P-4

1K 62 12
                                    

"ဂျောင်ဂု ဟိုဘက်မှာမုန့်သွားဝယ်မယ်လာ"

ပှံမှန်ပဲထိုနားလေးမှာနှစ်ယောက်သားထိုင်နေကြပြီးစကားတွေပြောကြရင်းဂျီမင်းမှဆိုလာသည်

ဂျောင်ဂုလက်ကိုဆွဲပြီးကျောင်းအတွင်းရှိမုန့်ဆိုင်သို့ခေါ်သွားသည်
ဟိုရောက်တော့ဂျီမင်းကမုန့်တစ်ထုပ်ယူလိုက်သည်

"ဂျောင်ဂုရော ဘာစားမလဲ"

"မစားတော့ပါဘူး"

"စားလေ ဘာစားမလဲ ကိုဝယ်ကျွေးမှာ"

"ရပါတယ်"

"ဘာရတာလဲ ဒီမုန့်စားမလဲ"

"မစားတော့ဘူး"

"ဟာ မရဘူးစားရမယ်"

ဆိုကာမုန့်တွေတစ်ထုပ်ပြီးတစ်ထုပ်‌ဖြုတ်နေသည်

"ဒါကြိုက်လားဂျောင်ဂု"

"....."
ဘာမှမပြောပါ

ဂျီမင်းယူလိုက်ပြီး

"အန်တီ ဒါပဲတွက်ပေးပါ"

ဆိုင်ပိုင်ရှင်ကတွက်ပေးလိုက်ပြီးကျသင့်ငွေရှင်းကာမုန့်ထုတ်လေးတွေကိုင်ကာဆိုင်ထဲကထွက်လာသည်

ဝယ်လာသောမုန့်တွေအကုန်ဂျောင်ဂုအား
ပေးလိုက်သည်

"ရော့ မင်းအတွက် ယူ"

"ဗျာ အများကြီးပဲမယူပါရစေနဲ့"

"မင်းကလည်းသူစိမ်းဆန်လိုက်တာ
‌ယူပါ မင်းကိုခင်လို့ဝယ်ပေးတာရော့ယူ
မယူရင်တော့မခင်လို့ပဲ"

"............."

"ယူပါဆို အားမနာနဲ့"

"အများကြီးကျတော့ကျနော်မကုန်ဘူးလေ
တစ်ခုပဲယူလိုက်မယ်နော်"

"အကုန်ပေးတာလေ အကုန်ယူ"

"........"ဂျီမင်းအားကြည့်

"ယူလိုက်ပါ ခင်ရင်"

ဂျောင်ဂုလက်ထဲအတင်းထည့်ပေးလိုက်တော့သည်

"မကုန်ရင်းလည်းသိမ်းထားပေါ့
အိမ်ရောက်ရင်စားလို့ရတယ်"

"ဟုတ်"

"သွားမယ်လာ ဟိုဘက်"

ဂျောင်ဂုပခုံးအားဖက်ကာထိုင်နေကျစီကိုပြန်သွားသည်

ကိုကို့ ကိုချစ်တယ်Where stories live. Discover now