မကြိုက်သင့်သောတီချယ်🫀

By homi_08

117K 5.4K 225

"တီချယ်ကကိုယ့်အတွက်မကြိုက်‌သင့်သောတီချယ်ပဲ ဘာလို့မကြိုက်သင့်တာလဲဆိုရင်ချစ်သင့်သောတီချယ်ဖြစ်နေလို့လေ" More

မကြိုက်သင့်သော တီချယ်🫀 P-1
မကြိုက်သင့်သောတီချယ်🫀P-2
မကြိုက်သင့်သောတီချယ်🫀 P-3
မကြိုက်သင့်သောတီချယ်🫀 P-4
မကြိုက်သင့်သောတီချယ်🫀 P-5
မကြိုက်သင့်သောတီချယ်🫀 P-6
မကြိုက်သင့်သောတီချယ်🫀 P-7
မကြိုက်သင့်သောတီချယ်🫀 P-8
မကြိုက်သင့်သောတီချယ်🫀 P-9
မကြိုက်သင့်သောတီချယ်🫀 P-10
မကြိုက်သင့်သောတီချယ်🫀 P-11
မကြိုက်သင့်သောတီချယ်🫀 P-12
မကြိုက်သင့်သောတီချယ်🫀 P-13
မကြိုက်သင့်သောတီချယ်🫀 P-14
မကြိုက်သင့်သောတီချယ်🫀 P-15
မကြိုက်သင့်သောတီချယ်🫀 P-16
မကြိုက်သင့်သောတီချယ်🫀 P-17
မကြိုက်သင့်သောတီချယ်🫀 P-18
မကြိုက်သင့်သောတီချယ်🫀 P-19
မကြိုက်သင့်သောတီချယ်🫀 P-20
မကြိုက်သင့်သောတီချယ်🫀 P-21
မကြိုက်သင့်သောတီချယ်🫀 P-22
မကြိုက်သင့်သောတီချယ်🫀 P_23
မကြိုက်သင့်သောတီချယ်🫀 P-24
မကြိုက်သင့်သောတီချယ်🫀 P-26
မကြိုက်သင့်သောတီချယ်🫀 P-27
မကြိုက်သင့်သောတီချယ်🫀 P-28
မကြိုက်သင့်သောတီချယ်🫀 P-29
မကြိုက်သင့်သောတီချယ်🫀 P-30
မကြိုက်သင့်သောတီချယ်🫀 P-31
မကြိုက်သင့်သောတီချယ်🫀 P-32 End

မကြိုက်သင့်သောတီချယ်🫀 P-25

2.8K 147 8
By homi_08

မကြိုက်သင့်သောတီချယ်🫀
အပိုင်း(၂၅)



"အတ္တမကြီးမပါဘူးလို့ပြောရင်ကိုယ်လိမ်သလိုဖြစ်နေမလား...အချစ်ကသိပ်ကြောက်ဖို့ကောင်းတာပဲနော် တီချယ်....ဟန်ဆောင်ရတာတွေလဲများနေပြီ....... လောကကြီးကနေထွက်သွားချင်လာမိပြီ တီချယ်ရယ်"


တီချယ်ကိုဖွင့်ပြောခဲ့သည့်နေရာ၊အမှတ်တရတွေများတယ့်နေရာလေးဖြစ်သည့်နေ၀င်ချိန်အလှကိုမြင်တွေ့ရသည့်ပြတင်းပေါက်ရှိရမှာလက်လေးတင်ကာနွေးဆွေးနေမိသည်။
ထိုအချိန်တွင်ဖုန်း၀င်လာခဲ့သည်။


"ဟယ်လို"

"......."

"အေ ဟုတ်တယ်"

"........"

"သေချာလုပ်ဖို့ကိုယ်မျှော်လင့်ပါတယ် စိတ်ချလို့ရတယ်မလား"

"......."

"ဟုတ်ပြီ အစ်ကိုပြောတဲ့အတိုင်းဖြစ်စေပေါ့"



ဟုပြောပြီးကုတင်ပေါ်သို့ဖုန်းကိုပြစ်တင်လိုက်ကာ နေ၀င်ချိန်၏အလှကိုဆက်ကြည့်နေမိသည်။ပုစွန်ဆီရောင်နေလုံးကြီးက ဒီနေ့ကြမှနွေးကိုလှောင်ပြောင်နေသလို့ပဲ...တောက်ပနေလိုက်တဲ့များ...အားကျချင်စရာအတိ။
နွေးကိုကိုနဲ့အတူရှိခဲ့စဉ်ကအကြောင်းတွေကိုပြန်စဉ်းစားရင်အကြောင်းအရာတစ်ခုကိုမှတ်မိပြီးပြုံးလိုက်မိသည်။

"ကိုကို မေးစရာရှိလို့"

"မေးလေ နွေး"

"အချစ်ကိုဘယ်လို့မြင်လဲဟင်"

"အင်း...အချစ်ဆိုတာက ယုံကြည်မှု၊သစ္စာရှိမှု၊ပေးဆပ်ခြင်းလို့တော့ကိုကိုမြင်တယ်။လူတိုင်းကအချစ်ကိုမြင်တဲ့ပုံစံခြင်းတော့မတူကြဘူးပေါ့"


"ကိုကိုကဘာလို့အဲလို့မြင်တာလဲ"

"အချစ်ရေးတစ်ခုမှာသစ္စာရှိမှထိုအချစ်ရေးကခိုင်မြဲမယ်...ဒါပေမဲ့ယုံကြည်မှုမရှိရင်သစ္စာရှိမှုဆိုတာအလကားပဲ ချစ်ရင်တော့တစ်ဖက်လူကိုယုံကြည်ပေးရမယ် အဲဒီယုံကြည်မှုကိုရဖို့ဆိုရင်သစ္စာရှိရမယ်...ပေးဆပ်ခြင်းရဲ့သ‌ဘောကတော့ထိုအရာနှစ်ခုလုံးကိုတစ်ဖက်လူထံစိတ်ချယုံကြည်စွာပေးဆပ်ဖို့လိုတယ်... နောက်တစ်မျိုးကတော့ သူပျော်နေရင်ရပြီ သူစိတ်ချမ်းသာရင်သေဖို့တောင်၀န်မလေးဘူး ဒီလို့မျိုးပေါ့....ပေးဆပ်ခြင်းကတစ်ဖက်သတ်အချစ်တွေမှာဆိုသိပ်အရေးပါတဲ့အရာပေါ့"


"ဟီး..ကိုကိုဘာတွေပြောသွားမှန်းသိလိုက်ဘူး"


"နွေးကငယ်သေးလို့ပါ အချစ်နဲ့ထိတွေ့မိရင်သိလာလိမ့်မယ်"

"ဟုတ်ကဲ့ ကိုကို"


နွေးရဲ့ခေါင်းလေးပွတ်ပေးတော့ဇက်ကလေးပုပြီးငြိမ်ခံနေရှာလေရဲ့။တကယ်ကလေးလေးပါပဲ။


"သိပ်လွမ်းတာပဲ ကိုကိုရယ် နွေးကိုထားသွားရတာပျော်ရဲ့လား အဲလို့အချစ်ကိုကောင်းကောင်းနားလည်ပြီ ကိုယ်တိုင်ကြဘာလို့ ပေးဆပ်ခြင်းရဲ့သဘောတရားကိုပဲသုံးသွားခဲ့တဲ့ကိုကိုကို့.....ဟူးးးး"


နွေးဆက်မပြောနိုင်တော့ပါ။အခုနောက်ပိုင်းအရွယ်နဲ့မလိုက်အောင်ခံစားချက်တွေများကာနာကျင်မှုတွေများနေခဲ့သည်။ထိုခံစားချက်နဲ့နာကျင်မှုတွေပျောက်ကွယ်သွားဖို့ရက်ပိုင်းသာလိုတော့သည်။

_________

ဒီနေ့ကတော့‌ငယ်လက်ထပ်ဖို့တစ်ရက်အလိုအချိန်ပေါ့။ဒီလက်ထပ်ပွဲကိုလူသိရှင်ကြားကြောငြာထားသလို့ မိဘတွေကကျော်ကြားသည့်လူများဖြစ်သည့်ကြောင့်မီဒီယာတွေ၊သတင်းထောက်တွေ၊ဓာတ်ပုံဆရာတွေကိုပါဖိတ်ခေါ်ထားသည်။စီးပွား‌ရေးလောကတွင်အောင်မြင်နေသည့်လုပ်ငန်းရှင်နှစ်ဦး၏ သားနှင့်သမီးလက်ထပ်မည်ပွဲကြောင့်လူအတောအများလာမည်ကအသေချာပင်။
ငယ်သည်အရေးကြီးသည့်ပွဲတွေမှသာတက်တာကြောင့်ငယ်ကိုလူသိနည်းကြသည်။ဒီပွဲသာပျက်သွားခဲ့ရင် ဖြစ်လာမည်အကျိုးဆက်တွေသိသောကြောင့်အမှားမပါအောင်စီစဉ်ရလေ့သည်။

"သမီး...ငယ်"

"ရှင် မေမေ"

"လက်ထပ်ပွဲအတွက်စီစဉ်တာတွေအကုန်ပြီးပြီမလား"

"ဟုတ်ကဲ့ ပြီးပါပြီ"

"အော်...အေးပါကွယ် ဒီပွဲကဘယ်လောက်အရေးကြီးတယ်ဆိုတာသမီးသိတယ်မလား"

"ဟုတ် သိပါတယ် သမီးအမှားမပါအောင်သေချာလုပ်ပါမယ်"

"အပြောနဲ့ပဲမလုပ်နဲ့ စကားနဲ့ပါသက်သေပြပါ သမီး"

"စိတ်ချပါ မေမေ"


"အေပါ ဒါဆိုမေမေဆေးရုံးသွားလိုက်ဦးမယ်နော်"


"ဟုတ်ကဲ့"

ငယ်အတွက်တော့လက်ထပ်ပွဲဆိုတာ ၀န်ထုတ်တစ်ခုလို့ပင်ဖြစ်နေတော့သည်။ဒီကိစ္စအမြန်ပြီးမှသာငယ်လည်းအနည်းငယ်တော့စိတ်သက်သာရမည်ကအမှန်ပင်။ဘာလို့အနည်းငယ်ပဲလဲဆိုရင်...ချစ်ရက်နဲ့ဝေးခဲ့ရတဲ့လူကိုချစ်စိတ်ကကျန်ရှိနေသေးလို့ဖြစ်သည်။

"ကလေးငယ်.....မင်းအဆင်ပြေနေတယ်မလား"


နွေးမြတ်နိုးရတဲ့အကြင်နာမျက်၀န်းလေးထဲကမျက်ရည်များစီးကျလာခဲ့သည်။ထိန်းထားရက်နဲ့ကျလာတဲ့မျက်ရည်တွေကိုလည်းငယ်မမုန်းရက်တော့ပါ။တစ်ခါလောက်တော့စိတ်လွတ်ကိုယ်လွတ်နဲ့ငိုချင်မိသား။

_________

လက်ထပ်ပွဲမတိုင်မီ၁နာရီအလိုမှာသတို့သမီးကပြင်လို့ဆင်လို့မပြီနိုင်သေးပေ။သူများတွေလို့ဘ၀မှာတစ်ခါပဲလုပ်ရမယ့်အရာမို့ဘာညာမို့စိတ်လှုပ်ရှားပြီ‌ကြောက်နေတာတာမဟုတ်ပဲအမှားပါပြီးမီဒီယာတွေရှေ့မှာအရှက်ကွဲမှာကိုသာ‌စိတ်ပူနေမိသည်။
ငယ်ကိုငယ်‌၏လုပ်ဖော်ကိုင်ဖက်၊သူငယ်ချင်းတွေ၊ဆွေမျိုးတွေအစရှိသောလူများသည်လာနှုတ်ဆက်ကြသည်။ငယ်ကတော့ဟန်ဆောင်အပြုံးလေးနဲ့မျှသာ။

"ဟယ် ငယ်လေး လှနေပါလား"


"ကျေးဇူးပါ အစ်မနွယ်"


"ငယ်ရဲ့သတို့သားလေးတော့မြင်ရင်ကြွေတော့မှာအသေချာပဲ"


"မဟုတ်ရပါဘူး အစ်မနွယ်နော်.....သိပ်မြှောက်နေတော့လူကနေရခက်လာပြီ"


"အမယ်လေး ကျွန်မကအမှန်တိုင်းပြောတာကိုး"


"ဟုတ်ပါပြီရှင့်"


"ဒါဆိုအစ်မလက်ထပ်ပွဲအခမ်းနားနေရာဆီသွားလိုက်ဦးမယ်နော်"

"ဟုတ်ကဲ့ အစ်မနွယ်"

သတို့သားတဲ့လား။လက်ထပ်ပွဲဆိုသည့်အရာကိုမေတ္တာနွေးဆိုတဲ့ကလေးငယ်လေးနဲ့သာလုပ်ချင်ခဲ့တာ...တကယ်တမ်းလုပ်ရတော့‌ယောက်ျားသားတစ်ယောက်နဲ့ပါလား။ဖြစ်ချင်တာတွေကိုဖြစ်ခွင့်မရတဲ့လူလောကဆိုတာသိပ်မှန်တာပဲ။

"တီချယ်"

"ဟင်...ကလေးငယ်"


"ဒီနေ့ကိုယ်တီချယ်ကသိပ်လှနေပါလား"


"ကျေးဇူးပါ ကလေးငယ်"


"ကျေးဇူးတင်စကားပြောစရာမလိုပါဘူး"


"အင်းပါ....မင်းဘယ်လို့ရောက်လာခဲ့တာလဲ"


"တီချယ်ရဲ့လက်ထပ်ပွဲကိုကိုယ်မိသားစုကိုပါဖိတ်ထားတာလေ...အဲဒါကြောင့်ပါ"

ရောက်လာကတည်းကအပြုံးလေးနဲ့ငယ်ဆီကိုလာခဲ့တာ အခုထိအပြုံးလေးမပျက်ပဲနဲ့ငယ်မေးတာကိုဂရုတစိုက်လေးပြန်ဖြေပေးနေတာကချစ်ဖို့ကောင်းလိုက်ချည်ရဲ့။

"ကိုယ်နဲ့တီချယ်တွေ့တာဒီနေ့နောက်‌ဆုံးဖြစ်သွားနိုင်တယ်...."

ကလေးငယ်ဆီအပြုံးလေးနဲ့ပြောလာခဲ့သည့်ထိုစကားကြောင့်ငယ်နားမလည်နိုင်စွာနဲ့မေးလိုက်မိသည်။


"မင်းကဘယ်သွားမလို့လဲ"


"တီချယ်ရှေ့ကပျောက်ကွယ်ပေးဖို့အတွက်ကိုယ်ကတီချယ်နဲ့အဝေးဆုံးနဲ့ပြန်ဆုံဖို့မဖြစ်နိုင်တော့တဲ့နေရာကိုထွက်သွားမလို့ပါ"

"ဟမ်...မင်းဘာကိုဆိုလိုတာလဲ"


"တီချယ်တစ်နေ့နေ့ကြရင်နားလည်လာပါလိမ့်မယ်....ကိုယ်ကိုသွားခွင့်ပြုပါနော်"

ငယ်ဆီကအဖြေကိုမစောင့်ပဲထွက်သွားခဲ့တဲ့ကျောပြင်လေးကိုကြည့်ပြီငယ်ရဲ့ရင်ဖက်ကအောင့်လာခဲ့သည်။ဘာ‌ကြောင့်အောင့်လဲဆိုရင်အချစ်တဲ့လေ။အချစ်ကြောင့်ဖြစ်တဲ့ဝေဒနာပေါ့။


နွေးနှင့်သန်သန်မာမာလူ၃ယောက်သည်လူကွယ်ရာတွင်တိတ်တဆိတ်နဲ့စကားပြောနေခဲ့ကြသည်။


"အဆင်သင့်ဖြစ်ပြီလား"


"ဟုတ်ကဲ့ ဖြစ်ပါပြီ"


"ကိုယ်မိဘတွေကိုမပြောထားဘူးမလား"


"မပြောထားပါဘူး မမလေး"


"ကောင်းပြီ အဲနေရာကိုအခု‌ပေးလူရှင်းနေတုန်းပေးလိုက်တော့"


"မမလေး ယုံကြည်လို့ရတယ်မလား"


"ရပါတယ်ကွာ အစ်ကိုတို့သာသေချာလေးကိုယ်ခိုင်းတာတွေကိုလုပ်ပေးပါ"

"ဟုတ်ကဲ့ပါ မမလေး"

သန်သန်မာမာနဲ့အစ်ကို၃ယောက်အားကြည့်ကာစိတ်ချမယ်နော်ဆိုသည့်အကြည့်နဲ့တစ်ချက်ပြုံးပြလိုက်သည်။
အမှန်တိုင်းပြောရရင်ထိုလူ၃ယောက်ကလည်းနွေးခိုင်းလို့သာလုပ်ရတာ ဘာကြောင့်ခိုင်းလဲဆိုတာကိုအသေချာမသိပေ။ခိုင်းထားသည့်အရာကလည်းစိုးရိပ်ဖွယ်ရာအတိပင်။

ငယ်တို့လက်ထပ်ပွဲလုပ်သည့်ဟိုတယ်မှာပဲအခန်းယူထားသည့်မို့ထိုအခန်းထဲကို၀င်သွားကာလော့ကိုသေချာစွာချလိုက်သည်။

"တီချယ်...ကိုယ်ရယူခြင်းအချစ်နဲ့မချစ်တတ်တာမို့ပေးဆပ်ခြင်းအချစ်နဲ့ပဲချစ်ပါရစေ...ကိုကိုလို့လုပ်ဖြစ်ခဲ့မယ်လို့နွေးမထင်ထားခဲ့ပါဘူး...ဒါပေမဲ့နွေးလုပ်နေမိပြီပဲ ကိုကိုနောက်နွေးလိုက်လာခဲ့တော့မယ်နော်"


လက်ထဲရှိအဆိပ်ပုလင်းကိုနွေးသောက်လိုက်သည်။ခဏလေးအတွင်းမှာပဲမျက်လုံးတွေဝေဝါးလာပြီးကြမ်းပြင်မှာလဲကျသွားလေသည်။မျက်လုံးမမှိတ်မှီပြောမိသည့်စကားက"ချစ်တယ် တီချယ်"တဲ့လေ။




အပြင်ကရပ်စောင့်နေသည့်လူယုံတော်အစ်ကို၃ယောက်ကအထဲကဘာအသံမှမကြားရတော့ကြောင့်သူတို့ထင်ထားသလို့ဖြစ်လာမှာစိုးရိပ်သဖြင့် ဟိုတယ်မန်နေဂျာကိုအမြန်သွားခေါ်ကာ တံခါးကိုဖွင့်လိုက်ချိန်မြင်လိုက်ရသည့်မြင်ကွင်းကသွေးပျက်ချင်စရာပင်။

"မမလေး...မမလေး!! သူဌေးကိုသတင်းပို့ကြ! အခုလောလောဆယ် ဆေးရုံးကားအမြန်ခေါ်!"


"ဟုတ်ကဲ့"

တစ်ယောက်ကဆေးရုံးကခေါ်နေပြီးနောက်တစ်ယောက်ကဦးသန့်ဖြိုးအောင်ကိုသတင်းသွားပို့သည်။
သတို့သားနဲ့စကားပြောနေသောဦးသန့်ဖြိုးအောင်ကိုတွေ့တော့အမြန်ပြေးသွားရသည်။

"သူဌေး!"


"ဘာဖြစ်လာတာလဲ"


"မမလေး ဟိုတယ်အခန်းထဲမှာကိုယ်ကိုအဆိပ်သောက်ပြီးသက်သေဖို့လုပ်လို့ပါ အခုဆေးရုံးကားခေါ်ထားပါတယ်"


"ဘာ! ဘယ်မှာလဲ ငါသမီး ဘယ်မှာလဲလို့"


"ရှင် ကျွန်မသမီး..."


"သူဌေး‌က‌တော်စိတ်အေးအေးထားပါ အခုလောက်ဆိုဆေးရုံးကရောက်နေလောက်ပြီမို့ ဟိုတယ်ရဲ့‌ အနောက်ပေါက်ကသွားရအောင်ပါ မီဒီယာတွေမမြင်အောင်တော့ခေါ်ထုတ်သွားဖို့လုပ်ထားပါတယ်"


"မြန်မြန်သွားရ‌အောင် ကျွန်မစိတ်ပူလှပြီ...ခွင့်ပြုပါဦး  နော်"


"အစ်ကိုနဲ့အစ်မအရမ်းစိတ်မပူပါနဲ့"

"အင်းပါ"

ဦးထိန်လင်းအောင်လည်းစိုးရိပ်စိတ်ကြီးမားနေသည့်
မိဘနှစ်ပါးကိုကြည့်ပြီသက်ပြင်းချမိသည်။ငယ်ဆီကိုသွားတွေ့ရ‌ဦးမယ်မို့ငယ်ရှိရာနေရာကိုသွားတွေ့ခဲ့သည်။

"ငယ်"

"ရှင် အစ်ကို"

"ကိုယ်အမျိုးသမီးလေးကလှရက်နိုင်လိုက်တာကွာ"

"ဟာ...အစ်ကိုကလဲ"

"အစ်ကိုကတကယ်ပြောတာ...အော် ဒါနဲ့ ငယ်ကိုမေးစရာရှိလို့"

"မေးလေ အစ်ကို"

"ငယ်တပည့်ဖြစ်တဲ့ဟိုမေတ္တာနွေး‌ဆိုတဲ့တစ်ယောက်မှာစိတ်ဒါဏ်တွေဘာတွေရှိလား"


"ဟင်...ငယ်လည်းမသိဘူး ဘာဖြစ်လို့လဲ"

"သူမိဘတွေကိုခုနလူယုံတော်၁ယောက်ကလာပြောသွားတယ် ကိုယ်ကို့ကိုယ်အဆိပ်‌သောက်ပြီးသက်သေဖို့ကြံစည်လို့တဲ့ အခုတော့ဆေးရုံးကားခေါ်ထားတယ်ဆိုပဲ"

"ရှင်!! ကလေး...ကလေးငယ် အခုဘယ်ဆေးရုံးမှာလဲ"


"အဲဒါတော့ကိုယ်လည်းမသိဘူး...ငယ်!! ဘယ်သွားမလို့လဲ လက်ထပ်စဖို့၁၀မိနစ်ပဲလိုတော့တယ်လေ ငယ်!"


ဦးထိန်လင်းအောင်ဘယ်လောက်ခေါ်ခေါ်ငယ်မကြားတော့ပါ။သူကလေးငယ်ကိုသာစိတ်ပူမိသည်။သူပြောခဲ့တဲ့စကားတွေကိုငယ်အခုမှပြန်ကြားယောင်လာမိပြီငိုမိသည်။လက်ထပ်ပွဲမှာအမှားပါမှသိပ်ကြောက်သူကအခုတော့သူကိုယ်တိုင်လက်ထပ်ပွဲကထွက်ပြေးကာကလေးငယ်ဆီသွားနေသည်တဲ့။ကလေးငယ်ရဲ့မိဘတွေကိုဖုန်းဆက်မေးကာဆေးရုံးကိုကားငှားပြီးလိုက်သွားခဲ့သည်။


"သမီးရော လက်ထပ်ပွဲစတော့မယ်လေကွာ"

"ထွက်ပြေးသွားပြီ ဦးလေး"

"ဘာ! ဒီသမီးမိုက်ကတော့...တောက်"

"ဘယ်လို့လုပ်ကြမလဲ ပွဲကစတော့မယ်လေ"

"ပွဲဖျက်ရုံကလွဲပြီငါတို့လုပ်နိုင်တာဘာရှိသေးလို့လဲ...ဒါနဲ့သူကဘာလို့ထွက်ပြေးသွားရတာလဲ"


ဦးထိန်လင်းအောင်လည်းဖြစ်ကြောင်းကြောင်းကုန်စဉ်ရှင်းပြလိုက်တော့ဦးကောင်းခန့်ကပိုဒေါသထွက်မိသည်။

"ဒီမယားတရူးမကတော့ ငါမျက်နှာကိုအိုးမဲသုတ်ဖို့လုပ်သွားတာပဲ"

"ဗျာ! ဘာကိုပြောချင်တာလဲဗျ"

"မင်းကိုတော့အားနာပါတယ် အခုတော့ဒီပွဲကိုဖျက်သိမ်းရတော့မယ်"

ဦးကောင်းခန့်တို့လည်းစင်ပေါ်မှာသွားရပ်ကာ လက်ထပ်ပွဲဒီနေ့မလုပ်ဖြစ်တော့ကြောင်းအသိပေးအပ်ရတော့သည်။

"အာလုံးပဲကြောငြာစရာလေးရှိလို့ပါ ယခုကျင်းပမည့်လက်ထပ်ပွဲကိုဒီနေ့မလုပ်ဖြစ်တော့ပါဘူး ပြဿနာလေးတစ်ခုဖြစ်လို့ဒီနေ့လက်ထပ်ပွဲကိုမလုပ်ဖြစ်တော့တာဖြစ်ပါတယ် လက်ထပ်ပွဲဖျက်သိမ်းလိုက်တာမဟုတ်ပဲရက်ကိုယာယီရွေ့ထားလိုက်တာပါ ကြွရောက်လာကြသောလူကြီးမင်းတို့ကိုကျွန်တော်တောင်းပန်ပါတယ်"

"ပြဿနာကဘာလဲဆိုတာပြောပြပေးနိုင်မလား"

"သတိုးသမီးကိုမတွေ့မိပါလား သူထွက်ပြေးသွားလို့ဒီနေ့မလုပ်ဖြစ်တော့တာလားဗျ"

မီဒီယာတွေရဲ့ဓာတ်ပုံရိုက်သံတွေမေးခွန်းမေးသံတွေဆူညံ့နေတော့သည်။ဦးကောင်းခန့်တို့သည်လည်းထိုနေရာမှအမြန်ထွက်လာကာငယ်ရှိရာဆီလိုက်သွားဖို့လုပ်ကြသည်။ခက်သည်ကငယ်ဘယ်ရောက်နေလဲဆိုတာကိုမသိတာပင်ဖြစ်သည်။

"သူဘယ်မှာလဲဆိုတာဦးလေးလေးခန့်မှန်းမိပြီ....သမီးနွေးဆီသွားတာများလား"

"ဖြစ်နိုင်တယ် သူအဲသတင်းကြားတော့ချက်ချင်းထွက်ပြေးသွားတာ"

"သမီးနွေးကဘယ်ဆေးရုံးကိုသွားတာလဲ"

"အဲဒါတော့ကျွန်တော်လည်းမသိဘူးဗျ"

"ထက်ဇော် ငါကိုစုံစမ်းပေးစမ်း"

"ဟုတ်ကဲ့"

ဦးကောင်းခန့်ကသူအတွင်းရေးမှုကိုခေါ်ကာစုံစမ်းခိုင်းလိုက်သည်။




ငယ်ကြောက်လန့်နေမိသည်။ပွဲကထွက်ပြေးလာလို့မဟုတ်ပဲနွေးအသက်ဆုံးရှုံးသွားမှာကိုကြောက်နေမိခြင်းဖြစ်သည်။

"ဦးလေး..... မြန်မြန်မောင်းပေးပါနော်..... ဟင့်...ကလေးငယ်ရယ် ဒို့တောင်းပန်ပါတယ်.....ဟင့်.... ဒို့မင်းကို .....နာကျင်စေမိပြီ "

_____

အမှားပါသွားရင်ခွင့်လွှတ်ပါဗျ။upနောက်ကျသွားလို့ဆောရီးပါ။

Continue Reading

You'll Also Like

672K 35.6K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
824K 69.1K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
4.1M 262K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
807K 23.9K 64
"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ်ပေး Bae မင်းငြီးငွေ့ရလောက်အောင်အထိ ငါချ...