(Og)ကောင်းကင်ရဲ့သမီးတော်ကလူ့ပ...

Por alinkarnang

2.9K 239 25

ကောင်းကင်သမီးတော်ကလူ့ပြည်ကိုပြုတ်ကျလာတယ် Intro စန်းယင်က မိုးကောင်းကင်ပေါ်မှာတည်ထားတဲ့အင်ပါယာမင်းကြီးရဲ့အချစ်... Más

intro...uni&zgi
အခန်း(1)uni
1.zgi
အခန်း(2)
2.zgi
အခန်း(3)
အခနး်(၄)
4.zgi
အခန်း(5)
5.zgi
အခနး်(၆)
6.zgi
အခနး်(7)
7.zgi
အခန်း(8)
အခန်း(9)
9.zgi
အပိုင်း(10)
အပိုင်း(11)
11.zgi
10.zgi

3.zgi

56 1 0
Por alinkarnang


အပိုင်း(3)

တစ်စုံတစ်ယင်ကတော့ အကြောက်အလန့်မရှိ တကယ်ကြီးကို ပြေးဝင်သွားခဲ့တာပဲ

ဘေးပတ်ပတ်လည်မှာတိမ်တွေရှိရုံသာမက အောက်ဖက်ကလဲတိမ် အပေါ်ဖက်ကလဲတိမ်

အိုင်းးး မျက်လုံးတောင်ကန်းတော့မယ်

သူမ ပြေးတယ် ပြေးတယ် ဆက်ပြေးတယ် အားရပါးရပြေးတယ်

ဒါပေမဲ့ သိပ်မကြာခင်မှာ တစုံတယင်တစ်ယောက် ‌အောက်ဖက်နဲ့ခြေထောက်လွတ်သွားပြီး အောက်ကိုပြုတ်ကျသွားလေရဲ့

"အားးးးးးးး"

သူမရင်ထဲလှိုက်ခနဲဖြစ်သွားပြီး ခြေလွတ်လက်လွတ်နဲ့အောက်ကိုအရှိန်နဲ့ပြုတ်ကျနေတာကိုသိလိုက်ရတယ် ဇောက်ထိုးပြုတ်ကျနေ‌တဲ့သူမဘေးမှာရှိနေတာကလဲတိမ်တွေချည်းပဲ ဒါပေမဲ့ အဲ့တိမ်တွေကပါ ဗရမ်းဗတာဖြစ်နေသလိုရယ် သူတို့ကဘာလို့ကြောက်နေကြတဲ့ပုံတွေပေါက်နေတာလဲ ပြုတ်ကျနေတာက ငါပါဟ

"အားးးးးးးးးး"

တိမ်ကလေးများ။ ။ "အားးးးး"

မင်းသမီးလေးပြုတ်ကျနေပြီ

"နင်တို့လဲပြုတ်ကျနေပြီလေ"

တိမ်ကလေးများ။ ။ "အားးးး"

ငါတို့လဲပြုတ်ကျနေပြီ

စုန့်ယင်။ ။ "......."

တိမ်ကလေးများ။ ။ "......."

စုန့်ယင်။ ။ "အားးး နင်တို့ပြောတာကိုငါကဘာလို့နားလည်နေရတာလဲ"

တိမ်က‌လေးများ။ ။ "အားးးး ငါတို့ပြောတာကိုမင်းသမီးလေးကဘာလို့နားလည်နေရတာလဲ"

စုန့်ယင်။ ။ "......"

တိမ်ကလေးများ။ ။ "......."

အားးးးးးး

တအားအားအော်သံကကောင်းကင်တခုလုံးမွစာကြဲနေပြီး စုန့်ယင် အောက်ကိုငုံ့ကြည့်မိတော့ ပိုလို့‌အော်မိတော့တယ်

"ကြီးလာတယ် ကြီးလာတယ် အရမ်းကိုကြီးလာတာပဲ"

သူမ အော်မိအော်ရာအော်‌နေရင်း မြေပြင်နဲ့နီးလာခဲ့လေတယ် တိမ်ကလေးတွေဟာလဲ သူတို့ရဲ့မင်းသမီးမြေပြင်ပေါ်မှာအသားပြားတန်းဖြစ်သွားမှာစိုးလို့ သူမရဲ့ကိုယ်အောက် မနဲရုန်းကန်ပြီးရောက်အောင်သွားကြလေတယ်

အဲ့လိုနဲ့ စုန့်ယင်မြေပြင်ပေါ်ကျလုဆဲဆဲအခြေအနေကပြောင်းပြန်ဖြစ်သွားပြီး  တိမ်တွေပေါ်မှာ မှောက်ရက်လေးလှဲမိသွားတော့တယ်

သူမမျက်စိကိုအတင်းကုတ်ကပ်ပိတ်ထားမိရာမှ သူမဆီကိုနာကျင်မူ့ရောက်မလာတာလဲသိရော ခပ်ဖြေးဖြေးဖွင့်လိုက်တော့ အဝါရောင်အောက်ခံရှိတဲ့မြေပြင်နဲ့သူမရိုက်မိဖို့နီးနီးလေးသာကျန်တော့တာကိုတွေ့လိုက်ရတော့တယ်

"အားးး ငါမသဘေူး"

တိမ်ကလေးများ။ ။ "ဟူးး မင်းသမီး‌လေး မသေဘူး"

သူမ ဝမ်းသာအားရအော်လိုက်ပြီးမှ သူမအောက်ခံကူရှင်ပုံစံဖြစ်နေတဲ့တိမ်ကလေးတွေကိုငုံ့ကြည့်လိုက်တယ်

"ကျေးဇူးတင်ပါတယ်တိမ်ကလေးတွေရေ တို့အသက်ရှင်နေတာ မင်းတို့ရဲ့ကျေးဇူးတွေပါပဲနော် "

သူမလက်လေးနဲ့အသာပွတ်ပေးပြီးချီးကျုးလိုက်တော့ အဖြူရောက်တိမ်လေးတွေဟာချက်ချင်းအပန်းရောင်ကိုပြောင်းသွားတော့ကာ အနဲငယ်တောင်ရှက်သွားကြသလို

စုန့်ယင် တိမ်ပေါ်မှာဆက်ထိုင်နေရင်း အပေါ်ကိုမော့ကြည့်မိတယ် ဘေးကိုကြည့်တယ် အောက်ကိုကြည့်တယ် အရပ်မျက်နှာအစုံကိုကြည့်တယ်

"ဝါးးးးး အစိမ်းရောင်တွေချည်းပဲ အရမ်းလှတာပဲ "

ဘာမှမသိနားမလည်တဲ့စုန့်ယင်တစ်ယောက် တောထဲကျလာတာတောင်မှ ဝမ်းနည်းရကောင်းမှန်းမသိပျော်နေတုန်း

သူမ တိမ်တွေပေါ်ကဆင်းလိုက်ကာ မြေပြင်ပေါ်ကိုခြေထောက်ချလိုက်တယ်

"အာ့"

နာတယ်ဟ

"ဒီအညို‌ရောင်အခင်းကမာလိုက်တာ "

အပင်ကလေးများ။ ။ "မြေပြင်လို့ခေါ်ပါတယ်မင်းသမီးလေး"

စုန့်ယင်။ ။ "......."

မြေပြင်ဆိုတော့လဲမြေပြင်ပေါ့

"ဒါနဲ့ နင်တို့စကားပြောတာကိုတို့ကြားနေရတယ် နားလည်နေတယ်နော် တိမ်ကလေးတွေ ဘာလို့လဲမသိဘူး တခုခုထူးဆန်းနေသလိုပဲ ငါကဘာလို့အဲ့တာတွေကြားနေရတာလဲမသိဘူး"

တိမ်ကလေးများ ။ ။ "........"

ဟေးးး ငါတို့ထဲက တစ်ယောက်ယောက်စကားပြောလိုက်လား

အားလုံး။ ။ "........"

အပင်ကလေးများ ။  ။ "........"

မင်းသမီးလေးကငါတို့ပြောတာကိုလဲနားလည်တယ်ဟ !

အပင်ကလေးများ ။ ။ "ရေးးးးး"

နောက်ဆုံးတော့ ငါတို့ကိုစကားပြောဖော်နောက်တစ်ယောက်တိုးလာပြီ

တောထဲမှာရှိတဲ့အပင်ကလေးတွေက  အရမ်းကိုတက်ကြွပျော်ရွင်သွားကြကာလှုပ်ရမ်း‌နေကြ‌လေတော့တယ်

အဲ့အချိန် လေညှင်းလေးကလဲ သူမပါးနားကိုတိုးဝှေ့ရင်း နမ်းရှိုက်လိုက်တယ်

လေညှင်းလေးများ ။ ။ "မင်းသမီးလေးကချောလိုက်တာ"

စုန့်ယင် ။ ။ "ကျေးဇူးပါ"

လေညှင်းလေးများ။ ။ "......."

အားးး မင်းသမီးလေးကငါတို့ပြောတာလဲနားလည်တယ်ဟ

အားးးးး

လေညှင်းလေးများကလဲ အရမ်းကိုပျော်ရွှင်သွားပြီး သူမဘေးနားအကြိမ်ကြိမ်ပတ်နေတော့တယ်

အဲ့အချိန် စုန့်ယင်က မျက်စိထောင့်စွန်းကနေ အဖြူလုံးလေးကိုမြင်လိုက်ရလေတယ်

အဲ့အဖြူ‌လုံးလေးရဲ့နားရွက်တွေကရှည်လွန်းပြီး မျက်လုံးတွေကအမဲရောင် နှုတ်သီးလေးကတော့ အနီရောင်ဖြစ်လေတယ်

"အဲ့ဒါဘာလဲ"

တိမ်ကလေးများနဲ့လေညှင်းလေးများ ။ ။ "ယုန်ကလေးပါ မင်းသမီးလေး"

စုန့်ယင်က အဲ့အဖြူလုံးလေးနားသွားပြီးငုတ်တုတ်ထိုင်လိုက်ကာစူးစမ်းလိုက်သလို တိမ်ကလေးတွေနဲ့လေညှင်းတွေကပါ သူမနည်းတူပြုလုပ်လာလေတယ် ယုန်ကလေးခမျာ အပြင်ကိုချောင်းလိုက်ရုံရှိသေး သူ့ကိုကြည့်နေတဲ့မျက်လုံးနက်တစုံနဲ့ဆုံလိုက်လေတော့ကြောက်ချီးပါသွားကာ တုန်တုန်ရီရီနဲ့ပြောလာလေတော့တယ်

ယုန်ကလေး။ ။ "အားးး ကျွန်တော့ကိုမသတ်ပါနဲ့ မသတ်ပါနဲ့ ကျွန်တော်က အသားနဲနဲလေးနဲ့စားမကောင်းပါဘူးဗျာ"

စုန့်ယင်။ ။ "......."

အဲ့ဒါက စားလို့ရလား

တိမ်ကလေးများ။ ။ "........."

လေညှင်းလေးများ။ ။ "......."

စားလို့ရတယ်ထင်တယ်

ယုန်ကလေးက သူမရဲ့ဇဝေဇဝါအကြည့်ကြောင့် ပိုကြောက်လာဟန်တူပါရဲ့ အောက်ကျနေတဲ့နားရွက်လေးကိုလက်လေးနှစ်ဖက်နဲ့ပိုက်ကာ သူ့ကိုယ်ကိုဖွက်လိုက်တော့ ဖင်မြှီးလုံးလုံးလေးပဲကျန်ခဲ့လေတော့တယ်

စုန့်ယင်။ ။ "...ချစ်ဖို့ကောင်းလိုက်တာ "

ယုန်ကလေး။  ။"ကျွန်တော်ကချစ်ဖို့ကောင်းပါတယ် ကျွန်တော်က အသားနဲပါတယ် ကျွန်တော်က စားလို့မရပါဘူး "

စုန့်ယင်။ ။ "......."

...........

A/n.... စုန့်ယင်နားမှာရူးကြောင်အဖွဲ့ဝင်လေးတွေရှိပါတယ်

..........🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

Alinkar nang 🌿🌿🌿

Seguir leyendo

También te gustarán

250K 33K 122
Name - Fisherman Author - Island in the World Chapter - 82 parts main Mc /MC Gong ၊ Transmigration ၊ rag to rich ၊ Male prag ၊ sweet and warm ၊ no...
200K 16.3K 96
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
194K 16.3K 200
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
532K 76.7K 149
||Completed|| ရှဲ့ကျစ် မထင်မှတ်ပဲ သူသေဆုံးပြီး ဇာတ်လိုက်ရဲ့မှတ်ဉာဏ်တွေမှာသာ တွေ့ရတဲ့ သေဆုံးပြီးသား ကျေးဇူးရှင် ဇာတ်ကောင်ကြီး အဖြစ်ဝတ္ထုထဲသို့ ကူးပြော...