တပင်တိုင်

By Mhaw_Eaint_Met

39.6K 2.4K 270

"ကိုကိုပြန်လာရင် ပင်တိုင့်ကိုနှိုးနော်" More

တပင်တိုင်
တပင်တိုင် Part 2
တပင်တိုင် part 3
တပင်တိုင်(Part 4)
တပင်တိုင်(Part 5)
တပင်တိုင်(part 6)
တပင်တိုင်(part 7)
တပင်တိုင်(part 8)
တပင်တိုင်(Part 9)
တပင်တိုင်(Part 10)
တပင်တိုင်(Part 11)
တပင်တိုင်(Part 12)
တပင်တိုင်(Part 13)
တပင်တိုင်(Part 14)
တပင်တိုင်(Part 15)
Part 16
Part 17
Part 18
Part (19)
Part (21)
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33(Final part)
Attention(Uni+ Zawg)
bl

Part 20

700 56 9
By Mhaw_Eaint_Met

(Unicode)

မနက်စောစောစီးစီး ဒေါ်အေးသွယ်ဘုရားဝတ်ပြုရန်အတွက် မေမိုးလိုအပ်တာတွေလိုက်လံပြင်ဆင်ပေးနေခဲ့ရသည်။အားလုံးပြင်ဆင်ပြီးလို့ ဒေါ်အေးသွယ်ဘုရားဝတ်ပြုမည့်အချိန်ရောက်မှ သူမလည်းဘုရားခန်းထဲကထွက်လာခဲ့ရ၏။

မေမိုးအပေါ်ထပ်ကဆင်းလုဆဲဆဲ ရုတ်တရက်ပင်တိုင့်အားသတိရသွားသဖြင့် ပင်တိုင်ရှိရာအခန်းသို့သာအကြည့်ရောက်သွား၏။သည်ရက်ပိုင်းအတွင်း ပင်တိုင်သိသိသာသာအိပ်ရာထတွေနောက်ကျလာသဖြင့် သူရဆီစာသင်သွားဖို့မေမိုးကဘဲနှိုးနှိုးပေးနေရသည်။

အခုလည်းအခန်းတံခါးပိတ်ထားသေးပုံထောက်လျှင် ပင်တိုင်နိုးသေးမည့်ပုံမပေါ်သေးချေ၊မေမိုးသာ ပင်တိုင့်ကိုနှိုးရန်အခန်းဆီသို့လာခဲ့လိုက်သည်။

ပိတ်လို့ထားတဲ့အခန်းတံခါးအား မေမိုးအနည်းငယ်တွန်းကြည့်တော့ အထဲကကလန့်ချမထားပေ၊ပင်တိုင်နိုးနေပြီလားပင်မသိတာကြောင့် မေးမိုးအခန်းကိုသာတွန်းဖွင့်လိုက်၏။သူမလက်များအခန်းတွခါးကိုတွန်းဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် နှုတ်ကလဲ....

"ပင်တိုင်...နှိုးနေပြီလား"

ဘုတ်.....ဒုန်း....

တံခါးတွန်းဖွင့်လာတဲ့သူမကိုမြင်သည်နှင့်တစ်ပြိုင်နက် စာကြည့်စားပွဲပေါ်ကစာအုပ်တစ်ချို့မှာပင်တိုင့်လက်ဖြင့်တိုက်ကျသွားသလို ပင်တိုင်လည်းလက်ကလေးနောက်ပစ်လျက်သာ မေမိုးကိုရပ်ကြည့်နေလေသည်။

သူမကိုမြင်ပြီးပင်တိုင်အထိတ်တလန့်ဖြစ်သွားကာ ပင်တိုင်ဘာဖွက်လိုက်မှန်းတာမေမိုးမသိသော်လည်း တစ်ခုခုကိုဖွက်လိုက်သည်ကိုတော့ မေမိုးမြင်ဖြစ်အောင်မြင်လိုက်သေးသည်။
ပင်တိုင်ဘာဖွက်လိုက်လေလဲသိရအောင်...

"ဘာဖွက်လိုက်တာလဲပင်တိုင်"

မျက်နှာထားတည်တည်ကြီးနဲ့မေးလာတဲ့မေမိုး ပင်တိုင်ရှိရာသို့တဖြည်းဖြည်းကပ်လာသဖြင့် ပင်တိုင်လက်ထဲကအရာလေးကိုသာကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားမိသည်။ခပ်နွေးနွေးရှိတဲ့မနက်ခင်းက သိပ်ပြီးမပူပြင်းလှသော်လည်း မေမိုးမြင်သွားပြီလားပင်မသိတာကြောင့် ပင်တိုင့်ရင်ထဲမှာတော့အပူလုံးကြီးကာပူပြင်းနေတော့သည်။

"မဟုတ်မှလွဲရော...မင်း..."

မေမိုးနှုတ်ကထွက်ပေါ်လာတဲ့စကားတွေကို ပင်တိုင်ကြောက်ရွံ့စွာဘဲငေးနေမိတော့သည်။လူတစ်ကိုယ်လုံးလဲချွေးစများပင်အနည်းငယ်ပျံလာပြီး မေမိုးအကြည့်တွေကိုလည်းပင်တိုင်တိမ်းရှောင်နေလျက်သာ...

"မင်းရည်းစားစာတွေရေးနေတာမို့လား ပင်တိုင်"

"ဗျာ"

"ဗျာမနေပါနဲ့...ရွာထဲကဘယ်ကောင်မလေးလဲပြော"

ရည်းစားစာတော့မဆိုထားနှင့် ပင်တိုင်ချစ်တဲ့တစ်ဦးသောသူကလွဲရင်ဘဝမှာတစ်ခြားတစ်ယောက်အတွက်သီးသန့်ရည်ရွယ်ပြီး စာမရေးဘူးပါ။ဘာဘဲပြောပြောမေမိုးအမှန်အတိုင်းသိမသွားတာဘဲ ပင်တိုင့်အတွက်တော်သေးသည်မို့ ပင်တိုင်ငြင်းဆန်ခြင်းမရှိသလို ဝန်ခံခြင်းလည်းမရှိဘဲရပ်နေတော့သည်။

"ဘယ်သူလဲလို့ မမမိုးကိုပြောပါဆို"

"ဟို...အဲ့ဒါက"

"ဒီကောင်လေးရှက်နေပြန်ပြီ...မမမိုးတို့လည်းငယ်ရာကကြီးလာတာပါပင်တိုင်ရယ် ဒါမျိုးတွေနားလည်ပေးလို့ရပါတယ်"

ရွာထဲမှာပင်တိုင်ကြိုက်တဲ့ကောင်မလေးရယ်လို့မရှိသည့်အတွက် မရှိသည်ကိုအရှိလုပ်ပြောဖို့အတွက် ပင်တိုင်ဝန်လေးလှပါသည်။တစ်ယောက်တစ်လေမှပင်ပြောစရာမရှိတာကြောင့် ပင်တိုင်စဥ်းစားရသာခက်နေမိသည်။

"မေမိုးရေ...ပင်တိုင့်အခန်းထဲမှာလားသမီး"

အခန်းအပြင်ကဒေါ်အေးသွယ်အသံကြောင့် မေမိုးလည်းပင်တိုင့်ဆီမှအကြည့်လွှဲ၍ ချက်ချင်းအသံပြုလိုက်ရသည်။

"ဟုတ်ကဲ့မေမေလေး"

"ခဏလာခဲ့ပါအုံးသမီးရယ်...မေမေလေးယူခိုင်းစရာလေးရှိလို့"

"လာပြီမေမေလေး"

ဒေါ်အေးသွယ်ခေါ်လို့သာမေမိုး ပင်တိုင့်အခန်းထဲကထွက်သွားရတယ်၊မထွက်သွားခင် ပင်တိုင့်ကိုကြည့်သွားတဲ့သူမအကြည့်တွေကလက်လျှော့ချင်တဲ့ပုံတော့မရပေ။ပင်တိုင်ဘယ်သူဘယ်ဝါမပြောမပြောခြင်း သိချင်နေသေးသည့်ပုံပေါ်သည်။

မေမိုးသိသွားမှာကြောက်သည့်စိတ်ကြောင့် ပင်တိုင်အသက်ရှုနှုန်းတွေပင်မြန်ဆန်နေခဲ့ရာ သူမအခန်းထဲကထွက်သွားမှပင်တိုင်လည်းအသက်ဝဝရှုနိုင်သည်။

လက်ထဲမှာကျစ်ကျစ်ပါအောင်ဆုပ်ထားသည့်ပလက်စတစ်အိတ်အသေးစားလေးမှာတွန့်ကြေနေသော်လည်း အထဲကဆေးပြားလေးတွေကတော့အကောင်းတိုင်းဘဲရှိသည်။မေမိုးထပ်ဝင်လာမလားပင်မသိတာကြောင့် ပင်တိုင်လည်းသူမမမြင်သာမဲ့နေရာမှာသာခဏဖွက်ထားလိုက်ရသည်။

🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋
မနက်ကဒေါ်အေးသွယ်ခေါ်လို့ စကားပြတ်သွားခဲ့တာကြောင့် မေမိုးသိချင်တာကိုအဆုံးထိမမေးလိုက်ရသဖြင့် စိတ်ထဲစနိုးစနောင့်တော့ဖြစ်နေသေးသည်။

ထိုအချိန်မှစ၍ပင်တိုင် သူရဆီစာပြသွားနေရသလို၊အိမ်ကိုပြန်ရောက်လို့ မေမိုးနဲ့ထိပ်တိုက်ဆုံလျှင်လည်း ရှောင်ဖယ်ရှောင်ဖယ်လုပ်နေပြီးစကားကိုအဟမခံတာကြောင့် တစ်မိုးအောက်ထဲမှာနေပြီးဝေးနေကြသလိုပင်။အခုနေ့လည်စာစားကာမှ ပင်တိုင်နဲ့မေမိုးသေသေချာချာဆုံတော့သည်။

"ပင်တိုင်...ဘယ်သူလဲလို့"

"အဟွတ်..."

"ရေသောက်...ရေသောက်"

ပင်တိုင်စားနေရင်းနဲ့တီးသွားသဖြင့် ကိုသိန်းတန်ကဘဲသူ့ဘေးကအသင့်ချထားတဲ့ ရေခွက်ကိုကမ်းပေးလာသည်။ပင်တိုင်လည်း ကိုသိန်းတန်ကမ်းပေးတဲ့ရေခွက်ကိုယူသောက်လိုက်မှ နေသာတော့၏။

ထမင်းတီးတာနေသာသွားသော်လည်း လက်မလျှော့ဘဲမေးနေတဲ့မေမိုးကြောင့် ပင်တိုင်သက်တောင့်သက်သာတော့မရှိပါ။သူမနဲ့အကြည့်ဆုံလျှင်တောင် အမြန်အကြည့်ခွာကာ ရှောင်ဖယ်နေသည့်ကြားက မေမိုးသတိရဖြစ်အောင်သတိရသေးသည်။

သူနဲ့မေမိုးပြောတာကို နားမလည်တဲ့ဒေါ်အေးသွယ်လည်း ပင်တိုင်တို့ကိုကြည့်လျက်သားဖြင့် ....

"ဘယ်သူ့ကိုမေးနေတာလဲသမီးရဲ့"

"ပင်တိုင့်ကိုပါမေမေလေးရယ်....ရွာထဲကဘယ်အပျိုလေးကြိုက်နေတာလဲမေးတာအခုထိမဖြေဘူး။မနက်ကလည်းမေမိုးလာမှ ဟိုဟာတွေကောက်ဖွက်ဒီဟာတွေကောက်ဖွက်နဲ့ရည်းစားစာတွေဖွက်နေတာလည်းမေးတော့လည်း လန့်နေလိုက်တာ"

"ဟုတ်လားပင်တိုင်"

အားလုံးနဲ့ထပ်တူ ဦးမိုးမြင့်နဲ့လင်းခေးကပါပင်တိုင့်ကို 'ဟုတ်လား'ဆိုသည့်မျက်နှာထားတွေဖြင့်ကြည့်နေလေသည်။နောက်ပြီး ပင်တိုင့်ကိုစိုက်ကြည့်နေတဲ့လင်းခေးအကြည့်တွေကလည်း စိမ်းသက်လွန်းလှသည်။

"ပင်တိုင်ဝပြီ...ဆရာလေးဆီသွားဖို့နောက်ကျနေလို့ သွားလိုက်ပါအုံးမယ်"

"ပင်တိုင်...ဟဲ့ နေအုံးလေ"

ွှမေမိုးတားနေသော်လည်း ပင်တိုင်စားပြီးသားထမင်းပန်းကန်လေးယူလာပြီး ထမင်းဝိုင်းကသာအရင်ထွက်လာလိုက်သည်။

ရေရာတဲ့အဖြေမရလိုက်တာကြောင့် မေမိုးတင်မဟုတ်ဒေါ်အေးသွယ်လည်းစိတ်ထဲကြိတ်မနိုင်ခဲမရဖြစ်ရ၏။အစကမသိလျှင်တော်သေးရာ အခုတော့တစ်ဝက်တစ်ပျက်နဲ့ဆိုတော့ သူမလည်းသိချင်စိတ်တို့တစ်ဖွားဖွား...။

ထို့ကြောင့်ဒေါ်အေးသွယ်ပါထမင်းဝိုင်းကထလာပြီး ပင်တိုင့်အနောက်သို့လိုက်လာခဲ့၏။

"ပင်တိုင်...မေမိုးပြောတာဟုတ်လားလို့"

မီးဖိုခန်းထဲကတောင်ထမင်းစားရင်း ထထွက်လာတဲ့ဒေါ်အေးသွယ်ကို ပင်တိုင်ဖြေဖို့အဖြေမရှိတာကြောင့် တိုင်မှာချိတ်ထားတဲ့လွယ်အိတ်လေးကို အလျင်စလိုကောက်လွယ်ပြီးသာအိမ်ထဲကအမြန်ထွက်ရတော့သည်။

ဒါတောင်ဒေါ်အေးသွယ်လက်မလျှော့သေး အိမ်အဝအထိလိုက်လာပြီး.....

"ဟဲ့ ပင်တိုင်..အောင်စာရင်းမထွက်သေးဘဲ ရည်းစားထားရင်...ငါ့နင့်ကိုရိုက်မှာနော်"

ပင်တိုင်အိမ်နဲ့ခပ်လှမ်းလှမ်းကိုရောက်သွားမှသာ ဒေါ်အေးသွယ်လည်းထမင်းစားပွဲဆီပြန်လာ၏။စားချင်စိတ်လည်းမရှိတော့ပါ၊အောင်စာရင်းကိုစိတ်ပူရသည့်အထဲ ဆယ်တန်းမအောင်သေးခင်ပင်တိုင်ချစ်သူရည်းစားတွေရသွားမှာကို ဒေါ်အေးသွယ်စိုးရိမ်သည်။ဆယ်တန်းနှစ်ချင်းပေါက်အောင်သွားလျှင်တော့ ကိစ္စမရှိပေမဲ့၊မဦးမချွတ်ကျသွားမှဖြင့် ရည်းစားဘက်စိတ်ရောက်သွားမှာလည်းကြောက်သည်။

"မေမေလေးလည်းမစားတော့ပါဘူးကွယ်"

မျက်နှာမကြည်မသာဖြင့် ထမင်းဝိုင်းကဒေါ်အေးသွယ်ပါထပြီးထွက်သွားမှ မေမိုးလည်းမျက်နှာပူမိသည်။ပင်တိုင့်ကိစ္စကို သူမမပြောခဲ့လျှင်ကောင်းမည်၊အခုတော့ဒေါ်အေးသွယ်ပါစိတ်မကောင်းဖြစ်ရလေပြီ။

"ဟင်း...ပင်တိုင့်အကြောင်းကိုမပြောခဲ့ရင်ကောင်းသား"

"မင်းဟာကသေကောသေချာလို့လားမိုးရယ်"

"ကျွန်မလည်းမျက်စိနဲ့မြင်လိုက်တာဘဲ"

ဒုန်း.......

"ကျွန်တော်လည်းဝပြီ"

လင်မယားနှစ်ယောက်သားတီးတိုးပြောနေရင်း လင်းခေးထမင်းစားပွဲအားပုတ်ကာထလိုက်တာကြောင့် မေမိုးတို့ပင်မျက်လုံးပြူးမိသွားသည်။

သူရှိနေတာတောင်မျက်နှာထားတင်းတင်းနဲ့ ထသွားတဲ့လင်းခေးကို ဦးမိုးမြင့်လည်းအံသြသွားတော့အမှန်။ပင်တိုင့်ကိုကိစ္စကိုကြားတာနဲ့ လင်းခေးတစ်ခြားလူတစ်ယောက်အသွင်ပြောင်းသလားပင်ထင်မှတ်ရသည်။တစ်ခါမှမရိုမသေမလေးမစားမလုပ်ဖူးတဲ့သူက သည်လိုပြုမူသွားတယ်တဲ့လေ။

"ဖေကြီးလည်းဝပြီ"

အားလုံးကိုယ်စီထွက်သွားပြီးတဲ့နောက် ကျန်နေခဲ့တဲ့နှစ်ယောက်မှာသာ....

"ဟော...တို့အိမ်ကလူတွေဘာဖြစ်နေကြတာပါလိမ့်"

မေမိုးနားမလည်နိုင်စွာဘဲ ရေရွတ်မိ၏။

🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋
ညနေစောင်းအချိန် ပင်တိုင်စာပြပြီးမည့်အချိန်ကိုတိုက်ပြီးသာ လင်းခေးအိမ်ကထွက်လာခဲ့လိုက်သည်။အိမ်တွင် ဦးမိုးမြင့်လည်းရှိမနေတာကြောင့် သူ့အားမျက်စိဒေါက်ထောက်ကြည့်နေမည့်သူရယ်လို့လည်းမရှိပါ။ပင်တိုင်နဲ့စကားမပြောရတာတောင်ကြာပြီမို့ ဦးမိုးမြင့်အလစ်ချောင်းပြီးသည်နေ့တော့ ပင်တိုင်နဲ့စကားပြောဖြစ်အောင်ပြောဖို့ဆုံးဖြတ်ချက်ချထားသည်။

ကိုယ့်အတွေးနဲ့ကိုယ်လျှောက်လာလို့လားမသိ၊သူ့အိမ်နဲ့အတော်လှမ်းတဲ့သူရအိမ်က သည်ကနေ့မှပိုပြီးမြန်မြန်ရောက်လာသလိုသာ....။မဟုတ်လျှင် သူကိုယ်တိုင်ဘဲစိတ်လောနေလို့လားမသိချေ။

"ဆရာလေး....ဆရာလေးသူရ"

"ဗျာ...လာပြီဗျို့"

လင်းခေး သူရထွက်အလာကိုဘဲရပ်ပြီးစောင့်နေလိုက်၏။

"သြော် ကိုလင်းခေးပါလား"

"ပင်တိုင်စာပြလို့ပြီးပြီမလားဆရာလေး"

"ပင်တိုင့်ကိုကိုလူရိုးလာခေါ်သွားတယ်လေ"

"ဗျာ"

"ဟုတ်တယ်...ဒီနေ့ကျောင်းသားတွေကိုနားဖို့ စောစောပြန်လွှတ်လိုက်တာ။ပင်တိုင်မပြန်ခင်ကိုလူရိုးရောက်လာတာနဲ့ ကိုလူရိုးနဲ့ပါသွားတယ်"

"သြော် ဟုတ်ကဲ့...ကျေးဇူးပါ"

"ရပါတယ်ဗျာ"

သူရအိမ်ရှေ့ကထွက်လာခဲ့ပြီး လင်းခေးခြေလှမ်းတွေလဲဦးတည်ရာမဲ့နေသည်။လူရိုးဆီသွားရှာချင်ပါသော်လည်း လူရိုးနဲ့မျက်နှာခြင်းမဆိုင်ချင်၊သို့သော် ပင်တိုင်နဲ့ထိပ်တိုက်တွေ့ပြီးစကားကပြောချင်သေးသည်။

ရွာလယ်လမ်းအတိုင်းလျှောက်နေတဲ့သူ့ခြေလမ်းတွေက တစ်နေရာမှာဘဲရပ်တန့်သွားခဲ့သည်။

"ကိုကို"

လူရိုးနဲ့ဘေးချင်းကပ်လျှောက်လာတဲ့ပင်တိုင် သူ့ကိုမြင်တာနဲ့မျက်နှာသာပျက်သွားလေသည်။လင်းခေးလူရိုးကိုကြည့်တော့သူ့အားလှောင်ပြုံးပြုံးလျက်...။

"ဒါဘယ်ကပြန်လာတာလဲ"

"ဟို....အင့်"

ပင်တိုင်တောင်ဘာမှမပြောလိုက်ရ လင်းခေးသူ့လက်တွေအားဆွဲ​ပြီးသာ လူရိုးအနားမှဆွဲခေါ်သွားတော့သည်။လက်ကောက်ဝတ်မှဆွဲကိုင်ပြီးသွားနေတဲ့ လင်းခေးရဲ့မြန်ဆန်လှတဲ့ခြေလှမ်းကျဲကြီးတွေကြောင့် ပင်တိုင်အနောက်ကရုတ်ရုတ်တဲတဲဖြင့်သာပါလာခဲ့သည်။

"ကိုကို"

"ဘာမှပြောဖို့မကြိုးစားနဲ့...မင်းနဲ့ငါစာရင်းရှင်းစရာရှိတယ်"

ပင်တိုင့်ကိုစကားပြောခွင့်တောင်မပေးဘဲ ဆွဲခေါ်သွားတဲ့လင်းခေးနောက် ပင်တိုင်ခေါင်းလေးငုံ့ပြီးသာဘာတစ်ခွန်းမျှမဟဘဲလိုက်လာခဲ့လိုက်သည်။

လူပျက်သည့်နေရာသို့ရောက်မှ ပင်တိုင့်လက်တွေအားလင်းခေးလွှတ်ပေးလိုက်၏။လက်ကောက်ဝတ်လေးကိုပွတ်သပ်နေသည့်ပင်တိုင်ကတော့ နာသွားသည်လားပင်မသိချေ၊လင်းခေး ပင်တိုင့်လက်ကလေးကိုသာဆွဲယူပြီးကြည့်လိုက်သည်။

"နာသွားလား"

"မနာပါဘူး"

မနာဘူးသာဆိုတယ် ပင်တိုင့်မျက်နှာလေးကရှုံ့လို့...။မျက်စိရှေ့ကကောင်လေးကို လင်းခေးအသည်းစွာဘဲဆွဲဖက်လိုက်လေရာ သူ့ရင်ခွင်ထက်ပုံပြီးကျလာတဲ့ကောင်လေးက...

"ကိုကို...သူများတွေမြင်သွားလိမ့်မယ်"

"ဒီတိုင်းလေးဘဲနေပါအုံး...ကိုကိုလွမ်းလို့ပါ"

တင်းကြပ်စွာဖက်ထားတဲ့လက်တွေကြောင့် ပင်တိုင်အသက်ရှုရခက်ပေမဲ့ လင်းခေးကျောပြင်အားပြန်လည်ဖက်ထားမိ၏။ကျယ်ပြန့်မို့မောက်နေတဲ့ရင်ခွင်ထဲရောက်သည်နှင့် စိတ်လူခြုံမှုတို့ရကာနွေးထွေးမှုတို့ကိုပင်တိုင်ခံစားရစေသည်။

လင်းခေး ပင်တိုင့်ကိုယ်လေးအားဖက်ထားရင်း နေ့လည်ကိစ္စကိုပြန်ပြီးအတွေးရောက်သွားသဖြင့် သူဖက်ထားတဲ့ပင်တိုင့်ကိုယ်လေးကိုသာချက်ချင်းခွာလိုက်၏။မျက်လုံးလေးကလည်ကလည်နဲ့ကြည့်နေတဲ့ကောင်လေးကတော့ သူ့လုပ်ရပ်ကြောင့်နားမလည်သည့်ဟန်....။

"မမမိုးပြောတာဟုတ်လားပင်တိုင်"

"မဟုတ်ပါဘူး"

"မဟုတ်ရင်...မင်းဘာတွေဖွက်နေတာလဲ"

မေမိုးနဲ့ဒေါ်အေးသွယ်မေးတုန်းကတောင် ပင်တိုင်မဖြေခဲ့တာ၊လင်းခေးမေးသည်ကိုချက်ချင်းဖြေပြီး အခက်တွေ့နေရသူကကိုယ်တိုင်ဘဲဖြစ်နေသည်။

"ကိုကိုကပင်တိုင့်ကိုမယုံဘူးလား"

"ယုံအောင်သက်သေပြလေပင်တိုင်...မဟုတ်ဘူးဆိုရင် မင်းကိုကိုမေးတာဖြေနိုင်ရမှာပေါ့"

"ပင်တိုင့်မှာဘာမှသက်သေပြစရာမရှိဘူး"

"မဟုတ်ရင်မဟုတ်တဲ့အကြောင်းသက်သေပြဖို့...ဒီလောက်တောင်ခက်ရလားပင်တိုင်"

မပွင့်မလင်းလုပ်နေတဲ့ပင်တိုင့်ကို လင်းခေးစိတ်မရှည်စွာဘဲအော်ပြောမိလိုက်သည်။

မျက်ရည်လေးတွေဝဲတက်လာတဲ့ကောင်လေးကလည်း လက်သီးလေးသာတင်းနေအောင်ဆုပ်လျက်....

"ခက်တယ်...ပင်တိုင့်အတွက်ခက်တာ ကိုကိုသိရဲ့လား"

တစ်ခါမှမအော်ဖူးတဲ့ပင်တိုင် သူ့အားထအော်လိုက်တာကြောင့် လင်းခေးကိုယ့်နားကိုယ်မယုံကြည်နိုင်စွာ လက်မှိုင်သာကျသွား၏။

"မင်းပြောင်းလဲသွားပြီပင်တိုင်"

"ပင်တိုင်မပြောင်းလဲပါဘူး...ပင်တိုင့်ကိုသာလူတွေကပြောင်းလဲအောင်လုပ်နေကြတာ"

ငိုသံတွေပါနေပေမဲ့ ပင်တိုင်အတက်နိုင်ဆုံးမျက်ရည်မကျအောင်သာထိန်းထားပြီး လင်းခေးအားကျောခိုင်းကာအရင်ထွက်လာခဲ့သည်။ပင်တိုင်ပြောင်းလဲနေပြီတဲ့လား...ဟုတ်သည် လူတွေကြောင့်​ပင်တိုင်ပြောင်းလဲတက်နေပြီ။အရင်လိုလဲ တစ်စုံတစ်ယောက်ရှေ့မှာအားကိုးတစ်ကြီးမငိုတက်တော့ဘူး...အားလုံးနဲ့လိုက်ရောညီတွေနေရင်း ပင်တိုင့်ကိုယ်ပင်တိုင်လည်းပျောက်ဆုံးနေပြီ...။

🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋
ညပိုင်း ဒါမှမဟုတ် ညနေပိုင်းမှာUncleတို့အပိုင်းသစ်လာပါမယ်🥰

(Zawgyi )






ဘုတ်.....ဒုန်း....





"မဟုတ်မှလွဲရော...မင်း..."



"ဗျာ"




"ဟို...အဲ့ဒါက"





"ဟုတ်ကဲ့မေမေလေး"


"လာပြီမေမေလေး"






"ပင်တိုင်...ဘယ်သူလဲလို့"

"အဟွတ်..."

"ရေသောက်...ရေသောက်"






"ဟုတ်လားပင်တိုင်"



"ပင်တိုင်...ဟဲ့ နေအုံးလေ"














ဒုန်း.......

"ကျွန်တော်လည်းဝပြီ"



"ဖေကြီးလည်းဝပြီ"






"ဆရာလေး....ဆရာလေးသူရ"

"ဗျာ...လာပြီဗျို့"





"ဗျာ"



"ရပါတယ်ဗျာ"



"ကိုကို"


"ဒါဘယ်ကပြန်လာတာလဲ"

"ဟို....အင့်"


"ကိုကို"




"နာသွားလား"

"မနာပါဘူး"







"မဟုတ်ပါဘူး"















Continue Reading

You'll Also Like

22.1K 487 33
" ကိုယ်မင်းကိုချစ်တယ် " " လာနောက်နေတာလား "
562K 19.1K 144
Read and find out...
151K 6.1K 148
How does a curious, world traveling, demisexual end up in a polyamorous relationship with a trio of lustful vampires? It starts with a broken down ca...
57.3K 3.3K 43
Meeting people on the internet is fun. Right? ©Copyright 2020 Brozarry