ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book...

By Shi_Sheng

125K 18.5K 427

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် (ဒု- တွဲ) အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်း... More

မိတ်ဆက်နှင့် အညွှန်း
(၁၉၀) ထူးဆန်းတဲ့အိပ်မက်တဲ့လား? အာ ဒါက စွမ်းအားတစ်ခုပဲ
(၁၉၁) မင်းသားတစ်ပါး ကံတော်ကုန်၊ ဇာတ်လိုက်မ ပြန်ရောက်လာ
(၁၉၂) လင်အိမ်တော်ရဲ့သမီးလက်ထပ်လေပြီ
(၁၉၃) မင်းသားလေး မွေးလာ
(၁၉၄) စစ်ဖြစ်လေပြီ
(၁၉၅) ဇာတ်လိုက်မင်းသမီးအဖြစ် လျှောက်ရတဲ့ ခရီးလမ်းက ပန်းခင်းလမ်း ဟုတ်မနေဘူး
(၁၉၆) မြင်းတွဲဗျူဟာ
(၁၉၇) ဓားပြတွေ၊ မိန်းကလေးတွေကို ထားခဲ့
(၁၉၈) ဓားပြတွေကို ရိုက်
(၁၉၉) ယခင်က အသိအကျွမ်း၊ အကူအညီ တောင်းစရာရှိ
(၂၀၀) ပျောက်ကြားစစ်ဆင်ရေး၊ ရန်သူစခန်းအတွင်းပိုင်း
(၂၀၁) စစ်ရေး အကြံပေးကို လုပ်ကြံ
(၂၀၂) ရဲရင့်ပြောင်မြောက်စွာတိုက်ခိုက်သော တိုက်ပွဲ
(၂၀၃) နေရာတကာမှာ ရှိနေနိုင်တဲ့ ဇာတ်လိုက်
(၂၀၄) သနားစရာကလေးငယ်
(၂၀၅) ဆန်ကုန်မြေလေး၊ ဘယ်နေရာမှ အသုံးမကျ
(၂၀၆) ကျွန်မ မသေခင်ရှင့်ဖို့ပေးတဲ့လက်ဆောင်
(၂၀၇) လင်မယား နောက်ဆုံးတော့ ပြန်တွေ့ပြီ
(၂၀၈) စစ်သားတွေကိုလေ့ကျင့်၊ ဇနီးမောင်နှံတစ်သားတည်း
(၂၀၉) မမ...! တူတူ အိပ်ရအောင်...!
(၂၁၀) ခွက်တွေကိုခွဲပစ်တဲ့ စစ်ဗျူဟာမှူး
(၂၁၁) တိုက်ပွဲကြီး၊ မြင်းတွဲဗျူဟာခင်းပုံကို ဖြိုခွဲ အနိုင်ယူ
(၂၁၂) ကျွေးတဲ့လက်ကိုပြန်ကိုက်တဲ့ ဇာတ်လိုက်မ
(၂၁၃) ကံကဆိုး၊ မြေအောက်အကျဉ်းထောင်တွင်း ချုပ်နှောင် ပိတ်ထားခံရ
(၂၁၄) အပြစ်ပေးခြင်း၊ ဇနီးမောင်နှံမျှဝေခံစား
(၂၁၅) ပြစ်ဒဏ်ကို မျှဝေခံစား
(၂၁၆) အိပ်ယာကိုမီးရှို့
(၂၁၇) လင်မိန်းကလေးရဲ့ ခင်ပွန်း
(၂၁၈) ကွာရှင်းစာချုပ်
(၂၁၉) ယမ်းမှုန့် ဖန်တီးထုတ်လုပ်
(၂၂၀) ဗုံးများ
(၂၂၁) ပဒိုင်းညို
(၂၂၃) ဝိညာဉ်ကူးပြောင်းလာသူ နှစ်ယောက်ကြားက ပွဲ
(၂၂၄) ဂြိုလ်ဆိုးဝင်၊ ဗျူဟာထဲက ဗျူဟာများ
(၂၂၅) ချန်ထောက်၏ သေခြင်း
(၂၂၆) မင်းသမီးရူး ရူးတာကလည်းရောဂါပဲ
(၂၂၇) ဒုတပ်မှူး၊ ရန်သူဘက်မှ အမျိုးသမီး စစ်သူကြီး
(၂၂၈) အံ့အားသင့်၊ မာနကြီးကြီး ဝိဉာဥ္ကူးလာတဲ့မိန်းမ
(၂၂၉) ကြာပန်းဖြူနဲ့ မင်းသမီးရူးပြိုင် ဘယ်သူနိုင်
(၂၃၀) ယွီခွမ်းတဖြည်းဖြည်းအရည်ပျော်လာ
(၂၃၁) မမျှော်လင့်ထားသော အမှားကြီးတစ်ခု

(၂၂၂) ရန်သူဖက်ကိုပြောင်း၊ ချန်ထောက်ရဲ့မိသားစု

1.7K 289 4
By Shi_Sheng

Burmese Translation of "Doomed to be Cannon Fodder".

Translator - ဂွေ့စ်

(၂၂၂) ရန်သူဖက်ကိုပြောင်း၊ ချန်ထောက်ရဲ့မိသားစု

ဂိတ်တံခါးပွင့်ပွင့်ချင်းပဲ မြို့ရိုးပေါ်ကနေလူတစ်ယောက်ခုန်ဆင်းလာတယ်။  ယွီခွမ်းပေါ့။ ပိုင်ရှန်းရှို့က သူ့ကိုလက်ယမ်းပြလိုက်တယ်။ မျှော်လင့်ထားတဲ့အတိုင်း ဝူးလင်ခေါင်းဆောင်ပါပဲ။ သူများတွေထက် ခြေတစ်လှမ်းသာတယ်။ နောက်ဆုံးတော့ သူမ သက်ပြင်းချနိုင်ခဲ့ပြီ။ အခုလုံခြုံသွားပြီမလား။ ဒါပေမယ့် သူမပျော်နေတဲ့အပျော်လေးက ကြာကြာမခံလိုက်ရဘူး။ သူမနားရောက်လာတာနဲ့ ယွီခွမ်းတစ်ယောက် ဘိုင်းခနဲလဲကျသွားတာ။ ဟာ! ပဒိုင်းညိုပင်ငါ့ဘေးနားမှာရှိတာကိုမေ့နေတယ်။

စုန့်ကျောင်းယွဲ့နဲ့လုံဟန့်ထွက်လာတာကိုမြင်လိုက်တာနဲ့ ပိုင်ရှန်းရှို့အော်မိတော့တာပဲ။
"ကျွန်မနားကိုမလာနဲ့!"

လုံဟန့်မျက်မှောင်ကြီးကုပ်သွားတယ်။
"မင်းကိုဆေးတွေခပ်လိုက်ကြတာလား?" ဘာလို့ယွီခွမ်းက မြေကြီးပေါ် ပက်လက်ကြီးလဲနေရတာလဲ...ဧကန္တ သူမပါ အန္တရာယ်ရှိနေတာများလား?

"မဟုတ်ပါဘူး! ရှင်ဘာမှစိတ်မပူနဲ့။ ဒါက ကျွန်မဟာကျွန်မကာကွယ်ရင်းဖြစ်သွားတာ။ ကျွန်မနဲ့၁၀လှမ်းခွာပြီးနေနော်။ ဒါနဲ့ ဒီည မြို့ပြင်မှာအိပ်လို့ရလား။ ကျွန်မမြို့ထဲ၀င်လိုက်လို့ မြို့ထဲကလူတွေပါ မူးလဲကုန်ကြမှာစိုးလို့"

"အဲ့လိုအဆိပ်မျိုးရှိသေးတာလား"

"နောက်မှရှင်းပြပါ့မယ်။ သူ့ကိုဘယ်လိုလုပ်မှာလဲ?"

"လာကြစမ်း...ဒီလူကို သေချာဂရုစိုက်လိုက်ကြ! ငါ ဒီည ငါ့မိန်းမနောက်လိုက်ပြီး မြို့ပြင်မှာသွားအိပ်မယ်"
လုံဟန့်က ယွီခွမ်းကိုလက်ညှိုးထိုးပြပြီးအမိန့်ပေးလိုက်တယ်။ ပြီးတော့ ပိုင်ရှန်းရှို့ဖက်ကိုပြန်လှည့်ရင်း
"အရှေ့ကိုမိုင်၀က်လောက်ဆက်လျောက်လိုက်! အဲ့မွာ လယ်တဲဟောင်းတစ်ခုရှိတယ်"
တဲပိုင်ရှင်မိသားစုတစ်ခုလုံးက စစ်ရှောင်ဖို့မြို့ထဲ၀င်ပြေးသွားကြပြီ"

"နားလည်ပါပြီ"
ပိုင်ရှန်းရှို့က ပဒိုင်းညိုနဲ့ ခွာနေလို့မရဘူး။ အဲ့က် အပင်ကို သူမရင်ခွင်ထဲပိုက်ပြီး လှည်းဘေးကနေ လုံဟန့်ပြောတဲ့ဆီကိုလျောက်သွားလိုက်တာပေါ့။

လုံဟန့်ကလည်း ပိုင်ရှန်းရှို့နဲ့ခပ်လှမ်းလှမ်းကနေခွာပြီးလိုက်လာတယ်။ စကားလေးတပြောပြောနဲ့ပေါ့။ ပထမဆုံးသူသတိထားမိတာက ပိုင်ရှန်းရှို့အလေးခံသယ်လာတဲ့အပင်ပဲ။
"ကိုယ် ကူပြီးသယ်ပေးရမလား?"

"မရဘူး။ ရှင်ထိလို့ရတာမျိုး မဟုတ္ဘူး"

"ရုတ်တရက်ကြီး ဘာလို့ပျောက်သွရတာလဲ? ဘယ်သူက မင်းကိုပြန်ပေးဆွဲတာလဲ?"

"ချန်ထောက်။ သူက ကျွန်မဆီက မီးယမ်းမှုန့်ဗုံးလုပ်နည်းလိုချင်တာ။

"မင်း သူ့ကိုပေးလိုက်တာလား?'

"အတုပဲ ပေးလိုက်တာပေါ့"

"ဒါဆို သူက ဘာလို့မင်းနောက်ကနေ လိုက်မလာတော့တာလဲ?"

"သတိပြန်မလည်သေးလို့ လိုက်မလာတာဖြစ်မယ်။ ဒါမှမဟုတ် ကျွန်မပြန်လာမယ်ဆိုတာသိလို့နေမှာပေါ့။"

အမွန္က ချန်ထောက်ရဲ့လူတွေ သူမေနာက္ကေန လိုက်လာပြီးသား။ သူတို့ကိုလုံဟန့်အာရုံခံလို့ရတယ်။ ဒါပေမယ့် သူက မသိချင်ယောင်ဆောင်ပြီး တိတ်တိတ်လေးသတိထားနေတာ။သူ ပိုင်ရှန်းရှို့ကိုထပ်ပြီးအထိခိုက်ခံမှာမဟုတ်ဘူး။ ဒါပေမယ့် လုံဟန့်ပါလာတာကိုလဲ အဲ့ဒီလူတွေသိရော ချက်ချင်းနောက်ပြန်ဆုတ်သွားကြတယ်။ သူတို့က လုံဟန့်ကို ချီးတုန်အောင်ကြောက်တာလေ။ လုံဟန့်ကတော့အေးစက်စက်ပဲပြုံးလိုက်တာပေါ့။ ချန်ထောက်ဆိုတာ အရှက်မရှိတဲ့ကောင်စားမျိုး။ မနက်ဖြန်တော့ သူလုပ်တာအတွက် ပြန်ပေးဆပ်ခိုင်းရမယ်။ ဒါပေမယ့် အခုချိန်မှာသူ့အတွက်အရေးအကြီးဆုံးက ပိုင်ရှန်းရှို့ရဲ့ လုံခြုံရေးပဲ။ သူ့ကိုလာကူလို့ သူမဒီလောက်ဒုက္ခတွေခံစားရမယ်မှန်း သူတွေးတောင်မထားမိခဲ့ဘူး။ ဒါပေမယ့် သူကဘာလို့ ပိုင်ရှန်းရှို့ကို အဝေးကနေပဲ စောင့်ရှောက်နေရတာလဲ? သူမဖို့ ချက်ပေးထားတဲ့ အသားဟင်းကိုတောင် လှမ်းမပေးနိုင်ဘူး။ ပိုင်ရှန်းရှို့နဲ့ဆယ်လှမ်းအကွာလောက်က စားပွဲပေါ်တင်ထားပေးခဲ့ရတယ်။ ပြီးမှ ပိုင်ရှန်းရှို့က လာယူတယ်။
"ရွို့အာ...မင်းယူလာတဲ့ပန်းက အတော်လေးထူးခြားပုံပဲနော်"

"ဟုတ်တယ်။ ပဒိုင်းညိုလို့ခေါ်တာလေ။ သူက သွေးလောင်းပေးပြီးစိုက်တဲ့သူရဲ့ ဆန္ဒတစ်ခုကိုဖြည့်ဆည်းပေးတယ်။ ကျွန်မ လေးရက်လောက်လောင်းပြီး ကျွန်မဘေးနားဒီနေ့တစ်ရက်လုံးကပ်လာတဲ့သူမှန်သမျှ မူးလဲသွားကြပါစေလို့ ဆုတောင်းထားတာ"

"သွေးလား?....မင်း သွေးကိုကြည့်လို့မရဘူးမလား?"

"ကျွန်မ မူးမလဲတော့ပါဘူး။ ခံနိုင်ရည်ရှိနေပြီ"

"ရွို့အာ...ကိုယ့်ကြောင့်သာမဟုတ်ရင် မင်းဒီလောက်ထိ ဒုက္ခတွေခံနေရမှာမဟုတ်ဘူး"
သူတို့အိမ်တော်မှာရှိနေတုန်းက သူမကို အရမ်းနူးညံ့လွန်း အထိခိုက်မခံနိုင်လွန်းတဲ့မိန်းကလေးလို့သူထင်ခဲ့တာ။ ဒါပေမယ့် တကယ်တမ်းကျ သူမက အရမ်းသန်မာလွန်းတယ်။ ပဒိုင်းညိုပွင့်လိုပဲ။ လှပကျော့ရှင်းပြီးအသုံးမ၀င်တဲ့ပုံပေါ်ပေမယ့် တကယ်တမ်းကျ သူ့အချိန်ရောက်လာတဲ့အခါ အရမ်းကိုအသုံး၀င်နေတယ်။
"မင်းလက်က ဒဏ်ရာတွေ"
နောက်ဆုံးတော့ သူမလက်ပေါ်က ဒဏ်ရာတွေကို သူမြင်သွားတယ်။

"အော် ဒါတွေက ပျောက်လုနီးပါးဖြစ်နေပါပြီ"

လုံဟန့်က သူမနားကို လိမ်းဆေးတွေ
ထားပေးလိုက်တယ်။
"ဒီဆေးလိမ်းပြီးသေချာနားလိုက်။ ကိုယ်စောင့်ပေးထားမယ်"

"အင်း"
ပိုင်ရှန်းရှို့လည်းအိပ်ချင်နေပြီရယ်။ လုံဟန့်က သးမဘေးမှာစောင့်ပေးနေတာဆိုတော့ အရမ်းလုံခြုံတယ်လို့ခံစားရတယ်။ နောက်ရက်လည်းရောက်ရော လုံဟန့်ရဲ့ရင်ခွင်ထဲမှာ သူမနိုးလာတယ်။
သူတို့မြို့ထဲကိုတောင်ပြန်ရောက်နေပြီးပြီ။

"ပန်းရော"

"အစေခံတွေကို ယူပြီး အပြင်ဖက်မှာစိုက်ခိုင်းထားတယ်"

"ကျေးဇူးတင်ပါတယ်"

"ချန်ထောက်အကြောင်းကို မင်းသားရုံ ကိုယ် တင်ပြရမယ်"

"လုပ်သင့်တယ်"
ဘာလို့ငါတို့က နှစ်တွေအကြာကြီးလက်ထပ်ထားတဲ့ လင်မယားတွေလိုဖြစ်နေရတာလဲ?
ဘယ်အချိန်ကတည်းက ဒီလိုဖြစ်သွားတာလဲ?

ချန်တောက်က သူလုပ်တဲ့အမှုကို တာ၀န်မခံချင်လို့ မမျှော်လင့်ပဲ ရန်သူ့ဖက်ကို ခိုလှုံသွားလေတယ်။အဲ့မှာပဲ ရန်သူဖက္က ပြည်သူတွေ ဇဝေဇဝါဖြစ်အောင် သတင်းမှားတွေဖြန့်တော့တာပေါ့။  မြို့စောင့်တပ်မင်းကတောင် ရန်သူဖက္ကို လက်နက်ချအဖမ်းခံလိုက်ပြီ မင်းတို့ရှုံးတော့မှာဆိုပြီး။ လုံဟန့်ကတော့ ဟားတိုက်ပြီးပဲရီမိတယ်။ သူ့တပ်တွေလိုက်လို့ ခွေးပြေး၀က်ပြေးပြေးရတာ သူတို့မဟုတ်တဲ့အတိုင်း။ သူဒီတစ်ခါပြန်လာတာ စစ်အင်အားကိုစုစည်းပြီး ရန်သူရဲ့မြို့တော်ကို ပြောင်ပြောင်တင်းတင်းတက်သိမ်းဖို့ပဲ။

ဒါပေမယ့် လုံဟန့်မျှော်လင့်မထားတာ ဖြစ်သွားတယ်။ ချန်တောက်က သူရဲ့လူရင်းတွေလောက်ပဲ ရန်သူဖက်ကိုခေါ်သွားပြီး သူ့ရဲ့မိသားစုကိုတော့ ဒီဖက်မှာပဲထားပစ်ခဲ့တယ်။သူ့အမေ၊ သူ့မိန်းမ၊ သူ့သားသမီးတွေက အခု အချုပ်ထဲရောက်နေပြီ။ လုံဟန့်ဆို ဒေါသတွေထွက်လွန်းလို့ လူကြားထဲတောင် စားပြဲခုံကို ဖြောင်းခနဲမြည်အောင်ရိုက်မိတယ်။ ချန်တောက်က တကယ့်ကို သရဲဘောကြောင်တဲ့ကောင်! သူ အသက်ရှင်ဖို့ မိသားစုကိုစွန့်ပစ်သွားတယ်။ အခုအဲ့မိသားစုကို ဘာဆက်လုပ်ရမှာလဲ?

သတ်ပစ်လိုက်ရမှာလား?

"သေချာပေါက်သတ်လို့ဘယ်ဖြစ်မလဲ? သူတို့က အားနွဲ့တဲ့မိန်းမနဲ့ကလေးတွေလေ။ သတ်လို့ရော ဘာကောင်းကျိူးရမှာမို့လို့လဲ?"
ပိုင်ရှန်းရှို့က လုံဟန့်ကိုလက်ဖက်ရည်ဆက်ရင်း ပြောလေတယ်။ သူမရဲ့မျက်မှောင်လေးကတော့ ကျုံ့လို့။

"သူတို့ကို မသတ်နဲ့လို့ ဆိုလိုတာလား? ဒါပေမယ့် သစ္စာဖောက်ရဲ့မိသားစုတိုင်းက ခြွင်းချက်မရှိ ခေါင်းဖြတ်သတ်ခံရမှာပဲ။ မင်းသားရုံလည်း စည်းမျဉ်းအတိုင်းလုပ်ဖို့ပဲ တွေးတယ်တဲ့။ ဒါပေမယ့်"

"ဒါပေမယ့် အပြစ်မရှိတဲ့သူတွေကိုသတ်ရမှာ တစ်ခုခုမှားနေတယ်လို့ ခံစားရတယ္မလား??"

"ဟုတ်တယ်"
လုံဟန့်က အခုဆို ဘာကိစ္စပဲရှိနေနေ ပိုင်ရှန်းရှို့ကို အကုန်ပြောပြတယ်။သူမက ဉာဏ်ကြီးရှင်မဟုတ်ပေမယ့် ဗဟုသုတ ကြွယ်ဝတဲ့သူလေ။ မင်းသားရုံလိုလူမျိုးတောင် သူမအကြောင်းတစ်ဖွဖွနဲ့။

"ဒါဆိုလည်း ကလေးတွေကိုမျိုးရိုးနာမည်ပြောင်းပေးပြီး မိန်းမလုပ်တဲ့သူကို နောက်လင်ပေးစားလိုက်ပေါ့"

"......"
လုံဟန့်က သူမကို အံ့သြတကြီးကြည့်လေတယ်။ မိန်းမတွေဆိုတာ နောက်အိမ်ထောင်ပြုလို့မရဘူးမလား။ ဒါပေမယ့် ချန်ထောက်နဲ့ဇာတ်လမ်းဖြတ်ဖို့ဆို ဒါကအကောင်းဆုံးနည်းလမ်းပဲ"

ဘာဖြစ်လို့လဲဟင်။ အကြံက မကောင်းလို့လား? အဲ့မိန်းမက ငြင်းမယ်ဆိုတာသိပေမယ့် သူ့ကလေးတွေသေတာထိုင်ကြည့်ပြီး သစ္စာဖောက်ကိုတစ်သက်လုံးစောင့်နေချင်ပါ့မလား?"

"မင်းမှာ တကယ့်ကို ထူးထူးဆန်းဆန်းအကြံတွေရှိနေတာပဲ။ ဒါပေမယ့် အလုပ်ဖြစ်မှာပါ"
လုံဟန့်က သူမပါးလေးကိုဆွဲလိုက်ရင်း
"အိပ်တော့။ ကိုယ် မင်းသားရုံနဲ့သွားဆွေးနွေးလိုက်ဦးမယ်"

မင်းသားရုံက အစတုန်းကတော့ သူတို့ကို အသက်ရှင်ခွင့်မပေးချင်ဘူး။ ဒါပေမယ့် အကြံကအတော်လေးကောင်းနေတယ်။ ချန်ထောက်မိန်းမကို နောက်လင်ပေးစားလိုက်တာက ချန်ထောက်ခေါင်းပေါ် မြက်ဖုတ်စိမ်းကြီးစောင်းပေးလိုက်တာနဲ့အတူတူပဲ။ ဟိုကောင်နင်သွားမှာ။

သိပ်မကြာခင် ရန်သူစခန်းထဲမှာလည်း လုစစ်သူကြီးတစ်ယောက် ရန်လိုနေတဲ့အမျိုးသားတစ်ယောက်နဲ့စကားပြောနေရတယ်။
"မင်းဘယ်လိုလုပ်ပြီးနွားလုပ်ခံလိုက်ရတာလဲကွာ! ဟိုက မင်းမိန်းမကိုနောက်လင်ပေးစားကြတော့မယ်"

"ဟုတ်တယ်။ ကျုပ်နွားအဖြစ်မခံနိုင်ဘူး"
ချန်ထောက်က အံကြီးကြိတ်ပြီးထအော်တော့တာပဲ
"ကျုပ်သည်းမခံနိုင်ဆုံးက လုံဟန့်ဘေးက အဲ့မိန်းမ။ အဲ့ကောင်မသာ မာယာများမသွားဘူးဆိုရင် ယမ်းမှုန့်ဗုံးလုပ်နည်းကို ကျုပ်ရနေလောက်ပြီ"

"သူက မင်းကို နည်းလမ်းပေးလိုက်တာလား? ကျုပ်ကိုစာအုပ်ပြစမ်း"
လုစစ်သူကြီးဘေးနားကလူက ရုတ်တရက်ထပြောလေတယ်။ သူ့ကြည့်ရတာ ငယ်ရွယ်ပြီး ကြည့်ကောင်းတယ်။

"ဒီဟာ..."
ချန်ထောက်တုံ့ဆိုင်းနေတယ်။ အတုဆိုပေမယ့် ဒါမျိုးကို သာမန်စစ်သားလက်ထဲကို ပေးချင်တိုင်းပေးလို့ရတာမှ မဟုတ္တာ"

"ဒီကိုပေး"

နည်းနည်းလောက် တုံ့ဆိုင်းနေပြီးမှ အဲ့လူလက်ထဲကိုစာအုပ်ထိုးပေးလိုက်တယ်။ အဲ့လူက တစ်ခုခုထူးဆန်းနေသလိုပဲ။ ဒါပေမယ့် ချန်ထောက်ကတော့ ဘာမှန်းမသိဘူးပေါ့။

________

[Zawgyi]

Burmese Translation of "Doomed to be Cannon Fodder".

Translator - ေဂြ့စ္

(၂၂၂) ရန္သူဖက္ကိုေျပာင္း၊ ခ်န္ေထာက္ရဲ့မိသားစု

ဂိတ္တံခါးပြင့္ပြင့္ခ်င္းပဲ ၿမိဳ႔ရိုးေပၚကေနလူတစ္ေယာက္ခုန္ဆင္းလာတယ္။  ယြီခြမ္းေပါ့။ ပိုင္ရွန္းရိႈ႔က သူ႔ကိုလက္ယမ္းျပလိုက္တယ္။ ေမ်ွာ္လင့္ထားတဲ့အတိုင္း ဝူးလင္ေခါင္းေဆာင္ပါပဲ။ သူမ်ားေတြထက္ ေျခတစ္လွမ္းသာတယ္။ ေနာက္ဆံုးေတာ့ သူမ သက္ျပင္းခ်ႏိုင္ခဲ့ၿပီ။ အခုလံုၿခံဳသြားၿပီမလား။ ဒါေပမယ့္ သူမေပ်ာ္ေနတဲ့အေပ်ာ္ေလးက ၾကာၾကာမခံလိုက္ရဘူး။ သူမနားေရာက္လာတာနဲ႔ ယြီခြမ္းတစ္ေယာက္ ဘိုင္းခနဲလဲက်သြားတာ။ ဟာ! ပဒိုင္းညိုပင္ငါ့ေဘးနားမွာရိွတာကိုေမ့ေနတယ္။

စုန္႔ေက်ာင္းယြဲ႔နဲ႔လံုဟန္႔ထြက္လာတာကိုျမင္လိုက္တာနဲ႔ ပိုင္ရွန္းရိႈ႔ေအာ္မိေတာ့တာပဲ။
"ကြၽန္မနားကိုမလာနဲ႔!"

လံုဟန္႔မ်က္ေမွာင္ႀကီးကုပ္သြားတယ္။
"မင္းကိုေဆးေတြခပ္လိုက္ၾကတာလား?" ဘာလို႔ယြီခြမ္းက ေျမၾကီးေပၚ ပက္လက္ႀကီးလဲေနရတာလဲ...ဧကႏၲ သူမပါ အႏၲရာယ္ရိွေနတာမ်ားလား?

"မဟုတ္ပါဘူး! ရွင္ဘာမွစိတ္မပူနဲ႔။ ဒါက ကြၽန္မဟာကြၽန္မကာကြယ္ရင္းျဖစ္သြားတာ။ ကြၽန္မနဲ႔၁၀လွမ္းခြာၿပီးေနေနာ္။ ဒါနဲ႔ ဒီည ၿမိဳ႔ျပင္မွာအိပ္လို႔ရလား။ ကြၽန္မၿမိဳ႔ထဲ၀င္လိုက္လို႔ ၿမိဳ႔ထဲကလူေတြပါ မူးလဲကုန္ၾကမွာစိုးလို႔"

"အဲ့လိုအဆိပ္မ်ိဳးရိွေသးတာလား"

"ေနာက္မွရွင္းျပပါ့မယ္။ သူ႔ကိုဘယ္လိုလုပ္မွာလဲ?"

"လာၾကစမ္း...ဒီလူကို ေသခ်ာဂရုစိုက္လိုက္ၾက! ငါ ဒီည ငါ့မိန္းမေနာက္လိုက္ၿပီး ၿမိဳ႔ျပင္မွာသြားအိပ္မယ္"
လံုဟန္႔က ယြီခြမ္းကိုလက္ၫွိုးထိုးျပၿပီးအမိန္႔ေပးလိုက္တယ္။ ၿပီးေတာ့ ပိုင္ရွန္းရိႈ႔ဖက္ကိုျပန္လွည့္ရင္း
"အေရ႔ွကိုမိုင္၀က္ေလာက္ဆက္ေလ်ာက္လိုက္! အဲ့မြာ လယ္တဲေဟာင္းတစ္ခုရိွတယ္"
တဲပိုင္ရွင္မိသားစုတစ္ခုလံုးက စစ္ေရွာင္ဖို႔ၿမိဳ႔ထဲ၀င္ေျပးသြားၾကၿပီ"

"နားလည္ပါၿပီ"
ပိုင္ရွန္းရိႈ႔က ပဒိုင္းညိုနဲ႔ ခြာေနလို႔မရဘူး။ အဲ့က္ အပင္ကို သူမရင္ခြင္ထဲပိုက္ၿပီး လွည္းေဘးကေန လံုဟန္႔ေျပာတဲ့ဆီကိုေလ်ာက္သြားလိုက္တာေပါ့။

လံုဟန္႔ကလည္း ပိုင္ရွန္းရိႈ႔နဲ႔ခပ္လွမ္းလွမ္းကေနခြာၿပီးလိုက္လာတယ္။ စကားေလးတေျပာေျပာနဲ႔ေပါ့။ ပထမဆံုးသူသတိထားမိတာက ပိုင္ရွန္းရိႈ႔အေလးခံသယ္လာတဲ့အပင္ပဲ။
"ကိုယ္ ကူၿပီးသယ္ေပးရမလား?"

"မရဘူး။ ရွင္ထိလို႔ရတာမ်ိဳး မဟုတ႓ူး"

"ရုတ္တရက္ႀကီး ဘာလို႔ေပ်ာက္သြရတာလဲ? ဘယ္သူက မင္းကိုျပန္ေပးဆြဲတာလဲ?"

"ခ်န္ေထာက္။ သူက ကြၽန္မဆီက မီးယမ္းမႈန္႔ဗံုးလုပ္နည္းလိုခ်င္တာ။

"မင္း သူ႔ကိုေပးလိုက္တာလား?'

"အတုပဲ ေပးလိုက္တာေပါ့"

"ဒါဆို သူက ဘာလို႔မင္းေနာက္ကေန လိုက္မလာေတာ့တာလဲ?"

"သတိျပန္မလည္ေသးလို႔ လိုက္မလာတာျဖစ္မယ္။ ဒါမွမဟုတ္ ကြၽန္မျပန္လာမယ္ဆိုတာသိလို႔ေနမွာေပါ့။"

အမြႏၠ ခ်န္ေထာက္ရဲ့လူေတြ သူေမနာကၠေန လိုက္လာၿပီးသား။ သူတို႔ကိုလံုဟန္႔အာရံုခံလို႔ရတယ္။ ဒါေပမယ့္ သူက မသိခ်င္ေယာင္ေဆာင္ၿပီး တိတ္တိတ္ေလးသတိထားေနတာ။သူ ပိုင္ရွန္းရိႈ႔ကိုထပ္ၿပီးအထိခိုက္ခံမွာမဟုတ္ဘူး။ ဒါေပမယ့္ လံုဟန္႔ပါလာတာကိုလဲ အဲ့ဒီလူေတြသိေရာ ခ်က္ခ်င္းေနာက္ျပန္ဆုတ္သြားၾကတယ္။ သူတို႔က လံုဟန္႔ကို ခ်ီးတုန္ေအာင္ေၾကာက္တာေလ။ လံုဟန္႔ကေတာ့ေအးစက္စက္ပဲၿပံဳးလိုက္တာေပါ့။ ခ်န္ေထာက္ဆိုတာ အရွက္မရိွတဲ့ေကာင္စားမ်ိဳး။ မနက္ျဖန္ေတာ့ သူလုပ္တာအတြက္ ျပန္ေပးဆပ္ခိုင္းရမယ္။ ဒါေပမယ့္ အခုခ်ိန္မွာသူ႔အတြက္အေရးအႀကီးဆံုးက ပိုင္ရွန္းရိႈ႔ရဲ့ လံုၿခံဳေရးပဲ။ သူ႔ကိုလာကူလို႔ သူမဒီေလာက္ဒုကၡေတြခံစားရမယ္မွန္း သူေတြးေတာင္မထားမိခဲ့ဘူး။ ဒါေပမယ့္ သူကဘာလို႔ ပိုင္ရွန္းရိႈ႔ကို အေဝးကေနပဲ ေစာင့္ေရွာက္ေနရတာလဲ? သူမဖို႔ ခ်က္ေပးထားတဲ့ အသားဟင္းကိုေတာင္ လွမ္းမေပးႏိုင္ဘူး။ ပိုင္ရွန္းရိႈ႔နဲ႔ဆယ္လွမ္းအကြာေလာက္က စားပြဲေပၚတင္ထားေပးခဲ့ရတယ္။ ၿပီးမွ ပိုင္ရွန္းရိႈ႔က လာယူတယ္။
"ရြို႔အာ...မင္းယူလာတဲ့ပန္းက အေတာ္ေလးထူးျခားပံုပဲေနာ္"

"ဟုတ္တယ္။ ပဒိုင္းညိုလို႔ေခၚတာေလ။ သူက ေသြးေလာင္းေပးၿပီးစိုက္တဲ့သူရဲ့ ဆႏၵတစ္ခုကိုျဖည့္ဆည္းေပးတယ္။ ကြၽန္မ ေလးရက္ေလာက္ေလာင္းၿပီး ကြၽန္မေဘးနားဒီေန့တစ္ရက္လံုးကပ္လာတဲ့သူမွန္သမ်ွ မူးလဲသြားၾကပါေစလို႔ ဆုေတာင္းထားတာ"

"ေသြးလား?....မင္း ေသြးကိုၾကည့္လို႔မရဘူးမလား?"

"ကြၽန္မ မူးမလဲေတာ့ပါဘူး။ ခံႏိုင္ရည္ရိွေနၿပီ"

"ရြို႔အာ...ကိုယ့္ေၾကာင့္သာမဟုတ္ရင္ မင္းဒီေလာက္ထိ ဒုကၡေတြခံေနရမွာမဟုတ္ဘူး"
သူတို႔အိမ္ေတာ္မွာရိွေနတုန္းက သူမကို အရမ္းႏူးညံ့လြန္း အထိခိုက္မခံႏိုင္လြန္းတဲ့မိန္းကေလးလို႔သူထင္ခဲ့တာ။ ဒါေပမယ့္ တကယ္တမ္းက် သူမက အရမ္းသန္မာလြန္းတယ္။ ပဒိုင္းညိုပြင့္လိုပဲ။ လွပေက်ာ့ရွင္းၿပီးအသံုးမ၀င္တဲ့ပံုေပၚေပမယ့္ တကယ္တမ္းက် သူ႔အခ်ိန္ေရာက္လာတဲ့အခါ အရမ္းကိုအသံုး၀င္ေနတယ္။
"မင္းလက္က ဒဏ္ရာေတြ"
ေနာက္ဆံုးေတာ့ သူမလက္ေပၚက ဒဏ္ရာေတြကို သူျမင္သြားတယ္။

"ေအာ္ ဒါေတြက ေပ်ာက္လုနီးပါးျဖစ္ေနပါၿပီ"

လံုဟန္႔က သူမနားကို လိမ္းေဆးေတြ
ထားေပးလိုက္တယ္။
"ဒီေဆးလိမ္းၿပီးေသခ်ာနားလိုက္။ ကိုယ္ေစာင့္ေပးထားမယ္"

"အင္း"
ပိုင္ရွန္းရိႈ႔လည္းအိပ္ခ်င္ေနၿပီရယ္။ လံုဟန္႔က သးမေဘးမွာေစာင့္ေပးေနတာဆိုေတာ့ အရမ္းလံုၿခံဳတယ္လို႔ခံစားရတယ္။ ေနာက္ရက္လည္းေရာက္ေရာ လံုဟန္႔ရဲ့ရင္ခြင္ထဲမွာ သူမႏိုးလာတယ္။
သူတို႔ၿမိဳ႔ထဲကိုေတာင္ျပန္ေရာက္ေနၿပီးၿပီ။

"ပန္းေရာ"

"အေစခံေတြကို ယူၿပီး အျပင္ဖက္မွာစိုက္ခိုင္းထားတယ္"

"ေက်းဇူးတင္ပါတယ္"

"ခ်န္ေထာက္အေၾကာင္းကို မင္းသားရံု ကိုယ္ တင္ျပရမယ္"

"လုပ္သင့္တယ္"
ဘာလို႔ငါတို႔က ႏွစ္ေတြအၾကာႀကီးလက္ထပ္ထားတဲ့ လင္မယားေတြလိုျဖစ္ေနရတာလဲ?
ဘယ္အခ်ိန္ကတည္းက ဒီလိုျဖစ္သြားတာလဲ?

ခ်န္ေတာက္က သူလုပ္တဲ့အမႈကို တာ၀န္မခံခ်င္လို႔ မေမ်ွာ္လင့္ပဲ ရန္သူ႔ဖက္ကို ခိုလႈံသြားေလတယ္။အဲ့မွာပဲ ရန္သူဖကၠ ျပည္သူေတြ ဇေဝဇဝါျဖစ္ေအာင္ သတင္းမွားေတျြဖန္႔ေတာ့တာေပါ့။  ၿမိဳ႔ေစာင့္တပ္မင္းကေတာင္ ရန္သူဖကၠို လက္နက္ခ်အဖမ္းခံလိုက္ၿပီ မင္းတို႔ရႈံးေတာ့မွာဆိုၿပီး။ လံုဟန္႔ကေတာ့ ဟားတိုက္ၿပီးပဲရီမိတယ္။ သူ႔တပ္ေတြလိုက္လို႔ ေခြးေျပး၀က္ေျပးေျပးရတာ သူတို႔မဟုတ္တဲ့အတိုင္း။ သူဒီတစ္ခါျပန္လာတာ စစ္အင္အားကိုစုစည္းၿပီး ရန္သူရဲ့ၿမိဳ႔ေတာ္ကို ေျပာင္ေျပာင္တင္းတင္းတက္သိမ္းဖို႔ပဲ။

ဒါေပမယ့္ လံုဟန္႔ေမ်ွာ္လင့္မထားတာ ျဖစ္သြားတယ္။ ခ်န္ေတာက္က သူရဲ့လူရင္းေတြေလာက္ပဲ ရန္သူဖက္ကိုေခၚသြားၿပီး သူ႔ရဲ့မိသားစုကိုေတာ့ ဒီဖက္မွာပဲထားပစ္ခဲ့တယ္။သူ႔အေမ၊ သူ႔မိန္းမ၊ သူ႔သားသမီးေတြက အခု အခ်ဳပ္ထဲေရာက္ေနၿပီ။ လံုဟန္႔ဆို ေဒါသေတြထြက္လြန္းလို႔ လူၾကားထဲေတာင္ စားၿပဲခံုကို ေျဖာင္းခနဲျမည္ေအာင္ရိုက္မိတယ္။ ခ်န္ေတာက္က တကယ့္ကို သရဲေဘာေၾကာင္တဲ့ေကာင္! သူ အသက္ရွင္ဖို႔ မိသားစုကိုစြန္႔ပစ္သြားတယ္။ အခုအဲ့မိသားစုကို ဘာဆက္လုပ္ရမွာလဲ?

သတ္ပစ္လိုက္ရမွာလား?

"ေသခ်ာေပါက္သတ္လို႔ဘယ္ျဖစ္မလဲ? သူတို႔က အားႏြဲ႔တဲ့မိန္းမနဲ႔ကေလးေတြေလ။ သတ္လို႔ေရာ ဘာေကာင္းက်ိူးရမွာမို႔လို႔လဲ?"
ပိုင္ရွန္းရိႈ႔က လံုဟန္႔ကိုလက္ဖက္ရည္ဆက္ရင္း ေျပာေလတယ္။ သူမရဲ့မ်က္ေမွာင္ေလးကေတာ့ က်ံဳ႔လို႔။

"သူတို႔ကို မသတ္နဲ႔လို႔ ဆိုလိုတာလား? ဒါေပမယ့္ သစၥာေဖာက္ရဲ့မိသားစုတိုင္းက ႁခြင္းခ်က္မရိွ ေခါင္းျဖတ္သတ္ခံရမွာပဲ။ မင္းသားရံုလည္း စည္းမ်ဉ္းအတိုင္းလုပ္ဖို႔ပဲ ေတြးတယ္တဲ့။ ဒါေပမယ့္"

"ဒါေပမယ့္ အျပစ္မရိွတဲ့သူေတြကိုသတ္ရမွာ တစ္ခုခုမွားေနတယ္လို႔ ခံစားရတယၼလား??"

"ဟုတ္တယ္"
လံုဟန္႔က အခုဆို ဘာကိစၥပဲရိွေနေန ပိုင္ရွန္းရိႈ႔ကို အကုန္ေျပာျပတယ္။သူမက ဉာဏ္ႀကီးရွင္မဟုတ္ေပမယ့္ ဗဟုသုတ ႂကြယ္ဝတဲ့သူေလ။ မင္းသားရံုလိုလူမ်ိဳးေတာင္ သူမအေၾကာင္းတစ္ဖြဖြနဲ႔။

"ဒါဆိုလည္း ကေလးေတြကိုမ်ိဳးရိုးနာမည္ေျပာင္းေပးၿပီး မိန္းမလုပ္တဲ့သူကို ေနာက္လင္ေပးစားလိုက္ေပါ့"

"......"
လံုဟန္႔က သူမကို အံ့ၾသတႀကီးၾကည့္ေလတယ္။ မိန္းမေတြဆိုတာ ေနာက္အိမ္ေထာင္ျပဳလို႔မရဘူးမလား။ ဒါေပမယ့္ ခ်န္ေထာက္နဲ႔ဇာတ္လမ္းျဖတ္ဖို႔ဆို ဒါကအေကာင္းဆံုးနည္းလမ္းပဲ"

ဘာျဖစ္လို႔လဲဟင္။ အႀကံက မေကာင္းလို႔လား? အဲ့မိန္းမက ျငင္းမယ္ဆိုတာသိေပမယ့္ သူ႔ကေလးေတြေသတာထိုင္ၾကည့္ၿပီး သစၥာေဖာက္ကိုတစ္သက္လံုးေစာင့္ေနခ်င္ပါ့မလား?"

"မင္းမွာ တကယ့္ကို ထူးထူးဆန္းဆန္းအႀကံေတြရိွေနတာပဲ။ ဒါေပမယ့္ အလုပ္ျဖစ္မွာပါ"
လံုဟန္႔က သူမပါးေလးကိုဆြဲလိုက္ရင္း
"အိပ္ေတာ့။ ကိုယ္ မင္းသားရံုနဲ႔သြားေဆြးေနြးလိုက္ဦးမယ္"

မင္းသားရံုက အစတုန္းကေတာ့ သူတို႔ကို အသက္ရွင္ခြင့္မေပးခ်င္ဘူး။ ဒါေပမယ့္ အႀကံကအေတာ္ေလးေကာင္းေနတယ္။ ခ်န္ေထာက္မိန္းမကို ေနာက္လင္ေပးစားလိုက္တာက ခ်န္ေထာက္ေခါင္းေပၚ ျမက္ဖုတ္စိမ္းႀကီးေစာင္းေပးလိုက္တာနဲ႔အတူတူပဲ။ ဟိုေကာင္နင္သြားမွာ။

သိပ္မၾကာခင္ ရန္သူစခန္းထဲမွာလည္း လုစစ္သူႀကီးတစ္ေယာက္ ရန္လိုေနတဲ့အမ်ိဳးသားတစ္ေယာက္နဲ႔စကားေျပာေနရတယ္။
"မင္းဘယ္လိုလုပ္ၿပီးႏြားလုပ္ခံလိုက္ရတာလဲကြာ! ဟိုက မင္းမိန္းမကိုေနာက္လင္ေပးစားၾကေတာ့မယ္"

"ဟုတ္တယ္။ က်ဳပ္ႏြားအျဖစ္မခံႏိုင္ဘူး"
ခ်န္ေထာက္က အံႀကီးႀကိတ္ၿပီးထေအာ္ေတာ့တာပဲ
"က်ဳပ္သည္းမခံႏိုင္ဆံုးက လံုဟန္႔ေဘးက အဲ့မိန္းမ။ အဲ့ေကာင္မသာ မာယာမ်ားမသြားဘူးဆိုရင္ ယမ္းမႈန႔္ဗံုးလုပ္နည္းကို က်ဳပ္ရေနေလာက္ၿပီ"

"သူက မင္းကို နည္းလမ္းေပးလိုက္တာလား? က်ဳပ္ကိုစာအုပ္ျပစမ္း"
လုစစ္သူႀကီးေဘးနားကလူက ရုတ္တရက္ထေျပာေလတယ္။ သူ႔ၾကည့္ရတာ ငယ္ရြယ္ၿပီး ၾကည့္ေကာင္းတယ္။

"ဒီဟာ..."
ခ်န္ေထာက္တံု႔ဆိုင္းေနတယ္။ အတုဆိုေပမယ့္ ဒါမ်ိဳးကို သာမန္စစ္သားလက္ထဲကို ေပးခ်င္တိုင္းေပးလို႔ရတာမွ မဟုတၲာ"

"ဒီကိုေပး"

နည္းနည္းေလာက္ တံု႔ဆိုင္းေနၿပီးမွ အဲ့လူလက္ထဲကိုစာအုပ္ထိုးေပးလိုက္တယ္။ အဲ့လူက တစ္ခုခုထူးဆန္းေနသလိုပဲ။ ဒါေပမယ့္ ခ်န္ေထာက္ကေတာ့ ဘာမွန္းမသိဘူးေပါ့။

Continue Reading

You'll Also Like

105K 14.3K 97
ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေ...
1.2M 64.7K 51
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
350K 8.7K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
481K 40.9K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ