ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်...

By phyolay1991

49.6K 6K 56

Hello ... မဂ်လာညချမ်းလေးပါ ချစ်တို့ရေ... New novel New Gp အချိန်လေးရောက်လာပြန်ပါပြီ ဒီခါတော့ မင်မင်က review... More

ကျောင်းမြက်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)
ကျောင်းမြက်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)
ကျောင်းမြက်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)
ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)

chapter 80
chapter 81
chapter 82
chapter 83
chapter 84
chapter 85
chapter 86
chapter 87
chapter 88
chapter 89
chapter 90
chapter 91
chapter 92
chapter 93
chapter 94
chapter 95
chapter 96
chapter 97
chapter 98

ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)

922 93 0
By phyolay1991

Chapter 8

ကျင်းစစ်သည် အချိန်ကြာကြာ သူ့မျက်နှာကိုလွှဲထားမိပြီး မျက်တောင်လေးများကတုန်ခါနေကာ သူ့ကိုယ်သူ စိတ်ငြိမ်စေရန် အရင်ပြုလုပ်လိုက်သည်။

“ငါ့…ငါ့အပေါ်က…”

“ဘာလဲ…”

“ငါ့အပေါ်က ဖယ်..”

ယင်းကျောင်းက ကျေနပ်စွာ ပြုံးလိုက်ပြီး သူ့အား ကျေကျေနပ်နပ် လွှတ်ပေးလိုက်သည်။

ကျင်းစစ်သည် ယင်းကျောင်း၏အိပ်ယာပေါ်၌ အမူအရာမဲ့စွာ ထိုင်နေသော်လည်း သူ့ပါးပြင်ကမူနီရဲနေကာ ခေါင်းပေါ်ရှိ ဆံပင်တွေကလည်း အနည်းငယ် ရှုပ်ဖွာနေပေ၏။

သူက အနည်းငယ် မသက်မသာခံစားနေရကာ သူ့လက်နှင့်ခြေထောက်အား မည်သည့်နေရာ၌ ထားရမည်ကိုပင် မသိတော့ချေ။ မစ်တီးခွက်အား ကောက်ကာ လက်ထဲ၌ကိုင်ထားလိုက်မှသာ သူ ပိုပြီးခံစားရ သက်သာသွားသည်။

သူ့အိပ်ကပ်ထဲရှိ ဖုန်းက ဒင် ဆိုသည့်အသံမြည်လာချိန်တွင် ကျင်းစစ်သည် သူ့၏ အသက်ကယ်ကောက်ရိုးလေးအား ရှာတွေ့သွားသကဲ့သို့ အမြန်ယူကြည့်လိုက်သည်။

ထိုသည်က သူအဆောင်သို့ ပြန်ရောက်ပြီဖြစ်ကြောင်းပြောလာသည့် လီကျိုးဖြစ်ပြီး ကျင်းစစ် ဘယ်မှာလဲမေးထားခြင်းပင်။

ကျင်းစစ်က စိတ်သက်သာစွာ သက်ပြင်းချလိုက်ပြီးနောက် မတ်တပ်ရပ်ကာ ယင်းကျောင်းအား ပြောလိုက်သည်။

“ငါ့ အခန်းဖော်ပြန်လာပြီ...ငါ ပြန်လိုက်တော့မယ်..”

ယင်းကျောင်းက ကုတင်တိုင်အား ပျင်းပျင်းရိရိမှီလိုက်ကာ ကျင်းစစ်တံခါးထံ လျှောက်သွားချိန်တွင် သူတားလိုက်သည်။

“ငါ့တို့မနက်ဖြန်မနက်မှာ တူတူစားကြမလား…”

ကျင်းစစ်က ရပ်သွားပြီး တုန့်ဆိုင်းနေမိသည်။

သူက ဘာကမှားသွားလဲ ဆိုသည်အား မစဉ်းစားနိုင်သေးသဖြင့် လောလောဆယ်တွင် သူက ယင်းကျောင်းထံမှ ဝေးဝေးနေချင်သည်ကား သေချာပေသည်။ သို့သော်လည်း ယခု သူ့မူလ ရည်ရွယ်ချက်မှ ဘာကိစ္စကြောင့် ဝေးဝေးလာရတာလဲ။

“ငါ…” သူက ငြင်းဆန်လိုကြောင်း အရိပ်အမြွတ်ပြလိုက်သည်။ “ငါ ထတဲ့အချိန်က အရမ်းစောတယ်..”

“တိုက်ဆိုက်လိုက်တာ..ငါလည်း နေ့တိုင်း မနက်စောစောထလေ့ရှိတယ်..”

ယင်းကျောင်းက သူ့အားအပြုံးတွေဝေဝေဆာာဖြင့် ကြည့်လာသည်။

“မင်းအတွေးထဲမှာ မင်းကလျှို့လျှို့ဝှက်၀ှက် စာကြိုးစားပြီး တိုးတက်လာချင်ပေမယ့် မင်းအတန်းဖော်ကိုတော့ မတိုးတက်စေချင်တာလား..”

ကျင်းစစ်က သူ့အား ငြိမ်သက်စွာကြည့်လိုက်ကာ သူ့အလိမ်အား အေးစက်စွာဖော်လိုက်သည်။

“မင်း မနက်တိုင်း အတန်းချိန်လစ်နေကြမဟုတ်ဘူးလား..”

မူရင်းစာအုပ်၌ ယင်းကျောင်းသည် သူအိပ်ယာထချိန်၌ အရမ်းဒေါသထွက်လေ့ရှိသောကြောင့် သူ့အားဘယ်သူမှ မနိုးရဲသဖြင့်  ဆက်အိပ်ခိုင်းရန်သာတတ်နိုင်ကြသည် ဟု ဖော်ပြထားသည်။

ယင်းကျောင်း၏ အကြည့်များရုတ်တရက် ရပ်သွားသည်။ ကျင်းစစ် ဤသည်အား မသိသင့်ပေ။

သူက သူ့ရင်ထဲမှ သံသယအားဖိနိုပ်လိုက်ပြီး သူ့ခေါင်းအားစောင်း၍ ကျင်းစစ်အားကြည့်ကာ ပြုံးလိုက်သည်။

“မင်းငါ့ကို တကယ်ဂရုစိုက်တာပဲ…”

ကျင်းစစ်က ဒေါသထွက်လွန်းသဖြင့် တစ်ဖက်သို့လှည့်၍ ထွက်သွားတော့သည်။

သူ့အနောက်၌ ကျင်းစစ်၏အသံအား တိုးလျစွာ ကြားလိုက်ရသည်။

“ငါလည်း မင်းတော်တော်ပြောင်းလဲသွားတယ်လို့ ထင်တယ်...ဘယ်ကစလဲ ငါမသိပေမယ့်...အဲ့ဒါက...”

ကျင်းစစ်က သွားကြိတ်ပြီး ပြန်လှည့်လိုက်သည်။

“ငါမနက်ဖြန် ခြောက်နာရီမှာထမယ်..”

ယင်းကျောင်းက ကျေနပ်စွာ ပြုံးလိုက်သည်။

“ကောင်းပြီ..”

သူ့ရင်ထဲရှိ သံသယက ပိုမို သေချာသွားကာ သူက ဤအချက်အား သူလိုချင်သည့် ရည်ရွယ်ချက်အတွက် အသုံးချလိုက်သည်။ အရင် ကျင်းစစ်သာဆိုလျှင် သူက စိတ်မရှည်ဖြစ်တာ ကြာလောက်ချေပြီ။

စီရင်စုကျောင်းရှိ အတန်းတစ်တန်း၌ လူလေးဆယ်ခန့် ရှိကာ ကျောင်းအဆောင်သည် ကျောင်းမှ အတန်းလိုက် စီစီရီရီခွဲထားပေးသည်။ အဆောင်အတွင်း အတန်းချင်းအုပ်စုဖွဲ့ရန်ဖြစ်ခြင်းများကြောင့် အတန်းတစ်တန်း၏ အဆောင်ခန်းတစ်ခုမှ မကျေနပ်ချက်များရှိနေလျှင် သူတို့က ဤကဲ့သို့ ပြဿနာ ထပ်မဖြစ်စေရန် အခြားအတန်းရှိလူများအား လာခိုင်းမည်မဟုတ်ချေ။

အတန်းခုနစ်၌ လူအနည်းငယ်သာနေကြကာ ကျင်းစစ်နှင့်လီကျိုးသာ ၃၀၁၌ နေသည်။

“မင်း ဘယ်သွားနေတာလဲ..”

လီကျိုးက ကျင်းစစ် အခန်းထဲသို့ ဝင်၀င်လာချင်း ဆီးမေးသည်။ ကျင်းစစ်က လီကျိုး ဆက်မေးမည်အားစိုးရိမ်ကာ ပေါ့ပေါ့တန်တန် ပြန်ဖြေပြီး စကားလမ်းဖြတ်လိုက်သည်။

“မင်းငါ့သော့ တွေ့မိသေးလား..”

လီကျိုးက ကျင်းစစ်၌ ဘယ်အချိန်က သူတို့အခန်းကိုဖိတ်ခေါ်မည့် လည်စရာသူငယ်ချင်းရှိသွားမှန်း စဉ်းစားနေလေသည်။

ရုတ်တရက်ဆိုသလို ထိုအကြောင်းအားမေးလာချိန်တွင် သူက ချက်ချင်း သူ့မေးခွန်းအား နောက်ထားလိုက်သည်။

“အံဆွဲထဲမှာ ဖြစ်လိမ့်မယ်…ဒီရက်တွေမှာ မင်းသော့မယူခဲ့ဘူးလား..”

ဤသည်ကိုကြားသည်နှင့် ကျင်းစစ်က အံဆွဲကိုဖွင့်ကြည့်သည့်အခါ အဖြူရောင်သော့တစ်ချောင်းရှိနေသည်အား တွေ့လိုက်ရသည်။

သူက သက်ပြင်းချလိုက်ကာ သော့အား သူ့အိပ်ကပ်ထဲသို့ မနက်ဖြန်မနက်၌ မမေ့စေရန် ထည့်ထားလိုက်သည်။

“သွားမယ်..သွားမယ်..ရေချိုးခန်းသွားပြီး ရေချိုးရအောင်..”

လီကျိုးက အိပ်ယာပေါ်မှ ပလတ်စတစ်ခွက်အားယူလိုက်ပြီးနောက် ကျင်းစစ်အားတိုက်တွန်းလိုက်သည်။

“မဟုတ်ရင်အခြားအတန်းက လူတွေပြန်လာရင် ရေချိုးခန်းက လူတွေ အရမ်းပြည့်သွားလိမ့်မယ်…”

စီရင်စုကျောင်း၏ အဆောင်က သီးသန့်ရေချိုးခန်း မရှိချေ။ အထပ်တိုင်း၌ ရေချိုးခန်းတစ်ခုရှိပြီး ကျောင်းသားများက ထိုနေရာ၌ပင် ကိုယ်လက်သန့်စင်ကြသည်။ မင်းရေချိုးချင်လျှင် မင်းက ကျောင်းရေချိုးခန်းသို့သာ သွားရပေမည်။

“ကောင်းပြီ…”

သူတို့နှစ်ယောက် ရေချိုးပြီးသည့်နောက် ကိုယ်ပိုင်စာကြည့်နေသည့် ကျောင်းသားအုပ်စုကြီးပြန်လာလေပြီ။

လီကျိုးက ကျင်းစစ်အား အောင်ပွဲခံစွာကြည့်သည်။

“မင်းကြည့်လိုက်…အခုချိန်သာ မင်းရေချိုးချင်ရင် ရေချိုးဖို့ တစ်နေရာ မရနိုင်တော့ဘူး…”

သူက ခြေထောက်ကို အောက်ချရင်းဖြင့် အိပ်ယာပေါ်လှဲအိပ်ပြီး နံရံပေါ်ရှိ ပလပ်ပေါက်ကိုရှာကာ သူ့ဖုန်းကို အားသွင်းရင်း ကျင်းစစ်ထံ ညဉ်းငြူလိုက်သည်။

“သေလိုက်ပါလား..ဒီအဆောင်က တော်တော်စိတ်ကုန်ဖို့ ကောင်းတယ်..ငါဘယ်လောက်ခံနိုင်မလဲ မသေချာဘူး..”

စီရင်စုကျောင်းက ကျောင်းအတွင်းဖုန်းသုံးခွင့်မရှိကာ စစ်ဆေးမှုက တင်းကြပ်လှသည်။ အဆောင်တွင်း ပလပ်ပေါက်များက ကပ်ထားသည်။ အဆောင်ခန်းတစ်ခုမှ ပလပ်ပေါက်ကို ခွင့်ပြုချက်မရှိ ခွာထားသည်အားတွေ့ရလျှင် အမှတ်လျှော့ခံရပေမည်။

သို့သော် ဤစည်းကမ်းက အခြားအတန်းရှိကျောင်းသားများအတွက် အသုံးဝင်သော်လည်း အတန်းခုနစ်ရှိ ကျောင်းသားများ အတွက်မဟုတ်ချေ။

'အမှတ်နှုတ်ခံရမယ်..ဘယ်သူက ဂရုစိုက်နေမှာလဲ

မိဘခေါ်မယ်လား...ကိစ္စမရှိဘူး'

ဖုန်းများကို မိဘများက ဝယ်ပေးထားခြင်းပင်။

'သူတို့နဲ့ အတူမယူထားရဘူးဆိုရင် သူ့တို့အိမ်မှာ ထားခဲ့ရမှာလား'

တကယ်လို့ အပြင်မှာ ပြန်ပေးဆွဲခံလိုက်ရပါပြီတဲ့ ဖုန်းသာမရှိရင် သေလမ်းပဲ ရှိတော့တယ်မလား'

ထို့ကြောင့် ကျောင်းက မျက်စိတစ်ဖက်မှိတ်ထားကာ အတန်းခုနစ်၏ အဆောင်အားသိပ်ဂရုမစိုက်ချေ။ အများဆုံး သူတို့က အဆူပြောခံရပြီးနောက် ဆရာတွေက ပလပ်များအား တိပ်ထပ်ကပ်ပေလိမ့်မည်။

“မင်းဟာ အားသွင်းချင်လား…”

လီကျိုးက ကျင်းစစ်အားမေးလိုက်သည်။

“မဟုတ်ရင် ငါခဏလောက် အားသွင်းထားဦးမယ်..”

ကျင်းစစ်က ခေါင်းရမ်းလိုက်သည်။

“မင်း သွင်းထားလို့ရတယ်..ငါ့ ဖုန်းက အားရှိသေးတယ်…”

သူက ဂိမ်းလည်းမကစား စာလည်းမပို့ချေ။ သူ့ဖုန်းအား အချိန်ကြည့်သည့်နေရာ၌သာ သုံးကာ လိုအပ်ပါက အတန်းဖော်များနှင့် ဆက်သွယ်လေသည်။

လီကျိုးက ပြောလိုက်သည်။

“ကောင်းတယ်..ဒါဆို ငါအားသွင်းရင်း ဂိမ်းကစားလိုက်ဦးမယ်…”

လီကျိုးက ဂိမ်းထဲ အာရုံစိုက်ထားကာ သူ့ကိုယ်သူ သက်တောင့်သက်သာ နေလိုက်ပြီးနောက် ခေါင်းပင်မဖော်တော့ချေ။ ကျင်းစစ်က ကြောင်အိမ်ကိုဖွင့်လိုက်ပြီး မူလပိုင်ရှင်၏ ပစ္စည်းများဖြင့် ကျွမ်းဝင်စေလိုက်သည်။

ဆယ့်တစ်နာရီ၌ အဆောင်မှမီးများ ဖြတ်သွားသည်။

ကျင်းစစ်က အိပ်ယာပေါ်၌ လှဲနေပြီး အပေါ်မှ စပရင်သေတ္တာအိပ်ယာအား အချိန်ခဏလောက်ကြည့်နေပြီးမှ မျက်လုံးမှိတ်လိုက်သည်။

မနက်ဖြန်က နေ့အသစ် ပြီးတော့ ဘဝအသစ်ပဲ...။

ကျင်းစစ်က စိတ်ပိုင်းဆိုင်ရာနာရီ တစ်ခုပြုလုပ်ထားပြီး နိုးစက်မမြည်ခင်ပင်အိပ်ယာနိုးတတ်သဖြင့် မျက်လုံးဖွင့်လိုက်သည်။ သူကဖုန်းကို ထုတ်လိုက်ပြီး အချိန်ကို စစ်ကြည့်လိုက်ချိန်၌ ၎င်းက ခြောက်နာရီပင်မရှိသေးချေ။

သူက ငြင်သာစွာထကာ တံခါးဖွင့်ပြီး ဆေးကြောရန်သွားလိုက်သည်။

ပြန်လာချိန်၌ လီကျိုးက ကြောင်အစွာ ထိုင်နေသည်။ ကျင်းစစ်၏ သပ်ရပ်နေသည့်ပုံစံအား မြင်ရချိန်၌ သူက ကြောက်လန့်သွားသည်။

“ငါ..fu*k..မင်း အဆင်သင့်ဖြစ်နေပြီလား..မင်းကျောင်းသားကောင်းတစ်ယောက်ဖြစ်ဖို့ တကယ်ကြီး ရည်ရွယ်ထားတာလား…”

သူက မူလ၌ စောင်ကိုဘောလုံးတစ်လုံးကဲ့သို့လုံးခြေကာ အိပ်ယာခေါင်းရင်း၌ ပစ်ထားလိုက်ချင်သော်လည်း တိုဖူးတုံးလေးကဲ့သို့ဖြစ်နေသော ကျင်းစစ်အိပ်ယာအား တွေ့ရချိန်၌ သူရုတ်တရက် စောင်အားပြီးစလွယ်ခေါက်ရန် ရှက်ရွံ့လာမိသည်။

“မင်း ပြီးရင်သွားနှင့်လို့ ရတယ်..ငါ့ကို စောင့်မနေနဲ့တော့..”

သူက သမ်းဝေလိုက်ပြီး သူ့မျက်လုံးအားပွတ်လိုက်သည်။

“ကန်တင်းကို စောစောသွားပြီး တန်းစီစရာမလိုဘဲ စားလို့ရတယ်..”

ကျင်းစစ်က လီကျိုးအားမေးလိုက်သည်။

“ငါမင်းအတွက် မနက်စာယူခဲ့ပေးရမလား…”

လီကျိုးက ကျင်းစစ်နှင့်အတန်းဖော်ဖြစ်သည်မှာ တစ်နှစ်ကျော်ကြာချေပြီဖြစ်ကာ ဤကဲ့သို့ ဆက်ဆံမှုမျိုး တစ်ခါမှမခံခဲ့ရချေ။ သူရုတ်တရက် ကျင်းစစ်ပြောင်းလဲမှုကြီးက ကောင်းသည်ဟု ခံစားလိုက်ရ၏။

သူ့အစားအသောက်ကဒ်ကို ကျင်းစစ်အားပေးလိုက်သည်။

“ကောင်းပြီ ငါ့အတွက် အာလူးကိတ်နှစ်ခု..ကြက်ဥတစ်လုံးနဲ့ ပဲနို့တစ်ခွက် ယူခဲ့ပေး...”

“အိုကေ..”

အခန်းမှ ထွက်လာပြီးနောက် ကျင်းစစ်က ခဏလောက်တုံ့ဆိုင်းနေပြီးမှ ၃၀၃ထံလျှောက်သွားကာ တံခါးခေါက်လိုက်သည်။

ခဏစောင့်လိုက်ပြီးနောက် မည်သူမျှတံခါးလာမဖွင့်ချေ။

ကျင်းစစ်က ယင်းကျောင်းမနိုးသေးဟု ခန့်မှန်းလိုက်ကာ တခဏမျှစောင့်ပြီး သူတံခါးနောက်ထပ် ခေါက်ရမလားစဉ်းစားနေမိသည်။

တစ်မိနစ်ခန့်အကြာ၌ ယင်းကျောင်းက ညအိပ်ဝတ်စုံလျော့လျော့ရဲရဲဖြင့် တံခါးအားဖြည်းညင်းစွာဖွင့်လိုက်သည်။

“မင်း…”

ကျင်းစစ်က သူကိုဒီလိုမြင်ရတော့ အံ့ဩမိသွားသည်။

“မင်း မထသေးဘူးဆိုရင် ငါသွားလိုက်တော့မယ်..”

“မင်းကိုဘယ်သူ ခွင့်ပြုလို့လဲ…”

ယင်းကျောင်းက လက်ကိုဆန့်ထုတ်လိုက်ပြီးနောက် သူ့အားအခန်းထဲသို့ ဆွဲသွင်းကာ အိပ်ယာပေါ်ဖိလိုက်သည်။

“ထိုင်နေပြီး ငါ့ကိုစောင့်..”

သူက မျက်နှာသစ်သည့်ရေခွက်ကို ကိုင်ကာ ရေချိုးခန်းထံသို့ ဇွန်ဘီတစ်ကောင်လို လျှောက်သွားလိုက်သည်။

သူနိုးချိန်၌ ရေချိုးခန်းက လူများဖြင့် ပြည့်နေကာ ဆူညံနေသည်။ ယင်းကျောင်း၀င်လာချိန်တွင်မူ ရေချိုးခန်းက ချက်ချင်းတိတ်ဆိတ်သွားပြီး ကောင်လေးတစ်ယောက်က သူ့ခွက်ကိုယူပြီး ဘေးသို့ဖယ်ပေးကာ သူ့အားနေရာပေးသည်။

ယင်းကျောင်းက လျှောက်လာပြီး သူ့ပစ္စည်းတွေအား ပိုက်အောက်၌ ထားလိုက်သည်။

စကားပြော ရန်ဖြစ်နေကြသည့် သူ့အနီးမှ လူအများက တိတ်ဆိတ်သွားကြကာ သူ့တို့ပုခုံးအားကျုံးထားကြပြီး စကားအကျယ်ကြီး မပြောရဲကြချေ။

ကိုယ်လက်သန့်စင်ပြီးနောက် ယင်းကျောင်းက ပိုနိုးကြားလာသဖြင့် သပ်သပ်ရပ်ရပ်ပြင်လိုက်ပြီးနောက် ကျင်းစစ်အားပြောလိုက်၏။

“သွားမယ်..”

ကျင်းစစ်က လုံးချေ ရှုပ်ပွနေသည့် အိပ်ယာအားကြည့်ကာ သည်းခံရင်း သည်းခံရင်း...နောက်ဆုံးတွင် ၎င်းတို့အားရှင်းပစ်ချင်စိတ်ကို တားဆီးလိုက်သည်။

ယင်းကျောင်းက သူ့မျက်နှာအားကြည့်လိုက်ပြီး သူ့နှုတ်ခမ်းစွန်းများက ကွေးလာသည်။

“ကန်တင်းမှာ သွားစားကြရအောင် ဟုတ်ပြီလား..”

ယင်းကျောင်းက တံခါးအားသော့ခတ်လိုက်ပြီး ကျင်းစစ်ဘက်လှည့်ကာ မေးသည်။

ကျင်းစစ်က ခေါင်းညိမ့်၏။

“အိုကေ..”

သူကယင်းကျောင်းဝတ်ဆင်ထားသည့် တီရှပ်အနက်အားကြည့်လိုက်သည်။

“မင်းကျောင်း ယူနီဖောင်းမဝတ်ဘူးလား..”

စီရင်စုကျောင်းပြဌာန်းထားသည်က ကျောင်းချိန်၌ ကျောင်းယူနီဖောင်းအား မဖြစ်မနေဝတ်ရသည်ဟူ၍ဖြစ်သည်။

ယင်းကျောင်းက ငုံကြည့်ကာ မျက်ခုံးပင့်လိုက်သည်။

“ငါဘာလို့ ကျောင်းယူနီဖောင်းဝတ်ရမှာလဲ..မင်းမသိဘူးလား..မနေ့က ငါ့အင်္ကျီကို ဘယ်သူစွန်းစေလိုက်တာလဲ..”

ကျင်းစစ်က သူအရူးလုပ်မခံပေ။

“ကျောင်းဝတ်စုံ နှစ်စုံရှိတယ်မလား..”

“နောက်တစ်စုံက အိမ်မှာ…”

ယင်းကျောင်းက ရှင်းပြသည်။ ကျင်းစစ်ပုခုံးအားကိုင်ရင်း သူ့ရှေ့မှဦးဆောင်ကာသွားသည်။

“သွားမယ်..အဆင်ပြေပါတယ်..”

သူကသူ့အားအသိပေးပြီးပြီဖြစ်ပြီး သူကနားမထောင်ခြင်းသာဖြစ်၏။ ထို့ကြောင့် ဤတစ်ကြိမ်အပြစ်ပေးခံရလျှင် သူ့အပြစ်မဟုတ်ချေ။

ကျင်းစစ်က ထပ်မပြောတော့ဘဲ ယင်းကျောင်းလက်ကိုခွာချကာ အဆောင်မှသူနှင့် ထွက်လာလိုက်သည်။

စီရင်စုသုတေသနကျောင်း၌ ကန်တင်းနှစ်ခုရှိသည်။ တစ်ခုကကျောင်းပိုင်ဖြစ်သည်။ အစားအသောက်က ကောင်းပြီး ဈေးသက်သာသည်။ နောက်ကန်တင်းသည်ကား ဈေးကြီးသည်သာမက တစ်ခါတစ်လေ လိမ္မော်ခြောက်ကဲ့သို့ အသားများပါသည့် အနက်ရောင်အစားအသောက်များ ပါလာတတ်သည်။ ထို့ကြောင့် စီရင်စုကျောင်းမှ ကျောင်းသားတော်တော်များများက ကန်တင်းတစ်ခုထဲ၌သာ ထိုင်လေ့ရှိသည်။

ကန်တင်းရှိ မနက်စာက များပြားပြီး ထမင်းကြော်..ကိတ်နှင့်ပါစတာ အစရှိသဖြင့်အစုံအလင်ရှိ၏။

ကျင်းစစ်က ကန်တင်း၌လူအများအပြားမရှိသည့်အချိန်၌ ရောက်လာသဖြင့် ပြတင်းပေါက်ဘက်ရှိ တန်းစီသည့်လိုင်းတွင် လူနှစ်ယောက်သုံးယောက်သာရှိသည်။

“ငါထမင်းကြော် စားမယ်..”

ကျင်းစစ်က ယင်းကျောင်းအားကြည့်လိုက်သည်။

“မင်းကရော..”

မနက်စောစော ယင်းကျောင်းထခဲ့သည်ကား အတော်ကြာလှပြီဖြစ်သည်။ ဤအချိန်၌ သူက စားချင်စိတ်ရှိမနေသဖြင့် စားစရာစာရင်းအား မျက်မှောင်ကျုံ့ကြည့်ပြီးနောက် စိတ်ဝင်စားမှုကင်းမဲ့စွာ ဖြေလိုက်သည်။

“ခေါက်ဆွဲ..”

“ကောင်းပြီ..သူတို့ကိုခွဲဝယ်ကြရအောင်..”

ကျင်းစစ်က လီကျိုး၏ထမင်းအား အရင် ထုပ်လိုက်ပြီးနောက် သူ့ထမင်းကြော်အား သွားဝယ်သည်။

သူက ထမင်းကြော်ကို ပဲပြားနှစ်ခုဖြင့်ရောလိုက်သည်။ စဉ်းစားပြီးနောက် သူကထပ်ပြီးတန်းစီလိုက်ကာ ပဲနို့တစ်ခွက်ဝယ်လိုက်သည်။

သူခုံရှာထိုင်ရန် လှည့်လိုက်ချိန်၌ ယင်းကျောင်းအား လှမ်းမြင်လိုက်သည်။

သူကတိုင်မှာမှီနေပြီ သူ့ဖုန်းအား ကစားနေသည်။ သူက အရူးတစ်ယောက်ဖြင့်တူနေလျှင်ပင် သူက ချောမောကာတောက်ပနေဆဲပင်။ လူအုပ်ထဲ၌ သူကထင်းနေသည်။ သူ့ဘေးမှဖြတ်သွားသည့် ကောင်မလေးများက သူ့အားခိုးကြည့်သွားကြသည်။

ကျင်းစစ်က သူ့အရှေ့သို့ တစ်ယောက်ယောက်က နှစ်ကြိမ်လောက်တမင်လျှောက်နေသည်ကို သတိထားမိ၏။

“နည်းနည်းလေးပဲ စားတာလား…”

ကျင်းစစ်လာကြောင်း သတိထားမိချိန်၌ ယင်းကျောင်းက သူ့ဖုန်းအားအိတ်ကပ်ထဲသို့ ထည့်လိုက်ကာ သူ့ပန်းကန်အားကြည့်လိုက်သည်။

“မင်း ဗိုက်ပြည့်မှာလား..”

ကျင်းစစ်က ထမင်းကြော်နည်းနည်းသာထည့်ခဲ့သဖြင့် ယင်းပမာဏက ကြီးထွားဆဲကောင်လေးတစ်ယောက်အတွက် မလုံလောက်ချေ။

“ငါမနက်ပိုင်း သိပ်မစားတတ်လို့..”

ကျင်းစစ်က ထိုင်လိုက်ပြီး ယင်းကျောင်းအရှေ့သို့ ပဲနို့ပူပူတစ်ခွက်တွန်းပို့ကာ ရှင်းပြသည်။

“မင်းအတွက်…”

ယင်းကျောင်းက သူ့အား အံ့ဩတကြီးကြည့်လိုက်သည်။

ကျင်းစစ်က အခြားလူအား အကြွေးတင်သည်အား မကြိုက်တာကြောင့် ခေါင်းမာစွာရှင်းပြသည်။

“မနေ့ညက မစ်တီးတိုက်ဖို့ ငါ့ကိုခေါ်တယ်လေ…ပဲနို့က ပိုဈေးပေါမှန်း ငါသိတယ်..ငါ….”

“အရမ်းသဘောကောင်းတာပဲ…”

ယင်းကျောင်းက သူ့အား အပြုံးဖြင့်ကြည့်ကာ ပိုက်မှတစ်ငုံစုပ်သောက်လိုက်သည်။

“ငါဟင်းရည်သောက်ချင်နေမှန်း မင်းဘယ်လိုသိလဲ…”

သူက ကြာမြစ်ခေါက်ဆွဲနှစ်ပွဲအားယူလိုက်ပြီး တစ်ပွဲကို ကျင်းစစ်ထံပေးလိုက်သည်။

“ဟင်းရည်သောက်လိုက်မယ်..”

ကျင်းစစ်ကလျင်လျင်မြန်မြန် ငြင်းသည်။

“မဟုတ်ဘူး ငါမကုန်ဘူး..”

“ငါမင်းကို ကုန်အောင်စားဖို့ကျွေးတာမဟုတ်ဘူး….”

ယင်းကျောင်းက ခွက်ထဲသို့သူ့အတွက် ဇွန်းတပ်ပေးလိုက်သည်။

“ဟင်းရည်နည်းနည်းသောက်ဦး…မင်းခေါက်ဆွဲမကုန်ရင် စားစရာမလိုဘူး..”

ကြင်နာမှုက ငြင်းပယ်ရန် ခက်ခဲလှသည်။ ကျင်းစစ်က တကယ်မငြင်းလိုက်နိုင်တာကြောင့် သူ့အားကျေးဇူးတင်ကာ ထမင်းနှင့်ခေါက်ဆွဲအား ရောကာစားလိုက်သည်။

သူက မိဘမဲကျောင်း၌ ကြီးပြင်းလာပြီး စားစရာဆိုအကျန်ပင် လုံလုံလောက်လောက်မရချေ၊ အချိန်တစ်ခုကြာလာပြီးနောက် သူက အစားအသောက်အလေ့တစ်ခု တိုးလာသည်။

သူအတင်းစားနေသည်အား တွေ့ရချိန်၌ ယင်းကျောင်းက သူ့လက်ကိုထုတ်ပြီး သူ့ပန်းကန်အား ဆွဲယူလိုက်သည်။

“မင်း မစားနိုင်ရင် မစားနဲ့..”

“ဖြုန်းတီးလို့ မကောင်းဘူး..”

ကျင်းစစ်က သူ့လက်အားတားလိုက်ပြီး တူဖြင့် ကြာမြစ်အား ပါးစပ်ထဲသွတ်ထည့်လိုက်သည်။

ယင်းကျောင်းက သူ့အားမတားနိုင်ချေ။ သူက အလေးထားစားနေသည်အားတွေ့ရချိန်၌ သူလွှင့်ပစ်ချင်နေသည့် ကျန်ခေါက်ဆွဲတစ်ဝက်အားကုန်အောင်စားလိုက်သည်။

မနက်စာစားပြီး သူတို့နှစ်ယောက် စာသင်ဆောင်သို့ တန်းတန်းသွားလိုက်ကြသည်။

ကျင်းစစ်က မနက်စာကြည့်ချိန်၌ အချက်အလက်များ အကျဉ်းချုံးရေးရမလား သို့မဟုတ် အမေးအဖြေလုပ်ရမလား စဉ်းစားနေသည်။ အနောက်မှ ကျယ်လောင်ကြမ်းတမ်းသည့် အသံကရုတ်တရက်ပေါ်လာသည်။

“မင်း..ဟုတ်တယ်..မင်း..ငါ့အတွက်ရပ်စမ်း..ဘယ်အတန်းကလဲ..မင်း ကျောင်းယူနီဖောင်း ဘာလို့မဝတ်ထားတာလဲ…”

နည်းပြက ဦးချိုကြီးတစ်ခုအား ကိုင်ထားကာ သူ့တို့ဘက် လျင်မြန်စွာလျှောက်လာပြီး ယင်းကျောင်းရှေ့ရပ်ကာ မေးသည်။

ယင်းကျောင်းက သူ့လက်အား အိတ်ထဲထည့်ကာ ပျင်းရိစွာပြောသည်။

“အတန်းခုနစ်..ဒုတိယတန်း..ကျွန်တော့် ကျောင်းဝတ်စုံက ညစ်ပတ်နေလို့….”

“တစ်စုံက ပေနေတယ်..နောက်တစ်စုံ ရော..” ဒါရိုက်တာက မယုံချေ။

“အိမ်မှာ…”

ယင်းကျောင်းက ဘေးကိုကြည့်လိုက်ပြီး ကျင်းစစ်က လစ်ထွက်သွားမည်ကြံချိန်၌ သူ့လက်ဖြင့် သူ့အားပြန်ဆွဲထားလိုက်သည်။

“ဒီအတန်းဖော်က သက်သေပြနိုင်တယ်..”

ကျင်းစစ်ကယင်းကျောင်းနှင့် ဌာနမှူး၏အကြည့်ခံလိုက်ရပြီးနောက် သူလစ်ထွက်လို့မရတော့ချေ။ ပြီးတော့ ယင်းကျောင်း၏ကျောင်းဝတ်စုံက အမှန်ပင် သွေးများပေနေကာ ဝတ်၍မရသည်ကြောင့် သူကခေါင်းညိမ့်ကာ ပြောလိုက်၏။

“ဟုတ်တယ်...သူပြောတာမှန်တယ်..”

ဌာနမှူးက နှာမှုတ်လိုက်ကာ ယင်းကျောင်းအားပြောသည်။

“ငါမင်းက ရေပန်းစားမှန်း ငါမသိဘူး..ဒီအချိန်မှာ အရူးတစ်ယောက်ကာတောင်မှ မင်းအတွက်သက်သေလုပ်ပေးသေးတယ်..”

သူကကျင်းစစ်ဘက်လှည့်ကာ လော်စပီကာကို မြင့်မြင့်မြှောက်ကာ အော်လိုက်သည်။

“ငါက မင်းရဲ့ပေါက်ကရကို ယုံမယ်ထင်နေလား….”

“ကောင်းပြီ..မင်းက သစ္စာရှိနေမှတော့ သူနဲ့တူတူရပ်နေပြီး ငါမင်းကို ဘယ်လိုအပြစ်ပေးမလဲဆိုတာ ကြည့်နေ…”

အရူးလေး ကျင်းစစ် :

__ __

Continue Reading

You'll Also Like

1.3M 46.1K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
38.3K 4.5K 51
Title- Dressed as The School Grass's ex Boyfriend Description ကျင်းစစ် : သင်္ချာပုစ္ဆာတွေကလည်း ဖြေရှင်းရခက်သလို စာမေးပွဲတွေကလည်း စိတ်ဝင်စားစရာမကောင်...
243K 23.6K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
262K 9.5K 40
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...