Chapter 76
September 19, 2023
Chapter 76"ယင်းကျောင်း"
ယခု အချိန်သည် ကိုယ်ပိုင်စာကြည့်ချိန်ဖြစ်သောကြောင့် အနည်းငယ် ထူးဆန်းနေလေသည်။ ထို့အပြင် သူတို့စကားပြောပြီးသည်မှာ သိပ်မကြာသေးသောကြောင့် အကြောင်းမရှိလျှင် ယင်းကျောင်းက သူ့ကို ဖုန်းခေါ်မည် မဟုတ်ပေ။
သူက ယင်းကျောင်း၏ ရယ်နေသံ ခပ်ဩဩကို ကြားလိုက်ရသည်။
"ဟယ့်ကျိုးရဲ့ အမေက ဂျပန်ကနေ ခေါင်းကိုက်တာအတွက် ထိရောက်တဲ့ ဆေးတွေ သယ်လာတယ်လို့ကြားလို့ ကိုယ်မင်းရဲ့ ခါင်းကိုက်တဲ့ လက္ခဏာကို မေးချင်လို့ နောက်ပြီး ကောင်းသွားမလားကြည့်ရအောင်"
"ငါအခု အဆင်ပြေနေပါပြီ"
ကျင်းစစ်က မထိန်းနိုင်ဘဲ သူ့နှုတ်ခမ်းထောင့်များကို မြင့်တက်သွားစေကာ နူးနူးညံ့ညံ့လေး ပြောလိုက်သည်။
" မလိုတော့ပါဘူး"
" အတန်းဖော်လေးရေ မင်းကတော့ ဒါပဲပြောနေတော့တာပဲနော်"
ယင်းကျောင်းက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
"မင်းအခုနောက်ပိုင်း ခေါင်းကိုက်တာ နှစ်ကြိမ် ဖြစ်ထားတာကို ကိုယ်သိတယ် အချိန်တိုင်းကလည်း အကြာကြီးဖြစ်တယ်လေ အဲ့ဒါက ကောင်းတာလား"
"အဲ့ဒါက အရမ်းအကြာကြီးတော့ မဖြစ်ပါဘူး "
ကျင်းစစ်က သူစိုးရိမ်နေမှာ စိုးရိမ်သောကြောင့် အမြန်ရှင်းပြလိုက်သည်။
" မင်းငါ့ကို PE အတန််းချိန်တုန်းက လုပ်ပေးခဲ့တယ်လေ..."
(Eng T/n : ကျင်းစစ်ပြောချင်တာက ယင်းကျောင်းကသူ့ခေါင်းကို ပွတ်ပေးတာကို ပြောတာ)
ယင်းကျောင်း၏ ကြီးမားကျယ်ပြန့်သောလက် အကြောင်းကို တွေးမိသောအခါ ကျင်းစစ်သည် မတတ်နိုင်ဘဲ သူ့မျက်နှာမှာ ရှက်သွေးဖြာကာ နီရဲသွားရသည်။ သူခဏတာ တိတ်ဆိတ်သွားပြီးနောက် ဆက်ပြောလိုက်သည်။
"မင်းကငါ့ခေါင်းကို ပွတ်ပေးထားသေးတဲ့အပြင် ဒီတစ်ကြိမ်ပြိုင်ပွဲက တိုတယ်လေ ဒုတိယ စာမေးပွဲ စတော့မယ်ဆိုပေမယ့် ငါ မိနစ်တော်တော်ကြာတဲ့အထိ ဘာနာကျင်တာကိုမှ မခံစားရဘူး"
أنت تقرأ
ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)
العاطفيةHello ... မဂ်လာညချမ်းလေးပါ ချစ်တို့ရေ... New novel New Gp အချိန်လေးရောက်လာပြန်ပါပြီ ဒီခါတော့ မင်မင်က review လေးထည့်ပေးလိုက်ပါတယ် (သူများဟာကူးလာတာပါ😁) 💥New BL အစဆုံး ငွေလွှဲ ၃၀၀၀ bills 4000 ပါ Credit Na Na Gel System ရဲ့အကူအညီနဲ့ hostကမတူညီတဲ့ ti...