ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်
By KooChimmy58
84.4K 5.6K 373
" အမြဲတမ်းချစ်ပေးနေခဲ့ပေမဲ့ တစ်ဖက်ကအချစ်မခံနိုင်တဲ့အခါ ပြန်ရုတ်သိမ်းသွားရုံပေါ့" More
Note
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39 (final)
Part 17
2K 155 9
By KooChimmy58
Unicode
"Jimin ကိုယ်လိုက်ခဲ့မယ်"
"...."
"ငြိမ်ငြိမ်လေးပဲထိုင်နေမှာမို့ ကိုယ့်ကိုပါခေါ်သွား"
Min Yoongiနဲ့ နှစ်ယောက်တည်းတွေ့ဖို့အတွက် လွှတ်မပေးလိုက်နိုင်ပါ။ Londonမပြန်မချင်း Jiminနောက်ကို တကောက်ကောက်လိုက်ဖို့ဆုံးဖြတ်ပြီးသား!!!
"အနားကပ်ဖို့ပဲတွေးနေတာမင်းက ပက်ကျိလား "
"မဟုတ်ဘူး ဖားပျံ ဖြစ်နိုင်ရင်အနားမှာအမြဲကပ်နေချင်တာ"
ဖားတွေရော ပက်ကျိတွေပါ,ပါလာပြီမို့ Jimin ရီချင်စိတ်ကိုထိန်းထားရသည်။
"ဖားပျံလိုကပ်နေလည်း ငါကခွာချမှာ"
"မကြောက်ဘူးပေါ့"
"ဘာလို့ ကြောက်ရမှာလဲ?"
"ဟော!!ဟိုမှာ မင်းခြေထောက်နားမှာ ဖားကြီး!!!"
"အားးး"
တကယ်လန့်သွားပုံရကာမျက်လုံးကိုစုံမှိတ်ထားရင်း လက်မောင်းကိုအတင်း တိုးဖက်လာသည်။
Jimin ဖားတွေကြောက်တတ်မှန်းသိတာမို့ တမင်ပြောလိုက်ခြင်းပင်။
"စတာ စတာပါကွာ ဖားတကယ်မရှိပါဘူး"
"မင်း!!!"
"ဟားးပြောတော့မကြောက်ပါဘူးဆို"
"....."
"ကိုယ့်လက်မောင်းကိုအရင်လာဖက်တာနော် အဲ့တော့အဆုံးထိတာဝန်ယူပါ။ ဒီက လူပျိုနုနုထွဋ်
ထွဋ်လေး"
"Jeon Jung Kook!!!"
"ဗျာ!!"
"တော်ပြီ မင်းကျန်ခဲ့"
"မရဘူး လိုက်မှာ...ခုပဲညနေစောင်းနေပြီ မိုးချုပ်ရင်ပြန်ဖို့စိတ်မချဘူး။အတူတူပြန်မယ်"
Tae Hyungကို Hoseok Hyung ကစောင့်ပေးနေတာကြောင့် Yoongi Hyungနဲ့တွေ့ဖို့ချိန်းထားတဲ့ဆီကို ထွက်လာတာကို Jeon Jung Kookက တောက်တဲ့လို လိုက်ကပ်နေတာဖြစ်သည်။
"တောက်တဲ့ ကပ်ရင်တောင်အဲ့လောက်ခွာရမခက်ဘူး"
"မင်းနဲ့ကျမှပဲ ပက်ကျိဖြစ်လိုက် တောက်တဲ့ဖြစ်လိုက်နဲ့နော် မရဘူး တာဝန်ယူလိုက်တော့"
"ငါ မင်းကိုဘာလုပ်ရသေးလို့ တာဝန်ယူရမှာလဲ!!"
"အဲ့ဒါဆိုလည်း တာဝန်ယူလို့ရအောင် လုပ်လိုက်"
Jeon Jung Kook ကိုလက်မြှောက်အရှုံးပေးလိုက်ပါပြီ။ တကယ်ကို မနိုင်တော့ပါ။
"ဆေးရုံရှေ့မှာ မင်းဘယ်လိုဖြစ်နေတာလဲ"
"....."
ချက်ချင်းမျက်နှာငယ်နဲ့ ဖြစ်သွားလိုက်တာ မသိရင်ကိုယ်ကပဲ သူ့ကိုမတရားလုပ်နေသလို...။
"လိုက်မယ်ဆိုလည်း လိုက်ခဲ့"
"အိုခေ...ကိုယ် Taxiခေါ်လိုက်တော့မယ်နော်"
ခုနကမျက်နှာငယ်လုပ်နေတဲ့အရိပ်အယောင်တွေမတွေ့ရတော့။ အကုန်လုံးကြက်ပျောက်ငှက်ပျောက်...သရုပ်ဆောင်ပညာကလည်း တတ်သေးသည်။
Jeon Jung Kook ကသြချရလောက်အောင် စွယ်စုံရ။
"London မှာခင်လာတဲ့အစ်ကိုလည်းခုကိုရီးယားကိုရောက်နေတာ မင်းနဲ့ Tae Hyungနဲ့ကိုမိတ်ဆက်ပေးချင်လို့...နောက်ရက်အချိန်ခဏလောက်ပေးလို့ရမလား"
"အင်း ရတယ်"
"ဟင်!!"
"ဘာဖြစ်ပြန်တာလဲ"
"မင်းလိုက်မှလိုက်ပါ့မလားလို့ ချက်ချင်းလက်ခံမယ်မထင်ထားတာ အဲ့ဒါကြောင့် အံ့သြသွားတာ"
သူ့ရဲ့ Londonမှာနေထိုင်မှုပုံစံတွေ ရင်းနှီးတဲ့မိတ်ဆွေတွေကို ကိုယ်တိုင်မြင်ဖူးချင်တာမို့
ချက်ချင်းလက်ခံမိလိုက်တာ ဖြစ်သည်။
"အံ့သြစရာလည်းမရှိဘဲနဲ့"
"ဟုတ်ပါပြီကွာ....ဒါနဲ့ သိချင်တာရှိတယ်"
"ဘာလဲ"
"Yoonigi ဆိုတဲ့တစ်ယောက်နဲ့ကအရမ်းရင်းနှီးတာလား"
"အင်းပေါ့ Hyungနဲ့ကအမြဲတမ်းအဆက်အသွယ်ရှိတယ်။ Hyungဆိုင်မှာ menuအသစ်ထွက်ရင်လည်း အမြဲသွားစားနေကျ"
"အဲ့လောက်တောင် ရင်းနှီးတာလား"
"အင်း"
ကိုယ်ကJiminနဲ့ စကားမပြောဘဲလအတော်ကြာအဆက်အသွယ်ပြတ်တဲ့အထိနေခဲ့ဖူးပေမဲ့ ဒီလူနဲ့ကတော့ အမြဲတမ်းအဆက်အသွယ်ရှိနေတာမို့ စိတ်ပူလာရသည်။
"Jimin"
"ပြော"
"အိမ်ပြန်ရအောင်ကွာ"
"ဘာ!!! ရုတ်တရက်ကြီး ဘာတွေအရူးထနေတာလဲ"
ကားထဲရောက်နေကာမှ ချက်ချင်းအိမ်ပြန်ဖို့အကြောင်းလာပြောနေပြန်သည်။
"ငါ..ငါ သဝန်တိုတယ် မင်းကိုစိတ်မချဘူး"
"မပြန်ဘူး သွားမှာ မင်းမလိုက်ချင်ရင် ဆင်းကျန်ခဲ့!! ဦးလေးကြီး ကားရပ်ပေးပါဗျ"
"ဟာ..မရပ်နဲ့ဗျ မဆင်းဘူးနော်"
"အဲ့ဒါဆိုငြိမ်ငြိမ်လိုက်ခဲ့ နောက်တစ်ခါဆို ကန်ချမှာ"
"စိတ်ကလည်း လူလိုပဲသိပ်မရှည်တတ်ဘူးနော်"
တိုးတိုးနဲ့ မကြားတကြားအတင်းကလည်းပြောတတ်ပါသေးသည်။
"ငါ ကြားတယ်နော်"
"ဟားးးစိတ်တိုနေလည်း ချစ်နေရတာပဲကွာ"
Jiminအပေါ် အရင်ကနဲ့မတူပဲ ပိုပြီးလေးနက်လာကြောင်းကိုလည်း ခံစားမိပါသည်။Jeon Jung Kook အနားမှာရှိနေရင်းနဲ့ ခဏခဏခိုးပြုံးရတဲ့အခိုက်အတန့်တွေပါပဲ။
__________________
"Hyung "
"ဟင် ဘာလိုချင်လို့လဲ တစ်ခုခုစားချင်လို့လား"
"မစားချင်ပါဘူးဗျာ လိုချင်တာတော့ရှိတယ်။Hyungပေးမှရမှာ"
"...."
တစ်ဖက်မှာလည်း ဆေးရုံတက်ရတဲ့အချိန်လေးကို အခွင့်ကောင်းယူပြီး အဖြေပြန်ရဖို့ အစွမ်းကုန်ကြိုးစားနေတဲ့ Kim Tae Hyungတစ်ယောက်လည်းရှိပါသေးသည်။
"မင်း...မင်းကဘာလိုချင်လို့လဲ"
"ဟို အားမနာတမ်းပြောရမယ်ဆိုရင် Hyungဆီကအချစ်တွေအများကြီးလိုချင်တယ်"
"လောဘကလည်း ကြီးလိုက်တာ"
"Kim Tae Hyung ပါဗျ လူကလည်းချောသလောက် အချစ်လည်းကြီးတယ်။ မယုံရင် စမ်းချစ်ကြည့်ပါ"
Kim Tae Hyungတို့က စကားတတ်တိုင်းအပြောတွေနဲ့ ခြွေနေတော့တာပင်။
"အဲ့တော့ စမ်းချစ်ကြည့်သင့်လား"
"အရမ်းချစ်တတ်ကြောင်း အပြည့်အဝအာမခံတယ် Highly recommend ပါဗျာ Hyungကတော့ VIPအနေနဲ့ တစ်ခါချစ်ပြီးရင် တစ်သက်လုံးအပိုင်ရမှာဗျ"
တစ်ဖက်လူရင်ခုန်အောင် အကြည့်တစ်ချက်နဲ့တင် ဆွဲဆောင်နိုင်တဲ့အထိ ဆွဲဆောင်မှုအားပြင်းသည်။
ခဏခဏခြွေနေတော့လည်း ဒီလူကမကြွေပဲမနေနိုင်တော့ပါ။
"မင်းကတော့ တကယ်ပါပဲ"
"နော် ပြန်ချစ်ပါဗျာ"
"...."
"Hyung"
"ဒီနေ့ကစပြီး တစ်ရက်"
"အားးးပျော်လိုက်တာ တကယ်ကြီးပြန်ချစ်လိုက်တာလား...Hyung ချစ်တယ်လို့ပြောပါ။ "
"လူဆိုးလေး ပဲ"
"မချစ်ဘူးလား"
"ချစ်တယ်"
"ဘာရောဂါမရှိတော့သလိုပဲ Hyungရဲ့အချစ်တွေကတကယ်စွမ်းတာဗျ။ နည်းနည်းလောက် ဖက်လိုက်ရင် ချက်ချင်းပျောက်သွားမယ်ထင်တယ်"
"တကယ်ပဲ မနိုင်ဘူးမင်းကိုတော့ ဖက်ဖက်"
Jung Hoseok ကတော့ဆေးရုံဝတ်စုံဝတ်ထားတဲ့ကောင်လေးရဲ့ ရင်ခွင်ကျယ်ထဲ နစ်မြုပ်လျှက်။
(တစ်စုံတစ်ကင်မ်တို့လို ကိုယ့်ရဲ့ Crushဆီက အဖြေမြန်မြန်ပြန်ရချင်ရင် ညဏ်နီညဏ်ဝါညဏ်နက်တွေ ထုတ်သုံးသင့်ရင်သုံးရပါမယ်ခ။)
__________________
"Jungkook ဒီတစ်ခါမင်းရှင်းမှာဆို တကယ်လား"
"ငါက ညာစရာလား"
"မဟုတ်သေးပါဘူး အမြဲပိုက်ဆံချွေတာတဲ့ မင်းက ဘယ်လိုလုပ်အကုန်လုံးကိုရှင်းမှာလဲ ပြီးတော့လည်း အသားကင်ကျွေးတော့ အရမ်းထူးဆန်းနေတယ်"
"အသားကင်ကျွေးတာက Jiminကြိုက်လို့လေ ဘာမှမထူးဆန်းဘူး။ ပြီးတော့ မင်းချစ်သူတစ်ယောက်လုံးရနေပြီ မသိဘူးလား"
"ဘာဆိုင်လို့ သိရမှာလဲ"
"ကိုယ်သဘောကျနေတဲ့ ဖွင့်ပြောထားတဲ့သူအရှေ့မှာ ရက်ရောတတ်တာတွေကိုသူသိအောင်ပြရမယ်လေကွာ"
"ဟုတ်လှချည်လား ဘယ်ကသိတာလဲ မင်းက"
"ဒရမ်မာတွေထဲက"
"အဲ့တော့ ငါတို့ကိုကျွေးချင်တာမဟုတ်ပဲ Jiminဆီကအမှတ်ယူချင်တာပေါ့လေ"
"ဒါပေါ့ သဘောပေါက်လွယ်သားပဲ"
"မကျွေးချင်ရင် မစားဘူးဟေ့ကောင်...လို့တော့ပြောမယ်မထင်နဲ့ အသားကုန်စားမှာ မင်းကိုကြည့်မရလို့"
"ကျေးဇူးပဲ "
Jungkook လည်းပြန်ဖို့နီးပြီမို့ Jiminနဲ့ Tae Hyungကို Jin Hyungနဲ့မိတ်ဆက်ပေးဖို့ချိန်းကြရင်းကနေ အကုန်လုံးဆုံဖို့ဖြစ်လာကြတာဖြစ်သည်။
"Jimin ပြောတာ မင်း Yoongi Hyungကိုပါ ဖိတ်ခဲ့တာဆို"
"ဟုတ်တယ်"
"Jiminက Hyungနဲ့အရမ်းရင်းနှီးတော့ ငါကမင်းသဝန်တိုမယ်ထင်နေတာ မဆိုးပါဘူး သဘောထားကြီးနိုင်သားပဲ ငါ့သူငယ်ချင်းအစားပေးမယ် တစ်မှတ်ယူ"
"အစကတော့ တိုတာပေါ့ကွာ ဟိုနေ့ကအတူဆုံဖြစ်ကြတော့ အဲ့အစ်ကိုက သူ့ဘာသာအေးဆေးနေတတ်တဲ့ပုံစံမျိုးပဲ မရိုးမသားပုံစံလည်းမရှိဘူး။ ပြီးတော့ Jiminကိုလည်း ယုံတယ်"
"ဟုတ်ပါပြီ ငါ့ကောင်ကြီးရာ အမြန်ဆုံးအဖြေပြန်ရပါစေလို့ စီနီယာအကိုကြီးကဆုတောင်းပေးလိုက်တယ်"
"မင်း ဆလပ်ရွက်ပဲစားရမယ် အသားမစားနဲ့"
"ဟားးး အသားတွေများများစားပေးမယ် ငါ့ကောင်"
Jeon Jung Kook ထက်အရင်အဖြေပြန်ရသွားတာမို့ Kim Tae Hyungတို့ ဂုဏ်ဆာလို့မဆုံးတော့ပေ။ သူငယ်ချင်း အချင်းချင်းလည်း ကြွားစရာရှိတာကိုတော့ ကြွားရမည်ဖြစ်သည်။
Note_အချိန်မတော် အပ်ပုဒိတ်😆
အကုန် အိပ်နေကြလောက်ပြီထင်ပါတယ်။မနက်ကျရင်ဖတ်ကြပါဗျ
Zawgyi
"...."
"မကြောက်ဘူးပေါ့"
"ဘာလို့ ကြောက်ရမှာလဲ?"
"အားးး"
"မင်း!!!"
"....."
ထွဋ်လေး"
"Jeon Jung Kook!!!"
"ဗျာ!!"
"တော်ပြီ မင်းကျန်ခဲ့"
"....."
"အင်း ရတယ်"
"ဟင်!!"
"ဘာဖြစ်ပြန်တာလဲ"
"ဘာလဲ"
"အင်း"
"Jimin"
"ပြော"
"အိမ်ပြန်ရအောင်ကွာ"
"ငါ ကြားတယ်နော်"
__________________
"Hyung "
"...."
"မင်းကတော့ တကယ်ပါပဲ"
"နော် ပြန်ချစ်ပါဗျာ"
"...."
"Hyung"
"ဒီနေ့ကစပြီး တစ်ရက်"
"လူဆိုးလေး ပဲ"
"မချစ်ဘူးလား"
"ချစ်တယ်"
__________________
"ငါက ညာစရာလား"
"ဘာဆိုင်လို့ သိရမှာလဲ"
"ဒရမ်မာတွေထဲက"
"ကျေးဇူးပဲ "
"ဟုတ်တယ်"
Continue Reading
You'll Also Like
125K 9K 21
ကျူးလစ်ဝါလေးတစ်ခက်နဲ့ မောင့်အချစ်ကိုရည်ညွှန်းမယ်...။
1.1M 61K 38
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
8.9K 1.2K 4
ဆောင်းနှင်းစက်တွေလိုပဲ အေးစက်စက်ပေမယ့် သိပ်မက်မောချင်စရာကောင်းလွန်းတဲ့ သူ.... March 25, 2024 ( started)
1.1M 19.1K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...