ထူးထူးဆန်းဆန်း ချစ်ဖူးစာ
Galing kay Thwin2004
21.6K 967 13
BL စာရေးဆရာလေးXZနဲ့ LGBTလက်မခံသူလေးWYBတို့ကြားက အချစ်ချိုချိုလေး Higit pa
Part 1
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
စာလေးဆုံးသည်အထိ ဖတ်ပေးပါ
Part 2
843 38 0
Galing kay Thwin2004
   ကျန်းချန် company ကပြန်လာတော့ ဆိုဖာပေါ်မှာ laptop တစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့ ကျန့်ကျန့်
Condo ခန်းလေးဖြစ်တာကြောင့် အိပ်ခန်းကနှစ်ခန်းထဲရယ် ဧည့်ခန်းဆိုပြီး သီးသန့်မထားပေမယ့် ဧည့်သည်လာရင်ထိုင်လို့အဆင်ပြေအောင် ဆိူဖာလေးလုပ်ထားခြင်း
လူကဆိုဖာမှာထိုင်ရင်းရှေ့ကlaptopတင်ထားတဲ့ ခုံပေါ်မှာလည်း coffee တစ်ခွက်နဲ့
ကျန်းချန် " ဒီလိုပဲနေနေတော့မှာလား ကျန့်ကျန့် "
ကျန်းချန် အပေါ်ဝတ်ကုတ်လေးကိုချွတ်ရင်း ကျန့်ကျန့်နဲ့မျက်နှာချင်းဆိုင်နေရာမှာထိုင်လိုက်ကာမေးလေ၏
ရှောင်းကျန့် " ဒီလိုမနေလို့ငါက ကင်းမှီးကောက်ထောင်နေရမှာလား "
တစ်ခွန်းဆိုတစ်ခွန်းပါပဲ ပက်ခနဲပြန်ပြောတတ်တဲ့အကျင့်က ဘယ်သူ့ဆီကအမွေမှန်းမသိရယ်ပါ
ကိုယ်ကသာစိတ်တိုရတာ သူကတော့ မျက်မှန်အဝိုင်းလေးကို ပင့်ရင်းကော်ဖီကိုပါဟန်ပါပါ သောက်ပြနေ၏
ကျန်းချန် " မရွဲ့နဲ့ကျန့်ကျန့် ငါဘာမေးချင်တာလည်းဆိုတာ မင်းသိပါတယ် "
သည်တော့မှ သောက်နေတဲ့ကော်ဖီကိုခုံပေါ်ပြန်တင်ရင်း laptop ကိုပါပိတ်လိုက်၏
ရှောင်းကျန့် " ကဲပြော ငါကအခုရောအလုပ်မလုပ်ဘဲနေနေလို့လား "
ကျန်းချန် " ဘာအလုပ်လည်း ၆လလောက်အသည်းအသန်ရေးပြီး တစ်လစာလောက်ရတဲ့ငွေကိုပြောတာလား ကျန့်ကျန့် မင်းရဲ့လုပ်အားခက ငါ့ရဲ့တစ်လဝင်ငွေပဲရှိတယ်နော် မင်းမှာက၇လနီးပါးလုပ်မှရတာလေ "
ကျန်းချန် စေတနာစောဖြင့်ပြောလိုက်ခြင်းပါ ဒါကိုဒင်းလေးက နှုတ်ခမ်းလေးထော်ရင်းပြန်ပက်လေတယ်
ရှောင်းကျန့် " ငါ့အလုပ်က လစာအတည်တကျမရှိပေမယ့် အောင်မြင်မှုအသီးအပွင့်တွေကတော့ ရှိတယ်လေကျန်းချန် ဒါကမှတကယ့်စစ်မှန်တဲ့ လုပ်အားခကွ မင်းဘာသိလို့လည်း "
လက်နှစ်ဖက်ကို ကားပြီး အောင်မြင်မှုကိုတိုင်းတာပြနေသောယုန်ပေါက်ရယ်ပါ
ကျန်းချန် " မင်းကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ငါကတော့ပြောရမှာပဲကျန့်ကျန့် မင်းရောငါရောက ဆွေမရှိမျိုးမရှိတစ်ကောင်ကြွက်တွေကွ မင်းမှာကမိဘထားခဲ့တဲ့ ဒီတိုက်ခန်းလေးရယ် ဘဏ်မှာအပ်ထားတဲ့ အမွေအနည်းငယ်ရယ်ပဲရှိတာလေ မင်းမိဘတွေက မင်းအိမ်ထောင်ပြုတဲ့အခါမျက်နှာမငယ်ရအောင် သူများသားသမီးကို မျက်နှာလှလှတောင်းရမ်းနိုင်အောင် ဘဏ်မှာအပ်ပေးခဲ့တာ "
ရှောင်းကျန့် " ငါသိသားပဲ "
မျက်မှန်လေးကိုချွတ်ရင်း ပြန်ဖြေပုံက ထိပ်ခေါက်ချင်စရာ
ကျန့်ကျန့်က အမြဲမျက်မှန်တပ်မှမြင်ရတဲ့သူမဟုတ်ပါ
သူစားရေးတဲ့အခါတို့ စာဖတ်တဲ့အခါတို့ဆိုရင်တော့ တပ်ရတယ် အနည်းငယ်ဝေဝါးတက်လို့ပါ
ဒါ့ကြောင့် ကျန်တဲ့အချိန်ဆို မျက်မှန်မတပ်ဖြစ်
အခုလည်း မျက်မှန်လေးကို အင်္ကျီမှာတွယ်ရင်းသူ့ကိုပေကပ်ကပ်နဲ့ကြည့်နေ၏
ဘယ်လိုပဲဖစ်ဖစ်
ကျန်းချန် ပြောလတ်စကိုဆက်ပြောလိုက်သည်
ကျန်းချန် " သိလို့ပဲငါကပြောနေရတာပေါ့ ငါမင်းကိုစိတ်မချလို့တစ်အိမ်တည်းနေနေတာကျန့်ကျန့် မင်းကအသက်သာကြီးလာတာ အခုထိကလေးလိုနေတတ်တုန်းလေ "
ကျန့်ကျန့်တစ်ယောက် အပျိုကြီးစကားကိုနားညီးသည်ဆိုသည့်သဘောဖြင့် နားကိုလက်ထည့်ကာ ထိုးလိုက်၏
ကျန်းချန် " မင်းဝါသနာပါတဲ့စာရေးတဲ့အလုပ်ကို မလုပ်နဲ့လို့ငါမပြောပါဘူး ဒါပေမယ့် ငါ့လိုလည်းcompany တစ်ခုခုမှာဝင်လုပ်လေ အားတဲ့အခါကျရင် မင်းဝါသနာပါတဲ့အလုပ်ကိုလုပ်လို့ရတာပဲ "
ရှောင်းကျန့် " ကျန်းချန် မင်းတော်တော်အပြောကောင်းတယ်နော် စားရေးတဲ့အလုပ်ကလွယ်တယ်များထင်နေတာလား ဟမ် စာအုပ်တစ်အုပ်ထုတ်နိုင်ဖို့ ၆လနီးပါးအချိန်ယူရတယ် လေ့လာရတယ် ခရီးတွေထွက်ပြီး relax လုပ်ရတယ်ကွ အခုထရေးလို့မရဘူး ပြီးတော့မင်းပြောတဲ့ company အလုပ်ကိုငါစိတ်လည်းမဝင်စားဘူး မင်းငါ့ကိုဒါတွေပဲနေ့တိုင်းလာပြောနေတာ မမောသေးဘူးလားကွာ "
ကျန်းချန် " ငါသေချင်တယ် မင်းကိုတော့ငါတကယ်မနိုင်ဘူး မင်းမိဘတွေကဘယ်လိုစိတ်နဲ့များ မင်းကိုငါ့လက်ထဲအပ်ခဲ့လည်းမသိပါဘူးကွာ "
ကျန်းချန် က ကျန့်ကျန့်ထက် ၂်နှစ်ကြီးသူပါ ကျောင်းအပ်တာနောက်ကျသွားလို့ ကျန့်ကျန့် နဲ့အတန်းတူသွားတာပင်
ရှောင်းကျန့် " ငါလည်းအံ့သြမိတယ် မင်းလိုအပျိုကြီးနဲ့ငါဘယ်လိုများ သူငယ်ချင်းဖြစ်လာမိတာလည်းဆိုတာကို "
ကျန်းချန် " ဟာခွေးကောင်လေး ငါ့ကိုများအပျိုကြီးတဲ့ "
ကျန်းချန်တစ်ယောက် ကြိမ်းဝါးရင်းသာကျန်ခဲ့ရတော့တယ် ကျန့်ကျန့်ကတော့ပြောပြီးတာနဲ့တစ်ချိုးတည်း အခန်းထဲပြေးဝင်သွားခဲ့သည်
..
..
..
.
ရိပေါ်  laptopထည့်ထားတဲ့အိတ်လေးကိုင်ရင်း အိမ်ထဲသို့ဝင်လာခဲ့သည်
ဝမ္မား " သား"
ဧည့်ခန်းမှ လှမ်းခေါ်လိုက်တဲ့မေမေရဲ့အသံကြောင့် သူ့ဦးတည်ရာက ဧည့်ခန်းဆီပြောင်းလိုက်၏
မားရဲ့ဘေးမှာဝင်ထိုင်ရင်း
ရိပေါ် " သားကိုပြောစရာရှိလို့လား မေမေ"
ဝမ်မား " အလုပ်ကိုင်ရော အဆင်ပြေရဲ့လားသား "
ရိပေါ် " အားလုံးအဆင်ပြေပါတယ်မေမေ  မကြာခင် center အသစ်ဖွင့်ဖို့ပြင်ဆင်နေပါတယ် ".
ဝမ်မား သက်ပြင်းလေးချရင်း သားကိုကြည့်လိုက်၏
ဝမ်မား " ဘယ်ချိန်ထိ အလုပ်ပဲသိမ်းကျုံးလုပ်နေတော့မှာလည်း မင်းအသက်မငယ်တော့ဘူးနော် သား အိမ်ထောင်ပြုသင့်နေပြီ ဒါမှမဟုတ် မေမေရှာပေးရမလား "
ရိပေါ် " ဟာ မေမေရယ်ရှာတော့မရှာပေးပါနဲ့ သားအခုအိမ်ထောင်မပြုချင်သေးလို့ပါ "
ဝမ်မား " မင်းကြိုက်တဲ့မိန်းကလေးမတွေ့သေးလို့လား "
ရိပေါ် " အမှန်တိုင်းပြောရရင်ကျွန်တော် ဘယ်မိန်းကလေးမှ မကြိုက်ဘူးမေမေ "
ဝမ်မား " ဟင်😳 ဒါဆိုမင်းကယောက်ျားလေးကြိုက်တာလား "
ရိပေါ်ရဲ့စကားကို နားလည်မှုလွဲသွားတဲ့ မေမေ့ကြောင့် သူ့မှာပျာပျာသလည်းရှင်းပြရတော့သည်
ရိပေါ် " မဟုတ်ဘူးမေမေ ကျွန်တော်ပြောတာအဲ့သဘောမဟုတ်ဘူး မေမေကလည်းဗျာ သားကအဲ့လိုဖြစ်စရာလား "
ဝမ်မား " မသိဘူးလေ မင်းကမိန်းကလေးမကြိုက်ဘူးဆိုတော့😄"
ရိပေါ် " မေမေကရော သားလေးတစ်ယောက်တည်းရှိတာကို အဲ့လိုအဖြစ်ခံနိုင်လို့လား "
ဝမ်မား " သားဘာပဲဖစ်ဖစ် မေမေကလက်ခံတယ် အဲ့လိုအယူသီးတာတွေလည်းမေမေ့မှာမရှိဘူး သားသာသဘောကျရင် သားမက်ပဲဖစ်ဖစ် ချွေးမပဲဖစ်ဖစ်မေမေကတော့ သဘောကျပြီးသား "
ရိပေါ် " ဟာဗျာ မေမေကတော့လုပ်ပြီ"
ဝမ်ပါးမရှိတော့တဲ့နောက်ပိုင်း ဝမ်မားကပဲ wang company ကိုထိန်းသိမ်းခဲ့ပြီး မိမိသားကိုနိုင်ငံခြားမှာပညာသင်စေသည်
သားဒီကိုပြန်ရောက်မှသာ သူအလုပ်နားခဲ့သည်  အလုပ်နားတယ်ဆိုပေမယ့်လည်း မေမေ့ရဲ့ဥက္ကရာထူးက တည်မြဲနေတုန်းပင်
ပြီးတော့ လူငယ်တွေနဲ့အပြိုင် ခေတ်ရှေ့ပြေးတတ်သူပါ
ဒါ့ကြောင့် lgbtအကြောင်းကိုပါသိထားပြီး နားလည်သူတစ်ယောက်
သူမနှင့်မတူဘဲ မူကွဲနေတဲ့သူကတော့ သူမရဲ့အချစ်ဆုံးသား ဝမ်ရိပေါ်ပင်
..
...
..
ညဆို ၁ချက်တီးကျော်ထိ စာရေးပြီး မနက်ဆိုတော်တော်နှင့်မထတတ်တဲ့ ကျန့်ကျန့် ကို နှိုးရသည်က ကျန်းချန်ရဲ့နေ့စဉ်အလုပ်တစ်ခု
ဒီနေ့ကအလုပ်နားရက်မလို့ အိမ်မှာပဲနေဖြစ်တော့သည်
မနက်စာပြင်ဆင်ပေးပြီး ဟိုငနာလေးကိုသွားနှိုးရသေး
တကယ်ပဲ သူနဲ့မျက်နှာစူံညီ မနက်စာစားရဖို့အရေးက ဝန်ကြီးတွေနဲ့တွေ့ဆုံရတာထက်ပိုခက်နေသယောင်
ရှောင်းကျန့် " morning ကျန်းချန် 😁"
ရှိသမျှသွားတွေဖြီးပြီး မျက်နှာလုပ်နေတဲ့သူကို ဘုကြည့်ကြည့်ရင်းပြန်ဖြေလိုက်၏
ကျန်းချန် " တော်သေးတယ် နိုးလာလိူ့ မဟုတ်ရင်ငါက ဦးကျော်သူကိုဖုန်းဆက်တော့မလို့ပဲ "
ရှောင်းကျန့် " ဖွက်!ဟဲ့ နိမိတ်မရှိဘာမရှိ မနက်စောစောစီးစီး "
ကျန်းချန်ကို မျက်စောင်းလှလှလေးထိုးရင်း ပေါင်မုန့်တစ်ကိုက် ကိုက်လိုက်၏
မနက်စာစားကြသောက်ကြရင်း စကားစမြည်ပြောရာမှ ပါပါလာတတ်တဲ့ ကျန်းချန်ရဲ့သူဌေးအကြောင်း
ရှောင်းကျန့် " မင်းပြောလို့မဝသေးဘူးလား မဟုတ်ရင်ငါမင်းသူဌေးကို သွားသတ်မိတော့မယ် "
ဟုတ်တယ် တစ်ပတ်မှာ နှစ်ရက်လောက်လေးအတူတူ မနက်စာစားရတာကို သူ့bossဘယ်လောက်တော်ကြောင်းတက်ကြောင်း ကြွားနေတာမပြီးနိုင် မပိုင်နိုင်
ကျန်းချန် " ငါကအားအားယားယားပြောနေတာမဟုတ်ဘူး မင်းကိုအတုယူရအောင်ပြောနေတာ bossကငယ်ငယ်လေးနဲ့အောင်မြင်တဲ့လူတစ်ယောက်ဖြစ်နေတာ "
ရှောင်းကျန့် ကျန်းချန်းစကားကြောင့် စားလက်စပေါင်မုန့်ကြော်ကို ပန်းကန်ထဲပစ်ချရင်း
ရှောင်းကျန့် " ငါကရူးနေလိူ့မင်းbossကို အားကျရမှာလား ဒီမှာ မင်းဘော့စ်အောင်မြင်တယ်ဆိုတာ ဒီလောက်လေး🤏ငါကမှသူ့ထက်ပိုပြီးအောင်မြင်နေတာကွ "
အကျီ်လက်လေးကိုဆွဲမရင်း ဟန်ပါပါပြောနေတဲ့ ကျန့်ကျန့်
ကျန်းချန် " ဒါပေမယ့် bossကအရည်အချင်းရှိတဲ့ စီးပွားရေးသမားတစ်ယောက်လေ သူ့အရွယ်နဲ့များပြားလှတဲ့ အလုပ်တာဝန်တွေကို ထမ်းဆောင်နေတာ မင်းကစာရေးတာတစ်ခုပဲလူပ်ရတာလေ မတူဘူး "
ကျန့်ကျန့်လေး တကယ်ကို ဒေါပွလာပြီ တစ်ဦးထဲရှိတဲ့ သူငယ်ချင်းကသူ့ဘက်ကမပါ
ရှောင်းကျန့် " ဘာကိုမတူတာလည်း သူကcompany တစ်ခုလုံးကိုခေါင်းပေါ်ရွက်ထားရလို့လား ကော်ဖီလေးတစ်ခွက်တောင် ကိုယ်တိုင်မဖျော်ဘဲ သူများကိုလက်ညှိုးထိုးခိုင်းနေတာကိုများ အဲ့အလူပ်တွေအကုန်လုံးက သူတစ်ယောက်ထဲလုပ်နေရလို့လား ဝန်ထမ်းတွေဝိုင်းလုပ်ရတာပဲလေ မင်းတောင်အဆစ်ပါသေးတယ်မဟုတ်လား ငါကကိုယ့်ဘာသာကို ရပ်တည်နေတာ သူ့လိုသူများကိုခိုင်းတာမဟုတ်ဘူး ငါ့အရည်အချင်းအစစ်နဲ့အောင်မြင်နေတာ အခုဆိုငါ့fanတွေက သူ့ထက်ပိုပြီးများသေးတယ် "
ဒီတစ်ခါတော့ ကျန်းချန်ပြန်ပြောလို့မရ ကျန့်ကျန့်ပြောတာလည်းဟုတ်ပါသည်
Bossက ခန့်ညားတဲ့အမျိုးသား စီးပွားရေးအောင်မြင်သူမလို့ bossကို ချစ်တဲ့မိန်းကလေးတွေက fanသဘောမျိုးမဟုတ်ပေမယ့် we loveအနေနဲ့ social media မှာ gp တွေလုပ်နေကြတာပါ
သူ့သူငယ်ချင်းလေး ကျန့်ကျန့်ကတော့မတူ သူ့ရဲ့ပုံကို ချမပြတာတောင် သူ့ရဲ့ Wei Ying ဆိုတဲ့ page မှာ fanတွေက တစ်နေ့တစ်ခြားတိုးလာ၏
ကျန့်ကျန့်ဆိူတာအဲ့လိုမျိုးပါ ကိုယ့်ဘက်ကဘယ်တော့မှ အရှုံးမပေးတတ် အနိုင်မရရအောင်လုပ်တတ်တဲ့လူသားလေး
အခုလည်းကြည့်လေ bossကို မှိုချိုးမျှစ်ချိုးပြောလို့ဝလို့ အားရပါးရးစားသောက်နေသေးသည့် ယုန်စုတ်
.
Part 3
အရင်နေ့တွေက မအားလို့မတင်ပေးဖြစ်တာပါသွေ့ပုချီ😁
........
Zawgyi
Condo ခန်းလေးဖြစ်တာကြောင့် အိပ်ခန်းကနှစ်ခန်းထဲရယ် ဧည့်ခန်းဆိုပြီး သီးသန့်မထားပေမယ့် ဧည့်သည်လာရင်ထိုင်လို့အဆင်ပြေအောင် ဆိုဖာလေးလုပ်ထားခြင်း
ဘယ်လိုပဲဖစ်ဖစ်
..
..
..
.
ဝမ္မား " သား"
..
...
..
ကျန်းချန် " တော်သေးတယ် နိုးလာလို့ မဟုတ်ရင်ငါက ဦးကျော်သူကိုဖုန်းဆက်တော့မလို့ပဲ "
ရှောင်းကျန့် " ငါကရူးနေလို့မင်းbossကို အားကျရမှာလား ဒီမှာ မင်းဘော့စ်အောင်မြင်တယ်ဆိုတာ ဒီလောက်လေးငါကမှသူ့ထက်ပိုပြီးအောင်မြင်နေတာကွ "
ကျန့်ကျန့်ဆိုတာအဲ့လိုမျိုးပါ ကိုယ့်ဘက်ကဘယ်တော့မှ အရှုံးမပေးတတ် အနိုင်မရရအောင်လုပ်တတ်တဲ့လူသားလေး
.
Part 3
Ipagpatuloy ang Pagbabasa
Magugustuhan mo rin
113K 3.4K 31
"she does not remind me of anything, everything reminds me of her." lando norris x femoc! social media x real life 2023 racing season
956K 21.8K 49
In wich a one night stand turns out to be a lot more than that.
81.1K 1.8K 33
!Uploads daily! Max starts his first year at college. Everything goes well for him and his friends PJ and Bobby until he meets Bradley Uppercrust the...
180K 4.8K 42
" She is my wife, stay away from her!" " Keep trying she will remain mine. " " Show me your scars, I want to see how many times you needed...