ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်...

By phyolay1991

49.9K 6.1K 56

Hello ... မဂ်လာညချမ်းလေးပါ ချစ်တို့ရေ... New novel New Gp အချိန်လေးရောက်လာပြန်ပါပြီ ဒီခါတော့ မင်မင်က review... More

ကျောင်းမြက်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)
ကျောင်းမြက်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)
ကျောင်းမြက်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)
ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)

chapter 80
chapter 81
chapter 82
chapter 83
chapter 84
chapter 85
chapter 86
chapter 87
chapter 88
chapter 89
chapter 90
chapter 91
chapter 92
chapter 93
chapter 94
chapter 95
chapter 96
chapter 97
chapter 98

ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)

1K 123 1
By phyolay1991

Chapter 4

ကျင်းစစ်က သူပြောသည့်အဓိပ္ပါယ်ကို နားမလည်ဖြစ်နေသောကြောင့် စိတ်ထဲတွင် အထပ်ထပ်အခါခါ မေးခွန်းထုတ်နေမိသည်။ သူ စိတ်မရှည်ဖြစ်လာပြီး အေးတိအေးစက်မျက်နှာထားဖြင့် စကားမပြောနိုင်တော့ပေ။

ယင်းကျောင်းက သူ့ ဒူးကိုထိလိုက်ပြီး ပျင်းရိပျင်းတွဲဖြင့် ပြောလိုက်သည်။

" ငါ မင်းကိုမေးနေတယ် ပြောပြလေ..."

ကျင်းစစ်၏စိတ်ထဲတွင် ပြောလိုက်မိသည်။

ပြောတော့ရော ယုံမှာမို့လား...

အချိန်တရွေ့ရွေ့ကုန်လာသည်ကိုသိ၍ ကျင်းစစ်က ယင်းကျောင်းနှင့် အချိန်ဆက်လက်မကုန်ဆုံးလိုတော့၍  စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ပြောလိုက်သည်။

" ဒါဆို ဘာလုပ်ပေးစေချင်တာလဲ... ငါ ဘယ်လိုလုပ်မှ မင်းယုံမှာလဲ..."

ယင်းကျောင်းက သူ့ကို စိတ်မရှည်စွာဖြင့်ကြည်လိုက်ပြီး စိတ်ထဲတွင် တစ်မျိုးတစ်မည် ခံစားလိုက်ရသည်။

ယင်းကျောင်းက ကျောင်းဆရာဝန်ထံမှ စာရွက်တစ်ထပ်နှင့် ဘောပင်ကိုတောင်းကြီး ကျင်းစစ်ထံသို့ ပစ်ပေးလိုက်သည်။

" ငါ့ကို အာမခံချက် ရေးပေး..."

ကျင်းစစ် : " အဲ့လောက်ကြီး မလိုဘူးထင်တာပဲ..."

ယင်းကျောင်းက ပြုံးလိုက်သည်။

" မင်း ဒါမရေးလည်း ရတော့ရပါတယ်..."

ကျင်းစစ်က မျက်လုံးလှန်ပြီး သူ့နောက်ထပ်စကားလုံးများကို စောင့်နေလိုက်သည်။

ယင်းကျောင်းက သူ့ကိုပြုံး၍ ကြည့်နေသည်။

" အခုကစပြီး မင်း ဘယ်သွားတယ်၊ ဘယ်သူနဲ့စကားပြောတယ်၊ ဘာလုပ်တယ်ဆိုတာကို ငါ့ဆီသတင်းပို့ရမယ်...ဥပမာပြောရမယ်ဆို သန့်စင်ခန်းမသွားခင် အခန်းနံပါတ်တစ်ထဲဝင်မှာလား နှစ်ထဲဝင်မှာလားဆိုတာနဲ့ ဘယ်လောက်ကြာမယ်ဆိုတာကို ပြောရမယ်... အချိန်ကျော်သွားရင်လည်း ကျော်သွားရတဲ့ အကြောင်းပြချက်ကို ရှင်းပြရမယ်... အဲဒါမှ မင်း ဒီအကြောင်းကိုဖော်ဖို့ အခွင့်အရေး ရှာနေလား မရှာနေလား ဆန်းစစ်ကြည့်လို့ရမှာ..."

သူ ခဏရပ်လိုက်ပြီးနောက် ဆက်ပြောသည်။

" လိုအပ်လာရင် မင်းပြောတဲ့ အကြောင်းပြချက်တွေက ဆီလျော်လား မဆီလျော်လား ငါကိုယ်တိုင်စစ်ဆေးမယ်..."

ကျင်းစစ် သူ့ကို အံ့ဩတကြီးဖြင့် ကြည့်လိုက်မိသည်။

" ဘာဖြစ်လို့လဲ ညီလေး..."

ယင်းကျောင်းက သူ့ကိုပြုံးပြီး ကြည့်နေသည်။

" မင်း အရင်တုန်းကတော့ ငါ့ဆီရည်းစားစာတွေ တစ်စောင်ပြီးတစ်စောင်ရေးပြီးတော့ အခုကျမှ အာမခံစာလေးတစ်စောင်တောင် မရေးချင်ဘူးလား..."

သူ မျက်ဆံလှန်လိုက်သည်။

" ငါ မင်းအစား ရေးပေးရဦးမလား..."

ကျင်းစစ်က အသည်းအသန်တားလိုက်သည်။

" ကောင်းပါပြီ ငါရေးပါ့မယ်..."

ဘောပင်အဖုံးကို ဖွင့်ပြီးနောက် ယင်းကျောင်း အလိုရှိသည့်အချက်များအတိုင်း တစ်ခုချင်းစီ ရေးပေးလိုက်သည်။

ယင်းကျောင်းက စာကို တစ်ချက်ကြည့်လိုက်သည်။ အနီဖျော့ဖျော့စာရွက်ပေါ်မှ လူငယ်လေး၏ လက်ရေးက ထူးခြားပြောင်မြောက်လွန်းနေပြီး ရိုးစင်းကာ အလွန်အမင်း  လှပနေပေသည်။ သူ အလွန် အားထုတ်ထားပုံရသည်။

ယင်းကျောင်း၏ အကြည့်များ စူးရှသွားရသည်။

" ပြီးပြီ..."

ကျင်းစစ်က ဘောပင်ကိုချပြီး သူ့ထံသို့ စာရွက်ပေးလိုက်သည်။

" ဘာကိစ္စမှ မရှိတော့ဘူးဆိုရင် ငါသွားပြီ..."

ကျင်းစစ်က ဘောပင်ကို ဖြစ်သလိုပစ်ချလိုက်ခြင်းမဟုတ်ပဲ အဖုံးဖုံးကာ တည့်တည့်လေးဖြစ်အောင် စီထားလိုက်သည်ကို သတိပြုလိုက်မိသည်။

သူ ကျင်းစစ်ကို တွေးတွေးဆဆဖြင့် ကြည့်လိုက်ပြီးနောက် လက်ယမ်းပြကာ ထွက်သွားခိုင်းလိုက်သည်။

ကျင်းစစ် စိတ်အေးလက်အေးဖြင့် သက်ပြင်းချလိုက်ပြီးမှ ကျောင်းဆေးခန်းထဲမှ အမြန်ထွက်သွားလိုက်သည်။

ကျင်းကျောင်းက သူ့ကျောပြင်မှ အကြည့်လွှဲလိုက်ပြီးနောက် လက်ထဲမှ အာမခံချက်စာရွက်ကို ကြည့်နေသည်။

အချိန်များစွာ ကြာမြင့်ခဲ့သော်လည်း ကျင်းစစ် ယခင်က သူ့ကို ရည်းစားစာတစ်စောင်မှ ရေးပြီး ပေးပို့ခဲ့ခြင်း မရှိပေ။

.....

စီရင်စု၏အထက်တန်းကျောင်းဝင်းက အလွန်ကျယ်ဝန်းလှ၍ နှစ်ခြမ်းခွဲထားရပေသည်။

တစ်ခြမ်းက ပထမနှစ်ကျောင်းသားများအတွက် အသစ်ဆောက်လုပ်ထားသည့် အ‌ဆောက်အဦးအသစ်ဖြစ်ပြီး ဘေးနားတွင် ဒုတိယနှစ်ကျောင်းဆောင်တစ်ခုရှိသည်။ တစ်ဖက်အခြမ်းကမူ အခြေအနေအရပ်ရပ်ရှိသော တတိယနှစ်ကျောင်းသားများအတွက် အဆောင်နှင့် ခြံဝင်းဖြစ်သည်။

ကျင်းစစ်က နှစ်ခြမ်းလုံးကို ပတ်သွားပြီးမှ ကျောင်းဂိတ်ဝကို ရှာတွေ့သွားသည်။

ကျောင်းအပြင်ဘက်တွင် ဆိုင်ငယ်လေးပေါင်းများစွာရှိပြီး ပြည့်သိပ်နေသည်။ ကျင်းစစ် တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် ဆံပင်ညှပ်ဆိုင်အနည်းငယ်ကို မြင်လိုက်ရသည်။ သူ ဆိုင်းဘုတ်ကိုကြည့်ပြီးနောက် အတွင်းသို့ ဝင်သွားသည်။

ယခုက အတန်းချိန်ဖြစ်၍ ဆိုင်ထဲတွင် ဖောက်သည်မရှိပေ။ သူ့ကိုမြင်သည့်အခါ ဆံသဆရာအစ်ကိုကြီးက ချက်ချင်းထနှုတ်ဆက်ပြီး ဆံပင်ညှပ်မည်လား၊ ဆေးပြန်ဆိုးမည်လားဟု မေးလာသည်။

ကျင်းစစ်က သူ့ခေါင်းကို လက်ညှိုးထိုးပြလိုက်သည်။

" ခပ်တိုတိုညှပ်ပြီး အနက်ရောင်ပြန်ဆိုးမယ်ဆို ဘယ်လောက်ကျလဲမသိဘူး..."

ကျင်းစစ်၏ပြောစကားကိုကြားသည်နှင့် ဆရာတစ်ယောက်က သူ့ကိုလွှတ်လိုက်ကြောင်းကို ကျောင်းအနီးတစ်ဝိုက်မှ ဆိုင်များအားလုံး သိကြမည်ဖြစ်သည်။ ဆံသဆရာက မအံ့ဩသွားပဲ ပြုံးပြလိုက်သည်။

" ဆံပင်ညှပ်ပြီး အရောင်ပြန်ဆိုးမယ်ဆို  ၉၈ယွမ်၊ ၁၉၈ယွမ်နဲ့ ၂၉၈ယွမ်စီ အမျိုးမျိုးရှိပါတယ်..."

ကျင်းစစ်က မစဉ်းစားတော့ပေ။

" ကျွန်တော့်ကို ၉၈ယွမ်ပဲ လုပ်ပေးပါ..."

ဆံသဆရာက သူ့ကိုဖျောင်းဖျရန် ကြိုးပမ်းသည်။

" ၉၈မသုံးနဲ့ ၁၉၈နဲ့လုပ်လိုက်... ၉၈ယွမ်က ဆေးတွေက မင်းဆံပင်အတွက် မကောင်းဘူး... မင်းဆံပင်လေးက ချောမွတ်နေတာပဲ... ဆေးဆိုးရင်း ပျက်စီးသွားရင် နှမျောစရာကြီး..."

ကျင်းစစ်က စိတ်မယိုင်ပဲ အခိုင်အမာပြောသည်။

" ကျွန်တော် ၉၈ယွမ်ပဲလုပ်မယ်..."

ဘယ်လိုပဲဖြစ်ဖြစ် သူ့ဆံပင် တကယ်ပျက်စီးသွားမယ်ဆို ပိုတိုသွားအောင်ညှပ်လိုက်ရင်ရတာပဲ စင်တီမီတာ နည်းနည်းလောက်လေးကို...

" ကောင်းပါပြီ..."

ဆံသဆရာက  ခါးစည်းစည်းလိုက်ပြီး မှန်ထဲကိုကြည့်၍ ပြောသည်။

" ‌ဒီက ကောင်ချောလေးက ဘယ်လိုဆံပင်ပုံစံမျိုး ညှပ်ချင်တာလဲ..."

ကျင်းစစ်က ထိုအကြောင်းများကို နားမလည်သူဖြစ်၍  အေးအေးလူလူပင် ပြောလိုက်သည်။

" အဆင်ပြေသလိုပဲ ညှပ်ပေးပါ... ကျွန်တော့်ဆရာက စည်းကမ်းမဖောက်ဘူးလို့ ထင်လောက်တဲ့ ပုံစံမျိုးပေါ့..."

ဆံသဆရာက ရယ်လိုက်သည်။

" ကောင်းပါပြီ အစ်ကို အဆင်ပြေသလို ကြည့်ညှပ်ပေးမယ်..."

ယျေဘုယျအားဖြင့် ပြောရမည်ဆိုလျှင် အထက်တန်းတွင် ဤကဲ့သို့သော ဆံပင်ဆေးဆိုးထားသည့် ကျောင်းသားများက ပြဿနာရှာသူများဖြစ်ပြီး သူတို့ဆံပင်ပုံစံကို ဘဝထက်ပို အလေးထားသူများဖြစ်ကြသည်။ ဤကဲ့သို့လူမျိုးကိုမူ သူ ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သည်။

ဒါပေမဲ့...

ဆံသဆရာက မှန်ထဲကိုကြည့်ပြီး စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။

ဒီလိုမျက်နှာလေးနဲ့ လူတွေက ဆံပင်ပုံစံကို ဂရုစိုက်သင့်တာကို... သူလို မျက်နှာကျနဲ့ မျက်နှာအစိတ်အပိုင်းတွေတဲ့ဆိုရင် ကတုံးတုံးထားရင်တောင် ချစ်စရာကောင်းမယ့်ပုံလေး...

ဆံသဆရာက အလွန်အလေးအနက်ထားစွာ ညှပ်ပေးနေသည်။ ဆရာ၏သဘောအတိုင်း ကျင်းစစ်၏ အဝါရောင်ဆံပင်အများစုကိုညှပ်ပေးလိုက်ပြီး နားသယ်စပ်တွင်သာ အနည်းငယ်ချန်ထားလိုက်၍ အလွန်သပ်ရပ်သန့်ရှင်းသော ဆံပင်ပုံစံဖြစ်သွားသည်။

ဆံပင်ဆေးပြန်ဆိုးပြီးနောက် ‌dryerမှုတ်ပေးပြီးချိန်တွင် ကျင်းစစ်၏ဆံပင်က သန့်ရှင်းသွားသည်။ ဆံသဆရာက မှန်ထဲမှပုံရိပ်ကိုကြည့်ပြီး မနာလိုဖြစ်နေမိသည်။

ဆိုးထားသောအနက်ရောင်ဆံပင်က မှင်ကဲ့သို့ အလွန်ထူလှပြီး သာမန်လူများနှင့်ဆိုပါက တစ်မျိုးတစ်မည်ဖြစ်နေနိုင်သော်လည်း ကျင်းစစ်နှင့် အလွန်သဟဇာတဖြစ်နေသည်။

သူ့မျက်နှာချောချောလေးက မည်သည့်ပုံစံနှင့်မဆို လိုက်ဖက်နေသည်။

ကျင်းစစ်က သူ့ပုံစံအသစ်ကို အနီးကပ် မကြည့်မိပေ။ မှန်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့ဆံပင်က မည်းနက်ပြီးတိုသွားကာ သာမန်လူနှင့် တူသွားကြောင်း သိလိုက်ရ၍ငွေရှင်းပြီး ဆိုင်ထဲမှ ထွက်လာသည်။

အချိန်က ညနေ ၇နာရီထိုးလုနီးပင်ဖြစ်သည်။ ကျင်းစစ်က ဝက်သားထမင်းဘူးတစ်ဘူးကို ၈ယွမ်ဖြင့် ဝယ်ခဲ့ပြီးနောက် အမြန်စားပြီး  ကျောင်းသို့ပြန်လာခဲ့သည်။ သူ ပြန်လာချိန်က ပထမဆုံးကိုယ်ပိုင်စာကြည့်ချိန်နှင့် ကွက်တိဖြစ်သည်။

စီရင်စုအထက်တန်းကျောင်းက  သိပ္ပံဘာသာရပ်ကို စာပေထက် အလေးထားခြင်းဖြစ်၍ သိပ္ပံအတန်း ၁၂တန်းရှိသည်။ ၎င်းတို့အထဲတွင် အတန်း၁နှင့် အတန်း၂က အထူးတန်းများဖြစ်ပြီး အတန်း၃မှ ၆အထိက အရေးကြီးအတန်းများဖြစ်ကာ ကျန်ရှိနေသော၆ခန်းက အပြိုင်အတန်းများဖြစ်သည်။

လူမှုရေးအနုပညာအတန်းတွင်မူ သိပ္ပံအတန်းထက်ပို၍ အထူးတန်း တစ်တန်း၊ အရေးကြီးအတန်း ၂တန်းပိုနည်းသည်။ သို့ဖြစ်၍ ဤတစ်နှစ်လုံးအတွက် အတန်းက ၂၁တန်းရှိသည်။

အတန်းပေါင်းများစွာနှင့် ဆရာပေါင်းများစွာဖြစ်နေ၍ ရုံးခန်းများတွင်လည်း မဆန့်တော့ပေ။ ကျောင်းကာအဆောင်အသစ် ထပ်ဆောက်လိုက်သောကြောင့်သာ နေရာအလုံအလောက်ရသွားပြီး အနုပညာတန်းနှင့် သိပ္ပံတန်းမှဆရာများကို ခွဲခြား၍ရသွားသည်။

ကျင်းစစ်က တတိယထပ်မှ သိပ္ပံရုံးခန်းရှေ့သို့ရောက်လာသည်။ သူ ကော်ရစ်ဒါတွင်ရပ်နေစဉ် ရုံးခန်းနှင့်အနီးဆုံးအတန်းက သိပ္ပံအထူးတန်း ၂ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။

အတန်းဖြင့် ခွဲခြားထားခြင်းဖြစ်၍ အတန်း ၂နှင့် အတန်း ၇က တစ်ထပ်တည်းတွင် ရှိမည်ဟု တွေးလိုက်မိသည်။

သူ့အတွေးက မှန်သွားခဲ့သည်။ အတန်း ၇က တတိယထပ်အလယ်တွင် ရှိပေသည်။

အတန်း ၁မှ ၈အထိကို စီထားခြင်းဖြစ်၍ အတန်း ၈၏ဘေးတွင် အတန်း ၇ကို တန်းတွေ့သွားခြင်းဖြစ်သည်။

စီရင်စုအထက်တန်းကြောင်း၏ ပညာသင်ကြားရေးပုံစံကြောင့် အပြိုင်အတန်းမီ ကြုံရာလူတစ်ယောက်ကို စာမေးပွဲဖြေခိုင်းလျှင်ပင် တက္ကသိုလ်တစ်ခုကို အသာလေးရောက်နိုင်သည်။

ဤအတန်း၇တွင်မူ ပန်းချီကားချပ်ပုံစံများက ရုတ်ချည်းပြောင်းလဲသွားသည်။

အခြားအတန်းများနှင့် မတူသည်မှာ အတန်း၇မှ ကျောင်းသားအများစုက နောက်ခံကောင်းသူများဖြစ်ပြီး ပညာသင်ကြားရေးကို အလေးအနက်ထား မတွေးတောကြပေ။

သို့ဖြစ်၍ အခြားသောအတန်းများက ကြိုးကြိုးစားစား စာလေ့လာနေကြစဉ်တွင် အတန်း၇က မြင်းရိုင်းတစ်ကောင်သဖွယ်ဖြစ်နေသည်။ အတန်းထဲတွင်လည်း ဆူညံပွက်လောရိုက်ပြီး စည်ကားလွန်းနေသည်။

အတန်းထဲတွင် ဟယ်ကျိုးက မတ်တပ်ရပ်နေပြီး " ကောလိပ်ဝင်ခွင့်စာမေးပွဲ ၅နှစ်နှင့် ၃နှစ် အယောင်ဆောင်ခြင်း" ဟူသောစာအုပ်ကို ကိုင်ထားကာ တစ်ဖက်ကိုလှည့်ပြီး ဆဲရေးလိုက်သည်။

" Sh*t လီရှစ်က တကယ်ကို ခိုးကြောင်ခိုးဝှက် လုပ်တတ်တဲ့ကောင်ပဲ သူက အစ်ကိုကျောင်းကိုမှ ပြဿနာသွားရှာရတယ်လို့..."

ကျန့်ချွယ်က ဖုန်းဖြင့်ဂိမ်းကစားနေလျက် အထင်အမြင်သေးစွာ ပြောလိုက်သည်။

" အဲ့တော့ဘာဖြစ်လဲ အဲဒါ အစ်ကိုကျောင်းရဲ့အပြစ်မှ မဟုတ်တာ..."

ဟယ်ကျိုး : " ရလဒ်ကို ငါဂရုစိုက်နေလို့လား... ဖြစ်စဉ်ကိုပြောတာ... ဒီလိုဖြစ်သွားတာက စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလွန်းတယ်... မင်း သဘောမပေါက်နိုင်ဘူးလား..."

ထို့နောက် သူ့ဘေးနားမှ ဖမ်ချန်းချန်းကို လှမ်းဆွဲသည်။

" မင်းရော သဘောတူလား ချန်းချန်း..."

ဖမ်ချန်းချန်းက မှုန်ကုပ်ကုပ်ဖြင့် ပြန်ဖြေသည်။

" မင်း ချန်းချန်းလို့ နောက်တစ်ကြိမ် ထပ်ခေါ်ကြည့်စမ်း..."

ဟယ်ကျိုးက လက်မြှောက်ပြီး အရှုံးပေးသည့်အမူအရာ ပြုလုပ်လိုက်သည်။

" လျှာခလုတ်တိုက်သွားတာပါ မှားပြောမိတာ... ငါတို့က လီရှစ်အကြောင်းပြောနေကြတာလေ... လောင်ဖမ် မင်းရဲ့အာရုံတွေက ဘယ်ရောက်နေတာလဲ... မင်းရဲ့ ပတ်ဝန်းကျင်ကို စူးစမ်းမှုက နိမ့်လွန်းနေတယ်..."

ဖမ်ချန်းချန်းက သူ့ကိုစိုက်ကြည့်လိုက်သည်။

" မင်းထက်တော့မြင့်တယ်..."

ဟယ်ကျိုးက အရပ်ပုပုနှင့် ဝဝဖိုင့်ဖိုင့်ဖြစ်၍ ဖမ်ချန်းချန်းပြောသည်က သူ့ချက်ကောင်းကို ထိသွားသည်။

ဟယ်ကျိုး ဒေါသထွက်သွားသည်။ သူ ထခုန်ပြီး ဖမ်ချန်းချန်းကို ထိုးပစ်ရန် ပြင်လိုက်သည်။ ကျန်းချွယ်က ဂိမ်းဆော့လက်စဖုန်းကိုချပြီး သူ့ကိုတားလိုက်သည်။

" ဘာလဲ ဘာထလုပ်တာတုန်း... အစ်ကိုကျောင်းနဲ့လီရှစ်အကြောင်း ပြောနေတာ မဟုတ်ဘူးလား..."

ယင်းကျောင်းက သူ့လက်ထဲတွင် စာရွက်ကို လေးထောင့်ပုံခေါက်ပြီး ဆော့ကစားနေသည်။ သူတို့စကားကို ကြားသည့်အခါ စာရွက်ကိုဖွင့်ပြီး ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလည်း မပြောသွားဘူး..."

ဟယ်ကျိုးက သူ့ပါးစပ်ကိုအုပ်ထားပြီး ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။

" ဘာဖြစ်လို့လဲ အစ်ကိုကျောင်း... ဘာတွေတွေးနေတာလဲ..."

ယင်းကျောင်းက သူ့ကို တွေးတွေးဆဆကြည့်လိုက်သည်။

" မနက်က လောင်လျှိုသိမ်းသွားတဲ့ဂိမ်းအကြောင်း တွေးနေတာပါ..."

ဟယ်ကျိုး၏အပြုံးက နောက်ဆုံးတွင် ပျောက်ကွယ်သွားပြီး ယင်ကျောင်းကိုလက်ညှိုးထိုးကာ ဒေါသတကြီးပြောလိုက်သည်။

" အစ်ကိုကြီး ဘာလို့ကျွန်တော့်ကို ရန်စနေတာလဲ..."

ယင်းကျောင်းက နံရံတွင်ပြန်မှီလိုက်ပြီး နှုတ်ခမ်းများကော့ညွတ်ကာ ပြုံးပြလိုက်သည်။

" အင်း ဒါဆိုလည်း တခြားတစ်ခု နားထောင်မလား..."

ဟယ်ကျိုး မတ်တပ်ထရပ်လာပြီး ယင်းကျောင်းရှိရာကို လျှောက်လာသည်။

ထိုအချိန်တွင် အခန်းတံခါးက ရုတ်တရက် ပွင့်သွားသည်။ ဟယ်ကျိုး ကြောက်လန့်လွန်း၍ တစ်ကိုယ်လုံးတုန်ယင်နေသည်။ ပြန်လှည့်ရန် နောက်ကျသွားပြီဖြစ်သည်။ သူ အလျင်စလိုဖြင့် ကျန့်ချွယ်ကို လေးလေးနက်နက် ပြောလိုက်သည်။

" လောင်ကျန့် ငါ့ဘောပင်ပျောက်နေပြီ ကူရှာပေးပါဦး..."

အချိန်အတန်ကြာသည်အထိ မည်သူကမှ ပြန်မဖြေပေ။ ဟယ်ကျိုး ဒေါသထွက်လွန်း၍ စိတ်ထဲတွင် ကျိန်ဆဲမိပြိး အသံမြှင့်ပြောလိုက်သည်။

" လောင်ကျန့်ရေ..."

ကျန့်ချွယ်က သူ့ကိုလျစ်လျူရှု့ထားပြီး အရှေ့ကိုသာ တွေတွေကြီးစိုက်ကြည့်နေလျက် ရေရွတ်လိုက်သည်။

" ပြောပါဦး ငါ့ဆံပင်ကိုလည်း အဲ့ပုံစံညှပ်လိုက်မယ်‌ဆို သက်ရောက်မှုက အတူတူဖြစ်လောက်လား..."

အခန်းထဲဝင်လာသည်က ဆရာလျှိုမဟုတ်ပဲ ကျင်းစစ်ဖြစ်နေခဲ့သည်။

သူက ဆံပင်ကို အနက်ရောင်ပြန်ဆိုးလိုက်ပြီး သေသေသပ်သပ်ညှပ်ထား၍ ကြည့်ကောင်းသောမျက်နှာလေးကို မြင်လိုက်ကြရသည်။ သူ့ကျောကို အနည်းငယ်ကိုင်းထားပြီး အရှေ့မှ စတိတ်စင်နားတွင် ကျောင်းမြက်ခင်းစိမ်းလေးသဖွယ် ရပ်နေသည်။

ဟယ်ကျိုးကခေါင်းလှည့်လာပြီး အလွန်ထိတ်လန့်သွားဟန်ဖြင့် အမှန်တရားကို ပြောလိုက်သည်။

" မတူလောက်ဘူး လောင်ကျန့်ရဲ့ မင်း အသိစိတ်ဝင်စမ်းပါ... ‌ဒီလိုသက်ရောက်မှုမျိုးလိုချင်ရင် မင်းခေါင်းကိုပါ လဲပစ်ရမှာ..."

အတန်း၇ထဲမှ အခြားကျောင်းသားများလည်း ထိတ်လန့်သွားကြသည်။ ခဏတာတိတ်ဆိတ်နေပြီးသည့်နောက်တွင် တစ်ခန်းလုံးက အုတ်အုတ်ကျက်ကျက်ဖြင့ ဆူညံပွက်လောရိုက်သွားသည်။

" Fxxk အဲဒါကျင်းစစ်လား... သူ ဘာလို့ ရုတ်တရက်ကြီး အရမ်းချောပြီး အရမ်းအသက်ဝင်တဲ့ပုံ ဖြစ်သွားရတာလဲ..."

" ကျင်းစစ်က အဲ့လောက်တောင်ချောတာပဲလား..."

ကျင်းစစ်အကြောင်း မသိတဲ့သူ အတန်း၇မှာ ဘယ်သူရှိလို့လဲ... သူက တစ်နေကုန်  ယင်းကျောင်းကို လိုက်ကပ်ဖို့ အခွင့်အရေးစောင့်နေတဲ့သူလေ... ယင်းကျောင်းရဲ့ သူငယ်ချင်းတွေဆိုရင် ခါးကိုင်းပြီး ခေါင်းညိတ်နှုတ်ဆက်ပြီးတော့ တခြားလူတွေဆိုရင်တော့ အမြဲမှုပ်ကုပ်ကုပ်နဲ့ ကြည့်နေတာပဲ... တစ်ယောက်ယောက်က သူ့ကိုမတော်တဆထိမိရင်တောင် အကြာကြီး ဆဲဆိုနေတာလေ...

သို့ရာတွင် ယခုအချိန်၌ သူ့ခန္ဓာကိုယ်ပေါ်မှ ပျက်စီးစေသောစွမ်းအင်နှင့် လေးလံသည့်ယင်ဓာတ်အော်ရာက ပျောက်ဆုံးသွားပြီး အေးတိအေးစက်ဖြင့် လန်းဆန်းနေကာ အလွန်ချောမောနေသည်။

" Fxxk fxxk.. အဲ့မျက်လုံးတွေထဲက အကြည့်တွေကို ငါအတည်ပြုလိုက်ပြီ... ငါလည်း မနက်ဖြန် အဲ့ပုံသွားညှပ်မယ်..."

" ငါ့ကိုယ်ငါ အိမ်မက်မက်နေတယ်လို့တောင် ထင်လိုက်မိတာ..."

……

ကျင်းစစ်က သူ့အတန်းဖော်များ ဆွေးနွေးနေသည်ကို အာရုံမစိုက်ပေ။ သူက မူလပိုင်ရှင်၏ထိုင်ခုံနေရာကို မည်သို့ရှာရမည်ကိုသာ စိုးရိမ်နေသည်။

အကယ်၍အတန်းထဲတွင် နေရာလွတ်ရှိပါက သူ့နေရာဖြစ်မည်ဟု တွေးလိုက်သော်လည်း သူ့အတွေးများက ရိုးစင်းလွန်းနေခဲ့သည်။ အတန်း၇၏ ညနေခင်း ကိုယ်ပိုင်စာကြည့်ချိန်တွင် ထိုင်ခုံနေရာများစွာ လွတ်နေပေသည်။

ကျင်းစစ်က ရွေးချယ်မှုမရှိတော့ပဲ အမူအရာမဲ့စွာဖြင့်ရပ်နေကာ သဲလွန်စရရန် ကြိုးပမ်းလိုက်သည်။

" မဟုတ်သေးပါဘူး... သူက အဲ့နေရာမှာ ဘာရပ်လုပ်နေတာလဲ... သူ့ဆံပင်ပုံစံအသစ်ကို ကြွားနေတာလား..."

ဟယ်ကျိုးက တအံ့တဩပြောလိုက်သည်။

ကျန့်ချွယ်က မေးလိုက်သည်။

" အစ်ကိုကျောင်းကို တမင်သက်သက်ပြနေတာများလား..."

စကားအနည်းဆုံးဖြစ်သည့် ဖမ်ချန်းချန်းကပင် ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။

ယင်းကျောင်းက ပြုံးရုံသာပြုံးလိုက်ပြီး အေးစက်စက်မျက်နှာထားအောက်မှ ရှက်နေသည့်အမူအရာလေးကို ခဏကြည့်နေလိုက်သည်။

ကျင်းစစ်က တစ်ခန်းလုံးကို ကြည့်ရှု့နေချိန်တွင် သူ့ရှေ့မှ နေရာလွတ်တစ်ခုကို တမင်တကာမဟုတ်ပုံဖြင့် လက်ညှိုးထိုးပြလိုက်သည်။

ကျင်းစစ် သက်ပြင်းရှည်ကြီးချလိုက်ပြီး ကျေးဇူးတင်မိသွားသည်။ စင်ပေါ်မှ ဆင်းလာပြီးနောက် ထိုနေရာသို့တည့်တည့်သွားပြီး ထိုင်ချလိုက်သည်။

ဟယ်ကျိုးက ပါးစပ်အဟောင်းသားဖြစ်သွားပြီး ထူးဆန်းနေသောမျက်နှာပေးဖြင့် အော်ပြောလိုက်သည်။

" ကျင်းစစ် မင်းနေရာမင်းမသွားပဲ ဘာလို့ သူများနေရာ လာထိုင်နေတာလဲ..."

ကျင်းစစ် တစ်ကိုယ်လုံးတောင့်တင်းသွားပြီး ယင်းကျောင်းကို မယုံကြည်နိုင်စွာဖြင့် ‌လှည့်ကြည့်လိုက်သည်။

ယင်းကျောင်း၏နှုတ်ခမ်းထောင့်စွန်းများက ကွေးညွတ်သွားကာ ခေါင်းငိုက်စိုက်ချပြီး အားပါးတရ ရယ်လိုက်သည်။

ဒီနှာဘူးလေးက တကယ်ကို စိတ်ဝင်စားစရာကောင်းပြီး ရယ်ရတာပဲ...

Xxxxx

Continue Reading

You'll Also Like

246K 23.9K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
265K 6.4K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
252K 37.8K 64
This is a translation novel. Author permission not yet sought but I have to translate because I like it very much. So I apologize to the original a...
1.3M 46.8K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd