ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book...
By Shi_Sheng
125K 18.5K 427
ဗီလိန်ဖြစ်ရန် ကြမ္မာဖန် (ဒု- တွဲ) အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်း... More
မိတ်ဆက်နှင့် အညွှန်း
(၁၉၀) ထူးဆန်းတဲ့အိပ်မက်တဲ့လား? အာ ဒါက စွမ်းအားတစ်ခုပဲ
(၁၉၁) မင်းသားတစ်ပါး ကံတော်ကုန်၊ ဇာတ်လိုက်မ ပြန်ရောက်လာ
(၁၉၂) လင်အိမ်တော်ရဲ့သမီးလက်ထပ်လေပြီ
(၁၉၃) မင်းသားလေး မွေးလာ
(၁၉၄) စစ်ဖြစ်လေပြီ
(၁၉၅) ဇာတ်လိုက်မင်းသမီးအဖြစ် လျှောက်ရတဲ့ ခရီးလမ်းက ပန်းခင်းလမ်း ဟုတ်မနေဘူး
(၁၉၆) မြင်းတွဲဗျူဟာ
(၁၉၇) ဓားပြတွေ၊ မိန်းကလေးတွေကို ထားခဲ့
(၁၉၈) ဓားပြတွေကို ရိုက်
(၁၉၉) ယခင်က အသိအကျွမ်း၊ အကူအညီ တောင်းစရာရှိ
(၂၀၀) ပျောက်ကြားစစ်ဆင်ရေး၊ ရန်သူစခန်းအတွင်းပိုင်း
(၂၀၁) စစ်ရေး အကြံပေးကို လုပ်ကြံ
(၂၀၂) ရဲရင့်ပြောင်မြောက်စွာတိုက်ခိုက်သော တိုက်ပွဲ
(၂၀၃) နေရာတကာမှာ ရှိနေနိုင်တဲ့ ဇာတ်လိုက်
(၂၀၄) သနားစရာကလေးငယ်
(၂၀၅) ဆန်ကုန်မြေလေး၊ ဘယ်နေရာမှ အသုံးမကျ
(၂၀၆) ကျွန်မ မသေခင်ရှင့်ဖို့ပေးတဲ့လက်ဆောင်
(၂၀၇) လင်မယား နောက်ဆုံးတော့ ပြန်တွေ့ပြီ
(၂၀၈) စစ်သားတွေကိုလေ့ကျင့်၊ ဇနီးမောင်နှံတစ်သားတည်း
(၂၀၉) မမ...! တူတူ အိပ်ရအောင်...!
(၂၁၀) ခွက်တွေကိုခွဲပစ်တဲ့ စစ်ဗျူဟာမှူး
(၂၁၁) တိုက်ပွဲကြီး၊ မြင်းတွဲဗျူဟာခင်းပုံကို ဖြိုခွဲ အနိုင်ယူ
(၂၁၂) ကျွေးတဲ့လက်ကိုပြန်ကိုက်တဲ့ ဇာတ်လိုက်မ
(၂၁၃) ကံကဆိုး၊ မြေအောက်အကျဉ်းထောင်တွင်း ချုပ်နှောင် ပိတ်ထားခံရ
(၂၁၄) အပြစ်ပေးခြင်း၊ ဇနီးမောင်နှံမျှဝေခံစား
(၂၁၅) ပြစ်ဒဏ်ကို မျှဝေခံစား
(၂၁၆) အိပ်ယာကိုမီးရှို့
(၂၁၇) လင်မိန်းကလေးရဲ့ ခင်ပွန်း
(၂၁၈) ကွာရှင်းစာချုပ်
(၂၁၉) ယမ်းမှုန့် ဖန်တီးထုတ်လုပ်
(၂၂၀) ဗုံးများ
(၂၂၁) ပဒိုင်းညို
(၂၂၂) ရန်သူဖက်ကိုပြောင်း၊ ချန်ထောက်ရဲ့မိသားစု
(၂၂၃) ဝိညာဉ်ကူးပြောင်းလာသူ နှစ်ယောက်ကြားက ပွဲ
(၂၂၅) ချန်ထောက်၏ သေခြင်း
(၂၂၆) မင်းသမီးရူး ရူးတာကလည်းရောဂါပဲ
(၂၂၇) ဒုတပ်မှူး၊ ရန်သူဘက်မှ အမျိုးသမီး စစ်သူကြီး
(၂၂၈) အံ့အားသင့်၊ မာနကြီးကြီး ဝိဉာဥ္ကူးလာတဲ့မိန်းမ
(၂၂၉) ကြာပန်းဖြူနဲ့ မင်းသမီးရူးပြိုင် ဘယ်သူနိုင်
(၂၃၀) ယွီခွမ်းတဖြည်းဖြည်းအရည်ပျော်လာ
(၂၃၁) မမျှော်လင့်ထားသော အမှားကြီးတစ်ခု
(၂၂၄) ဂြိုလ်ဆိုးဝင်၊ ဗျူဟာထဲက ဗျူဟာများ
1.9K 331 5
By Shi_Sheng
Burmese Translation of "Doomed to be Cannon Fodder".
Translator - ဂွေ့စ်
(၂၂၄) ဂြိုလ်ဆိုး၀င်၊ ဗျူဟာထဲက ဗျူဟာများ
ပိုင်ရှန်းရှို့က မျက်မှောင်ကိုကျုံ့ထားဆဲပဲ။
သူတို့ရွေ့တဲ့အကွက်က သိသာလွန်းလိုက်တာ။ တကယ်ဆို ဒါတွေရဲ့နောက်မှာ ဝိဥာဉ်ကူးထားတဲ့သူတစ်ယောက်ရှိနေတာ လုံးဝသေချာတယ်။ ဘာလို့မှန်းမသိပေမယ့် သူမရဲ့ဆဌမအာရုံက အဲ့တစ်ယောက်ရဲ့ ပစ်မှတ်က သူမဆိုတာကို ညွှန်ပြနေသလိုပဲ။ ဒါပေမယ့် သူမမှာသက်သေမရှိဘူး။ တိုက်ပွဲခေါ်သံတွေကြားတော့ သူမစိတ်တွေ ဘာလို့ရယ်မသ်တက်ကြွလာတယ်။ အဲ့ဒါကြောင့် မတ်တပ်ထရပ်လိုက်ပြီး။
"ဆရာစုန့် ကျွန်မလုပ်ထားတဲ့ဗုံးတွေကို သွားယူမလို့ လိုက်ပေးပါလာ။ ရန်သူဖက်က တစ်ခုခုကြံနေတယ်လို့ ထင်နေတယ်။"
သူမကို တစ်ကိုယ်လုံးမြိုပစ်ဖို့ မြွေချောင်း ချောင်းနေတယ်လို့ သူမခံစားနေရတယ်။ တကယ့်ကို စိတ်မသက်မသာခံစားရတာပဲ။
သူမဘာကိုစိတ်ပူနေလဲ စုန့်ကျောင်းယွဲ့လည်းမသိပေမယ့် သူမပြောတဲ့အတိုင်းလိုက်လုပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ မဟုတ်လည်း သူဒီကနေ ထွက်သွားတော့မှာလေ။ သူ့မှာ အာရုံစိုက်စရာ စုန့်မိသားစုရဲ့ကိစ္စတွေရှိသေးတယ်။ ယွီခွမ်းလိုစိတ်လွတ်ကိုယ်လွတ်မနေနိုင်ဘူး။ အဲ့အကြောင်းတွေးမိတော့ သူရင်နာတာပေါ့။  ဒါပေမယ့်လည်း ဘာမျှော်လင့်ချက်မှမထားမိတော့အောင် ဂရုစိုက်ရတယ်။ သူမက သူ့ရဲ့မိန်းကလေးဘယ်တော့မှဖြစ်လာမှာ မဟုတ်တော့တာကို သူသိတယ်။ မျှော်လင့်ချက်ရှိနေသေးရင်သာ ပိုဆိုးနေဦးမှာ။ သူ့တစ်ဘဝလုံးနောင်တရနေမယ့်ကိစ္စတွေအထိပါ သူလုပ်ခဲ့မိတယ်။ ဒါပေမယ့် မျှော်လင့်ချက်မရှိတော့ကတည်းက သူ့ဆီမှာ နောင်တတွေနဲ့ ပူဆွေးမှုတွေပဲ ကျန်နေခဲ့တော့တယ်။
သူမတို့ပြင်ဆင်လို့လည်းပြီးရော ပွဲကစရော။ ပြန်ဆုတ်ရမယ့်တပ်ဖြစ်တာတောင် လူထောင်ချီရှိတဲ့စစ်တပ်ထဲက မြှားသမားတွေ ရုတ်တရက်ထွက်လာတယ်။မြှားတွေက မီးမြှားတွေဖြစ်တဲ့အပြင်ကို အကွာအဝေးကလည်း နောက်ဆုံးတစ်ခေါက်ကထက်ပိုပြီး ဝေးဝေးကိုပစ်နိုင်တယ်။  မီးမြှားမိုးတွေရွာသလိုမျိုးကို မြှားတွေက နင်ကျင်းမြို့ပေါ်ကိုရွာကျလာပြီး အတော်လေးထိခိုက်ကုန်ကြတယ်။ အကာအကွယ်အောက်မှာနေရင်း မင်းသားရုံက အော်တော့တာပဲ။
"မြန်မြန် စစ်သူကြီးဆီက စစ်ကူသွားတောင်းကြ!"
"မဖြစ်ဘူး။ သူကျွန်မတို့ကိုလာကယ်ရင် ထောင်ချောက်ထဲကျသွားလိမ့်မယ်။ ကျွန်မတို့ဖာသာ လွတ်အောင်လုပ်ရမယ်။ ကျွန်မတို့လုပ်နိုင်တယ်။"
ဒီကိစ္စက ခက်ခဲမယ်ဆိုတာ ပိုင်ရှန်းရှို့သိတယ်။ ရန်သူက သူမတို့ကို ဘေးကျပ်နံကျပ်အခြေအနေတစ်ခုဖန်တီးပြီး သူမတို့ ဘယ်လိုတုန့်ပြန်မလဲဆိုတာကို သိချင်တာ။ လုံဟန့်သူမတို့ကို ဘာကယ်တာနဲပ သေချာပေါက် သူတို့အကြံအောင်ပြီပဲ။  စစ်တပ်တစ်ခုလုံးကိုရှင်းနိုင်တဲ့ အင်အားတစ်ခုကို အကူအညီလာမယ့်လမ်းကြောင်းမှာ ဝှက်ထားပြီး ခြုံခိုတိုက်ခိုက်နိုင်တယ်။
ဒါပေမယ့်လုံဟန်လာမကူဘူးဆိုရင် အဲ့ဒီစစ်တပ်အင်အားက နင်ကျင်းကိုသိမ်းဖို့ ဖြစ်သွားနိုင်တယ်။ နန်းတော်က စစ်ကူမပါဘဲနဲ့လည်း လုံဟန့်ရဲ့စစ်တပ်တစ်ခုလုံး ရန်သူတပ်အဝိုင်းခံလိုက်ရပြီး ပြန်စရာမြေမရှိတွေလည်း ဖြစ်သွားနိုင်တယ်။
အဲ့အချိန်မှာပဲ ရန်သူဖက်က သူမရဲ့ ဇာစ်မြစ်အမှန်ကိုသိထားနေတယ်ဆိုတာကို ပိုင်ရှန်းရှို့နားလည်သွားတယ်။ ရန်သူတပ်က ဗျူဟာတွေတစ်ခုချင်းစီနဲ့ ဖွဲ့စည်းထားတာ။ သူမ လုံဟန့်ဆီကစစ်ကူမခေါ်နိုင်ဘူးဆိုတာ သိနေတဲ့ ရန်သူဖက်က ဝိဉာဥ္ကူးလာတဲ့သူက စစ်အင်အားကို တစ်ထောင်ကနေ ငါးထောင်အထိ မြှင့်ပစ်လိုက်တယ်။ ကြည့်ရတာ ဒါကပဲ မူရင်းအကြံထင်တယ်။ သူတို့ခြုံခိုမတိုက်ခင် လုံဟန့်ကို နင်ကျင်းမြို့ကျူးကျော်ခံရတဲ့အကြောင်း သတင်းရအောင်စောင့်နေကြတာ။ လုံဟန့်က နောက်တန်းမှာ တပ်တချို့ချန်ခဲ့တာတောင် ရန်သူဖက်က ပစ်တဲ့ဗုံးက အတော်လေး ထိရောက်လို့ မြို့ထဲမှာဖရိုဖရဲတွေဖြစ်ကုန်ပြီ။
"ယွီခွမ်း ရှင်က ကိုယ်ဖော့ပညာက အရမ်ြးောင်းတယ်ဆိုတော့ ကျွန်မကိုတစ်ခုလောက်ကူညီစမ်းပါ"
ပိုင်ရှန်းရှို့က မေးလေတယ်။
ယွီခွမ်းက ခေါင်းငြိမ့်ပြတာပေါ့။
"ပြောကြည့်လေ"
"စစ်သားတွေကိုဦးဆောင်ပြီး လျှို့ဝှက်လှိုဏ်ခေါင်းတွေထဲကိုခေါ်သွား။ ဗုံးတွေပါယူသွား....နေပါဦး လှိုဏ်ခေါင်းတွေ!"
ပိုင်ရှန်းရှို့အသံက ရုတ်တရက်ထအော်လိုက်သလိုမြင့်သွားတယ်။ ချန်ထောက်ကို ငါဘာလို့မေ့နေတာလဲ? သူက မြေအောက်လမ်းကြောင်းတွေအကြောင်းကိုသိတယ်မလား။
စုန့်ကျောင်းယွဲ့လည်း လှိုဏ်လမ်းကြောင်းတွေအကြောင်းကို သတိရသွားတယ်။
"ကိုယ့်လူတွေခေါ်သွားလိုက်မယ်"
"ငါ့လူတွေက မြေအောက်လမ်းကြောင်းကနေ မြို့ရိုးဆီကို တိုက်ရိုက်သွားလိုက်မယ်။"
ယွီခွမ်းက ၀င်ပြောတယ်။
"ဟုတ်ပြီ။ ဒါဆို ယွီခွမ်းရဲ့လူတွေက မြို့ရိုးကိုတိုက်ရိုက်သွားလိုက်။ ရန်သူအများကြီးစုနေတဲ့နေရာကို ဗုံးတွေကျဲလိုက်။ များနိုင်သမျှ များများယူပြီးသာပစ်လိုက်။ သူမထုတ်ထားတဲ့ ဗုံးအသစ်တွေက အတော်လေး အားပြင်းတာ။ပြီးတော့ သတိပေးလိုက်ရသေးတဟ်။
"ရှင့်လူတွေကိုသေချာပြောထားနော်။ ဗုံးကိုပစ်ရင် ခပ်ဝေးဝေးကပစ်လို့။ အနည်းဆုံးဆယ်လှမ်းလောက်ခွာ။ သိတယ်မလား?"
"နားလည်ပြီ။"
ယွီခွမ်းက ဗူံးတွေယူပြီး တိမ်ဖြူတောင်က လူတွေနဲ့ ကူချင်တဲ့ စစ်သားတချို့ကိုခေါ်ပြီးထွက်သွားတယ်။ တခြားလူတွေသုံးတာကို မြင်ဖူးထားလို့ သူတို့တွေက ဗုံးပစ်ရမှာကို မကြောက်ကြဘူး။
အကူအဖွဲ့ဖွဲ့ပြီးတာနဲ့ ပိုင်ရှန်းရှို့က အန္တရာယ်ဖြစ်မှာကိုမမှုဘဲ စီစဥ္ထားတာတွေကိုလိုက်ကြည့်တယ်။ သူမက လှိုဏ်ခေါင်းတွေအထိတောင်ဆင်းပြီး အဆင်ပြေရဲ့လားလို့လိုက်ကြည့်နေသေး။ မင်းသားရုံစီစဉ်ပေးထားတဲ့ သက်တော်စောင့်တွေကျေးဇူးနဲ့ သူမရဲ့့လုံခြုံရေးက အတော်လေး အဆင်ပြေနေတယ်။
ရန်သူဖက်က လှိုဏ်ခေါင်းတွေဖက်ကို အတော်လေးသိုင်းပညာမြင့်တဲ့ စစ်သည်တွေကိုပို့ထားတယ်။ သူတို့ကိုဦးဆောင်တဲ့သူက ချန်ထောက်ကိုယ်တိုင်လေ။  သူမ အံကိုကြိတ်ပြီး သူ့ကိုကြည့်နေမိတယ်။ ဒီလူက အာဏာရဖို့အတွက် မိသားစုကိုတောင်စွန့်ပစ်ပြီး ဘက်ပြောင်းသွားတဲ့ကောင်။ မိန်းမကိုစွန့်ပစ်တာမျိုးကို နားလည်နိုင်ပေမယ့် အမေအထိစွန့်ပစ်တာကိုတော့ နားမလည်နိုင်ဘူး။ အဓိက အရေးကြီးတဲ့မေးခွန်းက သူ့ပိုက်ဆံအိတ်ထဲကို သူမထည့်ထားခဲ့တဲ့ ဗုံးအသေးက ဘာလို့မပေါက်သေးတာလဲ ဆိုတာပဲ။
သူ့ရဲ့ခါးကိုလှမ်းကြည့်လိုက်တော့ ပိုက်ဆံအိတ်က အဲ့မှာရှိနေသေးတာကို သူမသတိထားမိလိုက်တယ်။ သူအဲ့ဖက်ကိုရောက်သွားကတည်းက တစ်ခါမှပိုက်ဆံအိတ်ကိုမဖွင့်ရသေးဘူးလား။ အဲ့ဒါက......
"ဆရာစုန့်"
ပိုင်ရှန်ရှို့က လိုက်ကြီးကြပ်ပေးနေတဲ့စုန့်ကျောင်းယွဲ့ကို သတိထားလိုက်မိလို့ လှမ်းခေါ်လိုက်တာပေါ့။
စုန့်ကျောင်းယွဲ့ကတော့ မျက်မှောင်ကြီးကုပ်သွားလေတယ်။  ဘာလို့ ဒီမိန်းကလေးက အန္တရာယ်တွင်းထဲပဲ ဆင်းချင်နေရတာလဲ? သူ လူတွေကိုခဏထားခဲ့ပြီး သူမဆီကိုပြေးလာလိုက်တယ်။
"မင်းက ဘာလို့ဒီကိုရောက်နေတာလဲ?"
"ပြောစရာရှိလို့ပါ။ ချန်ထောက်ရဲ့ ခါးမှာချိတ်ထားတဲ့ ပိုက်ဆံအိတ်ကိုမြင်လား။ ဘယ်သူမှမရှိတဲ့အချိန် အဲ့အိတ်ကို သွားရိုက်ပေးပါလား။ အံ့သြစရာကြီးကြီးက ရှင့်ကိုစောင့်နေမှာ"
"မင်း...."
ဘယ်လို အံ့သြစရာမျိုးကစောင့်ကြိုနေမှာလဲ? ကြောက်ဖို့ကောင်းတာကြီးမလား? သူက ဒီအောက်ကိုရော ဘာကိစ္စဆင်းလာရတာလဲ? ဒါကြီးက စစ်မြေပြင်လေ။ မိန်းမတစ်ယောက်ဖြစ်ပြီး ဒါကိုဘယ်လိုလုပ်ပြီးသည်းခံနိုင်ရတာလဲ? သိုင်းတတ်တဲ့သူတောင် မရင်းနှီးတာကို။
စုန့်ကျောင်းယွဲ့အတွေးထဲမျောနေတုန်းမှာပဲ ချန်ထောက်က ရုတ်တရက် ထအော်လေတယ်။
"မိန်းမယုတ်မ! နင့်ကိုငါသတိမယ်!"
စုယွင်က သူ့ကိုပြောတယ်။ ကျန်တဲ့သူတွေကိုအသက်ချမ်းသာပေးရင်တောင် အဲ့မိန်းမကိုတော့ရအောင်သတ်တဲ့။ သူက သူ့တပ်တွေအားလုံးကိုပိုင်ရှန်းရှို့ဆီသွားဖို့ လက်နဲ့အချက်ပြလိုက်တယ်။
စုန့်ကျောင်းယွဲ့ကချက်ချင်းပဲ သူမကိုဆွဲပြီးအိမ်ခေါင်မိုးပေါ်တင်ထားလိုက်တယ်။ ပြီးတာနဲ့သူကခုန်ဆင်းပြီး သွားတိုက်ခိုက်တော့တယ်။ ပိုင်ရှန်းရှို့ကတော့ပြောစရာစကားပျောက်နေတယ်။ သူက ဘာကိစ္စငါ့ကို ဒီလောက်အမြင့်ကြီးမှာ တင်ထားခဲ့တာလဲ? ဒီအမြင့်မှာ ဘယ်လိုပုန်းမလဲ? သူမချက်ချင်းပဲ မီးခိုးခေါင်းတိုင်နောက်ကိုပြေးပြီး စုန့်ကျောင်းယွဲ့တိုက်ခိုက်တာကိုကြည့်နေလိုက်တယ်။သူက တိုက်ခိုက်နေရင်း တစ်ချိန်တည်းမှာပဲ နောက်ကိုဆုတ်နေတာ။ သူမဆီကိုဘယ်သူမှမလာတာ သေချာအောင်ကြည့်ရင်းပေါ့။ သိုင်းပညာမြင့်တဲ့ရန်သူဖက်ကလူတွေနဲ့တိုက်ခိုက်နေတာဆိုတော့ ဒဏ်ရာမျိုးစုံက မျက်စိတစ်မှိတ်အတွင်းမှာပဲ စုန့်ကျောင်းယွဲ့ရသွားတယ်။
ပိုင်ရှန်းရှို့ စိတ်ပူပြီးအော်လိုက်တယ်။
" ဒီအတိုင်းတိုက်နေမယ့်အစား လက်နက်ပုန်းသုံးလေရှင်!!"
စုန့်ကျောင်းယွဲ့ကြောင်သွားတယ်။ သူ့ဆီလက်နက်ပုန်းရှိတာသိကုန်ကြမှတော့ လက်နက်ပုန်းဘယ်ခေါ်တော့မလဲ။ ဒါပေမယ့်လည်း လက်နက်ပုန်းကို အခွင့်အရေးရတဲ့အချိန်မှာပစ်လိုက်ပါတယ်။ သူ့အရည်အချင်းကိုသူယွုတယ်လေ။ သူ့နောက်ကလိုက်တဲ့သူတွေကတော့ လက်နက်ပုန်းလည်းဂရုမစိုက်ဘဲ ဆက်လိုက်နေတာပဲ။အဲ့အချိန်မှာ စုန့်ကျောင်းယွဲ့က ခပ်မြင့့်မြင့်ခုန်လိုက်ပြီး ချန်ထောက်ရဲ့ အိတ်ကပ်ဆီကို သတ္ထုပြားတစ်ခု ပစ်လိုက်တယ်။
လူတွေဆိုတာ ကျန်တာတွေကိုသာ ခွဲချင်ခွဲနိုင်မယ်။ ငွေကိုတော့မခွဲနိုင်ကြဘူး။ အဲ့ဒါကြောင့်ချန်ထောက်ကပိုက်ဆံအိတ်ကိုနေရာတကာယူသွားနေတာယေ ကံမကောင်းချင်တော့ သူ့ပိုက်ဆံအိတ်က သူ့ကိုပြန်သတ်တဲ့အရာဖြစ်နေတယ်။
အုန်း!!!ပေါက်ကွဲမှု အကြီးကြီးဖြစ်သွားတယ်။ အဲ့နားရှိတဲ့လူတွေအကုန် သွေးတွေဖြန်းပြီးသားပဲ။
တစ်ယောက်က သူမဆီကိုခုန်၀င်လာပြီး သူမရဲ့ခေါင်းကိုကာထားပေးတယ်။ သူဘယ်သူလဲ သူမသိတာပေါ့။ သူ့ရဲ့အပြုအမူက စိတ်ထဲတောင်ထိရှသွားရတယ်။ သူမတို့နှစ်ယောက်အတူတူမရှိနိုင်တော့ဘူးဆိုရင်တောင် သူက တကယ့်ကိုအားကိုးရတဲ့သူပါပဲ။ ၀တ္ထုကသူမကို မလိမ်ခဲ့ဘူး။ ဇာတ်ပို့မင်းသားက တစ်ကယ့်ကိုလူကောင်းတစ်ယောက်ပဲ။ ဒါပေမယ့် သူမက သူ့ရဲ့လူမဟုတ်ဘူး။ သူမမှာ သူမရဲ့အမျိုးသားရှိပြီးသား။ သူမရဲ့အမျိုးသားက သူမကို နူးနူးညံ့ညံ့မဆက်ဆံရင်တောင်၊ စုန့်ကျောင်းယွဲ့လောက်မစဉ်းစားပေးတတ်ရင်တောင်၊ တစ်ခါတစ်လေ သည်းမခံနိုင်တဲ့အချိန်တွေရှိနေရင်တောင် သူ့ဟာနဲ့သူတော့ တကယ်ကောင်းတဲ့ အမျိုးသားပါပဲ။ သူမအတွေးတွေထဲမျောနေတုန်း သူမရဲ့နှုတ်ခမ်းကို အေးစက်စက်တစ်စုံတစ်ရာက လာထိလေတယ်။ နူးညံ့ပြီး သွေးနံ့တွေလည်းရောနေတာပေါ့။
___________
[Zawgyi]
Burmese Translation of "Doomed to be Cannon Fodder".
Translator - ဂွေ့စ်
"ပြောကြည့်လေ"
ယွီခွမ်းက ၀င်ပြောတယ်။
"နားလည်ပြီ။"
"ဆရာစုန့်"
"မင်း...."
Continue Reading
You'll Also Like
479K 40.6K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
350K 8.7K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
2.5M 157K 100
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...