ပျိုနဲ့အေးမူစားပွဲသွားဝယ်ကြတာခုထိပြန်မလာ
သေး။ဒီအိမ်မှာဘယ်သူမှမရှိချိန်မှဒီအိမ်ရဲ့တန်ဖိုး
ကိုနားလည်လာသယောင်ထင်ရတယ်။ဒီအတော
အတွင်းကျွန်မဘယ်လိုများတစ်ယောက်တည်း
အတ္တကြီးစွာရှင်သန်ခဲ့မိပါလိမ့်။
ဟိုဟိုဒီဒီလျှောက်ကြည့်ရင်းစာအုပ်စင်လေး
တစ်ခုအနားသို့ရောက်သွားရတယ်။ပျိုလည်း
စာအုပ်တွေကိုနှစ်သက်တာပဲလား။
"ဟင်"
မြင်လိုက်ရတယ်။စာအုပ်စင်ရဲ့နောက်ကအရာ
တစ်ခုကိုကျွန်မမြင်လိုက်ရတယ်။တံခါး၊တံခါး
တစ်ခုဖြစ်မယ်တူတယ်။
ဒီအိမ်မှာလည်းဒီလိုလျို့ဝှက်ခန်းမျိုးရှိနေရခြင်း
ကိုကျွန်မအံ့ဩသွားမိတယ်။ဒီတံခါးကိုမြင်လိုက်
တာနဲ့လျှို့ဝှက်ခန်းတစ်ခန်းမှန်းတန်းသိလိုက်တာက,ကိုစိန်ဖေနဲ့ပတ်သက်လို့ဖြစ်ခဲ့တဲ့အကြောင်း
တွေပေါ်မူတည်ပြီးဒီလိုနေရာမျိုးတွေကိုစိတ်က
အလိုလိုရိပ်စားမိတတ်တာပဲဖြစ်မယ်။
ကျွန်မအိမ်မှာလည်းနည်းတူအခန်းမျိုးကရှိနေ
တာပဲမဟုတ်လား။
စာအုပ်စင်ကိုတွန်းရွှေ့လိုက်တော့အမှန်ပဲအခန်း
ပိုလေးတစ်ခု။
"ချလောက်!"
သော့မခတ်ထားတော့ဖွင့်ရလွယ်ကူသွား၏။
အထဲကိုကျွန်မငုံ့ဝင်လိုက်တော့လှေကားတစ်ခု
ရှိလေတယ်။ဒါဟာမြေအောက်ခန်းပဲ။
ထို့နောက်လှေကားတစ်ထစ်ချင်းကိုဖြေးဖြေး
ချင်းလျှောက်ဆင်းလာ၍နံရံမှာမီးခလုတ်တွေ့လို
တွေ့ငြားလက်ဖြင့်စမ်းနေမိသေး၏။
"ကလပ်!"
အခန်းတစ်ခုလုံးမီးထိန်လင်းသွားရလေပြီ။
"ဟင် ....."
တစ်ခန်းလုံးဟာအလွတ်ကြီးဖြစ်၍ရှင်းလင်းနေပြီး
အခန်း၏အဆုံးနံရံ၌မီးအဝါဖြင့်ထိုးထားသည့်
ဖဲစနီနီတစ်ခုသာရှိ၏။
ဖဲစအောက်မှာပုံးကွယ်နေသည့်အရာကိုကျွန်မ
စိတ်ကရင်နှီးနေသဖွယ်အငွေ့အသက်လည်းရနေ
သဖြင့်ဒါမျိုးခံစားချက်ကြီးကိုမုန်းလွန်းပါတယ်။
ကျွန်မလက်တွေဟာတုန်နေပြီးရင်တမမဖြင့်
ဖဲစအနီကြီးကိုအောက်သို့ဆွဲချလိုက်ပါတော့တယ်။
ထိုမှ -
"အားး ၊ ပျိုကဗျာ!"
ကြမ်းပြင်ပေါ်ခွေကျသွားရပြီးပေါက်ကွဲလုမတတ်
ရင်ကိုလက်ဖဝါးနဲ့နာနာဖိထားရလေတယ်။
အပေါ်မှာရှိနေတဲ့စိန်စီထားသောကျွန်မရဲ့
အဖိုးတန်တဲ့ပန်းချီကားကြီးကိုမှုန်ဝါးနေသည့်
အမြင်ကြားကမော့ကြည့်မိ၏။
မျက်ရည်တွေကိုခပ်ကြမ်းကြမ်းပဲသုတ်ပစ်
လိုက်ပြီးကာလအတန်ကြာသတိရလွမ်းဆွတ်
နေခဲ့မိသည့်ထိုအမျိုးသမီး'ဒေါ်ခင်နွဲ့ရည်'၏
ရုပ်ပုံလွှာအားငေးမောကြည့်ရှုနေမိပါတော့သည်။"
သူမဟာမလှုပ်မရှား၊နေရာ၌ရှိမြဲတိုင်းရှိနေ၍
ကျွန်မကိုလည်းလှပစွာကြည့်နေပါသေးသည်။
ပျိုကဗျာ။မင်းသိပ်ပျော်ခဲ့မှာပဲ။
— — — —
အိမ်ထဲဝင်ခါနီးအေးမူကချီတုံချတုံဖြစ်နေ၏။
"မဟုတ်မှလွဲရော"
"ဘာလဲ .."
"မဟုတ်ဘူးမလား"
အေးမူမျက်နှာကအမ်းတမ်းတမ်းပါပဲ။
"ဘာကိုမဟုတ်ရမှာလဲလို့"
"နင်တို့နှစ်ယောက်စားပွဲပေါ်မှာ"
"အွန်း ၊ ဟုတ်တယ်"
"ဟာ ၊ ပျို့ .. တော်ပြီ တော်ပြီ
ငါအိမ်ပြန်တော့မယ် ၊ နင့်အိမ်မှာဆက်မနေနိုင်
တော့ဘူးမိန်းမ .. "
"အဟာဟားဟား"
"ရယ်နေနိုင်သေးတယ် ၊ နှာဘူးကြမ်းလိုက်တာ"
ပျိုရယ်ပဲရယ်မိနေပါတော့တယ်။ရှက်လည်း
ရှက်တာလည်းအပါအဝင်။
အိမ်ထဲဝင်သွားတော့အန်တီကဧည့်ခန်းထဲမှာ
ငုတ်တုတ်ထိုင်နေ၏။မျက်နှာကလည်းမရွှင်မသာ
ဖြစ်နေပါသေးတယ်။
"အန်တီ"
"ဖြန်း!"
"ဟင် ၊ အန်တီကျူး"
ပျိုသိလိုက်ပါပြီ။အောက်ထပ်တစ်ခုလုံးကနေရာ
မကျပဲပစ္စည်းတွေကလည်းဟိုဟိုဒီဒီရောက်ရှိ
နေတာ။စာအုပ်စင်ကရွေ့နေပြီးနောက်ကျောမှာ
ရှိတဲ့အခန်းတံခါးဟာလည်းပွင့်နေတယ်။
"မင်းနိုင်တယ် ၊ မင်းအားလုံးကိုယူနိုင်ခဲ့ပါတယ်
ပျိုကဗျာ .. တို့အရှုံးပေးတယ်သိလား .. မင်း
အပေါ်လုပ်ခဲ့တာတွေအတွက်လည်း"
အန်တီပျို့ရှေ့တည့်တည့်မှာပဲသူမဒူးကို
ညွှတ်ခွေထောက်ချလိုက်၏။
"ဒူးထောက်ပြီးတောင်းပန်ပါတယ် .."
"မဟုတ်ဘူးအန်တီ ၊ အန်တီထပါ"
"နေဦး ၊ တို့ပြောစရာကျန်သေးတယ် ..
ခွင့်လွှတ်ပေးဖို့မတောင်းဆိုသလိုအန်တီက
ခွင့်လွှတ်မှုနဲ့မထိုက်တန်ပါဘူး"
အေးမူမှာကြားထဲကပူလောင်အိုက်ပြုတ်လာ၍
ငိုချင်သလိုလိုဖြစ်နေသည်။
"အန်တီ့ကိုကွာပေးပါ"
"ဟင့်အင်း"
"ပျို .. အန်တီတောင်းပန်ပါတယ်
အန်တီ့ကိုကွာပေးပါ"
လက်ဝါးနှစ်ဖက်အားပွတ်တိုက်၍အကြိမ်ကြိမ်
အခါခါအသနားခံနေသောအန်တီ့ကိုကြည့်၍
ပျို့အသည်းတွေဟာဆတ်ဆတ်ခါနာကျင်လာ
လေပြီ။
"ဟင့်အင်း အန်တီ .. ဒူးမထောက်ပါနဲ့
ပျိုမကွာနိုင်ဘူး ၊ ရိုက်ပါ.. ပျို့ပါးကိုကြိုက်
သလောက်ရိုက်ပစ်စမ်းပါ .. ဒူးတော့မထောက်
ပါနဲ့ .. အန်တီရဲ့"
"အစကတည်းကမတွေ့ခဲ့ကြရင်ကောင်းမှာပဲပျို
မပတ်သတ်မိခဲ့ရင်ကောင်းမှာပဲ ၊ မမုန်းမိခဲ့ရင်
ကောင်းမှာပဲ ၊ မချစ်ခဲ့မိရင်ကောင်းမှာပဲ .."
အန်တီ့စကားတွေဟာတစ်လုံးနှင့်တစ်လုံး
အားယူပြောနေရတာဖြစ်ပြီးပျို့ရင်ဘတ်က
အင်္ကျီစကိုဆွဲဆုတ်အားတင်းထားရ၏။
အန်တီ့ပါးကမျက်ရည်တွေကိုပျိုသုတ်ပေးနေမိ
ပြီးပျို့ပါးမှာလည်းမျက်ရည်စတွေအတောမသတ်
နိုင်အောင်ဖုံးလွှမ်းနေလေပြီ။
"ဟင်း .."
"အန်တီ .. အန်တီ့"
ပျို့လက်ပေါ်မှာပဲအန်တီကိုယ်လုံးဟာပျော့ခွေ
လဲကျ၍သွားပါလေတော့သည်။
အန်တီရယ် .. ပျိုအန်တီ့ကိုသိပ်မုန်းပေမယ့်
သိပ်ချစ်တာပါ။
_________
စောစောအိပ်မှာမို့ .. ဒီလောက်ပဲနော်
နောက်တစ်ပိုင်းမှရှည်ရှည်ရေးပေးမယ် ..
ဒီနေ့ကပင်ပန်းလွန်းလို့အမှန်ဆိုမတင်ပဲနေမလို့
အားလည်းနာတာနဲ့ရယ် .. ကျေနပ်တယ်ဟုတ်?