ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)

421 53 2
                                    

Chapter 53
September 13, 2023
Chapter 53

.

-----------------------

" တံခါးစောင့် ဦးလေးကြီးက ကိုယ့်ကို ကောင်းကောင်း သိတယ်လေ မင်းမေ့သွားပြီလား" ယင်းကျောင်းက သူ့ခုံပေါ်ကနေ ဆွဲမလိုက်ပြီး ပြုံးလိုက်ကာ ပြောလိုက်သည်။

" သူ့ကိုသာ ဟယ်လို လို့ပြောလိုက်"

ကျင်းစစ်က တံ့ဆိုင်းနေပြီး ထပ်ကာအတည်ပြုလိုက်သည်။

" ငါတို့ 11 နာရီမတိုင်ခင် ပြန်လာနိုင်တယ်ပါနော်"

" မစိုးရိမ်ပါနဲ့"

ယင်းကျောင်းကအတန်းရဲ့ မီးကိုပိတ်လိုက်ပြီး ကျင်းစစ်အတွက် တံခါးဖွင့်ပေးလိုက်ကာ " ကိုယ်မင်းကို ဘယ်တုန်းက လိမ်ဖူးလို့လဲ"

ကျောင်းတွင်  ညဘက် ဒုတိယအကြိမ် ကိုယ်ပိုင်စာကြည့်ချိန် မရှိသည်မှာ အတော်ရှားပါးပေသည် ။ ကောလိပ်ဝင်ခွင့်စာမေးပွဲ အတွက် အိုလံပစ် ရမှတ်ကို ပယ်ဖျက်ထားသော််လည်း အိုလံပစ်ပွဲတော် ရှိသေးသည့်အတွက် ကျောင်းသားများကို စိတ်လှုပ်ရှားစေသည်။

ထိုအချိန်တွင် တတိယတစ်ထပ်လုံးလူရှင်းနေကာ ကျောင်းသားများ အကုန်လုံးသည် ထွက်သွားကြပြီ ဖြစ်ပြီး သူတို့နှစ်ယောက်သာ ကော်ရစ်ဒါတွင် ကျန်ခဲ့တော့၏။

အဝါရောင် မီးရောင်အောက်တွင် ကျင်းစစ်သည် မော့ကြည့်လိုက်သောအခါ ယင်းကျောင်း၏ ပြုံးနေသော မျက်လုံးများနှင့် ဆုံလေသည်။

သူ့နှလုံးခုန်သံကရုတ်ချည်းဆိုသလိုမြန်လာပြီး သူလက်ချောင်းထိပ်များကို မထိန်းချုပ်နိုင်စွာ ကွေးလိုက်မိသည်။

ဒီနေ့က ခရစ်စမတ်ပွဲတော်နေ့ ဆိုတော့ ယင်းကျောင်းကလည်း အပြင်မှာ ကစားချင်နေမှာပဲ ...

နှစ်ဘဝလုံးတွင် ယင်းကျောင်းသည် သူ့ကိုကောင်းကောင်းမွန်မွန် ဆက်ဆံလေသည်။ သူ့တွင် ယင်းကျောင်းသို့ ပြန်ပေးစရာမရှိပေ။ ထို့ကြောင့် သူလုပ်ချင်တာကိုသာ လုပ်ခွင့်ပေးလိုက်မည်။

သူတို့ကို ဖမ်းမိခဲ့ရင် ဒါက သူ့(ကျင်းစစ်) အကြံဟုသာပြောလိုက်မည်။ ကံကောင်းစွာနှင့် သူသည် လစဥ်စာမေးပွဲတိုင်းတွင် ပထမရသောကြောင့် ထိုအရာကို ကံကောင်းစေတဲ့အဆောင် အဖြစ်အသုံးချလို့ရနိုင်လောက်သည်။

ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)Where stories live. Discover now