Daomu Biji (Myanmar Translati...

By lowkey_not_Loki

8.2K 764 112

Description ရာစုနှစ်များစွာ သင်္ချိုင်းဖောက်သူခိုးဖြစ်ခဲ့ကြသော မိသားစုလုပ်ငန်းကို အမွေဆက်ခံခဲ့သည့် ဝူရှဲ့ဟုအမ... More

Summary
1(ခုနစ်စဉ်ကြယ်လုနန်းတော်)
2
3
4
5
Character မိတ်ဆက်
Character မိတ္ဆက္
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30(ဒေါသပင်လယ်မှ ပုန်းကွယ်နေသောသဲများ)
31
32
33

6

157 21 3
By lowkey_not_Loki

#Unicode
အခန်း(၆)
အလောင်းပစ်တဲ့မြေနေရာ
<<<<<

ငါတို့တွေလှေကို ရပ်လိုက်ကြတယ်။ ဒါက ရေအောက်ဥမင်တစ်ခုလုံးမှာ အန္တရာယ်အကြီးဆုံးနေရာဖြစ်နိုင်တာကြောင့် မပြင်ဆင်ရသေးဘဲ ပြေးဝင်သွားလို့ မရဘူးလေ။ ဦးလေးသုံးက သူ့လက်ပတ်နာရီကိုကြည့်ပြီး ပြောလိုက်တယ်။
"ဒီ အလောင်းဥမင်က အဝင်လွယ်ပေမဲ့ အထွက်ခက်တဲ့နေရာမျိုးပဲ... ငါ သင်္ချိုင်းဖောက်သူခိုးလုပ်ခဲ့တာ နှစ်ပေါင်းများစွာကြာနေပြီဆိုပေမဲ့ အခုမှ ဒီလိုနေရာမျိုးကို ပထမဆုံးဝင်ဖူးတာပဲ... ဒီဥမင်ထဲမှာ အတော်ကြီးထူးဆန်းတဲ့ အရာတစ်ခုရှိနေလောက်တယ်လို့ ငါထင်မိတယ်!"

ဖန်ကျစ်က အသံတိုးတိုးကဖြတ်ပြောလိုက်တယ်။
"လခွမ်းလိုပဲ... အဲ့ဒါတွေမပြောပဲ ဝင်လည်းရပါတယ်ဟ.."

ဦးလေးသုံးက သူ့ကိုမျက်စောင်းထိုးလိုက်ပြီး ဆက်ပြောလိုက်တယ်။
"ဒါပေမဲ့ ငါတို့ကြားခဲ့သမျှက လူအိုကြီးဘက်ကပြောတဲ့ ဇာတ်လမ်းတွေပဲ... ဒီဥမင်က လှေသမားတစ်ယောက်ပဲဝင်လို့ရတာ ဟုတ်မဟုတ် ငါတို့မသိကြဘူး... ဒီဥမင်ကသာ တကယ်ကြီး အလောင်းဥမင်ဖြစ်နေခဲ့ရင်...."
သူ ဖိပြောလိုက်တယ်။
"အရှေ့မှာ အန္တရာယ်တွေရှိနေမှာပဲ...ငါတို့ဘာတွေကြုံတွေ့ရမှာလဲဆိုတာ ငါတို့ကိုယ်တိုင်လည်းမသိကြဘူး... လှေကဘယ်ကို ဆက်သွားနေလဲဆိုတာ မသိတာကြောင့် ဒါက တစ္ဆေနံရံကိုဝင်တိုးတဲ့(1) အခြေအနေမျိုးလည်း ဖြစ်နေနိုင်တယ်... ဒါမှမဟုတ် ရေသရဲတွေ ရာကျော်က ငါတို့လှေကို ပြောင်းပြန်လှန်လိုက်မှာလည်း ဖြစ်နိုင်တာပဲ..."

တကွေ့က ပင့်သက်ရှိုက်မိသွားတယ်။
"မဖြစ်နိုင်တာ...."

"အတိုချုံးပြောရရင် ဘာမဆိုဖြစ်သွားနိုင်တယ်... ငါတို့တွေ သင်္ချိုင်းထဲမရောက်သေးတာတောင် အန္တရာယ်တွေအများကြီးနဲ့ ရင်ဆိုင်ခဲ့ရတာက တကယ့်ကိုကံဆိုးခဲ့တာပဲ... ဒါပေမဲ့ သင်္ချိုင်းဖောက်မယ်ဆိုမှတော့ သရဲတစ္ဆေတွေကို ကြောက်နေလို့တော့မဖြစ်ဘူးလေ.. သရဲတစ္ဆေကြောက်နေရင် သင်္ချိုင်းဖောက်သူခိုးမဖြစ်လာနိုင်ဘူး... ငါတို့တွေက ဒီလိုအလုပ်ကိုလုပ်နေတယ်ဆိုမှတော့ ထူးဆန်းတဲ့ဖြစ်ရပ်တွေ မကြုံရဘူးဆိုတာကမှ အဓိပ္ပါယ်မရှိတာပဲ..."
ဦးလေးသုံးက ဖန်ကျစ်ကို သူ့အိတ်ထဲကနေ နှစ်လုံးပြူးသေနတ်ကိုထုတ်ခိုင်းလိုက်တယ်။
"ဒါပေမဲ့ အခု ငါတို့လက်ထဲမှာ အရင်ခေတ်တုန်းက သုံးခဲ့တဲ့ ပစ္စည်းပစ္စယတွေထက် ပိုပြီးအသုံးဝင်သလို တစ်ပန်းသာနေတဲ့ နည်းပညာမြင့်လက်နက်တွေရှိနေတယ်... ဒီနေရာမှာ ရေသရဲတွေ တကယ်ရှိနေတယ် ဆိုရင်တောင်မှ ဒါတွေရှိနေရင် သူတို့အတွက် ကံဆိုးတာပဲ!"

တကွေ့တစ်ယောက် ကြောက်လွန်းလို့ တုန်နေဆဲဖြစ်တာကြောင့် ဦးလေးသုံးကိုပြောလိုက်မိတယ်။
"ဦးလေးရဲ့ စိတ်ခွန်အားပေးမိန့်ခွန်းကြီးက သရဲပုံပြင်နဲ့ ဘာလို့များတူနေရတာလဲ? ဦးလေးပြောလိုက်တာက အကျိုးသက်ရောက်မှုက ပြောင်းပြန်ဖြစ်နေတယ်နော်..."

ဦးလေးသုံးက သေနတ်မောင်းတင်လိုက်တယ်။
"ဒီကောင်က ဒီတစ်ခေါက် ငါ့မျက်နှာကို အိုးမဲသုတ်နေတာပဲ... သူ့ကို အခုလောက်ကြီး အသုံးမကျလိမ့်မယ်လို့ မထင်ထားမိဘူး... ဒီငတုံးကောင်က မသွားခင်တုန်းကတော့ သူ့ကိုယ်သူ နိအိုး(2) တစ်ယောက်လိုကို ထောင်လွှားနေတာ... "
ဦးလေးသုံးက မျက်နှာသေကို သေနတ်ကမ်းပေးပြီး ပြောလိုက်တယ်။
"စုစုပေါင်းနှစ်ချက်ပစ်ပြီးရင် ကျည်ပြန်ဖြည့်ရမယ်... ဒါတွေအကုန်လုံးက ကျည်ခဲစေ့လေးတွေဆိုတော့ အဝေးပစ်ရင် လုံးဝအားမထွက်ဘူး... မပစ်ခင် သေချာချိန်ထားတယ်ဆိုတာ သေချာပါစေ..."

ငါကိုယ်တိုင်လည်း နှစ်လုံးပြူးသေနတ်နဲ့ အရမ်းကိုအကျွမ်းတဝင်ရှိပြီး ငယ်ငယ်က သေနတ်ပစ်ပြိုင်ပွဲတွေမှာတောင် ဆုတွေရဖူးတယ်ဆိုတော့ သေနတ်တစ်လက်ကောက်ကိုင်လိုက်တယ်လေ။ ဦးလေးသုံးနဲ့ တကွေ့က လက်တစ်ဖက်မှာ ဓားကိုင်ရင်း နောက်လက်တစ်ဖက်က ခေါက်လို့ရတဲ့တူရွင်းတွေကို ဥမင်နံရံကို ထိုးကန်ရင်း လှေကိုရွေ့အောင်လုပ်နေကြတယ်။ ဖန်ကျစ်ရယ်မျက်နှာသေရယ် ငါရယ်ကတော့ အစိမ်းရောင်မီးစုန်းတွေနဲ့ လွှမ်းခြုံနေတဲ့ အလောင်းပစ်တဲ့ မြေနေရာဆီကို တဖြေးဖြေးရွေ့သွားလိုက်တယ်။

မိုင်းတွင်းသုံးမီးအိမ်လေးရဲ့ မှိန်ဖျဖျအလင်းရောင်အောက်မှာ ဥမင်က ပိုပိုကြီးလာပြီး အစိမ်းရောင်မီးတွေကလည်း နီးသည်ထက်နီးလာတာကို မြင်လိုက်ရတယ်။ တစ်ဖက်က မျက်နှာသေက နိုင်ငံခြားဘာသာစကားတစ်ခု ပြောလိုက်တာကို ကြားလိုက်ရပြီး ဖန်ကျစ်တစ်ယောက် အဆဲမိုးတွေစရွာနေတာကို ကြားလိုက်ရတယ်။ အဲ့ဒီ့နောက်မှာတော့ ဒီတစ်သက်လုံးဝမမေ့နိုင်တဲ့ မြင်ကွင်းတစ်ခုကိုမြင်လိုက်ရတော့တယ်။

အစိမ်းရောင်မီးတွေ ရှိနေတဲ့နေရာကိုရောက်တော့ ဥမင်က ရုတ်တရက်ကြီး ဧရာမလိုဏ်ဂူကြီးတစ်ခုဖြစ်လာပြီး ရေစီးကြောင်းကလည်း မြစ်တစ်ခုလိုဖြစ်လာခဲ့တယ်။ ရေစီးကြောင်းရဲ့ ရေတိမ်တဲ့ ဘေးနှစ်ဖက်လုံးမှာ လူလားတိရိစ္ဆာန်လား ကွဲကွဲပြားပြားမပြောနိုင်တဲ့ ပုပ်သိုးဆွေးမြေ့နေတဲ့ အစိမ်းရောင်အရိုးစုတွေပြည့်နေလေတယ်။ ဂူရဲ့အတွင်းဆုံးအပိုင်းမှာ တစ်စုံတစ်ယောက်က တမင်တကာ ထပ်တင်ထားတဲ့ပုံပေါက်နေတဲ့ အရိုးစုပုံကြီးတစ်ခုကိုပါ မြင်လိုက်ရတယ်။ ဒါပေမဲ့ အဖျားပိုင်းက အရိုးစုတွေကတော့ ရှုပ်ယှက်ခတ်နေတယ်။ အထူးသဖြင့် မြစ်ကမ်းစပ်နားက အရိုးစုတွေဆို ပိုဆိုးနေတယ်။ အရိုးစုတွေက ပုံစံမျိုးစုံနဲ့ လဲလျောင်းနေကြပြီး အလောင်းအချို့ဆို လုံးလုံးလျားလျားကြီး ပုပ်သိုးနေတာမရှိသေးဘူး။

မထင်ထားမိတာကတော့ အလောင်းတွေအားလုံးကို အညိုရောင်အရာတွေနဲ့ဖုံးလွှမ်းနေပြီး ပလတ်စတစ်နဲ့တင်းတင်းကြပ်ကြပ် အထုပ်ခံထားတဲ့ပုံပေါက်နေတယ်။ အချို့အလောင်းတွေထဲကနေ အလောင်းစားကောင်ကြီးတွေက လှစ်ကနဲနေအောင် ထွက်လာနေကြတယ်။ သူတို့တွေက ငါတို့လှေပေါ်မှာရှိတဲ့ အကောင်ထက် အတော်လေးပိုသေးကြပေမဲ့ သာမန်အကောင်တွေထက်တော့ လေးငါးဆပိုကြီးနေကြတယ်။ အချို့ အလောင်းစားကောင် အသေးလေးတွေက အသားစလေးတစ်ခုလောက် လိုချင်ပေမဲ့ သူတို့တွေ အလောင်းပေါ်တက်လိုက်တာနဲ့ အလောင်းစားကောင်အကြီးစားတွေက သူတို့ကိုစားပစ်လိုက်ကြတယ်။

"ဒီအလောင်းတွေအများစုက မြစ်ဖျားကနေမျောလာပြီး ဒီမှာသောင်တင်နေကြတာပဲ... လူတိုင်း သတိကပ်ထားကြ... ထူးဆန်းနေတာများရှိလားလို့ ပတ်ဝန်းကျင်ကို လိုက်ကြည့်ကြည့်!"

"ကြည့်လိုက်!"
မျက်စိလျှင်တဲ့ တကွေ့က ဂူရဲ့ တစ်ဖက်ခြမ်းနံရံကို လက်ညှိုးထိုးပြလိုက်တယ်။ ငါတို့တွေအကုန်လှည့်ကြည့်လိုက်တော့ ဂူနံရံထဲမှာ အစိမ်းရောင်သလင်းအခေါင်းတစ်ခုကို ဒေါင်လိုက်ကြီးထားထားတာကို မြင်လိုက်ရတယ်။ အခေါင်းကြီးက လေထဲမှာ မျောနေတဲ့ပုံနဲ့ တူနေပြီး ငါတို့ရှိတဲ့နေရာနဲ့ အတော်လေးဝေးတာကြောင့် ရှင်းရှင်းလင်းလင်းတော့မမြင်ရပေမဲ့ အထဲမှာ အဖြူရောင်အဝတ်တွေဝတ်ထားတဲ့ အမျိုးသမီးအလောင်းတစ်ခုရှိနေတဲ့ပုံပေါ်နေတယ်။

"ဟိုမှာ နောက်တစ်ခုရှိသေးတယ်!"
ဖန်ကျစ်က နောက်တစ်ဖက်ကို လက်ညှိုးထိုးပြလိုက်တော့ ငါတို့လည်း လိုက်ကြည့်လိုက်တယ်။ ဒါပေါ့ ဂူရဲ့နောက်ထပ်နံရံတစ်ဖက်မှာလည်း သလင်းအခေါင်းတစ်ခုက တစ်ပုံစံတည်းရှိနေတယ်။ ဒါပေမဲ့ ဒီအခေါင်းကတော့ ဗလာဖြစ်နေတယ်!

ဦးလေးသုံး ပင့်သက်ရှိုက်မိသွားတယ်။
"အလောင်းက ဘယ်မှာလဲ?"

"ဖုတ်ကောင်များလား?"
တကွေ့မေးလိုက်တယ်။
"သခင်သုံး... ဒီနေရာမှာ ဖုတ်ကောင်တွေတော့မရှိသင့်ဘူးမလားဟင်?"

"မင်းတို့တွေအကုန် အာရုံစိုက်ထားစမ်းပါ... တစ်ခုခုလှုပ်နေတာမြင်ရင် ဘာမှမေးမနေနဲ့ ပစ်ချလိုက်..."
ဦးလေးသုံးက ပတ်ပတ်လည်ကို သတိကြီးကြည့်ရင်းပြောလိုက်တယ်။

အခုအချိန်မှာ ငါတို့တွေက မြစ်ထဲက လမ်းချိုးတစ်ခုကို ချိုးကွေ့လိုက်ပြီး အရိုးစုတွေအများကြီးကို ဖြတ်ကျော်လာခဲ့တယ်။ ရုတ်တရက် တကွေ့တစ်ယောက် ကြောက်လန့်တကြားအော်ဟစ်ပြီး လှေပေါ်ကိုလဲကျသွားတော့တယ်။ ငါတို့တွေလည်း အနားကပ်ပြီးသွားကြည့်လိုက်တော့ အဖြူရောင်အမွေးအတောင်တွေနဲ့ လုပ်ထားတဲ့ ဝတ်စုံကိုဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်ကိုမြင်လိုက်ရတယ်။ သူမက ငါတို့ကိုနောက်ကျောပေးထားပြီး သူမရဲ့ ရှည်လျားတဲ့အနက်ရောင်ဆံပင်တွေက ခါးအထိအောင်ဖြာကျနေတယ်။ သူမဝတ်စုံက အဆင်တန်ဆာတွေကိုကြည့်လိုက်တော့ ဝတ်စုံက အနောက်ပိုင်းကျိုးမင်းဆက်ခေတ်ကလို့ ကောက်ချက်ချနိုင်လိုက်တယ်။

ငါလည်း တံတွေးမျိုချပြီးပြောလိုက်တယ်။
"ဒီအလောင်းက-"

"ရပ်- ရပ်-"
ဦးလေးသုံးက သူ့ခေါင်းပေါ်က ချွေးတွေကိုသုတ်လိုက်တယ်။
"တကွေ့ အိတ်ထဲက မြည်းနက်ခွာ(3)ကိုထုတ်လိုက်စမ်း! ဒါ သက်တမ်းထောင်ချီနေတဲ့ ဖုတ်ကောင်ဖြစ်လောက်တယ် ၁၉၂၃က ခွာကို ကိုင်ထားလိုက်... သူမက ပိုသစ်တဲ့ခွာဆိုလက်မခံမှာစိုးမိတယ်..."

သူ နှစ်ခါတိတိထပ်ပြောလိုက်ပေမဲ့ တကွေ့ကတော့ မလှုပ်မယှက်ဖြစ်နေဆဲပဲ။ ငါတို့လည်း သူ့ကိုလှည့်ကြည့်မိလိုက်ရော ပါးစပ်မှာအမြှပ်တစီစီထနေပြီး တစ်ကိုယ်လုံးတုန်ယင်နေပြီး ဆန့်ငင်ဆန့်ငင်ဖြစ်နေတာကို တွေ့လိုက်ရတယ်။ လေထုတစ်ခုလုံးသာ လေးလံမနေခဲ့ရင် ငါရယ်မိလောက်တယ်။

"ဖန်ကျစ် သွားယူလိုက်စမ်း...ငါ သူ့ကို အနာဂတ်မှာ ထပ်ခေါ်လာမိရင် ငါ့ကိုဖုတ်ကောင်စားတာခံရဖို့ပဲ ထိုက်တန်တယ်...."
ဦးလေးသုံးက မြည်းနက်ခွာကိုယူပြီး လက်နှစ်ဖက်လုံးမှာပတ်ထားပြီး ပြောလိုက်တယ်။
"ချစ်တူလေး... ဒီသခင်သုံးရဲ့ ကျွမ်းကျင်မှုတွေကို ကောင်းကောင်းကြည့်ထားလိုက်တော့... ဒီလို သက်တမ်းထောင်ချီနေတဲ့ ဖုတ်ကောင်ဆိုတာ အတော်ရှားတာကွ... ငါလုပ်တာသာ မအောင်မြင်ခဲ့ရင် မြန်မြန်ဆန်ဆန်နဲ့ နာကျင်မှုမရှိဘဲသေနိုင်အောင် ငါ့ခေါင်းကိုပစ်ချလိုက်..."

ငါသူ့ကို နောက်ကိုပြန်ဆွဲလိုက်တယ်။
"ဦးလေး ဒါကိုကိုင်တွယ်နိုင်မှာသေချာရဲ့လား?"

တကယ်တမ်းပြောရရင် ငါမကြောက်ပါဘူး။ ဒီလိုအရာမျိုးကို တစ်ခုမှမမြင်ဖူးဘူးဆိုပေမဲ့ ဒီရိုးရိုရှင်းရှင်းအဝတ်တွေနဲ့ ပိန်ပါးပါးအမျိုးသမီးက နည်းနည်းဝမ်းနည်းနေတယ်ဆိုတဲ့ ခံစားချက်ကြီးကို ဘယ်လိုမှမေ့ထားလို့မရဘူးဖြစ်နေတယ်။ ဒါပေမဲ့ သရဲကားတွေထဲမှာဆိုရင် ဝတ်စုံဖြူနဲ့ ဆံပင်ရှည်ရှည်နဲ့မိန်းမတစ်ယောက် နောက်ကိုလှည့်ကြည့်လာတာနဲ့ အရာရာတိုင်းက ပိုပြီးကြောက်ဖို့ကောင်းတာတွေဖြစ်လာတယ်လေ။ အဲ့လိုစိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုက ဒီလိုနေရာမှာ လာကစားနေတော့ ငါ့နှလုံးခုန်နှုန်းက အရမ်းကိုမြန်လာတာပေါ့။

အဲ့ဒီ့အချိန်မှာပဲ မျက်နှာသေက ဦးလေးသုံးရဲ့ ပခုံးကိုဖိပြီးပြောလိုက်တယ်။
"မြည်းနက်ခွာတွေက ဖုတ်ကောင်တွေအတွက်ပါ... ဒီအရာက ဖုတ်ကောင်ဖြစ်မယ်လို့ မထင်ဘူး... ကျွန်တော်လုပ်လိုက်မယ်..."
သူ့အိတ်ထဲကနေ အရင်တစ်ခေါက်က ဦးလေးသုံးဆီက သူဝယ်သွားတဲ့ နဂါးကျောရိုးလို့ ငါသိထားတဲ့ ခပ်ရှည်ရှည်အရာတစ်ခုကို ဆွဲထုတ်လိုက်တယ်။ ပတ်ထားတဲ့ အဝတ်စတွေကိုဖြည်ချလိုက်တော့ အဲ့ဒီ့အရာက သံနက်နဲ့လုပ်ထားတဲ့ပုံပေါ်တဲ့ နက်ပြောင်နေတဲ့ ရှေးဟောင်းဓားတစ်ချောင်းဖြစ်ကြောင်း တွေ့လိုက်ရတယ်။

ရှေးဟောင်းဓားကို သူ့ရဲ့လက်ဖမိုးကို လှီးချလိုက်ပြီး လှေရဲ့ထိပ်ဖျားမှာမတ်တတ်ရပ်လိုက်ပြီး သူ့သွေးကို ရေထဲကိုစီးကျစေလိုက်တယ်။ သွေးစက်နည်းနည်းပဲကျသွားသေးတယ် အလောင်းစားကောင်တွေအကုန်လုံးက အလောင်းတွေထဲကနေ တွားထွက်လာကြပြီး သရဲမြင်နေရသလိုပုံနဲ့ ငါတို့ရှိတဲ့လှေကို ရှောင်ကွင်းသွားတော့တယ်။ စက္ကန့်အနည်းငယ်အတွင်း ရေထဲမှာဖြစ်ဖြစ် အလောင်းတွေထဲမှာဖြစ်ဖြစ် ရှိနေသမျှအလောင်းစားကောင်တွေအားလုံး ငါတို့လှေကနေ ဝေးရာကိုပြေးသွားကြတော့တယ်။

မျက်နှာသေရဲ့ လက်တစ်ခုလုံး သွေးတွေရွှဲသွားဖို့ သိပ်မကြာလိုက်ဘူး။ သူက သူ့ရဲ့သွေးတွေရွှဲနေတဲ့ လက်ကို ဒူးထောက်ချလိုက်တဲ့ ဝတ်စုံဖြူနဲ့အမျိုးသမီးရှေ့ကို ဆန့်ပြလိုက်ပြီး ငါတို့တွေအရမ်းအံ့ဩသွားရတယ်။ မျက်နှာသေက ဦးလေးသုံးကိုပြောလိုက်တယ်။
"နောက်လှည့်မကြည့်နဲ့... သွားတော့!"

အမျိုးသမီးက ဘယ်လိုပုံစံလဲဆိုတာ တကယ်ကြည့်ချင်နေမိပေမဲ့ နောက်လှည့်ကြည့်လိုက်တာနဲ့ မမ်မီရုပ်ကြီးမြင်မိတာနဲ့ အဆုံးသတ်သွားမှာစိုးတာကြောင့် နောက်လှည့်မကြည့်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။ ဦးလေးသုံးနဲ့ ဖန်ကျစ်က ငါတို့တွေဝင်ဝင်ချင်းတုန်းက မြင်ခဲ့ရတဲ့ ဥမင်နဲ့တူတဲ့ ပိုသေးတဲ့ ဥမင်လေးကိုမြင်တဲ့အထိ အားတက်သရောလှေလှော်ခဲ့ကြတယ်။ ကြည့်ရတာတော့ ဒီဂူကြီးက တောင်ရဲ့ဗဟိုမှာရှိနေပြီး ဥမင်ဝနှစ်ဖက်စလုံးကို တူးပြီးတော့မှ ရေစီးကြောင်းကို ဖန်တီးထားခဲ့တဲ့ပုံပဲ။ ဒါက အဝင်လမ်းနဲ့ အထွက်လမ်းကကျဉ်းတဲ့ ဆံခြည်မျှင်သွေးကြောနဲ့တူတဲ့ လမ်းကြောင်းဖြစ်လာခဲ့တာပဲ။ ဒါပေမဲ့ ဥမင်နှစ်လုံး ပြိုကျသွားမယ်ဆိုရင်တောင်မှ အထဲက ဂူကြီးက ခြောက်သွေ့နေတဲ့ပုံစံအတိုင်း ရှိနေဦးမှာပဲ။

ငါတို့တွေ သင်္ချိုင်းဖောက်သူခိုး လိုဏ်ခေါင်းထဲဝင်သွားတာနဲ့ နောက်ထပ်တစ်ကြိမ် ခေါင်းငုံ့ပြီးနေလိုက်ရပြန်တယ်။ ဒါပေမဲ့ ဥမင်ထဲကိုမဝင်ခင်မှာ မျက်နှာသေက အနောက်ကိုလှည့်မကြည့်နဲ့လို့ပဲ ပြောလိုက်တာမလားလို့ တွေးမိလိုက်တယ်။ သူမငါတို့နောက်ကို လိုက်နေတုန်းလားဆိုတာ ရေထဲက ရောင်ပြန်ဟပ်နေတဲ့ပုံရိပ်ကိုကြည့်လို့ရတယ်လေ။ ဘာပဲဖြစ်ဖြစ် ဒါက တကယ်ကြီး နောက်လှည့်ကြည့်မိတာမျိုးမှ မဟုတ်တာကိုးလို့ တွေးလိုက်မိတယ်။ ဒါပေမဲ့ ငါလည်း ကြည့်မိလိုက်ရော အဆုတ်ထဲကလေတွေအကုန် အပြင်ထွက်သွားသလို ခံစားလိုက်ရတယ်။

ရေထဲကပုံရိပ်ထဲမှာ တစ်ခုခုက ငါ့ကျောပေါ်မှာလှဲလျောင်းနေကြောင်းကို တွေ့လိုက်ရတယ်။

ငါလည်း အော်ဟစ်လုနီးပါးဖြစ်သွားပြီး အလိုလိုနောက်လှည့်ကြည့်မိတော့မလိုဖြစ်သွားပေမဲ့ ငါ့ခေါင်းအနောက်ကို အားပြင်းပြင်းနဲ့အရိုက်ခံလိုက်ရတာကို ခံစားမိလိုက်ရတယ်။ မသိလိုက်ခင်မှာပဲ အမြင်အာရုံမဲမှောင်သွားပြီး သတိမေ့သွားတော့တယ်။

****

TN Notes:

(1)"တစ္ဆေနံရံကိုဝင်တိုးတယ်" ဆိုတာက လမ်းပျောက်နေပြီး နေရာတစ်ခုထဲမှာပဲ အဝိုင်းပတ်နေတဲ့ အခြေအနေမျိုးကို ဖော်ပြတဲ့နေရာမှာ သုံးပါတယ်။ ခေါင်ဖျားတဲ့နေရာတွေကို ခရီးသွားတဲ့အချိန်တွေမှာ လမ်းကို တစ္ဆေတွေက နံရံတစ်ခုတားထားပြီး လူတွေကို နေရာတစ်ခုထဲကိုပဲ အဝိုင်းပတ်သွားနေသလိုဖြစ်အောင် လုပ်တတ်တယ်လို့ ပုံပြင်တွေကနေ ဒီစကားပုံထွက်လာတာပါ။ စကားပုံကို တကယ့်ဖြေရှင်းနည်းမရှိတဲ့ ပုစ္ဆာတွေကိုဖော်ပြတဲ့နေရာမှာလည်း သုံးကြပါတယ်။

(2) Niō = နိအိုး တွေဆိုတာက အာရှတိုက်အရှေ့ပိုင်းဒေသတွေရဲ့ ဗုဒ္ဓဘုရားကျောင်းတွေရဲ့ရှေ့မှာ ရပ်နေတဲ့ပုံထုထွင်းထားတဲ့ ဗလတောင့်တောင့်နဲ့ ဒေါသထွက်နေတဲ့ နပန်းသမားဟန်ရှိတဲ့ ဗုဒ္ဓရဲ့အစောင့်အရှောက် ရုပ်ထုတွေပါတဲ့။

နိအိုးရုပ်ထု

(3) မြည်းနက်ခွာတွေဆိုတာက ဖုတ်ကောင်တွေ သွေးစုပ်ဖုတ်ကောင်တွေကို နှိမ်နင်းနိုင်တယ်လို့ အယူရှိကြပါတယ်။ မြည်းနက်ခွာကို သူတို့ရဲ့ပါးစပ်မှာ ကပ်လိုက်ရင် ဖုတ်ကောင်တွေ သွေးစုပ်ဖုတ်ကောင်တွေရဲ့ အင်အားတွေကို ပိတ်ပင်နိုင်ပါတယ်တဲ့။

မြည်းနက်ခွာ

မြည်းနက်ခွာ ဆွဲကြိုး
***

Word- 2721
18.9.2023

ဒီအပိုင်းအတွက် fanartတွေလိုက်ရှာရင်းနဲ့ manhuaပုံအချို့ကို ရှာတွေ့ခဲ့လို့ မျက်လုံးထဲမြင်ကြည့်လို့ရအောင် ထည့်ပေးလိုက်ပါတယ်နော်






#Zawgyi
အခန္း(၆)
အေလာင္းပစ္တဲ့ေျမေနရာ
<<<<<

ငါတို႔ေတြေလွကို ရပ္လိုက္ၾကတယ္။ ဒါက ေရေအာက္ဥမင္တစ္ခုလုံးမွာ အႏၲရာယ္အႀကီးဆုံးေနရာျဖစ္ႏိုင္တာေၾကာင့္ မျပင္ဆင္ရေသးဘဲ ေျပးဝင္သြားလို႔ မရဘူးေလ။ ဦးေလးသုံးက သူ႔လက္ပတ္နာရီကိုၾကည့္ၿပီး ေျပာလိုက္တယ္။
"ဒီ အေလာင္းဥမင္က အဝင္လြယ္ေပမဲ့ အထြက္ခက္တဲ့ေနရာမ်ိဳးပဲ... ငါ သခ်ႋဳင္းေဖာက္သူခိုးလုပ္ခဲ့တာ ႏွစ္ေပါင္းမ်ားစြာၾကာေနၿပီဆိုေပမဲ့ အခုမွ ဒီလိုေနရာမ်ိဳးကို ပထမဆုံးဝင္ဖူးတာပဲ... ဒီဥမင္ထဲမွာ အေတာ္ႀကီးထူးဆန္းတဲ့ အရာတစ္ခုရွိေနေလာက္တယ္လို႔ ငါထင္မိတယ္!"

ဖန္က်စ္က အသံတိုးတိုးကျဖတ္ေျပာလိုက္တယ္။
"လခြမ္းလိုပဲ... အဲ့ဒါေတြမေျပာပဲ ဝင္လည္းရပါတယ္ဟ.."

ဦးေလးသုံးက သူ႔ကိုမ်က္ေစာင္းထိုးလိုက္ၿပီး ဆက္ေျပာလိုက္တယ္။
"ဒါေပမဲ့ ငါတို႔ၾကားခဲ့သမွ်က လူအိုႀကီးဘက္ကေျပာတဲ့ ဇာတ္လမ္းေတြပဲ... ဒီဥမင္က ေလွသမားတစ္ေယာက္ပဲဝင္လို႔ရတာ ဟုတ္မဟုတ္ ငါတို႔မသိၾကဘူး... ဒီဥမင္ကသာ တကယ္ႀကီး အေလာင္းဥမင္ျဖစ္ေနခဲ့ရင္...."
သူ ဖိေျပာလိုက္တယ္။
"အေရွ႕မွာ အႏၲရာယ္ေတြရွိေနမွာပဲ...ငါတို႔ဘာေတြႀကဳံေတြ႕ရမွာလဲဆိုတာ ငါတို႔ကိုယ္တိုင္လည္းမသိၾကဘူး... ေလွကဘယ္ကို ဆက္သြားေနလဲဆိုတာ မသိတာေၾကာင့္ ဒါက တေစၦနံရံကိုဝင္တိုးတဲ့(1) အေျခအေနမ်ိဳးလည္း ျဖစ္ေနႏိုင္တယ္... ဒါမွမဟုတ္ ေရသရဲေတြ ရာေက်ာ္က ငါတို႔ေလွကို ေျပာင္းျပန္လွန္လိုက္မွာလည္း ျဖစ္ႏိုင္တာပဲ..."

တေကြ႕က ပင့္သက္ရႈိက္မိသြားတယ္။
"မျဖစ္ႏိုင္တာ...."

"အတိုခ်ဳံးေျပာရရင္ ဘာမဆိုျဖစ္သြားႏိုင္တယ္... ငါတို႔ေတြ သခ်ႋဳင္းထဲမေရာက္ေသးတာေတာင္ အႏၲရာယ္ေတြအမ်ားႀကီးနဲ႔ ရင္ဆိုင္ခဲ့ရတာက တကယ့္ကိုကံဆိုးခဲ့တာပဲ... ဒါေပမဲ့ သခ်ႋဳင္းေဖာက္မယ္ဆိုမွေတာ့ သရဲတေစၦေတြကို ေၾကာက္ေနလို႔ေတာ့မျဖစ္ဘူးေလ.. သရဲတေစၦေၾကာက္ေနရင္ သခ်ႋဳင္းေဖာက္သူခိုးမျဖစ္လာႏိုင္ဘူး... ငါတို႔ေတြက ဒီလိုအလုပ္ကိုလုပ္ေနတယ္ဆိုမွေတာ့ ထူးဆန္းတဲ့ျဖစ္ရပ္ေတြ မႀကဳံရဘူးဆိုတာကမွ အဓိပၸါယ္မရွိတာပဲ..."
ဦးေလးသုံးက ဖန္က်စ္ကို သူ႔အိတ္ထဲကေန ႏွစ္လုံးျပဴးေသနတ္ကိုထုတ္ခိုင္းလိုက္တယ္။
"ဒါေပမဲ့ အခု ငါတို႔လက္ထဲမွာ အရင္ေခတ္တုန္းက သုံးခဲ့တဲ့ ပစၥည္းပစၥယေတြထက္ ပိုၿပီးအသုံးဝင္သလို တစ္ပန္းသာေနတဲ့ နည္းပညာျမင့္လက္နက္ေတြရွိေနတယ္... ဒီေနရာမွာ ေရသရဲေတြ တကယ္ရွိေနတယ္ ဆိုရင္ေတာင္မွ ဒါေတြရွိေနရင္ သူတို႔အတြက္ ကံဆိုးတာပဲ!"

တေကြ႕တစ္ေယာက္ ေၾကာက္လြန္းလို႔ တုန္ေနဆဲျဖစ္တာေၾကာင့္ ဦးေလးသုံးကိုေျပာလိုက္မိတယ္။
"ဦးေလးရဲ႕ စိတ္ခြန္အားေပးမိန႔္ခြန္းႀကီးက သရဲပုံျပင္နဲ႔ ဘာလို႔မ်ားတူေနရတာလဲ? ဦးေလးေျပာလိုက္တာက အက်ိဳးသက္ေရာက္မႈက ေျပာင္းျပန္ျဖစ္ေနတယ္ေနာ္..."

ဦးေလးသုံးက ေသနတ္ေမာင္းတင္လိုက္တယ္။
"ဒီေကာင္က ဒီတစ္ေခါက္ ငါ့မ်က္ႏွာကို အိုးမဲသုတ္ေနတာပဲ... သူ႔ကို အခုေလာက္ႀကီး အသုံးမက်လိမ့္မယ္လို႔ မထင္ထားမိဘူး... ဒီငတုံးေကာင္က မသြားခင္တုန္းကေတာ့ သူ႔ကိုယ္သူ နိအိုး(2) တစ္ေယာက္လိုကို ေထာင္လႊားေနတာ... "
ဦးေလးသုံးက မ်က္ႏွာေသကို ေသနတ္ကမ္းေပးၿပီး ေျပာလိုက္တယ္။
"စုစုေပါင္းႏွစ္ခ်က္ပစ္ၿပီးရင္ က်ည္ျပန္ျဖည့္ရမယ္... ဒါေတြအကုန္လုံးက က်ည္ခဲေစ့ေလးေတြဆိုေတာ့ အေဝးပစ္ရင္ လုံးဝအားမထြက္ဘူး... မပစ္ခင္ ေသခ်ာခ်ိန္ထားတယ္ဆိုတာ ေသခ်ာပါေစ..."

ငါကိုယ္တိုင္လည္း ႏွစ္လုံးျပဴးေသနတ္နဲ႔ အရမ္းကိုအကြၽမ္းတဝင္ရွိၿပီး ငယ္ငယ္က ေသနတ္ပစ္ၿပိဳင္ပြဲေတြမွာေတာင္ ဆုေတြရဖူးတယ္ဆိုေတာ့ ေသနတ္တစ္လက္ေကာက္ကိုင္လိုက္တယ္ေလ။ ဦးေလးသုံးနဲ႔ တေကြ႕က လက္တစ္ဖက္မွာ ဓားကိုင္ရင္း ေနာက္လက္တစ္ဖက္က ေခါက္လို႔ရတဲ့တူ႐ြင္းေတြကို ဥမင္နံရံကို ထိုးကန္ရင္း ေလွကိုေ႐ြ႕ေအာင္လုပ္ေနၾကတယ္။ ဖန္က်စ္ရယ္ မ်က္ႏွာေသရယ္ ငါရယ္ကေတာ့ အစိမ္းေရာင္မီးစုန္းေတြနဲ႔ လႊမ္းၿခဳံေနတဲ့ အေလာင္းပစ္တဲ့ ေျမေနရာဆီကို တေျဖးေျဖးေ႐ြ႕သြားလိုက္တယ္။

မိုင္းတြင္းသုံးမီးအိမ္ေလးရဲ႕ မွိန္ဖ်ဖ်အလင္းေရာင္ေအာက္မွာ ဥမင္က ပိုပိုႀကီးလာၿပီး အစိမ္းေရာင္မီးေတြကလည္း နီးသည္ထက္နီးလာတာကို ျမင္လိုက္ရတယ္။ တစ္ဖက္က မ်က္ႏွာေသက ႏိုင္ငံျခားဘာသာစကားတစ္ခု ေျပာလိုက္တာကို ၾကားလိုက္ရၿပီး ဖန္က်စ္တစ္ေယာက္ အဆဲမိုးေတြစ႐ြာေနတာကို ၾကားလိုက္ရတယ္။ အဲ့ဒီ့ေနာက္မွာေတာ့ ဒီတစ္သက္လုံးဝမေမ့ႏိုင္တဲ့ ျမင္ကြင္းတစ္ခုကိုျမင္လိုက္ရေတာ့တယ္။

အစိမ္းေရာင္မီးေတြ ရွိေနတဲ့ေနရာကိုေရာက္ေတာ့ ဥမင္က ႐ုတ္တရက္ႀကီး ဧရာမလိုဏ္ဂူႀကီးတစ္ခုျဖစ္လာၿပီး ေရစီးေၾကာင္းကလည္း ျမစ္တစ္ခုလိုျဖစ္လာခဲ့တယ္။ ေရစီးေၾကာင္းရဲ႕ ေရတိမ္တဲ့ ေဘးႏွစ္ဖက္လုံးမွာ လူလားတိရိစာၦန္လား ကြဲကြဲျပားျပားမေျပာႏိုင္တဲ့ ပုပ္သိုးေဆြးေျမ့ေနတဲ့ အစိမ္းေရာင္အ႐ိုးစုေတြျပည့္ေနေလတယ္။ ဂူရဲ႕အတြင္းဆုံးအပိုင္းမွာ တစ္စုံတစ္ေယာက္က တမင္တကာ ထပ္တင္ထားတဲ့ပုံေပါက္ေနတဲ့ အ႐ိုးစုပုံႀကီးတစ္ခုကိုပါ ျမင္လိုက္ရတယ္။ ဒါေပမဲ့ အဖ်ားပိုင္းက အ႐ိုးစုေတြကေတာ့ ရႈပ္ယွက္ခတ္ေနတယ္။ အထူးသျဖင့္ ျမစ္ကမ္းစပ္နားက အ႐ိုးစုေတြဆို ပိုဆိုးေနတယ္။ အ႐ိုးစုေတြက ပုံစံမ်ိဳးစုံနဲ႔ လဲေလ်ာင္းေနၾကၿပီး အေလာင္းအခ်ိဳ႕ဆို လုံးလုံးလ်ားလ်ားႀကီး ပုပ္သိုးေနတာမရွိေသးဘူး။

မထင္ထားမိတာကေတာ့ အေလာင္းေတြအားလုံးကို အညိဳေရာင္အရာေတြနဲ႔ဖုံးလႊမ္းေနၿပီး ပလတ္စတစ္နဲ႔တင္းတင္းၾကပ္ၾကပ္ အထုပ္ခံထားတဲ့ပုံေပါက္ေနတယ္။ အခ်ိဳ႕အေလာင္းေတြထဲကေန အေလာင္းစားေကာင္ႀကီးေတြက လွစ္ကနဲေနေအာင္ ထြက္လာေနၾကတယ္။ သူတို႔ေတြက ငါတို႔ေလွေပၚမွာရွိတဲ့ အေကာင္ထက္ အေတာ္ေလးပိုေသးၾကေပမဲ့ သာမန္အေကာင္ေတြထက္ေတာ့ ေလးငါးဆပိုႀကီးေနၾကတယ္။ အခ်ိဳ႕ အေလာင္းစားေကာင္ အေသးေလးေတြက အသားစေလးတစ္ခုေလာက္ လိုခ်င္ေပမဲ့ သူတို႔ေတြ အေလာင္းေပၚတက္လိုက္တာနဲ႔ အေလာင္းစားေကာင္အႀကီးစားေတြက သူတို႔ကိုစားပစ္လိုက္ၾကတယ္။

"ဒီအေလာင္းေတြအမ်ားစုက ျမစ္ဖ်ားကေနေမ်ာလာၿပီး ဒီမွာေသာင္တင္ေနၾကတာပဲ... လူတိုင္း သတိကပ္ထားၾက... ထူးဆန္းေနတာမ်ားရွိလားလို႔ ပတ္ဝန္းက်င္ကို လိုက္ၾကည့္ၾကည့္!"

"ၾကည့္လိုက္!"
မ်က္စိလွ်င္တဲ့ တေကြ႕က ဂူရဲ႕ တစ္ဖက္ျခမ္းနံရံကို လက္ညႇိဳးထိုးျပလိုက္တယ္။ ငါတို႔ေတြအကုန္လွည့္ၾကည့္လိုက္ေတာ့ ဂူနံရံထဲမွာ အစိမ္းေရာင္သလင္းအေခါင္းတစ္ခုကို ေဒါင္လိုက္ႀကီးထားထားတာကို ျမင္လိုက္ရတယ္။ အေခါင္းႀကီးက ေလထဲမွာ ေမ်ာေနတဲ့ပုံနဲ႔ တူေနၿပီး ငါတို႔ရွိတဲ့ေနရာနဲ႔ အေတာ္ေလးေဝးတာေၾကာင့္ ရွင္းရွင္းလင္းလင္းေတာ့မျမင္ရေပမဲ့ အထဲမွာ အျဖဴေရာင္အဝတ္ေတြဝတ္ထားတဲ့ အမ်ိဳးသမီးအေလာင္းတစ္ခုရွိေနတဲ့ပုံေပၚေနတယ္။

"ဟိုမွာ ေနာက္တစ္ခုရွိေသးတယ္!"
ဖန္က်စ္က ေနာက္တစ္ဖက္ကို လက္ညႇိဳးထိုးျပလိုက္ေတာ့ ငါတို႔လည္း လိုက္ၾကည့္လိုက္တယ္။ ဒါေပါ့ ဂူရဲ႕ေနာက္ထပ္နံရံတစ္ဖက္မွာလည္း သလင္းအေခါင္းတစ္ခုက တစ္ပုံစံတည္းရွိေနတယ္။ ဒါေပမဲ့ ဒီအေခါင္းကေတာ့ ဗလာျဖစ္ေနတယ္!

ဦးေလးသုံး ပင့္သက္ရႈိက္မိသြားတယ္။
"အေလာင္းက ဘယ္မွာလဲ?"

"ဖုတ္ေကာင္မ်ားလား?"
တေကြ႕ေမးလိုက္တယ္။
"သခင္သုံး... ဒီေနရာမွာ ဖုတ္ေကာင္ေတြေတာ့မရွိသင့္ဘူးမလားဟင္?"

"မင္းတို႔ေတြအကုန္ အာ႐ုံစိုက္ထားစမ္းပါ... တစ္ခုခုလႈပ္ေနတာျမင္ရင္ ဘာမွေမးမေနနဲ႔ ပစ္ခ်လိုက္..."
ဦးေလးသုံးက ပတ္ပတ္လည္ကို သတိႀကီးၾကည့္ရင္းေျပာလိုက္တယ္။

အခုအခ်ိန္မွာ ငါတို႔ေတြက ျမစ္ထဲက လမ္းခ်ိဳးတစ္ခုကို ခ်ိဳးေကြ႕လိုက္ၿပီး အ႐ိုးစုေတြအမ်ားႀကီးကို ျဖတ္ေက်ာ္လာခဲ့တယ္။ ႐ုတ္တရက္ တေကြ႕တစ္ေယာက္ ေၾကာက္လန႔္တၾကားေအာ္ဟစ္ၿပီး ေလွေပၚကိုလဲက်သြားေတာ့တယ္။ ငါတို႔ေတြလည္း အနားကပ္ၿပီးသြားၾကည့္လိုက္ေတာ့ အျဖဴေရာင္အေမြးအေတာင္ေတြနဲ႔ လုပ္ထားတဲ့ ဝတ္စုံကိုဝတ္ထားတဲ့ အမ်ိဳးသမီးတစ္ေယာက္ကိုျမင္လိုက္ရတယ္။ သူမက ငါတို႔ကိုေနာက္ေက်ာေပးထားၿပီး သူမရဲ႕ ရွည္လ်ားတဲ့အနက္ေရာင္ဆံပင္ေတြက ခါးအထိေအာင္ျဖာက်ေနတယ္။ သူမဝတ္စုံက အဆင္တန္ဆာေတြကိုၾကည့္လိုက္ေတာ့ ဝတ္စုံက အေနာက္ပိုင္းက်ိဳးမင္းဆက္ေခတ္ကလို႔ ေကာက္ခ်က္ခ်ႏိုင္လိုက္တယ္။

ငါလည္း တံေတြးမ်ိဳခ်ၿပီးေျပာလိုက္တယ္။
"ဒီအေလာင္းက-"

"ရပ္- ရပ္-"
ဦးေလးသုံးက သူ႔ေခါင္းေပၚက ေခြၽးေတြကိုသုတ္လိုက္တယ္။
"တေကြ႕ အိတ္ထဲက ျမည္းနက္ခြာ(3)ကိုထုတ္လိုက္စမ္း! ဒါ သက္တမ္းေထာင္ခ်ီေနတဲ့ ဖုတ္ေကာင္ျဖစ္ေလာက္တယ္ ၁၉၂၃က ခြာကို ကိုင္ထားလိုက္... သူမက ပိုသစ္တဲ့ခြာဆိုလက္မခံမွာစိုးမိတယ္..."

သူ ႏွစ္ခါတိတိထပ္ေျပာလိုက္ေပမဲ့ တေကြ႕ကေတာ့ မလႈပ္မယွက္ျဖစ္ေနဆဲပဲ။ ငါတို႔လည္း သူ႔ကိုလွည့္ၾကည့္မိလိုက္ေရာ ပါးစပ္မွာအျမႇပ္တစီစီထေနၿပီး တစ္ကိုယ္လုံးတုန္ယင္ေနၿပီး ဆန႔္ငင္ဆန႔္ငင္ျဖစ္ေနတာကို ေတြ႕လိုက္ရတယ္။ ေလထုတစ္ခုလုံးသာ ေလးလံမေနခဲ့ရင္ ငါရယ္မိေလာက္တယ္။

"ဖန္က်စ္ သြားယူလိုက္စမ္း...ငါ သူ႔ကို အနာဂတ္မွာ ထပ္ေခၚလာမိရင္ ငါ့ကိုဖုတ္ေကာင္စားတာခံရဖို႔ပဲ ထိုက္တန္တယ္...."
ဦးေလးသုံးက ျမည္းနက္ခြာကိုယူၿပီး လက္ႏွစ္ဖက္လုံးမွာပတ္ထားၿပီး ေျပာလိုက္တယ္။
"ခ်စ္တူေလး... ဒီသခင္သုံးရဲ႕ ကြၽမ္းက်င္မႈေတြကို ေကာင္းေကာင္းၾကည့္ထားလိုက္ေတာ့... ဒီလို သက္တမ္းေထာင္ခ်ီေနတဲ့ ဖုတ္ေကာင္ဆိုတာ အေတာ္ရွားတာကြ... ငါလုပ္တာသာ မေအာင္ျမင္ခဲ့ရင္ ျမန္ျမန္ဆန္ဆန္နဲ႔ နာက်င္မႈမရွိဘဲေသႏိုင္ေအာင္ ငါ့ေခါင္းကိုပစ္ခ်လိုက္..."

ငါသူ႔ကို ေနာက္ကိုျပန္ဆြဲလိုက္တယ္။
"ဦးေလး ဒါကိုကိုင္တြယ္ႏိုင္မွာေသခ်ာရဲ႕လား?"

တကယ္တမ္းေျပာရရင္ ငါမေၾကာက္ပါဘူး။ ဒီလိုအရာမ်ိဳးကို တစ္ခုမွမျမင္ဖူးဘူးဆိုေပမဲ့ ဒီ႐ိုး႐ိုရွင္းရွင္းအဝတ္ေတြနဲ႔ ပိန္ပါးပါးအမ်ိဳးသမီးက နည္းနည္းဝမ္းနည္းေနတယ္ဆိုတဲ့ ခံစားခ်က္ႀကီးကို ဘယ္လိုမွေမ့ထားလို႔မရဘူးျဖစ္ေနတယ္။ ဒါေပမဲ့ သရဲကားေတြထဲမွာဆိုရင္ ဝတ္စုံျဖဴနဲ႔ ဆံပင္ရွည္ရွည္နဲ႔မိန္းမတစ္ေယာက္ ေနာက္ကိုလွည့္ၾကည့္လာတာနဲ႔ အရာရာတိုင္းက ပိုၿပီးေၾကာက္ဖို႔ေကာင္းတာေတြျဖစ္လာတယ္ေလ။ အဲ့လိုစိတ္ပိုင္းဆိုင္ရာ သက္ေရာက္မႈက ဒီလိုေနရာမွာ လာကစားေနေတာ့ ငါ့ႏွလုံးခုန္ႏႈန္းက အရမ္းကိုျမန္လာတာေပါ့။

အဲ့ဒီ့အခ်ိန္မွာပဲ မ်က္ႏွာေသက ဦးေလးသုံးရဲ႕ ပခုံးကိုဖိၿပီးေျပာလိုက္တယ္။
"ျမည္းနက္ခြာေတြက ဖုတ္ေကာင္ေတြအတြက္ပါ... ဒီအရာက ဖုတ္ေကာင္ျဖစ္မယ္လို႔ မထင္ဘူး... ကြၽန္ေတာ္လုပ္လိုက္မယ္..."
သူ႔အိတ္ထဲကေန အရင္တစ္ေခါက္က ဦးေလးသုံးဆီက သူဝယ္သြားတဲ့ နဂါးေက်ာ႐ိုးလို႔ ငါသိထားတဲ့ ခပ္ရွည္ရွည္အရာတစ္ခုကို ဆြဲထုတ္လိုက္တယ္။ ပတ္ထားတဲ့ အဝတ္စေတြကိုျဖည္ခ်လိုက္ေတာ့ အဲ့ဒီ့အရာက သံနက္နဲ႔လုပ္ထားတဲ့ပုံေပၚတဲ့ နက္ေျပာင္ေနတဲ့ ေရွးေဟာင္းဓားတစ္ေခ်ာင္းျဖစ္ေၾကာင္း ေတြ႕လိုက္ရတယ္။

ေရွးေဟာင္းဓားကို သူ႔ရဲ႕လက္ဖမိုးကို လွီးခ်လိုက္ၿပီး ေလွရဲ႕ထိပ္ဖ်ားမွာမတ္တတ္ရပ္လိုက္ၿပီး သူ႔ေသြးကို ေရထဲကိုစီးက်ေစလိုက္တယ္။ ေသြးစက္နည္းနည္းပဲက်သြားေသးတယ္ အေလာင္းစားေကာင္ေတြအကုန္လုံးက အေလာင္းေတြထဲကေန တြားထြက္လာၾကၿပီး သရဲျမင္ေနရသလိုပုံနဲ႔ ငါတို႔ရွိတဲ့ေလွကို ေရွာင္ကြင္းသြားေတာ့တယ္။ စကၠန႔္အနည္းငယ္အတြင္း ေရထဲမွာျဖစ္ျဖစ္ အေလာင္းေတြထဲမွာျဖစ္ျဖစ္ ရွိေနသမွ်အေလာင္းစားေကာင္ေတြအားလုံး ငါတို႔ေလွကေန ေဝးရာကိုေျပးသြားၾကေတာ့တယ္။

မ်က္ႏွာေသရဲ႕ လက္တစ္ခုလုံး ေသြးေတြ႐ႊဲသြားဖို႔ သိပ္မၾကာလိုက္ဘူး။ သူက သူ႔ရဲ႕ေသြးေတြ႐ႊဲေနတဲ့ လက္ကို ဒူးေထာက္ခ်လိုက္တဲ့ ဝတ္စုံျဖဴနဲ႔အမ်ိဳးသမီးေရွ႕ကို ဆန႔္ျပလိုက္ၿပီး ငါတို႔ေတြအရမ္းအံ့ဩသြားရတယ္။ ကိုမ်က္ႏွာေသက ဦးေလးသုံးကိုေျပာလိုက္တယ္။
"ေနာက္လွည့္မၾကည့္နဲ႔... သြားေတာ့!"

အမ်ိဳးသမီးက ဘယ္လိုပုံစံလဲဆိုတာ တကယ္ၾကည့္ခ်င္ေနမိေပမဲ့ ေနာက္လွည့္ၾကည့္လိုက္တာနဲ႔ မမ္မီ႐ုပ္ႀကီးျမင္မိတာနဲ႔ အဆုံးသတ္သြားမွာစိုးတာေၾကာင့္ ေနာက္လွည့္မၾကည့္ဖို႔ ဆုံးျဖတ္လိုက္ေတာ့တယ္။ ဦးေလးသုံးနဲ႔ ဖန္က်စ္က ငါတို႔ေတြဝင္ဝင္ခ်င္းတုန္းက ျမင္ခဲ့ရတဲ့ ဥမင္နဲ႔တူတဲ့ ပိုေသးတဲ့ ဥမင္ေလးကိုျမင္တဲ့အထိ အားတက္သေရာေလွေလွာ္ခဲ့ၾကတယ္။ ၾကည့္ရတာေတာ့ ဒီဂူႀကီးက ေတာင္ရဲ႕ဗဟိုမွာရွိေနၿပီး ဥမင္ဝႏွစ္ဖက္စလုံးကို တူးၿပီးေတာ့မွ ေရစီးေၾကာင္းကို ဖန္တီးထားခဲ့တဲ့ပုံပဲ။ ဒါက အဝင္လမ္းနဲ႔ အထြက္လမ္းကက်ဥ္းတဲ့ ဆံျခည္မွ်င္ေသြးေၾကာနဲ႔တူတဲ့ လမ္းေၾကာင္းျဖစ္လာခဲ့တာပဲ။ ဒါေပမဲ့ ဥမင္ႏွစ္လုံး ၿပိဳက်သြားမယ္ဆိုရင္ေတာင္မွ အထဲက ဂူႀကီးက ေျခာက္ေသြ႕ေနတဲ့ပုံစံအတိုင္း ရွိေနဦးမွာပဲ။

ငါတို႔ေတြ သခ်ႋဳင္းေဖာက္သူခိုး လိုဏ္ေခါင္းထဲဝင္သြားတာနဲ႔ ေနာက္ထပ္တစ္ႀကိမ္ ေခါင္းငုံ႔ၿပီးေနလိုက္ရျပန္တယ္။ ဒါေပမဲ့ ဥမင္ထဲကိုမဝင္ခင္မွာ မ်က္ႏွာေသက အေနာက္ကိုလွည့္မၾကည့္နဲ႔လို႔ပဲ ေျပာလိုက္တာမလားလို႔ ေတြးမိလိုက္တယ္။ သူမငါတို႔ေနာက္ကို လိုက္ေနတုန္းလားဆိုတာ ေရထဲက ေရာင္ျပန္ဟပ္ေနတဲ့ပုံရိပ္ကိုၾကည့္လို႔ရတယ္ေလ။ ဘာပဲျဖစ္ျဖစ္ ဒါက တကယ္ႀကီး ေနာက္လွည့္ၾကည့္မိတာမ်ိဳးမွ မဟုတ္တာကိုးလို႔ ေတြးလိုက္မိတယ္။ ဒါေပမဲ့ ငါလည္း ၾကည့္မိလိုက္ေရာ အဆုတ္ထဲကေလေတြအကုန္ အျပင္ထြက္သြားသလို ခံစားလိုက္ရတယ္။

ေရထဲကပုံရိပ္ထဲမွာ တစ္ခုခုက ငါ့ေက်ာေပၚမွာလွဲေလ်ာင္းေနေၾကာင္းကို ေတြ႕လိုက္ရတယ္။

ငါလည္း ေအာ္ဟစ္လုနီးပါးျဖစ္သြားၿပီး အလိုလိုေနာက္လွည့္ၾကည့္မိေတာ့မလိုျဖစ္သြားေပမဲ့ ငါ့ေခါင္းအေနာက္ကို အားျပင္းျပင္းနဲ႔အ႐ိုက္ခံလိုက္ရတာကို ခံစားမိလိုက္ရတယ္။ မသိလိုက္ခင္မွာပဲ အျမင္အာ႐ုံမဲေမွာင္သြားၿပီး သတိေမ့သြားေတာ့တယ္။

****

TN Notes:

(1)"တေစၦနံရံကိုဝင္တိုးတယ္" ဆိုတာက လမ္းေပ်ာက္ေနၿပီး ေနရာတစ္ခုထဲမွာပဲ အဝိုင္းပတ္ေနတဲ့ အေျခအေနမ်ိဳးကို ေဖာ္ျပတဲ့ေနရာမွာ သုံးပါတယ္။ ေခါင္ဖ်ားတဲ့ေနရာေတြကို ခရီးသြားတဲ့အခ်ိန္ေတြမွာ လမ္းကို တေစၦေတြက နံရံတစ္ခုတားထားၿပီး လူေတြကို ေနရာတစ္ခုထဲကိုပဲ အဝိုင္းပတ္သြားေနသလိုျဖစ္ေအာင္ လုပ္တတ္တယ္လို႔ ပုံျပင္ေတြကေန ဒီစကားပုံထြက္လာတာပါ။ စကားပုံကို တကယ့္ေျဖရွင္းနည္းမရွိတဲ့ ပုစာၦေတြကိုေဖာ္ျပတဲ့ေနရာမွာလည္း သုံးၾကပါတယ္။

(2) Niō = နိအိုး ေတြဆိုတာက အာရွတိုက္အေရွ႕ပိုင္းေဒသေတြရဲ႕ ဗုဒၶဘုရားေက်ာင္းေတြရဲ႕ေရွ႕မွာ ရပ္ေနတဲ့ပုံထုထြင္းထားတဲ့ ဗလေတာင့္ေတာင့္နဲ႔ ေဒါသထြက္ေနတဲ့ နပန္းသမားဟန္ရွိတဲ့ ဗုဒၶရဲ႕အေစာင့္အေရွာက္ ႐ုပ္ထုေတြပါတဲ့။

နိအိုး႐ုပ္ထု

(3) ျမည္းနက္ခြာေတြဆိုတာက ဖုတ္ေကာင္ေတြ ေသြးစုပ္ဖုတ္ေကာင္ေတြကို ႏွိမ္နင္းႏိုင္တယ္လို႔ အယူရွိၾကပါတယ္။ ျမည္းနက္ခြာကို သူတို႔ရဲ႕ပါးစပ္မွာ ကပ္လိုက္ရင္ ဖုတ္ေကာင္ေတြ ေသြးစုပ္ဖုတ္ေကာင္ေတြရဲ႕ အင္အားေတြကို ပိတ္ပင္ႏိုင္ပါတယ္တဲ့။

ျမည္းနက္ခြာ

ျမည္းနက္ခြာ ဆြဲႀကိဳး
***

Word- 2721
18.9.2023

ဒီအပိုင္းအတြက္ fanartေတြလိုက္ရွာရင္းနဲ႔ manhuaပုံအခ်ိဳ႕ကို ရွာေတြ႕ခဲ့လို႔ မ်က္လုံးထဲျမင္ၾကည့္လို႔ရေအာင္ ထည့္ေပးလိုက္ပါတယ္ေနာ္





Continue Reading

You'll Also Like

169K 5K 97
After the death of Gwen Stacy, Peter hadn't had the courage to become a hero again. Meanwhile, the Justice League were looking for a more experience...
79.4K 1.9K 56
Y/n and Luz are best friends who have gone through thick and thin. But this time, they will go through thicker and thinner. They are both considered...
26.7K 655 114
النوع: شونين اي ، مأنها ، كوميديا ، دراما ، الحياه المدرسيه العمل: مستمر -القصه- "يوما يحكى قصه مرحه عن الحياة...
212K 5K 166
Author: Moxibustion Tail Demon Fox/灸尾妖狐 Category: Danmei fanfiction Status: 167 chapter Introducing: It's not scary to be dressed as cannon fodder in...