๐˜๐จ๐ฎ_

By dreaminfrost

22K 2.4K 216

written in burmese. binneul fiction. More

Chapter-0
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12 (final)
You_: ๐‘ญ๐’“๐’๐’Ž ๐’๐’๐’˜ ๐’๐’, ๐‘ฌ๐’—๐’†๐’“๐’š ๐’Ž๐’๐’Ž๐’†๐’๐’• ๐’˜๐’Š๐’•๐’‰ ๐’€๐’๐’–_

Chapter-1

1.5K 173 17
By dreaminfrost

နှစ်သစ်ကူးလက်ဆောင်နဲ့ နတ်ဘုရားရဲ့အိမ်ပြန်လမ်း

တရုတ်ပြည်တစ်ပြည်လုံးဟာ ဖြူဖွေးတဲ့နှင်းတွေ၊ အနီရောင်အလှဆင်စက္ကူများ၊ မီးပုံးများဖြင့်စည်ကားလျက်။ နှစ်သစ်ကူးပိတ်ရက်ရှည်ဖြစ်တာကြောင့် အိမ်တိုင်းတွင် မိသားစုစုံစုံလင်လင်ဖြင့် ပျော်ပွဲရွှင်ပွဲများကျင်းပလေ့ရှိပြီး တံခါးဝများတွင်လဲ 'စီးပွါးလာဘ်လာပများ တိုးပွါးပါစေ' ဆိုသည့်စာသားများကပ်ထားလျက်။

လမ်းမကြီးအထက်ရှိ စားသောက်ဆိုင်များဟာ ဧည့်သည်များဖြင့် ပြည့်နှပ်နေသည်။ ချစ်သူစုံတွဲတော်တော်များများက လက်ချင်းတွဲကာ လျှောက်လည်ကြပြီး ဆယ်ကျော်သက်အရွယ် ကလေးများကတော့ သူငယ်ချင်းများစုဝေးပြီး ပျော်စရာအချိန်ဖန်တီးကြသည့် တရုတ်နှစ်သစ်ကူး။ စာအိတ်နီများ ဘယ်သူပိုရလဲပြိုင်ဆိုင်ကြသည့် တရုတ်နှစ်သစ်ကူး။ တခြားပွဲတော်ရက်များနဲ့မတူပဲ ပိုပြီးနွေးထွေးသယောင်ရှိတဲ့ ထိုနှစ်သစ်ကူးပွဲတော်ဟာ ကျန်းဟောင့်အတွက်တော့ သာမန်ထက်မပိုခဲ့။

ရှန်ဟိုင်းမြို့နဲ့အနည်းငယ်အကွာက ဝါကျင်ကျင်အလင်းရောင်ရှိသည့် ခေါက်ဆွဲဆိုင်ထောင့်တစ်နေရာမှာ အထက်တန်းကျောင်းသားလေးတစ်ယောက်ဟာ ပတ်ဝန်းကျင်ရှိလူတွေကိုလျစ်လျူရှုပြီး အငွေတထောင်းထောင်းဖြစ်နေတဲ့ ပန်းကန်ထဲကခေါက်ဆွဲတွေကို ဘာခံစားချက်မှမရှိပဲ ပါးစပ်ထဲကိုထိုးသွင်းနေခဲ့တယ်။ ထိုကောင်လေးကြည့်ရသည်မှာ လျှာအပူလောင်မှာကို မစိုးရိမ်သည့်အတိုင်း။

ခေါက်ဆွဲကုန်ခါနီး စားပွဲပေါ်ရုတ်တရက်လာချပေးတဲ့ ဖက်ထုပ်ပန်းကန်ကြောင့် "ကျွန်တော် မမှာထားဘူးဗျ"

"နှစ်ကူးမှာ ဖက်ထုပ်လေးတော့စားမှပေါ့ ခေါက်ဆွဲကြီးပဲစားမနေနဲ့ နှစ်သစ်ကူးလက်ဆောင်လို့သဘောထားလိုက်" ပြောပြီးသည်နှင့် ခေါက်ဆွဲဆိုင်ကအန်တီကြီးမှာ နောက်စားပွဲတွေကို ဝန်ဆောင်မှုပေးရန်အမြန်ပြန်ထွက်သွားသည်။

နှစ်သစ်ကူးလက်ဆောင်တဲ့လား...

ဖက်ထုပ်တစ်ခုကို တူနဲ့အသာယူပြီး ပါးစပ်ထဲအရသာခံကြည့်လိုက်သည်။ စေတနာကြောင့်ဖြစ်ပါလိမ့်မယ် ဒီဖက်ထုပ်ဟာ ကျန်းဟောင့်ဘဝမှာ အရသာအရှိဆုံးဖက်ထုပ်လို့ သတ်မှတ်လို့တဲ့အထိ စားလို့ကောင်းခဲ့သည်။

"ကျေးဇူးပါ အန်တီ" ငွေရှင်းပြီးနောက် အိမ်တန်းပြန်ဖို့ဆုံးဖြတ်လိုက်သည်။ ဒီနေ့ကနှစ်သစ်ကူးဖြစ်တာကြောင့် အချိန်အပိုင်းအလုပ်တွေ ခဏနားဖို့ အကောင်းဆုံးအကြောင်းပြချက် မဟုတ်ပါလား။

"ခဏလေး" ခေါက်ဆွဲဆိုင်ကအန်တီကြီးကသူ့ကို တားလိုက်ပြီး စက္ကူအိတ်တစ်ခု ထိုးပေးလာ၏။

ကျန်းဟောင့်ဖွင့်ကြည့်လိုက်တော့ သေချာထိုးထားတဲ့ သိုးမွှေးမာဖလာတစ်ခု။

"အန်တီ့သားအတွက်ထိုးရင်း ချည်ပိုနေလို့ မင်းအတွက်ပါထိုးပေးထားတာ" မာဖလာတစ်ထည်ထိုးဖို့ ချည်ပိုသည်မှာမဖြစ်နိုင်မှန်း ကျန်းဟောင့်သိပါ၏။ မိဘတွေမရှိတော့ထဲက ချန်ထားခဲ့တဲ့ အိမ်မှာ ကျန်းဟောင့်တစ်ယောက်ထဲ ရုန်းကန်နေလာရင်း များစွာသော နေ့လယ်စာ ညစာများကို လမ်းထိပ်ရှိ ဒီခေါက်ဆွဲဆိုင်မှာ ဖြေရှင်းခဲ့တာကြောင့် ဆိုင်ပိုင်ရှင်အန်တီကြီးကို ကျန်းဟောင့်ရင်းနှီးသလိုရှိသည်။

တဖက်လူရဲ့စေတနာကို အသိမှတ်ပြုကာ မာဖလာကို လည်တိုင်မှာပတ်လိုက်ရင်း အိမ်ပြန်လမ်းတစ်လျှောက် အတွေးများခဲ့သည်။ ပတ်ဝန်းကျင်မှာ ပျော်ပျော်ပါးပါးလျှောက်လည်နေကြတဲ့ မိသားစုတွေကိုမြင်ရင် အားမကျဘူးဟုဆိုပါက လိမ်ရကျမယ်လေ။ သို့သော် ထိုနှစ်ကတခြားနှစ်တွေထက်တော့ ပိုနွေးထွေးနေခဲ့သည်မှာ လည်တိုင်ထက်ရှိ မာဖလာလေးကြောင့်ဖြစ်မယ်ထင်ပါရဲ့...

.

.

အခုလည်း တိုက်ဆိုင်စွာပင် ကျန်းဟောင့်ဟာ ဇိမ်ခံ BMW ကားပေါ်က ရှန်ဟိုင်းမြို့ရဲ့ အသက်ဝင်လှတဲ့ နှစ်သစ်ကူးကိုငေးကြည့်ရင်း။

"ရောက်ဖို့လိုသေးတာလား"

နေအိမ်ကနေထွက်လာတာ တစ်နာရီကျော်သည့်တိုင် အခုထိအထူးဧည့်သည်တော်ကြီးထံကို မရောက်နိုင်သေးပါ။ နှစ်သစ်ကူးဖြစ်၍ ကားလမ်းတွေပိတ်တာကြောင့် ယခင် တစ်နာရီကြာတဲ့ခရီးက ဒီနေ့တော့ နှစ်နာရီလောက်မောင်းရအုံးမှာပဲ...

ကျန်းဟောင့်အနုပညာလောကထဲကိုစဝင်လာပုံက အရမ်းကြီးတော့ ခမ်းနားမနေခဲ့။ သူဟာ အထက်တန်းတုန်းက အချိန်ပိုင်းဂိုက်ဆရာလည်းလုပ်သလို၊ ၂၄နာရီစတိုးများတွင် ညဆိုင်း ဆင်းလေ့ရှိသည်။ မိဘနှစ်ပါးမှာ ငယ်ငယ်ထဲကကွယ်လွန်သွားတာဖြစ်၍ ကိုယ့်ဝမ်းကိုယ်ကြောင်းရသည့်အတွက် ပျင်းနေရန်အချိန်မရှိ။ ကံကောင်းသည် ပြောရမလား ကျန်းဟောင့်စာပြပေးရတဲ့ ကလေးတစ်ယောက်ရဲ့အဖေက ရိုက်ကူးရေးတစ်ခုရဲ့ မန်နေဂျာဖြစ်နေခဲ့သည်။ တနေ့ ထိုကလေးအဖေတာဝန်ယူထားသည့်ရိုက်ကွင်းက ဒုတိယမင်းသားနဲ့ပြဿနာဖြစ်တာကြောင့် အစားထိုးမင်းသားအလောတကြီးရှာရာက ကျန်းဟောင့်မှာ ယောင်လည်လည်ဖြင့် တက်သစ်စမင်းသားဘဝကိုနေ့ချင်းညချင်းရောက်သွားခဲ့သည်။

ထိုတုန်းက ကျန်းဟောင့်ထံမှာ စာချုပ်ချုပ်ထားသည့် ကုမ္ပဏီလည်းမရှိသလို မန်နေဂျာလည်းမရှိခဲ့။ သရုပ်ဆောင်သင်တန်းလည်းမတက်ဘူးသလို၊ အနုပညာနဲ့ပတ်သက်တာဆိုလို့ တယောတစ်လုံးသာပြနိုင်၏။ သို့သော်လည်း ဇာတ်လမ်းမှာ အရမ်းကြီးမရှုပ်ထွေးသလို ကျောင်းသားဇာတ်လမ်းဖြစ်တာကြောင့် အခက်အခဲမရှိပဲရိုက်ကူးရေးပြီးသွားခဲ့သည်။

ဘာမှမဟုတ်တဲ့ အွန်လိုင်းပေါ်တင်သည့် အတိုအထွာ ဇာတ်လမ်းတိုလေးဖြစ်သည့်တိုင်အောင် တော်တော်လေး ထူးခြားခန့်ငြားသည့် ကျန်းဟောင့်၏ ရုပ်ရည်ကြောင့် ထိုဇာတ်လမ်းတိုလေးဟာ တဟုန်ထိုးပေါက်သွားခဲ့ပြီး များစွာသော အင်တာတိန်းမန့်များနဲ့ ဇာတ်ညွှန်းများက ကျန်းဟောင့်ကိုနွေးထွေးစွာကြိုဆိုခဲ့ကြတယ်လေ။

ထို့နောက် တဖြည်းဖြည်း ငြို့ယူနိုင်သည့်အကြည့်နှင့်၊ နတ်ဘုရားတစ်ပါးလို ပုံရိပ်ကြောင့် တရုတ်တစ်ပြည်လုံးရှိ ကောင်မလေးများရဲ့နှလုံးသားကို ဖမ်းစားသွားခဲ့ပြီး "Reflection" ဆိုသည့်ဇာတ်ကားနှင့် ပျိုပျို၊အိုအိုတို့ပါမကျန် ရှောင်ကောကော၊ ရှောင်တိတိ၊ ရှောင်ရှူရှူတို့၏ လေးစားမှု၊ အသိမှတ်ပြုမှူကိုပါ အရယူနိုင်ခဲ့သည်။

"Reflection" မှာ အသက် ၄၀ကျော် စီးပွါးရေးချွတ်ခြုံကျကာ ပိုင်ဆိုင်သမျှအကုန် ဆုံးရှုံးသွားပြီး လုပ်ကြံမှူကြောင့် အသက်ဆုံးရှုံးသွားသည့် လူကြီးတစ်ယောက်၊ အသက် ၂၀အရွယ်ကိုပြန်ရောက်သွားပြီးနောက်၊ တဖန် လောကဓံ၏လှည့်စားမှုများကို ကြံ့ကြံ့ခံကာ ဇွဲမလျော့ပဲကြိုးစားသည့်အကြောင်း ရိုက်ကူးထားသည့်ရုပ်ရှင်ဖြစ်သည်။ ကျန်းဟောင့်ရဲ့ ကျွမ်းကျင်ပိုင်နိုင်လှတဲ့ ဇာတ်ကောင်တင်ဆက်မှူတွေက ယောကျ်ားတွေရဲ့မျက်ရည်ကိုပါ ခြူလိုက်နိုင်တာကြောင့် ထိုဇာတ်ကားရုံတင်ပြီးနောက် ဝေ့ပေါ်ရဲ့ရေပန်းစားသည့်သတင်းတွေအောက် နာမည်ကြီးခဲ့တဲ့စာသားက

[ညီအစ်ကိုကျန်းဟောင့်ရေ ငါ့ကောင်မလေးမပြောနဲ့ ငါတောင်မင်းကိုစောက်ရမ်းကြိုက်သွားပြီကွာ] ဆိုတာပင်။

သေချာပေါက် ကျန်းဟောင့်၏ပရိတ်သတ်ကောင်မလေးများ "Reflection"ရုပ်ရှင်သွားကြည့်တဲ့အခါ ချစ်သူကောင်လေးကိုခေါ်သွားရင်းက ဖြစ်လာတဲ့အကျိုးဆက်တွေပေါ့။ ဒီလိုဖြစ်တာက တစ်ယောက်နှစ်ယောက်မကသည့်အခါမှာ ထိုစာသားက နာမည်ကြီးရှာဖွေမှုစာရင်းတွေအောက် သုံးရက်တိတိ နံပါတ်တစ်ဆွဲခဲ့၏။

"ဘာတွေတွေးနေတာလဲ?"

ကျန်းဟောင့်အတွေးလွန်နေတာကြောင့် ရှေ့မှာ ဆောင်းဟန်ဘင်းရောက်နေမှန်း သတိမထားမိခဲ့။

"ဥက္ကဌဆောင်း" ခေါင်းတစ်ချက်ငြိမ့်ပြပြီး နှုတ်ဆက်လိုက်သည်။

"ကျန်းလောင်ရှီး ကြိုက်တာမှာပါ"

ကျန်းဟောင့် ဆောင်းဟန်ဘင်းနဲ့စာချုပ်ချုပ်ပြီးတာ တစ်ပတ်လောက်ရှိပြီဖြစ်သည်။ စာချုပ်မှာ ဘာမှ ထူးခြားမနေခဲ့ ဆောင်းဟန်ဘင်းရဲ့ချစ်သူကောင်လေးအဖြစ် သရုပ်ဆောင်ပေးရန်ဖြစ်ပြီး၊ လူကြားထဲတွင်လိုအပ်သည့်အခါ skinship လုပ်ရန်သာဖြစ်သည်။ skinship နဲ့ပတ်သက်ပြီးပြောရပါက အနုပညာလောကထဲမှာ ဆယ်စုနှစ်တစ်ခုနီးပါး ကျင်လည်ခဲ့တာဖြစ်၍ နမ်းတာလောက်ကိုပင်ကျန်းဟောင့်စိတ်ထဲမရှိပါ အလုပ်ကိစ္စဟုသတ်မှတ်နိုင်သည်။

ဒီမှာတစ်ခုသဘောထား ကွဲလွဲနိုင်သည်။ ကျန်းဟောင့်ဟာ သူ့ကို အသားယူသည့်လူများနှင့် အနုပညာလောကထဲရှိ နှာဘူးများကို အလွန်ရွံရှာစက်စုပ်သည်ပင်။ မိမိကိုယ်ကျင့်တရားကို ထိန်းသိမ်းတတ်သူတစ်ဦးဖြစ်၏။ ဒါပေမဲ့ ဆောင်းဟန်ဘင်းနဲ့ skinship ကိုတော့ ရုပ်ရှင်ဇာတ်ကားရိုက်သည့်အခါ တဖက်သရုပ်ဆောင်နဲ့ ဇာတ်ကွက်ကိုအကောင်ထည်ဖော်သည့်အခါ၊ သဘာဝကျရန်ထည့်တာလို့ပဲ သတ်မှတ်ထားသည်။ ပြီးတော့ ဆောင်းဟန်ဘင်းဟာလည်း အပြုအမှုကောင်းသည့် တွဲဖက်ဇာတ်လိုက်တစ်ယောက်ဖြစ်တာကြောင့် ကျန်းဟောင့်စိတ်ထဲ ဘယ်လိုမှမနေပါ။

"ကျန်းလောင်ရှီးဆိုတာကြီးက ချဲ့ကားရာကျပါတယ်"

ဆောင်းဟန်ဘင်းဟာ steak များကိုလှီးဖြတ်နေရင်း

"ကျွန်တော့်ကိုလည်း ဥက္ကဌဆောင်းလို့ခေါ်တာပဲ"

လက်နှစ်ဖက်ဖြင့် အသားကင်ကိုကြိုးစားလှီးဖြတ်နေသည့် ဝတ်စုံအပြည့်နှင့်ထိုအမျိုးသားရဲ့မျက်ဝန်းတွေကိုတော့ ထူထဲလှတဲ့ မျက်တောင်များက လိုက်ကာတစ်ခုသဖွယ် ပျံ့ကားစွာဖုံးကွယ်ထားလျက်။

"အို...အဲ့တာဆို ဘယ်လိုခေါ်ပေးရမလဲ?"

ဆောင်းဟန်ဘင်း သူသေချာလှလှပပလေးလှီးဖြတ်ထားတဲ့ steak ပန်းကန်ပြားနဲ့ ကျန်းဟောင့်စားနေတဲ့ပန်းကန်ပြားကို လဲလိုက်ကာ

"ဟန်ဘင်းလို့ခေါ်... တစ်နှစ်တောင်ငယ်တာပဲ... ဟောင့်ကောရဲ့သူငယ်ချင်းတစ်ယောက်လို ဆက်ဆံလို့အဆင်ပြေတယ်"

ကျန်းဟောင့်မှာ အစားထိုးရောက်လာတဲ့ steak ပန်းကန်ပြားကို ရင်းနှီုးမှုမရှိသေးပဲငေးကြည့်ရင်း။

"အင်း...ဟောင့်ကောလို့ခေါ်တာအဆင်ပြေပါတယ် ဟန်ဘင်း"

ဒါနှစ်တော်တော်ကြာမှ နှစ်သစ်ကူးအချိန်အတွင်း ကျန်းဟောင့်တစ်ယောက်ထဲမဟုတ်ပဲ တခြားလူတစ်ယောက်နဲ့အတူ ညစာစားခြင်းဖြစ်သည်။ ဆောင်းဟန်ဘင်းမှာ နောက်ခံအသိုင်းအဝန်းရှိပြီး နာမည်ကြီးစီးပွါးရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်သည့်တိုင် ပေါင်းရသင်းရ တော်တော်လေးအဆင်ပြေ၏။

"ဟောင့်ကော နှစ်သစ်ကူးလက်ဆောင်" ဟုဆိုကာ ဖိုင်အိတ်နှစ်ခုကို ကျန်းဟောင့်ရှေ့တွန်းပို့လာ၏။ ကျန်းဟောင့်ဖွင့်ကြည့်လိုက်တော့ နှစ်အိတ်လုံးက ဇာတ်ညွှန်းစာအုပ်များဖြစ်နေသည်။

"အပြာအိတ်ထဲက စာအုပ်တွေက ကောကို အဓိကမင်းသားနေရာမှာရိုက်ရမဲ့ဇာတ်ညွှန်းတွေပဲ။ ဟျောင်း...အား... ကျွန်တော်အကျင့်ပါနေတာ ဟျောင်းလို့ခေါ်လဲအဆင်ပြေတယ်မဟုတ်လား?"

ဆောင်းဟန်ဘင်းမှာ ကိုရီးယားမှာကြီးပျင်းတာဖြစ်၍ တရုတ်စကားကောင်းကောင်းပြောနိုင်သည့်တိုင် သိပ်ပြီးအကျွမ်းတဝင်မရှိသေး။

"အင်း အဆင်ပြေသလိုပေါ့"

"ကောင်းပြီ...ဟျောင်းက အနုပညာလောကထဲ တော်တော်ကြာကြာပျောက်သွားတာဆိုတော့ ရုတ်တရက် အဓိကမင်းသားနေရာကနေ ပြန်ပေါ်လာတာက သိပ်သဘာဝမကျဘူး။ အဲ့တာကြောင့် အနီရောင်အိတ်ထဲကဇာတ်ညွှန်းတွေက ဟျောင်း cameo ပါလို့ရမဲ့ဇာတ်ညွှန်းတွေ အဲ့ထဲကဟျောင်းသဘောကျတာရွေးလိုက်"

ဆောင်းဟန်ဘင်းက ကျန်းဟောင့်ကို ဇာတ်ကားကြီးတစ်ကားမှာ cameo အနေနဲ့ အရင်မျက်နှာပြခိုင်းပြီးမှ အဓိကမင်းသားနေရာကို ပြန်လာစေချင်သည့်သဘောမှာရှိသည်။ ဒါကလည်း တော်တော်လေးကို ဉာဏ်ရှိသည့် ဆုံးဖြတ်ချက်ဖြစ်သည်။

ကျန်းဟောင့် မမြင်တာကြာတဲ့ ဇာတ်ညွှန်းစာအုပ်တွေကို ကိုင်ကြည့်ရင်း ပထမဆုံးအကြိမ် ဇာတ်ညွှန်းစာအုပ်ရတုန်းက ခံစားချက်နဲ့ဆင်တူနေတာကြောင့် စိတ်ထဲတစ်မျိုးကြီးဖြစ်နေခဲ့သည့်တိုင် ကောင်းတဲ့ခံစားချက်ဖြစ်တာကြောင့် ဆောင်းဟန်ဘင်းကိုကျေးဇူးတင်လိုက်ရင်း ဇာတ်ညွှန်းစာအုပ်တွေကို ပွတ်သပ်ကြည့်မိ၏။ ငယ်ငယ်ကတစ်ခါမှ မင်းသားလုပ်ဖို့မတွေးဖူးခဲ့။ ပထမဆုံးခြေလှမ်းလှမ်းပြီးနောက်မှာတော့ ဒီနယ်ပယ်ကသူ့ကို ရုန်းထွက်လို့မရအောင် ဆွဲဆောင်ခဲ့သည်ဆိုတာကို ကျန်းဟောင့်ဝန်ခံရမည်။

"ဟောင့်ကော ကျွန်တော့်အတွက် နှစ်သစ်ကူးလက်ဆောင်ရော?"

ဇာတ်ညွှန်းစာအုပ်တွေကိုပျော်ရွှင်စွာလှန်ကြည့်ရင်း ဆောင်းဟန်ဘင်းရုတ်တရက်ဖောက်မေးတဲ့မေးခွန်းကြောင့် ကျန်းဟောင့်ဟာ ရုတ်တရက် စာမေးခံလိုက်ရသည့် ကျောင်းသားတစ်ယောက်လို့ ဘာပြန်ဖြေရမှန်းမသိခဲ့။

ခက်တာပဲ... မင်းသားလုပ်တုန်းက မန်နေဂျာအကူအညီဖြင့် လုပ်ဖော်ကိုင်ဖက်များကို လက်ဆောင်များပေးပို့ဖူးပေမဲ့ ကိုယ်တိုင်ကိုယ်ကျ လက်ဆောင်မရွေးဖူး။ လက်တလောအချိန်ဇယားများမရှိတာကြောင့် ကုမ္ပဏီကလည်း သူ့ကို လက်ထောက်တစ်ယောက် မစီစဉ်ပေးထားကသဘာဝကျသည်။

"ဟန်ဘင်းလိုချင်တာ တစ်ခုခုများရှိလား" ကိုယ်တိုင်သူများကို နှစ်သစ်ကူးလက်ဆောင်မပေးဖူး၊ ပေးဖူးတာကလည်း စာအိတ်နီများပင်။ ဆောင်းဟန်ဘင်းလိုလူက စာအိတ်နီတော့လိုအပ်နေမှာမဟုတ်ဘူးလေ။ ထို့ကြောင့် တိုက်ရိုက်ပဲမေးလိုက်၏။

ဆောင်းဟန်ဘင်းမှာ ကျန်းဟောင့်ကိုစိတ်ဝင်တစားပြုံးကြည့်ရင်း သူ့အနောက်တိုင်းဝတ်စုံအတွင်း အိတ်ကပ်ထဲမှတစ်ခုခုကိုနှိုက်ယူလိုက်ကာ ကျန်းဟောင့်မျက်လုံးတည့်တည့်တွင် လက်သီးဆုပ်တန်းလာ၏။

"ဘာလဲ ခန့်မှန်းကြည့်"

ကျန်းဟောင့်ဟာ ရိုမန့်တစ်ဆန်တဲ့ရုပ်ရှင်ကားများ များစွာရိုက်ခဲ့ဖူးသလို ချိုအီနေသော ဒိုင်ယာလော့များလည်းပြောဖူးသည့်တိုင် အခုဆောင်းဟန်ဘင်းဘာလုပ်နေမှန်းစဉ်းစားမရခဲ့။

"မသိတာပိုကောင်းမယ်ထင်တယ် အဲ့တာမှ အံ့ဩလို့ရမှာမဟုတ်လား?"

ဘာမှန်း စဉ်းစားလို့မရသည့်တိုင် ဆောင်းဟန်ဘင်းသူ့ဆီကနေ အံ့ဩသင့်မှူကိုလိုချင်မှန်းတော့ ကျန်းဟောင့်နားလည်ပါသည်။

ဆောင်းဟန်ဘင်းရဲ့ လက်သီးဆုပ်ထားတဲ့လက်တွေဟာ တဖြည်းဖြည်း ဖြန့်တန်းသွားသည့်အခါမှာတော့ တလက်လက်တောက်ပနေတဲ့ ဆွဲကြိုးလေးတစ်ကုံး လက်ချောင်းများကြားထဲကနေ ကျလာခဲ့သည်။

စားသောက်ဆိုင်ရှိ သီးသန့်အခန်းဖြစ်တာကြောင့် သူတို့နှစ်ယောက်ကလွဲ၍ တခြားမည်သူမှမရှိ။ တိတ်ဆိတ်လွန်းသဖြင့် ဆွဲကြိုးမှကြိုးအချင်းချင်းပွတ်တိုက်မိသံများဟာ နားထဲကိုတန်းဝင်လာလျက်။ ဆွဲကြိုးအဆုံးရှိပြာလဲ့လဲ့ ကျောက်လော့ကဒ်သီးလေးဟာ ကျန်းဟောင့်ရှေ့ရှိ ဝိုင်ခွက်ကို "တောင်" ခနဲမြည်အောင်တောင် မိတ်ဆက်ခဲ့သေး၏။

"ဇာတ်ညွှန်းတွေက နှစ်သစ်ကူးလက်ဆောင်လို့ ဘယ်လိုလုပ်ပြောလို့ရမလဲ?"

ဆောင်းဟန်ဘင်းထိုင်နေရာကနေ ထရပ်လိုက်ပြီး မျက်နှာခြင်းဆိုင်ထိုင်နေတဲ့ ကျန်းဟောင့်ထံ တစ်လှမ်းချင်း လှမ်းလာခဲ့သည်။ ကျန်းဟောင့်ရှေ့ရောက်သောအခါ လက်ထဲကိုင်ထားသည့် ဆွဲကြိုးလေးကိုဖြုတ်၍ ကျန်းဟောင့်ကို အမူအရာဖြင့်လည်တိုင်ကိုအရှေ့တိုးပေးရန် တောင်းဆိုလာ၏။

ကျန်းဟောင့်ထိုကဲ့သို့သော ဇာတ်ဝင်ခန်းမျိုးရိုက်ဖူးပါ၏။ သို့သော် သူကဆွဲကြိုးဝတ်ပေးသည့်နေရာက သရုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ကျန်းဟောင့်လည်း ဆောင်းဟန်ဘင်းရဲ့မျက်လုံးတွေကိုကြည့်ကာ တစ်ချက်ပြုံးလိုက်ပြီး မုဆိုးထံလည်ဆင်းပေးလာတဲ့ သမင်တစ်ကောင်လိုမျိုး လည်တိုင်ကို အသာအယာ ရှေ့တိုးပေးလိုက်သည်။ သို့သော် ကျန်းဟောင့်မျက်လုံးထဲ ကြောက်ရွံ့မှုတို့ရှိမနေခဲ့။

ဆွဲကြိုးကိုဆွဲပေးနေချိန်မှာ ဆောင်းဟန်ဘင်းဟာ ကျန်းဟောင့်နဲ့နီးကပ်လွန်းတာကြောင့် တစ်ယောက်ရေမွှေးနံ့ကိုတစ်ယောက် ရှူရှိုက်မိ၏။ ကျန်းဟောင့်က ပန်းအနံ့ကို baseထားပြီး ပြုလုပ်သည့်ရေမွှေးများကို အသုံးပြုရတာသဘောကျပုံပေါ်ပြီး ဆောင်းဟန်ဘင်းကတော့ wooden base ကိုသဘောကျသည့်ပုံပင်။

"တတ်နိုင်သလောက် မဖြုတ်ပဲဆွဲထားပေးရင် ကျွန်တော့်ကိုပျော်စေမှာပဲ" အကယ်၍ ဆောင်းဟန်ဘင်းသာ စကားလုံးအရွေးမတော်ခဲ့သူဖြစ်ပါက အခုသူပြောသည့်စကားများက တော်တော်လေး အမိန့်ပေးသယောင်ဆန်နေမှာ ကြိမ်းသေ၏။

ရုတ်တရက်ကျန်းဟောင့်အတွေးထဲဆောင်းဟန်ဘင်းကို ဘာလက်ဆောင်ပေးရမလဲစဉ်းစားမိသွားသည်။

"ဟန်ဘင်းကိုဘာလက်ဆောင်ပေးရမလဲသိသွားပြီ"

ဆောင်းဟန်ဘင်းမှာစိတ်ဝင်တစားဖြင့် သူ့နေရာသူပြန်မသွားပဲ ကျန်းဟောင်ဘေးကိုဝင်ထိုင်လိုက်သည်။

"ဘာများလဲ ဟောင့်_ကော"

ကျန်းဟောင့်ဟာ စာရွက်နဲ့ဘောပင်ကို စားသောက်ဆိုင်အားအကူညီတောင်းလိုက်သည်။ ထိုစားသောက်ဆိုင်က သူဌေးတွေပဲ လာနေကျနေရာဖြစ်၍ ဘာတောင်းတောင်း ခဏလေးအတွင်းရောက်လာမည်သာ။

စာရွက်ပေါ်မှာ ဂီတနုတ်တွေကို ဂရုတစိုက်ချရေးနေတဲ့ ကျန်းဟောင့်ပုံစံက တခြားမြင်နေကျ ကျန်းဟောင့်ပုံစံများနဲ့ များစွာကွဲထွက်နေခဲ့၏။ ကိုယ်ပိုင်ကမ္ဘာထဲ လွင့်မြောနေတဲ့ ဒုဓ္ဓလီပန်းပွင့်လေးလို၊ လှပစွာစီးမြောပုံက အနှောက်အယှက်ပေးဖို့ တအားလှပလွန်း၍ တိတ်တဆိတ်ငေးကြည့်နေရရုံသာ။

ရေးနေတာကိုအဆုံးသတ်ပြီးနောက် စာရွက်ကိုလိပ်လိုက်ရင်း ဆောင်းဟန်ဘင်းကိုပေးလိုက်သည်။

"ဟန်ဘင်းအတွက် နှစ်သစ်ကူးလက်ဆောင်"

ကိုယ်တိုင်ရေးထားတဲ့ တယောသံစဉ်သီချင်းတစ်ပုဒ်ဖြစ်ပုံပေါ်၏။

"အရင်ကရေးထားတာ ဘယ်သူကိုမှတီးမပြရသေးဘူး၊ အခုလည်း တယောမပါလာလို့ သံစဉ်စာရွက်ပဲအရင်လက်ဆောင်ပေးလိုက်မယ် ဥက္ကဌဆောင်းကိုကျေနပ်စေရဲ့လား"

စာရွက်ပေါ်ကဂီတနုတ်တွေပေါ် ဆောင်းဟန်ဘင်းလက်ချောင်းတွေပြေးလွှားရင်း

"ဥက္ကဌဆောင်းလို့ခေါ်ရတာ တော်တော်လေးသဘောကျတဲ့ပုံပဲ...ဒါပေမဲ့ကျေနပ်ပါတယ် ဟောင်ကောရဲ့တယောသံကိုကြားရဖို့ မစောင့်နိုင်တော့ဘူး"

---

ဒီလိုနဲ့နှစ်သစ်ကူးပိတ်ရက်အပြီး ဝေ့ပေါ်ရဲ့ ရှာဖွေမှူစာရင်းတွင် မင်းသားကျန်းဟောင့် ရုပ်ရှင်ကားကြီးတစ်ခု၌ cameo အနေနဲ့ပါဝင်မည့်သတင်းမှာ နံပါတ် ၄ နေရာတွေရေပန်းစားလျက်။

ကျန်းဟောင့်ဖုန်းကိုကြည့်နေရင်း ဆောင်းဟန်ဘင်း သူ့အတွက်ဝယ်ပေးထားသည့် hot search ကိုမြင်တော့ နှုတ်ခမ်းထောင့်က မြင့်တက်သွားသည်။

သူတကယ်ပဲလူရွေးမမှားခဲ့ပါလား...

ကျန်းဟောင့် ပါဝင်မဲ့အခန်းတွေက သိပ်မများ တစ်ကားလုံးမှာမှ ၁၅မိနစ်လောက်သာရှိသည်။ သို့သော်လည်းကျန်းဟောင့်မှာ ဇာတ်ညွှန်းကိုသေချာရွေးချယ်ခဲ့ခြင်းဖြစ်၏။ အခုဇာတ်ကားဟာ တရုတ်ပြည်၏ ရဲတပ်ဖွဲ့ကိုဂုဏ်ပြုသည့်အထိန်းအမှတ်အနေနဲ့ ရိုက်ကူးသည့်ကားဖြစ်သည်။ နိုင်ငံတော်နှင့်ဆိုင်သည့်ဇာတ်ကားဖြစ်တာကြောင့် ဇီဇာကြောင်သည့်တရုတ်အစိုးရဟာ အမှုကိစ္စအနောက်ကြောင်းမရှင်းသည့် သရုပ်ဆောင်များကိုဆို ထိုဇာတ်ကားထဲ ပါဝင်ဖို့လုံးဝလက်ခံမည်မဟုတ်။ ထို့ကြောင့် ဒီဇာတ်ကား၌ကျန်းဟောင့်ပါဝင်ခွင့်ရသည် ဆိုသည့်အချက်နဲ့တင် ယခင်ထွက်ရှိခဲ့သည် မူးယစ်ဆေးနဲ့ပတ်သက်သည့်ကောလဟာလများက သူ့အလိုလိုရှင်းသွားမည်ဖြစ်သည်။

ကျန်းဟောင့်ဟာ ထူးချွန်သည့်အနုပညာရှင်တစ်ယောက်ဖြစ်သည့်တိုင် ဒီလိုဇာတ်ကားမျိုးက နောက်ကြောင်းရှင်းရုံနှင့်လည်း ပါဝင်ခွင့်ရတာမဟုတ်။ ထောက်ခံသည့်လူရှိမှလည်း ယခုလိုလွယ်လွယ်ကူကူပါဝင်နိုင်ကြောင်း ကျန်းဟောင်သိသည်။ တရုတ်အနုပညာလောကမှာ Song media ရဲ့လက်ချောင်းတွေက ရေဘဝဲတစ်ကောင်လို တော်တော်လေးများတာပဲ။

ဆောင်းဟန်ဘင်း ဝယ်ထားသည့် hot search တက်ပြီးသိပ်မကြာခင်မှာပဲ နာမည်ကြီးရှာဖွေမှုစာရင်းရဲ့ နံပါတ် ၃၊ ၅၊ ၇ နေရာများတွင် ကျန်းဟောင့်သတင်းများနေရာယူတော့သည်။ ပရိတ်သတ်တွေဟာ နှစ်ကြာရှည်လွမ်းနေခဲ့တာဖြစ်တာကြောင့် တစ်မိနစ်လျှင် ပိုစ့် သုံး၊လေးခုနှုန်းဖြင့် ဝုန်းဒိုင်းကျဲကြတော့သည်။ မီဒီယာများကလည်း ပရိတ်သတ်များနှင့်အပြိုင် မျက်နှာချိုသွေးကြတော့သည်။ သတင်းကောင်းကောင်းရေးပေးဖို့ Song Media ရဲ့ CEO က သူတို့ကို ဖို့ထားသည့်ငွေများမှာ အလကားမဖြစ်စေခဲ့။

[အတိတ်က ကောလဟာလသတင်းတွေကို အသံတိတ်ပညာသားပါပါငြင်းဆိုလိုက်သည့် ကျန်းဟောင့်] ကြိုက်နှစ်သက်သူ +105k

[ကျန်းဟောင့်ရဲ့ နှစ်နှစ်ကျော်ကြာမှ ပထမဆုံးရုပ်ရှင်ကား box office တွေကိုချိုးချဖို့အဆင်သင့်ဖြစ်နေပြီ] ကြိုက်နှစ်သက်သူ +99k

ပရိတ်သတ်များရေးသည့် သတင်းခေါင်းစဉ်များကပိုပြီး စိတ်ဝင်စားဖို့ကောင်း၏။

[နတ်ဘုရားကျန်း ကောင်းကင်ဘုံအတိဒုက္ခအပြီးလို့ လူ့ပြည်ကိုပြန်လည်ကြွလှမ်းလာပြီ] ကြိုက်နှစ်သက်သူ +207k

[တောင်များသခင်ကျန်းဟောင့် တံခါးပိတ်လေ့ကျင့်ရေးပြီးဆုံး] ကြိုက်နှစ်သက်သူ +156k

[ဂူမီဟောင့် နောက်ဆုံးတော့လဲ မိန်းမပျိုတွေရဲ့အသည်းကိုဖမ်းစားဖို့ ပြန်လာခဲ့ပြီပဲ] ကြိုက်နှစ်သက်သူ +197k

လပေါင်းများစွာ တော်တော်ကြာအောင် သူတို့ယောက်ျား လူမြင်ကွင်းပေါ်ပြန်ရောက်ဖို့စောင့်နေကြသော ကျန်းဟောင့်မိန်းမများမှာ အင်တိုက်အားတိုက်ဖြင့် ပိုစ့်များတင်ကြတော့သည်။ ယခင်မူးယစ်ဆေးသတင်းကြောင့် ခနခံခဲ့ရတာများကိုပါ စာရင်းထုတ်ရှင်းကြသဖြင့် နှစ်သစ်ကူးနေ့များထက်တောင် ဝေ့ပေါ်ဟာ စည်ကားလျက်။

ဟောင့်ဟောင့်ကလစ်လေး: * upload screenshot+2 *

ငါဒီပုံတွေကိုထုတ်သုံးဖို့စောင့်နေခဲ့တာကြာပြီ။ ပုံထဲက ကျဲကျဲတို့ ကျန်းဟောင့်မူးယစ်ဆွဲနေတာသေချာတယ် ခေါင်းဖြုတ်ပြီးလောင်းရဲတယ်ဆို မနက်ဖြန်အစောဆုံးချောပို့နဲ့ ခေါင်းတွေပို့လာတာမြင်ချင်တယ်^^

Comment section တွင်

အထပ်၁ : ငါ့မှာလဲရိုက်ထားတာတွေရှိတယ် upload with 5 screenshots

အထပ်၂ : ဟို beauty blogger တစ်ယောက်ကိုပါ ခေါ်ပေးစမ်းပါ ငါအခုရှန်ဟိုင်းကမ်းနားမှာ နင်ရေထဲခုန်ချတာကို ဗီဒီယိုရိုက်ဖို့ရောက်နေပြီလို့!!

အထပ်၃ : လောင်ကုန်းမျက်နှာလေးမြင်ရဖို့မစောင့်နိုင်တော့ဘူး!!! ချောမောမှုတွေကိုနှစ်နှစ်လောက် မမြင်ရတော့ ရုတ်တရက်ကြီးမခံနိုင်မှာစိုးးးးးတယ်လို့!!!!

အထပ်၄ : ဒီလောက် ကောလဟာလတွေနဲ့ပျောက်သွားတာ စိတ်ဓာတ်ကျပြီးအိုဇာနေလောက်ပြီပေါ့။ ပါတာကို cameoပဲလေ သေချာတယ် အိုပြီး ထိပ်ပြောင်နေလို့ အဲ့နေရာပဲရတာ!!!

ထို comment အောက်မှာတော့

-ဟေ့ နင့်*င်ကြီးသာ အိုဇာနေလိုက်လေ

-ထိပ်ပြောင်နေတာနင်ပဲ ငါတို့အမျိုးသားမှာ ကျန်းမာသန်စွမ်းတဲ့ဆံပင်တွေရှိတယ် အဲ့ဆံပင်တွေက နင်တို့တစ်မျိုးလုံးထက်ကျက်သရေရှိတယ်သိလား

-ဟေ့သတိရှိရင် comment မှာမပြောပဲ ရှန်ဟိုင်း~**~+~+~ ကိုလာခဲ့ လက်သီးခြင်းစကားပြောတာပေါ့

အထပ်၅ : ငါဟိုတလောက အလုပ်ကအပြန် ကျန်းဟောင့်နဲ့တွေ့ခဲ့တယ် သူနှင်းတွေနဲ့ကစားနေတာ နှာခေါင်းစီးတပ်ထားလို့ မျက်နှာသေချာမမြင်ရပေမဲ့ မျက်လုံးတွေက သူဆိုတာသေချာတယ်!! upload with a photo

-အား!!!!padding ကြားထဲမှာ ရှောင်လုံးပေါင်းလေးလိုပဲ

-ကျဲမေ့ ဘာလို့အခုမှတင်ပေးတာလဲ!!!ဘာပဲဖြစ်ဖြစ်ကျေးဇူးပါ။ WeChat pay QRပေး ဆုချချင်လို့

-လောင်ကုန်းအရမ်းချောတာပဲ ငါသူ့မျက်နှာကို မမြင်ရတာကြာတော့ ချောမောမှူဆိုတဲ့ အဓိပ္ပာယ်ကိုမေ့နေခဲ့တာ အခုမှပဲပြန်မှတ်မိသွားပြီㅜㅜ

ထိုဝဲဂယက်များအဆုံးမသတ်သေးခင် Song Ent ကနေ သူတို့ရဲ့အနုပညာရှင်အသစ်ကိုမိတ်ဆက်သည့်ပို့စ်တစ်ခု တင်လာ၏။

[ကျန်းလောင်ရှီးနဲ့လက်တွဲခွင့်ရတာက ကျွန်တော့်အတွက်တော့ အထူးနှစ်သစ်ကူးလက်ဆောင်လိုပါပဲ] upload with 4 photos

၃ စက္ကန့်အကြာ edit post

[ကျန်းလောင်ရှီးနဲ့လက်တွဲခွင့်ရတာက ကျွန်တော်တို့ကုမ္ပဏီအတွက်တော့ အထူးနှစ်သစ်ကူးလက်ဆောင်လိုပါပဲ] upload with 4 photos

ပုံတွေထဲမှာ ကျန်းဟောင်ဟာအဖြူရောင် လည်ပင်းရှည်အင်္ကျီဝတ်ထားပြီး actor profile ပုံများဖြစ်သည်။ accessory ဆိုလို့ ပြာလဲ့လဲ့ဆွဲကြိုးလေးတစ်ကုံးသာပါပါ၏။

ကြည်လင်ချောမောနေသည့် ထိုပုံများကြောင့် ကျန်းဟောင့်မိန်းမများဟာ သုံးဆယ်စက္ကန့်လောက်အသက်ရှူရပ်သွားပြီး နောက်မှ အရှိန်အဟုန်ဖြင့် repost လုပ်ကြတော့သည်။

ပုစွန်ကော့တေး: သူတကယ်ပြန်လာတာလား ငါအိပ်မက်လို့ထင်နေတုန်းပဲ ပါးတွေနားတွေရိုက်ပြီး အိပ်မက်မဟုတ်ဘူးလို့ပြောပေးစမ်းပါ!!!!

သိပ်မကြာခင်မှာပဲ ကျန်းဟောင့်ဟာ Song Ent ရဲ့ ပိုစ့်ကိုပြန်တင်လိုက်ရင်း

[နားရက်ကုန်သွားပြီ၊ အလုပ်ပြန်စရတော့မယ် (နည်းနည်းလေးစိတ်လှူပ်ရှား)

P.s သူများတွေကိုလိုက်မရိုက်ခိုင်းပါနဲ့ ငါတကယ်ပြန်လာတာ ဟုတ်ပြီလား]

လောင်ကုန်းငါ့ပိုစ့်ကိုဖတ်သွားတယ် : ငါပါ ခုနက ပုစွန်ကော့တေး... လောင်ကုန်းစကားကိုနားထောင်မယ်!!! လောင်ကုန်းကိုစောင့်နေမယ်!!! လောင်ကုန်းကိုပဲချစ်တယ်!!!

ဟာသဉာဏ်ကြွယ်တဲ့ သူ့ပရိတ်သတ်တွေရဲ့ စာတွေလိုက်ဖတ်ဖို့အလုပ် ဆောင်းဟန်ဘင်းဆီကနေဖုန်းဝင်လာခဲ့သည်။

"ကျွန်တော်တို့ ကုမ္ပဏီနဲ့လက်တွဲပေးလို့ကျေးဇူးပါ"

ဆောင်းဟန်ဘင်းရဲ့လေသံကြောင့် ကျန်းဟောင့်ရယ်လိုက်ရင်း

"ကျေးဇူးတင်ရမှာ ကျွန်တော်ပါ နောက်လဲအကူအညီပေးပါအုံး"

"ကျန်းလောင်ရှီးရဲ့ ကျော်ကြားမှူတွေကအံ့မခန်းပါပဲ ကျွန်တော်က နံပါတ်၄နေရာက hot search ပဲဝယ်ရသေးတယ် အခုကြည့်တော့ ၁ ကနေ ၁၀လုံး ကျန်းလောင်ရှီးအကြောင်းတွေချည်းဖြစ်နေပြီ"

လွန်ခဲ့သည့်နှစ်နှစ်က ကျန်းဟောင့်ရဲ့ ပရောဂျက်တွေအကုန်ရပ်သွားခဲ့သည်မှာ ကောလဟာလကြောင့် ထောက်ခံပေးမဲ့ ရင်းနှီးမြုပ်နှံသူများမရှိတော့တာကြောင့်ပင်။ သို့လော သို့လောအခြေအနေများကြောင့် ရင်းနှီးမြုပ်နှုံမည့်သူများဟာ တစ်ယောက်ယောက်နောက်ကွယ်မှထိန်းချုပ်နေသလိုမျိုး ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တာကြောင့် ကျန်းဟောင့်မှာ နေ့ချင်းညချင်းကို အလုပ်လက်မဲ့ဘဝရောက်ခဲ့သည်။

လိုအပ်သည်က အစပြုမှုလေးတစ်ခုသာ သူ့နောက်ကနေ ထောက်ခံပေးမည့် လူတစ်ယောက်သာ။ နှစ်နှစ်ကြာပြီးသည့်နောက်မှာတော့ ထိုလူတစ်ယောက်နေရာ၌ ကျန်းဟောင့် ဆောင်းဟန်ဘင်းကိုရွေးချယ်ခဲ့သည်။

ဒါဟာ ရေစက်လား ကံကြမ္မာလားမပြောတတ်...

"ဥက္ကဌဆောင်းက ငွေသိပ်မသုံးလိုက်ရလို့ စိတ်ပျက်နေတဲ့ပုံစံပဲ။ စိတ်မရှိပါနဲ့ ကျွန်တော်ကအစထဲကနာမည်ကြီးတစ်ယောက်ပဲလေ။ ကျွန်တော့်လှုပ်ရှားမှုတိုင်းက ကြီးကြီးငယ်ငယ် အခုလိုဖြစ်နေကြမို့ ကျင့်သားရဖို့မျှော်လင့်ပါတယ် ။ ဘယ်လိုလဲ Song Ent ကဒီလိုအနုပညာရှင်တစ်ယောက်ကို ကိုင်တွယ်နိုင်ပါ့မလား?"

ဆောင်းဟန်ဘင်းသဘောအကျဆုံးက ကျန်းဟောင့်ရဲ့ အခုလိုမာနထောင်လွှားနေသည့် စကားလုံးတွေဖြစ်သည်။

"ဟောင့်ကော အရမ်း..."

ဆောင်းဟန်ဘင်းအသံက တဖြည်းဖြည်းတိုးဝင်သွားတာကြောင့် ကျန်းဟောင့်သေချာမကြားလိုက်ရ

"ဟင်? ဘာပြောလိုက်တာလဲ?"

ဆောင်းဟန်ဘင်းမှာချောင်းဟန့်လိုက်ပြီး

"ဘာမှမဟုတ်ဘူး စောစောအိပ်။ မနက်ဖြန် မနက်သွားစရာရှိတယ်မလား"

ကျန်းဟောင့်မနက်ဖြန် ဇာတ်ညွှန်းဖတ်ဖို့သွားရမှာဖြစ်သည်။

"အင်း ကောင်းသောညပါ" တခဏအကြာမှ ကျန်းဟောင့် "ကျေးဇူး" ဆိုပြီးတိုးတိုးလေး ထပ်ဖြည့်ပြောလိုက်သည်။

ဖုန်းတစ်ဖက်ကနေ ဆောင်းဟန်ဘင်းရဲ့ သဘောကျစွာရယ်နေသံများ ကျန်းဟောင့်နားစည်ကို ရိုက်ခက်လာခဲ့သည်။

"အင်း~ကောင်းသောညပါ ဟောင့်ကော"

-------------------

sept,2023

Continue Reading

You'll Also Like

6.2K 870 7
April's Love Symphony : Spring Sonata of Love
214K 9.6K 59
Orm Kornnaphat's feelings for Lingling Sirilak have undergone a transformation over time. Initially, at the age of 11, Orm held an unromantic, platon...
2.1K 332 7
That summertime I fell into you.. โ€ขdigimonz Bd gift for our May babies <3
1.9K 234 5
แ€Ÿแ€ฑแ€ฌแ€„แ€ทแ€บแ€€แ€œแ€ฑแ€ธแ€›แ€ฒแ€ท ..แ€ฆแ€ธแ€‘แ€€แ€บแ€‘แ€ญแ€•แ€บแ€™แ€พแ€ฌ แ€•แ€”แ€บแ€†แ€„แ€บแ€‘แ€ฌแ€ธแ€แ€ฒแ€ท แ€„แ€ฝแ€ฑแ€›แ€ฑแ€ฌแ€„แ€บแ€€แ€œแ€…แ€บแ€œแ€ฑแ€ธ แ€–แ€ผแ€…แ€บแ€•แ€ซแ€›แ€…แ€ฑ..