုန်းက နမ်းခဲ့လိုရှိရင် ရှက်တာက ရင်ခုန်လို့ဖြစ်ပေမယ့် အခုက သူ့ကိုယ်သူသိမ်ငယ်မိလို့ရှက်နေတာ.... လူတွေလည်းသူတို့အဖြစ်ကိုမြင်သွားကြည့်မို့ ​​ဆော့ဂျင်ရှက်စိတ်နှင့်အတူ တစ်ကိုယ်လုံးလည်းထူပူနေပြီ....

~~~~~~

ဆော့ဂျင်အတန်းထဲရောက်တော့ သူ့ကိုကြည့်ကာ တီးတိုးပြောနေသလိုခံစားလိုက်သည်.... စာကြည့်တိုက်မှာ ဖြစ်ခဲ့တဲ့ကိစ္စကိုသိလို့ပြောနေကြတာတော့မဟုတ်လောက်ဘူးထင်တယ်... အဲ့အ​ကြောင်းသာပေါက်ကြားသွားရင် သူဒီကျောင်းက​နေပါထွက်ပြေးမိမယ်ထင်တယ်.... သူ့ရဲ့မာနရော သိက္ခာရောထိခိုက်ခံလိုက်တာ...

“ရား မင်းနဲ့ဟို‌ဆော့ကလည်း စာကြည့်တိုက်သွားမယ်ဆိုပြီးဘယ်ရောက်... ဟင်...မင်း နှုတ်ခမ်းဘာဖြစ်တာလဲ...?”

“ဘာမှမဖြစ်ဘူး...”

“ရန်ဖြစ်လာတာလား ဆော့ဂျင်... ဘယ်ကောင်လုပ်တာလဲ ပြော... ငါသွားဗြဲပေးမယ်...”

ဘေးမှာအဆက်မပြတ်ပြောနေတဲ့ ဂျီမင်းကြောင့် ဆော့ဂျင်သူ့အဖြစ်သူတွေးမိပြီးရှက်စိတ်ဝင်လာသည်....

Seokjin;“ရန်ဖြစ်ခဲ့တာမဟုတ်ဘူး...!!"

“ဆော့ဂျင် ငါကစိတ်ပူလို့ပြောတာလေ ဘာလို့လာအော်တာလဲ...?”

“Sorry Jimin...”

Seokjin ထိုစကားတစ်ခွန်းသာပြောပြီး ခုံပေါ်မှောက်အိပ်နေလိုက်သည်... ဒီနှုတ်ခမ်းအခြေအနေနဲ့အိမ်ပြန်ရင် Appa နဲ့ Omma ရဲ့မေးခွန်းပေါင်းများစွာတွေကိုကြားအုံးမည်...

~~~~

“သူငယ်ချင်းတို့...! လုပ်ကြပါအုံး...! အတန်းခေါင်းဆောင် ခေါင်းမိုးထပ်ကပြုတ်ကြလို့တဲ့..!!”

ဆော့ဂျင် စားပွဲပေါ်ခေါင်းမှောက်နေရာမှ ငေါက်ကနဲမိသည်....

“ဘယ်လိုဖြစ်တာလဲ... Suicide တော့မဟုတ်ဘူးမလား..? အတန်းခေါင်းဆောင်ကအကုန်ပြည့်စုံတယ်လေ...”

“အဲ့တာအသာထား... အခုရော အတန်းခေါင်းဆောင် ဘယ်လိုလဲ... ဟို သေသွားပြီလား...”

“ကံ‌ကောင်းစွာနဲ့မြက်ခင်းပေါ်ပြုတ်ကျတာဆိုတော့ သတိမေ့နေတဲ့အခြေအနေလို့ကြားတယ်...”

“ဘာမှမဖြစ်ဘူး ငါတို့တွေဆုတောင်းကြရအောင်... သူငယ်ချင်းတို့...”

အတန်းထဲကသူ​တွေရဲ့တစ်ယောက်တစ်ပေါက်စကားတွေကြားမှာ ဆော့ဂျင်ခေါင်းထဲ
ကော်ရှင်မတ်တွေသာတန်းစီပေါ်နေသည်....














Zawgyi;


ထမင်းစားပြီးသောက်ပြီးတော့ အဆုံးအစမရှိစွာဖြင့် ဟိုဆော့ကပြောလာသည်.... စာကြည့်တိုက်ဆိုလို့ ဆော့ဂျင် ကင်မ်ချီတွေကို စိုက်ကြည့်ရင်း‌ တွေးနေရာမှ ဟိုဆော့ကိုမျက်လုံးလှန်ကြည့်လိုက်သည်....


Jimin က ဟိုဆော့ကို မျက်စောင်းထိုးရင်း ခပ်စစ‌ပြောလာသည်....




သွားမယ် Hoba...!”

Seokjin သူ့ကိစ္စတွေတွေးမနေတော့ဘဲ ခပ်ပါ့ပေါ့သာနေလိုက်တော့သည်....မဟုတ်ရင် စဉ်းစားတွေးခေါ်ရလွန်းလို့စိတ်ပင်ပန်းနေပြီ...

~~~~~~




Seokjin;“အင်း...”





“အမ‌‌လေး..အစ်ကိုယူနေ.?”

ရုတ်တရက်ဆိုသလိုပင် သူ့ရဲ့ခါးအားအနောက်မှ သိုင်းဖက်လိုက်တာကြောင့် လန့်သွားမိလို့ အနောက်လှည့်ကြည့်လိုက်တော့ သူ့ကိုမှင်သေသေကြည့်နေသည့် Jeon Jungkook ကြောင့် မျက်လုံးတွေပင်ပြူးကျယ်သွားရသည်...

“ရား...ဖယ်...”

သူ့ခါးပေါ်က Jeon Jungkook လက်ရှည်ရှည်တွေကို ဆွဲဖြုတ်ပစ်ပေမယ့် တစ်စက်ကလေးမှ မရွေ့....

“ငြိမ်ငြိမ်နေ...!”

“မနေဘူး..”



သူ့ခါးကို လွှတ်မပေးသည့်အပြင် သူ့ကိုယ်လုံးသည်လည်း တစ်ပတ်လှည့်ခံလိုက်ရပြီး သူ့ကျောပြင်နှင့် စာကြည့်စင်ထိကပ်သွားရသည်...  သူနဲ့ Jeon Jungkook ကအခုမျက်နှာချင်းဆိုင် တည့်တည့်ကြီး... Jeon Jungkook က သူ့ပခုံးတွေကိုလက်နှစ်ဖက်ဖြင့်ထိန်းချုပ်ထားရင်း သူ့ကိုတည့်တည့်မတ်မတ်စူးစိုက်ကြည့်နေသည်.... Jeon Jungkook ရဲ့အသက်ရှူငွေ့ကသူ့မျက်နှာကိုရိုက်ခတ်နေသည်အထိ သူတို့နှစ်ယောက်မျက်နှာက တကယ့်ကိုနီးနီးကပ်ကပ်ပင်...

“အွန့်...!”


သူနှုတ်ခမ်းကိုမရမကစေ့ထားပေမယ့် Jeon Jungkook ကိုက်တာပါခံလိုက်ရသည်...
တဖြည်းဖြည်းမြန်ဆန်လာတဲ့ စုပ်ယူမှုတွေကိုသူမတုံ့ပြန်မိဘဲ ခေါင်းတွေသာခါရမ်းနေမိသည်.... သူနှုတ်ခမ်းတွေထူပူလာပြီး အသက်ရှူပါမဝတော့.... သူဒီလိုအနမ်းမျိုးမရဖူးတော့ လန့်မိသွားသည်... Jeon Jungkook ကသူ့ကို အမဲဖျက်သလို တရပ်စပ်နမ်းနေသည်.... သူရုန်းကန်တွန်းဖယ်နေပေမယ့် သူ့မှာလွှတ်လမ်းကိုမရှိပေ....

Seokjin;“မင်းထွက်သွား..!!!”

သူနှုတ်ခမ်းတွေကိုလွှတ်ပေးလိုက်သည်နှင့် ဆော့ဂျင်အသားကုန်အော်လိုက်သည်...သူတို့ကို ဘေးနားမှာမသိမသာရော သိသိသာသာရောလာကြည့်တဲ့သူတွေရှိတာမို့ သူပိုရှက်လာသည်... သူထွက်ပြေးဖို့ Jeon Jungkook လက်ထဲက ရုန်းထွက်ပေမယ့် Jeon Jungkook လက်တွေရဲ့ ဖျစ်ညစ်ချုပ်ထားခြင်းကိုသာခံလိုက်ရသည်...






Jeon Jungkook ရဲ့အရွဲ့အစောင်းခနဲ့ သံတွေကိုဆော့ဂျင် ထပ်မကြားချင်တော့...


“ဆော့ဂျင်...!”



ဗုန်း...



“တောက်...!!

သူ့ကိုလက်ညိုးငေါက်ငေါက်ထိုးကာ ပြော၍ စိတ်တိုတိုနဲ့ထွက်သွားသည့် Jeon Jungkook က သူမြင်ဖူးသမျှ Jeon Jungkook ရဲ့စိတ်ဆိုးတဲ့ပုံစံထဲအပြင်းဆုံးပင်... Jeon Jungkook ပြောသွားတဲ့စကားတွေကသူ့နားထဲမှာထပ်တလဲလဲကြားနေရသည်....လန့်တာရော နှုတ်ခမ်းသားတွေနာနေတာရောကြောင့် သူ့မှာဒေါသထွက်ဖို့ကိုပင်မေ့နေခဲ့သည်....

“ဆော့ဂျင်..အဆင်ပြေလား..?”



“အ့....”

နှုတ်ခမ်းဆိုမှ ဆော့ဂျင်နှုတ်ခမ်းကို လျှာနဲ့အသာတို့ကြည့်လိုက်တော့စပ်ဖြင်းဖြင်းတောင်ဖြစ်သွားသည်.... ခုနကသူအနမ်းခံလိုက်ရတာမဟုတ်ဘဲ အကိုက်ခံလိုက်ရတာ...



သူတော်တော်ရှက်စိတ်ဝင်မိသည်... ယောင်္ကျားတစ်ယောက်ဖြစ်ပါလျှက်နဲ့ အလိုမတူဘဲအနမ်းခံခဲ့ရတာကို သူ့မှာတွန်းဖယ်နိုင်တာမျိုးမရှိခဲ့ဘူး... သူနဲ့ Jeon Jungkook ချစ်သူရည်းစားဖြစ်တုန်းက နမ်းခဲ့လိုရှိရင် ရှက်တာက ရင်ခုန်လို့ဖြစ်ပေမယ့် အခုက သူ့ကိုယ်သူသိမ်ငယ်မိလို့ရှက်နေတာ.... လူတွေလည်းသူတို့အဖြစ်ကိုမြင်သွားကြသည့်မို့ ဆော့ဂျင်ရှက်စိတ်နှင့်အတူ တစ်ကိုယ်လုံးလည်းထူပူနေပြီ....

~~~~~~

ဆော့ဂျင်အတန်းထဲရောက်တော့ သူ့ကိုကြည့်ကာ တီးတိုးပြောနေသလိုခံစားလိုက်ရသည်.... စာကြည့်တိုက်မှာ ဖြစ်ခဲ့တဲ့ကိစ္စကိုသိလို့ပြောနေကြတာတော့မဟုတ်လောက်ဘူးထင်တယ်... အဲ့အကြောင်းသာပေါက်ကြားသွားရင် သူဒီကျောင်းကနေပါထွက်ပြေးမိမယ်ထင်တယ်.... သူ့ရဲ့မာနရော သိက္ခာရောထိခိုက်ခံလိုက်ရတာ...


“ဘာမှမဖြစ်ဘူး...”





“Sorry Jimin...”

Seokjin ထိုစကားတစ်ခွန်းသာပြောပြီး ခုံပေါ်မှောက်အိပ်နေလိုက်သည်... ဒီနှုတ်ခမ်းအခြေအနေနဲ့အိမ်ပြန်ရင် Appa နဲ့ Omma ရဲ့မေးခွန်းပေါင်းများစွာတွေကိုကြားရအုံးမည်...

~~~~


ဆော့ဂျင် စားပွဲပေါ်ခေါင်းမှောက်နေရာမှ ငေါက်ကနဲထမိသည်....





အတန်းထဲကသူတွေရဲ့တစ်ယောက်တစ်ပေါက်စကားတွေကြားမှာ ဆော့ဂျင်ခေါင်းထဲ၌
ကော်ရှင်မတ်တွေသာတန်းစီ၍ပေါ်နေသည်....

Continue Reading

You'll Also Like

1.3M 53.6K 55
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
1.1M 19.4K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
1M 39.6K 92
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
831K 18.9K 47
In wich a one night stand turns out to be a lot more than that.