Chapter-12 (final)

1.5K 173 14
                                    

Family

""နောက်ထပ် သတင်းတစ်ပုဒ်ကတော့ ယနေ့ညခင်းပိုင်း ရှန်ဟိုင်းမြို့ XX စီရင်စုနား ဖြစ်ပျက်သွားတဲ့ ယာဉ်တိုက်မှုပါ။ ည၈နာရီဝန်းကျင်လောက်မှာ XX နေရာအနီး လူကူးမျဉ်းကြားနား ယာဉ်တိုက်မှူဖြစ်ပွါးခဲ့တာဖြစ်ပြီး သေဆုံးသူတစ်ဦးနှင့် ဒဏ်ရာသူနှစ်ဦးရှိကြောင်းသိရပါတယ်""

ညလယ်ပိုင်းသတင်းအပြီး သတင်းမီဒီယာပေါင်းစုံကလည်း သူ့ထက်ငါအရင်ဦးအောင် သတင်းများရေးတင်ကြ၏။

"တရုတ်စီပွါးရေးလောကကို လှုပ်ကိုင်စေမည့် CEO တစ်ယောက်၏ သေဆုံးမှူ"

" ညတွင်းချင်း ပြောင်းလဲသွားသည့် တရုတ်ရှယ်ယာစျေးကွက် "

" ကျန်းဟောင့်ပါဝင်နေခဲ့တာလား?" ထိုခေါင်းစဉ်တက်လာပြီး သိပ်မကြာ ဆက်တိုက်ဆိုသလို ဆောင်းဟန်ဘင်းနှင့် ကျန်းဟောင့် ဆက်ဆံရေးကိုတူးဆွသည့် သတင်းများတက်လာတော့သည်။ သူတို့နှစ်ယောက် ဆက်ဆံရေးအစပိုင်းအစ ရိုက်ကူးမိထားသော ဓာတ်ပုံများပါ ပါဝင်နေ၏။

" ဆောင်းဟန်ဘင်းနှင့် ကျန်းဟောင့် ပတ်သတ်မှူ"

" CEO နှင့်မင်းသားထက် ပိုနိုင်သောဆက်ဆံရေး"

စတာတွေအပြင် ကိုရီးယားသို့အတူတူသွားတုန်းက ဓာတ်ပုံများပါ တက်လာတော့သည်။ ပရိတ်သတ်တွေသာမက အင်တာနက်အသုံးပြုသူများ၏ စိတ်ဝင်စားမှူ အခံရဆုံးဓာတ်ပုံကတော့ ယနေ့ညရိုက်ကူးမိသည့် ဆောင်းဟန်ဘင်းနှင့် ကျန်းဟောင့်တို့၏ ဓာတ်ပုံဖြစ်သည်။ ပုံထဲ၌ ဟန်ဘင်းက ကျန်းဟောင့် လက်မောင်းအထက် လှဲလှောင်းနေပြီး ကျန်းဟောင့်၏ နီရဲနေသောမျက်လုံးနှင့် နှာတံတို့က ရှိုက်ကြီးတငင် ငိုကြွေးထားကြောင်းဖော်ပြနေသည်။

Weibo ပေါ်၌ ပရိတ်သတ်များ၊ ဖြတ်သွားဖြတ်လာများကပါ ဒီဒရမ်မာဆန်လှသော အဖြစ်အပျက်ကို အတော် စိတ်ဝင်စားလျက်ရှိနေသည်။ အများစုကတော့ ကျန်းဟောင့်အတွက် ဝမ်းနည်းပေးကြသည်။

𝐘𝐨𝐮_Where stories live. Discover now