"ကိုကိုအနောက်မှာကားး!!!
အနောက်မှာကားကိုကို!!"
ဂျောင်ဂုသတိရလာရင်အဆင်သင့်စားဖို့အစားအသောက်တွေသွားဝယ်ပြီးပြန်လာတော့ကယောင်ကတန်းနှင့်မျက်လုံးလည်းမပွင့်အော်နေသောဂျောင်ဂုကိုတွေ့တော့အနားကိုအပြေးရောက်လာပြီး
"ဂျောင်ဂု...ကိုကိုဘာမှမဖြစ်ဘူးဂျောင်ဂု...ကိုကိုဒီမှာ..ကိုကိုဒီမှာလေ"
လက်ကလေးကိုင်ကာပြောနေသောဂျီမင်း
ဂျီမင်းအသံကြားတော့မျက်လုံးဖြည်းဖြည်းချင်းပွင့်လာသည်
"ကိုကို....အားးးကျစ်"
"မထနဲ့အူံး...မင်းခေါင်းထိထားတယ်"
"အားးးခေါင်းကိုက်တယ်....ခေါင်းကိုက်တယ်"
"ခေါင်းကိုက်တယ်??
ဘာမှ..ဘာမှမစဉ်းစားနဲ့ဘာမှမတွေးနဲ့..နေအုံးကိုကိုဒေါက်တာ့ကိုသွားခေါ်ပေးမယ်"
ဒေါက်တာကိုခေါ်ဖို့အပြင်သို့ထွက်လာသည်
တံခါးအပေါက်ဝမှာပဲဒေါက်တာနဲ့တန်းတွေ့တော့
"ဒေါက်တာ လူနာသတိရနေပြီဒေါက်တာ ခေါင်းကိုက်လို့တဲ့ ကြည့်ပေးပါအုံးဗျာ"
"ကျနော်လည်းလာကြည့်တာ"
အခန်းထဲသို့ဒေါက်တာနဲ့အတူပြန်ဝင်လာသည်
ဒေါက်တာကဂျောင်ဂုအားစစ်ဆေးပြီး
"ဒီကလူနာကခေါင်းထိထားတာဆိုဝောာ့
လောလောဆယ်ဘာမှမတွေးပါနဲ့နော်....ခေါင်းကိုရှင်းရှင်းထားပါ...တေွးန်ေဆိုရင်တော့ခေါင်းကိုက်မှာပဲ....ခေါင်းကိုက်ရင်ခေါင်းထိထားတဲ့အခြေအနေကပုံမှန်ထက်ပိုဆိုးသွားလိမ့်မယ်....ဂရုစိုက်ပါ....ဘာမှတော့စိုးရိမ်စရာမရှိပါဘူး အဲ့ဒါတစ်ခုပါပဲ"
ဆိုကာဂျောင်ဂုအားပြောလိုက်သည်
".........."
ဂျောင်ဂုကခေါင်းညိတ်ပြလိုက်သည်။
ဒေါက်တာကဂျီမင်းဘက်လှည့်လာပြီး
"ကျနော်နဲ့ခဏလိုက်ခဲ့ပါနော်"
"ဟုကဲ့ဒေါက်တာ"
ဂျီမင်းကဒေါက်တာနဲ့လိုက်သွားသည်
"ဒေါက်တာဘာပြောစရာ"
"အော် ဆေးပေးမို့ပါ နောက်ပြီးဆေးရုံမှာနှစ်ရက်လောက်နေပေးနော် ခေါင်းကိုယ်တယ်ဆိုတော့နည်းနည်းအခြေအနေကြည့်ရအုံးမှာမို့"
"ဟုကဲ့ပါဒေါက်တာ"
ဒေါက်တာကဆေးစာအုပ်နဲ့ဆေးများပေးလိုက်သည်။
ဂျီမင်းကယူပြီးဂျောင်ဂုစီသို့ပြန်ရောက်လာသည်။
"ဂျောင်ဂု"
"ကိုကို"
"မထနဲ့အုံး မထနဲ့အုံး"
"..............."
"အဆင်ပြေရဲ့လားမင်း.....ကိုကို..ကိုကိုတောင်းပန်ပါတယ်မင်းအခုလိုဖြစ်ရတာကိုကိုကြောင့်ပါကွာ"
".......မဟုတ်ပါဘူး....ကိုကိုကြောင့်..မဟုတ်ပါဘူး..ကျနော်ကိုကို့ ကိုပြောခဲ့ဆိုခဲ့မိလို့..အခုလိုတွေဖြစ်ကုန်တာပါ"
".......မင်းအရမ်းနာနေလား"
"အင်းနည်းနည်းပါ ခေါင်းပဲကိုက်နေတာ"
ဂျီမင်းကဂျောင်ဂုဆံပင်လေးတွေအားသပ်ပေးလိုက်သည်
"မင်းဗိုက်ဆာနေပြီလား ကိုကိုမုန့်တွေဝယ်လာတယ် စားပြီးရင်ဆေးသောက်ရမယ်"
"ဟင့်အင်း...ကျနော်မစားချင်ဘူး"
"မစားလို့မရဘူးကလေးရဲ့....စားမှရမယ် ပြီးရင်ဆေးသောက်အာ့ဆိုခေါင်းကိုက်တာသက်သာသွားမယ်"
"..........ကိုကိုကျွေးမှာလား"
"အင်းကိုကိုကျွေးမယ်လေ"
".......(ခေါင်းညိတ်)အာ့ဆိုစားမယ်"
"လိမ်မာတယ်ကိုကို့ကလေးက"
ဂျီမင်းကဂျောင်ဂုအားမုန့်တွေကျွေးလိုက်ပြီး
နောက်ဆေးတိုက်လိုက်သည်
ထို့နောက်
"ရလား ထမို့လား"
"ဟု"
"ကိုကိုတွဲပေးထားမယ်"
"............."
ဂျောင်ဂုကထိုင်ချင်တယ်ဆိုလို့တွဲထူပေးလိုက်သည်။
"ဟို....ကျနော်...ကျနော်ကိုကို့ကိုတောင်းပန်ပါတယ်...အော်ခဲ့မိတာရယ်..ဒေါသကြောင့်ဇွတ်ပြောမိတာရယ်ကြောင့်"
"ကိုကိုခွင့်လွှတ်ပါတယ်ယကွယ် မင်းကိုအပြစ်မမြင်ပါဘူး.....ကိုကိုလည်းမင်းကိုတောင်းပန်တယ်နော် ကိုကိုကြောင့်အခုလိုဖြစ်ရတာ"
"ကိုကိုတောင်းပန်စရာမလိုပါဘူး...ကျနော်ကပျော်နေတာ ကိုကို့ကို ကာကွယ်လိုက်နိုင်လို့ကိုကိုဘာမှမဖြစ်တာကို"
"ဒါမဲ့မင်းထိခိုက်သွားတယ်လေကွာ ပျော်စရာမဟုတ်ဘူး မင်းအခုလိုဖြစ်တာကိုကိုပျော်တယ်များထင်နေလား"
"ကိုကိုဘာမှမဖြစ်တာနဲ့ကျေနပ်နေတာကျနော်က"
".......အင်းပါ..ကိုကိုနောက်ခါရန်မဖြစ်တော့ဘူးဘာအကြောင်းနဲ့မှ"
"တကယ်နော်ကိုကို"
"အင်းတကယ်ကတိပေးတယ်"
".........(ပြုံး)...အားးး"
"ဘာဖြစ်လို့လဲ"
"ခေါင်းကိုက်လို့"
"ပြန်အိပ်လိုက်တော့ အကြာကြီးထိုင်လို့မရဘူး"
"ဟု"
ဂျောင်ဂုကပြန်လှဲလိုက်သည်။
ထို့နောက့်ဂျီမင်းလက်ကဒဏ်ရာကို
မြင်လိုက်ပြီး
"ကိုကို့"
"ဟင်"
"ကိုကို့လက်ကဘာဖြစ်တာလဲ"
"အပြစ်လုပ်ထားလို့အပြစ်ပေးလိုက်တာ"
"ဘယ်လိုကိုကို"
"ဟုတယ် မင်းကိုနာကျင်အောင်လုပ်လိုက်တယ်ဒီလက်ကိုအပြစ်ပေးလိုက်တာ"
"ကိုကိုရာ....ဘာလို့လုပ်တာလဲ..ကြည့်ပါအုံးကိုကို့လက်လေးတွေယောင်နေပြီ..သွေးတွေလည်းထွက်နေတယ်"
"ဘာမှမဖြစ်ပါဘူး ကိုကိုရတယ်"
"ကိုကိုရပေမဲ့ကျနော်မရဘူး ဆေးမထည့်ဘူးလား"
"ဟင့်အင်း မင်းကိုထိုးလိုက်တဲ့ဒီလက် နောက်ပြီးကိုကိုမင်းကိုထိုးလိုက်မိတဲ့အတွက်ရောကိုကိုတောင်းပန်ပါတယ်ကွာ ဒေါသနဲ့မို့ကိုကိုထိူးလိုက်မိတယ် ကိုကိုလေတကယ်စိတ်မကောင်းဘူး"
"ကိုကို ကျနော်ဘာမှမဖြစ်ဘူးကိုကိုရဲ့ဒီလိုလုပ်စရာမလိုပါဘူးဗျာ ကြည့်ပါအုံးကျနော့်ရင်တွေကွဲပါပြီ ဘာလို့ကိုယ့်ကိုကိုယ်နာကျင်အောင်လုပ်ရတာလဲကိုကိုရဲ့"
"မင်းကို ကိုကိုပြောပြီးပြီလေကွာ"
"မရဘူးဗျာ ဆေးထည့်လိုက်ပါကိုကို"
"မထည့်ဘူး ပြစ်ထားမှာ"
"ကို့ကို့ အဲ့လိုမလုပ်ပါနဲ့ ကိုကိုဆေးဘူးသွားယူလိုက်ကျနော်ထည့်ပေးမယ်သွားကိုကို"
သူ့လက်ကဒဏ်ရာကိုမြင်ပြီးအသည်းအသန်ဖြစ်နေတဲ့ဂျောင်ဂုကိုတွေ့တော့ဂျီမင်းစိတ်ထဲတကယ်စိတ်မကောင်းဖြစ်မိသည် သူတော်တော်ကိုယ့်ကိုအထိအခိုက်မခံတာပဲဆိုတဲ့စိတ်လေး တွေးနေရင်းမျက်ရည်လေေးတွကဝဲလာပြန်ပြီ
ခေါင်းထိထားတဲ့ကိုယ့်ကိုယ်ကိုတောင်မှ
ဂရုမစိုက်ပဲ လက်လေးဒဏ်ရာရထားတဲ့ကိုကို့အတွက်ကျတော့စိတ်ပူနေလိုက်တာအရူးတစ်ပိုင်းလို ကိုသာဖြစ်ချင်ရင်ဖြစ် ကိုကို့ကိုတော့ဘာဒဏ်ရာမှမရစေချင်တဲ့ဂျောင်ဂုပါ
အခုတော့ အပြစ်ပေးတာတဲ့လား
သူ့ကိုထိုးလိုက်တဲ့လက်ကိုအပြစ်ပေးတာတဲ့
မိုက်လိုက်တာကိုကိုရယ် အဲ့လောက်ထိမလိုပါဘူးကိုကိုကျနော့်ကို ဓားနဲ့ထိုးမယ်ဆိုရင်တောင်အပြစ်မြင်မှာမဟုတ်တဲ့ကောင်ပါကိုကိုရဲ့ ခုလိုတွေလုပ်စရာမလိုပါဘူး
"မင်းမလုပ်ပါနဲ့ မင်းဒဏ်ရာပဲမင်းဂရုစိုက်ပါ
ကိုကိုတကယ်ဘာမှမဖြစ်ဘူး"
"မရဘူးလို့ကိုကို ကျနော့်ကိုရူးအောင်မလုပ်ပါနဲ့"
"............"
နောက်ဆုံးတော့လည်းဂျောင်ဂုစိတ်ကျေနပ်အောင်ဂျီမင်းေဂျာင်ဂုပြောတာလက်ခံလိုက်ရတော့သည်
"အင်းပါကွယ် ကိုကိုထည့်လိုက်မယ်နော်"
"အခုထည့်"
"နောက်ပြီးကျရင်ထည့်လိုက်မယ်လေကလေးရဲ့"
"ဟင့်အင်းအခုထည့်"
"ဟုပါပြီ ဒါဆိူကိုကိုအခုထည့်လိုက်မယ်"
ဂျောင်ဂုပြောတဲ့အတိုင်းအခုချက်ချက်းထည့်လိုက်ရတော့သည်
နောက်ပြီးတော့မှဂျောင်ဂုစီပြန်လာကာ
"ထည့်ပြီးပြီလား"
"အင်း"
"ဘယ်မှာလဲပြ"
"ဒီမှာပါဗျာ ပတ်တီးတောင်စီးလာတယ်"
"ကိုကို့ဘာသာလုပ်တာလား"
"မဟုတ်ဘူး ဆရာမလေးတစ်ယောက်လုပ်ပေးတာ"
"ဘယ်ကဆရာမလေးတစ်ယောက်လဲ"
"ဒီဆေးရုံကပဲလေ ဘယ်သူလဲတော့ကိုကိုလည်းသိဘူး ချောတယ်ချစ်စရာလေး"
"ကိုကိုနော်!"
"ဟားးစတာပါကွာ"
"ဘာမှန်းလဲမသိဘူး သူများကနေကောင်းနေတာမဟုတ်ဘူး "
"အင်းပါ ကိုကိုသိပါတယ် ကိုကိုကစတာ"
".........."
"ဒါနဲခေါင်းကိုက်သေးလား"
"ဟင့်အင်း သိပ်မကိုက်တော့ဘူး"
"အဲ့ဒါမုန့်စားပြီးတော့ဆေးသောက်လိုက်လို့စောနက"
"ဟုတယ်နော်"
"ဟုတာပေါ့"
"......."
"ဒါနဲ့ မင်းအိပ်ချင်ရင်အိပ်တော့"
"အင်းအိပ်ချင်တယ်"
"အိပ်အိပ်"
"........."
ဂျောင်ဂုအားခဏစောင့်ကြည့်ပြီးတအောင့်နေတော့အိပ်ပျော်သွားသည်
ဂျောင်ဂုနားမှာနေကာ
ဖုန်းထုတ်ပြီးဖုန်းသူံးနေလိုက်သည်
ထိုအချိန်
တစ်စုံတစ်ယောက်ဖုန်းဆက်လာသည်
Ctကိုကြည့်လိုက်တော့ထယ်ဟျောင်း
ဂျောင်ဂုအိပ်နေတာမို့ဆေးရုံဝရံတာမှာဖုန်းထွက်ပြောလိုက်သည်
"ဟယ်လို"
"ဂျီမင်း မင်းတို့ဘယ်သွားကြတာလဲငါတို့အိမ်လာတာဘယ်သူမှလည်းမရှိဘူး"
"အင်းဟုတယ် ငါတို့ဆေးရုံရောက်နေတာ"
"ဆေးရူံ?"
"အင်းဟုတယ်"
"ဆေးရုံဘယ်သူဘာဖြစ်လို့လဲ"
"ဟူးးးးးသိချင်ရင်****ဆေးရုံကိုသာလာခေါ်တော့ရောက်မှရှင်းပြမယ်"
"အေးအေးပြီးရော အာ့ဆိုငါတို့အခုချက်ချင်းလာခဲ့မယ်နော်"
"အင်း"
ထယ်ဟျောင်းတို့လည်းလောလော²ဖြင့်ဆေးရုံသို့ရောက်လာတော့သည်
ဆေးရုံရောက်တော့
ဂျီမင်းနဲ့တွေ့ပြီးဖြစ်ကြောင်းကုန်စဉ်ရှင်းပြလိုက်တော့သည်
"မသေကောင်းမပျောက်ကောင်းကွာမင်းတို့ကတော့"ထယ်ဟျောင်း
"အေးလေ ကံကောင်းလို့ခေါင်းပဲထိသွားတာတော်သေးတယ်"ထယ်မင်
"မင်းတို့ကောင်တွေကလည်းဖြစ်လိုက်ရင်
အလောတကြီးပဲ "ဆိုဘတ်
"ငါတို့လည်းမထင်မှတ်ပဲဖြစ်သွားတာပါကွာ
ဂျောင်ဂုကိုငါတကယ်စိတ်မကောင်းဖြစ်မိတယ် ငါထိုးလိုက်တဲ့ဒဏ်ရာဆိုလည်းတော်တော်လေးရနေတာ"
"မင်းကအဲ့ဒါကြီးတော့မတရားဘူးကွာ"ထယ်မင်
"ငါသိတယ် အဲ့ဒါကြောင့်မို့ ဒီမှာကြည့် ကါ့လက်ကိုငါပြန်လုပ်ထားတာ ဂျောင်ဂုကဆေးထည့်ဆိုလို့ငါ့မှာပြန်ထည့်ထားရတယ်"
"အခုဂျောင်ဂုဘယ်မှာလဲ"ထယ်ဟျောင်း
"သူ့အခန်းထဲမှာရှိတယ်"
"ငါတို့သွားကြည့်လို့ရတယ်မလား"ဆိုဘတ်
"နေအုံး အခုအိပ်နေတယ်"
"အာ့ဆိုလည်း နိုးမှသွားကြည့်ကြတာပေါ့"ထယ်မင်
"အင်းးးတော်သေးတာပေါ့ကွာ နှစ်ယောက်လုံးဒဏ်ရာကြီးကြီးမားမားမရလို့"်ဟျောင်း
"ငါဂျောင်ဂုကိုတော်တော်သနားတယ်
ငါ့ကြောင့်ဒဏ်ရာတွေတော်တော်ရသွားတာငါ့ကလေးလေး"
"............."
"ဖြစ်တတ်ပါတယ်နောက်မဖြစ်အောင်နေကြ"
"အင်းပါကွာ"
ထယ်ဟျောင်းတို့လည်း ဂျီမင်းနဲ့အဖော်နေပေးပြီးစကားတွေပြောခဲ့ကြသည်
---------------------------
ဆေးရုံမှာနေလာတာနှစ်ရက်ပြည့်တော့
"ဂျောင်ဂုသက်သာတယ်မလား"ထယ်ဟျောင်း
"သက်သာတယ်ဗျ"
"ဒီနေ့ဆေးရုံကဆင်းရမဲ့နေ့မလား"ထယ်မင်
"ဟုတယ်ဟျောင်း....ဒါနဲ့ကိုကိုရော"
"ဂျီမင်းကဆိုဘတ်နဲ့လိုက်သွားတယ်"ထယ်မင်
"ဟုလား ဘယ်သွားတာလဲ"
"ဆိုဘတ်အလုပ်ရှိလို့ဟျောင်းတို့ကို ဂျောင်ဂုနဲ့နေခဲ့ပေးဆိုလို့"ထယ်ဟျောင်း
"..........."
ဂျောင်ဂုစိတ်မကောင်းဖြစ်သွားသည်
ကိုကိုကသူ့အနားမှာမနေပဲနဲ့ထယ်မင်ဟျောင်းတို့နဲ့ထားခဲ့လို့
ဂျောင်ဂုကငြိမ်နေပြီးတစ်ခုခုကိုစဉ်းစားနေတဲ့ပုံပေါက်တော့
"ဂျောင်ဂု ဘာတွေစဉ်းစားနေတာလဲ
ဂျီမင်းတို့ကနောက်ကျမယ်ထင်တယ် ပြန်နှင့်မယ်ရမယ်"ထယ်ဟျောင်း
"ကိုကို့ ကိုမစောင့်တော့ဘူးလား"
"နောက်ကျရင်ပြန်နှင့်တဲ့ခုနောက်ကျနေပြီပြန်နှင့်ရုံပေါ့"ထယ်မင်
"........"
ထယ်မင် ထယ်ဟျောင်းကဂျောင်ဂုအားအိမ်ပြန်လိုက်ပို့ရတော့သည်။
အိမ်ပြန်ရောက်တော့
"ဟျောင်းတို့ပြန်ပြီနော် ဂျီမင်းကိုစောင့်လိုက်အုံး"
"ဟုကဲ့ဟျောင်းတို့"
"တာ့တာဂျောင်ဂု"
"တာ့တာ"
ဂျောင်ဂုလည်းဆိုဖာပေါ်မှယထိုင်ကာ
ဂျီမင်းအားစောင့်နေလိုက်တော့သည်
တအောင့်နေတော့ဂျီမငိးပြနိရောက်လာခဲ့သည်
"ဂျောင်ဂုရေ"
အိမ်ထဲကိုဂျောင်ဂုနာမည်လေးခေါ်ကာဝင်လာသောဂျီမင်း
ဂျောင်ဂုကလည်းဂျီမင်းအသံကြား
ကြားချင်းပဲချက်ချင်းထလာကာ
"ကိုကိုကျနော့်ကိုပြစ်ထားတယ်ဗျာ.."
"ဟွန်းးးကိုကိုဘယ်မှာပြစ်ထားလို့လဲ"
"ဘယ်တွေသွားနေတာလဲ "
"ဆိုဘတ်နဲ့အလုပ်ကိစလေးရှိလို့ကိုကိုလိုက်သွားတာထယ်ဟျောင်းတို့မပြောဘူးလား"
"ပြောတယ်"
"အာ့ဆိုလည်းနားတော့ ကိုကိုလည်းနားတော့မယ်ပင်ပန်းနေပြီ"
"ကိုကိုနဲ့အတူနားမယ်"
ဆိုကာဂျီမင်းရဲ့ခါးလေးအားဖက်ကာပခုံးလေးပေါ်မှီလိုက်သည်
"ကဲလာ အာ့ဆိုသွားမယ်"
ဆိုကာအခန်းထဲသို့နှစ်ယောက်ဝင်သွားပါတော့သည်။
---------------------
"ကိုကိုလက်ကပြရမ်း"
ဆိုကာဂျီမင်းလက်အားဆွဲယူလိုက်သည်။
"ကြည့်ပါအုံး..ညိုနေတယ်"
"မနာတော့ဘူး"
"နောက်ခါအဲ့လိုမျိူးမလုပ်ပါနဲ့ကိုကိုရယ်"
"အင်းပ့မလုပ်တော့ဘူး"
"ကိုကိုကလေ လူကောင်သာသေးသေးလေး
သိပ်ဆိုးတာပဲ"
"............"
"ကိုကိုကတိပေးထားတယ်နော် ရန်ထပ်မဖြစ်ဘူးလိူ့"
"အင်းပါ ကိုကိုယောက်ကျားပါ"
"ပြီးရောအာ့ဆို "
"တော်သေးတာပေါ့ ခရီးသွားမဲ့ရက်ထိမဖြစ်လို့"
"ဟုတယ်နမို့ဆိုမာမီတို့သိရင်မလွယ်ဘူး"
"အဲ့ဒါပြောတာ"
"သိရင်ကျနော်တို့ကိုဆူမှာပေါ့နော်"
"ဒါပေါ့ ကိုကိုကပိုဆူခံရမှာ ဒယ်ဒီတိုထိုးပါထိုးမလားမသိဘူး"
"အဲ့လိုတော့ကိုကို့ကိုအဖြစ်မခံပါဘူး
ကျနော်ကကာကွယ်ပေးမှာပေါ့"
"အမလေးဟုတ်ပါပြီ ဒါနဲ့နောက်နေ့ကျခရီးသွားရတော့မှာမင်းအဆင်ပြေပါ့မလား"
"ကျနော်ကဘာဖြစ်လို့လဲကိုကိုရဲ့"
"မင်းကအခုမှသက်သာခါစမလား"
"အာ ရပါတယ်ကိုကိုရဲ့ ကျနော်ကဘာမှမဖြစ်တော့ဘူးသက်သာသွားပြီ"
"ဟွန်းးအခုမှကောင်းတာလေ"
"ဟုတယ်လေ ဘာဖြစ်လဲကျနော်တကယ်ဘာမှမဖြစ်တော့ဘူး"
"ပြီးတာပါပဲအာ့ဆိုလည်း"
"................"
ဆိုဖာပေါ်မှာနှစ်ယောက်သားထိုင်နေရင်း
တစ်တီတူးချစ်ကြည်နူးနေတော့သည်။
~~~~~~~~~~~~~~~~~~~~~~~
တိုသွားတယ်ကွယ်
မနင်ဖြန်ကျမှအရှည်ကြီးထပ်ရေးပေးမယ်နော်
ဖတ်ပေးတဲ့တစ်ယောက်ချင်းစီတိုင်း
ကျေးဇူးတင်ပါတယ်ရှင့်🫶
💜💛💜💛💜💛💜💛💜💛💜💛💜💛