နောက်တစ်နေ့တွင် မွန်းကို ပြောကာ မနက်စောစောစီးစီး ဗင် ၏ အိမ်သို့ထွက်လာခဲ့မိသည် ဟိုရောက်တော့ ဗင်မှာ ဆေးရုံသို့ ဂျူတီစောင့်ရန်သွားပြီဖြစ်ကြောင်းကို အိမ်စောင့်ထံမှကြားလိုက်ရသည် သို့သော် ဗိုလ်မှူးက ဗင် ကိုတွေ့ချင်တာမှမဟုတ်ပေ။ ဂျော်ဂျီလေးကို တွေ့ချင်၍သာလာခဲ့ခြင်းဖြစ်သည်
"ဗင်…ဗင်…"
"ဒေါက်တာမရှိဘူး…ဘယ်သူလဲ"
"ကိုယ်ပါ…ဟိုနေ့ကလာတဲ့လူ……"
"အော်…ဒေါက်တာ့သူငယ်ချင်းပဲ……ဝင်လေ မစ္စတာ"
"အင်း……"
"ဒါနဲ့အိမ်စောင့်ကြီးက မပြောလိုက်ဘူးလား ဒေါက်တာ……"
"ပြောတယ် ဒါပေမဲ့ ကိုယ်က ဗင်နဲ့ တွေ့ချင်လို့လာတာမဟုတ်ဘူး…မင်းနဲ့တွေ့ချင်လို့လာတာ"
"ဗျာ….ကျွန်တော်နဲ့… မစ္စတာကို ကျွန်တော်မသိဘူးလေ"
"ကိုယ်ကတော့ မင်းကို သိတာထက်ပိုတယ် ဂျော်ဂျီ"
"အဲ့ဒါဆို တစ်ခုလောက်ကူညီပါလား…ကျွန်တော်က အတိတ်တုန်းက ဘယ်လိုလူမျိုးလဲဆိုတာပြောပြပါလား"
လီယိုနည်းနည်းတော့ကြောင်သွားရ၏ ကလေးငယ်က အတိတ်မေ့နေခြင်းပေ ဒါကို ကြေးနန်းရိုက်ပြီး စောစောစီးစီး မပြောတဲ့ လူကြီးလူကောင်းကိုသာ ကျိန်ဆဲနေမိသည်
"မင်းက ကိုယ့်ချစ်သူလေ……"
"ဗျာ…"
"ဟုတ်တယ်…မင်းက ကိုယ့်ချစ်သူ"
ဂျော်ဂျီ အနည်းငယ် အံ့ဩမိသွားသည် သူဟာ အမျိုးသားတစ်ယောက်ဖြစ်နေပါလျက် တခြားအမျိုးသားတစ်ယောက်နှင့် ချစ်ကြိုက်ခဲ့ဖူးသည်တဲ့ ဘယ်လိုပဲ ဖြစ်ဖြစ်ပေ ထိုလူကြီးမှာ သူ့အပေါ်ကောင်းခဲ့မည်မှာ ခန့်မှန်းရုံနှင့်ရသည်
"ကလေးက မယုံဘူးလား"
"မဟုတ်ပါဘူး…ကွန်တော်လဲ အခြေအနေတစ်ခုရှိတာဆိုတော့ လက်မခံနိုင်သေးလို့ပါ"
"ကိုယ်နားလည်ပါတယ်ကွာ…"
လီယိုအတ္တကြီးမိလေပြီ တစ်ကိုယ်ကောင်းဆန်မိလေပြီ ကိုယ်နှင့် လားလားမျှ မသက်ဆိုင်ခဲ့ဖူးသောသူတစ်ယောက်ကို ကိုယ့်ဘက်ကချစ်စိတ်ဖြင့် လိမ်ညာပြောခဲ့လေပြီ
တကယ်တမ်းကျတော့လဲ လီယို မမှားပေ သူချစ်၍သူ့ချစ်သူဖြစ်သော်ငြား အနှီလူသားငယ်လေး၌သူ့အပေါ်ချစ်စိတ် ရှိနေသလားတောင်မသိပေသော် အတ္တကြီးစွာချစ်သူဟုအမည်တပ်ခဲ့လေ၏
"တစ်ခုလောက်ထပ်မေးချင်တယ်"
"ကြိုက်သလောက်မေး အကုန်ဖြေပေးမယ်"
"ခင်ဗျားကြီးနဲ့ ကျွန်တော် ချစ်သူဖြစ်နေချိန်တုန်းက ဘယ်လို အသုံးအနှုန်းတွေသုံးလဲ"
"မင်းက ကိုယ့်ကို ဦးလို့ခေါ်တယ် ကိုယ်ကမင်းကိုတစ်ခါတစ်လေကြရင်နှင်းဆီလို့ခေါ်တယ် အချစ် လို့လဲခေါ်တယ်"
"ဒါဆိုရင် ချစ်တယ်လို့ ဘယ်သူ့ဘက်က အရင်စပြောခဲ့တာလဲဟမ်"
"ကိုယ့်ဘက်ကအရင်ပြောခဲ့တာ"
"………"
"မင်းအရမ်းသိချင်သေးလား"
"ရပါပြီ…နောက်ကြသိလာမှာပေါ့ ဟီး……"
ကောင်းသည် ဂျော်ဂျီ မင်းလေးမသိချင်တာ သိပ်ကောင်းသည် နောင်လဲ မသိပါနဲ့ ဒီအခြေအနေလေးကိုပဲ တိုးတက်အောင် ကိုယ်လုပ်ပါ့မယ် အတိတ်တွေကို မင်းကို ပေးသိမှာ မဟုတ်ဘူး သွားတန်းညီညီလေးဖြင့်ပြုံးပြလာသော ထိုကလေးငယ်ကားမည်သို့ပင်လှရက်မှန်းမသိ ဆံပင် အဖြူကိုရွှေရောင်လေးသန်းနေတဲ့အရောင်ကောက်ကောက်ဆံနွယ်တိုတိုကလေးများမှာ ဖြူနုနုအသားရေလေးကို ထင်ဟပ်နေစေသည် အနီရောင် အတွင်းဝတ်စုံလေးနှင့် အိမ်တွင်းနေသည်မို့ မသိလျှင် နှင်းဆီရဲရဲကလေးနှင့်ဆင်တူသည်နှုတ်ခမ်းသား စိုစိုအိအိလေးမှာ အဖိုးမဖြတ်နိုင်တဲ့ ပတ္တမြားသဖွယ် ကလေးငယ် ယောက်ျားလေးဖြစ်ပြီးဘာလို့ဒီလောက်လှရတာလဲ ပိုင်ဆိုင်သာရလျှင်တော့ ရင်ခွင်ထဲ၌သာဝှက်ထားချင်ပါတယ်လေ
ဒေါက်တာဗင်ပြန်ရောက်လာလေသည် ထို့နောက်အမျိုးသားတစ်ယောက်လဲပါလာသေးသည်
"ဟာ ဒေါက်တာပြန်လာပြီ ဦး…ဒီယေဂိုလဲ ပါလာတယ်"
"ဘယ်လို……"
ဂျော်ဂျီ၏'ဦး'ဟူသောအသုံးပြုလိုက်သည့်နာမ်စားကလေးကြောင့်လီယို တစ်ယောက် အံ့ဩသွားရသည်
ဂျော်ဂျီ"ဒီယေဂို……"
ဒီယေဂို"အင်းကိုယ်…ဂျော်ဂျီ"
ဗင်"လီယို မင်းလာမှာကိုကြိုမပြောဘူး--"
လီယို"ဒီတိုင်းအစီအစဉ်မရှိပဲလာလိုက်တာ ရောက်တာတော့သိပ်မကြာသေးဘူး"
ဂျော်ဂျီ"ဒါနဲ့ ဦး မိတ်ဆက်ပေးရအုံးမယ် ဒါက ကျွန်တော့်သူငယ်ချင်း ဒီယေဂိုတဲ့"
ဒီယေဂို"တွေ့ရတာဝမ်းသာပါတယ် မစ္စတာ"
လီယို "ဗိုလ်မှူးဖာဒီနန်လီယိုပါ"
ဗင်"ဒါဆို ဒီယေဂို…မင်းနဲ့ဂျော်ဂျီ အပေါ်ခဏသွားကြအုံး ငါ လီယိုနဲ့ စကားပြောစရာရှိလို့……"
ဂျော်ဂျီနှင့်ဒီယေဂိုတို့မှာ နှစ်ယောက်စလုံးတစ်ပြိုင်နက် အပေါ်သို့ပြေးတက်သွားကြသည်
"ဆိုစမ်းပါအုံး…ဗင်"
"ဂျော်ဂျီ ဦးနှောက်က အံ့ဖို့ကောင်းတယ် အလိုလို မှတ်ဉာဏ်တွေကိုဖျက်ပစ်လိုက်တယ် ငါအဖြေရှာကြည့်ပေမဲ့မရဘူးကွာ"
"မင်းက သံကြိုးလွှဲလိုက်ရင်တောင်သိရအုံးမယ် ငါ့အခုတော့ ဘာမှတောင်မသိရဘူး"
"ဒါနဲ့ မင်းသူနဲ့ဘာတွေပြောဖြစ်သေးလဲ"
"ငါကသူ့ရဲ့ ချစ်သူပါလို့ပြောထားတယ်"
"မင်းကတော့ အတ္တတော်တော်ကြီးတာပဲ ဂျော်ဂျီ မှတ်ဉာဏ် တွေ ပြန်ရသွားရင် မင်းကို စိတ်နာသွားမှာနော်"
"လုံးဝသူမှတ်ဉာဏ်တွေပြန်မရစေရဘူး……"
"အတ္တအရမ်းကြီးတဲ့ လီယိုရာ…မင်း က မျက်မမြင်တစ်ယောက်နဲ့တူလိုက်တာ"
"အချစ်အတွက်ပဲဟာ"
"မွန်းကျတော့ကော…"
"မွန်းက သူငယ်ချင်းသာသာပါပဲ"
"အော်………"
သူတို့နှစ်ယောက် စကားပြောပြီးတဖန် အသံတို့တိတ်ဆိတ်သွားရပါသည် ဗိုလ်မှူး တစ်ခုခု တို့ကို စဉ်းစား နေမိသည် မည်သူမျှမသိနိုင်သော သူတို့နှစ်ယောက်၏ အတွေးများမှာ မည်သို့ပင်ဖြစ်မည်နည်း
________________________
________________________
"ကို…မွန်းတို့မင်္ဂလာဆောင်က နောက်အပတ်နော်…အခုတလော ကို ဘယ်တွေသွားနေတာလဲ"
"ကိုယ့်သူငယ်ချင်း ဗင် ဆီကို သွားနေတာပါ"
"ဒီနေ့…မွန်းကိုယ်တိုင်ရွေးထားတဲ့ ဝတ်စုံတွေ သွားယူရမှာ……ကို လိုက်ပို့ပေးနော်"
"အင်း"
ကို နှင့် စကားပြောပြီ မွန်း အပေါ်ထပ်တက်သွားလိုက်၏ ထို့နောက် သူမ နှင့် ကို ၏ အခန်းသို့ သွား၍ စာကလေးတစ်စောင်ကို ဖတ်ကြည့်နေလေ၏
ထိုစာလေးထဲတွင်
*သို့
/
ကလေးလေး…ဦးကလေးလေးကိုချစ်တယ် ဦးကိုနားလည်ပေးမယ်မဟုတ်လား ဦးတို့သိကျွမ်းခဲ့တာကြာပါပြီ ဦး မင်းကို စစတွေ့ကထဲက ချစ်ခဲ့တာ ဦးရဲ့ကလေးလေး မင်းလေးကို ဦးချစ်တယ် သိပ်ချစ်ရတဲ့ ကိုယ့်ရဲ့ နှင်းဆီလေး
ချစ်ရပါသော ဦး *
ဂျော်ဂျီ ဆီသို့ ပေးခဲ့သော ဖာဒီနန် ၏ စာလေး ကို ဂျော်ဂျီ အိမ်ပြောင်းသွားပြီး ကျန်နေခဲ့တဲ့ စာအုပ်ကလေးထဲမှာ တွေ့ခဲ့တာ စာအုပ်ကလေးထဲမှာကြတော့ ဂျော်ဂျီ က ဖာဒီနန့်ကိုမချစ်ဘူးတဲ့ သို့သော် တစ်ချိန်ချိန်ကြရင်တော့ လက်ခံလို့ရအောင် ကြိုးစားပေးပါ့မယ်တဲ့ ထိုစာကိုထုတ်ပြီးဖတ်တိုင်း မွန်း ၏ နုငယ်သောနှလုံးသားလေးများကို ဓားထက်ထက်တစ်ချောင်းဖြင့်မွှန်းသလိုပင် မဖတ်ဖြစ်ခဲ့တာ ၃နှစ်လောက်ရှိပြီဆိုပေမဲ့ အသေအချာ ထိန်းသိန်းထားခဲ့လေပြီ ယခုအခါတွင် ပြန်လည်၍ ဖတ်သော်လည်း ခံစားချက်က လျော့မသွား သော် ပို၍ပင်တိုးလာသေးသည်
မွန်း ၏ လွင့်နေခဲ့သော စိတ်အစုံတို့မှာ ဗိုလ်မှူး၏ တံခါးခေါက်သံတို့ကြောင့် ပြန်လည် နိုးကြားလာသည်
"ကိုယ်ဝင်ခဲ့မယ်…မွန်း"
ထိုစကားကြောင့် လက်ထဲရှိ စာရွက်ကလေးကို ဗီရို၏ အံ့ဆွဲထဲသို့ အမြန်ထည့်လိုက်ရသေးသည်
"ဟုတ်…ဟုတ် ဝင်ခဲ့ ကို"
"မင်းသွားမယ်ဆိုလို့လေ…၄နာရီ ထိုးတော့မှာဆိုတော့ ဝတ်စုံတွေဝင်ယူရင်း Dinner ပါတစ်ခါတည်း ဝင်စားရအောင် လာခေါ်တာ …ကိုယ် ကုတ် သွားယူလိုက်အုံးမယ် အောက်က စောင့်နေ မွန်း"
"အင်း…"
ထို့နောက် မွန်းလဲ အပေါ်ထပ်ကုတ်ကိုဝတ်ကာ ပဝါလေးလည်ပင်း၌ရစ်သိုင်းရင်း အောက်ထပ်သို့ဆင်းခဲ့၏
"သွားရအောင်…ကို"
"အင်း…"
ကားလေးဖြင့် ဘာလင်မြို့အတွင်းရှိ မင်္ဂလာဝတ်စုံဆိုင်ကလေးရှိရာသို့ ဦးတည်လိုက်ကြသည် လမ်းတစ်လျှောက် ကားထဲရှိလေထုသည် အပြင်ဘက်ရှိ ဆောင်းရာသီထက်ပင် အေးဆက်နေပါတော့သည် ထိုအရာကို မွန်းကပဲ ဖြိုခွင်း၍
"ကို…စိတ်မပါဘူးမဟုတ်လား"
"မင်းအရှက်ရလိမ့်မယ်…မွန်း"
"တကယ်တမ်းကိုက ဂျော်ဂျီ့ကို အရမ်းချစ်တာမဟုတ်လား"
"မေးခွန်းတွေအရမ်းများတယ် မွန်း"
"မွန်း…မွန်းမှာ ချစ်ရတဲ့လူရှိတယ် ကိုလဲ ဂျော်ဂျီကိုချစ်တာဆိုတော့ နောက်မကျခင် လမ်းခွဲရအောင်"
"သေချာပါရဲ့လား…မွန်း"
"အင်း…"
"ကိုယ် မစဉ်းစားတတ်တော့ဘူးမင်းထင်သလိုသာလုပ်ပါတော့"
"နောက်ဆုံးတစ်ကြိမ်ပဲ ကို့ ရဲ့ ပါးကို နမ်းချင်တယ်"
"ကိုယ့်ကိုမချစ်ဘဲနဲ့ မနမ်းပါနဲ့ မင်းချစ်ရသူ မြင်သွားရင်မကောင်းဘူး"
"ကို ကားရပ်ပေး "
မွန်းစကားကြောင့်ကားရပ်ပေးလိုက်ပြီး
မွန်းကကားတံခါးဖွင့်ကာ ကားပေါ်ကဆင်းလိုက်သည်
"ကို သွားတော့ မင်္ဂလာဝတ်စုံ ကိစ္စကို မွန်းကြည့်ရှင်းလိုက်မယ်…"
ဗိုလ်မှူးသည်လည်း သွေးအေးစွာ ကားတံခါးကိုဆွဲပိတ်လိုက်ပြီး ကားကို မောင်း၍ထွက်လာခဲ့ပါသည် နောက်နေ့ကျမှ ပစ္စည်းတွေ သွားယူပြီး ဒွန်း အိမ်တော်သို့ပြန်တော့မည် ယနေ့တော့ ဗင်၏ အိမ်၌သာ အိပ်လိုက်တော့မည်ဆိုသောရည်ရွယ်ချက်ဖြင့်သာ
မွန်းအိမ်မပြန်ခင် မင်္ဂလာ ဝတ်စုံဆိုင်သို့ သွားကာ ဝတ်စုံကို မယူတော့သည့် အကြောင်းကို အသိသွားပေးရသေးသည်
*ကို အရမ်းပျော်လား မွန်းနာကျင်ရလို့လေ မွန်း မှာ ချစ်ရတဲ့သူဆိုလို့ ကိုပဲ ရှိတာ မွန်း လိမ်တာ ပိရိတယ် မဟုတ်ပါလား ကို သိပ်ချစ်ကြောင်းတွေကို မွန်းရင် ထဲမှာပဲ သိမ်းထားလိုက်ပါ့မယ် *
______________________
______________________
"ဒီယေဂို ငါနဲ့ အိပ်လေနော်"
"အိပ်မှာပါကွာ…ကိုယ်က မင်းနဲ့အိပ်မှာပါ"
"မင်းသိလား ဒီယေဂို ဟို ဦးကလေ ငါရဲ့ အတိတ်ကတုန်းက ချစ်သူတဲ့ ငါမေ့သွားတဲ့ အချိန်တွေတုန်းက ချစ်သူတဲ့"
"သူလိမ်နေတာမဖြစ်နိုင်ဘူးလား"
"မဖြစ်နိုင်ဘူးသိလား ဦးက အရင်တုန်းက ငါ့ကို တကယ်ချစ်မဲ့ ပုံပဲ"
"ကိုယ်ကကော…"
"မင်းက ငါ့သူငယ်ချင်းလေ…"
"အင်း ဒါဆိုအိပ်ရအောင်…"
"အင်း"
အိပ်ရန် အခန်းထဲဝင်စဉ်မှာပဲ အိမ်ရှေ့က ခေါ်သံတစ်ခု
"ဗင်…အေ့…ဗင်…ငါ…ငါ…လီ…လီယို"
ထိုအသံကြားလိုက်တာနဲ့ ဂျော်ဂျီ အောက်သို့ပြေးဆင်းသွားပြီး
"ဦး…ဦး ဘာလို့ ဒီလောက်တောင်မူးနေတာလဲ"
"အေ့…ဟေ့…ကလေး…ကလေးလား"
"ဟုတ်တယ် ကလေး…ဦးရဲ့ကလေး"
"ချစ်တယ်ကလေး……"
#ANNA BE WANNA
#LGBTQ
#BIY LIVE STORY
#NAZI & JEW
#OWN CREATION
1764WORS